Últimas Postagens de ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ချောင်းဦးမြို့နယ် (@chupkph) no Telegram

Postagens do Canal ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ချောင်းဦးမြို့နယ်

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ချောင်းဦးမြို့နယ်
မြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေး
1,471 Inscritos
68 Fotos
2 Vídeos
Última Atualização 05.03.2025 21:58

O conteúdo mais recente compartilhado por ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ချောင်းဦးမြို့နယ် no Telegram

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ချောင်းဦးမြို့နယ်

05 Jun, 14:13

7,070

Emergency Warning ⚠️⚠️⚠️
၂၀၂၄ခုနှစ် ဇွန်လ ၅ရက်
​ ချောင်းဦးမြို့နယ််အတွင်းရှိ မိဘပြည်သူများနှင့် မုံရွာ-မန္တလေးလမ်း ခရီးသွားပြည်သူများ သတိထားဆင်ခြင်နိုင်ရန် အသိပေးအပ်ပါသည်။ ချောင်းဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရန် ချောင်းဦးမြို့ပေါ်တွင် စစ်အင်အားပြင်ဆင်ထားသည်ဟု သတင်းရရှိထားပါသည်။ ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းအများစုတွင် ဓါးစာခံပြည်သူများ ခေါ်လေ့ရှိပါသည်။ ယခုစစ်ကြောင်းသည်လည်း ယခင်စစ်ကြောင်းများကဲ့သို့ ပြည်သူများကို ဖမ်းဆီးဓါးစာခံ ခေါ်မည်ဟု သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ ချောင်းဦးမြို့ပေါ်နှင့် ၊ မြို့နယ်အတွင်း စစ်ကောင်စီစိုးမိုးနယ်မြေအချို့ကို အသွားအလာ ဆင်ခြင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ ဓါးစာခံပြည်သူများပါလာလျှင် ကျွန်ုပ်တို့အနေဖြင့် ထိန်းချုပ်ရန် အခက်အခဲရှိပါ၍ အသွားအလာ ဆင်ခြင်ခြင်းဖြင့် ပါဝင်ကူညီကြရန် တိုက်တွန်းအပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ချောင်းဦးမြို့နယ်

30 Mar, 02:40

8,254

Emergency Warning ⚠️⚠️⚠️
မုံရွာ-မန္တလေး လမ်းမကြီးကို လုံခြုံရေးအခြေအနေရ အသုံးပြုခြင်း ဆင်ခြင်ကြပါရန် မေတ္တာရပ်ခံပါသည်
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ချောင်းဦးမြို့နယ်

19 Mar, 02:30

8,346

Emergency Warning ⚠️⚠️⚠️

မုံရွာ-မန္တလေး ကားလမ်းမကြီးပေါ်တွင်
စစ်ခွေးများ မိုင်းရှင်းခြင်း နှင့် ခွေးကားများ ဖြတ်သန်းသွားလာခြင်းများ ရှိပါ၍ အသုံးပြုရန် မသင့်ပါ။
Edit ပြန်လည်အသုံးပြုနိုင်ပါပြီ
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ချောင်းဦးမြို့နယ်

16 Mar, 13:13

8,263

Emergency Warning ⚠️⚠️⚠️

ချောင်းဦးမြို့နယ်အတွင်း မုံရွာ - မန္တလေးကားလမ်းကို လုံးဝအသုံးပြုခြင်းမပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အသုံးပြုနိုင်သောအချိန်ကို ပြန်လည်တင်ပြပါမည်။

Edit - ပြန်လည်အသုံးပြုနိုင်ပါပြီ

မြို့နယ် ပကဖ (ချောင်းဦး)
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ချောင်းဦးမြို့နယ်

11 Mar, 00:05

7,231

ချောင်းဦး ခန့်တောကျောင်းဝန်းကျင်မှထွက်လာသည့် ရန်သူစစ်ကြောင်းတစ်ကြောင်းနှင့် အမြင့်လမ်းခွဲမှ ကားအကြီးဖြင့်ထွက်လာသည့် ရန်သူစစ်ကြောင်းတစ်ကြောင်း အုဌ်ကျောင်းတွင် ပေါင်း၍ရောက်ရှိနေပါသည်

သတင်းနှင့်ပြန်ကြားရေး
မြို့နယ် ပကဖ (ချောင်းဦး)
11/3/24
6:00 am
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ချောင်းဦးမြို့နယ်

10 Mar, 00:44

7,048

ယနေ့နံနက် (၆) နာရီခန့်တွင် ချောင်းဦးရှိ ရန်သူပူးပေါင်းအအ ၇၀ ဦးခန့် ပခုက္ကူလမ်းဆုံသို့ ရောက်ရှိပြီး တောင်ဘက်သို့ ထွက်နေပါသည်။

