Burmese Top Movie @burmesetopmovie Channel on Telegram

Burmese Top Movie

@burmesetopmovie


Burmese Top Movie (English)

Welcome to 'Burmese Top Movie' - your ultimate destination for the best Burmese films and entertainment! If you're a fan of Burmese cinema or looking to explore the vibrant world of Burmese movies, this channel is perfect for you. Featuring a curated selection of top-rated movies, classic films, and new releases, 'Burmese Top Movie' offers a one-stop-shop for all your movie-watching needs. Who is it? 'Burmese Top Movie' is a Telegram channel dedicated to showcasing the finest Burmese films and providing a platform for movie enthusiasts to discover and enjoy quality content. What is it? 'Burmese Top Movie' is a virtual cinema that brings the magic of Burmese cinema directly to your fingertips. From romantic comedies to thrilling action films, heartwarming dramas to hilarious comedies, this channel has something for everyone. Whether you're a long-time fan of Burmese movies or just starting to explore the genre, 'Burmese Top Movie' has got you covered. Join us today and immerse yourself in the captivating world of Burmese cinema. Get exclusive access to movie recommendations, behind-the-scenes insights, and discussions with fellow movie buffs. Don't miss out on the latest releases and hidden gems - subscribe to 'Burmese Top Movie' now and start your cinematic journey with us!

Burmese Top Movie

11 Feb, 14:03


https://youtu.be/sRM7q71Goow

Burmese Top Movie

11 Feb, 07:14


သူ့ခြေထောက်ကြောင့် သူက လမ်းမလျှောက်ရင် တုတ်ကောက်လိုပါတယ်။ သူ က သူ့ရဲ့ ပုံပြောင်းနေတဲ့ လက်ချောင်းတွေကို ဖြန့်ပြပြီး “ဒီမှာလေ၊ သွေးလေးဘက်နာ ရောဂါကြောင့် ကျွန်မလက်ချောင်းတွေ ခုလိုဖြစ်နေတယ်'လို့ ပြောပြတတ်ပါတယ်။ သူ့ကို ၁၉ဝ၉ ခုနှစ်ဝန်းကျင်က မွေးဖွားခဲ့တယ်လို့ ကျွန်မ ထင်တာပါပဲ။ သူ့အသက် ၂၃ နှစ်ကနေ ၂၅ နှစ်ကြားကာလမှာ အင်္ဂလိပ်စာ သင်ယူဖို့ အင်္ဂလန်ကို ရောက်လာတဲ့ အချိန်က လွဲရင် သူ့ အသက် ၃ဝ အထိ မြန်မာပြည်မှာ နေခဲ့တာပါ။¬ နောက်တော့ အိန္ဒိယမှာ သုံးနှစ်နေခဲ့ကာ နောက်ထပ်နှစ် ပေါင်းများစွာ (သူ့အသက်ရဲ့ သုံးပုံ နှစ်ပုံလောက်ထိ) နိုင်ငံရပ်ခြားမှာ ရောက်နေခဲ့ပါတယ်။ အမေရိက၊ ဩစတြီးယား နဲ့ အင်္ဂလန်တို့မှာ အနေများခဲ့တာပါ။ သွေးလေးဘက်နာက အာရှလို ပူပြီးစိုစွတ် တဲ့နေရာမျိုးမှာ မွေးဖွားခဲ့သူတစ်ယောက်အနေနဲ့ ဥရောပလို အေးပြီးခြောက်သွေ့ တဲ့နေရာမျိုးမှာ အနေကြာတဲ့အခါ ဖြစ်တတ်တယ်နဲ့ တူပါတယ်။
မသန်းဧက ဩစတြီးယားအနောက်ပိုင်းက သူ့အိမ်ခန်းနဲ့ မိုက်ကယ်တို့ စုတို့ အိမ်က အခန်းကြားမှာ လူးလာခေါက်တုံ့ နေထိုင်ခဲ့ပါတယ်။ အင်္ဂလန်က သူ့ကိုလိုနီ ထဲမှာနေတဲ့သူတွေထဲက ထူးချွန်သူတွေကို အင်္ဂလန်ခေါ်ကာ အင်္ဂလိပ်စာသင်ပေးပြီး ဗြိတိသျှမှုပြုတတ်ပါတယ်။ မသန်းဧကို ၁၉၃၂ ခုနှစ်မှာ ဗြိတိသျှက ရွေးခဲ့တာပါ။ အင်္ဂလန်က ပြန်တော့ ကရင်တွေကို အင်္ဂလိပ်စာ သင်ပေးခွင့်ရခဲ့ပါတယ်။ သူက သူ့မိသားစုအကြောင်း ပြောလေ့မရှိတာမို့ သူ့အဖေဟာ တက္ကသိုလ်မှာ မြန်မာစာသင်တဲ့ ဆရာဖြစ်ပြီး သူ့မှာ မောင်ငယ်တစ်ယောက်ရှိကြောင်းလောက်သာ ကျွန်မတို့ သိပါတယ်။ သူ့အခန်းမှာ ချိတ်ထားတဲ့ ပန်းချီကားကြောင့်လည်း မြန်မာပြည်က သူ့ဘဝကို ကျွန်မတို့ ခန့်မှန်းမြင်ယောင်နိုင်ခဲ့ကြပါတယ်။ မြန်မာပန်းချီကျော်တစ်ဦးရဲ့ လတ်ရာ သူ့ပုံတူက အသက်ဝင်လှပါတယ်။ အဲဒီအချိန်က သူ့မှာ ဆံပင်အရှည်ကြီးနဲ့ မြန်မာဆန်ဆန်ဝတ်ပြီး ပန်းတွေအလယ် ကြမ်းပြင်ပေါ်မှာ ထိုင်နေတဲ့ပုံက သိပ်အ သက်ဝင်ပါတယ်။ ပုံထဲမှာ သူ့ဟန်ပန်က သူ့ဘဝအနာဂတ်ကို တွေးနေပုံပါ။
သူ့အလုပ်အကြောင်း ကျွန်မက သိပ်မသိပေမယ့် မြန်မာပြည်မှာ ဘိလပ်ပြန်ဆိုပြီး သူ့ကို ခေါ်ကြတာနဲ့ နာမည်ကျော်အဆိုတော် ဖြစ်ခဲ့တာကိုတော့ သိပါတယ်။ သူ့ အသံနဲ့ အင်္ဂလိပ်စာကောင်းပုံတွေက မြန်မာပြည်အတွက် အဖိုးတန်လှတာပါ။ ဒု တိယကမ္ဘာစစ်ကြီး ဖြစ်လာတော့ သူက နယူးဒေလီမှာရှိတဲ့ အသံလွှင့်ဋ္ဌာနတစ်ခုမှာ အလုပ်ဝင်ခဲ့ပါတယ်။ အဲဒီအသံလွှင့်ဋ္ဌာနက ဂျပန်သိမ်းပိုက်ထားတဲ့နေရာတွေမှာ ဂျပန်တပ်တွေအကြောင်း အသိပေးတာတွေကို ထုတ်လွှင့်ရပါတယ်။ စစ်ကြီးပြီးတော့ သူက ဆန်ဖရန်စစ္စကိုကို သွားကာ ကုလသမဂ္ဂမှာ အလုပ်မဝင်ခင် ဗွီအိုအေမှာ အလုပ်လုပ်ခဲ့သေးတယ်နဲ့ တူပါတယ်။
၁၉၄၇ ခုနှစ် ဇန်နဝါရီမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ လန်ဒန်ကို လာပြီး ဗြိ တိသျှနန်းရေးဝန်ချုပ် ကလီမန့်အက်တလီနဲ့ မြန်မာ့လွတ်လပ်ရေးအတွက် စာချုပ်လာချုပ်ကြတော့ မသန်းဧကလည်း လန်ဒန်မှာ ရှိနေခဲ့ပါတယ်။ သူနဲ့ သူ့ သူငယ်ချင်းက ဗိုလ်ချုပ်တို့ တည်းခိုတဲ့ဟော်တယ်ကို သွားတွေ့ခဲ့တာပါ။ အန်တီမသန်းက သူ့အနေနဲ့ ပင်ပန်းနေတဲ့ ဗိုလ်ချုပ်ကို မြန်မာသီချင်းတွေနဲ့ ဖျော်ဖြေပေးချင်ခဲ့တယ်လို့ ကျွန်မကို ပြောပြဖူးပါတယ်။
နှုတ်ဆက်ပွဲမှာတော့ ဗိုလ်ချုပ်မှာ မိသားစုအတွက် လက်ဆောင်ပစ္စည်းသွားဝယ်ဖို့ အချိန်မရှိတော့ဘူးလို့ တွေးမိတာမို့ သူက ဝယ်ပေးဖို့ တာဝန်ယူလိုက်ပါတော့တယ်။ သူက အသက်တစ်နှစ်ခွဲအရွယ် စုအတွက် အဲဒီအချိန်က အင်္ဂလန်မှာ ခေတ်စားနေ တဲ့ ကော်ပတ်ရုပ်လေးတစ်ရုပ် ဝယ်ပေးလိုက်ပါတယ်။ အဲဒီအရုပ်လေးဟာ အန်တီနဲ့စု တို့ကြားက ပထမဆုံးဆက်စပ်မှုပါပဲ။ အဲဒီအရုပ်လေးကို နှစ်အတော်ကြာကြာအထိ က တမြတ်တနိုး ထိမ်းသိမ်းပွေ့ပိုက်ထားကြောင်း သိရတဲ့အခါမှာတော့ အန်တီက သိပ်ကို စိတ်လှုပ်ရှားခဲ့ပါ့တယ်။ လန်ဒန်မှာရှိတဲ့ မြန်မာတချို့ကတော့ အန်တို့အထိုနဲ့ ဗိုလ်ချုပ်အပေါ်မှာ လေးစားတာထက် ပိုတဲ့ စိတ်အနေအထားမျိုးရှိခဲ့လို့ စုကိုချစ်နေကြောင်း အတင်းပြောတာမျိုး ရှိခဲ့ပေမယ့် ဘယ်သူကမှတော့ ဘာရယ်လို့ အတိအကျ မသိကြပါဘူး။
၁၉၅၀ ခုနှစ်မှာ အန်တီမသန်းဧက ကုလသမဂ္ဂရဲ့ဝန်ထမ်း ဖြစ်လာပါတယ်။ စိန့်ဟူချ်ကောလိပ်ကျောင်း ဒုတိယနှစ်နွေမှာတော့ စုဟာ မိခင်ရှိရာ အိန္ဒိယကို မပြန်ပဲ အယ်လ်ဂျီးရီးယားမှာ ကုလသမဂ္ဂဆက်ဆံရေးဌာနဖွင့်ဖို့ တာဝန်နဲ့ ရောက်နေတဲ့ အန်တီဆီကို အလည်သွားခဲ့ပါတယ်။ အဲဒီတုန်းက အယ်လ်ဂျီးယားနိုင်ငံသစ် တည် ထောင်ဖို့ စိတ်တက်ကြွနေတဲ့ လူငယ်တွေဟာ စစ်ဘေးဒုက္ခသည်တွေကို ကယ်တင် တဲ့ စခန်းတွေမှာ လုပ်အားပေးနေကြတာမို့ စုကလည်း လုပ်အားသွားပေးခဲ့ပါတယ်။
(နောက်နေ့အပိုင်း ၁၁ ဆက်တင်ပါမည်)

