AE Bollywood အညွန်းသီးသန့်📝 @bollywoodreviewonly Channel on Telegram

AE Bollywood အညွန်းသီးသန့်📝

@bollywoodreviewonly


အညွှန်း တွေသာ သီးသန့်

AE Bollywood အညွန်းသီးသန့်📝 (Burmese)

အညွန်းပြောပြတဲ့ အကြောင်းသီးသန့်ကိုလုပ်မယ်ဒီကနေဒီသီးသီးသန့် Channel ကနေ သတ်သွင်းဖို့အတွက်ဆိုသည်။ ဤ Channel သည် ဒီနှစ်ခွေးမ သီးသန့် Review တွေ၏ အစီအစဉ် ပေးပို့ရမယ်။ AE Bollywood အညွန်းသီးသန့် မှာ ငါ့ကိုယ်စားပြုပါတဲ့ သီးသီစကားအကြောင်းထဲကမ အရင်အတိုင်း review ဆိုတာ ပါ။ ဤ Channel နှင့် ဖွင့်ပြထားပါမယ်။

AE Bollywood အညွန်းသီးသန့်📝

21 Feb, 19:00


Vanangaan (2025)ဒေါသအိုးလေး ကိုလက်တစ်ဆစ်

IMDb – 6.6/10
ရွာတစ်ရွာမှာ စကားမပြောနိုင်ဘဲ နားလည်းသေချာမကြားရတဲ့
ကိုတီဆိုတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။

သူဟာ စကားမပြောနိုင် သေချာမကြားရပေမဲ့
ဒေါသကတော့ လက်တစ်ဆစ်ပါပဲ။
ကိုတီ့မှာ ဒေဝီလို့ခေါ်တဲ့ ညီမလေးတစ်ယောက်လည်းရှိပါတယ်။
ဒေဝီဟာ ညီမဆိုပေမဲ့လည်း ဒေါသအိုးကိုတီ့ကို
လိုက်ပြီးထိန်းပေးနေရသူလေးပေါ့။
တစ်ရက်မှာတော့ ကိုတီဟာ သင်္ဘောပေါ်မှာ
လမ်းပြဂိုက်လေး တီနာနဲ့ဆုံတွေ့ခဲ့ပါတော့တယ်။
တီနာကတော့ ကိုတီနဲ့မတူဘဲ လမ်းပြဂိုက်တစ်ယောက်ပီပီ
အသွက်မလေးပေါ့။ ဒီလိုနဲ့ သူတို့နှစ်ယောက်
ဘယ်လိုကနေ ဘယ်လို ခင်မင်ရင်းနှီးသွားကြမလဲ …….
ကိုတီရဲ့ ဒေါသမထိန်းနိုင်လို့ ဖြစ်လာရတဲ့ ပြဿနာတွေကို
ညီမလေး ဒေဝီတင်မကဘဲ တီနာလေးပါလိုက်ရှင်းပေးရတော့မှာလား …..
ဒေါသမထိန်းနိုင်တဲ့ ကိုတီတစ်ယောက် ဘယ်လိုပြဿနာတွေ ရင်ဆိုင်ကြုံတွေ့ရဦးမလဲ …..
ဆိုတာကို ကြမ်းကြမ်းတမ်းတမ်း ဖိုက်တင်ခန်းတွေနဲ့အတူ ကြည့်ရှုရမဲ့ အချစ်မှုခင်းဒရာမာကားလေးဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

21 Feb, 18:57


Daaku Maharaaj (2025)”ဒါကူမဟာရာ့ဂျ်”

တောင်ပိုင်းမင်းသားကြီး နန်ဒါမူရီနဲ့ ဘော်ဘီဒိုးတို့လို
ဂန္ထဝင်သရုပ်ဆောင်ကြီးတွေရဲ့ အသစ်ထွက်
အက်ရှင်ဒရာမာရုပ်ရှင်ကို ပရိသတ်တွေအတွက်
တင်ဆက်ပေးချင်ပါတယ်။

အရင်ဆုံးပြောရရင် ဒီကားက ရုပ်ငြိမ်ဓာတ်ပုံတွေ တော်တော်လှပါတယ်။
ဇာတ်လမ်းကတော့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရဲ့မြေး ဗိုင်ရှ်နာဗီဆိုတဲ့
မိတဆိုးကလေးမလေးဟာ မထင်မှတ်ထားဘဲ သူ့ရဲ့ခွေးလေး သေသွားတဲ့အတွက်
သူ့ခွေးလေးကို သဝာ်တဲ့တရားခံကို ရဲတိုင်ရာကနေ
လူဆိုးဂိုဏ်းကြီးတစ်ခုကို ရန်စမိသလိုဖြစ်သွားခဲ့ပါတယ်။
အဲဒီလိုဖြစ်ပြီး ဗိုင်ရှ်နာဗီလေး အသက်အန္တရာယ်တွေ ကြုံလာရတဲ့အတွက်
ထောင်ကျနေတဲ့ သူ့ရဲ့ဖခင် မဟာရာ့ဂျ်က ထောင်ဖောက်ပြေးလာပြီး
သူ့သမီးရဲ့အိမ်မှာ ဒရိုက်ဗာအယောင်ဆောင်ကာ သမီးဖြစ်သူကို
ကာကွယ်ပေးဖို့ကြိုးစားပါတယ်။
မဟာရာ့ဂျ်ကတော့ တချိန်က အင်မတန်နာမည်ကြီးခဲ့တဲ့
ဂိုဏ်းစတားတစ်ယောက်ဖြစ်ပြီး သူ့သမီးကို ကာကွယ်ဖို့ကြိုးစားရင်း
နောက်ကလိုက်နေတဲ့ ရဲစုံထောက်တစ်ယောက်နဲ့လည်း ရင်ဆိုင်ရပုံတွေကို
ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။
(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

AE Bollywood အညွန်းသီးသန့်📝

19 Feb, 19:40


VidaaMuyarchi (2025) ထာဝရအဆုံးထိ

IMDb 7.8/10

အက်ရှင်နဲ့အချစ်၊ အလွမ်း နှစ်မျိုးလုံးကို
ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကို
တင်ဆက်ပေးလိုက်ပါတယ်။
ကာယယ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ခရီးထွက်လာချိန်
အားလပ်ရက်ဆိုတော့ သူငယ်ချင်းတွေနဲ့ ခရီးထွက်လာတဲ့
အာဂျွန်ဆိုတဲ့ကောင်လေးနဲ့ဆုံခဲ့ပါတယ်။ ခရီးမှာလည်း
နှစ်ယောက်သားအတူလည်ပတ်ပျော်ရွှင်ခဲ့တဲ့အပြင် ဖုန်းနံပါတ်တွေပါလဲခဲ့ကြပါတယ်။
အဲဒီအချိန်ကစလို့ စာတွေပို့ရင်း အဆက်အသွယ်မပြတ်ခဲ့ကြဘူးပေါ့။
အတူရှိလာကြရင်း နှစ်လအကြာမှာ အာဂျွန်က လက်ထပ်ခွင့်တောင်းလို့ စေ့စပ်ခဲ့ကြပြီး
သုံးနှစ်အကြာမှာသူတို့နှစ်ဦး ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အားလုံးက
အားကျရတဲ့စုံတွဲအဖြစ် ပျော်ရွှင်စွာနေထိုင်လာခဲ့တာပါ။ ကာယယ်
ကိုယ်ဝန်ဆောင်ချိန်မှာလည်း မွေးလာမယ့်ကလေးကို တွေးဆချစ်လို့ ပျော်နေခဲ့ကြပါတယ်။
သူတို့ရဲ့ ပျော်ရွှင်နေတဲ့ဘဝထဲ ရောက်လာတဲ့မုန်တိုင်းကတော့ ကာယယ် ကိုယ်ဝန်ပျက်ကျသွားခြင်းရယ်ပါ။
နောင်လည်း ကိုယ်ဝန်ဆောင်နိုင်ဖို့မသေချာတော့‌ကြောင်း ဆရာဝန်ကပြောလိုက်တဲ့အချိန်ကစလို့
သူတို့အိမ်ထောင်ရေးဟာ ဟိုကြောင့်ဒီကြောင့်နဲ့ အဖုအထစ်လေးတွေ စတင်လာခဲ့ပါပြီ။
ကိုးနှစ်အကြာမှာတော့ ကာယယ်က သူ ကောင်လေး‌တစ်ယောက်တွေ့နေပြီဖြစ်ကြောင်း၊
အာဂျွန်ကလည်း သူတို့အိမ်ထောင်ရေးကို ပြင်ဆင်ဖို့ကြိုးစားနေတာသိပေမဲ့ သူကွာရှင်းလိုကြောင်း၊
မိဘအိမ်ပြန်နေမယ့်အကြောင်း ဖွင့်ဟပြောပြလာပါတော့တယ်။ အာဂျွန်က သူ့ရဲ့ရိုးသားမှုကိုအသိအမှတ်ပြုလို့
သူ့မိဘအိမ်ပြန်တဲ့လမ်းခရီးကို သူတို့ရဲ့နောက်ဆုံးခရီးစဉ်လို့သတ်မှတ်ပြီး အတူသွားကြရအောင်ဆိုပြီး သူလိုက်ပို့လေရဲ့။
လမ်းမှာသူတို့ကားကိုလိုက်နှောင့်ယှက်တဲ့ အမူးသမားလူငယ်အုပ်စုနဲ့တွေ့လာရချိန်မှာတော့……
၁၂ နှစ်ကြာ အတူရှိခဲ့တဲ့ သူတို့ရဲ့ချစ်ခရီးလမ်းဟာ ဒီလိုပဲအဆုံးသတ်သွားရမှာလား၊
လမ်းကလူတွေက သူတို့ကိုဘာလို့ နှောင့်ယှက်ရတာလဲ၊
သူတို့နှစ်ဦးကြားတကယ်ပဲဘာတွေဖြစ်တာလဲဆိုတာ ကြည့်ရှုအဖြေရှာကြည့်ကြရအောင်ပါ။
အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

19 Feb, 19:16


DEVA (2025) mmsub

ကျွမ်းကျင်ပေမဲ့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ရဲသား"ဒေ့ဗ်"ဟာ အကြမ်းဖက်တတ်လွန်းတဲ့သူ့စိတ်ကြောင့် ရဲယူနီဖောင်းဂုဏ်လေး ညှိုးနွမ်းသွားမှာစိုးရိမ်လို့ ယူနီဖောင်းမ၀တ်ဘဲ အရပ်၀တ်နဲ့တာ၀န်ထပ်ဆောင်တဲ့ တာ၀န်သိရဲတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ပရာဟက် ဂျာဒေ့ဆိုတဲ့ ရာဇ၀တ်သားရဲ့အမှုကို လိုက်လံစုံစမ်းနေရင်းကနေ အကုန်သိသွားတဲ့အချိန်မှ ရုတ်တရက်မတော်တဆဖြစ်ပြီး အတိတ်မေ့သွားခဲ့ပါတော့တယ်။ အဲဒီကနေမှ အမှုကို ဘယ်လိုပြန်လိုက်ကြမလဲ၊ ဘယ်လိုသဲလွန်စတွေ ပြန်ရှာဖွေသွားမလဲ၊ အမှုကကောဖော်ထုတ်နိုင်သွားမလားဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

18 Feb, 18:42


Ruslaan (2024) mmsub

ရူစလန်ဆိုတဲ့ကောင်လေးဟာ အကြမ်းဖက်သမားတစ်ဦးရဲ့ သားတစ်ယောက်ဖြစ်ပြီးတော့
သူ့အဖေက ကျောင်းတစ်ကျောင်းကို ဗုံးဖောက်ခွဲဖို့လုပ်ရာကနေ
ဖမ်းဆီးခံရပြီး သေဆုံးသွားခဲ့ပါတယ်။

အကြမ်းဖက်သမားတစ်ယောက်ရဲ့ သားဖြစ်တဲ့အတွက် ဘယ်ဆွေမျိုးကမှ
လက်မခံချင်တဲ့သူဟာ မိဘမဲ့ကျောင်းကို ရောက်လို့သွားပါတယ်။
မိဘမဲ့ကျောင်းကို ရောက်ခဲ့ပေမဲ့ အကြမ်းဖက်သမားရဲ့သားဆိုတဲ့
အမဲစက်ကြီးက ထင်ကျန်ရစ်နေတော့ မိဘမဲ့ကျောင်းမှာတောင်
အနိုင်ကျင့်ခံနေရပါတယ်။ ဒီအချိန်မှာ သူ့အဖေကို ဖမ်းဆီးခဲ့တဲ့
အရာရှိကြီးဟာ ရူစလန်လေးရောက်နေတဲ့ မိဘမဲ့ကျောင်းက
ကလေးတွေကို အမြဲလိုလို မုန့်တွေ လာဝယ်ကျွေးတတ်သူဖြစ်ပြီး
တိုက်တိုက်ဆိုင်ဆိုင်ပဲ ရူစလန်လေးကိုတွေ့သွားပါတယ်။
အဲဒီအရာရှိကြီးဟာ ကလေးမရနိုင်တဲ့သူဖြစ်ပြီး
ရူစလန်လေးကို သနားသွားတဲ့အတွက် မွေးစားဖို့ဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့ ရူစလန်လေးတစ်ယောက် ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာခဲ့ပြီး
မွေးစားမိဘတွေဟာလည်း သားအရင်းတစ်ယောက်လို ချစ်ပေးကြရင်း
ရူစလန်လေးကို အကြမ်းဖက်မှုတွေနဲ့ မပတ်သတ်ခိုင်းပဲ
ဘဝကို‌ ပျော်ပျော်ပဲ နေခိုင်းခဲ့ပါတယ်။
သို့ပေမဲ့လည်း ငယ်ငယ်က ဒဏ်ရာတွေနဲ့ ရူစလန်တစ်ယောက်ဟာတော့
အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ဖို့အတွက် သတင်းနှိုက်ပေးရတဲ့အလုပ်ကို
လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမှာ မိဘတွေမသိအောင်လုပ်လို့နေပါတော့တယ်။
အဲဒီအေဂျင်စီရဲ့ စေခိုင်းမှုအရ ကောလိပ်ကျောင်းတစ်ကျောင်းကို သွားရောက်ပြီး
အစွန်းရောက်ကျောင်းသားတွေကြားမှာ သတင်းနှိုက်ဖို့ဖြစ်လာရင်းနဲ့ပဲ ……
ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ခန်းတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့
အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

17 Feb, 18:15


Sarfira 2024 အိပ်မက်များနဲ့ကျွန်တော်

IMDb -7.9/10

မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့
အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။

အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။
ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။
အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က
သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။

ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊
လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က
သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။
သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့
အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။
ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။

ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊
သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က
ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့
ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

17 Feb, 17:31


Max (2024) “စူပါရဲ”

IMDb – 7.6/10
အိန္ဒိယရုပ်ရှင်ချစ်သူတို စောင့်မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းမင်းသား ဆူဒိဆန်ဂျိဗ်ရဲ့
အသစ်ထွက် အကြမ်းစားကန်နာဒါအက်ရှင်ရုံကြီးကားကို တင်ဆက်ပေးလိုက်ပါတယ်။

တာဝန်ကျ စခန်းမှူးအချင်းချင်းတောင် ဖိန့်ဖိန့်တုန်အောင်
ကြောက်ရတဲ့ အင်စပက်တာအာဂျွန်။
နောက်ထပ် သူ့ကိုသိကြတာက မက်စ်။
အကြောင်းအရင်းမယ်မယ်ရရမသိရဘဲ အလုပ်ကနေ
ဆိုင်းငံ့ခံထားရာက ပထမဆုံးအလုပ်ပြန်ဝင်တဲ့အချိန်။
သူ တာဝန်ထမ်းဆောင်တဲ့ညမှာပဲ အချုပ်ထဲရောက်လာတာက ဝန်ကြီးတွေရဲ့ သားဖြစ်သူတွေ။
ဝန်ကြီးသားမကလို ဝန်ကြီးအဖေဖြစ်ဖြစ် အပြစ်ပေးဖိုဝန်မလေးတဲ့ မက်စ်တစ်ယောက်
မမျှော်လင့်ထားတဲ့ကိစ္စတွေဖြစ်လာတဲ့အခါမှာတော့…။
တို့ရပ်ကွက်က ကြမ်းတာမှကြိုက်တယ်ဆိုသူတွေအတွက်
ရှယ်ကြမ်းပြမဲ့ စခန်းမှူးမက်စ်ရဲ့
အကြမ်းအရမ်းတွေကို ခံစားကြည့်ရှုကြပါဦး။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

15 Feb, 17:00


Dhoom dhaam (𝟮𝟬𝟮𝟱)
===================

ဒီနေ့ တင်ဆက်ပေးမဲ့ကားလေးကတော့ IMDb6.7 ရရှိထားပီး မင်းသမီးချော ရာမီ‌ဂေါသမ် ပါဝင်တဲ့ ကားလေးဖြစ်တဲ့အပြင် တစ်ကားလုံးကို ရိုမန် အက်ရှင် ဒရမ်မာ comedy ၄ ခုလုံးကို တစ်ကားလုံးအချိုးကျကျ ပေါင်းစပ်ထားနိုင်တဲ့ ကားလေးတစ်ကားဆိုလည်း မမှားပါဘူး။

ဇာတ်ကားအညွှန်း

မိဘတွေရဲ့လတ်ဆတ်ပေးမှုကြောင့် တွေ့ပြီးပြီးချင်း ၂ ပတ်အတွင်း လက်ထပ်ရမဲ့အခါမှာ တိရိစ္ဆာကုရိုးရိုးအေးအေးဆရာဝန်လေးနဲ့ မိဘက သေချာသွန်သင်ဆုံးမထားတဲ့ ဗိုင်းကောင်းကျောက်ဖိချင်ယောင် ဟန်ဆောင်နေတဲ့ သမီးလိမ္မာလေးတို့က လက်ထပ်ဖြစ်သွားကြပါတယ်။လက်ထပ်ပြီးပြီးချင်း မင်္ဂလာဦးညမှာပဲ ပြဿနာတွေတသီတသန်းကြီး ဖြစ်လာပါတော့တယ်။

ဘယ်လိုပြဿနာတွေလဲဆိုတော့  ''ချာလီ '' ဆိုတဲ့သူက ဘယ်မှာလဲဆိုပြီး သေနတ်တွေနဲ့ မင်္ဂလာဦးအခန်းထဲ အတင်းဝင်မေးတာမျိုးပါ။ချာလီဘယ်သူလဲဆိုတာ သူတို့နှစ်ယောက်ကလည်း တကယ်မသိကြပါဘူး။

ခပ်အေးအေးတိကုဆရာဝန်လေးနဲ့ သမီးလိမ္မာလေးယောင်ဆောင်ထားတဲ့ မင်းသမီးဖြစ်သူတို့က မင်္ဂလာဦးညမှာတင် အရှုပ်တွေ တသီတသန်းကြီးကို ရှင်းကြရင်းနဲ့ ro တာလေးရော ဟာသလေးပါ ရောနှောပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ကားလေးဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

15 Feb, 16:55


Pal Pal Dil Ke Paas (2019) “အချစ်ခရီးလမ်း ကြမ်းချင်ကြမ်းပါစေ…”

ဒီတစ်ခါတော့ ရိုချင်တဲ့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက်
အကြည်ဓာတ်လေးပေးမဲ့ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်
တင်ဆက်ပေးချင်ပါတယ်။

ခရီးသွားလုပ်ငန်းပိုင်ရှင်လူငယ်လေးနဲ့ ဘလော့ဂါကောင်မလေးရဲ့
အချစ်ဇာတ်လမ်းလေးမို ခရီးသွားဇာတ်၀င်ခန်းနဲ့
ရေခဲတောင်ရှုခင်းအလှအပတွေကလည်း healing ဓာတ်လေးတစ်မျိုးလည်း ရစေမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ – ရေခဲတောင်ပေါ်မှာ ကြီးပြင်းလာပြီး
တောင်တန်းတွေကိုချစ်တဲ့ ကာရန်ဟာ အူဂျီဒဟာစခန်းချခရီးစဉ်တွေကို
စီစဉ်ပေးတဲ့ ခရီးသွားလုပ်ငန်းပိုင်ရှင် လူငယ်လေးပေါ့။
တစ်နေ့တော့ သူတိုရဲ့ခရီးသွားစခန်းကို ဆာဟေးဆိုတဲ့ မြိုကြီးသူ
ဘလော့ဂါချောချောလေး ရောက်လာပါတယ်။ တကယ်တော့
ဆာဟေးတစ်ယောက် တကယ်ခရီးထွက်ချင်တာထက်
ခေါင်းခြောက်စရာ ဆွေမျိုးတွေနဲ့ဝေးရင်ပြီးရောဆိုပြီး ထွက်လာခဲ့တာပါ။
အစပိုင်းမှာတော့ ဆာဟေးက အူဂျီဒဟာစခန်းချခရီးလုပ်ငန်းကို
ဂျင်းလိုထင်နေခဲ့ပါတယ်။ ထုံးစံအတိုင်း ခရီးစဉ်ကို အယုံအကြည်မရှိတဲ့
မြိုကြီးသူဆာ‌ဟေးနဲ့ ခရီးကိုဦးဆောင်မဲ့ ကာရန်တိုရဲ့ တွေ့ဆုံမှုဟာ
ဘုဘောက်ကျရင်း အစပြုခဲ့ကြတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား ခရီးအတူထွက်ရင်း ရင်းနှီးမှုတွေ ရလာတဲ့အခါ….
ကာရန်နဲ့ဆာဟေးတိုရဲ့ တောင်တက်ခရီးစဉ်မှာရော ဘ၀ခရီးလမ်းမှာ
ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊ ဘာတွေကြုံရမလဲဆိုတာကို
ကြည်နူးစရာတွေနဲ့အတူ ဒရာမာလေးပါနှောပြီး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

AE Bollywood အညွန်းသီးသန့်📝

15 Feb, 07:25


Manorajyam (2024)”ယုံကြည်မှု”
=========================
၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော
ဒရာမာရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။

မာနူကတော့ ဩစတြေးလျမှာနေထိုင်တဲ့ ကီရာလာမြိုက
စီးပွားရေးသမားတစ်ယောက်ပါ။
သူဟာ ဩဇီမှာပဲတွေ့တဲ့ မာလျာလမ်ကောက်မလေးတစ်ယောက်နဲ့ပဲ
လက်ထပ်ထားပြီး ဘဝကို ပုံမှန်ဖြတ်သန်းနေပါတယ်။
ဒါပေမဲ့ မာနူဟာ သူ့ရဲ့ လူရှုပ်သူငယ်ချင်းတစ်ယောက်ကြောင့်
သူ့မိန်းမကိုသူ သံသယဝင်လာပြီး သစ္စာရှိမရှိစမ်းသပ်ဖိုကြိုးစားရာကနေ
သူ ဆက်ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်။
သူ့ရဲ့သံသယတွေက မှန်နေလား ဒါမှမဟုတ် သံသယလွန်ကဲမှုကြောင့်
မဖြစ်သင့်တာတွေဖြစ်မှာလား၊ ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကို
ပရိသတ်တွေ ကြည့်ရှုခံစားနိုင်ဖို CM Bollywood အဖွဲသားတွေကနေ
ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

AE Bollywood အညွန်းသီးသန့်📝

14 Feb, 07:49


Marco (2024)
"သွေးထွက်သံယို များနှင့် ပြည့်နှံ့နေသောအခါ.."

"ကခန်းမပါဝင်တယ့် ကုလားကား"


အိန္ဒိယနိုင်ငံမှာတင်မကပဲ စင်္ကာပူအထိပါ ပေါက်ခဲ့တဲ့ Marco (2024) ဟာဆိုရင် အတော်လေးလည်း ရုံတင်ငွေလည်း တော်တော်ကြီးကိုရခဲ့တဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ သူငယ်ချင်းဖြစ်သူက ၀ါစင်ကိုသတ်သွားတဲ့သူတွေနောက်
ဗစ်တာဆိုတဲ့မျက်မမြင်တစ်ယောက်က အနံ့ရယ် ကားပုံစံရယ်ကိုမှတ်ထားပြီး ဖော်ထုတ်လိုက်ပါတော့တယ်။ အဲဒါလူဆိုးတွေကလည်း မျက်မမြင်ဗစ်တာကို အက်ဆစ်ထဲနှစ်သတ်လိုက်ပါတယ်။

အသတ်ခံရတဲ့မျက်မမြင်ဗစ်တာမှာ ဂျော့ဂျ်ဆိုတဲ့အစ်ကိုအရင်းရယ်
မာကိုဆိုတဲ့ လူကြမ်း မွေးစားအစ်ကိုရယ်ရှိပါတယ်။
မာကိုဟာ လူမိုက်တစ်ယောက်ဖြစ်ပြီး ဗစ်သာအသတ်ခံရတယ်ကြားတော့ အီတလီကိုကနေ ပြန်လာပြီး လိုက်လက်စားချေတာတွေကို ခပ်မိုက်မိုက် အက်ရှင်တွေနဲ့ကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။

Pushpa လို လူကြမ်းမင်းသားကြီးတွေ ကြမ်းကြတဲ့ကားမိုလို Pushpa ပရိတ်သတ်တွေ ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားလည်းဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

14 Feb, 07:41


Paraman (2024) “လယ်သမားကြီး ပါရာမန်”

တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့ရတဲ့ လယ်သမားဦးလေးကြီးတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့
တမီးလ်ကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

ပါရာမန်ဆိုတဲ့ လယ်သမားကြီးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ နောက်ကျိုးဓားနဲ့ထိုးတဲ့လုပ်ရပ်ကြောင့်
သူ့အမေအမွေပေးထားတဲ့လယ်မြေလေး မဆုံးရှုးရဖိုအရေး တရားရင်ဆိုင်နေရပါတယ်။
တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို အစိုးရကဖောက်လုပ်မဲ့ လေးလမ်းသွားလမ်းမကြီးအတွက်
လယ်တွေသိမ်းမယ်ဆိုတော့ သူ့လယ်လေးက ပါနေပြန်ရော။
အမေဖြစ်သူ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး သူ့အတွက်ထားခဲ့တဲ့
လယ်မြေလေးကို အသက်နဲ့လဲပြီးကာကွယ်ဖိုဆုံးဖြတ်ထားတဲ့
လယ်သမားကြီးပါရာမန်တစ်ယောက်ရဲ့ လောကဓံရိုက်ချက်တွေကို ခံစားကြည့်ရှုကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။)

AE Bollywood အညွန်းသီးသန့်📝

14 Feb, 07:37


Kadhalikka Neramillai (2025) ပျောက်ဆုံးနေသောအချစ်

ယိုဂီဘာဘူပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဇာတ်ကားအသစ်လေး ထွက်ရှိလို့လာပါပြီ။
ဒရာမာဆိုပေမဲ့ ယိုဂီဘာဘူရဲ့ ထုံးစံအတိုင်းပဲ ဟာသလေးတွေနှောပြီး
ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

ရှရီယာဆိုတဲ့ကောင်မလေးဟာ ကလေးအရမ်းလိုချင်နေတဲ့သူဖြစ်ပြီးတော့
သူ့ကောင်လေးနဲ့ မင်္ဂလာဆောင်ပြီးတာနဲ့ တန်းပြီးတော့ ကလေးယူဖို့အတွက်
ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့လည်း အသက်အရွယ်ကြောင့်ရော
သူ့ရောဂါအခြေအနေကြောင့်ပါ သူဟာ IVF (ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေတည်စေခြင်း)
ပြုလုပ်ဖို့အတွက် ဒေါက်တာက အကြံပြုတဲ့အတိုင်းပဲ
IVFနည်းနဲ့ ကလေးယူဖို့ ကြိုးစားနေသူတစ်ယောက်ပါ။
ဆစ်ဒ်ဆိုတဲ့ကောင်လေးကတော့ ဒီလောကကြီးက လူသားတွေဟာ ကမ္ဘာဂြိုဟ်ကြီးအတွက်
ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ထင်နေပြီး ကလေးမလိုချင်တဲ့သူတစ်ယောက်ပေါ့။
သူဟာလည်း ချစ်ရသူရှိပေမဲ့ ချစ်သူရဲ့ ဆန္ဒအတိုင်း စေ့စပ်ဖို့ စီစဉ်လိုက်ပေမဲ့
လက်ထပ်တာတွေ ကလေးယူတာမျိုးတွေကို မလုပ်ချင်သူတစ်ယောက်ပါ။
ဆစ်ဒ်မှာ ငယ်ငယ်လေးကတည်းက ဆိုးတူကောင်းဖက်ပေါင်းဖက်လာခဲ့တဲ့
သူငယ်ချင်းနှစ်ယောက်ရှိပါတယ်၊ ဂိုဒါနဲ့ စီသူလို့ ခေါ်ပါတယ်။
စီသူဟာ ဂေးတစ်ယောက်ဖြစ်ပြီး ကလေးမွေးချင်နေရာကနေ
သုက်ပိုးကို အေးခဲထားဖို့အတွက် အကြံပေါ်လာခဲ့ပါတော့တယ်။
ဒီမှာပဲ ငယ်ငယ်လေးကတည်းက ဘာမဆို အတူတူလုပ်ခဲ့ကြတဲ့သူငယ်ချင်းတွေပီပီ
စီသူဟာ သူသုက်ပိုးအေးခဲမဲ့ကိစ္စကို ဂိုဒါနဲ့ ဆစ်ဒ်ကိုပါ အပါခေါ်ပါတော့တယ်။
ဒီလိုနဲ့ ကလေးမလိုချင်တဲ့ ဆစ်ဒ်ရဲ့ အေးခဲထားတဲ့ သုက်ပိုးကနေ မျိုးပွားလာမှာလား ……..
ရှရီယာတစ်ယောက်ရော IVF ကုထုံးနဲ့အတူ သူလိုချင်တဲ့ ကလေးလေး ရရှိလာမှာလား …
ရှရီယာနဲ့ ဆစ်ဒ်တို့ကရော ဘယ်လို ဆက်စပ်မှုတွေ ရှိနေလဲ …. ဆိုတာကို
ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ ZweYan ~ V ~ Star တို့ဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

13 Feb, 08:50


Anand Sreebala (2024) mmsub

ဥပဒေကျောင်းသူသမီးပျောက်လို့ ရဲစခန်းကို လာတိုင်ခဲ့ပေမယ့် အချိန်လွန်မှ အလောင်းကို ပြန်ရှာတွေ့တဲ့ အခါ

Anand Sreebala (2024)

IMDB: 7.3 / 10

တစ်ညမှာ မိဘနှစ်ပါးကဥပဒေကျောင်းသူသမီးပျောက်လို့ ရဲစခန်းကိုလာတိုင်ပေမယ့်ရဲတွေက ချက်ချင်းတာဝန်ယူဖြေရှင်းဖို့ နှောင့်နှေးနေခဲ့ပါတယ်နောက်တစ်ရက်မှာတော့ ရဲတွေက မိန်းကလေးအလောင်းကို
ရှာတွေ့ခဲ့ပြီး အမှုစုံစမ်းမှုက သိပ်မကြာလိုက်ဘဲသေကြောင်းကြံမှုအဖြစ်သာ အမှုပိတ်ခဲ့ရာမှာတစ်နှစ်ကြာတော့ သတင်းရှာနေတဲ့ တီဗွီသတင်းထောက်မလေးဟာအဆိုပါအမှုကို လူစိတ်ဝင်စားအောင် ပြန်လုပ်ဖို့အကြောင်းဖန်လာတဲ့အခါရဲတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ သူ့ကောင်လေး အာနန့်ကို အလွတ်စုံထောက်လုပ်ခိုင်းပါတော့တယ်အမှုမှန်ပေါ်ပေါက်လာမှာလားဒီဇာတ်လမ်းထဲမှာ ပရိသတ်တို့ ဆက်လက်အဖြေရှာလိုက်ပါဦး

AE Bollywood အညွန်းသီးသန့်📝

13 Feb, 08:37


Sky Force (2025) mmsub

မင်းသားကြီး အာရှေးကူးမားနဲ့ တက်သစ်စမင်းသား ဗီရားပါဟာရီရာတို့ အဓိကပါ၀င်သရုပ်ဆောင်ထားတဲ့ Sky Force ကတော့ ၂၀၂၅ ခုနှစ်မှာထွက်ရှိထားတဲ့ အိန္ဒိယ အက်ရှင်ဒရမ်မာ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
၁၉၆၅ ခုနှစ် အင်ဒို -ပါကစ္စတန်စစ်ပွဲမှာ ပါကစ္စတန်ရဲ့ဆာဂွန်ဒါလေတပ်စခန်းအပေါ် အိန္ဒိယရဲ့လေကြောင်းတိုက်ခိုက်မှုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အိန္ဒိယလေတပ်ကို ဦးစွာထိုးစစ်ဆင်ခဲ့တဲ့ ပါကစ္စတန်ကြောင့် လေတပ် တပ်သားအများအပြားထိခိုက်ဒဏ်ရာရ သေဆုံးရပြီး အပျက်အစီးများစွာလည်း ရှိလာပါတယ်။ ဒါကို မခံမရပ်နိုင်တဲ့ အိန္ဒိယလေတပ်က SKYFORCE စစ်ဆင်ရေးလို့ခေါ်တဲ့ တိုက်စစ်နဲ့ ပါကစ္စတန်ရဲ့ ‌တိုက်လေယာဉ်တွေကို သွားရောက်တိုက်ခိုက်ခဲ့ပါတော့တယ်။ အခက်အခဲတွေကြားကနေ အင်အားမမျှတဲ့ အိန္ဒိယလေတပ်ရဲ့ တိုက်စစ်ဟာ အောင်မြင်လာနိုင်မလား တိုက်ပွဲရဲ့ နောက်ဆက်တွဲတွေအနေနဲ့ ဘာတွေဖြစ်လာမှာလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇန်န၀ါရီ ၂၄ ရက်နေ့ကမှ ရုံစတင်ထားတဲ့ အသစ်စက်စက် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ စစ်ကားတွေသဘောကျတဲ့သူများ လက်မလွှတ်သင့်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်...

AE Bollywood အညွန်းသီးသန့်📝

12 Feb, 09:10


Daaku Maharaaj (2025)
မြင်းစစ်သည်တော် ဒါကူး

IMDB Rating: 6.4
Language: Telugu
Quality: HDRip 720P / 1080P

အမှန်တရားနဲ့ တရားမျှတမှုကို ယုံကြည်ခဲ့သူတစ်ယောက်
ကြုံလာရတဲ့အဖြစ်ဆိုးတွေကြောင့် တရားမျှတမှုဆိုတာ မယုံကြည်တော့ဘဲ သူရဲ့ကိုယ်ပိုင်စည်းမျဥ်း ဥပဒေနဲ့အတူ ရှင်သန်နေတဲ့ ဒါကူးမဟာရာ့ဂျ်၊

သူ့သမီးလေးကို ကာကွယ်ဖို့ ထောင်ဖောက်ပြေးလာပြီး ကားဆရာအယောင်ဆောင်ရင်း
ရန်သူလက်ကနေ သူ့သမီးလေးကို ကာကွယ်ပေးဖို့လုပ်နေခဲ့ချိန်မှာပဲ

စတီဗင်ဆိုတဲ့ အင်မတန်ထက်မြက်တဲ့အရာရှိတစ်ယောက်ကပါ သူတို့ဖမ်းမယ့်အမှုကိုကိုင်ထားပါတယ်။

လူကောင်းပေမဲ့ ကိုယ့်လမ်းစဥ်နဲ့ကိုယ်လျှောက်တာကြောင့် လူဆိုးလို့အထင်ခံရပြီး ရဲတွေလိုက်ဖမ်းတာခံရချိန် ရန်သူတွေပစ်မှတ်ထားနေတဲ့ သူ့သမီးလေးကိုကာကွယ်ရင်းနဲ့

ဘယ်လိုတွေ ရုန်းကန်ကြိုးစားသွားမလဲဆိုတာ အက်ရှင်ခန်းအပြည့်နဲ့ကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

12 Feb, 09:04


Babu (2024) “ဘာဘူ”

မာရသီစကားပြော ရိုမန့်တစ် အက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်

တစ်ခါတုန်းက နယ်တစ်နယ်မှာ တရားမဝင်လုပ်ငန်းတွေခွင့်ပြုတဲ့
ခရိုင်မှူးတစ်ယောက်ရှိပြီး သူ့ကိုဆန့်ကျင်တဲ့လူတွေထဲမှာ
ချာရူဆိုတဲ့ ရဲရင့်လှပတဲ့ ကောင်မလေးလည်း အပါအဝင်ပါ
ခရိုင်မှူးရဲ့သားက သတ္တိခဲမလေး ချာရူကိုမှ
သဘောကျသွားခဲ့ပြီး အချစ်ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့တယ်
ခရိုင်မှူးကို ထောက်ခံတဲ့လူတစ်ယောက်က
သတင်းပေးလိုက်တဲ့အခါမှာတော့
ခရိုင်မှူးက သူ့သားနဲ့ ချာရူတိုရဲ့ ချစ်ခြင်းကိုခွဲခဲ့ပြီး
ချာရူရဲ့အဖေကလည်း ထူးဆန်းစွာနဲ့ သေဆုံးသွားတဲ့အခါမှာ
ဘယ်လို လက်စားချေဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာလဲ ခံစားကြည့်ရှုလိုက်ပါဦး

AE Bollywood အညွန်းသီးသန့်📝

10 Feb, 18:41


Pottel (2024) "ရွာသူကြီး"

မင်းသမီးချောလေး ananya nagalla ပါဝင်ထားတဲ့ဒီကားလေးမှာတော့
ပညာရေးရဲ့အရေးပါပုံ ပညာမတတ်ခင် အမှောင်ဖုံးခဲ့တဲ့ကာလတွေမှာ
ဘယ်လိုဖိနှိပ်ခံရပုံတွေနဲ့ တွန်းလှန်ပုံတွေကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်

စာမတတ်တဲ့ရွာလေးတစ်ရွာ ဒီရွာကို စာတတ်တဲ့ရွာသူကြီးမျိုးရိုးစဉ်ဆက်အုပ်ချုပ်လာခဲ့တာပါ
ဒီရွာမှာက လုပ်ကိုင်တဲ့အလုပ်ကိုကြည့်ပြီး ရာထူးသတ်မှတ်ပေးပါတယ်
ဒီထဲမှာ ဂန်ဂါဒါရီကြီးတို့လည်းပါတာပေါ့ နာမည်က ဘာလို့ဒီလိုဖြစ်ရလဲဆိုရင်
သူ့ကိုမွေးတုန်းက အမြွှာလေးမွေးတာပါ ဂန်ဂါဒါရီကြီးနဲ့ ဂန်ဂါဒါရီငယ်ပေါ့
ဒါပေမဲ့ အဖေရော ကလေးတွေပါ စာမတတ်ကြလို့ ရေတွင်းဘေးမှာရေးထားတဲ့
သတိပေးဆိုင်းဘုတ်ကို မဖတ်တတ်ကြလို့ ရေထဲဆင်းကူးရင်း
အငယ်ကောင်လေးက ရေနစ်သေခဲ့ရတယ် ဒီလိုနဲ့ သူ့သားသေတာက
စာမတတ်လို့ဆိုပြီး ကျန်ခဲ့တဲ့သားကြီးကို စာတတ်အောင်ကြိုးပမ်းပါတော့တယ်
ဒါပေမဲ့လည်း လူတန်းစားခွဲခြားတဲ့ရွာဖြစ်တော့ သိုးထိန်းရဲ့သားဖြစ်တဲ့
ဂန်ဂါဒါရီကြီးအဖို့ ဘယ်လိုဒုက္ခတွေကြုံလာရမလဲ
ဖိနှိပ်ခံဘဝကနေ ပညာတတ်ပြီးလွတ်မြောက်နိုင်မှာလားဆိုတာကိုတော့ …

AE Bollywood အညွန်းသီးသန့်📝

09 Feb, 15:19


Devaki Nandana Vasudeva (2024) နိမိတ်

ရုပ်ထွက်က WEBDL အကြည်ဖြစ်ပေမယ့်
HQ Audio ရုံသံအကြည်ဗားရှင်းသာဖြစ်ပါတယ်

==========================
“နိမိတ်”တေလဂူး အက်ရှင်ဇာတ်ကြမ်း အချစ်အလွမ်း ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ်ကန်ဆာရာဂျူးဆိုတာ ထင်တိုင်းကျဲလွန်းလို့
သူတို့တစ်နယ်လုံး ဖိတ်ဖိတ်တုန် ကြောက်ရတဲ့ လူမိုက်တစ်ဦး
လူမိုက်ဆိုပေမဲ့ ဘာသာတရားကိုယုံကြည်ပြီး
အယူသီးတဲ့လူတစ်ယောက်ဖြစ်တာကြောင့် တစ်နေ့မှာ
သူယုံကြည်တဲ့ ဆွာမိတစ်ပါးက ‘မင်းကိုသတ်မယ့်လူက
မင်းညီမရဲ့ ဝမ်းကြာတိုက်’ ထဲမှာလို့ နိမိတ်ဖတ်တာကို ယုံကြည်သွားခဲ့တယ်
လူသတ်မှုတစ်ခုနဲ့ သူထောင်ကျသွားခဲ့ပြီး
တစ်ရက်တည်းမှာ သူ့ညီမကတော့ ဆတ်တယာဆိုတဲ့ သမီးလေး မွေးခဲ့ပါတယ်ဆတ်တယာလေး ကြီးလာတဲ့အချိန် ထောင်ကပြန်ထွက်လာတဲ့
ကန်ဆာရာဂျူးက ရန်ရှာဖို့ ကြိုးစားတဲ့အခါမှာ
ကယ်တင်ရှင်မင်းသားလေး ပေါ်လာမှာလား ဆက်လက်ကြည့်ရှုလိုက်ပါဦး

AE Bollywood အညွန်းသီးသန့်📝

09 Feb, 14:42


Mrs. (2025) Mmsub
===========
IMDb: 8.4/10
Genre: Drama/Romance
------------------------------------
မိန်းမတိုင်းရဲ့ဘဝက တစ်ဆစ်ချိုးပြောင်းလဲတဲ့အချိန်က အိမ်ထောင်ရေးပဲဆိုတာ ယုံလား။ အိမ်မက်တွေနဲ့ မိန်းမတစ်ယောက်က ကိုယ့်ယောကျာ်းရဲ့ အောင်မြင်မှုအတွက် ဖြည့်ဆည်းပေးရင်း မိန်းမတာဝန်တွေ ရှေ့တန်းထားရမှာလား။

ရီချာဆိုတဲ့ မိန်းကလေးတစ်ယောက်က အကပညာကို စိတ်ဝင်စားပြီး အကလည်း သင်ပေးတယ်။ တစ်နေ့ မိဘပေးစားတဲ့လူကို သဘောကျသွားပြီး လက်ထပ်လိုက်ကြတယ်။ အိမ်ထောင်ရေးအတွက် လက်တွဲဖော်ကောင်းလို့ ထင်ထားတဲ့ ယောင်္ကျားရဲ့မိဘတွေဆီမှာနေရင်း ယောက္ခမနားမှာ အိမ်အလုပ်တွေကို သင်ယူရင်း ယောက္ခထီးနဲ့ ယောင်္ကျားရဲ့ လိုအင်ဝစ္စကို လုပ်ပေးရတယ်။

ကိုယ့်ရဲ့အကကို စိတ်အားထက်သန်တဲ့စိတ်က ယောက္ခထီးနဲ့ ယောင်္ကျားရဲ့ ဖိနှိပ်မှုအောက်မှာရော အရာရာမပြည့်စုံသလို ခံစားရတဲ့ ရီချာက ဘယ်လိုမျိုး အိမ်ထောင်ရေးရဲ့ ဖိနှိပ်မှုအောက်ကနေ ရုန်းထွက်နိုင်မလား။

AE Bollywood အညွန်းသီးသန့်📝

04 Feb, 08:10


https://t.me/+ycTlNb6wGE8yM2Q1

AE Bollywood အညွန်းသီးသန့်📝

03 Feb, 18:23


Partners (2024) "အမှန်တရား
ဘယ်ဆီ"

မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိပါတဲ့။
အခုချိန် ဖုံးကွယ်ထားလို့ရရင်တောင် နောင်တစ်ချိန်ပေါ်ပေါက်လာရမှာပါ။
ဘာလို့လဲဆိုတော့ လိမ်ညာ ဖုံးကွယ်မှုဟာ တစ်ခါတည်းနဲ့ပြီးပြတ်တယ်
မရှိဘဲ ဒီတစ်ခုမပေါ်အောင် ဆက်လက် လိမ်လည် ဖုံးကွယ်နေရတဲ့အတွက်ပါပဲ။

ဒီလိုမကောင်းမှု ရာဇဝတ်မှုတွေဖြစ်စေတဲ့ အကြောင်းရင်းရဲ့ ၈၀% က‌ ငွေကြေးကြောင့်ပါတဲ့။
လူတွေဟာ ငွေကြောင့် သူစိမ်းက‌
နေမိတ်ဆွေ ဖြစ်လာနိုင်သလို မိတ်ဆွေကနေ သူစိမ်းလည်း ဖြစ်သွားနိုင်ပါတယ်။
ဒီဇာတ်လမ်းလေးထဲမှာလည်း ရွာတွေရဲ့ထုံးစံအတိုင်း ငွေတိုးချေးစား
ခေါင်းပုံဖြတ်နေတဲ့သူတွေကိုကြောက်နေရချိန်
အဲဒီရွာလေးမှာ ဘဏ်တစ်ခုလာဖွင့်ပါတယ်။
ရွာသားတွေကတော့ သူတို့ရွာမှာ
ပထမဆုံးဖွင့်တဲ့ဘဏ်မို့ ပျော်နေလေရဲ့။
ဒါပေမဲ့ဒီဘဏ်က ရိုးရိုးသာမန်ဘဏ်မဟုတ်ဘဲ
နောက်ကွယ်မှာ မကောင်းမှုကိုကြိုးကိုင်သူတွေရှိနေပါတယ်။
ဘဏ်ဝန်ထမ်းယောင်ဆောင်ပြီး ရွှေတွေငွေတွေကို
ပမာဏများစွာ ခိုးယူဖို့ သူတို့ဘယ်လိုအလုပ်ဝင်လာကြမလဲ၊
ဘယ်လိုလှုပ်ရှားကြမလဲ၊ ရွာသားတွေကဘယ်လိုဖြေရှင်းကိုင်တွယ်မလဲ၊
ဘဏ်လုပ်ငန်းရှင်တွေရော ဒီအမှုမှာပါဝင်နေမလားဆိုတာ
ကြည့်ရှုခံစား အဖြေထုတ်ကြည့်ရအောင်ပါ။

အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

03 Feb, 09:15


Then Chennai (2024) ကိုယ်တိုင်ထုဆစ်ပုံဖော်မှု

ကိုယ်မွေးဖွားလာရတဲ့ဘဝကို ရွေးချယ်ခွင့်မရှိပေမဲ့
ကိုယ်ကြီးပြင်းရမယ့်ဘဝကို ကိုယ်တိုင်ပုံစံချရမှာပါတဲ့။
ကိုယ့်ဘဝကို တိုးတက်အောင် ကြိုးစားရင်း၊
ကိုယ်ချစ်ခင်တဲ့သူတွေကို ပျော်ရွှင်စေ‌ရင်းနဲ့ပေါ့။

ဒေဗာရာဂျန်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့၊တစ်ကောင်ကြွက်၊
အိမ်ခြေရာမဲ့ဘဝမို့ လူရမ်းကားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ သူချစ်တဲ့မိန်းကလေးကို ရှာဖွေတွေ့‌ရှိချိန်ကစလို့
လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။
ငွေကြေးပြီးပြည့်စုံမှုမရှိတာကလွဲ သားတစ်ယောက် သမီးတစ်ယောက်နဲ့
ပျော်ရွှင်နေတဲ့သူ့ဘဝကို အတိတ်ရဲ့အရိပ်မည်းက အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။
အဲဒါကတော့ သူအရင်ရန်ညှိုးရှိဖူးသူက သူ့ဇနီးအသက်ကိုယူသွားခြင်းပါ။
သူဟာ ကလဲ့စားချေရမယ့်အစား သူ့မိန်းမရဲ့နောက်ဆုံးစကားအတိုင်း
ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် တစ်နယ်တစ်ကျေးပြောင်းလို့
ဘဝသစ်မှာကြိုးစားပြီး ရှင်သန်သွားပါတယ်။
သူပြောင်းသွားတဲ့နေရာလေးဟာ ကမ်းရိုးတန်းငါးဖမ်းရွာလေးမို့
ငါးလုပ်ငန်းနဲ့အသက်မွေးကြတာပေါ့။
သူကတော့ စားသောက်ဆိုင်လေးဖွင့်ပြီး
ကလေးနှစ်ယောက်နဲ့ အေးချမ်းစွာနေထိုင်နေပါတယ်။
သူ့သားနာမည် တိုနီကိုအစွဲပြုထားတဲ့ သူတို့ရဲ့စားသောက်ဆိုင်လေးဟာလည်း
နာမည်ကျော်ကြား လူသိများလာပါပြီ။
ဒါဟာတိုနီစားသောက်ဆိုင်လေးရဲ့နောက်ကြောင်းရာဇဝင်ပါ။
မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ပြောင်းလို့ ရွာကနေမြို့တွေတိုးချဲ့လာကြချိန်ကာလမှာ ‌
ဂျေဆန်ဟာ အင်အားကြီးအဖွဲ့အစည်းတစ်ခုမှာ
ဘာအကြောင်းကြောင့်မှန်းမသိ ရောက်ရှိနေခဲ့ပါတယ်။
အဖွဲ့အစည်းရဲ့ ခိုးမှု၊ လူသတ်မှု၊ ဓားပြမှုတွေကို အမိန့်အတိုင်းလုပ်ဆောင်ရင်း
တစ်နေ့မှာတော့ လမ်းမကြီးပေါ်မှာရှိတဲ့တိုနီဆိုတဲ့
စားသောက်ဆိုင်လေးကို ဓားပြတိုက်ဖို့ဖြစ်လာပါတော့တယ်။
သူဟာဒီလိုအမှုတွေမှာပါဝင်လာရတာကို မနှစ်သက်တော့ဘဲ
အေးချမ်းစွာပဲ ဘဝကိုဖြတ်သန်းချင်တာပါ။ ဂျေဆန်ကဘာလို့
ဒီအဖွဲ့အစည်းထဲရောက်နေရတာလဲ၊
အဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ကရောဘာလဲ၊ သူချစ်တဲ့သူတွေကို
ဘေးကင်းအောင်ကာကွယ်ရင်း အေးချမ်းစွာနေထိုင်‌သွားနိုင်မလားဆိုတာ
ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစား အဖြေထုတ်ကြည့်ကြရအောင်ပါ။

AE Bollywood အညွန်းသီးသန့်📝

03 Feb, 09:11


Coffee with A Killer (2025) “လူသတ်သမားနဲ့ အတူသောက်မိတဲ့ ကော်ဖီတစ်ခွက်”

ကော်ဖီဆိုင်ဆိုတာ လူမျိုးစုံက အကြောင်းပေါင်းစုံနဲ့ လာတတ်တဲ့နေရာမျိုးပါ။
ကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်ရင်း လူတွေအကြောင်းလေ့လာကြည့်မယ်ဆိုရင်
ဇာတ်လမ်းပေါင်းစုံကို တစ်နေရာတည်းမှာ တွေ့ရတတ်ပါတယ်။

ဒီလိုပါပဲ… ဒီဇာတ်လမ်းကလည်း ကော်ဖီဆိုင်တစ်ဆိုင်ကို
အခြေခံပြီး ဇာတ်ကောင်မျိုးစုံကို ဖန်တီးထားမို့
ကြည့်နေကျပုံစံနဲ့ နည်းနည်းကွဲပြားနေမှာတော့ အမှန်ပဲ။
‌ဇာတ်လမ်းထဲက ကော်ဖီဆိုင်မှာတော့ မန်နေဂျာဖြစ်သူက
မြာပွေပြီး တစ်ချိန်လုံး ဖုန်းနဲ့ကြူနေတဲ့သူပေါ့။
ကော်ဖီဆိုင်တွေရဲ့ထုံးစံအတိုင်း စုံတွဲတွေ၊ အလုပ်ကိစ္စရှိသူတွေအပါအ၀င်
လူပေါင်းစုံ လာနေတဲ့ထဲမှာ ထူးခြားတဲ့သူတစ်ယောက် ပါလာပါတယ်။
အဲဒါကတော့ ကြေးစားလူသတ်သမားတစ်ယောက်ပါ။
ဘယ်သူကမှတော့ လူသတ်သမားတစ်ယောက်နဲ့
တစ်ဆိုင်တည်း ကော်ဖီထိုင်သောက်ရမယ်လို့ တွေးကြည့်ဖူးမယ်တောင် မထင်ပါဘူး။
ပိုဆိုးတာက အဲဒီလူသတ်သမားဟာ
ကော်ဖီဆိုင်ကို လူသတ်ဖို့ရောက်လာတဲ့ အဖြစ်ပါပဲ။
သူသတ်ရမဲ့သူဟာ ကော်ဖီဆိုင်ထဲမှာ ရှိနေပါတယ်။
အဲဒီလိုနဲ့ သူသတ်ရမဲ့သူက ဘယ်သူဖြစ်နေမလဲ၊ လူသတ်သမားရောက်နေတဲ့
ကော်ဖီဆိုင်က ဇာတ်လမ်းပေါင်းစုံကြားမှာ ဘယ်လိုဇာတ်ရှုပ်တွေ
ဖြစ်လာဦးမလဲဆိုတာဟာသလေးတွေပါနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Channel Link

Movie Link

AE Bollywood အညွန်းသီးသန့်📝

02 Feb, 07:36


Bioscope(2025)“ဘိုင်စကုပ်”

တမီးလ်ကျေးလက် ဟာသ/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်
442
ဇာတ်လမ်းအကျဉ်းကတော့ ကုန်တင်ကားစက်ရုံအလုပ်နဲ့
ရက်ကန်းအလုပ်နှစ်မျိုးပဲရှိတဲ့ ရွာလေးတစ်ရွာမှာ
ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်တဲ့ ကောင်လေးတစ်ယောက်ဟာ
မာဒရာ့စ်မြို့ကိုသွားပြီး ရုပ်ရှင်ပညာကို မရမကသွားလေ့လာခဲ့တယ်ဒီလိုနဲ့ ပရိုဂျူဆာတွေနဲ့ရအောင်စည်းရုံးပြီး ရိုက်တော့မယ်လုပ်ရာမှ
ရွာက သူချစ်ရတဲ့ ဦးလေးဟာ ဗေဒင်ဆရာရဲ့စကားကိုယုံပြီး သေကြောင်းကြံသွားတဲ့အခါ
ယူကြုံးမရဖြစ်ပြီး အယူသီးတဲ့ ဓလေ့တွေအကြောင်း
ပညာပေးရုပ်ရှင်ကို ရွာသားတွေနဲ့ပဲ ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ရာကနေ
အလွဲအချော်တွေ၊ အခက်အခဲမျိုးစုံတွေ့ကြုံရင်ဆိုင်ရပုံကို ပရိသတ်တို့ ခံစားကြည့်ရှုပေးပါဦး

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

01 Feb, 11:50


Saindhav (2024) ဇာတ်ကားသစ်ကြီး

ဒီတစ်ခေါက်မှာတော့ အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။အခုခေတ်လူငယ်တွေဟာ PUBG လို ဂိမ်းမျိုးကိုကစားပြီးတော့ လက်နက်တော်တော်များများနဲ့ရင်းနှီးကျွမ်းဝင်မှုရှိနေကြပါတယ်။ဒီကိစ္စကိုအခွင့်ကောင်းယူပြီးတော့ Cartelအုပ်စုကလူငယ်လေးတွေ (အထူးသဖြင့် မိဘမဲ့ကလေးတွေ)ကို
စုဆောင်းလေ့ကျင့်ရေးပေးပြီးတော့ အကြမ်းဖက်မှုတွေကိုပြုလုပ်ဖို့ ကြိုးစားနေပါတော့တယ်။ ဒီလိုကလေးတွေကို လေ့ကျင့်ပေးပြီးတော့သေနတ်တွေကိုင်ခိုင်းပြီး သူတို့ရဲ့ဖောက်သည်တွေဆီကိုရောင်းချဖို့လုပ်နေပါတယ်။
ဒီအုပ်စုရဲ့ခေါင်းဆောင်ဟာ ခြင်သတ်တာကမှ လူသတ်တာကမှပိုခက်ခဲနေပါဦးမယ်ဆိုသလိုမျိုး သူ့သားရဲ့၂၅နှစ်မြောက်မွေးနေ့မှာတောင် သူ့ရဲ့အယောက်၅၀မြောက်လူကို သတ်ပြီးတော့ မွေးနေ့လက်ဆောင်ပေးတဲ့ အကောင်ကြီးကြီးလူမျိုးပါ။
စိုင်းဒါ့ဗ်လို့ခေါ်တဲ့အရင်ကအတိတ်ကိုမေ့ပျောက်ထားပြီးတော့ချစ်စရာသမီးလေးနဲ့အတူ ဇာတ်မြှုပ်ထားတဲ့သူတစ်ယောက်၊ ဒီလိုလူနဲ့ Cartelအုပ်စုနဲ့ ဘယ်လိုတွေ ဆုံမိသွားကြမလဲ
Cartelအဖွဲ့အစည်းကရော ဘယ်လိုအကြမ်းဖက်မှုတွေ လုပ်ဆောင်သွားမလဲ
ဆိုတာတွေကို ကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

31 Jan, 19:10


The storyteller (𝟐𝟎𝟐𝟓) " ပုံပြင်ပြောသူ "

အစိုးရဌာနတစ်ခုက ပင်စင်ယူကာစ အဘိုး တာရီနီတစ်ယောက်ဟာ စာပေဝါကြီးတဲ့သူတစ်ယောက်ပါ။ သူကအလုပ်မှာလည်း ပုံပြင်တွေ ဇာတ်ကြောင်းတွေ ပြောပြလေ့ရှိတဲ့သူပေါ့။ တစ်နေ့ သတင်းစာထဲမှာ ပုံပြင်ပြောတဲ့သူ လိုအပ်ကြောင်း အလုပ်ခေါ်စာကို တွေ့ပြီး ဂူဂျာရတ်က သူဌေးဆီမှာ အလုပ်လျှောက်တာနဲ့ ဇာတ်လမ်းစထားပါတယ်။
ချမ်းသာသောစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သူရဲ့အိပ်မပျော်ခြင်းပြဿနာကိုဖြေရှင်းဖို့အတွက် အဘိုးတာရီနီကို ငှားရမ်းခဲ့ပီး သူတို့တစ်ဦးနဲ့ တစ်ဦးအကြား ဖြစ်ပျက်လာမယ့် အကြောင်းအရာတွေကို မြင်တွေ့ရမှာပါ။

ပုံပြောသူက တာရီနီက စိတ်ဝင်စားဖွယ်ဇာတ်လမ်းများကို ပြောပြရင်း၊ သူနဲ့ သူဌေးတို့နှစ်ဦးကြား ဆက်ဆံရေးသည် တဖြည်းဖြည်း နက်ရှိုင်းလာခဲ့တယ်။ သို့သော်၊ နောက်ကွယ်တွင် သူတို့နှစ်ဦးစလုံးမှာ သီးသန့်လျို့ဝှက်ချက်တွေ ရှိလာခဲ့တဲ့အခါ ....

ဒီရုပ်ရှင်ဟာ လူသားတို့၏ ရှုပ်ထွေးသောစိတ်နေစိတ်ထားများ၊ ယုံကြည်မှုနှင့် သံသယများအကြား လှည့်ကွက်များကို ဖော်ကျူးထားပြီး၊ ဇာတ်လမ်း၏ အဆုံးသတ်ကလည်း ကြည့်ရှုသူများအား စဉ်းစားတွေးခေါ်စေမယ့် အဓိပ္ပာယ်များဖြင့် ချန်ထားခဲ့မှာဖြစ်လို့ မလွတ်တမ်းကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

31 Jan, 18:58


Identity (𝟐𝟎𝟐𝟓) mmsub
=============

IMDb: 8.9/10
Genre: Action/Thriller
------------------------------
လူသတ်သမားရဲ့ပုံကြမ်းတစ်ခုကို မျက်မြက်သက်သေတစ်ယောက်ပြောသလို ဆွဲလိုက်ရင်း အဲ့လူက တရားခံဖြစ်ပြီလား။ မျက်မြင်သက်သေက အတိအကျမှတ်မိနိုင်မယ်လို့တပ်အပ်ထင်လား။

ငယ်ငယ်ကတည်းက ဉာဏ်ရည်မြင့်တဲ့ဟာရန်က အမေ့လိုမျိုး ပုံကြမ်းဆွဲတာတော်တဲ့အတွက် သူ့တိုက်ခန်းက စကူတာပျောက်တဲ့အမှုမှာ ခိုးသူရဲ့ပုံကြမ်းကို ကလေးတစ်ယောက်ရဲ့အမြင်အတိုင်း ဆွဲပြခဲ့ပါတယ်။ အယ်လန်ဆိုတဲ့ရဲက သူ့လုပ်ပုံလုပ်နည်းကို သဘောကျသွားပြီး လူသတ်မှုမျက်မြင်သက်သေတစ်ယောက်မြင်ရတဲ့ လူသတ်သမားပုံကို ဆွဲခိုင်းခဲ့တယ်။

အဲ့လိုဆွဲခိုင်းရာကနေ ဒီအမှုကို ချက်ချင်းရှာဖွေနိုင်မလား။ နဂိုတည်းက အမှုရှုပ်ထွေးနေရာကနေ ပိုပြီးဇာတ်ရှုပ်လာမလားဆိုတာ ကြည့်ရှုရမှာဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းလှပါတယ်။

ကြည့်ရှူသူအပေါင်းတို့ မနေ့ကတွေ့ခဲ့တဲ့လူအာလုံးကို သေချာမှတ်မိနိုင်လား။ ဦးနှောက်ရဲ့ပုံရိပ်ဖော်တာက အတိုင်းအဆရှိတယ်ဆိုတာ သိရမယ့်ကားလေးဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

31 Jan, 08:26


KCR (2024) ယုံကြည်ရာဆီသို့

သန်ဒါဆိုတဲ့ရွာလေးမှာ ကီရှာဗာဆိုတဲ့ ကလေးလေးဟာ သူ့မိသားစုနဲ့အတူ ပျော်ရွှင်နွေးထွေးစွာရှိနေတာပါ။
အဖေရယ်၊ အမေရယ်၊ အဘွားရယ်ဟာ သူ့ကို တစ်ဦးတည်း‌သောသား‌လေးရယ်ဆိုပြီး တုန်နေအောင်အချစ်ခံရသူပေါ့။
တောရွာလေးတွေရဲ့ထုံးစံအတိုင်းသူ့ဖခင်ဟာ ဆိတ်ကျောင်းရင်းအသက်မွေးရသူမို့ ငွေကြေးအရာမှာတော့မတတ်နိုင်ရှာကြပါဘူး။
တစ်နေ့သူ့အမေက ချောင်းအလွန်ဆိုးနေတဲ့အတွက် ဆေးခန်းပြဖို့ရာ သူတို့အဘွားရဲ့နားကပ်ကိုရောင်းရဖို့ဖြစ်လာပါတော့တယ်။

ဒီလိုနဲ့စာမဖတ်တတ်တဲ့သူ့ဖခင်ကို ကီရှာဗာက ဦးဆောင်ခေါ်သွားရင်း လမ်းကဆိုင်းဘုတ်တွေလည်း သူပဲဖတ်ပြလာပါတယ်။
ဘဏ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့အဘွားရဲ့နားကပ်ဟာ သူတို့တစ်ခါမှတောင်မမြင်ဖူးတဲ့ပစ္စည်းပါဆိုပြီး
အပေါင်မရခဲ့ဘဲ ငွေပဲချေးခဲ့ရပါတော့တယ်။ အပြန်လမ်းမှာ ကီ‌ရှာဗာလေးဟာ ဗိုက်အလွန်ဆာလို့
ဆိုင်ကြီးတစ်ဆိုင်ထဲ သားအဖနှစ်ယောက်ဝင်ထိုင်ရုံရှိသေး ဝတ်စားထားတာနွမ်းနေလို့ပါဆိုပြီး နှင်ထုတ်ခံရပြန်ပါတယ်။
အဲဒီလိုနဲ့ တွန်းလှည်းလေးနဲ့ရောင်းတဲ့မုန့်ကိုသားအဖနှစ်ယောက်စားနေရင်း လမ်းဘေးတစ််နေရာ တီဗွီကနေ
သူတို့ဘဝတွေကိုပြောင်းလဲပေးပါမယ်ဆိုတဲ့ KCR အမည်ရှိ လူတစ်ယောက်ရဲ့မိန့်ခွန်းပြောနေသံကို တွေ့မြင်ကြားသိခဲ့ရပါတယ်။
သူတို့ရဲ့ဘဝဟာဘာတွေဖြစ်လို့ပြောင်းလဲချင်နေရပါသလဲဆိုရင်တော့ အိမ်နားကဦးလေးဟာ ဘဏ်ကြွေးတွေမဆပ်နိုင်လို့
စိတ်ဖိအားများကာ သေသွားရတာ၊ လယ်ကွင်းထဲရေလွှတ်ရင်း မြွေကိုက်လို့သေသွားရတာ၊
ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ယောက် ဆေးရုံသွားမယ့်လမ်းမှာ လမ်းဆိုးလွန်းလို့သေသွားရတာ
စသည်ဖြင့် အများကြီးပါပဲ။ ကီရှာ‌ဗာလေးဟာ အဲဒီနေ့ကစပြီး KCR ရဲ့မိန့်ခွန်းတွေနားထောင်ပြီး
လေးစားအားကျစိတ်အပြည့်နဲ့ ပါးစပ်ကမချ ဖြစ်သွားပါတော့တယ်။
တစ်ဖက်မှာလည်း ကီရှာဗာဟာ သူ့ကိုအချစ်လေးလို့ချစ်စနိုးခေါ်ပြီး
အရိပ်တကြည့်ကြည့်နဲ့ဘေးမှာရှိနေပေးတဲ့ မန်ဂျူဆိုတဲ့ကလေးမလေးဆီကလည်းဂရုစိုက်ခံရလေရဲ့။
ကီရှာဗာကရှေ့ဆက် သူတို့ရွာကိုဘယ်လိုပြောင်းလဲဦးဆောင်မှာလဲ သူ့မိသားစုတွေ‌ကရော
ဘယ်လိုတားဆီးပိတ်ပင်မလဲ ထောက်ပံ့အားပေးမလဲ မန်ဂျူကရော
ဘေးကနေဘယ်လိုပါရမီဖြည့်ပေးမှာလဲ ဆိုတာ ကြည့်ရှူခံစားပေးကြပါဦး။
အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

Channel Link

AE Bollywood အညွန်းသီးသန့်📝

31 Jan, 07:21


Rifle club (2024) mmsub

ခပ်ကြမ်းကြမ်းမှကြိုက်တဲ့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက်
ဇာတ်လမ်းနာမည်အတိုင်း အပစ်အခတ်အတိုက်အခိုက်ခန်းတွေ
တ၀ကြီးကြည့်ရမဲ့ မလေယာလမ်စကား‌ပြော
အက်ရှင်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်လမ်းရဲ့ ထူးခြားချက်တစ်ခု‌ကတော့ Hanumankind လို့
လူသိများတဲ့ အိန္ဒိယ Rapper အဆိုတော်ရဲ့ ပွဲဦးထွက်ရုပ်ရှင် ဖြစ်နေတာပါပဲ။
ဇာတ်လမ်းကို လက်နက်မှောင်ခိုသမား ဒုစရိုက်‌ဂိုဏ်းခေါင်းဆောင်ကြီး
ဒါယာနမ်ရဲ့သားအငယ်ဖြစ်သူဘီချူ မွေးနေ့ပွဲကျင်းပနေတာနဲ့ အစပျိုးထားပါတယ်။
အဲဒီနေ့ညမှာပဲ လူရမ်းကားလေးဘီချူ မတော်တဆ
သေဆုံးသွားတာက‌နေ တကယ့်ပြဿနာ စတော့တာပါပဲ။
ဘီချူတိုနေထိုင်ရာမြိုနဲ့အ‌ဝေးက အိန္ဒိယအနောက်ပိုင်း တောင်တန်းဒေသတစ်နေရာမှာတော့
မုဆိုးတွေစုပေါင်းဖွဲစည်းထားတဲ့ “Rifle Club” ဆိုတဲ့ သမိုင်း‌၀င်အသင်းအဖွဲတစ်ခုရှိပါတယ်။
တစ်နေ့တော့ ရုပ်ရှင်မင်းသားတစ်ယောက်ဟာ သူ့ရုပ်ရှင်အတွက် လေ့လာရေးအဖြစ်
အဲဒီကလပ်ကို ရောက်ရှိလာပါတယ်။ ဖြစ်ချင်တော့ သူရောက်ပြီး သိပ်မကြာခင်မှာပဲ
ဒါယာနမ်ရဲ့လက်နက်မှောင်ခိုဂိုဏ်းနဲ့ Rifle Club က
အဖွဲ၀င်တွေရဲ့ တကယ်တိုက်ပွဲအစစ်နဲ့ ကြုံတွေ့ရပါတော့တယ်။
အဲဒီသူသေကိုယ်သေတိုက်ကျတဲ့ ရန်ပွဲကြီးမှာ ဘယ်သူက အနိုင်ရသွားမလဲဆိုတာက‌တော့.....

Channel Link

AE Bollywood အညွန်းသီးသန့်📝

31 Jan, 07:08


Blue Star (2024) “ရန်ဘက်”

IMDb 7.6 ရထားပြီး အိန္ဒိယရဲ့ အထင်ကရ အားကစား ခရစ်ကတ်အကြောင်း ရိုက်ထားတဲ့
တမီးလ် ဟာသ အားကစားရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်

ဒီကားက ခရစ်ကတ်ကားဆိုပေမဲ့ ချုံကြားကနေ ဘုံဖျားရောက် နိုင်ငံဟီးရိုးကြီးဖြစ်
လက်ရွေးစင် ပြိုင်ပွဲဝင်သလိုမျိုး မိုတီဗေးရှင်းဇာတ်လမ်းမျိုးတော့ မဟုတ်ဘူးဗျ၁၉၉၀ ကာလကို နောက်ခံထားပြီး အာရတ်ကိုနမ် နယ်မြို့လေးက ဇာတ်မတူတဲ့ အုပ်စုနှစ်စုရဲ့ နှစ်ကာလ
ကြာရှည်တဲ့ ပြိုင်ဆိုင်မှုကို အဓိက တင်ဆက်ထားပါတယ်အဲဒီကာလက သူတို့နိုင်ငံမှာ လူငယ်တွေက ခရစ်ကတ်ကြည့်ဖို့အတွက် တီဗီအင်တာနာကို
မရမက ချိန်ပြီး အားပေးကြတယ် ခရစ်ယာန်ဘုရားကျောင်းမှာ ဝတ်ပြုနေရင်းတန်းလန်းနဲ့လည်း
တစ်ဖက်နဲ့တစ်ဖက် ယှဥ်ပြိုင်ကစားဖို့ လစ်ထွက်ကြတယ်
မိဘတွေကလည်း သူတို့သားသမီး ခရစ်ကတ် ဝါသနာပါတာကို မကြိုက်ကြဘူးပေါ့
တချိန်က Blue Star နဲ့ Alpha ဆိုပြီး အဖွဲ့နှစ်ဖွဲ့ ခရစ်ကတ်ကစားရာကနေ အငြင်းအခုန်တွေဖြစ်ပြီး
ရန်သတ်ကြတာ သူတို့မြို့က ကစားကွင်းမှာ နှစ်ဖွဲ့လုံးယှဥ်ပြိုင်ခွင့် အပိတ်ခံခဲ့ရတယ်လက်ရှိမျက်မှောက်မှာ ရန်ဂျစ်နဲ့ ရာဂျက်ဆိုပြီး အသင်းကိုယ်စီက ကပ္ပတိန်နှစ်ယောက်က တစ်ချိန်ကလိုမျိုး
နောက်တစ်ခေါက် အကြီးအကျယ် ပြိုင်ဆိုင်ရဖို့ စောင့်နေကြတာပေါ့ဒီလိုကနေ ပြိုင်ပွဲ ပြန်ဖြစ်လာတဲ့အခါမှာ ဝရုန်းသုန်းကားဖြစ်ကြပုံတွေကို ဟာသနှောပြီး
ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

30 Jan, 08:23


Pallotty 90’s Kids (2024)
"၉၀ ဖွားကလေးတို့ရဲ့သကြားလုံးချိုချိုလေး"

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ လူကြီးမင်းတို့ရဲ့ငယ်စဉ်တောင်ကျေးကလေးဘဝကို
လွမ်းဆွေးတမ်းတသွားစေမယ့် မာလေယလမ်စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။

ဒီဇာတ်ကားမှာတော့ ကန်နန်ဆိုတဲ့ကလေးငယ်နဲ့ အူနီဆိုတဲ့ သူငယ်ချင်းနှစ်ယောက်တွဲအကြောင်းကို
ဇာတ်ကြောင်းတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ တောရွာကလေးမှာ ကလေးပီပီအဆော့သန်တဲ့
ကန်န်နဲ့အူနီဟာ ကျောင်းကို ခြေလျင်သွားရသူတွေဖြစ်ပါတယ်။ လမ်းတစ်လျှောက် စက်ဘီးနဲ့သွားတဲ့သူ ၊
ဆိုင်ကယ်နဲ့လိုက်ပို့တဲ့သူ ၊ သုံးဘီးစီးပြီးကျောင်းသွားသူတွေရှိတာတောင် ခြေလျင်ကျောင်းတက်ရတဲ့
သူတို့အပျော်ကိုမှီသူရှိမယ်မထင်ပါဘူး။အသီးတွေခူးမယ် ၊ အရွက်တွေခြွေမယ် ၊ အုန်းလက်ကို ဒန်းလိုခိုစီးကြမယ် ၊
တုတ်တစ်ချောင်းကိုပုခုံးပေါ်ထမ်းလို့လမ်းလျှောက်ကာ
လမ်းမှာတွေ့သမျှကို ကောက်ယူစူးစမ်းမယ်။ဒီလိုမျိုး ၉၀ ခုနှစ်ဖွားကလေးတို့ရဲ့ဘဝကိုကြည့်ပြီး
ငယ်ဘဝကိုပြန်လည်တမ်းတလွမ်းဆွတ်မိစေမယ့်ဇာတ်ကားလေးကို
၉၀ ဖွားလူကြီးမင်းတို့ သေချာပေါက်ကြည့်ရှုသင့်ပါတယ်။
၉၀ ဖွားမဟုတ်ရင်ရော မကြည့်ရတော့ဘူးလားဆိုတော့….
ပိုပြီးတောင် ကြည့်ရမှာပေါ့ဗျာ။ ကိုယ်မမီလိုက်ရတဲ့ခေတ်ကလူတွေ
ဘယ်လောက်ဆော့ပြီး ဘယ်လောက်ပျော်စရာကောင်းခဲ့သလဲဆိုတာကို
ဒီရုပ်ရှင်ကတဆင့် စီးမျောခံစားကြည့်လိုက်ပါဗျ။

( ဘာသာပြန်န်နဲ့အညွှန်းကတော့ CM Bollywood Team မှဖြစ်ပါတယ် )

Channel Link 🖇️🖇️🖇️
https://t.me/+Fu8mkgH01NVhMWZl

AE Bollywood အညွန်းသီးသန့်📝

30 Jan, 08:18


Sookshma Darshini (2024)
“ထူးဆန်းတဲ့အိမ်နီးချင်း”

ဒီတစ်ခေါက်မိတ်ဆက်ပေးဖြစ်မဲ့ ဇာတ်ကားလေးကတော့
တစ်မူထူးခြားတဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဇာတ်အိမ်တစ်ခုချင်းစီမှာ ပဟေဠိတွေကို တစ်ထပ်ချင်းစီ
ဖြေပြသွားမှာဖြစ်တာကြောင့် လုံးဝမပျင်းရမဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားပါဘူး။ပရီယာဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးလေးမှာ အရာရာတိုင်းကို
အသေးစိတ်စူးစမ်းတတ်တဲ့ ဉာဉ်လေးရှိပါတယ်။
သူ့ယောက်ျားဆို သေးသေးမွှားမွှားကအစ သူ့ကိုလိမ်ပြောလို့မရပါဘူး။
ပရီယာတို့မိသားစု လောလောဆယ် အိမ်ငှားနေနေတဲ့ ရပ်ကွက်ကလည်း သိပ်တော့မခေပါဘူး။တစ်နည်းပြောရရင် စီစီတီဗီအဒေါ်ကြီးတွေများတဲ့ ရပ်ကွက်လေးပေါ့။
တစ်နေ့ သူတိုရပ်ကွက်ထဲကို မာနူးဆိုတဲ့လူတစ်ယောက် ပြောင်းလာပါတယ်။
မာနူးတို့ဟာ ဒီရပ်ကွက်နဲ့စိမ်းတဲ့သူတွေတော့ မဟုတ်ပါဘူး။
ငယ်ငယ်လေးတုန်းက ဒီမှာနေခဲ့ဖူးပြီး စီးပွားရေးနည်းနည်းအောင်မြင်သွားတော့
အိမ်ပြောင်းသွားခဲ့တာပါ။ မာနူးမှာ အယ်လ်ဇိုင်းမားဖြစ်နေတဲ့
အမေအိုကြီးတစ်ယောက်လည်းရှိပါသေးတယ်။

Channel Link
https://t.me/+BzG4fWaLZLZiOWU1

AE Bollywood အညွန်းသီးသန့်📝

28 Jan, 18:40


Neeli Megha Shyama (2024)
“သူနဲ့တွေ့မှ”

အသစ်ထွက်ရှိလာတဲ့ တေလဂူးစကားပြော
အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရှမ်ဆိုတဲ့ သူဌေးသားဟာ
ဆိုရှယ်မီဒီယာဖော်လိုဝါများဖိုနဲ့ အရက်ဆိုင်ထိုင်ဖိုကလွဲရင်
ဘဝမှာ ရည်မှန်းချက်ထွေထွေထူးထူးမရှိတဲ့သူပါ
သူ့အဖေ ကြိမ်းမောင်းတာလည်း မကြာခဏခံရပြီး
တစ်ရက်မှာတော့ မာနာလီဆိုတဲ့ တောင်ပေါ်ဒေသမှာ
ခြေကျင်တောင်တက်ခရီးသွားဖို စိတ်ကူးပေါက်လာပါတယါ
သူ့ရည်မှန်းချက်ကတော့ ဉာဏ်အလင်းကို ရှာဖွေဖိုပါပဲ
ဒီကနေ မယ်ဂါဆိုတဲ့ ဆတ်တောက်တောက်
လမ်းပြကောင်မလေးနဲ့တွေ့တဲ့အခါ
ဘယ်လိုအချစ်ဇာတ်လမ်းလေးပေါ်ပေါက်လာမှာလဲ ဆိုတာကတော့ …
အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ KKKZ ~ Star ~ Cym တိုမှ ဖြစ်ပါတယ်

Channel Link
https://t.me/+Fu8mkgH01NVhMWZl

AE Bollywood အညွန်းသီးသန့်📝

28 Jan, 18:35


AE Bollywood အညွန်းသီးသန့်📝 pinned «https://t.me/+ycTlNb6wGE8yM2Q1»

AE Bollywood အညွန်းသီးသန့်📝

28 Jan, 18:35


https://t.me/+ycTlNb6wGE8yM2Q1

AE Bollywood အညွန်းသီးသန့်📝

28 Jan, 18:35


Viduthalai Part 2 (2024)
======================

အသစ်ထွက်ရှိလာတဲ့ မင်းသားကြီး Vijay Sethupathi ရဲ့
အက်ရှင်ရုံကားအသစ်ကို အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်
Viduthalai Part 1(2023) ရဲ့ အဆက်ဖြစ်ပြီး ဗီဂျေးက
တော်လှန်ရေးခေါင်းဆောင်တစ်ယောက်အဖြစ်
ပြန်လည်ပါဝင်ထားကာ Soori, Manju Warrier တို့က အားဖြည့်ထားပါတယ်
ပီရူမယ်ဆိုတာ အစတုန်းက သာမန်ကျောင်းဆရာလေးတစ်ယောက်ဖြစ်ပြီး
ကာရူပန်ဆိုတဲ့ စာမတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့စကားကြောင့်
လူတန်းစား သာတူညီမျှရှိရေးကို သူသဘောပေါက်လာခဲ့တယ်
ယုတ်မာရိုင်းစိုင်းတဲ့အထက်တန်းလွှာတစ်စုရဲ့ နိုင်ထက်စီးနင်းလုပ်မှုကြောင့်
ကာရူပန်ဒုက္ခရောက်တဲ့အခါမှာ အတတ်နိုင်ဆုံးကယ်ဖို့ကြိုးစားခဲ့ပေမဲ့
တရားဥပဒေကိုယုံမိလို့ ကာရူပန်ကိုဆုံးရှုံးလိုက်ရတဲ့နောက်မှာ
စိတ်ပိုင်းဖြတ်ပြီး သူ့လူတွေရဲ့ခေါင်းဆောင်တစ်ယောက်နေရာကို သူဘယ်လိုရောက်လာခဲ့လဲ
ဒီအကြောင်းတွေ တဖြည်းဖြည်းနားလည်လာတဲ့ ကူမာရီဆာဆိုတဲ့
ရဲကရော ဘယ်လမ်းကို ရွေးချယ်သွားမလဲ ဆိုတာကတော့ —–

Channel Link
https://t.me/+ycTlNb6wGE8yM2Q1

AE Bollywood အညွန်းသီးသန့်📝

28 Jan, 08:19


Emakku Thozhil Romance (2024)”ချစ်လိပ်ပြာ”
====================================
Por Thorzhil တို့ Blue Star တို့လို
ရုပ်ရှင်ကောင်းတွေရိုက်ကူးခဲ့တဲ့
မင်းသား အာရွှတ်ခ်ဆယ်လ်ဗန်ရဲ့ တမီလ်စကားပြော
ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။

ဒီရုပ်ရှင်ထဲမှာ ဘရတ်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့လည်း
cameo ပါဝင်ထားပါသေးတယ်။
ဇာတ်လမ်းကတော့.. အူမာဆိုတဲ့ လက်ထောက်ဒါရိုက်တာလေးဟာ
တမီလ်ရုပ်ရှင်လောကမှာ နာမည်ရစပြုနေတဲ့ ဒါရိုက်တာအလောင်းလျာတစ်ယောက်ပါ။
သူကူညီရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားတချို့ဆိုရင် ပရိသတ်တွေက
ခုံတွေရိုက်ချိုးပစ်ပေါက်ကြတဲ့ထိ အားပေးကြပါတယ်။
အဲဒီလို အောင်မြင်မှုတွေရနေတဲ့ အူမာဟာ ကိုယ်တိုင်ဒါရိုက်တာဖြစ်မှ
မိန်းမယူမယ်လို့လည်း သံဒိဌာန်ချထားပါသေးတယ်။
ဒါပေမဲ့ လီယိုဆိုတဲ့ မိန်းမလှလေးတစ်ယောက် အူမာ့ဘဝထဲဝင်လာတဲ့အချိန်မှာတော့
အဲဒီသံဒိဌာန်တွေ ပျောက်ဆုံးပြီး အဖြစ်အပျက်မျိုးစုံ
ကြုံတွေ့ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ…။

Channel Link
https://t.me/+ycTlNb6wGE8yM2Q1

Movie Link
https://t.me/c/2445969356/29

AE Bollywood အညွန်းသီးသန့်📝

27 Jan, 08:46


Fateh (2025) ဇာတ်ကားသစ်
============

IMDb: 7.7/10
Genre: Crime/Thriller/Action
Language: Hindi

၂၀၂၅မှာ အိန္ဒိယအက်ရှင်ကောင်းတွေ စိတ်ဝင်စားလာဖို့ကောင်းလာတဲ့အတိုင်း အခုအက်ရှင်ကားကြီးကလည်း အလန်းကြီးဖြစ်ပါတယ်။

ဂန်းစတားဟောင်းကြီး ဖာတက်ရှ်က သူ့အရင်အတိတ်ကဘဝကို ချန်ထားခဲ့ပြီး ပွန်ဂျာ့မှာ ဘဝအသစ်စနေချိန်မှာ ရွာသူလေးတစ်ယောက်က ချေးငွေအက်ပ်တစ်ခုကြောင့်နဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းနဲ့ ပက်သက်မိသွားပါတယ်။

အဲ့လိုကနေ ရွာသူလေးကို လိုက်ရှာပြီးကယ်တင်ရာကနေ ဖာတက်ရှ်တစ်ယောက် ဒီဆိုက်ဘာရာဇဝတ်အသိုင်းအဝိုင်းတစ်ခုလုံးကိုပါ ဘယ်လိုလိုက်ရှာပြီး ဖြိုချပစ်ဖို့ လုပ်မလဲဆိုတာ ကြည့်ရှုရမယ့်ကားလေးဖြစ်တဲ့အပြင် ပစ်တာခတ်တာကအစ တကယ်ပီပင်လွန်းတဲ့အတွက် အစစ်လားလို့တောင်ထင်ရစေပြီး အရမ်းမိုက်တဲ့ ကားလေးဖြစ်တဲ့အတွက် စောင့်ကြည့်ပေးကြပါဦး

Channel Link
https://t.me/+4sQ2wkN8IYpmNjRl

Movie Link
https://t.me/c/2443651026/65

AE Bollywood အညွန်းသီးသန့်📝

25 Jan, 19:20


The Smile Man 2024 (အပြုံးလူသား အတွဲလိုက်လူသတ်မှု)

အပြုံးလူသား အတွဲလိုက်လူသတ်မှုဆိုတဲ့အတိုင်းပါပဲ နာမည်နဲ့လိုက်အောင်
လူသတ်သမားဟာ လူသတ်ပြီးတဲ့နောက်မှာ နစ်နာသူတွေရဲ့ ပါးစပ်ကို
အပြုံးမျက်နှာနဲ့တူအောင်လို့ ဓားနဲ့ဆွဲဖြဲပြီးထားခဲ့ပါတယ်

ဒီအမှုကို လိုက်နိုင်ခဲ့တဲ့ ရဲအရာရှိတွေကတော့ ချီဒမ်ဘရမ်နဲ့ ဗန်ကာတက်ရှ်တို့ပါပဲ။
ဗန်ကာတက်ရှ်တစ်ယောက် တရားခံကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး
ဖမ်းလိုက်နိုင်ပေမဲ့ တရားခံကို ဖမ်းပြီးတဲ့နောက်ပိုင်းမှာ ပျောက်သွားခဲ့ပါတယ်။
ဗန်ကာတက်ရှ် ဘာဖြစ်သွားလဲ ဘယ်ရောက်သွားလဲဆိုတာကို ဘယ်သူကမှ မသိခဲ့ပါဘူး။
ဒီလိုနဲ့ ၅နှစ်ကြာပြီးတဲ့နောက်မှာ ချီဒမ်ဘရမ်ဟာ မတော်တဆမှုကြောင့်နဲ့
အယ်လ်ဇိုင်းမားဝေဒနာကို ခံစားနေရကြောင်း သိလိုက်ရပါတယ်။
သူ့မှတ်ဉာဏ်တွေဟာ အများဆုံး ၁နှစ်သာခံတော့မှာဖြစ်ကြောင်း၊
ကောင်းကောင်းအနားမယူရင် ပိုဆိုးနိုင်ပြီး လပိုင်းအတွင်း
ဘာမှမှတ်မိမှာမဟုတ်တော့လို့ ဆရာဝန်က အနားယူပြီးနေဖို့ ပြောကြားခဲ့ပါတယ်။
ချီဒမ်ဘရမ်တစ်ယောက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်ခဲ့ပါတယ်။
ဒါ့အပြင် သူ တာဝန်ထမ်းဆောင်စဉ်က တွေ့ခဲ့တဲ့ လူသတ်သမားတွေအကြောင်း
ရေးထားတဲ့ စာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။
ဒီစာအုပ်ထဲမှာ ထူးထူးခြားခြား အပြုံးလူသားလူသတ်မှုရဲ့
နောက်ဆုံးအခန်းဟာ အဆုံးထိ မပြီးဘဲ အလွတ်ဖြစ်နေပါတယ်။
ချီဒမ်ဘရမ်ရဲ့ စာအုပ်ထုပ်ဝေပြီး ၁ပတ်အကြာမှာပဲ
အပြုံးလူသားလူသတ်မှုနဲ့ ပုံစံဆင်တူတဲ့ လူသတ်မှုတစ်ခုဖြစ်လာပါတော့တယ်။
ကိုးကားမှုတွေ ယူနိုင်ဖို့ ဒီအမှုကို ကိုင်တွယ်နေတဲ့ ဗန်ကာတက်ရှ်ရဲ့
သားဖြစ်သူ အာရဗင်ဟာ ချီဒမ်ဘရမ်ကို
ဒီအမှုထဲ ပြန်လည်ဝင်ရောက်စေခဲ့တဲ့အခါမှာတော့ ……….
လွန်ခဲ့တဲ့ ၅နှစ်က ဗန်ကာတက်ရှ် ပစ်သတ်လိုက်တဲ့
တရားခံဟာ အပြုံးလူသား လူသတ်မှုတရားခံအစစ်ဟုတ်ရဲ့လား ……..
ဗန်ကာတက်ရှ်ရဲ့ ပျောက်ဆုံးမှု နောက်ကွယ်က အမှန်တရားကရော ဘာဖြစ်မလဲ …….
အယ်လ်ဇိုင်းမားရောဂါသည် ချီဒမ်ဘရမ်တစ်ယောက်ကရော
အမှုကိစ္စတွေကို ဘယ်လိုဝင်ရောက်ကူညီမလဲ …….
ဆိုတာတွေကို ကြည့်ရှုရမဲ့ မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

25 Jan, 19:11


Thiru.Manickam (2024) “ကံဇာတ်ဆရာ အလိုကျ”

ဘ၀ဆိုတာ ဘယ်တော့မှ ထင်သလိုဖြစ်မလာတတ်ပါဘူး။
ဖြစ်ချင်တာ အမြဲဖြစ်မလာတတ်သလို မဖြစ်ချင်တာတွေ
ဖြစ်တတ်တာလည်း လောကသဘာ၀လို့ ဆိုရမလားပါပဲ။

အဲဒီဘ၀အခြေအနေကပဲ လူကောင်းကို လူဆိုး၊
လူဆိုးကို လူကောင်း ဖြစ်သွားစေတဲ့အဖြစ်တွေဟာလည်း ဒုနဲ့ဒေပါ။
အခုမိတ်ဆက်ပေးမဲ့ ဇာတ်လမ်းကလည်း
အဲဒီလို ဘ၀အရှုပ်အထွေးတွေကို အထင်အရှား ရိုက်ပြထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ “My family” အက်ဆေးရေးခိုင်းရာကနေ
မာနစ်ကမ်တို့ မိသားစုဘ၀လေးကို
ချစ်စရာကောင်းအောင် ပုံဖော်ပြသွားပါတယ်။
မာနစ်ကမ်ဟာ ရိုးသားဖြောင့်မတ်ပြီး ဖော်ရွေတာကြောင့် လူချစ်လူခင်ပေါသူပါ။
ထီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီး ဇနီးရယ်၊ သမီးလေးနှစ်ယောက်ရယ်၊
ဆွေမျိုးတချို့ရယ်နဲ့ အတူ ပျော်ပျော်ပါးပါးနေထိုင်ပါတယ်။
မချမ်းသာပေမဲ့ ‌အေးချမ်းပြီး ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပေါ့။
ဒါပေမဲ့ တစ်နေ့မှာတော့ အေးချမ်းတဲ့ဘ၀ကို လိုလားပုံမရတဲ့ ကံဇာတ်ဆရာက
မာနစ်ကမ်တို့မိသားစုဘ၀ကို လှိုင်းဂယက်ထသွားအောင် ပြောင်းလဲပစ်လိုက်ပါတယ်။
အေးချမ်းတဲ့နောက်ကွယ်မှာ အခက်အခဲတချို့နဲ့ ငွေကြေးမပြေလည်မှုတွေရှိနေတဲ့
မာနစ်ကမ်တို့မိသားစုလေးကို ကံကြမ္မာက ဘယ်လိုကျီစယ်လဲ၊
ဘ၀အခြေအနေက လူတွေဘယ်လိုပြောင်းလဲသွားစေမလဲ
ဆိုတာကို ဘ၀ရသစုံလင်စွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဒရာမာသက်သက်မဟုတ်ဘဲ မှုခင်းနဲ့ thriller ကိုပါ
ပေါင်းစပ်ထားတာမို့ Bollywood ပရိသတ်အတော်များများလည်း
အကြိုက်တွေ့ကြမှာပါ။