ရန်သူဦးတည်ချက် ခန့်မှန်းမရပါသဖြင့် ရွာတော်လေး မှန်ချို ကျေးရွာနေပြည်သူများဘေးကင်းလုံခြုံနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်/ကျေး ပကဖ ပအဖ များ၏ ညွှန်ကြားချက်များကို ပူးပေါင်းလိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Edit - နောက်ထပ် ရန်သူအအ (၃၀) ခန့် ထပ်ထွက်လာ

Edit - နံနက် ၁၀ နာရီခန့်တွင် ရန်သူစစ်ကြောင်း ချောင်းဦးမြို့တွင်းသို့ ပြန်လည်ဆုတ်ခွာ၊ ဓားစာခံဖမ်းဆီးခေါ်ဆောင်ခံရသော ပြည်သူ ၅၀ ဦးခန့် ပြန်လည်လွတ်မြောက်

သတင်းနှင့်ပြန်ကြားရေး
မြို့နယ် ပကဖ (ချောင်းဦး)
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ချောင်းဦးမြို့နယ်

02 Feb, 08:58

7,252

2/2/24
ခွေးကြောင်းသတင်း

(၁)- ခင်မွန်ဘက်စုံခြံသို့ စကစ ကားကြီး ၂ စီးဖြင့် ခြင်းကြားအင်အားဖြည့်ထားသည်မှာ (၄) ရက်ရှိပြီဖြစ်၊ ယနေ့နံနက်တွင် Express ကား ဖြူ/လိမ္မော်ကြားဖြင့် စွမ်းရည်ထက်မှ ခြင်းကျား အအ (၃၀) ခန့်ထပ်မံဖြည့်တင်းထား၊ ဘက်စုံခြံရှိရင်းအအနှင့်ပေါင်းလျှင် ခမအအ (၉၀) ခန့်ဖြစ်သည်။ ယနေ့နံနက် 10:40 am အချိန်ခန့်တွင် ၎င်းအအ (၉၀) ခန့်အနက် (၂၀) ခန့်သည် ဓားစာခံပြည်သူ (၁၀) ဦးခန့်ကိုဖမ်းဆီးပြီး ကျီကုန်းမုခ်ပေါက်အနီးမှဝိုက်၍ မြပုလဲခွေးခြံသို့ ဝင်ရောက်။

(၂)- ထို့ကြောင့် လက်ရှိ ဘက်စုံခွေးခြံတွင် ခမအအ (၇၀) ခန့်၊ မြပုလဲခွေးခြံတွင် ခမအအ (၆၀) ခန့် ရှိနေသည်။ ကျီကုန်း၊ ခင်မွန်၊ အောင်ချမ်းသာကျေးရွာမှပြည်သူများ အထူးဂရုပြုရန်လိုအပ်ပါသည်။

(၃)- ယနေ့နံနက်ပိုင်း မအူအနီးမှခြေလျင်ထွက်လာသော ခြင်းကျားအအ (၇၀) ခန့်သည် 11:30 am ခန့်တွင် တောပုပျူရွာသို့ဝင်​ရောက်၊ အဆိုပါ အအ (၇၀) ခန့်နှင့် တောပုပျူရွာမှ ပျူစောထီးသောင်းကျန်းသူများပူးပေါင်းခွေးအုပ်သည် တောပုရွာအနောက်ဘက်သို့ထွက်၍ ယခု လယ်တော်ရွာအနီးရောက်ရှိနေပါသည်။ မုံရွာမြို့နယ် လယ်တော်၊ ဘုဘ၊ ချမ်းသာကျွန်း၊ ညောင်ဖြူပင်ရွာမှ ပြည်သူများ အထူးဂရုပြုရန်လိုအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
မြို့နယ် ပကဖ (ချောင်းဦး)
3:20 pm
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - ချောင်းဦးမြို့နယ်

10 Nov, 15:39

7,548

ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)
ကျဆုံးသူရဲကောင်းရဲဘော်များအား ဂုဏ်ပြုဈာပနပွဲပြုလုပ်

ချောင်းဦး၊ နိုဝင်ဘာ ၁၀

ချောင်းဦးအမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်ရှိ မြပုလဲအကြမ်းဖက် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင်ကျဆုံးခဲ့ရသော သူရဲကောင်းရဲဘော်များကို ချောင်းဦးမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့နှင့် ပြည်သူလူထုများမှ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဦးညွတ်အလေးပြုပွဲကို ယနေ့ မနက်ကပြုလုပ်ခဲ့ပါသည်။