Burmese Top Movie

10 Feb, 11:11


https://youtu.be/jMNphxnuibY

Burmese Top Movie

10 Feb, 06:20


မသန်းရဲ့ အသက်ကို ဘယ်သူကမှလည်း မသိပါဘူး။ ၁၉၈၉ ခုနှစ်မှာ စု နေအိမ်အကျယ်ချုပ်ကျသွားတော့ မိုက်ကယ်က 'ကျွန်တော် ထင်တာတော့ အန် တီ့အသက်က ၇ဝ ဝန်းကျင် ဖြစ်ရမယ်။ ဒါပေမယ့် မသေချာပါဘူး။ အန်တီထ သူ့အသက်ကို ဘယ်တုန်းကမှ မပြောဘူးလေ” လို့ ပြောခဲ့ပါတယ်။ သူ့အသက် အတော်လေး အိုချင်အိုရောပေါ့။ ဒါပေမယ့် ဘယ်သူကမှ သူ့အသက်ကို ဂရုစိုက်ပါဘူး။ လူတွေက သူ မှတ်ဉာဏ်ကောင်းလွန်းတာ၊ စာဖတ်ဝါသနာ ကြီးလွန်း တာ၊ နိုင်ငံတကာနိုင်ငံရေးနဲ့ ပတ်သက်ရင် သူ့ ခန့်မှန်းချက်တွေ မှန်နေတာ အဲဒီလိုမျိုးတွေကြောင့်ပဲ သူ့ကို မိတ်ဆွေတွေက တအံ့တသြနဲ့ မှတ်မိနေခဲ့ကြတာပါ။အန်တီဟာ သူ့ရဲ့ နောက်ဆုံးအချိန်အထိ အမျိုးသမီးဆန်တဲ့ အလှတရားအပေါ် အင်မတန် သတိထားခဲ့သူပါ။ သူ့ခေါင်းမှာ ခေါင်းစည်းပုဝါလေးကို လွှားပြီး မေးအောက်မှာ အထုံးလေးထုံးထားတတ်တာ အန်တီစတိုင်လ်ပါပဲ။ သူက ဂျပန်လက်ကိုင် ပုဝါလေးပဲဖြစ်ဖြစ်၊ ပစ္စည်းထုတ်တဲ့ပိတ်စလေးပဲဖြစ်ဖြစ် တွေ့တဲ့အခါ “ထားခဲ့လေ။ ကျွန်မ ခေါင်းစည်းလေး လုပ်လိုက်မယ်”လို့ ပြောတတ် ပါတယ်။ သူ့မျက်နှာတစ်ဝက် ကိုတော့ ကိုင်းအနက်မျက်မှန်ဝိုင်းဝိုင်းကြီးက ကွယ်ထားလေရဲ့။ သူက အင်္ကျီကို ဘလောက်စ်လို အနောက်တိုင်းဆန်တာတွေ ဝတ်တတ်ပေမယ့် ထမိန်ကိုတော့ အမြဲ စွဲစွဲမြဲမြဲ ဝတ်တတ်ပါတယ်။ သူ့ခြေထောက်တွေက အဆစ်အမြစ်ရောင်ရောဂါကြောင့် ပုံစံနည်းနည်း ပြောင်းနေပြီမို့ ဖိနပ်ကိုတော့ အထူအကြီးကြီးတွေပဲ စီးတတ်ပါတယ်။ သူက မျက်နှာမှာ မိတ်ကပ်ပါးပါးလိမ်း၊ နှုတ်ခမ်းနီ ဆိုးပြီး မျက်ခုံးမွှေးကိုလည်း တောင်တန်းနှစ်သွယ်လို ထူထူနက်နက် ဆွဲထားတတ်ပါတယ်။
(နောက်နေ့မှာ ၁၀ ဆက်တင်ပါမည်)