AE Bollywood အညွန်းသီးသန့်📝

25 Jan, 19:08


Sweet Dreams (2025) “အိပ်မက်ချစ်သူ”

အိပ်မက်တစ်ခုတည်းကိုပဲ ညစဉ်ရက်ဆက်မက်နေတဲ့ လူနှစ်ယောက်။
နှစ်ဦးသား ကော်ဖီဆိုင်လေးမှာ ချစ်ကြည်နူးနေခဲ့ကြတဲ့ အိပ်မက်တစ်ခု။
ဒါပေမဲ့ ကော်ဖီခွက်ကျကွဲသွားတဲ့နေရာမှာပဲ အိပ်မက်ကနေ နှစ်ယောက်လုံး နိုးလာနေကျ။
ထူးဆန်းတာက သူတို့နှစ်ယောက် အပြင်မှာတစ်ခါမှ မဆုံတွေ့ဖူးခဲ့ကြပါဘူး။

ကောင်လေးနာမည်က ကန်နီ။ စွန့်ပစ်ပစ္စည်းတွေကို အနုပညာဆန်ဆန် ပြန်ပြီးဖန်တီးတဲ့
အနုပညာရှင်တစ်ယောက်။ ချစ်သူနဲ့ လမ်းခွဲထားတဲ့သူ။
ကောင်မလေးက ဒီယာ။ စာရေးဆရာမတစ်ဖြစ်လဲ
အဆိုတော်မလေးတစ်ယောက်။ နှစ်နှစ်သက်တမ်းကြာတဲ့
ချစ်သူတစ်ယောက်ရှိပြီး သိပ်အဆင်ပြေမနေတဲ့ဆက်ဆံရေး။
ဆိုတော့ အပြင်မှာမမြင်ဖူးဘဲ အိပ်မက်ထဲမှာ ခဏခဏကြည်နူးနေကြတဲ့ သူတို့နှစ်ယောက်
အပြင်မှာဆုံတွေ့နိုင်ကြမှာလား။ အိပ်မက်ထဲကလိုပဲ ကြည်နူးတဲ့အခိုက်အတန့်တွေနဲ့ ပျော်ရွှင်စွာ
ပေါင်းဖက်သွားကြလေသတည်းဖြစ်မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။

AE Bollywood အညွန်းသီးသန့်📝

25 Jan, 18:59


Hisaab Barabar (2025) ”အကြွေ”
=========================
Vikram Vedha တို့ 3 idiots တို့လို ရုပ်ရှင်ကောင်းတွေမှာပါဝင်ခဲ့ပြီး
ရိုက်သမျှထဲမှာ မကောင်းတဲ့ကား မရှိသလောက်ကိုရှားတဲ့
မင်းသားကြီး မာဒေဗန်းရဲ့ အသစ်ထွက်ထားတဲ့
ရုပ်ရှင်ကောင်းနောက်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။

ဒီရုပ်ရှင်ဟာဆိုရင် လက်တွေ့မှာလည်း အများကြီးတွေ့နေရတဲ့
ဘဏ်တွေရဲ့ ရိုက်စားကွက်တွေကို ပညာသားပါပါ တင်ဆက်ပြထားတာပါ။
၅၀ တန်သကြားလုံးနဲ့ လဲယူလိုက်ရတဲ့ ၁၀၀ တန် အမ်းငွေ၊
ဘဏ်စာရင်းတွေထဲမှာ အစပျောက်သွားတတ်တဲ့ ကျပ်စွန်း ပြားစွန်း၊
စပါယ်ရှယ်အကောင့်ဖွင့်လိုက်လို့ ဘယ်တော့မှ ပြန်ထုတ်မရတော့တဲ့ ပိုက်ဆံ ၁၀၀၀၀၊
အဲဒီလို အစွန်းထွက်ငွေတွေကို ပမာဏနည်းနည်းလေးပါဆိုပြီး
ဘယ်သူကမှ အရေးတယူမလုပ်ကြပါဘူး။
ဒါပေမဲ့ အဲဒီိိလို ၁၀၀၀၀ တွေ အများကြီးပေါင်းသွားရင်၊
ကျပ်စွန်းပြားစွန်းလေးတွေ အဆပေါင်းများစွာပေါင်းသွားရင်
လူတစ်ယောက်ကို ဘဝပြောင်းစေနိုင်လောက်တဲ့ ပမာဏဖြစ်လာပါတယ်။
ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရာဒီကတော့ စတိုးဆိုင်မှာ သကြားလုံးအကြွေ
ပြန်အမ်းတာကအစ ဘဏ်စာရင်း ပြားစွန်းထွက်တာအထိကို
စာရင်းတွက်တတ်တဲ့ အင်မတန်တိကျတဲ့သူပါ။
၁၀ တန် ဆယ်ရွက်ပေါင်းရင် ၁၀၀ ဖြစ်တာသိတဲ့ ရာဒေးဟာ အဲဒီလို
ကျပ်စွန်းပြားစွန်းတွေဖြတ်ပြီး လူညွန့်ခူးစားနေတဲ့ ဘဏ်သူဌေးနဲ့ ထိပ်တိုက်တွေ့ပြီး
နောက်ကွယ်က scam တွေကို ဖော်ထုတ်ဖို့ကြိုးစားရာကနေ
နောက်ဆက်တွဲတွေကြုံတွေ့ရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

AE Bollywood အညွန်းသီးသန့်📝

24 Jan, 18:30


Fear (2024) အကြောက်တရား

ယခုတစ်ခါမှာတော့ တေလ်ဂူ psychological thriller
ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။

ဆိုက်ကိုဆန်ဆန် ထိတ်လန့်မှုတွေနဲ့ ဇာတ်လမ်းလေးက
ဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦး။
ဆင်ဒူဆိုတဲ့ကောင်မလေးတစ်ယောက် သူကတော့ စိတ်ပိုင်းဆိုင်ရာ
ခံစားချက်တွေများနေပြီး ဘယ်အရာမဆို ကြောက်တတ်တဲ့ကောင်မလေးပေါ့။
မိသားစုကလည်း အလိုလိုက်ထားခဲ့ပြီးတော့ အကုန် အရိပ်တစ်ကြည့်ကြည့်နဲ့
ကြည့်နေပေးရသူတစ်ယောက်ပေါ့။ဆင်ဒူမှာ ဘင်ဒူဆိုတဲ့
သူငယ်ချင်းလည်းရှိခဲ့ပြီးတော့ ငယ်ငယ်လေးကတည်းက
ပေါင်းလာခဲ့ကြတဲ့ သူငယ်ချင်းအရင်းကြီးတွေပါ။
အထီးကျန်ဆန်တဲ့ ဆင်ဒူရဲ့ ဘဝထဲကို ဆန်ပတ်ဆိုတဲ့ကောင်လေး
ရောက်လာတဲ့အခါမှာတာ့ သူတို့တွေ အရမ်းကို ချစ်ကြတဲ့
ချစ်သူတွေ ဖြစ်လာခဲ့ပါတော့တယ်။
ဒီလိုနဲ့ တစ်ရက်မှာ ဆန်ပတ်ဟာ အလုပ်ကိစ္စနဲ့ တစ်ပတ်လောက်
ခရီးထွက်ဖို့ ဖြစ်လာခဲ့ပြီး သွားမယ့်နေရာကလည်း
လိုင်းမမိတဲ့နေရာဖြစ်နေတဲ့အခါမှာတော့ ………
နဂိုကတည်းက အတွေးများပြီး ကြောက်တတ်တဲ့ ဆင်ဒူတစ်ယောက်
ဆန်ပတ်ကို ဆက်သွယ်လို့မရတဲ့အတွက် ဘယ်လိုအတွေးတွေများပြီး
ဆိုက်ကိုတွေ ဖောက်လာမလဲ ….
ဒီရူးသွပ်မှုတွေကနေ သူ့အတိတ်ဘဝက အမှန်တရားတွေရဲ့လက်ကနေ
ဘယ်လို လွတ်မြောက်အောင် ကြိုးစားသွားမလဲ ……
ဆိုတာတွေကို ရှုစားရမှာဖြစ်ပါတယ်။ တကယ့် ဖြစ်ရပ်မှန်ပေါ်
အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဇာတ်ကားလေးဖြစ်လို့
အထိတ်တလန့် ဇာတ်ကွက်တွေနဲ့ အတူတူ လိုက်ပါစီးမြောခံစားကြည့်လိုက်ကြပါဦး။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

24 Jan, 18:27


Ek Anchaahi Jalan (2025) “လောင်မြိုက်ခြင်းအပိုင်းအစ

နာမည်ကြီးမဟုတ်ပေမဲ့ ညှိအားခပ်ပြင်းပြင်းနဲ့
တောင့်တင်းဖြောင့်ဝင်းနေတဲ့
မင်းသမီးချော ရီဗာချောင်ဒရီ အထူးသရုပ်ဆောင်ထားပါတယ်။

ရီတီကာဆိုတဲ့ကောင်မလေးက ငယ်ငယ်ကတည်းက ဖခင်မရှိတော့ဘဲ
အမေဖြစ်သူစောင့်ရှောက်မှုအောက်ပဲ ကြီးပြင်းလာခဲ့သူ။
အချိန်တန်အရွယ်ရောက်လာတော့ မိဘသဘောတူတဲ့သူကို ရွေးချယ်လက်ထပ်ခဲ့တယ်။
မိဘသဘောတူလိုယူကြတာဆိုပေမဲ့ အိမ်ထောင်ဘက်ဖြစ်သူ
အာကာ့ရှ်က ရီတီကာ့ပေါ်မှာ အရိပ်တကြည့်ကြည့်နဲ့ ချစ်ပေးတဲ့သူမျိုးပေါ့။
အာကာ့ရှ်ရဲ့ ဂရုစိုက်မှု အလေးထားမှုတွေက ရီတီကာ့အတွက်တော့
စိတ်ရှုပ်စရာလိုမျိုးဖြစ်နေတတ်ပြန်ရော။ တစ်နေ့တော့
ရီတီကာ့သူငယ်ချင်း အစ်ရှာနီတစ်ယောက် ရီတီကာတိုအိမ်ကိုလာနေတဲ့အချိန်မှာတော့…။
🔞ချစ်ခန်းနမ်းခန်းတွေကြမ်းတာမို အသက်မပြည့်သေးသူများ လက်ရှောင်ကြပါ။🔞

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)#

AE Bollywood အညွန်းသီးသန့်📝

24 Jan, 18:16


Razakar: The Silent Genocide of Hyderabad (2024) လွတ်မြောက်မှုဘယ်ဆီ

ဒီတစ်ခါမှာတော့ သမိုင်းရာဇဝင်ကြိုက်နှစ်သက်သူ
ပရိတ်သတ်တို့အတွက် သမိုင်းကြောင်းနောက်ခံ
အက်ရှင်ဒရမ်မာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ငွေဟာဒုတိယဘုရားသခင်လို့ ပြောကြတဲ့အတိုင်း
သာမန်လူတွေဟာ ငွေကိုတပ်မက်ကြသလို နိုင်ငံတွေအနေနဲ့လည်း
အရာအားလုံးရယူနိုင်ပါတယ်ဆိုတဲ့
လက်နက်အာဏာကို တပ်မက်ကြပြန်ပါတယ်။
၁၉၄၇ ဩဂုတ် ၁၅ မှာအိန္ဒိယဟာ လွတ်လပ်‌ရေးရခဲ့ပေမဲ့
ဟိုင်ဒရာဘတ်ပြည်နယ်မှာတော့ မတည်ငြိမ်မှုတွေရှိနေဆဲပါ။
နိုင်ငံရဲ့တခြားနေရာတွေက လွတ်လပ်ရေးပွဲဆင်နွှဲနေကြပေမဲ့
ဗြိတိန်ဟိုင်ဒရာဘတ်ပြည်နယ်ကတော့
နီဇမ်တွေရဲ့ထိန်းချုပ်မှုအောက်ကျရောက်နေသလို
ဟင်ဒူတွေကလည်း ရာဇာကာတွေရဲ့ဖိနှိပ်မှုကိုခံနေကြရတုန်းပါ။
ဟင်ဒူတွေရဲ့အိန္ဒိယကိုနန်းတက်ဖို့ဆန္ဒကို ဆန့်ကျင်ဖို့၊ နီဇမ်တွေ
မူဆလင်ထိန်းချုပ်မှုအောက် ကျရောက်ဖို့ အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့
ဖွဲ့စည်းထားတဲ့ရာဇာကာတွေရဲ့ အကြင်နာမဲ့မှု၊ သူတို့ကိုဆန့်ကျင်တဲ့
သူရဲကောင်းတွေရဲ့ ရဲရင့်မှုတွေကို ရင်သပ်ရှုမော ခံစားကြည့်ရှုကြရအောင်ပါ။

အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

24 Jan, 09:17


Barroz (2024) “ရတနာသိုက်စောင့် သရဲကြီး ဘာရိုဇ်”

ပုံပြင်ဆန်ဆန်နဲ့ စိတ်၀င်စားစရာကြည့်ရမဲ့
မလေယာလမ်စကားပြော အိန္ဒိယရုပ်ရှင်တစ်ပုဒ်နဲ့
မိတ်ဆက်ပေးချင်ပါတယ်။

ငယ်ဘ၀က က‌လေးဘ၀ပုံပြင်တွေထဲမှာ ဘာရိုဇ်ဆိုတဲ့
ရတနာသိုက်စောင့်သရဲကြီးအကြောင်း
တချို့လည်း ကြားဖူးကြမယ်ထင်ပါတယ်။
သူဟာ အရှင်ဒဂါးမားရဲ့ ရတနာသိုက်ကို စောင့်ပေးနေရတဲ့
အိန္ဒိယရောက် သစ္စာရှိ ပေါ်တူဂီသရဲကြီးပါ။
ဘာရိုဇ်ဟာ ကျမ်းဂန်အလိုအတိုင်း
ရတနာသိုက်ကိုစောင့်ရှောက်ရင်း
အမွေဆက်ခံမဲ့သူကို စောင့်နေခဲ့တာပါ။
လက်ရှိ ဒီဘက်ခေတ်မှာတော့ အိန္ဒိယနိုင်ငံ ဂိုအာမှာ
လေလံပွဲကြီးတစ်ခု ကျင်းပနေပါတယ်။
ဂိုအာမှာလည်း ကာစီနိုမဖွင့်ရေးအတွက် ဆန္ဒပြနေသူတွေကတစ်မျိုး၊
လေလံပွဲအတွက် နိုင်ငံတကာကရောက်နေတဲ့ လုပ်ငန်းရှင်တွေကတစ်ဖုံနဲ့
စည်ကားလို့နေပါတယ်။
အဲဒီလေလံပွဲကို လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ရွန်နဲ့
သူ့ရဲ့မိတဆိုးသမီးလေးအီဆာတို့လည်း ရောက်ရှိလာပါတယ်။
အီဆာဟာ ပြောမရဆိုမရ ဂျစ်တိုက်တတ်တဲ့
ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပါ။
အဲဒီကို အီဆာရောက်လာတာနဲ့အတူ
ရတနာသိုက်မှာလည်း ထူးခြားမှုတွေဖြစ်ပေါ်လာပါတော့တယ်။
ဒီလိုနဲ့ ဂျစ်တူးမလေးအီဆာတစ်ယောက် ရောက်ရာနေရာမှာ ဘယ်လိုတွေမွှေဦးမလဲ၊
ရတနာသိုက်နဲ့အီဆာတို့ ဘယ်လိုပတ်သက်နေမလဲ၊ အီဆာနဲ့ ဘာရိုဇ်တွေ့ကြတဲ့အခါ
ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး…။

(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~KKKZ~V~Star ဖြစ်ပါတယ်။)

AE Bollywood အညွန်းသီးသန့်📝

23 Jan, 17:25


Snowman (2024) mmsub
IMDb Rating (3.4)
 
မိမိတို့ငယ်ဘ၀မှာကြုံတွေ့ခဲ့ရတဲ့အရာတွေဟာ လူသားတစ်ယောက်ဘယ်လိုရှင်သန်ရပ်တည်မလဲဆိုတာကို ပုံသွင်းပေးနိုင်တယ်ဆိုတာကို ယုံပါသလား။
ငယ်စဉ်ကတည်းက ကိုယ့်ရှေ့မှာတင် အမေဖြစ်သူကိုရက်ရက်စက်စက်ရိုက်နှက် ၊ ကိုယ့်ကိုလည်း နေ့စဉ်နေ့တိုင်းအပြစ်လွတ်တယ်မရှိအောင် ဆူပူကျိန်းမောင်းတတ်တဲ့ဖခင်ဆိုးကိုရထားတဲ့ကလေးတစ်ယောက်ဆိုရင်ရော ပုံမှန်လူတစ်ယောက်လိုကြီးပြင်းလာနိုင်ပါမလား။
နှင်းတောကြီးထဲမှာ လူတွေတစ်‌ယောက်ပြီးတစ်ယောက်လိုက်သတ်နေတဲ့နှင်းလူသားလို့ခေါ်ကြတဲ့စိတ္တဇလူသတ်သမားတစ်ယောက်ရှိတယ်။
သူ့ကိုတစ်နေ့ကျ ကနေဒါရဲတွေကဖမ်းမိလိုက်တယ်။ ဒါပေမယ့် ထိုသူကရောနှင်းလူသားအစစ်ဟုတ်ပါရဲ့လား။
နှင်းလူသားဆီမှာအသတ်ခံလိုက်ရသူတစ်ယောက်ရဲ့ဇနီးဖြစ်သူကရော ပြစ်ဒဏ်ချမှတ်ချက်ကိုပေါ့လျော့ပေးတတ်တဲ့ကနေဒါနိုင်ငံဥပဒေကိုမမျှော်ကိုးတော့ပဲ ခင်ပွန်းဖြစ်သူအတွက်ဘယ်လိုလက်စားချေသွားမလဲ ဒါတွေကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
အချိန်ပေးရတန်တဲ့ကားတစ်ကားဟုတ်သလားဆိုတာ‌တော့ ပရိသတ်ကြီးကိုယ်တိုင်သာစောင့်ကြည့်လိုက်ပါ။

AE Bollywood အညွန်းသီးသန့်📝

22 Jan, 18:14


Kadha Innuvare (2024) “အချစ်နောက်လိုက်ခြင်း”

ရိုးရိုးစင်းစင်း မလေယာလမ် ဇာတ်လမ်းတစ်ပုဒ်ကို
ပရိသတ်တို့ ရင်အေးစေဖို့ တင်ဆက်လိုက်ပါတယ်
ဒီဇာတ်လမ်းမှာဆိုရင် မတူညီတဲ့ အချစ်ဇာတ်လမ်းလေးပုဒ်ကို
စတိုင်တစ်မျိုးနဲ့ တင်ဆက်ထားတာကို ကြည့်ရမှာပါရာမာချန်ဒရန်က သက်လတ်ပိုင်း ရုံးလုလင်တစ်ယောက်ဖြစ်ပြီး
တစ်သက်လုံးလူပျိုလုပ်လာခဲ့ပြီးမှ ရုံးကိုအသစ်ရောက်လာတဲ့
အထက်အရာရှိအမျိုးသမီးကို ချစ်မိသွားတဲ့လူဂျိုးဆပ်ဆိုတာက နိုင်ငံရေးသမားတစ်ယောက်ရဲ့ တပည့်ဖြစ်သူ၊
အကြမ်းနည်းသုံးပြီး ပြဿနာတစ်ခုကို ဖြေရှင်းရင်း
ဆတ်ဆတ်ကြဲရန်တွေ့တတ်တဲ့ ကျောင်းသူတစ်ယောက်နဲ့ ငြိသွားခဲ့တယ်
နောက်ပြီး ဆင်းရဲတဲ့ကျောင်းသားလေးတစ်ယောက်က
သူ့ထက်သာတဲ့ ကျောင်းသူကောင်မလေးရဲ့ အချစ်ကို ရဖို့ကြိုးစားပုံနဲ့
အရက်ဆိုင်မှာအလုပ်လုပ်ပြီး ရွှေကြာမလေးတစ်ယောက်ကိုမှ
သဘောကျသွားတဲ့ ရိုးသားတဲ့ဖိုးသခွားလေးတို့ရဲ့
အချစ်ဇာတ်လမ်းလေးပုဒ်ကို ခံစားကြည့်ရှုပေးပါဦး

AE Bollywood အညွန်းသီးသန့်📝

21 Jan, 16:57


Once Upon A Time in Madras (2024) mmsub
===========================

ဒီတစ်ခေါက်မှာတော့ B-town ပရိသတ်တွေအတွက် once upon a time in Madras ဆိုတဲ့ ဒရမ်မာကားလေးနဲ့မိတ်ဆက်ပေးပါမယ်။

ရာဇဝတ်ကောင်တစ်ယောက် လွှင့်ပစ်လိုက်ရင် သေနတ်ကနေအစပြုပြီး သံသရာလည်သွားတဲ့ဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကကာရိုက်တာ ၄ယောက်ပါပါတယ်။

ပထမတစ်ယောက်က ဂေးနေတဲ့ခင်ပွန်းသည်နဲ့ လက်ထပ်ထားရတဲ့ဇနီးတစ်ယောက်ပါ။ ဒုတိယကတော့ အမျိုးဇာတ်မတူတဲ့ချစ်သူကိုပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ပါ။ တတိယက မိန်းမလျာဖြစ်နေတဲ့သားတစ်ယောက်ကို ဆရာဝန်ဖြစ်စေချင်တဲ့ အကြွေးတွေဝိုင်းနေတဲ့အမေပါ။ နောက်ဆုံးတစ်ယောက်ကတော့ ကျောက်ကပ်ရောဂါသည်ဇနီးကို ကျောက်ကပ်အစားထိုးကုသပေးချင်နေတဲ့ ခင်ပွန်းသည်တစ်ယောက်ပါ။

ဒီဇာတ်လမ်း ၄ခုဟာ ဘယ်လိုတွေဆက်စပ်ပြီး ဘာတွေဖြစ်သွားမလဲဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

20 Jan, 16:34


Alangu (2024) မျှော်လင့်ချက်နဲ့ အသက်ဆက်

သည်းထိတ်ရင်ဖိုနှစ်ခြိုက်တဲ့ ပရိတ်သတ်‌တွေနဲ့ ခွေး‌ လေးတွေချစ်တတ်သူတွေ၊
တောတောင်ရေမြေရှုခင်း သဘောကျသူတွေ အကြိုက်တွေ့မယ့်
ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ

“လူတွေနဲ့တိရိစ္ဆာန်လေး‌တွေ အတူယှဉ်တွဲနေထိုင်နေကြတဲ့ ဒီ‌လောကကြီးမှာ
အားလုံးကရှင်သန်နေထိုင်ဖို့ ရုန်းကန်နေကြရသူချည်းပါပဲ။
ဘာဖြစ်ဖြစ် အသက်သာဆက်ရှင်နေပါ၊ လက်မလျှော့ပါနဲ့၊
ကျန်တာကိုသစ်တောတွေနဲ့တောတောင်တွေက ဂရုစိုက်ပေးပါလိမ့်မယ်တဲ့”
ဒါမာဆိုတဲ့ တမီးလ်မျိုးနွယ်စုတစ်ခုကကောင်လေးက သူ့ခွေးလေးကာလီကို
အားပေးနှစ်သိမ့်တဲ့စကားလေးနဲ့အစပျိုးထားပါတယ်။
ဒါမာနဲ့သူ့ခွေးလေးတို့ တွေ့ဆုံဖြစ်ကြပုံက ဒီလိုပါ။
ဒါမာတို့ကို အထုပ်လေးတစ်ထုပ်ပစ်ခိုင်းလို့ သွားပစ်ရာက
ရောဂါပိုးကူးခံထားရလို့ စွန့်ပစ်ခံရတဲ့ခွေးလေးဖြစ်နေပြီး
အသက်ရှင်နေသေးတာကို တွေ့သွားပါတယ်။
ဒါနဲ့သူလည်းခွေးလေးကို တောထဲလွှတ်ပေးလိုက်ပေမဲ့
ခွေးလေးက ဒါမာအိမ်ပြန်တဲ့လမ်းထိ လိုက်ပါလာလေရဲ့။
အဲဒီလိုနဲ့သူလည်း‌ခွေးလေးကိုမွေးဖြစ်သွားပြီး ကာလီလို့နာမည်ပေးခဲ့ပါတယ်။
ဒါမာတို့မျိုးနွယ်စုဟာ အနည်းငယ်သောလူနည်းစုလေး‌ပေါ့။
သူတို့နေထိုင်ရာနေရာလေးဟာ ဆေးရုံမရှိ၊ လမ်းမရှိမို့ အားလုံးက
ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့ကုန်ကြပေမဲ့
ဒါမာတို့မိသားစု ၇ခု၈ခုကပဲ ကျန်ရစ်နေခဲ့ပါတယ်။
သူတို့ဟာရိုးရာအရ နှစ်တိုင်း တောင်ထိပ်တက်ပြီး ပူဇော်မှုတွေ ပြုလုပ်‌နေကျပါ။
အဲဒီအခါ နယ်စပ်လေးကိုဖြတ်သွားရချိန် နယ်စပ်အစောင့်တွေရဲ့ ခေါင်းပုံဖြတ်မှု၊
ရက်စက်မှုတွေကို ကြုံတွေ့ရတာ ထုံးစံလိုဖြစ်နေရာက ပိုဆိုးလာပါပြီ။
တစ်နေ့သူ့အမေရဲ့ဆန္ဒ‌ကြောင့် သူငယ်ချင်းတွေရယ် ခွေးလေးကာလီရယ်နဲ့အတူ
တစ်နေရာသွားဖို့ဖြစ်လာပါတော့တယ်။ သူတို့မျိုးနွယ်စုကို ဘယ်လိုဆက်လက်ထိန်းသိမ်းမလဲ၊
နယ်စပ်ကြားနိုင်ငံရေးပြဿနာအစစ်အမှန်တွေဆိုတာ ဘယ်လိုလဲ၊ ဒါမာနဲ့ခွေးလေးကာလီတို့ကရော
ဘယ်လိုရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ။

အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

19 Jan, 15:46


Pani (2024) သရီဆူမှ ဂိုဏ်းခေါင်ဆောင်ကြီးဂီရိ

သရုပ်ဆောင် ပရိုဂျူဆာကြီး Joju George ကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်ကူးထားရုံမက သူကိုယ်တိုင်ပါပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဂီရိလိုခေါ်တဲ့ သရီဆူက နာမည်ကြီးဂိုဏ်းတစ်ခုက ဂိုဏ်းခေါင်းဆောင်ကြီးတစ်ယောက်၊လက်အောက်ငယ်သားတွေအပေါ်မှာ သေချာဂရုစိုက်ပေးတတ်တဲ့ခေါင်းဆောင်ကြီးဆိုလည်း မမှားပါဘူး။သူ့မှာ ဇနီးချောလေးတစ်ယောက်လည်းရှိပါသေးတယ်။ဒီအချိန်မှာ ရဲဌာနဘက်ကနေ သရီဆူမှာရှိတဲ့ ဂိုဏ်းတွေကိုဖြိုဖျက်ဖိုအတွက် လုပ်ဆောင်ဖို အမိန့်တွေ ကျလာပါတော့တယ်။တိုက်တိုက်ဆိုင်ဆိုင် ဒီလိုအချိန်မှာပဲ ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာအလုပ်လုပ်တဲ့ ဒွန်ဆိုတဲ့ ကောင်လေးနဲ့ သူ့သူငယ်ချင်းဟာလစာရတာနည်းတဲ့အတွက်နဲ့ အလုပ်ကထွက်လာပြီးအလုပ်သစ်ရှာဖို ထွက်လာပါတော့တယ်။ဂျိုရှီဆိုတဲ့သူကတော့ ဂီရိတိုနဲ့ အပြိုင် လူဆိုးဂိုဏ်းတစ်ခုဆိုပေမယ့်ဂီရိနဲ့မတူညီတာကတော့ သူက မြေတွေကို အာဏာသုံးပြီးအလကားနီးပါးလိုက်လံသိမ်းဆည်းနေတာ ဖြစ်ပါတယ်။အဲဒီမှာ ဆူရက်ရှ်ဆိုတဲ့သူရဲ့ မြေကို အလကားနီးပါးလိုချင်ရာကနေဆူရက်ရှ်က ဂီရိကို အားကိုးတိုင်ပင်ဖို လုပ်တဲ့အချိန်အလုပ်သစ်ရှာဖိုထွက်လာခဲ့တဲ့ လူမိုက်လက်သစ်လေးဒွန်တိုကို ဆူရက်ရှ်အား သတ်ခိုင်းလိုက်ပါတော့တယ်။ဒီလူသတ်မှုကနေ စတင်ပြီးတော့ သရီဆူမြိုကြီးလှုပ်ခတ်သွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုဆက်လက်ရှုစားပေးကြပါဦး………

AE Bollywood အညွန်းသီးသန့်📝

18 Jan, 18:41


Yaariyan 2 (2024)
================

ဒီကားလေးကတော့ အချစ်နဲ့ သံယောဇဉ်ကို ရိုက်ပြထားတဲ့
ရိုမန့်ဇာတ်ကားလေးပဲဖြစ်ပါတယ်
လာဒီ, ရှီကာ, ဘက်ဂျူတို့သုံးဦးဟာ အရမ်းချစ်ကြတဲ့သူတွေဖြစ်ပါတယ်
တစ်နေ့ လာဒီတစ်ယောက် လက်ထပ်ခဲ့ပေမယ့် သူတို့ရဲ့ခင်ပွန်းဖြစ်သူက
အရင်ကောင်မလေးကို မမေ့နိုင်ဖြစ်နေခဲ့ပါတယ်
ဒါကို လာဒီ သိသွားတော့ ဘယ်လိုဖြေရှင်းသွားမလဲ.....
ဘက်ဂျူဟာလည်း ကောင်မလေးတွေ့သွားပေမယ့်
သူ့ကိုသစ္စာဖောက်ခဲ့မှန်း သိသွားခဲ့ပါတယ်.....
နောက်ဆုံးရှီကာကတော့ အချစ်နဲ့ ဝါသနာအကြား
ဘယ်တစ်ခုကိုရွေးချယ်သွားမလဲ.....
သူတို့သုံးယောက် အချစ်ကို ဘယ်လိုမျိုးရှာတွေ့သွားကြမလဲ
စစ်မှန်တဲ့ချစ်ခြင်းကိုရော နောက်ဆုံးမှာရှာတွေ့သွားကြမှာလားဆိုတာ
ကြည့်ရှုရမှာဖြစ်ပါတယ်...

AE Bollywood အညွန်းသီးသန့်📝

18 Jan, 18:13


100 Crores (2024) “ကုဋေ ၁၀၀ ရှာပုံတော်” ဇာတ်ကားသစ်

ရိုးရိုးအချစ်ကားတွေချည်း ကြည့်ရတာငြီးငွေ့နေတဲ့ပရိသတ်ကြီးအတွက် ရသတစ်မျိုးပေးစွမ်းမဲ့မှုခင်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးပါရစေ။

မှုခင်းဇာတ်လမ်းဆိုပေမဲ့ ဇာတ်ကောင်စရိုက်စုံစုံလင်လင်နဲ့
twist အမျိုးမျိုးကို ပေါ့ပေါ့ပါးပါး ကြည့်ကြရမှာပါ။ဇာတ်လမ်းအစမှာတော့ ဆိုင်ကယ်ပြင်ဆိုင်က စက်ပြင်ဆရာလေးရယ်၊
သူ့ချစ်သူရယ်၊ အခွန်ရှောင်တဲ့ သူဌေးကြီးရယ်၊ သူ့ရဲ့စမောလေးရယ်၊
သူဌေးကြီးရဲ့၀န်ထမ်းရယ်နဲ့ ရဲတစ်စုရဲ့နေ့စဉ်ဘ၀နဲ့
အဖြစ်အပျက်တွေကို ခပ်ရိုးရိုးပဲ ပုံဖော်ထားပါတယ်။တစ်နေ့မှာတော့ စမောလေးနဲ့ပျော်ပါးနေတဲ့ သူဌေးကြီးဟာ
သူ့အိမ်ကို အခွန်ဌာနက ရှောင်တခင်၀င်စစ်မဲ့သတင်းကြောင့်
ဖွက်ထားတဲ့ပိုက်ဆံတွေကို အိတ်တွေနဲ့ထုပ်ပိုးပြီး အိမ်ပေါ်ကနေ
အိမ်နောက်ဖက်ကို ပစ်ချထားလိုက်ပါတယ်။ လာစစ်တဲ့သူတွေ
ပြန်သွားတဲ့နောက် သူ့ပိုက်ဆံထုပ်တွေလည်း
ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တာကြောင့် သူဌေးကြီးလည်း
ရှော့ခ်ရပြီး သေဆုံးသွားခဲ့ပါတယ်။
အဲဒီအခါ ကုဋေချီတဲ့ပိုက်ဆံတွေကို ရှာဖွေဖို့အတွက် ရဲတွေရော
လောဘသားကောင်တွေပါ အလုပ်များကုန်ပါတော့တယ်။
အဲဒီပိုက်ဆံတွေ ဘယ်လိုပျောက်ဆုံးသွားတာလဲ၊
ဘယ်သူတွေက ဘယ်လိုလှည့်ကွက်တွေ သုံးနေတာလဲဆိုတာ....

AE Bollywood အညွန်းသီးသန့်📝

17 Jan, 07:35


Roti Kapda Romance (2024) ဘော်ဒါ၄ယောက်ရဲ့ အချစ်ခရီးလမ်း

ဟာရှာ,ဆူရ်ယာ, ဗစ်ကီနဲ့ ရာဟူးဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိပါတယ်။

သူတို့လေးယောက်လုံးဟာ ငယ်စဉ်အရွယ်တုန်းက မိဘတွေကမထိန်းနိုင်တော့ဘဲ
အဆောင်ပို့ရတဲ့အထိကို ဆိုးခဲ့ကြတဲ့ သူတို့လေးယောက်၊
အဆောင်မှာ လေးယောက်သား ဆုံတွေ့ခဲ့ကြရင်းနဲ့
အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လို့လာခဲ့ပါတယ်။ငယ်ငယ်တုန်းကတော့ မခွဲအတူ အမြဲတမ်းနီးနီးကပ်ကပ်ရှိနေခဲ့ကြတဲ့အချိန်မှာပဲ
သူတို့ရဲ့ခင်မင်မှုတွေကြားမှာ မုန်တိုင်းထန်စေမယ့် ကောင်မလေးတွေ
သူတို့ဘဝထဲကို ရောက်ရှိလို့လာခဲ့ပါတယ်။ဒီလိုနဲ့ သူတို့သူငယ်ချင်းလေးယောက် ခင်မင်မှုတွေ
ပျက်ကုန်ပြီး အကုန် ကွဲကုန်ကြပါတော့တယ်။
ဒါပေမဲ့လည်း သူငယ်ချင်းသံယောဇဉ်က
လွယ်လွယ်နဲ့ မဖြတ်တောက်နိုင်တော့
အချိန်ကြာလာတာနဲ့ သူတို့ ပြန်လည်သင့်မြတ်သွားကြပါတော့တယ်။
ဒါပေမဲ့လည်း အကုန်လုံးနေရာတွေ မတူညီတော့ပဲ ဝေးကွာနေကြတာပေါ့ ။ဒီအချိန်မှာ ဆူရ်ယာဟာ အိမ်ခြံမြေလုပ်ငန်းနဲ့ တော်တော်လေးအလုပ်ဖြစ်နေပြီးတော့
သူငယ်ချင်းတွေနဲ့ပြန်ဆုံတွေနိုင်ဖို့ အကုန်လုံးကို သူရှိတဲ့ဂိုအာကိုလာဖို့အတွက်
လက်မှတ်ဝယ်ပို့လိုက်ရင်း သူငယ်ချင်း၄ယောက် ပြန်လည်ဆုံတွေ့ဖို့ ဖြစ်လာခဲ့ပါတယ်။၄ယောက်သား ပြန်ဆုံတွေ့လာတဲ့နောက်မှာ သူတို့ရဲ့ခင်မင်မှုတွေကို ဖျက်ဆီးခဲ့တဲ့
တစ်ချိန်တုန်းက ကောင်မလေးတွေကို မကျေမနပ်ဖြစ်နေသေးတဲ့ ဆူရ်ယာတစ်ယောက်
သူ့အနေအထားကို ပြပြီးတော့ ပြန်ချေချင်နေပါတော့တယ်။ဒီလိုနဲ့ သူတို့ရဲ့တည်ငြိမ်နေတဲ့ဘဝကို ဖျက်ဆီးသွားခဲ့တဲ့ ကောင်မလေးတွေရဲ့ ဘဝကို
၄ယောက်ပေါင်းပြီး ဘယ်လိုတွေ ပြန်လည်နှောင့်ယှက်သွားမလဲ
ဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

16 Jan, 08:02


Aalan (2024)

Bollywood ပရိသတ်ကြီးအတွက်
Rating လည်းမြင့် ဇာတ်အိမ်သေသပ်ကောင်းမွန်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့ချိတ်ဆက်ပေးထားတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို
တင်ဆက်ပေးပါရစေ…

လူတစ်ယောက်ဟာ ဘယ်လိုပဲပြေးပြေးမလွတ်နိုင်တာ
သူ့ရဲ့အတိတ်ဆီကပဲလို့ ပြောလို့ရမယ်ထင်ပါတယ်…အချိန်တွေဘယ်လိုကြာညောင်းညောင်းအဖြစ်အပျက်တွေဘယ်လိုပြောင်းပေမယ့်ခံစားချက်ပေါင်းစုံကတေ့ာ တွေးမိလိုက်ရင်အသစ်တဖန်ပြန်ဖြစ်နေမယ့် အမှတ်ရစရာအတိတ်တွေကလူတိုင်းမှာ တပုံတပင်နဲ့ပေါ့ ဒီထဲကဇာတ်ဆောင်တွေဟာလည်းအတိတ်ကနေထွက်ပြေးရင်း အတိတ်ကနေရုန်းမထွက်နိုင်ကြတဲ့အကြောင်းကို ရိုက်ပြထားတာပါပဲ။ဇာတ်လိုက်မင်းသားဖြစ်တဲ့ သီယာဂူဟာ ပျော်ရွှင်ရတဲ့ငယ်ဘဝလေးပိုင်ဆိုင်ခဲ့ပေမယ့်ကံဆိုးမှုတစ်ခုကြောင့် အရာရာဆုံးရှုံး ချစ်ရသူကလည်း ကိုမာဝင်မေ့မြောသွားတဲ့အတွက်ကလေးဘဝမှာလည်း လောကြကြီးရဲ့ထရော်မာဒဏ်တွေကို မခံနိုင်လို့အိမ်ကထွက်ပြေးပြီး ရသေ့လေးလုပ်ရင်းအတိတ်ကိုကြိုးစားမေ့ဖျောက်ငြိမ်းချမ်းမှုရှာဖွေနေတာ ဆယ်နှစ်ကြာသွားခဲ့ပါတယ်…ဘယ်လိုပဲလုပ်လုပ် စိတ်ရဲ့အေးချမ်းမှူကို ရှာမတွေ့နိုင်တဲ့ သီယာဂူဟာ ဘုရားကျောင်းကနေထွက်ပြီးသူ့ရဲ့ဘဝကြီးကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်အပြီးမှာ အဟောင်းတွေကပဲအသစ်ဖြစ်မလား….အသစ်တွေကပဲ အတိတ်သစ်ထပ်ဖြစ်သွားမလား….ဘဝအချိုးအကွေ့ပေါင်းများစွာကိုဘယ်လိုကြုံရမလဲဆိုတာ ပရိသတ်ကြီးတို့ပဲဇာတ်ဆောင်တွေနဲ့အတူလိုက်ပါစီးမြောခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။

AE Bollywood အညွန်းသီးသန့်📝

16 Jan, 07:57


Bachhala Malli (2024)
”မာလီ”
=======================
၂၀၂၄ ခုနှစ်က ရုံတင်ခဲ့ပြီး အခုမှ ဒစ်ဂျစ်တယ်ဗားရှင်းထွက်လာခဲ့တဲ့
အက်ရှင်နဲ့ ဒရာမာကို လှလှပပတွဲဖက်ပြီး ပုံဖော်ထားတဲ့တေလေဂူးစကားပြော တောင်ပိုင်းရုပ်ရှင်ကောင်းလေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ဇာတ်လမ်းအစမှာတော့ ပွတ်ရှ်ပါဇာတ်လမ်းအစပိုင်းထဲကအာလူးအာဂျွန်လိုမျိုး မုတ်ဆိတ်ဗရပွ၊ ဆံပင်ဘုတ်သိုက်၊စုတ်တီးစုတ်ပဲ့အဝတ်အစားနဲ့ ဘာကိုမှထီမထင်တဲ့လူတစ်ယောက်ကို တွေ့ကြရမှာပါ။သူကတော့ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ဘာချလာ မာလီဖြစ်ပါတယ်။သူဟာ ဂုန်နီအိတ်ချုပ်တဲ့အလုပ်ရုံကအလုပ်သမားတစ်ယောက်ဖြစ်ပြီး
ဘာကိုမှအလေးမထားပဲ ပေတေလေလွင့်နေတဲ့သူပါ။အဲဒီလို လေလွင့်လူဖြစ်နေတဲ့ မာလီဟာ တချိန်ကတော့အင်မတန်လိမ္မာတဲ့သားတစ်ယောက်၊ ခရိုင်အဆင့်ပထမရခဲ့တဲ့ထူးချွန်ကျောင်းသား၊ ဆရာတွေရဲ့အချစ်တော် စံပြလူငယ်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။အဲဒီလိုလူရိုးလူအေး ဘဝကနေ ဘဝမြစ်ပြင်ထဲကို အလျားလိုက်ဖြတ်ကူးနေတဲ့လေလွင့်လူတစ်ယောက် ဘယ်လိုဖြစ်လာခဲ့တာလဲ၊ ဘယ်လိုစိတ်ဒဏ်ရာတွေကသူ့ကိုလှိုက်စားခဲ့တာလဲ၊ သူ့ရဲ့ ဘဝခရီးမှာ ဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုဒီရုပ်ရှင်ထဲမှာ အားလုံးမြင်တွေ့ကြရမှာပါ…။

AE Bollywood အညွန်းသီးသန့်📝

15 Jan, 09:02


အချစ်နဲ့ ပတ်သက်ပြီး နာကျည်းစိတ်ရှိပုံရတဲ့ မျက်နှာဖုံးနဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်

Operation Raavan (2024) mmsub

IMDB: 7.6/10

အချစ်နဲ့ ပတ်သက်ပြီး နာကျည်းစိတ်ရှိပုံရတဲ့ မျက်နှာဖုံးနဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်သူပစ်မှတ်ထားတာကတော့ သတို့သမီးအသစ်ကျပ်ချွတ်လေးတွေဖြစ်ပြီးသူသုံးတဲ့နည်းလမ်းကလည်း ရက်စက်အကျည်းတန်လှပါတယ်သတင်းဌာနတစ်ခုမှာ ဝန်ကြီးတစ်ယောက်ရဲ့ခြစားမှုကိုဖော်ထုတ်ဖို့ကြိုးစားနေတဲ့ ရဲရင့်ဖြတ်လတ် ဂျာနယ်လစ်မလေး အာမာနီနဲ့သူ့လက်ထောက်အဖြစ်လုပ်ကိုင်တဲ့ ရမ်တို့နှစ်ယောက်ကအဲဒီလျှို့ဝှက်ဆန်းကြယ်လူသတ်မှုတွေအကြောင်း သိလာရတဲ့အခါမှာဘယ်လိုဖော်ထုတ်သွားမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး....