Burmese Top Movie

10 Feb, 06:20


၁၉၇၉ ခုနှစ် အောက်တိုဘာလ ၃ ရက်မှာတော့ ကျွန်မခင်ပွန်းရဲ့ သုတေသန
ကိစ္စ ကြောင့် မော်စကိုမှာ တစ်နှစ်နီးပါး သွားနေရဖို့ ဖြစ်လာပါတယ်။ အဲဒီအချိန်က ဆိုဗီယက်ယူနီယံခေတ်မို့ အစစအရာရာ ရှားပါးတာတွေကြောင့် ထင်ထားတာထက် ပိုပြီး အဆင်မပြေခဲ့ပါဘူး။ မိုက်ကယ်နဲ့စုဆီလည်း မဆက်သွယ်နိုင်ခဲ့ပါဘူး။ အမှန် အတိုင်း ပြောရရင်တော့ ကျွန်မတို့ကလည်း မော်စကိုကနေ ကမ္ဘာ့အနောက်ခြမ်းက သူငယ်ချင်းတွေဆီကို စာထည့်ဖို့တောင် အတော် စဉ်းစားခဲ့ကြရပါတယ်။ တကယ် တော့ လန်ဒန်ဆိုတာ မော်စကိုကနေဆိုရင် ဂျပန်ထက် ပိုနီးတဲ့ နေရာမှာပါ။ ကျွန်မ တို့အနေနဲ့ အောက်စဖို့ဒ်ကို ခဏတဖြုတ်ဝင်ချသွားလို့ ရပါတယ်။ ဒီတော့ ကျွန် မတို့က မော်စကိုမှာနေတဲ့ ဆယ်လအတွင်း စုဆောင်းထားတဲ့ တောင်ပေါ်အစား အစာတွေကို အပြည်ပြည်ဆိုင်ရာဖြတ်တဲ့ ရထားနဲ့ တင်ပြီး အင်္ဂလန်ကို ဝင်သွားဖို့ တွေး ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့က ရုရှရဲ့ စာတိုက်စနစ်ကို ယုံမှ မယုံဘဲလေ။ ဒါပေမယ့် ရထားအကောက်ခွန်က ပစ္စည်းတွေ သယ်လာတာများလို့ဆိုပြီး ခေါ်မေးပါ တော့တယ်။ တစ်ခါ အောက်စ်ဖို့ဒ်ကောလိပ်က ဖိတ်ကြားစာမပါလို့ဆိုပြီး အင်္ဂလန်ထဲ ပေးမဝင်ပြန်ပါဘူး။
နောက်ဆုံးမှာတော့ ကျွန်မတို့ အင်္ဂလန်ကို ပြန်ရောက်ခဲ့ပါပြီ။ ကျွန်မတို့ရဲ့ အင်္ဂလိပ်သူငယ်ချင်းတွေက မြို့လယ်နဲ့ သုံးမိုင်လောက် ဝေးတဲ့ နေရာမှာ တစ်လ လောက် နားခိုဖို့ စီစဉ်ပေးကြပါတယ်။ ကျွန်မတို့ကတော့ ရောက်ရောက်ချင်းမှာ မိုက်ကယ်တို့ဆီ သွားလည်ကြတာပါပဲ။ အဲဒီအချိန်မှာ မိုက်ကယ်တို့က ဗိသုကာ အသွင်သဏ္ဍာန်မှာ ကျော်ကြားတဲ့ လခြမ်းပုံ ပါ့ခ်တောင်းမှာ နေနေကြပါပြီ။ အဲဒီနေ ရာက ဈေးကြီးတဲ့ နေရာမို့ ကျွန်မက အံ့သြနေခဲ့တာပါ။ မိုက်ကယ်က သူ့အနေနဲ့ ဈေးအင်မတန်ချိုချိုနဲ့ ဒီအိမ်ကို ရလိုက်ကြောင်း ခပ်ပြုံးပြုံးနဲ့ရှင်းပြပါတယ်။ အင်္ဂလန် မှာ ကိုယ်မဝယ်ခင်က နေထိုင်နှင့်တဲ့သူတွေကို ဆက်လက်နေထိုင်ခွင့်ပြုမယ်ဆိုရင် အင်မတန်ဈေးချိုချိုနဲ့ အိမ်ဝယ်နိုင်တဲ့ စည်းမျဉ်းတစ်ခု ရှိပါတယ်။ မိုက်ကယ်တို့က အဲဒီလိုနည်းနဲ့ အိမ်ဝယ်ခဲ့တာပါ။ သူတို့မိသားစုက မြေအောက်ထပ်မှာ နေကြပြီး မြေညီထပ်မှာတော့ မိုက်ကယ်ရဲ့ စာကြည့်ခန်းနဲ့ အိပ်ခန်းတွေ ထားပါတယ်။ ပထမထပ်မှာ နဂိုတည်းက နေနေတဲ့ အဖွားကြီးတစ်ယောက်နေပြီး ဒုတိယထပ်မှာလည်း အိမ်ငှား ရှိနေပါတယ်။ အဲဒီအထပ်တွေက အိမ်ငှားခက မိုက်ကယ်တို့ အတွက် လစဉ်ဝင်ငွေ ဖြစ်လာတာပါ။ အိမ်ငှားသက်ကြီးရွယ်အိုတွေ အိမ်ထဲက မထွက်မချင်း (ပြောင်းတာပဲဖြစ် ဖြစ်၊ သေဆုံးတာပဲဖြစ်ဖြစ်) အိမ်ရှင်အသစ်က သူတို့ အခန်းကို မပိုင်ဆိုင်နိုင်အောင် ဥပဒေက ကန့်သတ်ထားပါတယ်။ အိမ်ငှားအများစုက အသက်ကြီးသူတွေဖြစ်ပြီး ဥပဒေက သူတို့ကို ကာကွယ်ပေးထားတာပါ။
မိုက်ကယ်တို့ အိမ်ငှားအဖွားကြီးက သိပ်မကြာခင်မှာ ပြောင်းရွေ့သွားခဲ့ကာ ကို အမြဲအကူအညီပေးနေတဲ့ မသန်းဧက အဲဒီအထပ်ကို ဝယ်လိုက်ပါတယ်။ စု က မသန်းဧ ကို သူ့ရဲ့ “အရေးပေါ်ကြီးကြီး”လို့ ခေါ်ခဲ့တာပါ။ ဒီလိုနဲ့ စုတို့မိသားစု လည်း ငွေရေးကြေးရေး စိတ်အေးလာရပါတော့တယ်။ ကျွန်မတို့ရဲ့ အောက်စ်ဖို့ဒ် ဘဝဟာ တကယ်တမ်းမှာ မလွယ်ကူခဲ့ပေမယ့် မိုက်ကယ်ရယ်၊ စုရယ်၊ မသန်းဧရယ်၊ အလက်ဇန္ဒားရယ်၊ ကင်မ်ရယ်၊ ခွေးကလေးရယ်နဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်ခဲ့ရ ပါတယ်။
(၄) ကြီးကြီးမသန်း
ကျွန်မတို့ မသန်းဧကို စတွေ့တော့ သူက ကုလသမဂ္ဂဝန်ထမ်းအဖြစ် အနှစ် ၂ဝ ကြာ အမှုထမ်းပြီးလို့ ပင်စင်စားအဖြစ် အေးအေးဆေးဆေး နားနေချိန် ဖြစ်ပါတယ်။ ကျွန်မတို့ အောက်စ်ဖို့ဒ်ကို ဘယ်အချိန်ပဲသွားသွား သူက စုတို့ မိသားစုနဲ့အတူ ရှိ နေခဲ့တာပါ။ ကျွန်မက သူတို့ နှစ်ယောက်ကြားမှာ သွေးသားမတော်စပ်တာကို အ ချိန်တော်တော်ကြာတဲ့အထိ မသိခဲ့လေတော့ သူတို့နှစ်ယောက်ဟာ ရုပ်ချင်းလည်း မတူပါလားလို့ တွေးနေခဲ့တာပါ။ စုကလည်း သူတို့နှစ်ယောက် ဘယ်လို တော်စပ် တယ်ဆိုတာ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ကျွန်မတို့နှစ်ယောက်ကြားမှာ အတူ တကွ နားလည်ထားကြတာက မိသားစုအရေးတွေမှာ အသက်တွေ၊ နေရာဒေသတွေ၊ အချိန်ကာလတွေဆိုတဲ့ ကွာခြားမှုကို လျစ်လျူရှုလိုက်ဖို့ပါပဲ။

Burmese Top Movie

10 Feb, 01:48


အကယ်ဒမီပွဲနှင့်ပတ်သတ်၍ ပွဲကျင်းပသူမှ အစပြုပြီး
ဆုပေး၊ဆုယူသူများအလယ်၊
ပွဲကိုတက်ရောက်သူများအဆုံး၊
ထိုပွဲကိုအားပေးသူများ အပါအဝင်၊
ထိုမှတဝ အကယ်ဒမီသတင်းကို
Youtube ပေါ်တင် လုပ်စားကြမည့်
အညှီအဟောက် YT Channel များနဲ့တကွ
ထိုချန်နယ်ဝိုင်းတော်သားအားလုံးလည်း မလပ်စေရ၊
ထိုထိုလူ့အန္ဓ အမှိုက်သရိုက်များအားလုံးအတွက်
ကျွန်ုပ်တို့ BTM မှ တခွန်းတည်း ထုတ်ပြန်လိုသည်မှာ
"ကိုယ်Mayကိုယ်Loe အားလုံးကို အချောင်းပေါင်း စင်္ကြာဝဠာတိုက်တသောင်းစာ Leeeee ပါပဲ"
ဟူ၍ဖြစ်ပါကြောင်း အသေအချာအကြောင်းစပ်လို့
ကြေငြာမောင်းခတ်လိုက်ရပါကြောင်းခင်ဗျာ... ဒူဝူဝူဝူဝူ (မောင်းခတ်သံဖြစ်၏)
ပုံ/
ဘီတီအမ့်ပြောရေးဆိုခွင့်ရှိသူ
ဇေယျာဖေ