AE Bollywood အညွန်းသီးသန့်📝

15 Jan, 08:46


Miss You (2024) “လွမ်း”

IMDb – 7.5/10တောင်ပိုင်းမင်းသားချော ဆစ်ဒါးရဲ့ အသစ်ထွက်
ဒရာမာအက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။

ဘယ်ဆီဘယ်ဝယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ကြုံရာရထားစီးဖို့စောင့်နေတဲ့ ဗာဆူ။ရထားစင်္ကြံက ခုံတန်းလျားမှာ တစ်ယောက်တည်းထိုင်ဘူနေတဲ့ လူတစ်ယောက်ကိုတွေ့လို့
အာသွားဖုတ်ရင်း ခင်မင်သွားခဲ့ရာကနေ သူ့ခရီးစဉ်က ဘန်ဂလောကိုရောက်သွားခဲ့။မြို့ကိုရောက်ရောက်ချင်းမှာ ဆန္ဒပြနေတဲ့ မိန်းကလေးတစ်ယောက်ကို
ဖြတ်ခနဲမြင်လိုက်ရာကစလို့ လမ်းမှာခဏခဏဆုံပြီး ဗာဆူ့ရင်ထဲကို ရောက်လာခဲ့ပါတော့တယ်။
ဦးတည်ရာခရီးမရှိဘဲ ဗာဆူ ဘာလို့ မြို့ကနေထွက်လာခဲ့တာလဲ။
သူ့ရင်ထဲကို တိုးဝင်လာတဲ့ မိန်းကလေးကိုရော ပိုင်ဆိုင်ခွင့်ရမှာလား။
ဒါတွေသိချင်ရင်တော့ အချစ်၊ အလွမ်း၊ အက်ရှင်ရောပြွန်းနေတဲ့ ဒီရုပ်ရှင်ကို ခံစားကြည့်ကြဗျာ။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

15 Jan, 08:41


The Sabarmati Report (2024) ဆာဘာမာတီရထား မီးလောင်မှု

IMDb – 6.6/1012တန်းကျမင်းသားရဲ့ အမိုက်စားကားလေးတစ်ကား ထပ်မံထွက်ရှိလို့လာခဲ့ပါပြီ။
ဒီကားမှာတော့ ဟင်ဒီဂျာနယ်လစ်တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

၂၀၀၂ခုနှစ် ဖေဖော်ဝါရီ ၂၇ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂူဂျာရတ်မြို့ ဂိုဒရာဘူတာမှာ
ရထားမီးလောင်တဲ့ကိစ္စဟာ တစ်နိုင်ငံလုံးအတိုင်းအတာထိအောင် ရိုက်ခတ်မှုတွေများခဲ့ပါတယ်။ရထားမီးလောင်တာဟာလည်း ရထားတွဲနှစ်ခုပဲ မီးလောင်တာဖြစ်ပြီး မီးလောင်မှုမှာ
လူပေါင်း ၅၉ယောက်အထိ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူမျိုးရေးခြားနားမှုတွေ,
ဇာတ်မျိုးကွဲမှုတွေကလည်း ပါဝင်နေတဲ့အတွက် အဓိကရုဏ်းတွေလည်း ဖြစ်လို့နေပါတယ်။ဒီသတင်းကို လိုက်ဖို့အတွက် EBT Newsက အင်္ဂလိပ်ဂျာနယ်လစ် မနီကာတစ်ယောက်
ဆမာဆိုတဲ့ ဟင်ဒီဂျာနယ်လစ်ကို ကင်မရာသမားအနေနဲ့ ခေါ်သွားပြီးတော့ စုံစမ်းစစ်ဆေးခဲ့ပါတော့တယ်။
ဒိလိုစုံစမ်းရင်းနဲ့ ဒီမီးလောင်မှုဟာ မတော်တဆဖြစ်တာမဟုတ်ဘဲ လုပ်ကြံမှုတစ်ခုဆိုတာကို သိခဲ့ရပါတယ်။
မနီကာနဲ့ ဆမာတို့ ဂူဂျာရတ်မှာ စုံစမ်းပြီးနောက် မနီကာကတော့ မီးမလောင်ဘဲ ကျန်ရစ်တဲ့ရထားတွဲတွေကို
ဆက်လက်ခုတ်မောင်းသွားတဲ့ အဟမ်ဒါဘတ်ဆီကို လိုက်သွားခဲ့ပြီး ဆမာ့ကိုတော့ ဂူဂျာရတ်က
အခြေအနေတွေကို တင်ပြခိုင်းဖို့ ဒေလီက သတင်းဌာနကို ပြန်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့လည်း EBT Newsကို ဆမာတစ်ယောက် ဖြစ်ရပ်မှန်သတင်းတွေ ပေးခဲ့ပေမယ့်
အထက်အာဏာပိုင်တွေနဲ့ပူးပေါင်းပြီးတော့ မတော်တဆမှုအနေနဲ့ပဲ ထုတ်ပြန်ခဲ့ပြီး
ဆမာ့ကိုလည်း ဒီကိစ္စအတွက်နဲ့ စွဲချက်တွေ တင်ပြီး တရားစွဲခဲ့ပါသေးတယ်။ဒီလိုနဲ့ ဆမာတစ်ယောက် သူ့အပေါ် မဟုတ်မမှန်တင်ထားတဲ့ စွဲချက်တွေကို
သူ့ချစ်သူကောင်မလေးနဲ့အတူတူ ဘယ်လိုတွေ တိုက်ခိုက်သွားမလဲ ……..ဒီရထားတွဲမီးလောင်မှုကိစ္စကိုရော အမှုမှန်ပေါ်ပေါက်အောင် ဘယ်လိုတွေ ဖော်ထုတ်သွားမလဲ …..
ဆိုတာတွေကို ကြည့်ရှုရမယ့် မှုခင်းဒရာမာ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

15 Jan, 08:36


Hide N Seek (2024) “တူတူပုန်းတမ်း”

အသစ်ထွက်ရှိထားတဲ့ တေလဂူးလျှို့ဝှက်သည်းဖို
မှုခင်းဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကျဉ်းကိုပြောရရင် တစ်ညသောအချိန်မှာ
ပစ္စည်းပို့သမားတစ်ယောက် ခေါင်းကိုတုတ်နဲ့ အရိုက်ခံရပြီး
သေဆုံးသွားတာကနေ စပါတယ်ဒါကိုအလောင်းစစ်ဆေးရာမှာ ဆိုင်ကယ်မှောက်လို့ ထိခိုက်ပြီးသေဆုံးရတယ်လို့
အတည်ပြုခဲ့ပေမယ့် ရဲစခန်းကိုရောက်လာတဲ့
အမည်မသိစာတစ်စောင်မှာ လူသတ်မှုလို့ ပြောထားပါတယ်နောက်တစ်ခါ ဆေးကျောင်းသားတစ်ယောက်ဖြစ်တဲ့ ရှီဗာတို့
ဆေးကျောင်းမှာ သူငယ်ချင်းဖြစ်သူ တိုက်ပေါ်ကခုန်ချသေကြောင်းကြံသွားတဲ့အခါမှာတော့
အမည်မသိလူက ဒီတစ်ခါမှာတော့ ဒါကိုလူသတ်မှုဖြစ်ကြောင်း မီဒီယာကိုသတင်းပို့လိုက်ခဲ့အခါမှာ
ဘယ်လိုအဖြေရှာကြမှာလဲ တရားခံကို ဘယ်လိုဖော်ထုတ်ကြမှာလဲ
ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦး

အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ Zwe Yan ~ ToMo တို့မှ ဖြစ်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

13 Jan, 17:52


Murivu (2024)
“ဒဏ်ရာ”

အသစ်ထွက်ရှိလာတဲ့ မလေယာလမ်ရုံ
ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဒိုင်ယာရီတစ်အုပ်ကနေ စတဲ့ဇာတ်လမ်း။နာမည်ကြီးသတင်းတိုက်က သတင်းထောက်တစ်ယောက်ဆီမထင်မှတ်ဘဲ ဒိုင်ယာရီတစ်အုပ်ရောက်လာခဲ့တယ်။စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေ အဖြစ်အပျက်တွေနဲ့ လူပုဂ္ဂိုလ်တွေက စိတ်ဝင်စားစရာ။
ဒါနဲ့ စာအုပ်ထဲကလူတစ်ယောက်ကိုတွေ့ဖို့ကြိုးစားပြီး ဒိုင်ယာရီနောက်ကွယ်က
အဖြစ်အပျက်တွေကို သိလာရတဲ့အခါမှာတော့…..

AE Bollywood အညွန်းသီးသန့်📝

12 Jan, 09:05


Nerchappetty (2024)
"စည်းခြားထားသောအချစ်"

ပရိသတ်ကြီးကို တင်ဆက်ပေးမယ့်ကားလေးကလုံးဝကုလားကား vibe အပြည့်ရစေမယ့် ဒရာမာလေးလည်းပါလို့ငိုရသလို ဖိုက်တင်ခန်းလေးလည်းပါတော့ မပျင်းရတော့ဘူးပဲ ဖြစ်ပါတယ်…ဇာတ်လမ်းလေးကတော့ နယ်ဘက်ရွာလေးတစ်ရွာမှာ ဘာသာတရားကိုင်းရှိုင်းပြီးတော့ဖာသာရဲ့အဆုံးအမအောက်မှာနေထိုင်ကြပြီး တစ်ရွာလုံးဆွေမျိုးတွေလို ခင်မင်ရင်းနှီးကြပါတယ်တဲ့…အဲ့ချိန်မှာပဲ ကိုယ်တို့ရဲ့ဇာတ်လိုက်မင်းသားလေး ချစ်ကျွမ်းဝင်မိသွားတာကချာ့ခ်ျကျောင်းက စစ္စတာမလေးကိုပဲ ဖြစ်ပါတယ်..ဘာသာတရား ယဉ်ကျေးမှု…အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင် စည်းပေါင်းများစွာကြားမှာ မချစ်သင့်တဲ့ချစ်ခြင်းတစ်ခုဟာဘယ်လိုရှေ့ဆက်မလဲဆိုတာ ပရိသတ်ကြီးပဲတစ်ရှူးဆောင်ရင်း အားပေးတော်မူကြပါလို့ တင်ဆက်ပေးလိုက်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

11 Jan, 07:59


အချစ်ကိုမထိတွေ့ဖူးတဲ့ ဆယ်ကျော်သက်အရွယ်အပျိုဖြန်းလေးတစ် ယောက် ယောက်ျားမာယာသဲကိုးဖြာထဲကို ငြိတွယ်မိသွားချိန်မှာတော့….

Don’t Love (2024) mmsub
IMDB: 8.0 /10

အချစ်ကိုမထိတွေ့ဖူးတဲ့ ဆယ်ကျော်သက်အရွယ်အပျိုဖြန်းလေးတွေဆိုတာ သစ်ရွက်လေးလှုပ်ရင်တောင်ရယ်မောမိတတ်တဲ့ စိတ်ကစားတတ်တဲ့အရွယ်ပေါ့။ဒီအချိန်မှာ ဆယ်ကျော်သက်အချစ်ကို ကိုးကွယ်လို့ နှလုံးသားက ဦးနှောက်ရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖုံးလွှမ်းသွားတဲ့အခါ ဖြစ်လာတတ်တဲ့ပြဿနာတွေကို မီးမောင်းထိုး ရိုက်ကူးပြထားတဲ့ ညီမလေးဖတ်ဖို့တေလဂူဗားရှင်း ရုပ်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။လာလာစာဆိုတဲ့ကောင်မလေးဟာ သူငယ်ချင်းတွေကြားမှာမအူမလည်နဲ့ ခိုင်းဖတ် တောက်တိုမယ်ရလေးပေါ့။တက္ကသိုလ်ဆိုတော့ ထုံးစံအတိုင်းပဲ အကြီးတန်းတွေကစော်လေးတွေကိုမြင်ရင် ပါးစပ်အငြိမ်မနေ ကျီစယ်နှောင့်ယှက်တတ်တာအစဉ်အလာကြီးလိုဖြစ်နေတော့ လာလာစာတစ်ယောက်အတော်လေး စိတ်ညစ်နေတဲ့အချိန် ကာမဲဆိုတဲ့ စီနီယာကသူ့ဘက်ကရပ်တည်ပေးတာမြင်တော့.....

AE Bollywood အညွန်းသီးသန့်📝

11 Jan, 07:54


လူ ၅၉ယောက်အထိ သေဆုံးခဲ့ရတဲ့ ရထားတွဲ မီး လောင်မှုဟာ လုပ်ကြံမှုတခု‌ဆိုတာ သိလိုက်ရတဲ့ နောက်မှာ တော့

The Sabarmati Report (2024) mmsub
IMDB: 6.6 /10

ဂူဂျာရတ်မြို့ ဂိုဒရာဘူတာမှာရထားမီးလောင်တဲ့ကိစ္စဟာ တစ်နိုင်ငံလုံးအတိုင်းအတာထိအောင် ရိုက်ခတ်မှုတွေများခဲ့ပါတယ်။ရထားမီးလောင်တာဟာလည်း ရထားတွဲနှစ်ခုပဲ မီးလောင်တာဖြစ်ပြီး မီးလောင်မှုမှာလူပေါင်း ၅၉ယောက်အထိ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူမျိုးရေးခြားနားမှုတွေ,ဇာတ်မျိုးကွဲမှုတွေကလည်း ပါဝင်နေတဲ့အတွက် အဓိကရုဏ်းတွေလည်း ဖြစ်လို့နေပါတယ်။ဒီသတင်းကို လိုက်ဖို့အတွက် EBT Newsက အင်္ဂလိပ်ဂျာနယ်လစ် မနီကာတစ်ယောက်ဆမာဆိုတဲ့ ဟင်ဒီဂျာနယ်လစ်ကို ကင်မရာသမားအနေနဲ့ ခေါ်သွားပြီးတော့ စုံစမ်းစစ်ဆေးခဲ့ပါတော့တယ်။ဒိလိုစုံစမ်းရင်းနဲ့ ဒီမီးလောင်မှုဟာ မတော်တဆဖြစ်တာမဟုတ်ဘဲ လုပ်ကြံမှုတစ်ခုဆိုတာကို သိခဲ့ရပါတယ်။မနီကာနဲ့ ဆမာတို့ ဂူဂျာရတ်မှာ စုံစမ်းပြီးနောက်....

AE Bollywood အညွန်းသီးသန့်📝

09 Jan, 08:35


Scene number 62 (𝟮𝟬𝟮𝟰) mmsub

ဒီတစ်ခေါက်မှာတော့ Scene number 62 ဆိုတဲ့ thriller အိန္ဒိယရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားဟာ thriller ရုပ်ရှင်ကားကောင်းတစ်ခုကို သူမတူနဲ့ဇာတ်ညွှန်းနဲ့ရိုက်ကူးထုတ်လုပ်ချင်နေတဲ့ ပရိုဂျူဆာကနေ စတင်ဖြစ်တည်လာတာပါ။ သူ့ဆီကို ရောက်လာသမျှဇာတ်ညွှန်းတိုင်းက နိုင်ငံခြားကားကိုမှီညမ်းထားတာတွေချည်းဖြစ်လို့ သူသဘောမတွေ့ဖြစ်ခဲ့ပါတယ်။

တစ်နေ့မှာတော့ ဗစ်ရှဝါဆိုတဲ့ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာတစ်ယောက်ရောက်လာပြီး ထူးခြားတဲ့ဇာတ်အိမ်နဲ့ဇာတ်ညွှန်းကို ချပြခဲ့ပါတယ်။အဲ့အချိန်မှာတော့ ပရိုဂျူဆာကသဘောတွေ့သွားပြီး ထုတ်လုပ်ဖို့သဘောတူခဲ့ပါတယ်။ ဗစ်ရှဝါက ဘယ်လိုဇာတ်ညွှန်းမျိုးကိုပေးခဲ့ပြီး ဘယ်လိုစိတ်ဝင်စားစရာတွေကောင်းနေလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ပြီးအဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

09 Jan, 08:30


Kadakan (𝟐𝟎𝟐𝟒)
===============
IMDb : 5.8/10
Genre : Comedy/Action

ဆူဖီးဆိုတဲ့ ဂျစ်ကန်ကန်ဆိုးနေတတ်တဲ့ လူငယ်တစ်ယောက်ရဲ့ဘဝက ရန်ဖြစ်ရင်း ရန်ငြိုးတွေ အန္တရာယ်တွေကြုံတွေ့ရတဲ့ အကြောင်းရိုက်ပြထားတာဖြစ်ပါတယ်။

သူ့ရဲ့အဖေ ဟိုင်ဒါအကြောင်းကလည်း သူ့သားလို ဘယ်လိုဆိုးခဲ့လဲဆိုတာပါ တွဲဖက် နောက်ကြောင်းရှေ့ကြောင်းပြန်ရင်း ရယ်မောရင်းကြည့်နိုင်မယ့်ကား‌လေးဖြစ်ပါတယ်။

ဂျစ်ကန်ကန်ဆိုးတဲ့လူက မိဘတွေမဆိုးတော့လည်း အ‌ဖေ့ခြေရာနောက်လိုက်တတ်တာကို တွေ့ရမှာဖြစ်သလို အဖေက သူ့သားကို သူ့လိုမဖြစ်အောင် လိမ္မာစေချင်တာကိုလည်း တွေ့ရနိုင်ပါတယ်။ ဟာသမျိုးစုံနဲ့ ရယ်စရာကောင်းမယ့်အပြင် သီချင်းကလည်း အရမ်းကြည်နူးဖို့ကောင်းတာမို့လို့ ကြည့်ရှူကြပါဦး။

AE Bollywood အညွန်းသီးသန့်📝

08 Jan, 07:20


Singham Again (2024) "ဆင်ဂဟမ် ပြန်လာပြီ"

အခုတစ်ခါမှာတော့ ထူးထွေပြီး ညွှန်းနေစရာမလိုလောက်အောင်ပရိသတ်ကြီးအားလုံးစောင့်မျှော်နေကြတဲ့ ရဲမှူးကြီး ဆင်ဂဟမ်ပြန်လာပါပြီဒါရိုက်တာရှက်တီရိုက်ကူးတင်ဆက်ပေးနေတဲ့ Police Universe ရဲ့ ငါးကားမြောက်ပဲ ဖြစ်ပါတယ်2017 ခုနှစ်ထဲက ကြေငြာခဲ့ပြီး ထွက်ရှိလာချိန်မှာလည်း ရုံဝင်ငွေ ဒေါ်လာ ၄၇ သန်းနီးပါးရရှိခဲ့ပြီး
ကမ္ဘာအနှံ့ဆို တတိယမြောက်နဲ့ အိန္ဒိယမှာတော့ ဆဌမချိတ်တဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်Cast အင်အားကလည်း နာမည်ကြည့်ရုံနဲ့ လဲသေလို့ရအောင် အလောင်းဖျောက်ကားနဲ့နာမည်ကြီးတဲ့အာဂျေး ဆလူးဘိုင်တစ်ဖြစ်လဲ ဆယ်လ်မန်ခန်း ရဲသားကြီး အာရှေးကူးမား တက်သစ်စအာဂျွန်ကပူးရ် အက်ရှင်ဆရာကြီး တိုက်ဂါးတို့အပြင် ညှို့ဓာတ်ပြင်း မင်းသမီး ဒီပီကားပဒ်ကိုနီဝါရင့်မင်းသမီးကြီး ကရီနာကပူးရ်တို့ပါ ဝင်ရောက်သရုပ်ဆောင်ထားပါတယ်သရုပ်ဆောင်ကြေးနဲ့တင်မွဲသေလို့ရနိုင်တဲ့ ဇာတ်ကားပါပဲ

AE Bollywood အညွန်းသီးသန့်📝

07 Jan, 19:23


Thozhar Cheguevera (2024 ) "သိုဇာချီဂွေဗားရား"

ဒီတစ်ခါတော့ သည်းထိပ်ရင်ဖိုဆန်ဆန်ဇာတ်လမ်းအမျိုးအစားတွေကို ကြိုက်နှစ်သက်သူများအတွက်
၂၀၂၄ ခုနှစ်ထွက် အိန္ဒိယ-တမီးလ်စကားပြော Action-drama အမျိုးအစားဖြစ်တဲ့
Thozhr CheGuevaraဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

ဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေကို တော်လှန်မယ့် ဇာတ်လမ်းအမျိုးအစားတစ်ခုဖြစ်တာကြောင့်
အကြမ်းအရမ်း အလွမ်းအဆွေး ဇာတ်လမ်းဇာတ်ကွက်စုံလင်စွာနဲ့ကြည့်ရှုခံစားနိုင်မှာပါဇာတ်လမ်းအစမှာ ဆင်းရဲနွမ်းပါးလွန်းတဲ့ရွာကလူတွေအတွက် ပညာသင်စေချင်တဲ့အတွက်
သူ့ရဲ့စိတ်ဆန္ဒတွေကိုထုတ်ဖော်မိတာကြောင့် သေလုမျောပါးဖြစ်အောင် အရိုက်ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်ရဲ့
အရမ်းကိုမချိမဆံ့ဖြစ်စရာ ဇာတ်လမ်းပုံစံနဲ့ ဇာတ်အိမ်ကိုစတည်ထားခဲ့ပါတယ်။အထက်တန်းလွှာ နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ ကာလီဗာဟန်ဟာ ဆင်းရဲသားနင်းပြားတို့ကို
ခေါင်းမထောင်နိုင်စေဖို့အတွက် ပညာရေးသင်ကြားခွင့်မရှိအောင် အမျိုးမျိုးဖိနှိပ်တားမြစ်ထားခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာတော့ ပညာရေးကိုလိုလားသူတွေ တစ်ယောက်တစ်လေပေါ်လာပြီး စာသင်ကြားခွင့်ရဖို့ အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ဒီထဲကမှ ကျောင်းသားလေးတစ်ယောက်က မေးခွန်းထုတ်မိတဲ့အတွက်
သူ့ရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံလာရတဲ့အထိ ပဋိပက္ခတွေမှာ ချည်နှောင်ခံလာရပြီး
သူ့ရဲ့ဘဝလေးပြိုပျက်ကာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့တယ်။ ဒီပညာရေးလိုလားသူတွေအနိုင်ရမလား ၊
နိုင်ငံရေးနဲ့နွယ်တဲ့ပဋိပက္ခဝင်္ကပါတွေကိုဘယ်လိုဇာတ်ကွက်တွေနဲ့
ရိုက်ပြထားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ

(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

05 Jan, 18:43


Aaragan (2024) “ဆန်းကြယ်သော ဘ၀ခရီး” ဇာတ်ကားသစ်

ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် တမီလ်ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အိမ်ထောင်တစ်ခုထူထောင်မဲ့ ချစ်သူနှစ်ဦးရဲ့ ရုန်းကန်ရတဲ့
ဘ၀ခရီးလမ်းကို ဒရာမာနှောပြီး ခပ်ဆန်းဆန်း ရိုက်ကူးထားတာပါ။
အခုခေတ်ဇာတ်လမ်းဖြစ်ပေမဲ့ ဇာတ်လမ်းအစမှာတော့ ရာဇ၀င်ဇာတ်ကြောင်းတစ်ခုနဲ့ အစပျိုးထားပါတယ်။
တိုင်းပြည်တစ်ပြည်က ဘုရင်တစ်ပါးမှာ သားတော်နှစ်ပါးရှိပြီး
သားတော်ကြီးက လက်ရုံးရည် နှလုံးရည်ပြည့်၀သလောက်
သားတော်ငယ်ကတော့ သွေးကြောင်တဲ့ အရည်အချင်းမရှိသူပါ။
တစ်နေ့မှာ စစ်မက်ဖြစ်ပွားရာက ဘုရင်နဲ့သားတော်ကြီး ဆုံးပါးသွားပြီး
သားတော်ငယ်ကတော့ တောထဲထွက်ပြေးသွားပါတယ်။
အဲဒီမှာ သားတော်ငယ်ဟာ ပရောဟိတ်ကြီးတစ်ပါးနဲ့ဆုံပြီး တပည့်ခံခဲ့ပါတယ်။ ‌
တစ်နေ့မှာတော့ ပရောဟိတ်ကြီးရဲ့အသက်ကို ကယ်ပေးခဲ့တာကြောင့်
ပရောဟိတ်က သားတော်ငယ်ကို လိုရာဆုတစ်ခု တောင်းခိုင်းခဲ့ပါတယ်။
အဲဒီသမိုင်းကြောင်းဟာ ခေတ်သစ်ဘ၀မှာ အိမ်ထောင်ထူထောင်ကြမဲ့
ဆာရ်ဗန်နာနဲ့ မာဂီနီလာတို့ ချစ်သူနှစ်ဦးနဲ့ ဘယ်လိုဆက်စပ်နေမလဲ၊
ချစ်သူနှစ်ဦးရဲ့အိမ်ထောင်ရေးမှာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊
ဘယ်လိုထူးဆန်းတာတွေ တွေ့ရမလဲဆိုတာကိုတော့....

AE Bollywood အညွန်းသီးသန့်📝

05 Jan, 09:13


Love Reddy (2024) အချစ်ရူးလေးရတ်ဒီ

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၂၄ ခုနှစ်ထွက်
တလေဂူးစကားပြော အချစ်ဟာသဇာတ်လမ်းလေးဖြစ်တဲ့
အချစ်ရူးလေးရတ်ဒီဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။

မိဘကမိတ်ဆက်ပေးသမျှမိန်းကလေးကို ချေးထိုင်များနေခဲ့တဲ့
ရတ်ဒီဟာ တစ်ရက်မှာတော့ ဘတ်စ်ကားပေါ်မှာ
အလှပဂေးကောင်မလေးတစ်ယောက်ကို
မြင်မြင်ချင်းချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။ကောင်မလေးကိုစွဲလမ်းပြီး မြင်သမျှကို ဒီမိန်းမလှလေးရဲ့ပုံရိပ်တွေပဲမြင်တဲ့အထိ
အချစ်ရူးဖြစ်သွားတဲ့ရတ်ဒီဟာ သူနဲ့လက်ထပ်ပေးမယ့်မိန်းကလေးကို မြင်တဲ့အခါမှာ
သူ့စိတ်ကူးထဲကနတ်သမီးလေးဖြစ်နေတာကြောင့် ချက်ချင်းလက်ခံလိုက်တာပေါ့ဗျာ။အမှန်တော့ သတို့သမီးက တခြားတစ်ယောက်ဖြစ်နေပြီး သူ့ဘာသာကောင်မလေးကို
မြင်ယောင်ပြီးလက်ခံခဲ့မိမှန်းနောက်မှသိလိုက်ရတဲ့အခါ..
အချစ်ရူးလေး ရတ်ဒီတစ်ယောက် ကောင်မလေးကို ဘယ်လိုလိုက်မလဲ..
လက်ထပ်ဖို့ပြောထားပြီးတဲ့ မိန်းကလေးနဲ့ ဘယ်လိုဇာတ်ရှုပ်တွေဆက်ဖြစ်မလဲဆိုတာကတော့…

( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် )

AE Bollywood အညွန်းသီးသန့်📝

05 Jan, 07:59


All we imagine as light (𝟮𝟬𝟮𝟰)
==========================
ရုပ်ရှင်လောကရဲ့ နာမည်ကြီး ကိန်းရုပ်ရှင်ဆုပေးပွဲမှာ ဆုတွေ ရရှိထားတဲ့ မလယာလမ် စကားပြော အိန္ဒိယရုပ်ရှင် တစ်ကားနဲ့ B-Town ပရိတ်သတ်တွေကို မိတ်ဆက်ပေးပါရစေ။

ဒီရုပ်ရှင်ဟာ IMDb rating 7.4/10 ရရှိထားပီး မွမ်ဘိုင်းမြိုမှာနေထိုင် လုပ်ကိုင်နေရတဲ့ သူနာပြု ပရာဘာရဲ့ နေ့စဥ်ရုန်းကန် လှုပ်ရှားသွားလာနေရတဲ့ ဘဝကို သဘာဝဆန်ဆန်မြင်ရမှာဖြစ်ပါတယ်။

တစ်နေ့သူ့ဆီကို အကြောင်းပြန်မလာ ဝေးကွာပီး လူချင်းမတွေ့ရတဲ့ခင်ပွန်းယောကျာ်းဆီကနေ လက်ဆောင်လေး မထင်မှတ်ဘဲ ရသွားတဲ့ပရာဘာတစ်ယောက် အဝေးရောက် ယောကျာ်းကို စာနာနေမလား။ သူ့အခန်းဖော် အာနူးကရော ဒီလိုလူထူထပ်တဲ့မြိုလေးမှာ သူ့‌ရည်းစားနဲ့ ခိုးတွေ့ရင်း ဘယ်လိုအချစ်ကို ရှေ့ဆက်ချစ်နိုင်မလဲဆိုတာ ရသမျိုးစုံနဲ့ ဖီးရင်းကြည့်နိုင်မှာဖြစ်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

04 Jan, 08:28


I want to talk (𝟮𝟬𝟮𝟰)
===================

ဒီတ‌စ်ခေါက်မှာတော့ rating 7.2 out of 10 ရထားတဲ့ 𝗜 𝗪𝗮𝗻𝘁 𝗧𝗼 𝗧𝗮𝗹𝗸 ဆိုတဲ့ အိန္ဒိယဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဘဝမှာ ဆက်တိုက်အောင်မြင်မှုတွေရနေတဲ့ မားကတ်တင်းသမားတစ်ယောက်ဖြစ်တဲ့အာဂျွန်းဟာ တစ်နေ့မှာ သူ့ကိုယ်တွင်းပိုင်းမှာ ကင်ဆာတွေပျံ့နေပြီဆိုတာကို ရုတ်တရက်သိခဲ့ရပါတယ်။ အဲ့အချိန်မှာ စိတ်ဓာတ်တွေကျရင်း ကိုယ့်ကိုယ်ကိုသတ်သေမလိုလုပ်ခဲ့ပေမယ့် သူ့ရဲ့မိတ်ဆွေကောင်းတစ်ယောက်ကြောင့် အသက်ဆက်ရှင်ခဲ့ပါတယ်။ ခွဲစိတ်မှုပေါင်းများစွာကို ကျော်ဖြတ်ရင်း ဘဝမှာဘယ်လိုသင်ခန်းစာတွေရခဲ့မလဲ ဘယ်အချိန်ထိအသက်ဆက်ရှင်သွားမလဲဆိုတာကို စိတ်ဝင်စားမှုပေါင်းများစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဘဝရဲ့မတည်မြဲမှုအကြောင်းကို ဇောင်းပေးရိုက်ကူးထားပြီး ဘဝသင်ခန်းစာတစ်ချို့ရရှိမှာဖြစ်လို့ ပရိတ်သတ်အကြိုက်တွေ့စေမယ့်‌ဇာတ်ကားလေးဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

02 Jan, 07:46


ထောင်ထဲမှာ လူ 45 ယောက် အကြောင်းမဲ့ သက်သက် သေသွားတဲ့ အခါ

Sorgavaasal (2024) mmsub
IMDB: 7 /10

ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ လူ ၄၅ ယောက်သေဆုံး၊အကျဉ်းသား ၆ ယောက် လွတ်မြောက်သွားတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးရန် အရာရှိတစ်ယောက်ရောက်လာပါတယ်အဖြစ်အပျက်အားလုံးနောက်ကွယ်မှာ လူသတ်မှုနဲ့ ထောင်ကျခဲ့တဲ့ပါသီဘန်ဆိုတဲ့ ကောင်လေးရှိတယ်လို့ ပြောဆိုကြပြီး ဆစ်ဂါဆိုတဲ့ထောင်တွင်းလူမိုက်တစ်ယောက်နဲ့ ပါသီတို့ပတ်သက်နေတယ်လို့လည်း ဆိုပါတယ်ပုံပန်းအသွင်အပြင်အရ လူသတ်သမားလို့ ထင်စရာမရှိဘဲပါသီဘန်ကတကယ်ပဲ ပြစ်မှုကျူးလွန်ခဲ့တာလား အပြစ်မရှိဘူးလားအကျဉ်းထောင်တွင်းက ဘဝအချိုးအကွေ့တွေကို ပရိသတ်ကြီးဆက်လက်ကြည့်ရှုကြပါဦး

AE Bollywood အညွန်းသီးသန့်📝

31 Dec, 08:24


Bhairathi Ranagal (2024) “ရှာမှရှားတဲ့ သူလိုလူ”

ဇာတ်အိမ်ကောင်းကောင်းကောင်းကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက်
ဘောလိဝုဒ် အက်ရှင်-ဒရာမာဇာတ်လမ်းတစ်ပု‌ဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။
တရားဥပဒေဘက်ကကြည့် လူဆိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့
အများပြည်သူအတွက် သူရဲကောင်းဖြစ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ဘ၀ဇာတ်ကြောင်းကို
အလှည့်အပြောင်းများစွာနဲ့ တင်ဆက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

လူဆိုးတစ်‌ယောက်အဖြစ် တရားဥပဒေက တံဆိပ်တပ်ခံထားတဲ့
ဘဟိုင်ရာသီရာနဂယ်ဟာ ငယ်စဉ်ကတည်းက ထောင်ထဲမှာ ကြီးပြင်းခဲ့ရသူပါ။
သူ့ရွာအကျိုးအတွက် အကြမ်းဖက်သလိုဖြစ်ခဲ့ရာက ထောင်းနန်းစံခဲ့ရတဲ့
ရာဂနယ်ဟာ ထောင်ထဲမှာ အလကားမနေဘဲ ဥပဒေပညာကို ကြိုးစားသသင်ယူခဲ့ပါတယ်။
ထောင်ကထွက်လာချိန်မှာလည်း ရှေ့နေအဖြစ် သူ့ရပ်ရွာအကျိုးကို ဆောင်ရွက်ခဲ့ပါတယ်။
သူ့ရပ်ရွာက ပြည်သူတွေအတွက်တော့ သူဟာ နတ်ဘုရားတစ်ပါးလို ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ ဇာတ်လမ်းက ဒီမှာတင်ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက
ဘ၀မလှခဲ့တဲ့ ရာနဂယ်တစ်ယောက် ရှေ့နေဘ၀မှာလည်း
အ‌လှည့်အပြောင်းများစွာ ကြုံတွေ့လာရပါတယ်။အစကတည်းက ကံကြမ္မာရဲ့မျက်နှာသာပေးခြင်းကို မခံရတဲ့ ရာနဂယ်ကို
ကံတရားက ဘယ်လိုကျီစားဦးမှာလဲ… တရားမျှတမှုနဲ့ မတရားမှုတွေကြားမှာ
ဘယ်လိုဓားစာခံဖြစ်ဦးမှာလဲ… ရှေ့ဆက်ပြီး သူ ဘယ်လို
ကြံ့ကြံ့ခံရင်ဆိုင်သွားမလဲဆိုတာ စိတ်၀င်စားစရာ ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

AE Bollywood အညွန်းသီးသန့်📝

29 Dec, 07:33


7G (2024) တိုက်ခန်းနံပါတ် 7G
Imdb 6.6

လူ့ပတ်ဝန်းကျင်မှာ အများဆုံးမြင်တွေ့ရတာကတော့ ရှေ့တစ်မျိုးနောက်တစ်မျိုးနဲ့ မျက်နှာ၂ဖက်ရှိတဲ့လူတွေပါပဲ
ကိုယ့်ထက်သာလွန်ပြီး အောင်မြင်နေတယ်ဆိုရင် ရှေ့မှာတော့ချီးကျူး
နောက်ကွယ်ကျ ကိုယ်ဘေးအန္တရာယ်ကျအောင် ခိုးလုပ်တဲ့လူတွေက လက်တွေ့မှာပါ ရှိတတ်ပါတယ်
မနာလိုစိတ်တစ်ခုက ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာကို
ဒီကားလေးကြည့်ပြီး သတိထားနိုင်ကြဖို့တင်ဆက်ပေးလိုက်ရပါတယ်7G ဆိုတဲ့တိုက်ခန်းကိုဝယ်ပြီး အိမ်ပြောင်းလာကြတဲ့ ရာ့ဂ်ျ၊ဗာရှာနဲ့ ရာဟူးဆိုတဲ့ မိသားစု ၃ယောက် ..
မွေးကတည်းကတိုက်ခန်းငှားနေခဲ့ရတဲ့ဗာရှာက ကိုယ်ပိုင်အိမ်လေးတစ်လုံးရဖို့ဆိုတာ သူ့အိပ်မက်ဆိုလည်းမမှားဘူးပေါ့
မိသားစုရယ်ဖြစ်လာတော့ ကိုယ်ပိုင်အိမ်ရဖို့က သူတို့ပန်းတိုင်ဖြစ်ခဲ့ပြီး တကယ်လည်းကြိုးစားနိုင်ခဲ့တယ်အိမ်သစ်တက်ပွဲအနေနဲ့ အသိမိတ်ဆွေတွေဖိတ်ပြီး ပါတီပွဲလေးလုပ်မိကြတယ် ဒါပေမဲ့ ဒီပါတီပွဲက
သူတို့ဘဝကို ကံဆိုးမိုးမှောင်နဲ့ ကမောက်ကမဖြစ်စေနိုင်မဲ့ ဖြစ်ရပ်ဆိုးကြီးဖြစ်လာလိမ့်မယ်ဆိုတာသာ
သူတို့ကြိုသိခဲ့ရင် သူတို့လုပ်ဖြစ်ကြဦးမလား…

AE Bollywood အညွန်းသီးသန့်📝

29 Dec, 07:20


Thaanara (2024)“အမှုပွေတဲ့ ညတစ်ည”

ခေတ်ကျပ်ကြီးထဲမှာ စိတ်ညစ်စရာတွေ ခဏဖယ်ထားပြီး ခဏတာရယ်မောရစေမဲ့
ဘောလိဝုဒ်ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မတူညီတဲ့ ဘ၀အဖုံဖုံကို အတည်အ‌ပေါက်လိုလိုနဲ့ ဟာသနှောပြီး တင်ဆက်ထားတာ ဖြစ်ပါတယ်။
စစချင်းမှာပါလာတဲ့ နိုင်ငံရေးအကြောင်းတွေကိုကြည့်ပြီး
အတည်အပေါက်လို့တော့ မထင်လိုက်ပါနဲ့ဦး။
နောက်ပိုင်း အခွီတွေချည်း ဆက်တိုက်လာမှာပါ။
ဇာတ်လမ်းမှာ အတိုက်အခံပါတီအမတ်တစ်ဦးဖြစ်တဲ့ အာဒါ့ရှ်ဟာ
အလုပ်ခရီးတစ်ခုဗန်းပြပြီး အမိုက်စားစကီလေးတစ်ဗွေနဲ့
အိမ်ကိုပြန်လာပါတယ်။ဖြစ်ချင်တော့ သူခရီးသွားတဲ့
သတင်းကြောင့် သူ့အိမ်မှာ သူခိုးတစ်ယောက်‌ရောက်နေပါတယ်။
သူခိုးကလည်း အိမ်ရှင်တွေမရှိတာကြောင့် စားလိုက်သောက်လိုက်
ထင်တိုင်းကျဲနေတော့တာပေါ့။ အာဒါ့ရှ်နဲ့ စကီလေးတို့
အိမ်ရောက်လာချိန်မှာတော့ စည်းစိမ်ယစ်နေတဲ့ သူခိုးခမျာ ဘုံပျောက်ပါတော့တယ်။
အဲဒီနောက် မမျှော်လင့်ဘဲ အိမ်ကို နောက်ထပ်ရောက်ချလာသူကတော့ အာဒါ့ရှ်ရဲ့မိန်းမပါပဲ။
ဒီလိုနဲ့ အိမ်တစ်လုံးထဲမှာ လွှတ်တော်အမတ်ရယ်၊
စကီလေးတစ်တစ်‌ဗွေရယ်၊ အမတ်ဇနီးရယ်၊ သူခိုးတစ်ယောက်ရယ်
ဘယ်လိုတွေ ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုတွေ
ကမောက်ကမဖြစ်ကုန်မလဲဆိုတာကို ရယ်ရယ်မောမော
ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

AE Bollywood အညွန်းသီးသန့်📝

28 Dec, 10:08


Dunki (2023) "ပြည်တော်ပြန်"

WEB DL အကြည်ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်

IMDb - 7.2/10
အားလုံးပဲ စောင့်မျှော်နေကြတဲ့ ရှရွတ်ခန်းရဲ့ ဒန်ကီရုပ်ရှင်ကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါပြီ။
ကုဋေ ၁၂၀ ရင်းပြီးတော့ ကုဋေ ၄၇၀ ထိ ရုံတင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဒီဇာတ်ကားကြီးဟာ ၆၉ကြိမ်မြောက် အိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း
ဆန်ကာတင်ကိုးဆုထိရရှိထားပြီး ၂၀၂၃ခုနှစ် အိန္ဒိယရဲ့အမြတ်အများဆုံးစာရင်းမှာလည်း နံပါတ်ခြောက်ချိတ်ခဲ့တဲ့ဇာတ်ကားပါ
ဒီဇာတ်ကားရဲ့ပဲ့ကိုင်ရှင်က PK၊ 3 idiots တို့လိုကားတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာရာ့ဂျ်ကူးမားဖြစ်ပါတယ်။
နှစ်လိုဖွယ်အပြုံးနဲ့မင်းသမီးချောလေး တာ့ပ်ဆီးပါဝင်တဲ့အပြင် တိုက်ဂါးရုပ်ရှင်တွေက
မင်းသမီးချောကတ်တရီးနားရဲ့ ချစ်ယောကျ်ား မင်းသား ဗစ်ကီက
ဒီရုပ်ရှင်နဲ့ပဲ အမျိုးသားဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်

🎥 ဇာတ်ကားကျိရန် 👉 နှိပ်ပါ 📽️

AE Bollywood အညွန်းသီးသန့်📝

28 Dec, 09:57


Bhool Bhulaiyaa 3 (2024) mmsub
အကြည်ဗားရှင်း..ကြည်တောက်ရှင်းးး

Bhool bhulaiyaa လို့ပြောလိုက်တာနဲ့ 2007 က ထွက်ထားတဲ့ Aakshay kumar ပါဝင်တဲ့ ဇာတ်ကားကိုပြေးမြင်မိကြမယ်ထင်ပါတယ် အဲချိန်တုန်းကလည်း အရမ်းကိုပေါက်ခဲ့ပါတယ် 2 ကိုတော့ 2022 မှာ ရုံတင်ခဲ့ပြီး Karthik Aryan နဲ့ မင်းသမီးကြီး Tabu တို့က သရုပ်ဆောင်ထားပါတယ် 2 ကလည်း စိတ်ဝင်စားစရာတွေအပြည့်နဲ့ အောင်မြင်ခဲ့ပြီး အခု.. 2024 မှာတော့ 3 ကို ထွက်ရှိခဲ့ပါတယ်
ဇာတ်လမ်းအကျဉ်း
ရူဟန်က ရူးဘာဘာ (သရဲနှင်ဆရာ) အနေနဲ့ လူတွေကိုလိုက်လိမ်စားနေတဲ့သူပါ တစ်နေ့ ရာ့ခ်သဂါ့ဒ်နန်းတော်က မင်းသမီးလေးမီရာနဲ့ ဆုံခဲ့ပါတယ် တကယ်တော့ ရာ့ခ်သဂါ့ဒ်နန်းတော်က မန်ဂျူလီကာဆိုတဲ့ သရဲမကို နှစ် ၂၀၀ လောက် ချုပ်ထားတဲ့နေရာဖြစ်ပါတယ် ဒါတွေကိုသိတဲ့မင်းသမီးလေးမီရာက ရူဟန်ကို လူလိမ်ဆိုတာသိနေတာတောင်မှ နန်းတော်ကိုအရောက်ခေါ်သွားပါတော့တယ် ဘာအကြောင်းရင်းလဲဆိုတာ ဒီဇာတ်လမ်းမှာ ကြည့်ရမှာဖြစ်ပါတယ် အိန္ဒိယတွေရဲ့ ထုံးစံအရ နောက်ဆုံးပြီးခါနီး ၁၀ မိနစ်အလိုလောက်မှ မထင်မှတ်ထားတဲ့ အမှန်တရားတစ်ခုထွက်လာမှာပါ..

AE Bollywood အညွန်းသီးသန့်📝

27 Dec, 08:41


Apsara 2024 (အိပ်မက်မင်းသမီးလေး)

ဆစ်ဒူဆိုတဲ့ကောင်လေးဟာ မိန်းမဆုံးပြီးကတည်းက
ဘာအလုပ်မှမလုပ်ဘဲ အရက်ပဲသောက်နေတဲ့
အရက်သမားအဖေနဲ့အတူ နေထိုင်ပါတယ်။
ဆစ်ဒူမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့
အိပ်မက်ထဲမှာ နတ်သမီးလေးလိုလှပတဲ့
ကောင်မလေးတစ်ယောက်က ပေါ်ပေါ်လာတာပါပဲ။ဆစ်ဒူဟာ အဲဒီကောင်မလေးကို စွဲလမ်းနေပါတော့တယ်။
အပြင်မှာတော့ ဆစ်ဒူကို တစ်ဖက်သတ်လိုက်ချစ်နေတဲ့
ရင်ကူဆိုတဲ့ ကောင်မလေးကလည်း ရှိနေပြန်ပါတယ်။တစ်ဖက်မှာလည်း ရတ်နာ ပူနဲကာတို့ နိုင်ငံရေးမိသားစုရှိနေပြန်ပါတယ်။
ဒီမိသားစုဟာဆိုရင်တော့ ရွေးကောက်ပွဲမှာ အဖေ,ခင်ပွန်းနဲ့ ဇနီးသည်တို့
တစ်လှည့်စီ ဝင်ပြိုင်ရင်း နေရာတစ်နေရာမှာ မိသားစုလိုက် အပိုင်စီးထားသူတွေပါ။
နိုင်ငံရေးလောကဆိုတဲ့အတိုင်းပဲ အရှုပ်အထွေးတွေလည်း ရှိနေတာပေါ့။
ဒီလို အဆက်အစပ်မရှိတဲ့ ရတ်နာပူနဲကာတို့ နိုင်ငံရေးမိသားစုနဲ့ ဆစ်ဒူတို့ ဘယ်လိုတွေ ဆက်နွယ်သွားကြမလဲ …ဆစ်ဒူရဲ့ အိပ်မက်ထဲက နတ်သမီးလေးကရော အပြင်မှာ တကယ်ရှိရဲ့လား …
ဆစ်ဒူနဲ့ တွေ့ဆုံခွင့်ရမှာလား… ဆိုတာကိုကြည့်ရှုရမယ့် အချစ်ဒရာမာကားလေးဖြစ်ပါတယ်။

🎥 ဇာတ်ကားကျိရန် 👉 နှိပ်ပါ 📽️

AE Bollywood အညွန်းသီးသန့်📝

26 Dec, 08:36


Kanakarajyam (2024)“လောကဓံ”

အသစ်ထွက်ရှိထားတဲ့ မလေယာလမ် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်

ရာမန်ဆိုတဲ့ အဘိုးကြီးဟာ ရွှေဆိုင်တစ်ဆိုင်မှာ
လုံခြုံရေးလုပ်ပြီး အများချစ်ခင်တဲ့အပြင်
အကောင်းဆုံးဝန်ထမ်းဆုကိုပါ ရထားတဲ့သူပါဗီနူးဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ကတော့
ယောက္ခမပိုက်ဆံလည်းအကြွေးတင်နေကာ တလောတုန်းက
စီးပွားရေးလုပ်ငန်းတစ်ခုမှာ ရှုံးသွားလို့ အကျပ်ရိုက်နေတဲ့အပြင်
ဇနီးသည်ကလည်း သူအမေက ပိုက်ဆံပြန်တောင်းနေတဲ့အကြောင်း
မကြာခဏသတိပေးသလို အိမ်လခလည်း အကြွေးကျန်ပြီး ချေးငွေလည်းယူလို့မရ ဖြစ်နေပါတယ်ဒီလိုအကျပ်အတည်းတွေကနေ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဗီနူးက
ဘယ်လိုရုန်းထွက်နိုင်ဖို့ ကြိုးစားသွားမှာလဲ ဆိုတာကို
ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

26 Dec, 08:22


Shaitaan (2024)

IMDB: 7.2/10

အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးအဂျေးရဲ့ ရှိုက်တန်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုဝင်လေးယောက်မှာ အိမ်ထောင်ဦးစီးကာရိုက်တာနဲ့ အဂျေးရဲ့ Remakeရိုက်ခဲ့သမျှရုပ်ရှင်တိုင်းက ကြီးမားတဲ့အောင်မြင်မှုတွေ ရခဲ့တယ်လို့ ဆိုရမှာပါပဲ။
ရူပီး ကုဋေခြောက်ဆယ်ဝန်းကျင်သုံးခဲ့တဲ့ ဒီရုပ်ရှင်က ၂၁၁ကုဋေကျော်တဲ့အထိ ပြန်လည်ရရှိခဲ့ပါတယ်။ချစ်စရာကောင်းတဲ့ သားငယ်လေးရယ် သမီးကြီးရယ်နဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ ကဘီးရ်ကတော့ သာယာချမ်းမြေ့တဲ့မိသားစုလေးရဲ့ အိမ်ထောင်ဦးစီးကြီးတစ်ယောက်။ တစ်နေ့ သူတို့မိသားစု အပန်းဖြေအိမ်ကို အပျော်ခရီးထွက်လာကြတဲ့အချိန်မှာတော့ ဘယ်ကမှန်းမသိတဲ့ သူစိမ်းတစ်ယောက်နဲ့တွေ့ရာကစပါတယ်။အပျော်ထွက်လာတဲ့ခရီးက သူစိမ်းတစ်ယောက်ကြောင့် ဝမ်းနည်းစရာတွေကြုံတွေ့လာရတဲ့အချိန်မှာတော့................

AE Bollywood အညွန်းသီးသန့်📝

24 Dec, 15:08


Nach Ga Ghuma (2024) “ကမောက်ကမ အိမ်ထောင်ရှင်မ”

ခွီရမှကြိုက်တဲ့ ပရိသတ်ကြီးအတွက် သဘာ၀ကျကျ ရယ်ရမဲ့
ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်‌ဆက်ပေးချင်ပါတယ်။

အချစ်ဟာသကားတွေချည်းပဲ ကြည့်ရတာ ရိုးအီနေပြီဆိုရင်
အပြောင်းအလဲအနေနဲ့ ဒီလိုဇာတ်လမ်းမျိုး ကြည့်သင့်ပါတယ်။အိမ်ရှင်မတစ်ယောက်နဲ့ သူ့မိသားစုရေးကို အခြေခံပြီး
အိမ်တွင်းဟာသလေးတွေကို သဘာ၀ကျကျ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းမှာတော့ ရာနီဟာ အိမ်ရှင်မတစ်ယောက်ပီပီ မနက်မိုးလင်းတာနဲ့
ပျာယာခတ်အလုပ်များနေပုံနဲ့ အစပျိုးထားပါတယ်။ အလုပ်သွားမဲ့
ယောကျာ်းဖြစ်သူကိုနှိုးရ၊ သမီးအတွက်ပြင်ဆင်ပေးရနဲ့ အလုပ်များနေရတာက
ရာနီ့ရဲ့နေ့စဉ်ကြုံနေရတဲ့ အိမ်ရှင်မဘ၀ပါ။
အဲဒီကြားထဲ အလုပ်ချိန်အမြဲနောက်ကျတတ်တဲ့ အိမ်အကူ အစ်မအက်ရှာနဲ့ကလည်း အမြဲတကျက်ကျက်ပေါ့။နောက်ပိုင်းမှာတော့ ရာနီရဲ့အိမ်ရှင်မဘ၀ဟာ ဒီလိုပဲဆက်ဖြစ်သွားမလား၊ ဘာအ‌ပြောင်းအလဲတွေ
ကြုံရမလဲ၊ ရာနီနဲ့အက်ရှာကြား ဘယ်လိုကမောက်မကတွေ ဖြစ်ဦးမလဲဆိုတာ
ရယ်ရယ်မောမော ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။အိမ်ထောင်သည်‌တွေကြုံတွေ့ရတတ်တဲ့အိမ်ထောင်ရေး၊ မိသားစုရေးနဲ့
လူမှုရေးကိစ္စပေါင်းစုံကို သဘာ၀ကျကျ ဟာသလေးတွေနှောပြီး
တင်ဆက်ထားတာမို့ ဘ၀အမောလေးတွေ ခဏတာပြေပျောက်စေမှာပါ။

(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

AE Bollywood အညွန်းသီးသန့်📝

24 Dec, 15:00


Teen Adkun Sitaram (2023)
"သောက်တလွဲလုပ်ဖို့ မွေးဖွားလာပါတယ်"

ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2023 ခုနှစ်ထွက်
အိန္ဒိယ-မာရသီစကားပြော Comedy/Drama ဇာတ်ကားပဲဖြစ်ပါတယ်။

အာဂျင်ကယာ ၊ ကုတ်တရားနဲ့ ပူရှ်ကာရတ်တို့ဟာ အရမ်းချစ်ကြတဲ့
သူငယ်ချင်းဆိုးဖော်ပေဖက်တွေဖြစ်ကြပါတယ်တစ်ရက်မှာတော့ ဘားသွားရင်း အပျော်လွန်ပြီး ရန်ဖြစ်ကြပါတော့တယ်။
ပူရှ်ကာရတ်နဲ့ အာဂျင်ကယာတို့ဟာ နိုင်ငံရေးခေါင်းဆောင်တွေရဲ့သားတွေဖြစ်ကြပြီး
အဖေချင်းက ရွေးကောက်ပွဲအတွက် ပြိုင်ဘက်တွေဖြစ်နေကြတာကြောင့်
နိုင်ငံသတင်းထဲမှာတောင် ပါလာတဲ့အတွက် အဖေဖြစ်သူတို့
အရှက်ရကာ သားတွေကို နိုင်ငံထဲကနေ နှင်လွှတ်ကြပါတော့တယ်။ဘယ်နိုင်ငံသွားပြီး ဘာပဲလုပ်လုပ် ငါ့လက်ကလွတ် ဗြွတ်ဆိုပြီး
လွှတ်လိုက်ပေမဲ့ သူတို့ချင်းပူးပေါင်းကြံစည်ပြီး
လန်ဒန်ကိုပဲ အတူထွက်သွားကြပါတယ်။
သူတို့သုံးယောက်ပေါင်းပြီး လန်ဒန်မှာ လောင်းကျော်မလား
မြောင်းကျော်မလား မြောင်းထဲပဲကျမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦးဗျ။

( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှ ဖြစ်ပါတယ် )

AE Bollywood အညွန်းသီးသန့်📝

24 Dec, 14:09


Mura (2024) “အကြံအစည်”

ကျေးလက်အက်ရှင်-ဒရာမာဇာတ်လမ်းမျိုး
နှစ်ခြိုက်ကြတဲ့ ပရိသတ်ကြီးအတွက် မလေယာလမ်စကားပြော
ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။

ဇာတ်လမ်းမှာ အာဏာရှိတဲ့လူတွေနဲ့
အခြေခံလူတန်းစားတွေကြားက ပြဿနာတွေကို မီးမောင်းထိုးပြထားပါတယ်။ဇာတ်လမ်းထဲမှာတော့ အညတရမိသားစုတွေကနေ ကြီးပြင်းလာတဲ့
သူငယ်ချင်းလေးယောက်ကို အခြေခံရိုက်ကူးထားပါတယ်။သူတို့လေး‌ယောက်ဟာ လုယက်ဓားပြတိုက်ဖို့ ကြံစည်ထားပေမဲ့
တကယ့်လက်တမ်း အတိတ်ကလျှို့ဝှက်ချက်နဲ့ ဖုံးကွယ်ထားတဲ့
မြှုပ်ကွက်တွေပေါ်လာတဲ့အခါ သူတို့ရဲ့သစ္စာတရားကို အစမ်းသပ်ခံရ‌ပါတော့တယ်။
နောက်ပိုင်း ရည်မှန်းချက်နဲ့ ရင်းနှီးခင်မင်မှုကြား လွန်ဆွဲရင်း
ခက်ခက်ခဲခဲရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါ ဘယ်သူက
ဘယ်ဘက်ကိုတိမ်းသွားမလဲ၊ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြရမှာပါ။အာဏာကိုလက်ကိုင်ထားတဲ့ လူကုံထံအသိုင်းအဝိုင်းက အညတရလူတန်းစားကို
အကြမ်းဖက်မှုနဲ့ ရာဇ၀တ်မှုတွေကျူးလွန်ဖို့
ဘယ်လိုလက်ကိုင်တုတ်လုပ်ပြီး အသုံးချမလဲဆိုတာကလည်း စိတ်၀င်စားစရာပါပဲ။

(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

AE Bollywood အညွန်းသီးသန့်📝

23 Dec, 18:31


Kangaroo (2024) “ကန်ဂရူး”

အသစ်ထွက်ရှိလာတဲ့ ကန်နားဒါး သည်းထိပ်ရင်ဖိုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်

ပရစ်ဗီက တာဝန်ကျေပွန်တဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ကာ ဇနီးသည်ကိုယ်ဝန်ရှိနေရက်နဲ့တောင်မှ
အထက်အမိန့်အရ ရာဇဝတ်မှုပေါများတဲ့ မြို့လေးတစ်မြို့ကို ပြောင်းရွှေ့လာရပါတယ်ဆွဲကြိုးလုမှု ခိုးဆိုးလုယက်မှုတွေပေါများတဲ့ ဒီမြို့လေးက တည်းခိုခန်းတစ်ခန်းမှာ
ထူးဆန်းတဲ့ ကြောက်မက်ဖွယ်အဖြစ်အပျက်တချို့လည်း ရှိနေပြီး တစ်ရက်တော့
လင်မယားနှစ်ယောက် တည်းခိုခန်းထဲက ကြောက်အားလန့်အားထွက်ပြေးလာတာ
ကင်းလှည့်နေတဲ့ ပရစ်ဗီတို့ ရဲတပ်ဖွဲ့နဲ့အတွေ့ ဘယ်လိုဆက်လက်အဖြေရှာသွားမှာလဲ
ပရစ်ဗီတစ်ယောက် ဒီလျှို့ဝှက်ဆန်းကြယ်အမှုကို ဖြေရှင်းရင်း သူ့မိသားစုကိုရော
ကာကွယ်သွားနိုင်မှာလား

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

23 Dec, 18:20


ဖခင်သူဌေးကြီးက ပေးထားတဲ့ ပိုင်ဆိုင်မှုတွေကို အကုန်ထားခဲ့ပြီး တောရွာက လေးမှာ ဆင်းရဲသားအဖြစ် ဟန်ဆောင် နေရတာ ဘာကြောင့်လဲ

Narudi Brathuku Natana (2024)
IMDB: 7.0 /10

နာမည်ကြီးလူတစ်ယောက်မို့ အဖေ့နာမည်သုံးပြီးအဆက်အသွယ်တွေရခဲ့ပေမဲ့ ပင်ကိုက ဆင်းရဲတာဆာလောင်တာ နာကျင်တာ ခက်ခဲတာတွေကိုမသိဘဲ‌ရှင်သန်လာတဲ့သူဌေးသားဖြစ်လို့ ဒီလိုအခန်းတွေမှာ ခံစားချက်ထည့်လို့မရလို့ပြုတ်ရသူပေါ့ဒီလိုနဲ့ သူငယ်ချင်းဖြစ်သူကအကြံပေးလာပါတယ် အခက်အခဲမရှိနေလာသူဖြစ်လို့တကယ်ကောင်းတဲ့သရုပ်ဆောင်ဖြစ်ချင်ရင် လူ့ဘဝရဲ့လောကဓံတွေကိုခံစားကြည့်ပါလို့အကြံပေးခဲ့တာပါ ဒီလိုနဲ့ဆပ်တရာတစ်ယောက်ဖခင်ပေးထားတဲ့ ကားသော့‌တွေနဲ့ပိုင်ဆိုင်မှုတွေကိုအကုန်ထားခဲ့ပြီးဘယ်သူမှမသိတဲ့တောရွာလေးမှာ အခြေချခဲ့ပါတယ် ..ဆိုတော့သူဖြစ်ချင်တဲ့မင်းသားရောဖြစ်လာနိုင်မလား လိုတရဘဝကနေတစ်ပြားတောင်မရှိတော့တဲ့ဘဝမှာနေနိုင်မှာလားဆိုတာကိုတော့…

#Crd

AE Bollywood အညွန်းသီးသန့်📝

22 Dec, 17:15


Nirangal moondru (𝟮𝟬𝟮𝟰)
====================

ဗစ်ထရီဟာ ရည်မှန်းချက်ကြီးတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးကို ရှာနေခဲ့တာပါ။ ရှရီ ဒူရှန်က ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့ဆရာ ဗန်ဆင့် ရဲ့ သမီးဖြစ်သူကို ချစ်နေခဲ့တာပါ။ သူလေးစားရတဲ့ ဆရာရဲ့ သမီးဖြေစ်နေတာကြောင့် စည်းမကျော်ခဲ့ပါဘူး ။ တစ်နေ့ သမီးဖြစ်သူ ပါဗသီ ပျောက်ဆုံးနေလို့ အကျင့်ပျက်ခြစားတဲ့ ရဲမှူးဆီမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ အားလုံးက ဘယ်လိုဆက်စပ်နေလဲ ဘယ်လိုတွေ ပတ်သက်နေလဲဆိုတာ စိတ်ဝင်စားစရာဇာတ်အိမ်နဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။

AE Bollywood အညွန်းသီးသန့်📝

22 Dec, 08:17


santosh (2024)
=============
နိုင်ငံတကာ ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆု ၆ ဆုထိ ရရှိခဲ့တဲ့ ဟင်ဒီစကားပြော အိန္ဒိယကားလေးနဲ့ B-Town ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်လမ်းကတော့ ..
အိန္ဒိယနိုင်ငံရဲ့ ဓလေ့ထုံးစံအတိုင်း သားသေပြီးသွားရင် ချွေးမကို ယောက္ခမတွေက အိမ်မှာမထားချင်ကြတော့ပါဘူး။ ဝန်ပိုတယ်လို့မြင်လာကြပါတယ်။

မင်းသမီးရဲ့ယောက်ျားက တာဝန်ထမ်းဆောင်နေရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ပွဲကြားမှာ သေဆုံးသွားခဲ့ရပါတယ်။ သားသေတော့ ချွေးမကိုအိမ်ပေါ်မှာ ဆက်မခေါ်ထားနိုင်တဲ့ ယောက္ခမဖြစ်သူက မင်းသမီးကိုအပြစ်ရှာပြီး မိဘအိမ်ပြန်ပို့လိုက်ပါတယ်။

အိန္ဒိယမှာ လင်ဖြစ်သူသေသွားရင် လင်နေရာမှာမိန်းမဖြစ်သူက အစားထိုးရာထူးအနေနဲ့ တာဝန်ဝင်ထမ်းဆောင်လို့ရတာမို့ အလုပ်မရှိတဲ့မင်းသမီးက သူ့ယောက်ျားရဲ့နေရာမှာ တာဝန်ထမ်းဆောင်ဖို့အကြောင်းဖန်လာပါတယ်။

ရဲဌာနရဲ့ လုပ်ရိုးလုပ်စဉ်တွေနဲ့ မရင်းနှီးသေးတဲ့မင်းသမီးတစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

21 Nov, 07:52


AE Bollywood အညွန်းသီးသန့်📝 pinned «အောက်မှာရှိတဲ့ မင်မင်ရဲ့ channel လေးတွေထဲမှ ကြိုက်တဲ့ channel လေးတွေကို join ထားပေးကြပါဦးနော် အားလုံးကို join ပေးရင်တော့ အပျော်ဆုံးပေါ့ 🤭 Main channel join ရန်👉နှိပ်ပါ👈 https://t.me/Moviezoneonl မြန်မာဇာတ်လမ်းတွဲများကျိရန် 👉 နှိပ်ပါ 👈 https://t.me/+…»

AE Bollywood အညွန်းသီးသန့်📝

21 Nov, 07:50


AMARAN (2024) ( အိန္ဒိယစစ်ကားအသစ် )
===========================

အသက် ၃၉ နှစ်ရှိပီ ဖြစ်တဲ့ မင်းသားချော Sivakarthikeyan ရဲ့ 2024 အသစ်စက်စက် စစ်ကားအသစ်

မင်းသမီးကတော့ ကိုယ်တွေအကြိုက် အပြုံးချိုချို အနေအေးအေး မင်းသမီးချောလေး Sai Pallavi ပဲဖြစ်ပါတယ်ဗျ

နိုင်ငံရေးအရှုပ်အရှင်း စစ်ရေးဗျူဟာ စစ်သွေးကြွတွေရဲ့ စိတ် အရာအားလုံး ထင်ဟက်အောင်ရိုက်ပြထားတဲ့ ဒီဇာတ်ကားကိုတော့ ကိုယ်တိုင်ပဲ ကျိကျိလိုက်ကြပါနော်

AE Bollywood အညွန်းသီးသန့်📝

21 Nov, 07:39


အောက်မှာရှိတဲ့ မင်မင်ရဲ့ channel လေးတွေထဲမှ
ကြိုက်တဲ့ channel လေးတွေကို
join ထားပေးကြပါဦးနော်
အားလုံးကို join ပေးရင်တော့ အပျော်ဆုံးပေါ့ 🤭


Main channel join ရန်👉နှိပ်ပါ👈

https://t.me/Moviezoneonl

မြန်မာဇာတ်လမ်းတွဲများကျိရန် 👉 နှိပ်ပါ 👈

https://t.me/+6hac9zpgxok2YWE1

ကုလားကားများကျိရန် 👉 နှိပ်ပါ 👈

https://t.me/BurmesIndiaSubMV

အိန္ဒိယကားများသီးသန့်ကျိရန် 👉 နှိပ်ပါ 👈

https://t.me/indiahdmovieslink

ဇာတ်ကားစုံ တကားပီးကျိရန် 👉 နှိပ်ပါ 👈

https://t.me/AEmoviechannel

Movies only ကျိရန် 👉 နှိပ်ပါ 👈

https://t.me/thehoneymoviechannel

ကာတွန်းကားကြိုက်သူများကျိရန် 👉 နှိပ်ပါ 👈

https://t.me/AEcartoonchannel

နိုင်ငံခြားစီးရီးသီးသန့်ကျိရန် 👉 နှိပ်ပါ 👈

https://t.me/+yqcaD2c93sU0Mjdl

ကိုးရီးယား ongoing ကျိရန် 👉 နှိပ်ပါ 👈

https://t.me/kdramaserieso

ကိုးရီးယားဇာတ်လမ်းတွဲစဆုံးများကျိရန် 👉 နှိပ်ပါ 👈

https://t.me/+70w_REyiBWsxNGFl

ချစ်သူပျိုးသောပန်းတပွင့်ကျိရန် 👉 နှိပ်ပါ 👈

https://t.me/+XcWI_IvPKxw1ZDRl

🔞လူကြီးကြိုက်ကျိရန် 👉 နှိပ်ပါ 👈

https://t.me/AEdarksidemovies

AE Bollywood အညွန်းသီးသန့်📝

21 Nov, 07:14


Siddharth Roy (2024) mmsub

IMDb - 8.9/10

ရုပ်ရှင်တစ်ကားရိုက်ပြီး အကြာကြီးပျောက်သွားခဲ့တဲ့ တလေဂူးလ်မင်းသား ဒီပါ့ခ်ဆာရို့ဂျ်ရဲ့
ဒရာမာစစ်စစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဆစ်ဒါးသ်ဆိုတာ ကောလိပ်ကျောင်းသားတစ်ယောက်။ စာသင်ခန်းတွေကို ဝင်ချင်တဲ့အချိန်ဝင်
ထွက်ချိန်တဲ့အချိန် ထွက်သွားတတ်တဲ့ကျောင်းသား။
ကျောင်းသုံးကိရိယာဘာတစ်ခုမှ မပါဘဲ စာသင်ခန်းထဲဝင်လာပြီး သူငယ်ချင်းဆီက စက္ကူဖြဲ ဘောပင်ငှား
လက်ချာလိုက်ရေးပြီး သင်သမျှ နားလည်တတ်ကျွမ်းသွားတတ်တဲ့ အိုင်းစတိုင်းထက်တောင် ဉာဏ်ရည်မြင့်မားတယ်လို့
ကောလိပ်မှာ ထင်ရှားတဲ့သူ။ ဝမ်းနည်းမှု၊ အကြောက်တရား၊ ဒေါသနဲ့ ချစ်ခြင်းမေတ္တာကင်းပြီး
ယုတ္တိဗေဒနဲ့ပဲ ရှင်သန်နေတဲ့သူလို့ ကျောင်းသူကျောင်းသားတွေ သိထားကြတဲ့သူပေါ့။

အင်ဒူဆိုတာ ကောလိပ်နောက်ဆုံးနှစ်မှ ဆစ်ဒါးသ်တို့ကျောင်းကို ပြောင်းလာတဲ့ ကျောင်းသူသစ်။
အခိုက်အတန့်သေးသေးလေးတွေကနေတောင် ပျော်ရွှင်မှုကို ရှာဖွေစုဆောင်းတတ်တဲ့ လှပပျိုမြစ်တဲ့ကောင်မလေး။
ကျောင်းပြောင်းလာတဲ့နေ့မှာပဲ ဆစ်ဒါးသ်နဲ့တွေ့ပြီး ပဟေဠိဆန်တဲ့လူတစ်ယောက်အနေနဲ့ အင်ဒူ့စိတ်ထဲမှာနေရာယူခဲ့တယ်။
သူတို့နှစ်ယောက် အကြောင်းအရာတစ်ခုမှာ ဆုံတွေ့ကြချိန်မှာတော့...။

ခံစားမှုကင်းတဲ့ ဆစ်ဒါးသ်တစ်ယောက် အင်ဒူနဲ့ပတ်သက်မိချိန်မှာတော့ အချစ်ဇာတ်လမ်းဖြစ်မလား
အလွမ်းဇာတ်လမ်းဖြစ်မလားဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

20 Nov, 15:38


အဖေအရင်းရယ် မွေးစားအဖေရယ် ကို ရွေးချယ်ရတဲ့ အခါ ဘယ်သူ့ကို ရွေးချယ် မလဲ

Maa Nanna Superhero (2024) mmsub
IMDB: 8.6 /10

အဖေအရင်းရယ် မွေးစားအဖေရယ် သူတို့ရဲ့သားရယ်သူတို့ 3 ယောက်ကြားက အလွဲလေးတွေအပြင်အရယ်အငိုရသစုံခံစားရစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ။ရင်ခွင်ပိုက်အရွယ် ကလေးငယ်လေးနဲ့ တစ်ကိုယ်တော်အဖေပရာကတ်ရှ်တစ်ယောက်သားလေးကိုမိဘမဲ့ဂေဟာမှာ ခဏအပ်ထားပြီး ကားသမားအနေနဲ့ပုံသေအလုပ်ရဖို့ အော်ဒါလိုက်သွားပါတယ်။ကံဆိုးချင်တော့ သူမောင်းရတဲ့ကားက ဆေးခြောက်သယ်လာတဲ့ကားဖြစ်လို့မူးယစ်မှောင်ခိုမှုနဲ့ ထောင်ဒဏ်နှစ်နှစ်ဆယ်ကျသွားပြီး နှစ်နှစ်ဆယ်ကြာ မှပဲထောင်ကပြန်လွတ်လို့ သားဖြစ်သူကို လိုက်ရှာပါတော့တယ်။တစ်ဖက်က သားဖြစ်သူဂျွန်နီကလည်း ‌မွေးစားအဖေရဲ့စတော့ရှယ်ယာကြွေးကိုဆပ်လိုက်ဟိုကအကြွေးပြန်တင်လိုက်နဲ့ သံသရာလည်နေပေမဲ့ အဖေ့ကို အပြစ်မမြင်တဲ့သူပေါ့။ဒီလိုနဲ့ ကံကြမ္မာဇာတ်ဆရာရဲ့အလိုကျ ဒီ လူ 3 ယောက် ဆုံဆည်းဖို့ ဖြစ်လာတဲ့အခါ….

#Credit

AE Bollywood အညွန်းသီးသန့်📝

20 Nov, 15:34


Rocket Driver (2024)
“ရော့ကတ်ဒရိုင်ဘာ”

အသစ်ထွက်ရှိထားတဲ့ တမီးလ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ပရာဘာဟာဆိုရင် သုံးဘီးမောင်းပေမယ့် သူ့ရဲ့ရည်မှန်းချက်တွေစိတ်ကူးအိပ်မက်တွေက အများနဲ့မတူဘဲသုံးဘီးထဲမှာ စာအုပ်တွေထည့်ထားတဲ့ လူငယ်တစ်ယောက်ချန်နိုင်းမြို့က လူတွေအတော်များများကို သူ့အဖေကစလို့သူ့မျက်လုံးထဲ မျက်စိဆံပင်မွှေးစူးစရာ အတွေးတိမ်တဲ့ လူနုံလူအတွေလို့သတ်မှတ်ထားတဲ့သူတစ်နေ့ သူ့သုံးဘီးထဲကို အူလည်လည်ကောင်လေးတစ်ယောက် ရောက်လာတယ်ဒီကောင်လေးနဲ့တွေ့ပြီးမှ မမျှော်လင့်ထားတဲ့ ဘယ်လိုဖြစ်ရပ်တွေကြုံရမလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်လက်ခံစားကြည့်ရှုပေးပါဦး

AE Bollywood အညွန်းသီးသန့်📝

19 Nov, 09:08


Kanguva (2024) မြန်မာစာတန်းထိုး
========================

ဒီကားကတော့ အားလုံးသိကြတဲ့ သွားကြားထိုးတံ မင်းသား ဆူရိယရဲ့ ကားကောင်းလေး တစ်ကားပါ..
ရီဗျူးတွေကပါ ရှယ်ကောင်းတဲ့ကားလေးဖြစ်တာမို့ မိတ်ဆွေတို့လည်း ပေးကြည့်ရတာတန်နေပါပြီ..

ဇာတ်လမ်း အညွှန်းလေးကိုပြောရမယ်ဆိုရင်..
1070 နဲ့ 2024 အချိန်နှစ်ခုက စတင်ပါတယ် အချိန်စက်ဝန်းတစ်ခုပေါ့..
2024 မှာ ဖရန်စစ်ဆိုတဲ့ လူငယ်လေးက အရာရှိတွေကတောင် မလုပ်နိုင်တဲ့ မစ်ရှင်တွေကို ကောင်းကောင်းလုပ်နိုင်တဲ့သူမျိုးပါ.. တစ်နေ့ ဘယ်ကမှန်းမသိ ရောက်လာတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပြန်ပေးဆွဲခံရမှုကိုအတင်းအဓမ္မလိုက် စုံစမ်းဖို့ဖြစ်လာတဲ့အခါ..
1070 အချိန်စက်ဝန်းတစ်ခုတုန်းက.. ဖရန်စစ်က ကန်ဂါ အနေနဲ့ ပီရူးမာချီကို စောင့်ရှောက်တဲ့ အမွေခံမျိုးဆက်ကပါ တစ်နေ့မှာ ရောမဘုရင်က အဲဒီနယ်မြေကို လိုချင်လို့ ပေရူးမာချီရဲ့ ရန်သူတော်ဟောင်းကို ရန်တိုက်ပေးဖို့ဖြစ်လာတဲ့အခါ...
နောက်ဆုံးမှာ အချိန်နှစ်ခုရဲ့ ဆက်စပ်မှုက တကယ်တည်ရှိနေတာလား.. ဒါမှမဟုတ် ဇာတ်ကားရဲ့လှည့်ကွက်တွေလားဆိုတာ..

AE Bollywood အညွန်းသီးသန့်📝

19 Nov, 07:37


The Buckingham Murders ( 2024 )

ဘက်ကင်ဟမ်လူသတ်သမားများဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်ကြီးတွေအကြိုက်တွေ့မယ့်
လျှို့ဝှက်သည်းဖိုစုံထောက်ကားပဲဖြစ်ပါတယ်။ နာမည်ကြီးမင်းသမီးကြီး
ကရီးနာကပူးရ်ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.1 ရရှိထားတာဆိုတော့
အထွေအထူးညွှန်းဖို့တောင်လိုမယ်မထင်ပါဘူးဗျာ။

ဇာတ်လမ်းကို ဂျက်စ်မိဘမ်ရာလို့အမည်ရတဲ့ စုံထောက်တစ်ဦးပေါ်အခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဂျက်စ်ဟာ လတ်တလောတင်မှ ကလေးဆုံးရှုံးထားတဲ့မိခင်တစ်ဦးဖြစ်ပြီး
တခြားမြို့ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့မှပဲ ၁၀ နှစ်သားကောင်လေးတစ်ဦးပျောက်ဆုံးတဲ့အမှုနဲ့
တည့်တည့်တိုးပါတော့တယ်။သူက ဒီအမှုကိုလိုက်ရင်း သူ့ကလေးကိုဆုံးရှုံးခဲ့ရတဲ့ ကြေကွဲဝမ်းနည်းမှုတွေကို
ပြန်လည်သတိရတာကြောင့် သူ့အတွက် ထိရှလွယ်တဲ့အမှုဖြစ်လို့နေပါတယ်။
ဒါကြောင့် သူ့အတွက် ဒီအမှုကို အောင်မြင်စွာဖြေရှင်းနိုင်ပါ့မလား။
ပျောက်ဆုံးနေတဲ့ကောင်လေးကိုရော အသက်ရှင်လျက်ရှာတွေ့နိုင်ပါ့မလားဆိုတာကို
ဇာတ်ကွက်အရမ်းနိုင်တဲ့ ဒါရိုက်တာ Hensal Mehta ရဲ့လက်ရာကိုကြည့်ရှုခံစားရင်း
ရင်ခုန်စွာကြည့်ရှုခံစားပေးပါဦးဗျာ။ဒီဇာတ်ကားဟာ သရုပ်ဆောင်ချက်ကောင်းမွန်မှုကြောင့် အထူးချီးကျူးမှုတွေရရှိထားတာဖြစ်ပြီး
သားသမီးဆုံးရှုံးထားတဲ့မိခင်ရဲ့စိတ်ဒဏ်ရာ ၊ နောင်တတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတို့ရဲ့အတွေ့အကြုံတို့ကိုပါ
စုံလင်စွာရိုက်ကူးထားတာဖြစ်လို့ အချိန်ကုန်ဘေကုန်ရကျိုးနပ်မယ့်ဇာတ်ကားကောင်းတစ်ခုဖြစ်မှာ အသေအချာပါပဲ။

( ဘာသာပြန်နဲ့အညွှန်းကိုတော့ V, Yunni , Tomo, Alex နဲ့ LinnLunn တို့မှရေးသားထားတာဖြစ်ပါတယ် )

AE Bollywood အညွန်းသီးသန့်📝

18 Nov, 07:27


Janaka Aithe Ganaka 2024 (ဖခင်တစ်ယောက် ဖြစ်လာပြီဆိုရင်)

ပရာဆပ်ဆိုတဲ့ကောင်လေးဟာ ငယ်စဉ်က ဖခင်ဖြစ်သူကို
မြေနေရာကောင်းတစ်ခုဖြစ်လာနိုင်မယ့်နေရာကောင်းတစ်ခုကို
ဝယ်ခိုင်းခဲ့ပေမယ့် သူ့အဖေက လက်မခံပဲ တခြားနေရာမှာ
မြေကို ဝယ်ခဲ့လိုက်ပါတော့တယ်။

ဖြစ်ချင်တော့ ဖခင်ဖြစ်သူဝယ်ခဲ့တဲ့မြေနေရာဟာ ရေကန်ကြီးဖြစ်လာခဲ့ပြီးတော့
သူဝယ်ခိုင်းလိုက်တဲ့နေရာကတော့ အရမ်းကို ဖွံ့ဖြိုးတိုးတက်ပြီးတော့
ကွန်ဒိုတွေအများကြီးနဲ့ ဖြစ်နေပါတော့တယ်။ ဖခင်ဖြစ်သူဟာလည်း
သူ့သားစကားဆို ဘယ်တော့မှ လက်မခံသလို သားဖြစ်သူဟာလည်း
ဒီအချက်ကိုပဲ နင်းပြီးပြောလေ့ရှိပါတယ်။ဒီလိုနဲ့ အသက်တွေကြီးလာပြီးတော့ အိမ်ထောင်ရက်သားကျပြီးတဲ့နောက်မှာတော့
ငွေကြေးမပြည့်စုံတဲ့အတွက် ပရာဆပ်ဟာ ကလေးယူဖို့အတွက်ကို ဝန်လေးလို့နေခဲ့ပါတော့တယ်။ဒါပေမဲ့လည်း အလုပ်ကို ကြိုးစားလုပ်ရင်း Magic Wash ဆိုတဲ့
အဝတ်လျှော်စက်ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။
အဲဒီအချိန်ကျတော့မှ သူ့မိန်းမသွားချင်တဲ့ အူတီဆိုတဲ့နေရာကို
လိုက်ပို့ပေးဖို့ စိတ်ကူးယဉ်အိပ်မက်တွေ မက်ရင်း
ကလေးယူဖို့အတွက် စတင်ပြီးတော့ တွေးတောခဲ့ပါတော့တယ်။
ပရာဆပ်တစ်ယောက် ဖခင်တစ်ယောက်ဖြစ်လာပြီး သူ့ဖခင်နဲ့မတူအောင် ကလေးကို ပျိုးထောင်ပေးနိုင်ပါ့မလား ……….
မပြည့်စုံတဲ့ဘဝကနေ ဘယ်လိုတွေ ကြိုးစားရုန်းကန်ပြီးတော့ ဘဝကို နေထိုင်သွားမလဲ…..
ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒါတင်မကပဲ ဟာသမင်းသားကြီး Vennela Kishoreလည်း ပါတာဖြစ်လို့
ဒရာမာဇာတ်ကားကို ဟာသလေးတွေနှောပြီးတော့ အခွီလေးတွေနဲ့ ကြည့်ရှုရမယ့် ဒရာမာကားလေးဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

18 Nov, 07:18


Teriyaan Meriyaan Hera Pheriyan (2024) (ယူကေကို သွားချင်တဲ့ ကားသမားလေးလက်ကီး)

လက်ကီးဆိုတဲ့ တက္ကစီဒရိုက်ဘာတစ်ယောက်ဟာ ယူကေကို အရမ်းသွားချင်နေသူဖြစ်ပေမယ့်
ငွေရေးကြေးရေးအခြေအနေအရ မသွားနိုင်တဲ့သူတစ်ယောက်ပါ၊
ကားလေးတစ်စီးကို အရစ်ကျစနစ်နဲ့ဝယ်ထားပြီးတော့
တက္ကစီလေးမောင်းရင်း အရစ်ကျလေးပေးရင်းနဲ့ ဘဝကို ဖြတ်သန်းနေတဲ့သူပေါ့။

တစ်ရက်ကျတော့ ယူကေကနေ အိန္ဒိယကို ပြန်လာတဲ့ မေဂျာဆရာဆိုတဲ့သူက
ကားငှားလို့ သူသွားချင်တဲ့နေရာတွေ လိုက်ပို့ပေးရပါတယ်။ မေဂျာဆရာကြီးကတော့
ယူကေမှာ မိန်းမရှိပေမယ့် အိန္ဒိယမှာလည်း အသည်းလေးထားပြီး တစ်နှစ်တစ်ခါ
မိဘတွေရဲ့နှစ်ပတ်လည်နေ့ကို အကြောင်းပြပြီး
အိန္ဒိယက အသည်းလေးနဲ့ ပြန်လာကြည်နူးနေကြသူပေါ့။ဒီလိုနဲ့ တစ်ရက်မှာ လက်ကီးဆီကို ကောင်မလေးတစ်ယောက်က ဖုန်းဆက်ပြီး
ကားငှားတဲ့အတွက် သွားရာကနေ အဲဒီကောင်မလေးဟာ IELTS ဖြေတာကို
၄ခါမြောက်ကျထားပြီး အခုမှာတော့ ၅ခါမြောက်ဖြေဆိုတာဖြစ်ကြောင်း
သိခဲ့ရပါတယ်။အဲဒီကောင်မလေးရဲ့ ဖခင်ဖြစ်သူကတော့
သမီးကို နိုင်ငံခြားရောက်ပြီး ဘဝကို ကောင်းကောင်းမွန်မွန်
နေထိုင်စေချင်သူတစ်ယောက်ပါ။ယူကေကို အရမ်းသွားချင်တဲ့ လက်ကီးတစ်ယောက်နဲ့ နိုင်ငံခြားမှာဘဝကို
ကောင်းစားစေချင်တဲ့ ဖခင်ဖြစ်သူရဲ့ သမီးတို့ ဆုံတွေ့ကြရာကနေ
ဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲ ………
လက်ကီးတစ်ယောက် မေဂျာဆရာကြီးရဲ့ အရှုပ်တွေကြားထဲမှာရော
ဘယ်လိုတွေကြားညပ်ဦးမလဲ….. ဆိုတာတွေကို ကြည့်ရှုရမယ့်
အချစ်ဟာသဇာတ်မြူးကားလေးဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

16 Nov, 17:29


𝗠𝗮𝗿𝘁𝗶𝗻 (𝟮𝟬𝟮𝟰)
============

ဒီဇာတ်ကားလေးက ၂၀၂၄ထွက် ဒါရိုက်တာအေပီအာဂျွန်ကရိုက်ကူးထားပြီး မင်းသားကြီး ဒါရူဗာဆာဂျာကသရုပ်ဆောင်ထားတာပါ။

သူ့ကိုယ်သူရှာဖွေဖို့ကြိုးစားနေတဲ့လူတစ်ယောက်ရဲ့ပင်ပန်းခက်ခဲတဲ့ခရီးတွေ အချစ်နဲ့အမိနိုင်ငံတော်အတွက်တိုက်ခိုက်ပုံတွေကိုရိုက်ကူးပြထားတာပါ။

ဇာတ်လမ်းလေးက👇

ဇာတ်ကားထဲမှာ မြှုပ်ကွက်ဖြစ်တဲ့ လူဆိုးမာတင်ဟာ လူတွေတစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေတဲ့လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ သူသတ်တဲ့ပုံစံက သူများတွေနဲ့မနူပဲထူးခြားနေတတ်ပါတယ်။ ဘာလို့ဆို သေတဲ့သူရဲ့ဘယ်ဘက်မျက်လုံးကိုပဲပစ်ပြီးသတ်တာမို့လို့ပါ။

မင်းသားရဲ့မိတ်ဆွေတွေကိုထိပါးလာတော့ မင်းသားအတွက် မာတင်ကိုသတ်ဖို့ပါကစ္စတန်ထိလိုက်ရင်း ဆေးအမှားတွေထိုးပေးခံရတာကြောင့် မှတ်ဉာဏ်တွေဆုံးရှုံးခဲ့ရပါတယ်။
ဒါပေမယ့် သူဟာ ဆင်ပြောင်ဆယ်စီးနဲ့အားချင်းညီတဲ့သူဆိုပြီး ပါကစ္စတန်ကရဲတွေပါကြောက်လန့်နေခဲ့ကြရတာပါ။

သူဘယ်သူလဲဆိုတာရှာရတာတစ်ကြောင်း သူ့ရန်သူကိုခုခံရတာကတစ်ကြောင်း မိတ်ဆွေတွေအသတ်မခံရဖို့ကာကွယ်ရတာကတစ်ကြောင်းဆိုတော့ သည်းထိတ်ရင်ဖိုဖွယ်ကြည့်ရှုရမှာမဲ့ဇာတ်ကားလေးမို့ ကြည့်ကိုကြည့်သင့်ပါတယ်နော်❇️❇️❇️

Review by MZW - Btown

AE Bollywood အညွန်းသီးသန့်📝

15 Nov, 16:04


𝗥𝗲𝘃𝘂 (𝟮𝟬𝟮𝟰)
==========

ရေတွေတင်မက သွေးပါချောင်းစီးလာလို့ ရွာသူရွာသားတွေပါထိတ်လန့်တကြား​ဖြစ်လာခဲ့ရတဲ့ ရီဗူမြစ်...


ဒီဇာတ်ကားလေးက ဇာတ်လမ်းတစ်ပုဒ်ကိုပြန်ပြောထားတဲ့ပုံစံနဲ့ရိုက်ပြထားတာပါ။ အိန္ဒိယနိုင်ငံရဲ့ပါလာရီဗူမြစ်ကြီးကို မှီခိုပြီးအသက်မွေးဝမ်းကြောင်းပြုရတဲ့သူတွေရှိနေခဲ့တယ်။ မြစ်ကိုအမှီပြုတယ်ဆိုမှတော့ ငါးဖမ်းခြင်းပဲပေါ့။ လှေငယ်လေးတွေနဲ့ပဲ ငါးဖမ်းခြင်းကိုသူ့ထက်ငါအပြိုင်အဆိုင်လုပ်လေ့ရှိကြတယ်။

သွေးချောင်းစီးရတဲ့အကြောင်းအရင်းတွေထဲကတစ်ခုက အပြိုင်အဆိုင်စိတ်ကြီးစိုးလာတာပဲ။

ဘယ်နေရာမှာပဲဖြစ်ဖြစ် လွှမ်းမိုးလိုစိတ်များလာရင် အဲ့နေရာမှာစစ်ပွဲဆိုတာဖြစ်လာတော့တာပဲ။ ဒီမြေမှာမွေး ရီဗူမြစ်ထဲကငါးကိုစားပြီး ကြီးလာတဲ့လူငယ်တွေအတွက် လှေငယ်လေးတွေနဲ့ငါးဖမ်းရာကနေ အရင်းရှင်တစ်ဦးက စက်တပ်သင်္ဘောကြီးတစ်စင်းဝယ်လိုက်တဲ့အခါ.....

စက်တပ်သင်္ဘောက ငါးအကြီးကြီးတွေမိတော့ သူတို့ဖမ်းလို့ရတဲ့ငါးသေးငါးနုပ်တွေကိုစျေးကွက်ကလက်မခံတော့တဲ့အခါ....