Burmese Top Movie

09 Feb, 08:52


https://youtu.be/mFBxMqF26TI

Burmese Top Movie

09 Feb, 03:57


စုအနေနဲ့ မိုက်ကယ်ရဲ့အချစ်ကို ဘယ်လောက်ပဲ ပိုပိုလျှံလျှံ ရနေတယ်ဆိုပေမယ့် အာရှသူတစ်ယောက်အနေနဲ့ အခုလို တွေးမိလာတာမဆန်းပါဘူး။ ခပ်တုံးတုံးဓားနဲ့ ခက်ရင်းကိုသုံးပြီး စိတ်ဝင်စားစရာ မကောင်းတဲ့ အသားတုံးတစ်တုံးကို လှီးနေခိုက်မှာ စားပွဲပေါ်ကို ခေါက်ဆွဲတစ်ပန်းကန် ရောက်လာသလို ဖြစ်မှာပေါ့။ ကျွန်မတို့နှစ်ယောက် စလုံးအဖို့တော့ သက်ပြင်းမောတွေ ရှိုက်ခဲ့ဖြစ်တာ အတူတူပါ။ နေ့စဉ်ဘဝ အနေအထားတွေပေါ်မှာ ကျွန်မတို့နှစ်ယောက်စလုံး အတူတူပဲ သဘောပေါက် နားလည်ခဲ့ကြတာကို နှစ်ယောက်လုံးက ထုတ်မပြောဘဲ သဘောပေါက်ခဲ့ကြပါတယ်။ တကယ်တော့ အဲဒီကာလတွေဟာ ကျွန်မတို့အဖို့ ခက်ခဲခဲ့တဲ့ ကာလတွေပါ။ ဒါပေမယ့် အလက်ဇန္ဒားရဲ့ ချစ်စဖွယ် အပြုအမူလေးတွေကြောင့် စိတ်သက်သာရာ ရခဲ့ ပါတယ်။ အောက်စ်ဖို့ဒ်က ဘဝကို ကျွန်မတို့တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြတ်သန်းခဲ့ ကြတယ်ဆိုပါတော့။
နောက်သုံးနှစ်ကြာတဲ့အခါမှာတော့ ကျွန်မတို့က ဂျပန်ကို ပြန်လာခဲ့ပါတယ်။ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလကုန်မှာ မိုက်ကယ်နဲ့ စုဆီကနေ စာတစ်စောင် ရောက် လာခဲ့ပါတယ်။ မနှစ်က နှစ်လည်ကတည်းက ကျွန်မ ပေးပို့ခဲ့တဲ့ ခရစ်စမတ်ကဒ်ဟာ သူတို့ရှိရာ အိန္ဒိယအရှေ့မြောက်ဖျားက တာဝန်ဂ်မြို့လေးဆီကို ရောက်သွား ပုံရပါတယ်။ စာထဲမှာ စုက မိုက်ကယ်ဟာ အလုပ်များနေပြီး သူနဲ့သားနှစ်ယောက်က မိုက်ကယ့်ကို ကူညီနေပါသတဲ့။
စုက သားငယ်လေးရဲ့ နာမည်ကို မိတ်ဆက်ပေးလာပါတယ်။ ထိန်လင်းဒဲမီယန် ကင်မ်အာရူဒန်ပါတဲ့။ နောက်ထပ် တိဘက်နာမည်နှစ်ခုလည်း လားမားဘုန်းတော် ကြီးတွေက ပေးထားသေးသတဲ့။ နောက်တစ်ခါ လန်ဒန်က ထိုင်းဘုန်းကြီး တစ်ပါး အလည်း ပါဠိနာမည်တစ်ခု ပေးထားပါသေးတယ်။ စုက “ကျွန်မတို့ရဲ့ သားငယ် ကို ကျွန်မတို့က ဘာဘာလို့ ခေါ်တယ်။ မျက်လုံးက ပြူးပြူးဝိုင်းဝိုင်း၊ မျက်နှာ ပန်းသီးလို လုံးလုံးဝန်းဝန်းနဲ့လေ။ ကျွန်မ ထင်တာကတော့ ရှင်သူ့ကို ချစ်မှာပါ။ သူက အလက်ဇန္ဒားနဲ့ မတူဘူး။ အားကလည်း သန်တယ်။ ခပ်ဂျစ်ဂျစ်ပေါ့။ အလုပ်လုပ်တဲ့နေရာမှာတော့ တော်တယ်။ စကားပြောတဲ့နေရာမှာတော့ သူ့ အသက် တစ်နှစ်ခွဲခါနီးနေပေမယ့် ခုထိကောင်းကောင်း မပြောနိုင်သေးဘူး။ အလက် ခန္ဒာတုန်းက ဒီအရွယ်ဆို ကောင်းကောင်း ပြောနေနိုင်ပြီ”လို့ ကျွန်မကို ပြောပါတယ်။ စုကိုကြည့်ရတာ ဒီသားလေးကို ဘာပဲဖြစ်ဖြစ်သဘောကျနေပုံပါ။ “ဘာဘာရေ မင်းစကား ပြောနိုင်သေးတာကို မပူပါနဲ့ကွယ်။ မိဘတွေအကြိုက် မင့်ကို ဒီလောက် ရှုပ်တဲ့ နာမည်အရှည်ကြီး အပေးခံရတာ စိတ်ရှုပ်စရာမှန်း သိပါရဲ့”။
တစ်ခါမှာတော့ ကျွန်မကစာထဲမှာ “ချာတိတ်ဆိုးလေးနှစ်ယောက်”လို့ သုံးမိ ဟန်တူပါရဲ့ စုက “ရှင် မှန်တယ် နိုရီကို။ ကျွန်မတို့မှာ ချာတိတ်ဆိုးလေးနှစ်ယောက် ရှိပါတယ်။ တကယ်တော့ ကျွန်မက သုံးယောက် လိုချင်တာ။ တစ်ယောက် က ကျန်တဲ့နှစ်ယောက်ထက် ပိုဆိုးမယ့်ကလေးမျိုးပေါ့”လို့ စာရေးလာပါတယ်။ တတိယတစ်ယောက် လိုချင်တယ်သာ ပြောတာပါ။ မိန်းကလေးလား၊ ယောကျာ်း လားလို့တော့ သူက မပြောပါဘူး။ စုကိုယ်တိုင်က သူ့အစ်ကိုနှစ်ယောက်ထက် ပိုခွန်အားရှိတဲ့ မိန်းကလေးဖြစ်ခဲ့သလို တတိယမြောက်ကလေးလည်း ဖြစ်တယ်လေ။ စာကခပ်ရှည်ရှည်ဖြစ်ပြီး အဲဒီထဲမှာ “ကျွန်မ ငွေစုနေတာ ပြည့်ရင်တော့ ဂျပန်ကို ာလည်ချင်သေးတယ်။ ရှင်တို့ရဲ့ ကျေးလက်အိမ်လေးဆီကို အပြေးရောက် ချင်တာပေါ့။ အခုတာ့ ကျွန်မတို့လည်း ကိုယ့်အခန်းလေးကို ဂျပန်မိသားစုလက်ထဲ ထားခဲ့ရတာ။ သူတို့က ပါပီလေးကို ကောင်းကောင်း ကြည့်ပေးတယ်လေ”လို့ ရေးထားပြန်တာပါ။ သူ့မှာသာ ချာတိတ်နှစ်ယောက်ထက် မိုက်တဲ့ သမီးကလေး ရှိခဲ့ရင် အခုလို အခက်အခဲတွေ တွေ့တဲ့အခါ အတော်အားကိုးရရှာမှာလို့ ကျွန်မ တွေးနေမိပါရဲ့။
မိုက်ကယ်ကတော့ “ကျွန်တော်တို့ နေနေတဲ့နေရာကို အိန္ဒိယမြေပုံပေါ်မှာ ရှာ ကြည့်ပါလား။ ဟိုးအပေါ်ဘက်မှာလေ။ နိုရီကိုရဲ့ ခရစ်မတ်ကဒ်လေး မနေ့က ရတော့ သိပ်ဝမ်းသာတာပဲ။ ခင်ဗျားရဲ့ သဘောကျစရာ ဟင်းချက်လက်ရာကိုရော ခင်မင်စွာ အတူရှိခဲ့မှုကိုပါ ပြန်အောက်မေ့စရာပါပဲ။ ကျွန်တော့် ပါရဂူဘွဲ့စာတမ်း က မကြာသေးခင်ကမှ ပြီးသွားတာပါ။ စာတမ်းကိုတော့ ဒီနှစ်ထဲမှာ စာအုပ်အဖြစ်ထွက်မယ်လေ။ ပြီးရင် စိန့်ဂျွန်ကောလိပ်မှာ ဖဲလိုးရှစ် တစ်နှစ်ခွဲ ပြန်လုပ်ရဦးမယ်။ ကျွန်တော်တို့လည်း အောက်စ်ဖို့ဒ်မှာ အိမ်ဝယ်ဖို့ စဉ်းစားနေပါတယ်။ အဲဒီမှာပဲ အမြဲတမ်း အခြေချနေချင်တယ်လေ။ နှစ်ယောက်လုံးကို ချစ်ခင်တဲ့ မိုက်ကယ်”လို့ စာရေးလာပါတယ်။
(နောက်နေ့အပိုင်း ၉ ဆက်တင်ပါမည်)