ဒီလိုအကြောင်းအရင်းတွေနဲ့ ရန်စကအစပြုလာခဲ့တယ်။

မြစ်ထဲမှာထာဝရနေသွားကြမဲ့လူတွေအတွက် ဒီပြသနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။ ငါးဖမ်းဖို့ကိုရောဘယ်စိန်ခေါ်မှုတွေရှိလာမလဲ။ သွေးချောင်းစီးတာကရော ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာတော့ ဇာတ်ကားကြည့်မှပဲ ခံစားနိုင်မှာပါနော်။💜

Review by MZW - Btown

AE Bollywood အညွန်းသီးသန့်📝

15 Nov, 08:31


Zorawar Di Jacqueline [2024]ဇာတ်ကားသစ်

တစ်ရက်တည်း တူတူသေရမယ့် ဇိုရာဝါနဲ့ ဂျက်ကလင်းဇာတ်ကြမ်း ဖိုက်တင်ဘောလိဝုဒ်ကားတွေကိုပဲ ကြည့်နေရတာရိုးနေတဲ့လူတွေအတွက် ဘောလိဝုဒ် ဒရာမာဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဇာတ်လမ်းအကျဉ်း

ဇိုရာဝါနဲ့ ဂျက်ကလင်းတို့ဟာ အတော်လေးချစ်ကြတဲ့ချစ်သူစုံတွဲဖြစ်ပြီးမိဘတွေရော လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကိုရော စွန့်ခွာပြီးချစ်ခရီးနှင်ခဲ့ကြတဲ့ စုံတွဲလေးပါ။

ဇိုရာဝါကတော့ အိမ်မှာ ဘားပါထားပြီး တကီလာ ဂျက်ကာရေမီးအစုံနဲ့လေထီးခုန်တဲ့ ရှက်ကီသမားကြီးပါ။

သူ့ရဲ့ချစ်သူလေး ဇိုရာဝါကတော့ တနင်္ဂနွေနေ့တိုင်း
ဘုရားကျောင်းတက် ဝတ်ပြုတတ်တဲ့လူပေါ့။

ဒီလိုနဲ့ သာယာနေတဲ့သူတို့ဘဝကြီးမှာ ကိစ္စတစ်ခုဖြစ်ဖို့အကြောင်းဖန်လာပါတယ်။

ဒါကလည်း ထူးထူးဆန်းဆန်းသူတို့ ၂ယောက်လုံး တစ်နေ့တည်းမှာပဲ အတူသေရမယ်ဆိုတဲ့ကိစ္စပါပဲ။

၂ယောက်လုံးလည်း သူတို့ကံကြမ္မာကို လက်ခံပြီး ကျန်တဲ့ နာရီ ၂၀အတွင်းမှာသူတို့ရဲ့လက်ကျန်အချိန်လေးကို ဘယ်လိုကုန်ဆုံး စွန့်စားခန်းဖွင့်ကြမလဲသူတို့တကယ်ရော တစ်နေ့တည်းမှာ တူတူသေဆုံးသွားကြမှာလားဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ)

AE Bollywood အညွန်းသီးသန့်📝

14 Nov, 15:58


“အသစ်စက်စက်ဇာတ်ကားသစ်”
Eagle (2024) "လင်းယုန်"
==================
IMDb - 8.3/10

စောင့်မျှော်နေကြတဲ့ မင်းသားကြီး ရာဗီရဲ့ တလေဂူးလ်အက်ရှင် ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။
တောင်ထိပ်ပေါ်က ဆယ်ဧကကျယ်တဲ့လယ်ကွင်းကြီးထဲမှာ အေးချမ်းသာယာတဲ့ လယ်တောအိမ်လေးနဲ့
တောင်ခြေက မျိုးနွယ်စုနှစ်ခုပေါင်း လူသုံးရာကျော်ကိုအလုပ်ပေးထားတဲ့ ရက်ကန်းရုံတစ်ခုရှိပါတယ်။
အဲဒီဒေသမှာပဲ ရာသီအတိအကျမှာထွက်တဲ့ ရှားပါးဝါဂွမ်းကနေ ချည်ထည်ရက်လုပ်တဲ့ ရက်ကန်းရုံပေါ့။
အဲဒီတောင်ကုန်းပေါ်က လယ်တောအိမ်မှာနေတာကတော့ လင်းယုန်တစ်ဖြစ်လဲ ဆာဟာဒေ့ဗ်..
သူခွင့်မပြုဘဲ ခြံဝင်းထဲကို ပုရွက်ဆိတ်တစ်ကောင်တောင်ဝင်ခွင့်မရှိဘူးတဲ့။
ဒါပေမဲ့လည်း အချိန်တစ်နှစ်ကျော်လွန်ခဲ့ချိန်မှာတော့ တောင်ကုန်းပေါ်မှာ ဘာမှမရှိ ပြာအတိပဲကျန်ခဲ့ပါတော့တယ်။
ဒီဇာတ်လမ်းကို အစဆွဲထုတ်လာတာကတော့ ဂျာနယ်လစ်မမလေး နာလီနီ။
စျေးထဲက ချည်ထည်လေးကိုကိုယ်ကြည့်မိရာက ဆောင်းပါးတစ်ပုဒ်ဖန်တီးမိပြီးတဲ့နောက်မှာတော့
မထင်မှတ်ထားတဲ့ အရှုပ်တော်ပုံကြီးထဲကို တစထက်တစ ဝင်ရောက်မိပါတော့တယ်။

(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alex ~ BpL ~ Yunniတို့ဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

14 Nov, 15:45


Mirg ( 2024 ) မုဆိုးနဲ့သားကောင်

ဒီတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက်
အက်ရှင်ဟာသကားအမျိုးအစားဖြစ်ပါတယ်။

Mirg ဆိုတဲ့ ကျားသစ်ဟာ တွေ့မြင်ရခဲတဲ့
ဒဏ္ဍာရီလာကျားသစ်ဖြစ်ပြီး ဟိမချပ်ပြည်နယ်ရဲ့
အနိမ့်ပိုင်းဒေသတွေမှာ ကျက်စားလေ့ရှိပါတယ်။ဇာတ်ကားအကျဉ်းကတော့-
ဒီကားထဲမှာတော့ အနဲလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟာ
တရားမဝင်အလုပ်တွေခိုင်းတတ်တဲ့ ခေါင်းဆောင်လက်အောက်မှာ
အမိန့်တွေကို နာခံတတ်သူတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ သူနဲ့တွဲဖက် ရစ်ထုပ်ကြီးရာဗီနဲ့ကြားမှာ
အမှတ်မထင် သဘောထားကွဲလွဲမှုလေးတွေဖြစ်ပြီးတဲ့နောက်
ဘဝအပေါ်အမြင်တွေလည်း ပြောင်းလဲသွားခဲ့ပါတယ်။
သူက ဘာလို့ ဒီအမိန့်တွေကို မျက်စိမှိတ်နားပိတ်ပြီး လိုက်နာနေရသလဲ?
မတရားမှန်းသိပေမယ့်လည်း ဘာကြောင့် ဘယ်သူကမှ မတော်လှန်ရဲကြတာလဲ?
အာဏာရှိသူတွေက တကယ်ပဲ ဒဏ္ဍာရီတွေထဲကပြောသလို နည်းနည်းမှ
သွားထိလို့မရတဲ့သူတွေဟုတ်ရဲ့လား? ဒါမှမဟုတ်
သူတို့အပေါ်ကြောက်ရွံမှုတွေပိုများလာစေဖို့ ဝါဒဖြန့်ခြင်းသက်သက်ပဲလား?မုဆိုး(hunter)နဲ့ သားကောင်(hunted)ကြားမှာ စာလုံးလေးတစ်လုံးပဲကွာခြားတယ်။
Dထည့်လိုက်တာနဲ့ သားကောင်ဖြစ်ပြီး R ထည့်ရင် မုဆိုးဖြစ်သွားတယ်။ဒီထက်မပိုသလို ဒီထက်လည်းမနည်းဘူး။ အနဲကိုယ်တိုင်ရော
မုဆိုးဖြစ်မလား သားကောင်ဖြစ်မလားဆိုတာ…

( ဘာသာပြန်နဲ့အညွှန်းက CM Bollywood Team မှဖြစ်ပါတယ် )

AE Bollywood အညွန်းသီးသန့်📝

14 Nov, 15:36


Swag (2024) “အမွေလုပွဲ”

ကျား၊မ တန်းတူညီမျှရေးဆိုတာကို သရော်ထားတဲ့ တလေဂူးရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။

အမျိုးသမီးတွေပဲကြီးစိုးနေတဲ့ ခေတ်ကာလတစ်ခု။ အဲဒါကိုဖောက်ဖျက်ပစ်ခဲ့တဲ့ ယောကျ်ားတစ်ယောက်။
မျိုးရိုးစဉ်ဆက် သားတွေကိုပဲ အမွေဆက်ခံဖို့စည်းမျဉ်းချထားခဲ့တဲ့ ဆွက်ဂါနီကာမျိုးဆက်။
ကာလရှည်လျားလာတာနဲ့အမျှ ဒီမျိုးဆက်က ယောကျ်ားလေးအမွေခံကိုရှာဖို့အတွက်တာဝန်က
အိမ်တော်ထိန်းသားမိနှစ်ယောက်ပဲကျန်ရစ်ခဲ့ပါတယ်။အိမ်တော်ထိန်းသားဖြစ်သူက အမွေတွေအပေါ်လောဘတက်ပြီး အပိုင်သိမ်းဖို့ကြံပေမဲ့
မိခင်ဖြစ်သူကို မလွန်ဆန်နိုင်တာကြောင့် အမွေခံယောကျ်ားလေးကိုရှာမတွေ့စေဖို့ကြိုးစားပေမဲ့
လူ့ချဉ်ဖတ် စုံစမ်းရေးမှူးကြီး ဘာဗာဘူသီက အမွေခံဆိုပြီး ရောက်ချလာတဲ့အခါမှာတော့…။
တကယ့်အမွေခံကို ရှာတွေ့မှာလား…။ အိမ်တော်ထိန်းသားဖြစ်သူ ဒါမှမဟုတ် ဘာဗာဘူသီကပဲ
အမွေတွေကိုအပိုင်သိမ်းလိုက်မှာလားဆိုတာ ကြည့်ရှုလိုက်ကြရအောင်ပါနော်

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

13 Nov, 17:13


Virundha 2024 (စားသောက်ပွဲတော်)

ဂျွန်အာဘရာဟမ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ
ကီရာလာ-တမီလ်နန်ဒူနယ်စပ် တံတားပေါ်မှာ ကားကိုပဲတွေ့ပြီးတော့
အလောင်းကိုတော့ ၅ရက်အကြာမှ ရေထဲမှာ သေနေတာကို တွေ့ခဲ့ရပါတယ်။
အလောင်းစစ်ဆေးမှုလုပ်တဲ့အချိန်မှာ ဂျွန်ဟာ သေဆုံးတာ၄ရက်သာရှိသေးပြီးတော့
ရေထဲကိုရောက်နေတာဟာလည်း ၂ရက်သာရှိသေးတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
ဒီလိုနဲ့ ဆန်းကြယ်နေတဲ့ ဒီအမှုကို ရဲတွေဟာလည်း
ကြိုးစားပြီးတော့ ဒီအမှုကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေပါတယ်။တစ်ဖက်မှာတော့ ကင်ဆာရောဂါကြောင့် ဆုံးပါးသွားခဲ့ရတဲ့အဖေကို
အောက်မေ့တဲ့အနေနဲ့ ဖခင်ဆုံးသွားတဲ့ ဗုဒ္ဓဟူးနေ့မှာ ကင်ဆာသည်တွေကို
ဆေးရုံဆီ အခမဲ့ပို့ဆောင်ပေးလျက်ရှိတဲ့ သုံးဘီးမောင်းသမားလေးဟာ
သူ့ညီမရဲ့ မင်္ဂလာပွဲအတွက် စီစဉ်ပေးလျက်ရှိပါတယ်။ဒီလိုနဲ့ ညီမလေးရဲ့ မင်္ဂလာပွဲပြုလုပ်မယ့် မနက်အစောပိုင်းမှာပဲ သုံးဘီးမောင်းပြန်လာရာကနေ
အိမ်နားတစ်နေရာမှာ မတော်တဆမှုတစ်ခုဖြစ်ထားတဲ့အတွက် ကူညီဖို့သွားရင်း
သေခါနီးဆဲဆဲ မိန်းမတစ်ယောက်ဟာ သူ့ကို မသေခင် မှာစရာတွေ မှာပြီး
အကူအညီတောင်းသွားခဲ့ပါတယ်။
တိုက်ဆိုင်ချင်တော့ အဲဒီမိန်းမဟာ ဟိုးရှေ့ရက်ကမှ ဆုံးသွားခဲ့တဲ့
ဂျွန်အာဘရာဟမ်ဆိုတဲ့သူရဲ့ဇနီးသည်ဖြစ်နေခဲ့တာပါပဲ ။
ဒီလိုနဲ့ သုံးဘီးဆရာဟာ ဒီရှပ်ထွေးဆန်းကြယ်လှတဲ့ အမှုထဲမှာ
ပါဝင်လာခဲ့ရင်းကနေ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

13 Nov, 17:07


Oru Thavaru Seidhal ( 2024 ) ဇာတ်ကားသစ်

“မြေနေရာသေးသေးလေးပေးပါ..အိမ်လေးတစ်အိမ်ဆောက်ချင်လို့ပါ”

ပိုက်ဆံမရှိတဲ့ ဆင်းရဲသားနင်းပြားသူငယ်ချင်းတစ်စုဟာ
အလုပ်ရှာဖို့မြို့ပေါ်ကိုတက်လာကြပါတယ်။ မြို့ပေါ်မှာလည်း

ထင်သလိုမဖြစ်ဘဲ နောက်ဆုံးအိမ်ငှားခတောင်မပေးနိုင်တော့တဲ့အတွက်အခန်းကနှင်ထုတ်ခံရပြီး ညအိပ်စရာတောင်မရှိတာကြောင့်ဈေးကြီးထဲမှာ အချိန်သွားဖြုန်းရပါတော့တယ်။

အဲဒီမှာ ပန်းသည်ကြီးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး ပိုက်ဆံရှာနည်းတွက်ချက်နည်း ဈေးရောင်းနည်းတွေကို လက်ချာရိုက်ခံလာပြီးဖုန်းတစ်ကော ၁၀ ရူပီးနဲ့ ငှားစားကာ ပထမဆုံးပိုက်ဆံ ၁၀၀ စရှာလာနိုင်ခဲ့ပါတော့တယ်။

သူတို့အဖွဲ့ရဲ့ မျှော်လင့်ချက်အိပ်မက်က အိမ်လေးတစ်အိမ်ဆောက်ပြီးအတူတကွပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ဖို့ပဲဖြစ်ပါတယ်။

ဒီလိုနဲ့ ပိုက်ဆံရှာချင်ကြတဲ့သူတို့တစ်စုဟာ ငွေလွယ်လွယ်ရနိုင်မယ့်အခွင့်အရေးတစ်ခုနဲ့တွေ့ကြုံလိုက်တဲ့အခါမှာတော့ လှည့်စားမှုတွေ၊ မမြင်နိုင်တဲ့အန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့ အဲဒီလမ်းကြောင်းကိုပဲ လျှောက်လှမ်းဖို့ရွေးကြမလား..
ဘဝနဲ့ချီပြီးရင်းခဲ့တဲ့ ဒီအလောင်းအစားကိုပဲ အနိုင်ယူနိုင်မလား..
ကိုယ်ပိုင်ရည်မှန်းချက်တွေအောက်မှာပဲ သားကောင်အဖြစ် ကျရောက်သွားမလား….
တမီးလ်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Crime, Thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။

( ဘာသာပြန်နဲ့အညွှန်းကို CM Bollywood Team မှ တင်ဆက်ပေးထားတာဖြစ်ပါတယ် )

AE Bollywood အညွန်းသီးသန့်📝

12 Nov, 14:42


Criminal or devil 2024
''ရာဇဝတ်ကောင်လား နတ်ဆိုးလား''

ဆစ်ဒူးရယ် သူ့မိဘနှစ်ပါးရယ်ဟာ အိမ်ကြီးတစ်လုံးမှာ အေးအေးချမ်းချမ်းနဲ့ ဘဝကို ဖြတ်သန်းနေကြသူတွေပေါ့။ဆစ်ဒူးဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက သရဲကားကိုကြိုက်နှစ်သက်သူဖြစ်ပြီးအသက်ကြီးလာတဲ့အချိန်ထိလည်း သရဲကားပဲ ကြည့်တတ်သူတစ်ယောက်ပေါ့။တစ်ရက်မှာ ဆစ်ဒူးမိဘတွေက မင်္ဂလာဆောင်ရှိတာကြောင့် အိမ်ကနေ သွားကြတဲ့အချိန်
ဆစ်ဒူးတစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့တာပေါ့။ အဲဒီအချိန်မှာပဲ ဆစ်ဒူဟာသူ့အိမ်ထဲမှာ ထူးခြားမှုတွေကို ကြုံတွေ့လာရပြီးတော့ သူ့အိမ်မှာ မကောင်းတာတစ်ခုခုတော့ရှိနေပြီဆိုပြီး စမ်းသပ်မှုတွေ လုပ်ပါတော့တယ်။ဒီလိုမသင်္ကာမှုတွေနဲ့ စမ်းသပ်နေတုန်းမှာ အိမ်အစေခံကသူတို့ဘေးအိမ်ကို အိမ်နီးချင်းကောင်မလေးအသစ်ပြောင်းလာမယ်လို့ ပြောသွားပါသေးတယ်။အဲဒီအချိန်မှာပဲ သူတို့နေတဲ့နေရာလေးမှာ လူသတ်မှုတွေဖြစ်ပွားနေပြီးတော့အင်စပက်တာကလည်း ဒီအမှုရဲ့ တရားခံဟာအောက်လမ်းပညာကိုတက်မြောက်တဲ့မိန်းကလေးတစ်ဦးဖြစ်မယ်လို့ကောက်ချက်ချထားပါတယ်။သူတို့အိမ်နားကိုပြောင်းလာတဲ့ကောင်မလေးကတော့ ရက်ရှာလို့ခေါ်ပြီးတော့ဆစ်ဒူးနဲ့ မထင်မှတ်ထားတဲ့တွေ့ဆုံမှုမျိုးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။သူတို့အိမ်နားကို ပြောင်းလာတဲ့ ရက်ရှာဆိုတဲ့ကောင်မလေးကသာမာန်ကောင်မလေးတစ်ယောက်ရော ဟုတ်ရဲ့လား …….ဆစ်ဒူးနဲ့ ရက်ရှာတို့ကရော ဘာတွေဆက်ဖြစ်ကြဦးမလဲ …..ဖြစ်ပွားနေတဲ့ လူသတ်မှုတွေနဲ့ကရော ရက်ရှာဆိုတဲ့ကောင်မလေးနဲ့ သက်ဆိုင်နေမှာလား …..စတာတွေကို ကြည့်ရှုရမယ့် ပဟေဠိဆန်ဆန်Thrillerကားကောင်းလေးဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

12 Nov, 14:28


Zwigato (2023) ဘဝဇာတ်ခုံ

Imdb 7/10မိသားစုအတွက် အရာရာဖြည့်ဆည်းပေးချင်တဲ့ဖခင်
အတတ်နိုင်ဆုံးရုန်းကန်ရှာဖွေပေမဲ့ မန်နေဂျာအလုပ်ကထွက်လာပြီး
ဒလီလိုက်ပို့နေရတော့ ထင်သလောက်ခရီးမတွင်ခဲ့
မိန်းမဖြစ်သူကိုလည်းရွှေပေါ်မြတင်ထားချင်သူ
ကလေးတွေကိုလည်း သူတို့ပူဆာတဲ့ဖုန်းအပြင်ကို
ကား ဆိုင်ကယ် လေယာဉ်ပျံထိဝယ်ပေးချင်ရှာသူပေါ့
မိန်းမကအလုပ်လုပ်မယ်ဆိုတာတောင်
အပြင်လောကကဘယ်လောက်ခက်ခဲကြောင်းပြောပြီး
အိမ်မှာပဲအေးအေးဆေးဆေးနေခိုင်းပြီး
သူတစ်ယောက်တည်းကုန်းရုန်းရှာဖွေနေတဲ့ဖခင်တစ်ယောက်ပါ
442
ဒါပေမဲ့သူဒီလို ပစ္စည်းပို့နေတာကို သမီးဖြစ်သူကရှက်ပါတယ်
သမီးဖြစ်သူရဲ့စာသင်ခန်းထဲမှာက ကျောင်းအုပ်ဆရာကြီးရဲ့သားရှိတယ်လေသူ့အဖေကတော့ ဒလီပို့နေတာဆိုတော့ သိပ်မကြိုက်ချင်ဘူးပေါ့
ယောကျာ်းဖြစ်သူရုန်းကန်နေရတာကိုမကြည့်ရက်တဲ့မိန်းမက
အလုပ်လုပ်ဖို့ကြံပါတော့တယ် ဆိုတော့ဇာတ်လမ်းက
အေးအေးလေးနဲ့အဆုံးထိဆွဲဆောင်နိုင်ပါတယ်ခုခေတ်ကြုံတွေ့နေရတဲ့ ငွေကြေး မိသားစုပြဿနာတွေကိုလည်း
ရှုထောင့်အသီးသီးကရိုက်ပြထားတာဖြစ်လို့ မဆိုးလှတဲ့ဇာတ်ကားတစ်ကားပါပဲ

( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ပဲဖြစ်ပါတယ် )

AE Bollywood အညွန်းသီးသန့်📝

11 Nov, 14:56


Kozhipannai Chelladurai (2024) “မိဘမဲ့”

ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက်
အသစ်ထွက်ရှိထားတဲ့ တမီးလ်ဒရာမာရုပ်ရှင်လေးကို
တင်ဆက်လိုက်ပါတယ်

ဟာသမင်းသား ယိုဂီဘာဘူလည်း တစ်ထောင့်တစ်နေရာက
အားဖြည့်ထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်
ဆူဒါနဲ့ ချလာဒူရိုင်တို့မောင်နှမဟာ ဖောက်ပြန်ပြီး ခိုးရာလိုက်သွားတဲ့မိခင်၊
စိတ်ညစ်ပြီး ကလေးတွေကို ဆက်မစောင့်ရှောက်နိုင်တော့တဲ့
ဖခင်ကြောင့် အဘွားအိမ်ကို ရောက်လာခဲ့တယ်ဒါပေမဲ့ ကံထပ်ဆိုးချင်တော့ အဘွားဖြစ်သူပါ ဆုံးပါးသွားတဲ့အတွက်
သူတို့မောင်နှမနှစ်ယောက်ဟာ သူများပေးကမ်းတာတွေနဲ့ အသက်ရှင်နေရတဲ့အချိန်
ရွာသားတစ်ယောက်က သူ့ရဲ့ကြက်ခြံမှာ အလုပ်တစ်ခုပေးခဲ့ပါတယ်လောကဓံကို သူတို့မောင်နှမ ဘယ်လိုဆက်လက်ရင်ဆိုင်မှာလဲ
ဘယ်လိုဆူးငြှောင့်ခလုတ်တွေနဲ့ ရင်ဆိုင်ရဦးမှာလဲ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးပါဦး

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

11 Nov, 08:57


Yuva (2024) ကျောင်းတော်ကရန်စ ဇာတ်ကားသစ်
==========

အက်ရှင်ကားကောင်းတွေက ကြိုက်နှစ်သက်တဲ့ ဘောလီးဝုဒ်ပရိသတ်ကြီးအတွက်
အကြမ်းပတမ်းအသတ်အပုတ်မှာ လှည့်ကြည့်စရာမလိုအောင် တဂျိမ်းဂျိမ်းချတဲ့
ကန်နာဒါကားလေးတစ်ကားလာပါပြီ ကန်နာဒါကားတွေထုံးစံ မင်းသားနဲ့ အုပ်လိုက်
အုပ်လိုက်နဲ့မင်းသား လေပေါ်မြှောက်အောင်ထိုးပြီး သွေးတရဲရဲနဲ့ သောက်ခွက်ညိုအောင်ကျွေးတဲ့
အားရပါးရကို အဝကြည့်ရမဲ့ အက်ရှင်ကားလေးပါပဲ

ဇာတ်လမ်းလေးကတော့ မန်ဂလူရူမြို့က ကောလိပ်လေးတစ်ခုမှာ နယ်ခံကျောင်းသားတွေက
တခြားကလာပြီး အဆောင်နေတဲ့ ကျောင်းသားတွေကို အနိုင်ကျင့်နေတာကြာပါပြီ...

တစ်နေ့မှာ သူတို့က ယူဗာလို့ခေါ်တဲ့ အင်ယာကျောင်းသားတစ်ယောက်ကို
သူတို့ဆိုင်ကယ်ပါကင်မှာ ဆိုင်ကယ်လာရပ်လို့ ဆိုင်ကယ်ကို ရိုက်ခွဲလိုက်တာကစပြီး
ယူဗာနဲ့ နယ်ခံကျောင်းသားတွေ...ရန်တွေဖြစ် တွေ့တဲ့နေရာကြိတ်ကြပြီး
နယ်ခံကျောင်သားတွေတင်မက နယ်ခံလူမိုက်တွေနဲ့ပါ ဇယားတွေရှုပ်ကုန်ပါတော့တယ်...
ယူဗာနဲ့ နယ်ခံကောင်တွေ ဘယ်လိုကျွေးကြမလဲဆိုတာ ပိတ်ကားပြင်ထက်မှာ
ဆက်လက်အားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်...

အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်

🎥 ဇာတ်ကားကျိရန် 👉 နှိပ်ပါ 📽️

AE Bollywood အညွန်းသီးသန့်📝

11 Nov, 08:51


Yaavarum Vallavare (2024) မေ့မရတဲ့တစ်ညတာ

ပူလောင်အိုက်စပ်နွေညတွေရဲ့ ရယ်ရွှင်ဆေးဖြစ်လာစေမယ့် ဇာတ်လိုက်ကျော်ကြီး ယိုဂီဘာဘူပါဝင်တဲ့
drama comedy ဇာတ်လမ်းသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီဇာတ်လမ်းမှာတော့ အခွဲလေးခုပါဝင်မှာဖြစ်ပြီးတော့ ဘယ်လိုဆက်စပ်သွားမလဲဆိုတာ ရှုစားကြပါဦး။
ကျွန်တော်တို့အားလုံး ဒုက္ခတွေ့ချိန်မှာ ကယ်တင်ရှင်ကို အမြဲမျှော်တတ်ကြပေမဲ့
ကယ်တင်ရှင်ကတော့ အမြဲပေါ်မလာတတ်ပါဘူး။

ကိုယ့်မှာ ပြေးကြည့်မှကိုယ်ပဲရှိတဲ့အချိန်တွေမှာ ကိုယ်တိုင်ပဲကယ်တင်ရှင်ဝင်လုပ်ဖို့ဖြစ်လာတဲ့အချိန်တွေ လူတိုင်းမှာ ရှိခဲ့ဖူးမှာပါပဲ။
ဒီဇာတ်ကားလေးကတော့ ကိုယ့်ဘဝရဲ့သူရဲကောင်းက ကိုယ်ဖြစ်နေတဲ့အခိုက်အတန့်လေးတွေကို ရိုက်ကူးပုံဖော်ထားတာပါ။
ဒီဇာတ်လမ်းလေးမှာ အကျင့်စာရိတ္တကောင်းမွန်မှုနဲ့ ထောင်ဒဏ်လျှော့ရက်ရပြီး ၅ နှစ်အကြာမှာလွတ်မြောက်လာတဲ့လူတစ်ယောက်၊
၅ နှစ်လုံးလုံး မိသားစုနဲ့တွေ့ခွင့်မရတဲ့သူနဲ့ သူ့ကိုစောင့်ကြည့်နေတဲ့လူတစ်စု နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း အကြမ်းဖက်တွေနဲ့စစ်ပွဲမှာ
တိုက်ပွဲကျသွားတဲ့ စစ်သားနဲ့ ကိုယ်ဝန် ၃ လနဲ့ကျန်နေခဲ့တဲ့သူ့ဇနီးဖြစ်သူ တစ်ဖက်က ပျောက်ဆုံးနေတဲ့အဖေကို လိုက်ရှာနေတဲ့သားတစ်ယောက်
နောက်ဆုံးအနေနဲ့ ရုပ်ရှင်အဖွဲ့သားယောင်ယောင်နဲ့ အိမ်မှာရုပ်ရှင်ရိုက်မယ်ဆိုပြီး ရောက်လာတဲ့ အကြံသမားနှစ်ယောက်နဲ့ အိမ်ရှင်သူဌေးမရဲ့သမီးကို
ခိုးပြေးချင်တဲ့ဒရိုက်ဘာလေးရဲ့ဇာတ်လမ်း

ဒီဇာတ်လမ်းလေးခုက အဖြစ်အပျက်လေးခုက တစ်ညတည်းမှာဖြစ်လာတဲ့အခါ ဒီလူတွေ ရဲ့ဘဝမှာ
ဘယ်လိုရိုက်ခတ်မှုတွေဖြစ်လာမလဲဆိုတာ ရှုစားကြပါဦး။

AE Bollywood အညွန်းသီးသန့်📝

10 Nov, 16:59


Dhonima 2024 ဇာတ်ကားသစ်
ခွေးကလေးဒိုနီမာ
=============================


ယစ်ထုတ်ကြီး‌ယောက်ျားနဲ့ရထားတဲ့ ဒါနမ်တစ်ယောက်ကတော့အားကိုးမရဘဲ ကိုယ်တိုင်ရုန်းကန်ရင်း မိသားစုကိုထောက်ပံ့နေရသူပေါ့။

ဖြစ်ချင်တော့ သားလေးကလည်း နားမှာချို့ယွင်းချက်ဖြစ်နေတော့ခွဲစိတ်ဖို့ ငွေကလည်း လိုနေပြန်တာပေါ့။ဒါပေမဲ့ အဖေဖြစ်သူက အိမ်တွင်းရေးကိစ္စနဲ့ပတ်သက်လို့ ဘာမှစိတ်မဝင်စားတာဝန်မယူလေတော့ စားဝတ်နေရေးက ပိုပိုကြပ်တည်းလာ‌တာပေါ့။

ဒါပေမဲ့ ဒီလိုကြပ်တည်းနေတဲ့ကြားက ဒါနမ်တစ်ယောက် အမှိုက်ပုံထဲကနေခွေးပေါက်လေးတစ်ကောင်ကို သနားလို့ဆိုပြီး သားလေးလည်းအဖော်ရအောင်ကောက်ပြီးမွေးစားလိုက်ပါတော့တယ်။

အဲဒီခွေးကလေးကတော့ ဒိုနီမာဆိုတဲ့ ဂိုးဒင်းရီထရီဗာအမလေးပါပဲ။

သိပ်လိမ္မာတဲ့ ဒိုနီမာလေးက တစ်အိမ်လုံးရဲ့အချစ်တော်ဖြစ်ပြီးမိသားစုတစ်ပိုင်းဖြစ်လာချိန်ကျမှ ယစ်ထုတ်ကြီးအဖေကဒီခွေးလေးကို အကြွေးဆပ်ဖို့ရောင်းစားလိုက်တဲ့အခါ….

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

10 Nov, 08:32


Lubber Pandhu (2024) “ချည်သောကြိုးများ”

ကမ္ဘာမှာ ခရစ်ကတ်ကစားနည်းကို အနှစ်သက်ဆုံးရော
အအောင်မြင်ဆုံးအသင်းအဖြစ်ရောပါဝင်နေတဲ့
နိုင်ငံတွေထဲမှာ အိန္ဒိယဆိုတာ ထိပ်ဆုံးမှာပါဝင်နေတာ
အိန္ဒိယရုပ်ရှင်ပရိသတ်တွေသိကြမှာပါ။

အခုတင်ဆက်ပေးမှာက ဒါရိုက်တာ Tamizharasan Pachamuthuရဲ့ ပွဲဦးထွက်လက်ရာ တမီးလ်ရုပ်ရှင်။
ခရစ်ကတ်အားကစား၊ အချစ်နဲ့ ဟာသကို အချိုးညီညီချက်ပြုတ်ထားတဲ့
ဟင်းကောင်းတစ်ခွက်မို့ မြည်းစမ်းကြည့်ကြစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။
ဂျိုလီဖရန့်ဆိုတဲ့ ခရစ်ကတ်အသင်းမှာ ဝင်ကစားရမယ်ဆိုတဲ့စိတ်နဲ့ ရောက်လာခဲ့တဲ့ အန်ဘူး။
သဘောထားချင်းမတိုက်ဆိုင်လို့ ဂျိုလီဖရန့်မှာ ဝင်မကစားတော့ဘဲ တစ်ဘက်အသင်းမှာကစားနေတဲ့
ဒူဘိုင်းပြန် မြို့ရဲ့ဂုဏ်ဆောင် ဂီသူးဆိုတဲ့လူကြီးရဲ့ အံ့မခန်းရိုက်ချက်တွေကို ရပ်ကြည့်နေခဲ့တဲ့ကောင်လေး။
ဂျိုလီဖရန့်အသင်းဝင်မဖြစ်ခဲ့တဲ့အန်ဘူးတစ်ယောက် ဆယ်နှစ်ဆိုတဲ့အချိန်ကာလကိုဖြတ်ကျော်ပြီးချိန်မှာ
ဘယ်အသင်းသားမှမလုပ်ဘဲ ကြုံရာအသင်းမှာ ဧည့်သည်ကစားသမားအဖြစ်နဲ့ ဝင်ကစားနေပြီး
အားကစားဝတ်စုံဆိုင်လေးဖွင့်ထားခဲ့တာပေါ့။ တစ်နေ့တော့ မင်္ဂလာဆောင်တစ်ခုမှာ
ကောင်မလေးတစ်ယောက်ကို ကြွေမိသွားရာကစ သူငယ်ငယ်က ရပ်ကြည့်ခဲ့ရတဲ့
ဆရာကြီးဂီသူးရဲ့သမီးဆိုတာကိုသိရတဲ့နောက်မှာတော့…။
ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကို မြူးမြူးကြွကြွတင်ဆက်ရိုက်ကူးထားမှုမှာ ခံစားကြည့်ရှုကြပါဦး။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။)

AE Bollywood အညွန်းသီးသန့်📝

10 Nov, 07:45


𝐕𝐢𝐣𝐚𝐲 𝟔𝟗 (𝟐𝟎𝟐𝟒)
=============

ဒီကာလကြီးထဲမှာ စိတ်ဓာတ်တွေကျပြီး လမ်းပျောက်နေတဲ့သူတွေအတွက် Motivationအကြီးစားကြီးနော်။ ကိုယ့်ကိုယ်ကိုမဖြစ်နိုင်ဘူးထင်နေရင် ဒီဇာတ်ကားသာကြည့်လိုက်😎

လောကမှာ အောင်မြင်မှုကြီးကြီးမားမားရဖို့ လွယ်ကူပါတယ်လို့ဘယ်သူမှမပြောတတ်ကြပါဘူး။ အဲ့ဒီမလွယ်ကူတာကို လုပ်ဆောင်ရဲတာကိုပဲ သတ္တိလို့ခေါ်တယ်။ ဒီဇာတ်ကားရဲ့ဇာတ်ကောင် ဗီဂျေးမက်သယူးဟာ အသက်၆၉နှစ်ရှိနေပါပြီ။ အသက်၆၉နှစ်ဆိုတာ ကိုယ့်အရိုးကိုတောင်မနည်းချီနေရတဲ့အရွယ်ပါ။ အဲ့အရွယ်နဲ့ Triathlon( ရေကူး၊ စက်ဘီးစီး၊ အပြေး၃မျိုးပါသောပြိုင်ပွဲ) ကိုဝင်ပြိုင်ဖို့ဆိုရင် ဖြစ်နိုင်ပါ့မလား။

သေချာပေါက်လူတွေရယ်ကြမှာပဲ။ အသက်၆၉နှစ်နဲ့မလုပ်နိုင်လောက်ဘူးဆိုတာသိနေကြတဲ့လူတွေအတွက် ဗီဂျေးဟာသူငယ်ပြန်ပြီးစိတ်ကူးယဥ်နေသူတစ်ယောက်ပဲပေါ့။

ဒါပေမယ့် အဲ့ဒီပြိုင်ပွဲကိုဝင်ပြိုင်မဲ့ဗီဂျေးအတွက် တစ်ခုတည်းသောလှုံ့ဆော်မှုက သူ့ရဲ့စိတ်ဓာတ်ပဲ။ သူသေလို့မှ သူ့အသုဘမှာသူယူဆောင်ခဲ့ဖူးတဲ့အောင်မြင်မှုမရှိတာသိရတဲ့အခါ အိန္ဒိယနိုင်ငံရဲ့Triathlonပြိုင်ပွဲမှာ အသက်အကြီးဆုံးပြိုင်ပွဲဝင်အဖြစ်စံချိန်သစ်တင်ချင်ခဲ့တယ်။

ဖြစ်ချင်တော့ သူငယ်ငယ်ကပြိုင်ပွဲဝင်ခဲ့ဖူးတဲ့သူငယ်ချင်းနဲ့တစ်သင်းတည်းကျမှာဆိုတော့ ကိုယ်တွေရဲ့အသက်၆၀ကျော်အဘိုးကြီး ဗီဂျေးတစ်ယောက် စံချိန်သစ်တင်နိုင်သွားမှာလား?
သေချာပေါက်မလွယ်ကူတဲ့ကိစ္စမို့ ဘယ်လိုလှည့်ကွက်တွေပါလာမလဲ?
ငယ်ငယ်ကရေဆက်ကူးရင်ချန်ပီယံဖြစ်နိုင်ရဲ့သားနဲ့ ဘာလို့ဆက်မကူးဘဲ အရက်သောက်ရင်းအချိန်တွေကုန်ခံခဲ့တာလဲ?

စိတ်ခွန်အားဖြစ်စေပြီး ကြည့်ရတဲ့အချိန်ကိုအကျိုးရှိစေတဲ့ဇာတ်ကားလေးမို့ သေချာပေါက်ကြည့်ကြဖို့ highly recommendလုပ်လိုက်ရပါတယ်ဗျာ💚

Review by MZW - Btown

AE Bollywood အညွန်းသီးသန့်📝

09 Nov, 08:43


𝐓𝐡𝐞 𝐁𝐮𝐜𝐤𝐢𝐧𝐠𝐡𝐚𝐦 𝐌𝐮𝐫𝐝𝐞𝐫𝐬 (𝟐𝟎𝟐𝟒)
=============================

လူသတ်မှုတစ်ခုကြောင့် သားဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ ရဲအရာရှိဖြစ်သူမိခင်တစ်ယောက်ဟာ အဲ့ဒီမြို့မှာ ဆက်မနေတော့ဘဲ နယ်ပြောင်းမိန့်ကိုလက်ခံပြီး တခြားမြို့တစ်မြို့ကို ပြောင်းရွှေ့သွားခဲ့တယ်။

သူ ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာပဲ သူကိုင်ရမဲ့အမှုက ကလေးပျောက်မှုဖြစ်နေတဲ့အခါ လက်မခံချင်တဲ့ကြားကလက်ခံပြီး အမှုလိုက်ခဲ့တယ်။ နောက်တော့ ကလေးပျောက်မှုကနေ လူသတ်မှုဖြစ်သွားတဲ့အခါ ပတ်သက်ရာပတ်သက်ကြောင်းတွေကို အကုန်လိုက်လံစုံစမ်းဖော်ထုတ်ရာက အဓိကသံသယရှိတရားခံတစ်ယောက်ပေါ်လာတော့တာပေါ့။

ဒါပေမဲ့ ဒီသံသယရှိသူက တကယ်ပဲ တရားခံအစစ်လား။ လူသတ်မှုကိုရော ဘာကြောင့်ကျူးလွန်ခဲ့တာလဲဆိုတာကို လျှို့ဝှက်သည်းဖိုဆန်ဆန်ကြည့်ရှုရမဲ့Mystery Thriller ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်

🎥 ဇာတ်ကားကျိရန် 👉 နှိပ်ပါ 📽️

AE Bollywood အညွန်းသီးသန့်📝

09 Nov, 08:36


𝗔.𝗥.𝗠 (𝟮𝟬𝟮𝟰)
===========

ဒီဇာတ်ကားကတော့ တွေ့နေ့ကျအိန္ဒိယကားတွေလို မျက်နှာတွေပဲလိုက်ပြထားတာမဟုတ်ဘဲ တကယ့်အစစ်အမှန်တွေနော်။
လုံးဝဆွဲဆောင်ထားတာကတော့ 3D effectရော CGI တွေရောက ရှယ်ကိုရိုက်ပြထားတာပါပဲ။ ဇာတ်ကားရဲ့ဇာတ်လမ်းကရိုးရိုးလေးပါ။ မျိုးဆက်၃ဆက်အကြောင်းပြန်ပြောင်းပြောပြပြီး စွန့်စားမှုတွေ စိန်ခေါ်မှုတွေ အနှေးပြကွက်တွေအမြန်ပြကွက်တွေက တခြားဇာတ်ကားတွေနဲ့ယှဥ်ကြည့်လိုက်ရင် လုံးဝအပြတ်အသတ်ကြီးပါပဲ။👍

ဇာတ်လမ်းကတော့👇

မိုးကောင်းကင်ကနေရုတ်တရက်ကြွေကျလာတဲ့ ကြယ်ကျောက်တုံးကြီးနဲ့ပြုလုပ်ထားတဲ့ ရွှေစင်မီးအိမ်ရုပ်တုလေးကဇာတ်လမ်းရဲ့အသက်ပါ။ ဘုရင့်ဆီက ဆုလာဘ်အဖြစ်ရခဲ့ပြီး ကာရီပူရမ်နယ်မြေထဲကိုချင်းနင်းဝင်ရောက်လာခဲ့တယ်။ ရွာသူရွာသားတွေအတွက် အိပ်ယာဝင်ပုံပြင်လိုဖြစ်ခဲ့တဲ့ ဂုဏ်ယူရတဲ့အတိတ်အကြောင်းတွေပေါ့။

ဖြစ်ချင်တော့ အဲ့ဒီမီးအိမ်က မန်နီယန်ဆိုတဲ့ မင်းသားတို့အဘိုးက ခိုးသွားတဲ့အခါ..
သူခိုးရဲ့မြေးဆိုပြီး မျိုးဆက်၃ဆက်တိုင်အောင်အပြောအဆိုခံခဲ့ရတယ်။

သူဘာကြောင့်ခိုးခဲ့တာလဲ...။ သူတို့ကိုးကွယ်နေတဲ့ အဲ့ဒီမီးအိမ်ရုပ်တုလေးက မင်းကြီးပေးလိုက်ကတည်းက အတုကြီးဆိုတာ ​သိသွားမယ်ဆိုရင်ရော...။ 3D effectတွေကြည့်ရတာနဲ့တင် ရှယ်တန်တဲ့ဇာတ်ကားမို့ အခုdownပြီးကြည့်လိုက်တော့နော်💚

🎥 ဇာတ်ကားကျိရန် 👉 နှိပ်ပါ 📽️

AE Bollywood အညွန်းသီးသန့်📝

09 Nov, 07:40


Devara: Part 1 (2024) “ဒေဗာရာ”

IMDb – 6.4/10


ဘောလိ၀ုဒ်ပရိသတ်တို့ စောင့်မျှော်နေကြတဲ့
တောင်ပိုင်းမင်းသား N.T.Rama Rao Jr၊
ဟင်ဒီမင်းသားကြီး ဆေ့ဖ်အလီခန်းတို့ရဲ့
ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။

တစ်လအတွင်း အိန္ဒိယက ခရစ်ကတ်ကမ္ဘာ့ဖလားပွဲကို
လက်ခံကျင်းပရတော့မယ်။ ဒါပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့
ကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုရှိတာကို သတင်းရထားခဲ့ရော။
ဒီမှာပဲ သံသယတရားခံတွေကို လိုက်ဖမ်းတဲ့အချိန် တကယ့်ခေါင်းဆောင်ကို ဘယ်မှာမှရှာလို့မရ။
သတင်းရဖို့အတွက်သွားရမဲ့နေရာက ပင်လယ်နီလို့ခေါ်တဲ့ ပင်လယ်ကမ်းစပ်တစ်နေရာက ရွာတစ်ခု။
ရန်သူရဲ့သွေးတွေနဲ့ ရဲရဲနီနေခဲ့လို့ ပင်လယ်နီလို့ခေါ်တဲ့နေရာ။
အဲဒီနေရာက ဒေသခံတွေချစ်ကြတဲ့ ဒေဗာရာဆိုတဲ့လူတစ်ယောက်အကြောင်း။
ဘောလိ၀ုဒ်အက်ရှင်ဇာတ်ကြမ်းနှစ်ခြိုက်သူတွေ သဘောတွေ့စေမှာမို့ ခံစားကြည့်ရှုကြပါဦး။

🎥 ဇာတ်ကားကျိရန် 👉 နှိပ်ပါ 📽️

AE Bollywood အညွန်းသီးသန့်📝

08 Nov, 16:53


Viswam (2024)

ဒီတစ်ခေါက် 2024 ခုနှစ်ထွက် ဘောလိဝုဒ်ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား အကြမ်းဖက်မှုတွေကိုလုပ်ဆောင်နေတဲ့ လူတစ်စုကကလေးငယ်လေးတစ်ယောက်ကို လိုက်လံရှင်းလင်းသတ်ဖြတ်ကြမယ့်စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။

ဇာတ်လမ်းအကျဉ်း
အကြမ်းဖက်လုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ဂျာလာလူဒင်ကာရက်ရှီ ဆိုတဲ့လူက ဦးဆောင်ပြီးသူတို့လမ်းမှာ အဟန့်အတားဖြစ်လာမယ့်ဝန်ကြီးတစ်ဦးကို အဲဒီဝန်ကြီးရဲ့ညီဖြစ်သူနဲ့ပေါင်းသတ်လိုက်ပါတယ်။

သူတို့အဲဒီလိုဒုစရိုက်မှုကျူးလွန်နေတာကို မတော်တဆကလေးမလေးတစ်ယောက်ကမြင်သွားခဲ့ပါတယ်။ဂျာလာလူဒင်တို့လည်း ဒီမျက်မြင်သက်သေကလေးမလေးကိုသတ်ဖို့လုပ်ကြတော့တာပေါ့။ ထိတ်လန့်နေတဲ့ဒီကလေးမလေးကို သူ့အဘိုးဖြစ်သူတို့ကသက်သာရာသက်သာကြောင်း ဘုရားကျောင်းလိုက်ပို့တဲ့အချိန်မှာသူ့ကိုသတ်ဖို့လိုက်လာတဲ့ လူမိုက်အုပ်စုနဲ့တွေ့ပါတော့တယ်။

ဒီကလေးမလေးနဲ့ သူတို့မိသားစုကို ကယ်တယ်ပေးသွားမယ့်ကယ်တင်ရှင်က ဘယ်သူဖြစ်ပြီးဘယ်လိုအကြောင်းအရာများနဲ့ပေါ်လာပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

06 Nov, 18:39


မင်းသားကြီးရာဂျီးနီကန့်နဲ့အမီတာဘဂျမ်းဆိုတော့မင်မင်ကတော့ကြည့်ချင်နေပီး

Vetteryan ( or ) The Hunter _ 2024
============================

စူပါစတားမင်းသားကြီးတွေဖြစ်ကြတဲ့ Rajinikanth နဲ့
Amitabh Bachchan တို့ကို ဒီကားထဲမှာ အတူတကွမြင်တွေ့ရမဲ့ကား

ဇာတ်ပို့ဇာတ်ရံအစုံအလင်နဲ့ ဇာတ်လမ်းကောင်းကောင်းကြိုက်သူများအတွက်တော့ မျှော်ရကျိုးနပ်မဲ့ကားပါ

AE Bollywood အညွန်းသီးသန့်📝

06 Nov, 18:31


𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐑𝐚𝐚𝐯𝐚𝐧 (𝟐𝟎𝟐𝟒)
=====================

မင်္ဂလာဆောင်ခါနီးသတို့သမီးတွေကိုမှရွေးပြီး သတ်ပစ်တတ်တဲ့ ကွင်းဆက်လူသတ်သမားအမှုဟာ မီဒီယာပေါ်မှာ နာမည်ကြီးလာတဲ့အခါ ရဲတပ်ဖွဲ့ဝင်တွေရော မီဒီယာတွေကပါ ဒီအမှုကို အတွင်းကျကျစစ်ဆေးကြပါတော့တယ်။

တစ်နေ့မှာ ရဲတွေက တရားခံကိုဖမ်းမိခဲ့ပြီဆိုပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပေမဲ့ သတင်းထောက်ရမ်ကတော့ ဒါဟာ အဆုံးသတ်မဟုတ်သေးဘူးဆိုတာကို ကြိုသိနေခဲ့ပါတယ်။

အဲ့ဒါကြောင့် ရဲတွေရှာမတွေ့တဲ့ကွင်းဆက်တွေကတစ်ဆင့် ဟိုဟိုဒီဒီပိုက်စိပ်တိုက်စစ်ဆေးပြီး တရားခံရဲ့သဲလွန်စကို ရှာဖွေကြတဲ့အခါ ဘယ်လိုအမှန်တရားတွေကို ရှာဖွေတွေ့ရှိမလဲ။ သတို့သမီးတွေကိုမှရွေးပြီး သတ်ဖြတ်တဲ့ ကွင်းဆက်လူသတ်သမားကိုရော မိပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ

AE Bollywood အညွန်းသီးသန့်📝

06 Nov, 07:10


Gumasthan (2024) mmsub

မိန်းမကိုသံတုတ်နဲ့ရိုက်လိုက်မိလို့ မိန်းမသေသွားသော်လဲ ဉပဒေရဲ့ ယိုပေါက်တွေအားလုံးကို သူသိနေတဲ့ အခါ

IMDB: 7.3/10

ဥပဒေရဲ့ ယိုပေါက်တွေအားလုံးကို သူသိနေပါတယ်။ဥပဒေကနေ လွတ်လမ်းရှာချင်သူတိုင်း သူ့ဆီလာပြီးတော့ အကြံတောင်းကြပါတယ်။တစ်ခုထူးခြားတာကတော့ ပါလီပါဒန်ဟာ ဆူညံမှုကို မုန်းတီးတာပါပဲ။သူ့အိမ်မှာဆိုရင် အသံကျယ်ကျယ်ပြောလို့မရသလို ဘာဆူညံမှုမှလည်း လုပ်လို့မရပါဘူး။ဂီရိဟာ ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ဖို့အတွက် ပါလီပါဒန်ဆီကနေ အကြံသွားတောင်းခံခဲ့ပါတယ်။ပါလီပါဒန် အကြံပေးတဲ့အတိုင်း လုပ်ဆောင်ခဲ့ပေမယ့် ရဲအရာရှိတွေဟာလည်းဂီရိရဲ့ မှုခင်းဇာတ်ကြောင်း အကြောင်းကို သိသွားကြတဲ့နောက်မှာရဲတွေဟာလည်း ဒီအမှုကို အမှန်ဖြစ်စေနိုင်ဖို့ လုပ်ဆောင်ပါတော့တယ်။ဒီလိုနဲ့ ဂီရိကို အမှုကနေ ကွင်းလုံးကျွတ်နိုင်ဖို့ ပါလီပါဒန်ပေးတဲ့ အကြံတွေအတိုင်းလုပ်ရင်း လွတ်သွားနိုင်မလား ……ရဲတွေဘက်ကနေပဲ အားသာပြီး ဂီရိတစ်ယောက်အမှုမှာ ရှုံးသွားမလား …….

AE Bollywood အညွန်းသီးသန့်📝

05 Nov, 07:30


Yudhra ( 2024 ) ဇာတ်ကားသစ်

ဒီဇာတ်ကားကတော့ ၂၀၂၄ ခုနှစ်ထွက်
ဟင်ဒီစကားပြော Action Thriller
အမျိုးအစားဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ်။

ဇာတ်ကားအကျဉ်းကတော့-
ရဲဌာနရဲ့ အတော်ဆုံးအရာရှိနဲ့ သူ့ဇနီးသည်ဟာ ပါတီပွဲကအပြန်မှာ
မတော်တဆလား တမင်သက်သက်လားဆိုတာမသိတဲ့
ကားအက်စီဒန့်တစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးသွားကြပါတယ်။
ကိုယ်ဝန်နေ့စေ့လစေ့နဲ့မိခင်သေဆုံးသွားပေမယ့် ယုဒရာလေးကိုတော့
ဗိုက်ထဲကခွဲထုတ်ပြီးကယ်တင်နိုင်ခဲ့ပါတယ်။
မမွေးခင်ကတည်းက မိဘမဲ့ဖြစ်သွားခဲ့တဲ့
ယုဒရာလေးကိုတော့ သူ့အဖေရဲ့မိတ်ဆွေတို့က
သားလေးတစ်ယောက်လိုမွေးစားခဲ့တယ်။
ယုဒရာလေးဟာ မိဘမဲ့ဖြစ်တာရော ၊ သူ့ရဲ့မွေးဖွားလာပုံတို့ကြောင့်ရော
စိတ်မထိန်းနိုင်ဘဲ ရန်လိုတဲ့ ဒေါသအိုးလေးအဖြစ်ကြီးပြင်းလာခဲ့ပါတယ်။
ကျောင်းသားလေးဘဝမှာကတည်းက သူ့ရဲ့ပုတ်သင်ညိုကိုသတ်ပစ်တဲ့
ကောင်လေးကို ပြန်သတ်ဖို့လုပ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပြီး
ကြီးပြင်းလာတာနဲ့အမျှ ဆိုင်ကယ်ပြိုင်မောင်းတာလိုမျိုး
အန္တရာယ်နဲ့ကစားရတဲ့အရသာတွေကို ခုံမင်တဲ့လူဆိုးလေးဖြစ်လာပါတော့တယ်။
အဲဒါကြောင့် သူ့မွေးစားအဖေတွေက မီးနဲ့ကစားရမှ
ရင်ခုန်တတ်တဲ့သူ့ရဲ့စိတ်ဓာတ်ကို လမ်းကြောင်းမှန်ပေါ်တင်ပေးဖို့အတွက်
အမျိုးသားအရာရှိလေ့ကျင့်ရေးကျောင်းကို ပို့လိုက်ပါတယ်။
အဲဒီနောက်မှာတော့ ယုဒရာတစ်ယောက် ထိပ်သီးလူဆိုးဂိုဏ်းတွေနဲ့ ဘယ်လိုအပြိုင်ကြဲမလဲ ၊
မိဘတွေသေဆုံးမှုကိုရော ဖော်ထုတ်ပြီး လက်စားချေနိုင်မလားဆိုတာတွေကို
အသတ်အပုတ် အက်ရှင်ခန်းများများနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး တခြားပေါကားတွေလိုမဟုတ်ဘဲ
သေသေသပ်သပ်ဖြစ်လာတဲ့ဇာတ်ကွက်တွေကြောင့် ကြည့်ရကျိုးနပ်မယ့်
ဇာတ်ကားတစ်ခုအနေနဲ့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဗျ။

( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် )

🎥 ဇာတ်ကားကျိရန် 👉 နှိပ်ပါ 📽️

AE Bollywood အညွန်းသီးသန့်📝

05 Nov, 07:14


Sattam En Kaiyil (2024)
''တရားမျှတမှု''

အသစ်ထွက်ရှိလာတဲ့ တမီးလ်မှုခင်းသည်းထိပ်ရင်ဖိုရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်ရဲစခန်းတစ်ခုမှာ ဘာရှာဆိုတဲ့ နိုင်ထက်စီးနင်းရဲတစ်ယောက်ရှိတယ်ရိုက်နှက်ဖို့ခိုင်းရတဲ့ ယုတ်မာရိုင်းစိုင်းတဲ့လူစကားထစ်တဲ့ ဂိုသန်ဆိုသူက ညဘက်စိတ်ဂနာမငြိမ်ကားမောင်းလာပြီးအက်ဆီးဒင့်ဖြစ်ရာမှာ ဒီအမှုကိုရှောင်လွှဲဖို့ အရက်သောက်ကားမောင်းအမှုနဲ့ အဖမ်းခံရအောင် လုပ်တယ်ဘာရှာဆိုတဲ့ရဲကို ပါးရိုက်လိုက်မိလို့ ဘာရှာက သူ့ကိုဒေါသထွက်ပြီး စခန်းကိုခေါ်လာကာ အငြိုးတေးထားတဲ့အချိန်အနီးဝန်းကျင်မှာ မိန်းကလေးတစ်ယောက် ဆိုးဆိုးရွားရွားအသတ်ခံရတဲ့ အလောင်းတစ်လောင်းပေါ်လာရာမှာဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဘယ်လိုတစ်ခုနဲ့တစ်ခု ဆက်စပ်နေမှာလဲအိန္ဒိယရဲတွေရဲ့အကျင့်ပျက်ခြစားမှု၊ တရားမျှတမှုစတဲ့ရှုထောင့်အလီလီကို ပြထားတဲ့ရုပ်ရှင်လေးမှာ ဆက်လက်ခံစားကြပါဦး

AE Bollywood အညွန်းသီးသန့်📝

03 Nov, 18:05


Meiyazhagan(2024) စစ်မှန်သောအလှပိုင်ရှင် လူသား မီယာဇ်ဟာဂန်

၂၀၂၄ ထွက် ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။

ဆွေမျိုးတွေအကြား အမွေစားအမွေခံခွဲဝေမှုတွေကြောင့်ဘိုးဘွားပိုင်အိမ်လေးနဲ့
မွေးရပ်မြေမြို့လေးကို စိတ်နာနာနဲ့ခွဲခွာနှုတ်ဆက်ပြီး အပြီးအပိုင်ထွက်သွားခဲ့တဲ့
အာရူလ်တစ်ယောက် …တစ်ဝမ်းကွဲညီမဖြစ်သူမှ သူ့ရဲ့မင်္ဂလာဆောင်ကို တက်ပေးဖို့ စာပို့လာတဲ့အခါမှာတော့
နှစ်ပေါင်း(၂၀) အကြာခွဲခွာခဲ့ရတဲ့ မွေးရပ်မြေဇာတိမြို့လေးကို
ပြန်ရဖို့အကြောင်းဖန်လာပါတော့တယိ။ဘဝမှာထပ်မတွေ့ချင်တော့တဲ့ လူတွေရှိတဲ့ ချစ်ရတဲ့မြို့လေးကို
အာရူလ်တစ်ယောက်ပြန်ရောက်အပြီး
တစ်စုံတစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံပြီးတဲ့နောက်မှာ
သူ့ရဲ့ဘဝမှာ အပြောင်းအလဲတွေဖြစ်လာရတဲ့အခါ…..
ကြည့်ပြီးရင် နောင်တမရစေမယ့် မိသားစု
ဒရမ်မာကားကောင်းလေးတစ်ကားမလို့
ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။

(အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကရေးသားပေးထားခြင်းဖြစ်ပါတယ်)

🎥 ဇာတ်ကားကျိရန် 👉 နှိပ်ပါ 📽️

AE Bollywood အညွန်းသီးသန့်📝

03 Nov, 07:56


𝗕𝗹𝗮𝗰𝗸 (𝟮𝟬𝟮𝟰)
==========

ဒီတစ်ခေါက်မှာတော့ Black ဆိုတဲ့ Thriller အိန္ဒိယရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။

ဗာဆန်နဲ့ အာရန်ညာတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ကမ်းခြေဘက်နားက အသစ်ဝယ်ထားတဲ့ဗီလာကို အပျော်ခရီးထွက်လာကြခဲ့ပါတယ်။ သူတို့ဟာ ခရီးမထွက်ခင်သွားခဲ့တဲ့ ပါတီတစ်ခုမှာ လူမိုက်တစ်ချို့နဲ့ ပြဿနာတက်ခဲ့တာပါ။ အဲ့လိုနဲ့ ဗီလာရောက်တော့ သူတို့ကိုတစ်ယောက်ယောက်က စောင့်ကြည့်နေသလို ထူးဆန်းတာအမျိုးမျိုးကြုံခဲ့ရပါတယ်။

အဲ့လိုနဲ့ လင်မယားနှစ်ယောက် အဖြေရှာကြရင်း သူတို့ကိုစောင့်ကြည့်နေတဲ့လူက အပြိုင်စကြာဝဠာက သူတို့ကိုယ်တိုင်ဖြစ်နေခဲ့ပါတယ်။ အပြိုင်စကြာဝဠာရှိတယ်ဆိုတာကို သူတို့အရင်နှစ်ပေါင်း ၆၀ခန့်က ဒီလိုမျိုးကြုံခဲ့ဖူးတဲ့လူတစ်ယောက်က ပြန်ပြောလို့သိခဲ့ရတာပါ။ အဲ့ဒီလူရဲ့ညွှန်ကြားချက်တွေအရ သူတို့ဟာ ပြဿနာတွေကိုဘယ်လိုဖြေရှင်းသွားမလဲ။ ဒီလိုကိစ္စ‌‌ေတွက ဘာကြောင့်ဖစ်လာခဲ့ရတာလဲဆိုတာ‌ေတွကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်။

AE Bollywood အညွန်းသီးသန့်📝

02 Nov, 17:19


𝗞𝗼𝘇𝗵𝗶𝗽𝗮𝗻𝗻𝗮𝗶 𝗖𝗵𝗲𝗹𝗹𝗮𝗱𝘂𝗿𝗮𝗶 (𝟮𝟬𝟮𝟰)
==========================

အမေဖြစ်သူက ယောကျ်ားတစ်ယောက်နဲ့ထွက်ပြေးတယ်။ အဖေက ပစ်ပစ်ခါခါပြောပြီးဘွားအေဆီစွန့်ပစ်ထားခဲ့တဲ့အခါ...။

သူဟာသားကြီးဩရသဖြစ်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ညီမဖြစ်သူကိုကောလိပ်ထိရောက်အောင် ကြက်ဆိုင်မှာအလုပ်လုပ်ရင်း ရုန်းကန်ခဲ့ရတယ်။

သူဖြစ်ချင်တာက အိမ်လေးတစ်လုံးပိုင်ပြီး သူ့ညီမလေးကိုအိမ်ငှားခအတွက်စိတ်မပူစေချင်တာတဲ့လေ။

တနေ့ သူ့ညီမလေးက ပညာစုံလို့ ကြင်ရာပါစုံချိန်ရောက်တဲ့အခါ သူရင်ကွဲရပုံတွေ။ ရင်ကွဲရပေမယ့် အချိန်အခါမလင့်စေဖို့သူကိုယ်တိုင်သတို့သားအိမ်မှာသွားစေ့စပ်ပေးခဲ့တယ်။

ဒီလိုနဲ့သူတစ်ယောက်ထဲကျန်တဲ့အချိန် ရုတ်တရက် သူ့အဖေဆိုသူက ကျောက်ကပ်ပျက်စီးလို့သေချိန်ရောက်နေကြောင်း အကြောင်းကြားလာတဲ့အခါ။ မခေါ်ချင်လို့သာရပေမယ့် မတော်ချင်လို့မရတဲ့ မိဘအရင်းအချာဆိုတော့ သူ့ရဲ့ကျောက်ကပ်တစ်ခြမ်းပေးခဲ့တယ်။

ငယ်ငယ်က စွန့်ပစ်ထားခဲ့တဲ့ အမေဖြစ်သူကလည်း စိတ်မမှန်တော့ဘဲ တောင်းစားနေတာမြင်ရတဲ့အခါ သူမနေနိုင်ဘဲ တာဝန်တွေအကုန်လုံးကို သူ့ပုခုံးလေးနဲ့ထမ်းရှာခဲ့တယ်။

ဒီဇာတ်ကားလေးကို ကြည့်ပြီး ကိုယ့်ရင်ထဲမှာ တစ်ခုခုကျန်နေခဲ့ပြီး တက်တခေါက်ခေါက်ဖြစ်နေမိမှာပါ။ ကျိုးနွံတဲ့နွားပိုအခိုင်းခံရတယ်ဆိုသလို တာဝန်သိတဲ့ သားကြီးဩရသဖြစ်တော့ သူ့တာဝန်ကိုသူကျေအောင်ထမ်းရှာပေမယ့်....။

AE Bollywood အညွန်းသီးသန့်📝

02 Nov, 17:13


𝐂𝐫𝐢𝐦𝐢𝐧𝐚𝐥 𝐨𝐫 𝐃𝐞𝐯𝐢𝐥 (𝟐𝟎𝟐𝟒)
====================

🎬 ဒီဇာတ်ကားလေးက နာမည်ကြီးသရဲကား 1920 ထဲက မင်းသမီးချော Adah Sharma ပါဝင်သရုပ်ဆောင်ထားပီး Mystery Thriller အမျိုးအစားဖြစ်တဲ့အတိုင်း မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရမယ့် ဇာတ်ကားကောင်းလေးနော်။

🎬 ဆစ်ဒူဟာ တစ်ဦးတည်းသောသားဖြစ်ပြီး အိမ်ထဲကအိမ်ပြင်မထွက်ဘဲ အိမ်မှာပဲနေရတာကြိုက်တဲ့သူပါ။ သရဲကားတွေကြည့်တာများပြီး ဇာတ်ကားတွေရဲ့လွှမ်းမိုးတာခံ​နေရတာကြောင့် သူတို့အိမ်မှာသရဲရှိတယ်ဆိုပြီးယုံကြည်နေတော့တယ်။

🎬 သူတို့ပတ်ဝန်းကျင်မှာကလည်း အမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက်ပြန်ပေးဆွဲခံရတာ ၆ယောက်ရှိနေပြီး ဒါက သရဲကြောင့်လား ပြစ်မှုလားဘယ်သူမှမသိပါဘူး။

🎬 ခက်တာက မိန်းကလေးတွေကိုပြန်ပေးဆွဲတယ်လို့ယူဆရတဲ့ ဆိုက်ကိုဖောက်နေတဲ့အမျိုးသမီးက ဆစ်ဒူတို့အိမ်ကိုရောက်လာတဲ့အခါ။ ဘာတွေဖြစ်ကြမလဲ။ အဲ့ဒီအမျိုးသမီးက သရဲပူးနေတာလား တကယ်ပဲဆိုက်ကိုဝင်နေတာလား။ ပျောက်နေတဲ့မိန်းကလေးတွေကရော ဘယ်လိုပြန်ရှာတွေ့မလဲ။ အဆုံးသတ်ကြီးက တကယ်ထိမိပြီး လုံးဝမထင်မှတ်ထားတာကြီးမို့ ဟင်ခနဲဟာခနဲ ဖြစ်ရမှာအသေချာပဲ။ 💜💜

AE Bollywood အညွန်းသီးသန့်📝

02 Nov, 06:55


Thangalaan 2024 ဇာတ်ကားသစ်ကြီး
ကျိန်စာသင့်ရွှေတွင်း

IMDb
7.1/10

ကာနာတာကာရဲ့ကိုလာရွှေတွင်းမှာ ‌ရွှေတူးသမားတွေ
တွေ့ကြုံခဲ့ရတာကိုအခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ
Box Office အနေနဲ့လည်း ₹100 crore ထိရရှိထားတဲ့
၂၀၂၄ထွက် ဖြစ်ရပ်မှန်ရုံတင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်

ချစ်မိသွားရင်ဘာမှမမြင်တတ်ကြတဲ့သဘာဝအတိုင်း မိန်းမသည်သာအရာရာဖြစ်နေတဲ့
သန်ဂန်လန် ကလေးတွေဆိုလည်း မိခင်ထက် ဖခင်ကိုပိုချစ်ကြပြီးအဖေ့ရဲ့အိပ်ရာဝင်ပုံပြင်တွေက
သူတို့ရဲ့အိပ်ဆေးပဲပေါ့ မိသားစုတွေဘဝကို အလုပ်လုပ်လိုက် ကြည်နူးလိုက်ဖြစ်နေချိန်မှာ
ရွေတွင်းတူးဖို့အင်္ဂလိပ်အစိုးရက အမိန့်ချမှတ်လိုက်ပါတယ် ဒီရွှေတွင်းရဲ့သမိုင်းကိုပြောရရင်တော့။။။

ပွန်နာမြစ်ဝန်းရံနေတဲ့အာနာမာလိုင်တောင်တစ်လုံး ဆင်နဲ့တူလို့ဒီလိုနာမည်ပေးထားတာဖြစ်ပြီး
ဆင် ကျား ဝက်ဝံရိုင်းတွေရဲ့အသံတွေ ပဲ့တင်သံကြားရတဲ့ထိပေါများပါတယ်
တိုင်းတစ်ပါးကရန်သူတွေကိုချေမှုန်းပြီး မြစ်ကိုဖြတ်သန်းလာတဲ့ဘုရင်က
ဒီမြစ်မှာရွှေတူးသမားတွေနဲ့ဆုံခဲ့တယ် မြစ်ထဲမှာရှာနေတဲ့ရွှေတွေက
လိုအပ်သူသာရဖို့ကျိန်စာသင့်နေပေမဲ့ ဘုရင်ကဒီရွှေကို အပိုင်သိမ်းချင်ခဲ့ပါတယ်
ကျိန်စာသင့်တဲ့အတိုင်း ဘုရင့်လူတွေဆင်းရှာတော့ ဘယ်ရွှေမှမတွေ့ခဲ့ဘူးပေါ့

ဒါပေမဲ့ပွန်နာမြစ်နဲ့မဝေးတဲ့တစ်နေရာမှာ ရွှေအတိဖြစ်နေတဲ့ကျောက်တုံးနဲ့
ရွေမြေတွေကို ကံကောင်းထောက်မစွာနဲ့တွေ့ခဲ့တယ် ဒီရွှေမြေကိုတော့
အာရသီဆိုတဲ့မှော်ဆရာမကစောင့်ရှောက်နေတာပါ တောအုပ်ရဲ့ခေါင်းဆောင်
စိတ်ကိုအလိုရှိသလိုညှို့နိုင်စွမ်းရှိတဲ့သူမ..သူ့ကြောင့်ပဲဒီရွှေတွေကဘေးမသီရန်မခရှိနေခဲ့တာပါ

ဒါပေမဲ့ လောဘသားတွေလက်အောက်မှာကျရှုံးခဲ့ရပြီး သူ့သွေးနဲ့ထိတဲ့
နယ်မြေတိုင်းကိုရွှေအတိဖြစ်စေခဲ့ပြီး ကျိန်စာတွေကလည်းဒီတိုင်းကျန်ရှိနေပြီး
သမိုင်းကြောင်းကတစ်ခန်းရပ်ခဲ့တယ်

မျက်မှောက်ကာလမှာတော့ ဒီရွေတွင်းကိုပြန်တူးဖော်ဖို့အင်္ဂလိပ်အစိုးရက
အမိန့်ချမှတ်လေတော့ သန်ဂန်လန်တို့ရွာသားတွေက
မဖြစ်မနေသွားဖို့အကြောင်းဖန်လာရာကနေ
ဘယ်လိုအခက်အခဲတွေတွေ့ကြုံသွားရမယ်ဆိုတာကိုတော့
ဆက်လက်ကြည့်ရှုလိုက်ပါရှင်

AE Bollywood အညွန်းသီးသန့်📝

30 Oct, 17:16


Dharmaveer 2 (2024) mmsub
”စံပြ ၂”
========================================
အိန္ဒိယနိုင်ငံရေးမှာ လွှမ်းမိုးမှုကြီးခဲ့တဲ့ နိုင်ငံရေးသမားကြီး
အာနန်ဒီဂေရဲ့ ဘဝဇာတ်ကြောင်း အပိုင်းနှစ်ကို
စီအမ်ကနေ ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးချင်ပါတယ်။

ဓမ္မဝီရလို့ နာမည်ရခဲ့တဲ့ အာနန်ဒီဂေဟာ အိန္ဒိယနိုင်ငံရေးလောကမှာ
အင်မတန်လေးစားခံရတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး
အိန္ဒိယရဲ့ လက်ရှိ မျက်မှောက်ခေတ်ရွေးကောက်ပွဲတွေအထိ
သူ့ရဲ့ လွှမ်းမိုးမှုတွေ ကျန်ရှိနေဆဲပါပဲ။
ဒီ ဓမ္မဝီရ အပိုင်းနှစ်မှာလည်း ပထမပိုင်းတုန်းကလိုပဲ
အာနန်ဒီဂေရဲ့ နိုင်ငံရေးအတွေးအခေါ်တွေ၊ ဘာသာရေးအယူအဆတွေ၊
လွှမ်းမိုးမှုကြီးပုံတွေကို ထပ်မြင်ရမှာဖြစ်ပြီး ရုပ်ရှင်တစ်ခုတည်းနဲ့
အလုံးစုံအောင်မပြနိုင်ခဲ့တဲ့ ဓမ္မဝီရခေါ် အာနန်ဒီဂေရဲ့
ဘဝဇာတ်ကြောင်းကို ဆက်လက်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။

(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Zwe Yan ~ Linn Lunn ~ ToMo ~ Yunni ~ KKKZ တို့ပဲဖြစ်ပါတယ်။)

AE Bollywood အညွန်းသီးသန့်📝

27 Oct, 08:46


𝗧𝗵𝗲 𝗠𝗶𝗿𝗮𝗻𝗱𝗮 𝗕𝗿𝗼𝘁𝗵𝗲𝗿𝘀 (𝟮𝟬𝟮𝟰)
========================

စွန့်ပစ်ခံထားရတဲ့ ကလေးတစ်ယောက်ကို မီရန်ဒါမိသားစုက ကောက်ယူမွေးစားခဲ့ပြီးတဲ့နောက် မွေးစားသားနဲ့သားအရင်းတို့နှစ်ယောက်သားဟာ မီရန်ဒါညီအစ်ကိုတွေအနေနဲ့ နာမည်ကျော်ဘောလုံးသမားအဖြစ် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့တယ်။

တစ်ယောက်ကိုတစ်ယောက်ချစ်ပြီး ဆက်ဆံရေးကောင်းကြတဲ့ညီအစ်ကိုတွေဟာ တစ်နေ့မှာတော့ သွေးကွဲဖို့အကြောင်းဖန်လာခဲ့တယ်။ အဲ့ဒါက သူတို့သိပ်ချစ်တဲ့ သူတို့အမေရဲ့သေဆုံးမှုပါပဲ။ ဒါပေမဲ့ ဒါဟာ မတော်တဆမှုမဟုတ်ဘဲ လူသတ်မှုဖြစ်နေတဲ့အခါ မီရန်ဒါညီအစ်ကိုနှစ်ယောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ Action Sports Horrorဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

27 Oct, 08:02


𝗦𝗰𝗮𝗺 𝟭𝟳𝟳𝟬 (𝟮𝟬𝟮𝟰)
===============

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ကျောင်းသားတွေက သူတို့တက်ခွင့်ရချင်တဲ့ တက္ကသိုလ်အတွက် ရေကုန်ရေခန်းကြိုးစားကြရပါတယ်။ အောင်မြင်သူရှိရင် ကျရှုံးသူဆိုတာလည်းရှိစမြဲပါပဲ။

ဇာတ်လမ်းလေးထဲမှာဆိုရင် ဆေးတက္ကသိုလ်ဝင်ခွင့်ရဖို့ကြိုးစားကြတဲ့ ကျောင်းသားတွေဟာ ကိုယ်စီရုန်းကန်နေကြရပြီး မိဘတွေအနေနဲ့လည်း သူတို့သားသမီးကို အရမ်းအောင်မြင်ဖြစ်ထွန်းစေချင်ကြကြောင်းကို ပုံဖော်ပြထားပါတယ်။ နောက်တော့ မိဘဖြစ်သူတွေဟာ အဲ့ဒီစိတ်ကြောင့်ပဲ သားသမီးကိုအောင်မြင်စေချင်ဇောကြီးပြီး အလွယ်လမ်းကိုလိုက်ကြပါတော့တယ်။

ဆေးတက္ကသိုလ်ဝင်ခွင့်နေရာကို အရယူပေးမယ်ဆိုတဲ့ အေးဂျင့်ရဲ့စကားကို အယုံလွယ်ပြီး ပိုက်ဆံတွေပုံအပ်လိုက်ကြပြီးမှ အဲ့ဒီလူက လူလိမ်ဖြစ်နေတာကို သိလိုက်ရတော့ သဲလွန်စတွေမရှိတဲ့ကြားက သူတို့ပိုက်ဆံကို ပြန်ရအောင်ကြိုးစားကြရပါတော့တယ်။

ဒီဇာတ်လမ်းလေးဟာ အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေအပေါ် အ​ခြေခံပြီး ရိုက်ကူးထားတဲ့ Drama Thrillerဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး ပညာရေးလောကအတွင်းမှာဖြစ်ပျက်နေတဲ့ လိမ်လည်မှုတွေအကြောင်းကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

27 Oct, 08:01


𝐈𝐂 𝟖𝟏𝟒: 𝐓𝐡𝐞 𝐊𝐚𝐧𝐝𝐚𝐡𝐚𝐫 𝐇𝐢𝐣𝐚𝐜𝐤 (𝟐𝟎𝟐𝟒)
===============================

ဒီMini Seriesလေးဟာ အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ကန်ဒါဟာလေယာဉ်ပြန်ပေးဆွဲမှုအကြောင်းကိုအခြေခံပြီး ရိုက်ကူးထားပြီး အိန္ဒိယလေကြောင်းသမိုင်းရဲ့ အကြာဆုံးပြန်ပေးဆွဲမှုတစ်ခုလည်းဖြစ်ပါတယ်။

လေယာဉ်အမှတ် IC814ဟာ ၁၉၉၉ခုနစ် ဒီီဇင်ဘာလ၂၄ရက်နေ့မှာ တာလီဘန်တွေရဲ့ ပြန်ပေးဆွဲခြင်းကိုခံခဲ့ရပြီး အိန္ဒိယအစိုးရလက်က သေချာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်လိုက်တဲ့အခါ ပြန်ပေးဆွဲမှုရဲ့ခေါင်းဆောင်က အကြမ်းဖက်စစ်သွေးကြွတစ်ယောက်ရဲ့သားဖြစ်နေပါတယ်။

အဲ့ဒီအချိန်အတွင်းမှာပဲ ပြန်ပေးဆွဲသမားတွေဘက်ကလည်း သူတိုရဲ့တောင်းဆိုချက်ကိုမပြောနိုင်သေးခင်မှာတင် လေယာဉ်ဆီမလုံလောက်မှုကြောင့် ရုန်းကန်ခဲ့ရပါတယ်။ အဲ့ဒါကိုအခွင့်ကောင်းယူပြီး အိန္ဒိယအစိုးရဘက်ကလည်း တန်ပြန်အစီအစဉ်တွေချမှတ်ပါတော့တယ်။

အိန္ဒိယရဲ့အဆိုးရွားဆုံးလေယာဉ်ပြန်ပေးဆွဲမှုလို သတ်မှတ်ခံခဲ့ရတဲ့ ဒီပြန်ပေးဆွဲမှုကြီးဟာ ဘာကြောင့်ဖြစ်ပွားခဲ့ရသလဲ။ ပြန်ပေးဆွဲသမားတွေရဲ့ ရည်ရွယ်ချက်ကဘာလဲ။ အိန္ဒိယအစိုးရဘက်ကရော ဒီပြန်ပေးဆွဲမှုကြီးကို ဘယ်လိုတုံပြန်ဖြေရှင်းမလဲဆိုတာကို B-Town ပရိတ်သတ်ကြီး ရင်တမမကြည့်ရှုရမှာပဲဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

26 Oct, 06:26


Do Patti (2024)
“မျက်နှာနှစ်ဖက်”

Netflix မှ အသစ်ထွက်ရှိလာတဲ့ မင်းသမီးချောနှစ်လက်နဲ့ဟင်ဒီရုပ်ရှင်ကားလေးကို ထွက်ထွက်ချင်း တင်ဆက်ပေးလိုက်ပါတယ်ငယ်ရွယ်တဲ့အလှ- ကရီတီဆန်နွန်နဲ့ မင်းသမီးကြီး ကာဂျိုးလ်တို့နှစ်ယောက် Diwale(2015)နောက်ပိုင်း ကိုးနှစ်ကြာမှပြန်တွဲရိုက်တဲ့ ဒီရုပ်ရှင်လေးမှာဆိုရင် မင်းသမီးကြီး ကာဂျိုးလ်ကတည်ငြိမ်ရင့်ကျက်တဲ့အင်စပတ်တာအရှာရှိမလေးအဖြစ်သရုပ်ဆောင်ထားပြီးကရီတီဆန်နွန်ကတော့ စရိုက်နှစ်မျိုးနဲ့ အမြွှာညီမနေရာကနေသရုပ်ဆောင်တင်ဆက်ထားပါတယ်ဗီဒ်ယာဟာတရားသူကြီးဖခင်၊ ရှေ့နေမိခင်တို့ရဲ့ခြေရာကို လိုက်နင်းဖို့ကြိုးစားနေတဲ့အင်စပတ်တာအရာရှိမလေးတစ်ယောက်ဖြစ်ပြီးအလုပ်နဲ့ကိုယ်ရေးကိုယ်တာ နှစ်ဖက်လုံးမှာ ကိုယ်ဘဝကိုယ်အားမရဖြစ်နေသူတစ်နေ့မှာ ဘာရယ်မဟုတ် သာမန်အိမ်တွင်းအကြမ်းဖက်မှုထင်ရတဲ့ဖုန်းခေါ်ဆိုတိုင်ကြားချက်တစ်ခုကနေ စောမြနဲ့ ရှာလီဆိုတဲ့အမြွှာညီအစ်မအကြောင်းတစ်စွန်းတစ်စသိလာရတယ်အချစ်အတွက်ယှဥ်ပြိုင်ဘက်လည်းဖြစ် စရိုက်လက္ခဏာဆန့်ကျင်ဘက်ဖြစ်တဲ့ညီအစ်မနှစ်ယောက်ကြားက ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကတော့ ….

AE Bollywood အညွန်းသီးသန့်📝

26 Oct, 06:21


Hitler (2024)
“ဟစ်တလာ”

IMDb – 7.6/10

စွယ်စုံရတောင်ပိုင်းမင်းသားကြီး ဗီဂျေးအန်တိုနီရဲ့ တမီးလ်အက်ရှင်ကားသစ်ကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ရွေးကောက်ပွဲကာလ နီးကပ်နေတဲ့အချိန်။ ဝန်ကြီးချုပ်ဖြစ်ဖို့အရေး ငွေဘယ်လောက်သုံးရသုံးရ၊လူဘယ်လောက်ပဲ သတ်ရသတ်ရ ဝန်ကြီးချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့ နိုင်ငံရေးသမားတစ်ယောက်။တမီးလ်မှာ လက်နက်ကိုင်အကြမ်းဖက်တာကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ကြားကဆက်စပ်မှုမရှိကြတဲ့ လူမိုက်သုံးယောက် ပစ္စတိုတစ်လက်တည်းနဲ့ပစ်သတ်ခံလိုက်ရပါတယ်။အဲဒီအမှုကိုစုံစမ်းဖို့ တာဝန်ပေးခံရတဲ့ ရဲအရာရှိတစ်ယောက်။ချန်နိုင်းကို အင်တာဗျူးဖြေဖို့ဆိုပြီး သူ့ကိုဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ဆီမှာသူငယ်ချင်းကလည်း ငါ့ကိုမမှတ်မိတော့ဘူးလား ဘာညာဆိုပြီး လာနေတဲ့လူတစ်ယောက်။ဒီသုံးယောက်ကြား ဘယ်လိုတွေဆက်စပ်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။

AE Bollywood အညွန်းသီးသန့်📝

26 Oct, 06:15


Roudhra Rupaya (2024)
''ထိတ်လန့်ဖွယ်ရာဧည့်ဂေဟာ''

ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားလို့အဘိုးဖြစ်သူနဲ့နေထိုင်‌ခဲ့ရတဲ့ညီအစ်မ၂ယောက်အာဒယာနဲ့ အဘီတဲ့ အာဒယာကအကြီးဖြစ်ပြီးရုံးအလုပ်လုပ်နေသူပေါ့တစ်နေ့တော့ရာထူးတိုးနဲ့ပြောင်းရွှေ့ကျလာပါတယ်သူသွားရမဲ့နေရာကတော့ဂိုအာပါ မြေးလေးကိုမလွှတ်ချင်ပေမဲ့မသွားမဖြစ်ဆိုတော့ စိတ်မချခြင်းတွေနဲ့အဘိုးဖြစ်သူကလွှတ်လိုက်ရတာပေါ့အာဒယာက အဖော်အဖြစ်နဲ့ ညီမလေးကိုပါခေါ်သွားခဲ့တယ်
ဂိုအာရောက်တော့ ဇာတ်လမ်းစလာပါပြီ သူတို့အတွက်စီစဉ်ပေးနေတဲ့နေရာက
အဆင်မပြေသေးတာကြောင့် ကုမ္ပဏီရဲ့ဧည့်ဂေဟာမှာရက်ပိုင်းလောက်နေဖို့အကြောင်းဖန်လာခဲ့တယ်ဒီဗီလာရဲ့ထူးခြားချက်ကတော့ ဗီလာနာမည်ကြားတဲ့လူတိုင်းကြောက်ကြတာပါအကြောင်းကတော့ ဗီလာထဲဝင်သွားတဲ့လူပဲရှိပြီး ဘယ်သူမှပြန်ထွက်မလာနိုင်လို့ပါပဲ
အကြောင်းမသိသေးတဲ့သူတို့ညီအစ်မကိုတော့ သတိပေးတဲ့လူကပေးပေါ့
ဒါပေမဲ့လည်းဒီနေရာကလွဲ နေရာစိမ်းမှာ သွားစရာကမရှိတော့ဒီဗီလာမှာပဲနေဖို့ဆုံးဖြတ်လိုက်ကြရတယ်ဆိုတော့မိန်းမသား၂ယောက်နဲ့ ချောက်ချားစရာဗီလာအကြောင်း ဆက်လက်ကြည့်ရှုလိုက်ကြပါရှင်

AE Bollywood အညွန်းသီးသန့်📝

26 Oct, 06:12


Kadaisi Ulaga Por (2024)
IMDB 7.6/10

“ဘုရင်ကိုတင်မြှောက်ပေးတဲ့လူဟာ
အဲဒီဘုရင်နေရာကိုတပ်မက်တော့မှာမဟုတ်ဘူးသူလိုချင်တာ တိုင်းပြည်ကိုပဲ”မဝေးတော့တဲ့ အနာဂတ်မှာ တရုတ် ရုရှားနဲ့တစ်ခြားနိုင်ငံပေါင်း ၇၂နိုင်ငံတို့ဟာ “ပြည်သူ့သမ္မတနိုင်ငံ” ဖွဲ့စည်းပုံကိုနိုင်ငံအတွင်းကျင့်သုံးကြပြီး မပါဝင်တဲ့နိုင်ငံတွေကိုတော့ကုန်သွယ်မှုတွေပိတ်ဆို့တားဆီးခြင်းပြုခဲ့ကြပါတယ်နိုင်ငံတကာ တပ်ဖွဲ့များရဲ့ ကုန်သွယ်မှု ပိတ်ဆို့ခြင်းကြောင့်အိန္ဒိယနိုင်ငံအတွင်း နိုင်ငံရေး ပဋိပက္ခများ ပေါ်ပေါက်ခဲ့ပြီးပြည်တွင်း မငြိမ်သက်မှုများ ဖြစ်ပေါ်လာခဲ့ပါတယ်ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့တာက Hiphop Tamizhaလို့ခေါ်တဲ့ဟစ်ဟော့ပ်အဖွဲ့က အာဒီပါ တမီးလ်နာဒူးမှာ ပထမဆုံးဟစ်ဟော့ပ်တေးအယ်လ်ဘမ်ကိုဖြန့်ချီပြီး ဝက်ဝက်ကွဲအောင်မြင်တွေမှုရခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်သူရဲ့ အနုပညာရူးသွပ်မှုနဲ့အတူ ရုပ်ရှင်လောကထဲကိုဝင်လာခဲ့ပြီးတဲ့နောက်မှာ ဒီရုပ်ရှင်ကိုကိုယ်တိုင်ပရိုဂျူဆာလုပ်ပြီး ရိုက်ကူးခဲ့တာပါရှုပ်ထွေးတဲ့နိုင်ငံရေးလှည့်ကွက်တွေကိုတစ်ဝကြီးကြည့်ရမဲ့အိန္ဒိယနိုင်ငံရေးကားကောင်းလေးတစ်ကားပါ

AE Bollywood အညွန်းသီးသန့်📝

24 Oct, 06:22


Malaikottai Vaaliban (2024) "ဒဏ္ဍာရီလာ သူရဲကောင်းတစ်ဦး"
IMDb - 7/10
Drishyamမလေယာလမ်းရုပ်ရှင်တွေနဲ့ မကြာသေးခင်ကမှ
တင်ဆက်ပေးခဲ့တဲ့ Neru(2023)မှာ ရှေ့နေအဖြစ်သရုပ်ဆောင်ထားတဲ့
မင်းသားကြီး Mohanlalရဲ့ အသစ်ထွက်ရှိလာတဲ့ နန်းတွင်းရုပ်ရှင်ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
ဒဏ္ဍာရီလာလူသားတစ်ယောက်ရဲ့ ရုန်းကန်ကြိုးစားရပုံနဲ့ အောင်ပွဲတွေကိုတွေ့မြင်ကြရမှာပါ။
သားအဖနှစ်ယောက်နဲ့အတူ လှည်းတစ်စီးနဲ့ နယ်တကာလှည့်ပြီး ပြိုင်ဘက်မရှိသူရဲကောင်းဆိုသူတွေကို
လိုက်ပြီးယှဉ်ပြိုင်တိုက်ခိုက်အနိုင်ယူနေခဲ့တဲ့ မာလာကိုတိုင်ဗာလီဘန်။
မိန်းမပျိုလေးတစ်ဦးနဲ့ ချစ်ကျွမ်းဝင်ပြီး သူ့ရဲ့ခရီးစဉ်မှာ အတူခေါ်ဆောင်ခဲ့ကာ
သူရဲကောင်းဆိုသူတွေနဲ့ ဆက်လက်ယှဉ်ပြိုင် တိုက်ခိုက်နေခဲ့ပါတယ်။
ဒီမှာပဲ ချာမာသာကန်ဆိုတဲ့ သူရဲကောင်းတစ်ယောက်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရာမှာ
သူအနိုင်ရရှိခဲ့ပြီထင်ပေမဲ့ ချာမာသာကန်ရဲ့ ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့...။

AE Bollywood အညွန်းသီးသန့်📝

23 Oct, 06:15


Uruku Patela (2024) ဇာတ်ကားသစ်
================
ကြုံရာဆုံရာ ချစ်ဖူးစာ

အချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဆိုတဲ့သီချင်းက
ပက်တယ်လာအတွက်လားလို့ ပြောရမယ့်ကိန်းဆိုက်နေရှာတဲ့ ချစ်ကံခေသူတစ်ယောက်

ငယ်ငယ်ကတည်းက အချစ်ဦးနောက်လိုက်လိုက်တာ အချစ်ဦးက
လက်ထပ်ပြီး ဗိုက်တစ်လုံးနဲ့ပြန်ပေါ်လာမှပဲ ပက်တယ်တစ်ယောက်
လက်လျှော့ဖို့အတွေးပေါက်မိတော့တယ်။
နှလုံးသားလမ်းကြောင်းမှာ ကျွန်းပဲခံနေသလား ဘာလားတော့မသိပေမဲ့
အဲဗားငြင်းခံ ပက်တယ်လာက သူကြီးသားဆိုတော့ ပညာတတ်မိန်းကလေးကိုပဲ
လက်ထပ်ယူမှာဆိုတဲ့ မာနလေးကလည်း ရှိနေပြန်ပါသတဲ့။
ကိုယ်တိုင်ကတော့ ‌ဘွဲ့လေးရဖို့ကို 7 နှစ် 7 လီတက်ရတဲ့ ကျောင်းပျော်ကြီးဆိုပေမဲ့ပေါ့။
ဒီလိုနဲ့ သူငယ်ချင်းမင်္ဂလာဆောင်မှာ အချစ်ဦးက ကိုယ်ဝန်ကြီးနဲ့မလို့
အသည်းကွဲပြီး မူးနေရင်းကနေ သတို့သမီးသူငယ်ချင်း
အက်ရှ်ရှာရာဆိုတဲ့ ကောင်မလေးကို တွေ့သွားတဲ့အခါမှာတော့…
အချစ်ကိုရဖို့ဆို နွားသိုးကြိုးပြတ် ကြိုးစားနိုင်လွန်းသူ ပက်တယ်လာနဲ့
ဆရာဝန်မလေးရဲ့ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်မလဲ ရှုစားကြပါဦး။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

#Credit

AE Bollywood အညွန်းသီးသန့်📝

22 Oct, 09:44


Mathu Vadalara 2 2024 (ဒလီသမားကိုကိုအေးဂျင့်များ) ဇာတ်ကားသစ်

ဘာဘူနဲ့ ယေဆူတို့နှစ်ယောက်ဟာ အရင်ကတော့ ဒလီသမားတွေပေါ့။
ဒလီလုပ်ရင်း မူးယစ်ဂိုဏ်းနဲ့ ကြုံတွေခဲ့ရလို့ ပရမ်းပတာတွေဖြစ်ခဲ့ရတဲ့ သူတို့နှစ်ယောက်။
အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပြီးတော့ သူတို့ဘဝ တစ်ဆစ်ချိုးပြောင်းလဲမယ်လို့ထင်ခဲ့သော်လည်း
အလုပ်က ထုတ်ခံလိုက်ရတဲ့အပြင် အိမ်ပိုင်ရှင်က မောင်းထုတ်တာကိုပါ ခံလိုက်ရပါတော့တယ်။
ဒီလိုနဲ့ ရှိတဲ့လက်ကျန်ငွေလေးနဲ့ စားသောက်ရင်း နောက်ဆုံးလက်ကျန်ငွေလေးနဲ့ မြေပဲဝယ်စားရာကနေ
မြေပဲထည့်ပေးတဲ့ သတင်းစာအပိုင်းလေးမှာပါတဲ့ အလုပ်ခေါ်စာကိုမြင်ပြီး သွားလျှောက်ရာကနေ
လျှို့ဝှက်အေးဂျင့်တွေဖြစ်လာကြတဲ့ သူတို့နှစ်ယောက်။
လျှို့ဝှက်အေးဂျင့်ဖြစ်လာပေမယ့် လုပ်ရတဲ့အလုပ်နဲ့ ရတဲ့လစာ မကာမိတဲ့အတွက်
သူတို့ဟာ အကျပ်ရိုက်နေပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်မှာ ပြန်ပေးသမားကို
လိုက်ဖမ်းရာကနေ ပြန်ပေးငွေတွေ မီးလောင်ပြီး ဆုံးရှုံးလိုက်ရတဲ့အခါ
ရုံးချုပ်က လူ့အသက်သာဦးစားပေး ပိုက်ဆံမဟုတ်ဘူးလို့
ပြောလိုက်တဲ့ စကားအရ သူတို့ဟာ ပြန်ပေးငွေတွေထဲကနေ
မသိမသာငွေတချို့ကို ယူထားဖို့ လုပ်ကြပါတော့တယ်။

ဒီလိုအကြံအစည်တွေကို ရိပ်မိနေတဲ့ မိုက်ကယ်ဆိုတဲ့ အေးဂျင့်တစ်ယောက်ဟာ
ဘာဘူနဲ့ ယေဆူကို ထောင်ဖမ်းဖို့လုပ်ရင်း သူတို့နှစ်ယောက် ဘယ်လိုတွေ ကွေ့ပတ်ပြီး ရှောင်သွားမလဲ …..
ဘာဘူနဲ့ ယေဆူတို့ကရော ဘယ်လိုမစ်ရှင်တွေကို ကိုင်တွယ်ဖြေရှင်းရဦးမလဲ ……
ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပြီးတော့ ဟာသမင်းသားကြီး Vennela Kishore လည်း
ပါတာဖြစ်လို့ မရယ်ရမှာတော့ စိတ်ပူစရာကိုမလိုတဲ့ ဟာသအက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

22 Oct, 07:12


အိန္ဒီယဖန်တွေအတွက်_ဒီနေ့ထွက်ဇာတ်ကားသ

Bheema ( 2024 )
========================

ဘီးမာလို့အမည်ရတဲ့ မိဘမဲ့နဲ့ ဆေးခြောက်ရောင်းတဲ့
မန်ဂျူတို့ရဲ့ကြားက အငြိုးအတေးတွေအကြောင်းကို အကအလှတွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ Thriller/Action အမျိုးအစားပါ

ဇာတ်လမ်းအကျဉ်းကတော့..