Burmese Top Movie

08 Feb, 09:43


https://youtu.be/iLYLDt_iSs4

Burmese Top Movie

08 Feb, 03:18


၁၉၈၀ ခုနှစ်က ကျွန်မရဲ့ ခင်ပွန်းဟာ အောက်စ်ဖို့ဒ်မှာ ရှိနေချိန်နဲ့ ကင်မ်ရဲ့မွေးနေ့နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ သူ့ကို မွေးနေ့ပွဲ ဖိတ်တော့ သူ သွားခဲ့တဲ့အခါ ပါတ်ခ်တောင်းန်အိမ်ရဲ့ မြေအောက်ခန်းက ထမင်းစားခန်းမှာ ပေါင်မုန့်လေးတွေ လှီးပြီး ဝက်ပေါင်ခြောက်နည်းနည်းကို ကမ္ဘာ့နိုင်ငံတွေရဲ့ အလံငယ်လေးတွေ စိုက်ကာ အလှပြင်ဆင်ထားတာကို တွေ့ခဲ့ရပါတယ်။ နောက်ထပ် ကျွေးဖို့ ပြင်ထားတာကတော့ နွားနို့ပါပဲ။ မိုက်ကယ့်မိဘတွေက မွေးနေ့ကိတ် အကြီးကြီးတစ်လုံး ယူလာတဲ့အခါ မှာတော့ ကလေးတွေအားလုံးက အရမ်းကို ဝမ်းသာသွားကြပါသတဲ့။ အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်မခင်ပွန်းက တော်တော်စိတ်မကောင်း ဖြစ်သွားပါတယ်။ မွေးနေ့ ပွဲဆိုပြီး နေ့တိုင်းစားနေကျ ပေါင်မုန့်လေးနဲ့ ဝက်ပေါင်ခြောက်လေးပဲ ဧည့်ခံနိုင်တာ မလုပ်ပေးချင်လို့ မဟုတ်ဘဲ မတတ်နိုင်လို့လို့ တွေးမိတဲ့အခါ သူ့အနေနဲ့ စိတ်ထဲ မကောင်းလွန်းတော့ ကလေးတွေနဲ့ ခဏတဖြုတ် ကစားပေးပြီး ဈေးကို အမြန် ပြေးကာ စူကီယာကီလုပ်ဖို့ လိုတာတွေ ဝယ်ခြမ်းခဲ့ပါတယ်။ ကျွန်မခင်ပွန်း တစ်သက်မှာ အဲဒီနေ့က ပထမဆုံးအကြိမ် မီးဖိုချောင် ဝင်ဖူးခြင်းပါပဲ။ အဲဒီနေ့ကစပြီး သူ့ရဲ့ စုကီယာကီနဲ့ မီဆောဟင်းချိုလက်ရာဟာ နာမည်ကျော်သွားခဲ့တာပေါ့။
စုက မိုက်ကယ့်ဧည့်သည်တွေအတွက် ဟင်းတွေ စီစဉ်ပေးတတ်ပေမယ့် သူ တို့တွေထုံးစံ နောက်ဆုံးမှ စားတဲ့ အရွက်သုတ်ကို မေ့သွားတတ်ပါတယ်။ အဲဒီ ခါမှာတော့ စုဟာ ပြင်သစ်တွေ ထုံးစံလုပ်တတ်တဲ့ တစ်ပွဲပြီးတစ်ပွဲ ချပေးရတဲ့ အမယ်စုံညစာသဘောကို အပြစ်တင်တော့တာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်တော့ စုက မိုက်ကယ့်ဧည့်သည်တွေ မျက်မှောင်မကြုတ်နိုင်အောင် ကြိုးစားခဲ့ပါရဲ့၊ တကယ်တော့ စုအနေနဲ့ မြန်မာပြည်မှာ နေတုန်းကရော၊ အိန္ဒိယမှာနေ့တုန်းကပါ ဧည့်တွေအများကြီး ကြံ့ခဲ့ဖူးတာမို့ ဧည့်ဆိုရင် အသားကျနေပြီ ထင်ပါတယ်။ တကယ်တော့ မိုက်ကယ်ဟာ စုလို အရှေ့တိုင်းသူတစ်ယောက်ကို ရထားတဲ့အတွက် အခုလို ဧည့်တွေကို မငြို ခြင်တာမို့ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း အောက်စ်ဖို့ဒ်မှာ မိုက်ကယ်ဟာ ကိုယ်ပိုင်မိတ်ဆွေတွေ အများကြီး တွေ့ခဲ့ရပါတယ်။
ကျွန်မတို့က ၁၉၇၄ ခုနှစ်က နေ ၁၉၇၆ ခုနှစ်အထိ အင်္ဂလန်မှာ နေခဲ့ကြရာမှာ မိတ်ဆွေတွေ အများကြီး ရခဲ့ပါတယ်။ အဲဒီမိတ်ဆွေတွေအားလုံးနဲ့ ခင်မင်မှုဟာလည်း ဂုဏ်နက်ရှိုင်းရှိုင်း ရှိခဲ့တာပါ။ မိတ်ဆွေအများစုကတော့ လန်ဒန်နဲ့ အောက်စ်ဖို့ဒ်မှာရှိတဲ့ သာရပ်ဆိုင်ရာပညာရှင် ကြီးကြီးငယ်ငယ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ လင်မယားရယ်၊ မိုက်ကယ်တို့မိသားစုရယ်မှာတော့ ရာထူးရာခံ မြင့်မြင့်မားမားမရှိတာချင်း၊ နာမည်မကြီးကြတာချင်းရော ပိုက်ဆံမရှိတာချင်းပါ တူနေကြတာမို့ ခံစားချက်ချင်း ထပ်တူကျခဲ့ကြပါတယ်။ မိုက်ကယ်က ကျွန်မရဲ့လက်ရာကို အလွန်သဘောကျခဲ့သလို ကျွန်မကလည်း မိုက်ကယ့်အပေါ် ကျွန်မရဲ့ မောင်အရင်းတယောက်လို သဘောထားကာ မောင်ငယ်လေး မဆာလောင်ရအောင် ကျွေးမွေးရမယ် ဆိုတဲ့ အသိမျိုးဖြစ်နေရတာကိုပဲ စွဲလန်းသဘောကျနေခဲ့တာပါ။
ကျွန်မနဲ့ စုကတော့ မိသားစုအကြောင်း ပြောလိုက်၊ အချက်အပြုတ်အကြောင်း ပြောလိုက်၊ အလက်ဇန္ဒားကို အနှီးဘောင်းဘီလေးလဲပေးရင်း သီချင်းလေးဘာလေး ညည်းပြီး ချော့သိပ်လိုက်နဲ့ပေါ့။ ပြီးရင် မြို့ထဲက လေဘာတီအထည်ဆိုင်ကို သွားပြီး အပြင်ဘက် မှန်အရှေ့ကနေ ဘယ်အဆင်လေးတွေ ဝယ်ရင်ကောင်းမလဲလို့ စိတ်ကူး ကြတယ်။ ဝယ်တာကတော့ လျော့ဈေးချတဲ့အချိန်မှ ဝယ်နိုင်ကြမှာကိုး။ ကျွန်မတို့ နှစ်ယောက်က တခြားသာမန်အိမ်ထောင်ရှင်မတွေလိုပဲ အိမ်ထောင့်တာဝန်တွေနဲ့ သာ ကိုယ့်ကိုယ်ပိုင်အချိန်တွေကို အတူတူ ကုန်ဆုံးခဲ့ကြတာပါ။ ကျွန်မတို့နှစ်ယောက်စလုံးက ကိုယ့်ရဲ့ကိုယ်ပိုင်ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေး ဒါမှမဟုတ် စာပေသဘောထားတွေကို မဖြစ်မနေ ဆွေးနွေးထုတ်ဖော် ကြရမယ်လို့လည်း သဘောမထားခဲ့ကြပါဘူး။ ဒီလိုနဲ့ ကျွန်မအတွက် မိန်းမတစ်ယောက်အနေနဲ့ အချိန်တွေကို သာမန်အိမ်ထောင်ရှင်မ တစ်ယောက်လို ကုန်ဆုံးစေခဲ့တာဟာ ပထမဆုံးနဲ့ နောက်ဆုံး အတွေ့အကြုံ ဖြစ်ခဲ့ရပါတယ်။
တစ်နေ့မှာတော့ မြို့ပြလူ့အဖွဲ့အစည်းမှာ ဆယ်စုနှစ်တစ်စုစာလောက် ကျင်လည် ခဲ့တဲ့ စုဟာ “နိုရီကိုရေ၊ တချို့အင်္ဂလိပ်တွေက ခွေးကလွဲပြီး ဘာကိုမှ မချစ်တတ် ကြဘူးနော်” လို့ ဗြုန်းစားကြီး ပြောချလိုက်ပါတယ်။ ကျွန်မကလည်း ဘာလို့လဲ”လို့ ပြန်မမေးဖြစ်ခဲ့ပါဘူး။ ကျွန်မ သိနေတာပဲလေ။ သူ့အဖို့ လူတစ်ယောက်အနေနဲ့ အင်္ဂလိပ်ရယ်လို့ ဖြစ်လာရင် ပေးဆပ်ရမှာကတော့ အထီးကျန်မှုပဲဆိုတာ သဘောပေါက်နေခဲ့တယ်လို့ ကျွန်မက သိနေတာလေ။ သူခံစားနေရတဲ့ အပြင်လူဆိုတဲ့ စိတ်ခံစားမှုသက်သက်ကြောင့်ချည်း ဒီလိုပြောဖြစ်တာ မဟုတ်ခဲ့ပါဘူး။ သူ့အနေနဲ့ အရှေ့နဲ့အနောက်ကမ္ဘာမှာ “မေတ္တာ”ကို ထုတ်ဖော်ပြသပုံ မတူကြကြောင်း သဘောပေါက်ခဲ့လို့လည်း ခုလို ထုတ်ပြောခဲ့တာပါ။
(နောက်နေ့အပိုင်း ၈ ဆက်တင်ပါမည်)

Burmese Top Movie

07 Feb, 00:25


(ဖတ်ရန်ကြာချိန် ၃ မိနစ်) ဒီပုံရိပ်တွေက မိုက်ကယ်နဲ့ စုရဲ့ သာမန်အိမ် ထောင်သည် ဘဝပုံရိပ်တွေပါ။ မိုက်ကယ်က စုရဲ့ ဝေဖန်မှုတွေကို အမြဲပဲအပြုံးနဲ့ တုံ့ပြန်တတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အဲဒီလို တုံ့ပြန်ရင် စုရဲ့ သူ့အ ကြိုက် အရသာရှိတဲ့ အိမ်ချက်လက်ရာတွေကို စားရမှာ သေချာနေသကိုး။
၁၉၇၆ ခုနှစ်မှာတော့ မိုက်ကယ်က စိန့်ဂျွန်ကောလိပ်က စကောလားရှစ်ရပြီး သူ့ရဲ့ ပီအိပ်ခ်ျဒီဘွဲ့အတွက် အာရုံစိုက် အားထုတ်နေခဲ့ရပါတယ်။ ဒီတော့ ဝင်ငွေက သိပ်အခြေအနေ မဟန်လောက်ပါဘူး၊ ဒါပေမယ့် မိုက်ကယ်ကတော့ ဧည့်သည်တွေကို ခဏခဏ ဖိတ်နေတုန်းပါပဲ။ အဲဒီလို ဖိတ်တိုင်းလည်း စုကတော့ ဟင်းပွဲအပြည့် ပြင်ဆင် ကျွေးတော့တာပါ။ မိုက်ကယ် ကူပေးတာကတော့ ဈေးဝယ်အိတ် အလေး ကြီးကို သယ်ပေးတာပါပဲ။ အဲဒီလိုနေလာလိုက်တာ သူတို့ အိမ်ပြောင်းကြတဲ့အထိ ဆိုပါတော့။ အဲဒီအခါမှာတော့ စုက ဈေးဝယ်အိတ်တစ်အိတ်ကို စက်ဘီးနောက် ကယ်ရီယာပေါ်တင်ပြီး နောက်အိတ် ငယ်နှစ်လုံးကိုတော့ စက်ဘီးလက်ကိုင်ကိုင်း နှစ်ဘက်မှာ ချိတ်လို့ ဈေးဝယ်ထွက်ပါတယ်။ သူတို့အိမ်နားက အမျိုးသမီးတချို့က စုနဲ့ ပတ်သက်ပြီး မှတ်မိနေတာကတော့ စက်ဘီးပေါ်မှာ ဈေးဝယ်အိတ်ကြီး တင်လာတတ်သလို ကလေးနှစ်ယောက်ရဲ့ နေ့ကလေးထိန်းကျောင်းရှေ့မှာ စက်ဘီး လေး နဲ့ လာကြိုနေတတ်တာကိုပါ။ စုတို့အိမ်ရှေ့မှာ ရပ်ထားလေ့ရှိတာကတော့ သံချေးတက်နေတဲ့ စက်ဘီးအဟောင်းတစ်စီးပါပဲ။
မိုက်ကယ်က အစားကြိုက်တတ်သူပေါ့။ သူက စူကီယာကီ၊ ရှာဘူရှာဘူ၊ တန်ပူရာနဲ့ မီဆိုဟင်းချိုတို့လို ဂျပန်စာဆိုရင် ဗိုက်မပြည့်တတ်သူတစ်ယောက်လို စားတာပါ။ စုကတော့ အစားအသောက်ကို ပြင်ဆင်ချက်ပြုတ်တာ ဝါသနာပါသလောက် စားဖို့ စိတ်မဝင်စားသူပါ။ မိုက်ကယ်နဲ့ ကလေးနှစ်ယောက်က အစားကြိုက် တာမို့ သူတို့ကို ကျွေးဖို့ စုနဲ့ ကျွန်မက ငွေမလုံလောက်တတ်ပါဘူး။ ကျွန်မမှာ ငွေပိုလေး ရှိရင် စုမိသားစုအတွက် စားစရာလေး ဝယ်ပေးချင်မိတတ်ပါတယ်။ အဲ ဒီအချိန်က အလက်ဇန္ဒားက သုံးနှစ်သားပဲရှိပေမယ့် စူကီယာကီ၊ ကြက်တာရီယာကီနဲ့ အချိုမုန့်တွေကို ကြိုက်တတ်ပါတယ်။ စုကတော့ မျက်ခုံးလေးပင့်ကာ "နိုရီကို သူ့ကို အချိုတွေ သိပ်မကျွေးနဲ့လေ”လို့ ဆိုတတ်ပါရဲ့။
ကျွန်မက ပဲပုပ်ပဲ ဒါမှမဟုတ် ဟီဂျီကီရေညှိကို ချက်လေ့ရှိပါတယ်။ မိုက်ကယ် ကတော့ ပဲစေ့လေးတွေကို တူနဲ့ ယူရာမှာ ဟင်းပန်းကန်ထဲကနေ သူ့ထမင်းပန်း ကန်ထဲ မဖိတ်မစင် ရောက်မှရောက်ပါ့မလားလို့ ပူတတ်ပါတယ်။သူနဲ့ အလက်ဇန္ဒား နှစ်ယောက်သား တူကိုင်ကျင့်ရင်း ပခုံးတွေဘာတွေ ခိုင်သွားမလားလို့တောင် ကျွန်မက ကိုင်မိခဲ့ပေမယ့် သူတို့နှစ်ယောက်ကတော့ သိပ်မကြာခင်မှာပဲ တူကိုကောင်းကောင်း ကိုင်နိုင်ခဲ့ပါတယ်။ မိုက်ကယ်ဟာ ဂျပန်စာမှန်ရင် ဘာမဆို ကြိုက်တတ်ခဲ့ပေမယ့် ကျောက်ပွင့်မှိုတစ်မျိုးကိုတော့ ကင်ဆာဖြစ်စေမယ့် အစာဆိုပြီး မစားခဲ့ပါဘူး။ သူက ကျောက်ပွင့်မှိုကို မစားခဲ့ပေမယ့် ဆီးကြိတ်ကင်ဆာက သူ့မှာ ဖြစ်ခဲ့ရှာပါတယ်။
မိုက်ကယ်ဟာ စိန့်ဂျွန်ကောလိပ်မှာ သုတေသီတစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့ မယ့် သူ့လခဟာ သူ့မိသားစုအတွက် လုံလောက်ခဲ့တယ်လို့ ကျွန်မတော့ မထင်မိ ခဲ့ပါဘူး။ ဒါပေမယ့် အောက်စ်ဖို့ဒ်မှာရှိတဲ့ ကောလိပ်တွေရဲ့ ထုံးစံအတိုင်း ကောလိပ် တခုရဲ့ အဖွဲ့ဝင်မို့ စာကြည့်တိုက်နဲ့ ကျောင်းစားသောက်ဆောင်တွေ သုံးခွင့်လို အခွင့်အရေးမျိုးတော့ ရပါရဲ့။ ၁၉၇၇ ခုနှစ်မှာတော့ သားငယ်ကင်မ်ကို မွေးဖွား ပါတယ်။
မိုက်ကယ်ရဲ့ သဘာဝကိုက ခင်မင်ရင်းနှီးလွယ်တာပါ။ သူ စိတ်ဆိုးတား သူ များကို မကောင်းပြောတာ၊ အော်ငေါက်တာမျိုး ကျွန်မ ဘယ်တုန်းကမှ မမြင်ဖူး ခဲ့ပါဘူး။ သူက အင်မတန်သိမ်မွေ့စွာနေတတ်သူမို့ သူနဲ့ ဆက်ဆံရာမှာ ဘာမှ ထိန်ဝှက်ထားစရာ မလိုဘူးလို့ ခံစားလာမိတတ်ပါတယ်။ သူက သံတမန်တစ်ယောက်လို ဖြစ်နေတာပါ။ ဒါကြောင့်လည်း သူ့ကို ယုံကြည်တဲ့ ကမ္ဘာကျော်စီးပွားရေးသမားကြီး ဂျော့ရှ်ဆိုးရပ်စ်က အောက်စ်ဖို့ဒ်မှာ တိဘက်-ဟိမဝန္ဒာလေ့လာရေး ဆိုတဲ့ အစီ စဉ်အတွက် သုတေသနကျောင်းသားတွေကို ဘူတန်ကနေ ခေါ်ကာ ပညာသင်ဆု ပေးခဲ့တာပါ။ မိုက်ကယ်ဆုံးပြီးတဲ့အထိ အဲဒီပညာသင်ဆုက ရှင်သန်နေဆဲမို့ သူဟာတကယ်စည်းရုံးရေးကောင်းပြီး သနားကြင်နာတတ်တဲ့ စစ်သည်တယောက်လို ပညာရေးမှာ အားထုတ်ခဲ့တဲ့သူအဖြစ် သက်သေဖြစ်ခဲ့ရပါတယ်။