ကားအပိုပစ္စည်းတွေရောင်းတဲ့ဂျေစီလမ်းမှာ နာမည်ကြီးကားပြင်ဆရာ ရန်မနဆိုသူရှိပါတယ်။
သူတို့မှာ သားလေးတစ်ယောက်အပြင် မန်ဂျူဆိုတဲ့ အကူကောင်လေးတစ်ယောက်ကိုလည်း
သားတစ်ယောက်လိုပြုစုပြီး ခေါ်ထားပါသေးတယ်။ ဒါပေမဲ့ ၀မ်းမနာသားလေးကတော့
လူမိုက်တွေနဲ့ပေါင်းပြီး ကားပြင်ရုံမှာ ဆေးခြောက်ခိုးရောင်းပြီး ကျွေးကျေးဇူးတွေကိုဆပ်နေရှာပါတယ်။

သားအရင်းကသိတော့ ဆေးခြောက်တောင်းသုံးရင်း အက်စီးဒန့်ဖြစ်ကာ မာလကဈာန်ကြွသွားပါတော့တယ်။
အဲဒီမှာပဲ မွေးစားသားကို နှင်ထုတ်လိုက်ကာ ရန်မနလည်း အရက်ဂျိုးကပ်ပြီး မူးရူးနေရင်း နေ့ရက်တွေကိုဖြတ်သန်းနေတော့
မကြည့်ရက်တဲ့မိတ်ဆွေက ဘီးမာနဲ့အလူလို့ခေါ်တဲ့ မိဘမဲ့ကောင်လေးနှစ်ယောက်ကို ခေါ်လာပြီး
ပညာသင်ရင်းမွေးစားခိုင်းလိုက်ပါတယ်။

ဒီလိုနဲ့ သားလေးသေတဲ့ တစ်နှစ်ပြည့်မှာ လူမိုက်စစ်စစ်ကြီးဖြစ်နေပြီဖြစ်တဲ့ မန်ဂျူကို
ငါ့သားသေတာမင်းကြောင့်ဘာညာ သွားဖြဲရာက ဟိုကထိုးကြိတ်လွှတ်လိုက်လို့
အိပ်ရာပေါ်လဲသွားပါတယ်။ အဲဒီနောက်တော့ နာလန်မထူဘဲ တအိအိနဲ့နေမကောင်းဖြစ်ပြီး
ဆုံးပါးသွားတဲ့အတွက် မွေးစားသားအသစ်လေး ဘီးမာနဲ့ မွေးစားသားဟောင်း
မန်ဂျူတို့ကြားမှာ ဖျောက်ဖျက်မရနိုင်တဲ့ အငြိုးတရားတွေ ကြီးထွားလာတယ်။

အဲဒီလိုနဲ့ ဘီးမာဆိုတဲ့ ခါချဉ်ကောင်လေးက မန်ဂျူဆိုတဲ့တောင်ကြီးကို ဘယ်လိုဖြိုမလဲ..
နိုင်ငံရေးလှည့်ကွက်တွေ ဘယ်နေရာမှာ ဘယ်လိုပါ၀င်နေမလဲ..
တကယ်ပဲ တရားမျှတမှုက ငွေကြေးနဲ့အာဏာကို
အနိုင်ယူနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြရအောင်ဗျ

AE Bollywood အညွန်းသီးသန့်📝

22 Oct, 07:04


Klaantha (2024)
==============
“ထိတ်လန့်သည်းဖို”

ပိတ်ရက်ရှည်မှာ အပျင်းတော်ပြေစေဖို့ ကန်နာဒါစကားပြော အိန္ဒိယသည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ကား
တင်ဆက်ပေးလိုက်ပါတယ်။
ပရိုဂရမ်တစ်ခုအတွက် သည်းထိတ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ရဖို့ အပြင်းအထန်ရှာနေရတဲ့အမျိုးသမီးတစ်ယောက်။
ဘယ်မှာမှရှာမရတဲ့အဆုံး စာကြည့်တိုက်ကိုသွားတော့ စာကြည့်တိုက်မှူးက စာအုပ်တစ်အုပ်ထုတ်ပြပါလေရော။
အသည်းတထိတ်ထိတ်ရင်တဖိုဖိုတင်မက အသည်းတွေပြုတ်ကျပြီး ရင်တွေနာရမဲ့ဇာတ်လမ်းတဲ့။စာအုပ်ကိုစဖွင့်လိုက်တော့တွေ့ရတာ အဖေရယ် အမေရယ်က လင်ကောင်းသားကောင်းရဖို့
အသည်းအသန်ကြိုးစားခြင်းခံနေရတဲ့ ကောင်မလေးတစ်ယောက်။
အမေတစ်ခုသားတစ်ခုရယ်နဲ့ အမေ့လောင်းရိပ်ကမလွတ်ဘဲ မိန်းမကောင်းလေးနဲ့ရဖို့
နားပူနားဆာလုပ်ခံနေရတဲ့ အမေချစ်သားလေးတစ်ယောက်။
ဒီနှစ်ယောက်က ချစ်သူတွေဖြစ်ပြီး မိဘတွေမသိအောင် ခရီးအတူထွက်ဖို့ကြိုးစားကြတဲ့အခါ။
ခရီးမှာ မထင်မှတ်ထားတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာအဖြစ်အပျက်တွေကို ရင်ဆိုင်ရတဲ့အခါမှာတော့…။

#Credit

AE Bollywood အညွန်းသီးသန့်📝

19 Oct, 18:43


Vey Dharuvey (2024) “ကာမာရက်ဒီရှန်ကာ”

အသစ်ထွက်ရှိထားတဲ့ တေလဂူး ဟာသရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ရှန်ကာ့ကို သူ့အဖေက
အင်ဂျင်နီယာကျောင်းထားပေမယ့် ကျောင်းမပြီးနိုင်ဘဲ
နောက်ဆုံးပြောမရတဲ့အဆုံး အလုပ်ရှာဖို့ ဦးလေးရှိရာ
ဟိုက်ဒရာဘတ်မြို့ကို ပို့လိုက်ရပါတယ်ရောက်ရောက်ချင်း မိန်းမလှလေးတွေပေါတဲ့ ဟိုက်ဒရာဘတ်မှာ
ရှရူတီဆိုတဲ့ မိန်းကလေးကို သဘောကျသွားပြီး ဖူးသစ်စအချစ်ဇာတ်လမ်းကနေ …မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ
ဘယ်လိုမျိုး လျှို့ဝှက်အရှုပ်တော်ပုံတွေဆီ ရောက်သွားမလဲ
သူနေထိုင်ရာပတ်ဝန်းကျင်ကောင်းကျိုးအတွက် ရှန်ကာ
တစ်ခုခုလုပ်ပြနိုင်မလားဆိုတာကတော့ ပရိသတ်ကြီးပဲ
ဆက်လက်ကြည့်ရှုအားပေးလိုက်ပါဦး

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

19 Oct, 18:38


Ayalaan ( 2024 ) mmsub

IMDb – 6.4ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ကိုဗစ်‌ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင်ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင် တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆို တစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကို ကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့ အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်း လည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့ မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကို ကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ…သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့ တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်း အလွဲလေးတွေကြုံရမလဲဆိုတာ ကြည့်ရှုခံစားရင်း ဘဝအမောတွေဖြေဖျောက်လိုက်ရအောင်ပါ။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

18 Oct, 13:14


Kondal 2024 ပင်လယ်ပြင်ခရီးကြမ်း

အက်ရှင်ဟီးရိုး Antony Varghese ရဲ့ ပင်လယ်ပြင်မှာကြမ်းမယ့်
အက်ရှင်ကားသစ်တစ်ကားကို CMချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။

မာနူးဟာ လူဖြောင့်စိတ်တိုဆိုတဲ့အတိုင်း စိတ်သဘောထားဖြူစင်သူပေမဲ့
မဟုတ်မခံ ထစ်ခနဲဆို လက်ကအရင်ရောက်တဲ့သူ၊
မတရားသဖြင့်ချနင်းမယ်ဆိုရင်တော့ ဘယ်လိုလူကိုမဆို
ပြန်ကြမ်းဖို့ဝန်မလေး နောက်မတွန့်တဲ့သူပေါ့။သူ့ရဲ့ ဒီအကျင့်စရိုက်ကြောင့်ပဲ ငါးဈေးမှာ အကြီးအကျယ်ပြဿနာတက်ပြီး
တစ်ရွာလုံးကမာနူးကို ရွာကနေ ခဏရှောင်နေဖို့ဝိုင်းပြောတာနဲ့ပဲ
ရွာကနေထွက်လို့ ငါးဖမ်းသင်္ဘောတစ်စင်းပေါ်မှာ အလုပ်လုပ်ရဖို့ ဖြစ်လာပါတော့တယ်။ဒါပေမဲ့ ရန်ပွဲကပဲ မာနူးနောက်လိုက်လာတာလား၊ မာနူးကပဲ ရန်ပွဲနောက်လိုက်နေသလား
မသိရလောက်အောင် ငါးဖမ်းသင်္ဘောပေါ်မှာ ပြဿနာဖြစ်ဖို့ ဦးတည်လာတဲ့အခါမှာတော့….

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

17 Oct, 12:57


Ghost 2023
"တစ္ဆေ"

IMDb 8.5 ရရှိထားပြီး ရုံတင်ဝင်ငွေ ရူပီး သန်း ၃၀၀ ကျော်ရခဲ့တဲ့ ကန်နားဒါး action-thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်
ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေလည်း ရရှိထားပြီး Shiva Rajkumar, Jayaram နဲ့ Anupam Kher တို့ ပါဝင်ထားပါတယ်

ဇာတ်လမ်းအကျဥ်းကတော့ အမည်မသိ လူတစ်စုက ဗဟိုအကျဥ်းထောင်တစ်ခုမှာရှိတဲ့ အကျဥ်းသားတွေ အပါအဝင်
ဗြူရိုအရာရှိဟောင်းဖြစ်တဲ့ မစ္စတာဗာမန်ကိုပါ ပြန်ပေးဆွဲသွားပါတယ်
အဲဒီ ဓားစာခံပြဿနာကို မဟုတ်မခံ သမာသမတ်ကျတဲ့ ဒုရဲမှူး ချန်ဂါပါကို တာဝန်ပေးလာပါတယ်

အကျဥ်းထောင်ကို ဝင်စီးတုန်းက စီစီတီဗီမှတ်တမ်းတွေကိုပါ လက်စဖျောက်သွားခဲ့ပြီး ဆရာချန်ဂါပါနဲ့ အမည်မသိ ဂိုဏ်းစတားတို့ရဲ့ ကြောင်နဲ့ကြွက် ကစားပွဲ စတင်ပါတော့တယ်...

AE Bollywood အညွန်းသီးသန့်📝

17 Oct, 12:54


Geethanjali Malli Vachindi (2024) #ဇာတ်ကားသစ်ကြီး

IMDb 6.6 ရထားတဲ့ တေလဂူး ဟော်ရာကားလေး
တင်ဆက်ပေးလိုက်ပါတယ် ကြမ်းသင့်ရင်ကြမ်း
ဖောက်သင့်ရင် ဖောက်တဲ့ ဟာသကားလေးမို့
ရုံးပိတ်ရက်မှာ ပရိသတ်ကြီးအပန်းပြေစေမှာ အသေအချာပါပဲ

ကောင်မလေးတစ်ယောက် ရုံးတစ်ရုံးမှာ လူမရှိတဲ့ညအချိန်
အလုပ်ရှင်သူဌေးကို ရာထူးတိုးဖို့ သွားတောင်းဆိုပေမယ့် သူဌေးရဲ့ ဗလက္ကာရပြုတာကို ခံလိုက်ရတဲ့အချိန်...

မိန်းမချင်းစာနာတတ်တဲ့ သရဲမက အလုပ်ရှင်ကို အသေဆိုးနဲ့သေအောင် ပညာပေးလိုက်တယ်
တကယ်တော့ ယောကျာ်းတစ်ယောက်ရဲ့ ယုတ်မာရက်စက်ခြင်းကို ခံခဲ့ရတဲ့ မိန်းကလေးက မကျွတ်မလွတ်ပဲ ဝိညာဥ်ဖြစ်နေတာပါ

တစ်ဖက်မှာလည်း သူငယ်ချင်းတစ်စု - ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ မင်းသားဖြစ်သူတို့
ကုန်းကောက်စရာမရှိအောင် ကျရှုံးနေလို့ ရုပ်ရှင်လောကကို ကျောခိုင်းဖို့အလုပ် ....

ဟော်ရာရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခြင်းခံရတယ် ဒီကနေ အိမ်ကြီးတစ်အိမ်မှာ ရုပ်ရှင်ရိုက်ကြရင်း
အဲဒီအိမ်မှာ တစ္ဆေအစစ်သုံးကောင် ရှိနေတဲ့အခါမှာ ဘယ်လိုအလွဲတွေ ဆက်ဖြစ်ကြမလဲ...
ဝိညာဥ်တွေရဲ့ ပင်မဇာတ်လမ်းက ဘယ်လိုလဲဆိုတာကို ပရိသတ်ကြီးက ဆက်လက်အားပေးကြပါဦး

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

#Credit

AE Bollywood အညွန်းသီးသန့်📝

16 Oct, 15:56


Crime Reel ( 2024 ) " တရားခံ "

မှုခင်းဇာတ်ကားကောင်းရှာနေတဲ့ကြည့်ရှုသူတွေအတွက်
အကြိုက်တွေ့စေမဲ့ လူသတ်သမားရှာပုံတော်‌ဇာတ်ကားကြီးကို
တင်ဆက်ပေးထားပါတယ်

ဇာတ်လမ်းအစမှာတင် ရွာပြင်မှာမိန်းကလေးတစ်ယောက်
အသတ်ခံထားရပါတယ် ဘယ်လောက်ထိရက်ရက်စက်စက်လဲဆိုရင်
ဘယ်သူဘယ်ဝါမပေါ်အောင် မျက်နှာကို ကျောက်တုံးနဲ့ထု
ရုပ်တွေထိပါဖျက်ထားပြီး တစ်ကိုယ်လုံးသွေးသံရဲရဲနဲ့
ကြည့်ရက်စရာမရှိတဲ့ သူမရဲ့အဖြစ် မိသားစုကလာအတည်ပြုတာတောင်
ခြေထောက်ကခြေချင်းလေးကြောင့်သာ ပျောက်ဆုံးနေတဲ့သူတို့သမီးဖြစ်ကြောင်းလက်ခံလိုက်ရတဲ့အထိပါပဲသူတို့ရွာကိုတာဝန်ကျတဲ့ SI ရဲအရာရှိက မိန်းမပါ မိန်းမဆိုပြီးအထင်သေးလို့တော့မရပါဘူး
အကြောင်းကတော့ ဒီအမျိုးသမီးကလိုအပ်လာရင် ဖြတ်ဖောက်ချုပ်ဆရာဝန်လိုတစ်မျိုး
ရှေ့နေကတစ်ဖုံနဲ့ စရိုက်အမျိုးမျိုးပြောင်းလဲနိုင်တဲ့ လက်ရဲဇက်ရဲအမျိုးသမီးပါ
လက်အောက်ကရဲတွေတောင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့သူမက
ဒီအမှုကိုတာဝန်ယူဖို့ဖြစ်လာခဲ့တယ် လိုက်လံစုံစမ်းချက်တွေအရ
တရားခံကလူတစ်ဦးတည်ကိုပဲဦးတည်နေပေမဲ့ ဇာတ်လမ်းက
အဆုံးသတ်ကိုတန်းတွေ့ဖို့ထိကတော့ အိန္ဒိယကားတွေရဲ့ထုံးစံအတိုင်း
မလွယ်ကူလှတာကြောင့် လူသတ်သမားဘယ်သူဆိုတာကို အဖြေရှာကြည့်လိုက်ပါဦး

( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

AE Bollywood အညွန်းသီးသန့်📝

16 Oct, 15:42


Rose Rosy Te Gulab (2024)
"နှင်းဆီများပေါင်းဆုံရာ"

ပေါ့ပေါ့ပါးပါး ပန်ဂျာဘီ အချစ်ဟာသကားလေးကို တင်ဆက်ပေး ပါရစေ
ဂူလာ့ဘ်ဆိုတာ ငယ်ငယ်ကတည်းက မိဘတွေမရှိတော့ဘဲ သူ့ ဦးလေးဖြစ်သူ လူပျိုကြီးနဲ့ အတူတူကြီးပြင်းလာရတာ ဖြစ်ပါတယ်အိမ်ထောင်ဖက်လာတွေ့ကြတဲ့ မိသားစုတွေနဲ့ တစ်ခါမှ အဆင်မပြေခဲ့တာကြောင့် ဆင်ဂယ်ဘဝကိုမပျော်ပိုက်နိုင်ဘဲ သူ့ဦးလေးလိုအထီးကျန်သွားမှာကို စိုးရိမ်ကာသူငယ်ချင်းတွေ အကြံနဲ့ မင်္ဂလာရက် နီးနီးကပ်သတ်မှတ်လို့ မင်္ဂလာခန်းမပါ ကြိုတင်ငှားလိုက်ပြီးအချိန်တိုအတွင်း သတို့သမီး ရှာပုံတော်ဖွင့်ရင်း ရို့စ်နဲ့ ရိုစီ ဆိုတဲ့ အမျိုးသမီးနှစ်ဦးနဲ့ဘယ်လိုပတ်သက်ရှုပ်ထွေးမိသွားမှာလဲ ဆိုတာကတော့ ......

AE Bollywood အညွန်းသီးသန့်📝

15 Oct, 17:00


Level cross (𝟮𝟬𝟮𝟰)
===============

ဒီတစ်ခါမှာတော့ Level Cross ဆိုတဲ့ စိတ်ဝင်စားစရာ Thriller အိန္ဒိယဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ချိုင်တာလီနဲ့ ရာဂူတို့ဟာ ဘယ်လိုမှမအက်စပ်တဲ့ဒေသ ၂ခု၊ ခြားနားတဲ့ကမ္ဘာနှစ်ခုက လူနှစ်ယောက်ဟာ အိမ်မက်ဆန်စွာ တွေ့ဆုံခဲ့ကြပြီး ကွဲပြားတဲ့ဘဝတွေကြားက တူညီမှုတစ်ချို့ကို ရှာတွေ့သွားခဲ့ကြတဲ့လူတွေပါ။ ဒါပေမဲ့ ရာဂူ့မှာလည်း အတိတ်ဆိုးတွေရှိခဲ့သလို ချိုင်တာလီမှာလည်း ဝေခွဲမရတဲ့ ဖြစ်ရပ်ဆိုးတွေကြုံခဲ့ရသူပါ။

တစ်နေ့မှာ သူတို့နှစ်ယောက်တည်းရှိနေတဲ့ကမ္ဘာကို ချိုင်တာလီရဲ့ခင်ပွန်းဆိုသူ ရောက်ရှိလာချိန်ကစပြီး အမှားတွေကအမှန်ဖြစ်ကာ အမှန်တွေကအမှားဖြစ်လာခဲ့ပါတယ်။ ရာဂူဟာလည်း ရာဂူအစစ်မဟုတ်သလို ချိုင်တာလီကတည်း ချိုင်တာလီအစစ်ဖြစ်မနေခဲ့ပါဘူး။ ဇာတ်လမ်းဟာ ဘယ်နေရာကနေ စတင်ပြီးအလှည့်အပြောင်းတွေဖြစ်သွားတာလဲ။တကယ့်ဖြစ်ရပ်မှန်ကရော ဘာလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်ဇာတ်လမ်းလေးဖြစ်လို့ B-Town ချယ်နယ်က တင်ဆက်ပေးလိုက်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

15 Oct, 16:55


Nandhan (𝟮𝟬𝟮𝟰)
=============

လူတန်းစားခွဲခြားမှုတွေထဲမှာ အိန္ဒိယနိုင်ငံထဲက ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုက အဆိုးဆုံးပဲဆိုတာကို အားလုံးလည်း သိထားကြပြီးဖြစ်မှာပါ။ ဒီဇာတ်လမ်းလေးဟာဆိုရင် ဇာတ်နိမ့်တွေကို ဇာတ်မြင့်တွေက ဘယ်လောက်အထိခွဲခြားဆက်ဆံကြလဲဆိုတာကို ပေါ်လွင်အောင်ရိုက်ပြထားတဲ့ Comedy Dramaလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့မှာ သားစဉ်မြေးဆက်ဥက္ကဋ္ဌရာထူးယူလာခဲ့တဲ့ ရွာဥက္ကဋ္ဌဟာ ဒီနှစ်မှာလည်း သုံးကြိမ်ဆက်တိုက်ဥက္ကဋ္ဌရာထူးကိုယူဖို့ အဆင်သင့်ပြင်နေရာက ရွေးကောက်ပွဲစနစ်ကိုပြင်လိုက်တဲ့အချိန်မှာ ကြံရာမရဖြစ်သွားတဲ့ဥက္ကဋ္ဌဟာ ရုပ်သေးရုပ်ဥက္ကဋ္ဌတင်မြှောက်ဖို့အတွက် ဇာတ်နိမ့်တစ်ယောက်ကိုရှာရပါတော့တယ်။

ဒီလိုနဲ့ သူ့စကားဆို မြေဝယ်မကျနားထောင်တတ်တဲ့ လူတစ်ယောက်ကိုရွေးပြီး ဥက္ကဋ္ဌတင်မြှောက်ခဲ့တာပေါ့။ သူ့အစီအစဉ်ကိုမသိရှာတဲ့ ဥက္ကဋ္ဌအသစ်ခမျာ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုတွေကို အရင်ကထက်ပိုပြီး ခံစားရတော့တာပေါ့။

ဒီစော်ကားမှုတွေကိုခံယူရင် ဥက္ကဋ္ဌရာထူးမှာ သူ ဆက်မြဲနိုင်ပါ့မလားဆိုတာကို ကရုဏာသက်ဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

15 Oct, 07:04


Not out ( 2024 ) mmsub

အသစ်ထွက်ရှိလာတဲ့ ကန်နားဒါး ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်

အာဂျေးဟာ လူနာတင်ကားမောင်းတဲ့သူဖြစ်ပြီး
သူ့ကောင်မလေး ရှရီကတော့ အိပ်မက်တွေနဲ့မိန်းကလေးပါဒေဗာရာ့ဂျ်ဆိုတာကတော့

တပည့်လူမိုက်တွေမွေးထားတဲ့အကြွေးရှင်ကြီးတစ်ယောက်ဖြစ်ပြီး အကြမ်းနည်းကိုသုံးရမှာ တစ်စက်မှ ဝန်မလေးတဲ့သူဖြစ်ပါတယ်အာဂျေးကလည်း သူ့ဆီက ပိုက်ဆံချေးထားရတဲ့သူတွေထဲက တစ်ယောက်အပါအဝင်ပေါ့

ရှရီနဲ့ အာဂျေး နှစ်ယောက်လုံး နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အင်တာဗျူးအောင်သွားပေမယ့် သူနဲ့သူ့ကောင်မလေးရဲ့ စာရွက်စာတမ်းတွေကို ဒေဗာရာ့ဂျ်ရဲ့ တပည့်တွေက အကြွေးလာတောင်းရင်း သိမ်းသွားတဲ့အခါမှာတော့….

ဘယ်လိုတွေ ဆက်ဖြေရှင်းကြမလဲ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်

အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ KKKZ ~ ToMo ~ Alex ~ Zwe တို့ကပါ

AE Bollywood အညွန်းသီးသန့်📝

15 Oct, 06:58


Level Cross 2024
'' စိတ်ရောဂါကုဆရာဝန်မလေးရဲ့ စိတ်ဒဏ်ရာ''

ဝေးလံခေါင်ခိုက်ပြီးတော့ လူသူအရောက်အပေါက်နည်းတဲ့နေရာမှာရှိတဲ့
ရထားဂိတ်တစ်ခုမှာ အစောင့်တာဝန်ကျနေတဲ့ ရာဂူး။သူဟာ တစ်ကိုယ်တည်း အထီးကျန်နေရင်း သူ့မြည်းလေးစစ်ကနယ်နဲ့အတူတူ နေထိုင်ရင်း ရထားဂိတ်စောင့်အလုပ်ကိုလုပ်ကိုင်နေတဲ့သူတစ်ယောက်ပေါ့။ ဒီလိုနဲ့ တစ်ရက်မှာသူစောင့်ကြည့်ပေးရတဲ့ ရထားဂိတ်အနားကိုအနီရောင်ဝတ်စုံဝတ်ထားတဲ့ခေတ်ဆန်ဆန်ကောင်မလေးတစ်ယောက်ဟာရထားပေါ်ကနေ ခုန်ချခဲ့ပြီးတော့ ဒဏ်ရာတွေရသွားတဲ့အတွက် ကယ်ဆယ်ပေးခဲ့ပါတယ်။ဒီလိုနဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာမှာ စကားပြောဖော်မရှိ ပျင်းနေခဲ့တဲ့
ရာဂူးကြီးမှာ စကားတွေဖောင်ဖွဲ့ပြောရင်းနဲ့ ကောင်မလေးဟာသူ ဘာလို့ရထားပေါ်ကနေ ခုန်ချခဲ့ရလဲဆိုတာကို ရင်ဖွင့်လာခဲ့ပါတော့တယ်။အဲဒီကောင်မလေးဟာ ရထားပေါ်ကနေ ဘာကြောင့်မလို့ ခုန်ချခဲ့ရတာလဲ …….သူ့ရဲ့ အတိတ်က ဇာတ်လမ်းက ဘယ်လောက်တောင်ဆိုးလို့ ဒီလိုရထားပေါ်က‌နေခုန်ချရတဲ့အထိဖြစ်ရတာလဲဆိုတာကို ကြည့်ရှုရမယ့် ဒရာမာကားလေးဖြစ်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

13 Oct, 17:54


Vedaa ( 2024 ) mmsub

Genre – Action, Drama, Thriller
IMDB – 6.6/10

မင်းသားကြီး John Abraham ရဲ့ ၂၀၂၄ အသစ်ထွက်ဇာတ်ကား ထွက်ရှိလို့ လာပါပြီ။
Maharaj နဲ့ Munjya တို့မှာလည်း ပါဝင်ထားတဲ့ မင်းသမီးချောလေး Sharvari နဲ့အတူ
အတွဲညီညီ သရုပ်ဆောင်ထားကြတဲ့ အက်ရှင်ကားကောင်းလေးပါ။


ဗေဒါဆိုတဲ့ ကောင်မလေးဟာ ဇာတ်နိမ့်တဲ့မျိုးရိုး ဖြစ်တဲ့အတွက်
အမြဲတမ်း ဖိနှိပ်ခံနေရတဲ့ဘဝကို မကျေမချမ်းဖြစ်ကာ ပြန်တွန်းလှန်ချင်သူလေးတစ်ယောက်။

အဲဒီအချိန်မှာပဲ သူတက်နေတဲ့ ကောလိပ်မှာ ဘောက်ဆင်အတန်းတစ်ခု စဖွင့်ဖို့ ကြေငြာလိုက်တော့
ကျားရဲဖြစ်မှ မြိုင်တောအလယ် ရှင်သန်နိုင်မှာကို တွေးမိပြီး ဝင်လျှောက်လိုက်တော့တယ်။
တစ်ဖက်မှာ မေဂျာအာဘီမန်ယူဆိုတာက အင်မတန်တော်ပြီး အရည်အချင်းရှိတဲ့ စစ်သားတစ်ယောက်။
ဒါပေမဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်ရေးကိုယ်တာ အာဃာတကြောင့် စစ်သားဘဝကို အပြီးတိုင် စွန့်လွှတ်ခဲ့ရသူ။

ဒီလိုမျိုး အချိန်မတန်ခင် မာန်လျှော့လိုက်ရတဲ့ ကျားရဲတစ်ကောင်နဲ့ အမြင့်ကို ပျံသန်းချင်နေတဲ့
ဗေဒါငှက်မလေးတို့ဟာ ရေစက်ပါလို့ လာဆုံတွေ့ခဲ့ပြီး ဘယ်လိုစွန့်စားခန်းတွေ ထွက်ကြရဦးမလဲဆိုတာကို
အက်ရှင်ခပ်မိုက်မိုက်တွေနဲ့ ကြည့်ရှုရယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်လို့ အားပေးလိုက်ကြပါဦးခင်ဗျာ။

(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

13 Oct, 09:28


Khel Khel Mein (2024) "အရင်းနှီးဆုံးသူစိမ်းများ" ဇာတ်ကားသစ်
IMDb - 7.1/10

Remakeမင်းသားကြီးရဲ့ ဘောလိ၀ုဒ်ဟာသဒရာမာရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီရုပ်ရှင်က Perfect Strangers (2016)ဇာတ်လမ်းကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာ။
နိုင်ငံတော်တော်များများ ပြန်ရိုက်ထားကြတဲ့အပြင် မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကိုက
နှစ်ကားထိရှိတယ်။ 12th Man (2012)နဲ့ 1001 Nunakal (2022)တဲ့။

ဒီရုပ်ရှင်မှာတော့ အရှေးကူးမား၊ တာ့ပ်ဆီး၊ ပရေ့ဂ်ယာဂျေစ်ဝယ်လ်နဲ့ ဗာနီကပူးရ်တို့လို
နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ထားကြပါတယ်။

အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို
အလင်းဖွင့်ပေးချင်တဲ့ စေတနာကိုလည်းမြင်တွေ့ရမှာပါ။

ဇာတ်အလမ်းအကျဉ်းပြောရရင် သူငယ်ချင်းသုံးယောက်ရှိတယ်၊ သုံးယောက်လုံးက အိမ်ထောင်သည်တွေ။
တစ်ကောင်ရဲ့ခယ်မ မင်္ဂလာဆောင်ရှိရာမြို့ကို သွားကြဖို့ စီစဉ်ထားကြတယ်၊ သွားကြတယ်ပေါ့။
မင်္ဂလာဆောင်မှာတွေ့ကြပြီး သူငယ်ချင်းစုံတွဲသုံးတွဲ အတူတူရှိနေရာကစ ဂိမ်းတစ်ခုကစားဖို့
လုပ်ကြတဲ့အချိန်မှာတော့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ၊ သိုဝှက်ထားတဲ့ စိတ်ခံစားမှုတွေ ဘွင်းဘွင်းကြီးပေါ်လာပြီး
ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ ကြည့်ရှုကြရမှာပါ။

AE Bollywood အညွန်းသီးသန့်📝

11 Oct, 18:42


S@rfir@ ( 2024 ) အိပ်မက်များနဲ့ကျွန်တော်

IMDb -7.9/10
မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့
အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။
ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။
အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က
သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊
လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က
သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။
သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့
အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။
ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။
ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊
သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က
ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့
ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။

AE Bollywood အညွန်းသီးသန့်📝

11 Oct, 18:37


𝗧𝗵𝗲 𝗦𝗶𝗴𝗻𝗮𝘁𝘂𝗿𝗲 (𝟮𝟬𝟮𝟰)
=================

ဒီတစ်ခေါက်မှာတော့ B-Town ပရိတ်သတ်တွေအတွက် The Signature ဆိုတဲ့ အိန္ဒိယဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။

အာဗင်နဲ့မာဒူတို့က တစ်ယောက်နဲ့တစ်ယောက် သိပ်သံယောဇဉ်ရှိကြတဲ့ ဇနီးမောင်နှံဖြစ်ပါတယ်။ သူတို့ဟာ သားသမီးတွေ မြေးတွေနဲ့ လုပ်ရမယ့်တာဝန်တွေအပေါ် တာဝန်ကျေအောင်လုပ်ခဲ့ပြီး အရာအားလုံးကနေ အနားယူတဲ့အနေနဲ့ ခရီးထွက်ဖို့စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်မတက်ရသေးခင်သေးမှာပဲ မာဒူဟာ ရုတ်တရက် ကျန်းမာရေးချို့ယွင်းပြီး ဆေးရုံကုတင်ထက်မှာပဲ လှဲနေခဲ့ရပါတယ်။

ဘယ်လိုဆေးကုသမှုမျိုးကို မတုံ့ပြန်နိုင်တော့တဲ့ ဇနီးဖြစ်သူရဲ့အခြေနေကို လက်မခံနိုင်တဲ့အာဗင်တယောက် ရှိသမျှနည်းမျိုးစုံနဲ့ ဇနီးကိုအသက်ဆက်ပေးဖို့ ကြိုးစားခဲ့ရပါတယ်။ ငယ်စဉ်မပြည့်စုံခင်ဘဝကတည်းက ဘေးကနေအမြဲရှိနေပေးခဲ့တဲ့ သူ့ရဲ့ပါတနာကို လက်လွှတ်မပေးနိုင်တဲ့ အဘိုးကြီးတစ်ယောက်ရဲ့ သောကတွေ သံယောဇဉ်တွေ တွယ်တာမှုတွေကို မြင်သာအောင်ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။

tissue လေးတွေဆောင်ကြည့်ကြနော်။

AE Bollywood အညွန်းသီးသန့်📝

11 Oct, 18:31


Trisha on the Rocks (2024) “ပူပင်ကြောင့်ကြမဲ့ အချစ်”

IMDb 6.5

CM ပရိသတ်ကြီးအတွက် ရင်ကိုအေးစေမယ့်
ဂူဂျာရတ် စကားပြော အချစ်/ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်Shaitaan (2024) က မင်းသမီး Janki Bodiwala က
မိဘစကားနားမထောင်ဘဲ ကိုယ်ထင်ရာလုပ် ပျော်ရာသွားတတ်တဲ့
တက်တက်ကြွကြွမိန်းကလေး ထရီရှာနေရာက ပါဝင်ထားပြီးဗစ်ရှဲလ်ကတော့ အရက်ပုန်းရောင်းချတဲ့ ကလေကချေဖြစ်ပါတယ်…
တစ်ည ထရီရှာ့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပါတီမှာ
အရက်လာပို့တဲ့ ဗစ်ရှဲလ်နဲ့ စကားပြောဖြစ်သွားပါတယ်
အထက်တန်းလွှာက မိန်းကလေးဖြစ်ပေမယ့် ကလေကချေ
ဗစ်ရှဲလ်ရဲ့ လွတ်လပ်တဲ့ဟန်နဲ့ စကားဖော်ရွေမှုကို
သဘောကျသွားတဲ့အတွက် အဲဒီညမှာပဲ အချစ်ဇာတ်လမ်းခင်းလိုက်ကြပါတယ်မနက်မိုးလင်းတော့ သူတို့နှစ်ယောက်သဘောတူ
တစ်ညတာကနေ အဆင့်ထပ်မတက်ဖို့ပြောကာ
လမ်းခွဲလိုက်ပြီးနောက်မှာမှ ထရီရှာ သူ့ကိုမဖြစ်မနေ ပြန်လိုက်ရှာဖို့ လိုလာတဲ့အခါမှာတော့ …

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

AE Bollywood အညွန်းသီးသန့်📝

11 Oct, 18:20


𝙂𝙤𝙧𝙧𝙚 𝙋𝙪𝙧𝙖𝙣𝙖𝙢 (2024)
==================
(( သိုးတစ်ကောင်ရဲ့ အိပ်မက် ))

ဒီတစ်ခေါက်မှာတော့ Gorre Puranam ဆိုတဲ့ အိန္ဒိယ animal drama ကားလေးနဲ့ B-Town ပရိတ်သတ်တွေကို မိတ်ဆက်ပေးပါမယ်။

ရမ်ဆိုတာ သိုးတင်းကုပ်ကလေးကနေ အပြင်လောကကို စူးစမ်းချင်နေသူသိုးလေးတစ်ကောင်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတကယ် လက်တွေ့အပြင်လောကကိုရောက်လာတော့ မျှော်လင့်ထားသလိုမဟုတ်ပဲ သူ့ကိုသတ်ဖို့ပဲကြိုးစားနေသူတွေနဲ့တွေ့ကာ ကံဆိုးမှုတွေနဲ့ ပဲ ကြုံကြိုက်ခဲ့ရပါတယ်။ အဲ့လိုနဲ့တစ်နေ့မှာ အပြင်လောကဟာ သိုးကိုတောင် ထောင်ချပစ်နိုင်တဲ့လောကဆိုတာကို ရမ်သိလာခဲ့ပါတယ်။ ရမ်ဟာ လူတွေရဲ့ ဆိုးယုတ်မှုကြောင့် ထောင်ထဲရောက်သွားပြီးမှ တခန်းတည်းနေထောင်သားအဖော်တစ်ယောက်ရခဲ့ပါတယ်။ သူဟာလည်း လောကရဲ့မတရားမှူတစ်ခုကြောင့် ထောင်ထဲရောက်လာသူပါ။ သူတို့နှစ်ယောက်ပေါင်းပြီး ကြံစည်ဆောင်ရွက်လိုက်မှုနဲ့ အဖြေတစ်ခုရှာတွေ့သလို မသမာသူတွေကို လက်တုံ့ပြန်နိုင်ခဲ့ပါတယ်။

အဲ့တော့ ရမ်ရော သူ့အဖော်ရောရဲ့ နောက်ကြောင်းတွေက ဘယ်လိုလဲ။ ဘာကြောင့်ထောင်ထဲရောက်လာသလဲ ဆိုတာတွေကို အဖြေရှာရင်းကြည့်ရှုရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။

AE Bollywood အညွန်းသီးသန့်📝

10 Oct, 16:53


Amar Prem Ki Prem Kahani 2024

ငယ်ငယ်လေးကတည်းက ရုပ်ရည်ချောမောမှုကြောင့်နဲ့
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့ရတဲ့ အာမာပရမ်။

အာမာရဲ့ထူးခြားချက်ကတော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ကြားက
ဘယ်ကောင်မလေးကိုမှ မကြိုက်ဘဲနဲ့ အကုန်လုံးကို ဖရန့်ဇုန်ထဲပစ်သွင်းပြီးတော့ နေလာခဲ့သူ။
အာမာ့မှာ လျှို့ဝှက်ချက်တစ်ခုရှိပါတယ် ဘာလဲဆိုတော့ သူဟာ ကောင်မလေးတွေကို
တမင် ဖရန့်ဇုန်ထဲထည့်တာမဟုတ်ဘဲ ဘယ်ကောင်မလေးကိုမှ ချစ်လို့မရလို့ပါတဲ့ အကြောင်းကတော့
သူက ကောင်လေးတွေကိုပဲ စိတ်ဝင်စားနေတဲ့ အုံ့ပုန်းလေးဖြစ်နေလို့ပါပဲ ငယ်စဉ်ကတည်းက
တိတ်တခိုးလေးကြိုက်နေတဲ့ကောင်လေးရှိခဲ့ပေမယ့်လည်း မိသားစုကိုမပြောရဲတဲ့အတွက်
ကျားချင်ယောင်ဆောင်နေခဲ့ရပါတော့တယ်။ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ အခါမှာတော့ အာမာ့ကို သူ့မိသားစုက လက်ထပ်ပေးဖို့ လုပ်ကြပါတော့တယ်။
ဒီမှာပဲ အုံ့ပုန်းလေး အာမာဟာ လက်မထပ်ချင်တဲ့အတွက်
သူ့ဦးလေးရှိတဲ့ လန်ဒန်ကို ထွက်ပြေးဖို့ အကြံထုတ်ပါတော့တယ်။
ဒီလိုနဲ့ လန်ဒန်ကို သွားတဲ့ လေဆိပ်မှာတင် ကောင်လေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတော့
သူ့နှလုံးသားထဲကို နေရာယူသွားခဲ့ပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်
လန်ဒန်မှာ ဒီကောင်လေးနဲ့ ပြန်ပြီးတွေ့ဆုံမိကြတဲ့အခါမှာတော့ ………..
အုံ့ပုန်းလေး အာမာနဲ့ အဲဒီကောင်လေးတို့ ဘယ်လိုတွေ ဇာတ်လမ်းဆက်ကြမလဲ ….
သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းကရော သာယာဖြောင့်ဖြူးပါ့မလား ………..
ဘယ်လို အခက်အခဲတွေနဲ့ရော တွေ့ကြုံသွားရမလဲဆိုတာတွေကို
ကြည့်ရှုရမယ့် ရိုမန့်ဟာသအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

10 Oct, 07:38


Bal Naren (2024) (လူငယ်ရွာလူကြီးလေး)

နာရန်ဆိုတဲ့ကောင်လေးရဲ့အဖေဗီရန်ဒရာဟာ ရွာလူကြီးရွေးကောက်ပွဲပြိုင်ပွဲမှာ
အနိုင်ရပြီးတော့ ရွာလူကြီးဖြစ်လာခဲ့ပါတယ်။

ဗီရန်ဒရာဟာ ရွာလူကြီးစဖြစ်လာတာနဲ့ အရင်ဆုံး ရွာသန့်ရှင်းရေးကို အရင်လုပ်ဆောင်ခဲ့ပါတယ်။
သို့ပေမဲ့လည်း ရွာမှာက အမှိုက်ဆိုလည်း တွေ့ရာနေရာချ, ညစ်ပတ်ကြတဲ့အတွက်ကြောင့်
ခြင်တွေယင်တွေ ပေါက်ဖွားမှုနှုန်းကလည်း အရမ်းကိုများပြီးတော့ သွေးလွန်တုတ်ကွေးရောဂါနဲ့
သေဆုံးကြတဲ့သူတွေ များလာခဲ့ပါတယ်။အဲဒီလိုသေဆုံးရတဲ့သူတွေအထဲမှာ ရွာလူကြီး ဗီရန်ဒရာကိုယ်တိုင်လည်း ပါဝင်သွားခဲ့ပြီးတော့ ရွာအတွက်ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရတာပေါ့ ။
နာရန်ဟာ သူ့အဖေလိုပဲ ရွာလူကြီးဖြစ်ချင်ခဲ့ပြီးတော့ ရွာရဲ့အကျိုးကို သယ်ပိုးချင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
ဒီလိုနဲ့ နာရန်လေး ကျောင်းတတ်တဲ့အရွယ်ကိုရောက်လာတဲ့အခါမှာ သန့်ရှင်းမှုအကြောင်းကို သေချာလေးသင်ကြားခဲ့ရပါတယ်။
သင်ကြားထားတဲ့ သင်ခန်းစာတွေကို အခြေခံပြီးတော့ သူ့ရွာကို သန့်ရှင်းသာယာပြီး
တိုးတက်တဲ့ရွာလေးဖြစ်ဖို့ နာရန်တစ်ယောက် ကြိုးစားလုပ်ဆောင်ပါတော့တယ်။ဒီလိုနဲ့ ကိုရိုနာရောဂါတွေဖြစ်လာတဲ့အချိန်မှာတော့ နာရန်တစ်ယောက် သူ့ရွာလေးကို ဒီရောဂါဆိုးကြီးရန်ကနေ
သူတတ်စွမ်းနိုင်သလောက်အသိဉာဏ်ကိုသုံးပြီးတော့ ဘယ်လိုတွေ
ကာကွယ်လုပ်ဆောင်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Alex~ V~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ်)

AE Bollywood အညွန်းသီးသန့်📝

09 Oct, 18:45


Mayav..........anam (2024) ဇာတ်ကားသစ်

ဆေးကျောင်းသားလေးယောက်စွန့်စားခန်းဆေးကောလိပ်တစ်ခုက
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ‌ဖြစ်ကြတဲ့ ရှန်ကူ ၊ မာလူ ၊ တိုင်ဆက် ၊ လာချူးတို့
လူငယ်လေးယောက်က ကျောင်းသားအရေး ကျောင်းအရေးတွေမှာ
တက်တက်ကြွကြွလှုပ်ရှားကြတဲ့ လူငယ်လေးယောက် ။

တစ်နေ့ဆေးနဲ့ပတ်သတ်တဲ့ ကမ်ပိန်းသွားလုပ်ရင်း လူမိုက်တစ်ဖွဲ့နဲ့ပြဿနာဖြစ်လာတယ် ၊
အဲဒီလူမိုက်အဖွဲ့ထဲမှာ အကောင်ကြီးကြီးအနွှယ်တွေပါနေတာကြောင့်
ကျောင်းအုပ်ကြီးက ပြဿနာတွေရှုပ်မလာအောင် သူတို့လေးယောက်ကို
သူ့သူငယ်ချင်းရဲ့ အပန်းဖြေအိမ်ကို ခဏပို့လိုက်တယ်

အဲဒီသွားတဲ့လမ်းမှာလည်း မဟုတ်မခံဇာတ်ဇာတ်ကြဲလေးလာချူးက
သူ့လာကြောင်တဲ့အကောင်တစ်ကောင်နဲ့ ပြဿနာထပ်ဖြစ်ရော ။

ရှောင်တယ်လို့မတွေးဘဲ ကျေးလက်မှာခဏပျော်ကြမယ်လို့တွေးပြီးရောက်လာတဲ့
သူတို့လေးယောက်ဆီ မထင်မှတ်ထားတဲ့‌အန္တရာယ်တွေရောက်လာချိန်မှာတော့.......

အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်