Burmese Top Movie

07 Feb, 00:25


သူက အဲဒီလိုလူမျိုးဖြစ်တဲ့အတွက် သူ့ကို သဘောကျသူတွေကလည်း အ များကြီးပါပဲ။ သူက တိဘက်ဘာသာစကားကို သဘောကျရာကနေ တိဘက်- . မြန်မာဘာသာစကား ပင်စည်ထဲက အကိုင်းအခက်တစ်ခု ဖြစ်တဲ့ မြန်မာဘာသာ စကား ပြောသူ စုကို သဘောကျသွားတာမျိုးပေါ့။ တကယ်တော့ သူက စုလို ပညာဉာဏ် ပြည့်ဝတဲ့ ဇနီးတစ်ယောက်နဲ့ ပညာသည်ဆန်တဲ့ စကားတွေ ပြောချင်နေခဲ့သလို မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ပြီးလည်း ပညာသည်စကားမျိုးတွေ ပြောချင်နေတတ်တာပါ။
ဒီလိုနဲ့ အောက်စ်ဖို့ဒ်အသိုင်းအဝိုင်းမှာ စုတို့အိမ်ဟာ စကားဝိုင်းဖွဲ့ရာနေရာ ဖြစ်လာတတ်ပါတယ်။ အဲဒီစကားဝိုင်းဖွဲ့တဲ့ စားပွဲပေါ်မှာ အရက်ပုလင်းရယ်လို့ မရှိခဲ့ပေမယ့် မိုက်ကယ်ကတော့ စုရဲ့ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံ ရှိ၊ မရှိ ဘာမှမသိပဲ ပညာရှင်တွေနဲ့ ပညာသည်စကားတွေ ပြောပြီး ပညာမူး မူးနေခဲ့ပါတယ်။ စုတစ် ယောက်ကတော့ နောက်တစ်နေ့မနက်ကို လက်ထဲ ငွေမရှိဘဲ ဘယ်လို ရင်ဆိုင်ရမလဲလို့ တွေးပြီး မမူးနိုင်ခဲ့ရှာပါဘူး။ ဒါပေမယ့်လည်း မိုက်ကယ်က ဧည့်တွေ ဖိတ်မယ် ပြောလာတိုင်း စုက မငြင်းတမ်း လက်ခံခဲ့ပါရဲ့။ ကင်မ်လေးရဲ့ သူငယ်ချင်း ကလေးတွေကပဲ အတူကစားလို့မှ မဝခင် ဧည့်သည်တွေ လာတော့မှာဆိုပြီး အိမ်ပြန်ပေးရတာ ကို ညည်းညူခဲ့ကြပါတယ်။ မိုက်ကယ်နဲ့စုမှာ ငွေသာ ပြတ်မြန်သလောက် ဧည့်က တော့ ပြတ်တယ်ရယ်လို့ မရှိခဲ့ပါဘူး။
(နောက်နေ့အပိုင်း ၇ ဆက်တင်ပါမည်)

Burmese Top Movie

06 Feb, 12:35


https://youtu.be/d3BqcfnT3qU

Burmese Top Movie

17 Nov, 11:23


https://youtu.be/1O8d_QuOolo

Burmese Top Movie

15 Nov, 07:01


https://youtu.be/iW0szS07TwQ

Burmese Top Movie

15 Nov, 03:31


မြောက်မြန်မာနိုင်ငံတော် အကြမ်းဖက်စစ်တပ်မှ ၂ဝ၂၄ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
=========
ခွေးနေပြည်တော်၊ နိုဝင်ဘာ ၁၁

မြောက်မြန်မာနိုင်ငံအကြမ်းဖက်စစ်တပ်မှ ၂၀၂၄ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပရာ မြောက်မြန်မာအကြမ်းဖက်ဓါးပြခေါင်းဆောင် ကိုယ်မြေကိုယ်နိုးမင်းအောင်လှိုင်နှင့်ဇနီး စွသွားခေါမတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် ကထိန်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် မဟာသုဗောဓာရုံ ကျောင်းတိုက်များ၏ မဟာနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသနှင့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသည့် ပင့်ဖိတ်ထားသော ဆရာတော်ကြီး ၂၇ ပါးတို့အူယားဖားယားပြေးလာကြပြီး မြောက်မြန်မာအကြမ်းဖက်ဓါးပြခေါင်းဆောင် ကိုယ်မြေကိုယ်နိုးမင်းအောင်လှိုင်နှင့်ဇနီး စွသွားခေါမတို့ နှင့်အတူ ဒုတိယအကြမ်းဖက်ဓါးမြဗိုလ် သရေကြိုးစိုးဝင်းနှင့် ဇနီးဒေါ်သန်းခွေး၊ အကြမ်းဖက်အဖွဲ့၏နောက်လိုက် ခွေးပိန်ခွေးလှေးတသိုက်တို့ သိုက်မြိုက်စွာ တက်အူခဲ့ကြပါသည်။

ဦးစွာ မြောက်မြန်မာအကြမ်းဖက်ဓါးပြခေါင်းဆောင် ကိုယ်မြေကိုယ်နိုးမင်းအောင်လှိုင်သည် သာသနာ့မဟာဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုရာ အကုသိုလ်များလွန်းသဖြင့် ဘုရားရုပ်ပွားတော်အား မမြင်နိုင်ပဲရှိနေခဲ့သည်။

ထို့နောက် ငိုကြီးချက်မနှင့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား လစ်ရင်လစ်သလိုခိုးဖို့ လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် အခမ်းအနားကို “ယဉဂျပု” ဟုသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဓါးမြခေါင်းဆောင်နှင့် အခမ်းအနားတက်ရောက်လာကြသည့် တိရိစ္ဆာန်အပေါင်းတို့သည် ကတုံးတဦးထံမှမှ ငါးပါးသီလခံယူယောင်ဆောင်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူအိပ်ပျော်ကြလေသည်။

ထို့နောက် ဓါးမြခေါင်းဆောင်ကြီးက ခိုးရာပါ၊ တိုက်ရာပါပစ္စည်းများကို ပါမောက္ခချုပ် ဆရာတော်ကြီးထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းအဖြစ် လာဘ်ထိုးလိုက်သည်။

ယင်းနောက် ကြွင်းကျန်ရစ်သော ခိုးရာပါပစ္စည်းများကို ကျန်ကတုံးများအား တန်းစီစနစ်ဖြင့် ဝေငှပေးလေသည်။

ယနေ့ကျင်းပပြုလုပ်သည့် ခိုးရာပါပစ္စည်း လာဘ်ထိုးပွဲအခမ်းအနားတွင် ပဒေသာပင် ၄၉ ပင်၊ တန်ဖိုးငွေ ၅၃,၂၃၃,၃၄၀ နှင့် လှူဒါန်းငွေ ၈၀,၆၉၀,၈၀၀ ကျပ်ဖြစ်သဖြင့် စုစုပေါင်းလာဘ်ထိုးမှုမှာ တန်ဖိုးငွေကျပ် ၁၃၃,၉၂၄,၁၄၀ ဖြစ်ကြောင်း သတင်းရရှိသည်။

Burmese Top Movie

06 Nov, 04:18


https://youtu.be/1NTV5_pCVxw

Burmese Top Movie

01 Nov, 11:41


https://www.youtube.com/watch?v=wO73578RHCU

Burmese Top Movie

28 Oct, 11:25


https://www.youtube.com/watch?v=ukJNTDg9Ft4

Burmese Top Movie

15 Oct, 07:17


ပရိတ်သတ်များရဲ့ချစ်ခင်အားပေးမှုများကြောင့် SUB 600K ရောက်ရှိလာခဲ့ပါပြီ။
သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာများအား အမှူးထား၍ ပရိတ်သတ်များလုံးကို ဒီနေရာကနေ ဂါရဝပြုလိုက်ပါတယ်ခင်ဗျား။
ပင်တိုင်အသံရှင်ကြီး ကိုအံ့ ( @Eant-Khit-Hmue ) နဲ့တကွ လုပ်ဖော်ကိုင်ဖက် ညီအစ်ကို၊ မောင်နှမများအားလုံးကိုလည်း စပါယ်ရှယ်ကျေးဇူးကမ္ဘာပါဗျို့။
ဘီတီအမ်သည် ပရိတ်သတ်များကို ဘယ်သောအခါမှ အဆိပ်မခပ်ပါဟု လေးနက်တည်ကြည်စွာ ကတိကဝတ်ပြုရင်း
ရုပ်ရှင်ဇာတ်လမ်းကောင်းများကို ရင်ဘတ်ကြီးနှင့် ခံစားတင်ဆက်လို့ SUB 700K သို့ ဆက်လက်ချီတက်ပါမည်ခင်ဗျား။
SUB 600K ထဲတွင် $ပိန်းဘောပိ/လောက်ကောင်များ မပါဝင်ဟု ယုံကြည်ထားလျှက် ...
ပုံ/ ဘီတီအမ့်ပြောရေးဆိုခွင့်ရှိသူ
ဇေယျာဖေ
ⓕ BTM Facebook >>> https://www.facebook.com/burmesetopmovie
♪ BTM Tiktok >>> https://www.tiktok.com/@btm.net
↗️BTM Telegram >>> https://t.me/burmesetopmovie
ⓕ ဇေယျာဖေ့ဖွဘုတ် >>> https://www.facebook.com/Burmesetop/

Burmese Top Movie

13 Oct, 13:13


https://youtu.be/wlnSH-bdpgk

Burmese Top Movie

13 Oct, 13:12


https://youtu.be/iEhcUTJHR3U

Burmese Top Movie

09 Oct, 14:30


https://youtu.be/dInQTDY079k

Burmese Top Movie

09 Oct, 14:30


https://youtu.be/HHlLZhZYKmE

Burmese Top Movie

06 Oct, 07:10


https://youtu.be/wOVRdUU0b8M

Burmese Top Movie

06 Oct, 07:10


https://youtu.be/2F6n04r7hf0

Burmese Top Movie

03 Oct, 18:25


https://youtu.be/3-3XHyy4UQc

Burmese Top Movie

03 Oct, 18:25


https://youtu.be/zD5zz8xjJuQ

Burmese Top Movie

01 Oct, 11:00


သာဓုပါဗျာ...
ဗုဒ္ဓရဲ့လမ်းစဉ်ဟာ ဉာဏ်အလင်းရဖို့ဖြစ်ပေမယ့် ယနေ့ခေါတ်ဗုဒ္ဓဘာသာဝင်အများစုအတွက်တော့ ဘာသာရေးဆိုတာ မှိုင်းလုံးကြီးလို အသိဉာဏ်ကိုမှုန်ဝါးစေတဲ့ အရာတခုပဲ ဖြစ်နေခဲ့ပါတယ်။
ဒီဇာတ်လမ်းလေးထဲမှာတော့ အဲဒီဘာသာရေးမှိုင်းလုံးကြီးထဲက စီးပွားရေးဈေးကွက်ကြီးကို မြင်တွေ့ကြရမှာပါ။
နှစ်ထောင်နဲ့ချီပြီး လည်ပတ်နေတဲ့ စီးပွားရေးဈေးကွက်တခုကို လူငယ်လေးသုံးယောက်တို့ ရှာတွေ့သွားခဲ့ရာကစလို့ ဒီဇာတ်လမ်းလေး စတင်ဖြစ်တည်လာခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကြည်ညိုသဒ္ဓါတရားတွေကို ငွေသားအဖြစ်ပြောင်းလဲထုတ်ယူနိုင်ဖို့ ဘာသာရေးဆိုတဲ့အရာကို ATM အဖြစ် အသုံးချတတ်ဖို့သာ လိုအပ်တာပါ။
မိတ်ဆွေ...သင့်အနေနဲ့ အကြွေးသန်းငါးဆယ်ကိုဆပ်ဖို့အတွက် သင့်သာသနာတော်ကြီးကို ရောင်းစားနိုင်ပါသလား?
ဒီဇာတ်လမ်းထဲမှာတော့ ဘာသာရေးထုတ်ကုန်တွေကို ခေတ်သစ်နည်းစနစ်တွေနဲ့ပေါင်းစပ်ပြီး "သဒ္ဓါကြည့်လင် ပါရမီ့ရှင်" တွေကို ရောင်းစားခဲ့ပုံကို မြင်ကြရမှာပါ။
ဒါပေမယ့် ... ဘာသာရေးအမြတ်ထုတ်ပြီး အလှူခံစားဖို့ဆိုတာ တကယ့်လက်တွေ့မှာ လွယ်ကူနိုင်ပါ့လား...
၂၁ ရာစုခေတ်ကြီးမှာ ဗုဒ္ဓဘာသာဝင်တွေကရော အယူသည်း အစွဲကြီးနေကြတုန်းလား...ဆိုတာ »> https://youtu.be/HdySJKytPPA

Burmese Top Movie

01 Oct, 06:31


https://youtu.be/GsbXD4h6KLk

Burmese Top Movie

22 Sep, 15:27


https://www.youtube.com/watch?v=vlR6ek3R844

Burmese Top Movie

22 Sep, 15:26


https://www.youtube.com/watch?v=avr5JMiJOJ0

Burmese Top Movie

21 Sep, 14:34


https://www.youtube.com/watch?v=ayUZxW_gtdY

Burmese Top Movie

21 Sep, 14:34


https://www.youtube.com/watch?v=hiONqnjz3kA

Burmese Top Movie

21 Sep, 14:33


https://youtu.be/Pmrjt5suzUs

Burmese Top Movie

20 Sep, 13:35


https://www.youtube.com/watch?v=VS9Fw-kgbh8

Burmese Top Movie

18 Sep, 12:47


https://www.youtube.com/watch?v=wQzU4KAE294

Burmese Top Movie

18 Sep, 12:47


https://www.youtube.com/watch?v=lRMhoj-bZOU

Burmese Top Movie

18 Sep, 12:47


https://youtu.be/NBPz6Bf9RuE