Barcaholics & Messiholics Myanmar @bmmmholicsmyanmarclips Channel on Telegram

Barcaholics & Messiholics Myanmar

@bmmmholicsmyanmarclips


Barcaholics နှင့် Messiholics မှ video များ

Barcaholics & Messiholics Myanmar (Burmese)

အခန်းတွင် ဘားဟလိဆ္ & Messiholics မြန်မာ Barcaholics နှင့် Messiholics မှ video များအားလုံးကို ရှာဖွေနိုင်စေရန်လိုအပ်ပြီးပေမယ်။ ဤခန်းသည် Barcaholics နှင့် Messiholics မြန်မာမှ သင့်တွင် မိုဘိုင်းကို ဗီဒီယိုတစ်မျိုးနှင့် ကြည့်လိုက်ရသော အစီအစဥ်များကို ပြောချလိုက်ပါတယ်။ ဤခန်းသည် မိုနိုမင်းတွင် ဝယ်လ်ဝလ်ရာလေနပ်ရေးတွင် ဝယ်လ်ဝလ်ရာ ဗီဒီယိုများ တစ်ဆင့် မြို့လိုက်ရသော စာမျက်နှာတစ်ဦးရှိပြီးပါက တောင်သင့်သည် အသစ်အသစ် အားလုံးကို ရယူရန်အတွက်လည်း ဥပမာပြထားပါတယ်။ ပထမဆုံး မိုနိုမင်းသည် ဝယ်လ်ဝလ်ရာလေနပ်ရေး များနှင့် ဝယ်လ်ဝလ်ရာ ဗီဒီယိုများကို ဖတ်နိုင်မယ့် အစီအစဥ္ကို ကြည့်ပါ။ စာရေးဆွဲခြင်း များအားလုံးအား လျှောက်စွာဖတ်နိုင်ပြီးမသိသေးဌာန်။

Barcaholics & Messiholics Myanmar

26 Oct, 12:02


El Clasico ☠️

Barcaholics & Messiholics Myanmar

13 Oct, 12:57


Good Bye Legend 👋🫂

Barcaholics & Messiholics Myanmar

13 Oct, 12:56


လွန်လေပြီးသော ခုနှစ်များ ၊ အတူရှိခဲ့ရသော ဆည်းဆာများနဲ့ ခပ်ဖျော့ဖျော့ အတိတ်များအတွက် လွမ်းဆွေးခြင်းကလွဲပြီး ဘာအခွင့်အရေးမှ မရနိုင်တဲ့ ကမ္ဘာ။ ပြက္ခဒိန်အဟောင်းတွေကို စွန့်ပစ်ရတဲ့ ကမ္ဘာ။ ဒီကမ္ဘာဟာ အချိန်တွေကို မလွန်ဆန်နိုင်တာ ခံပြင်းဝမ်းနည်းစရာ သိပ်ကောင်းတယ်။

နှလုံးသားတွေကျထည့်ပေးပြီး ကျန်တာဘာတာဝန်ယူမှုမှမရှိတဲ့ ဘုရားသခင်တွေကိုလည်း စောဒကတက်ပါတယ်။ တစ်စုံတစ်ရာကို ကျွန်တော်တို့ ဘဝထဲ ဝင်ရောက်လာစေတဲ့အခါ အနည်းဆုံးတော့ တစ်ဘဝစာ ဖြစ်သင့်တယ်
မဟုတ်လား။ အရာတိုင်းက ခဏပါပဲဆိုတဲ့ တရားတော်ဟာ အစွဲအလမ်းကြီးသူတွေရဲ့ အရက်ခွက်ထဲက ရေခဲတုံးမျှသာ။

ဆုံးရှုံးခဲ့ရပါတယ်လို့ဆိုဖို့လည်း ဘာကိုမှ လောက်လောက်လားလား ပိုင်ဆိုင်ခွင့်မရခဲ့။ ယာယီ ပျော်ရွှင်ရမှုတွေ ၊ ယာယီ တွေ့ဆုံရမှုတွေ ၊ ယာယီ ချိုမြကြည်လင်ရမှုတွေ ၊ ယာယီ ရယ်မောသံတွေ ။ နောက်တော့ ထာဝရငေးငိုင်သွားစေမှုတွေ ၊ တစ်သက်တာ အုံ့မှိုင်းသွားစေမှုတွေ..။

ပြန်နုတ်ယူလို့မရတဲ့ ကိန်းဂဏန်းစဉ်တွေကြား တရွတ်ဆွဲပါသွားခဲ့ရတဲ့ အသည်းတွေ..၊ နာတယ်..။ ဖြစ်နိုင်ရင် တစ်ယောက်ရဲ့ အိုမင်းရင့်ရော်မှုကို တစ်ယောက်ရဲ့ ပျိုမြစ်နုနယ်မှုနဲ့ လဲခွင့်ရှိစေချင်ပါရဲ့။

ခပ်အေးအေး ခပ်ဆိတ်ဆိတ်နဲ့ အဆန်းတကြယ် လူတစ်ဦးအတွက် ၊ လမ်းခွဲညမှာ ကမ့်နောင်းထဲ နာရီနဲ့ချီပြီး ထိုင်ဆွေးနေခဲ့သူအတွက် ၊ ခြေတစ်စုံရဲ့ ထွေးပွေ့မှုနဲ့ ကတ်တလန်ညတွေကို နွေးစေခဲ့ဖူးသူအတွက် ၊ ကမ္ဘာ့သမိုင်းရဲ့ ဘောလုံးအစိတ်အပိုင်းမှာ အလှဆုံး ကွင်းလယ်လူတစ်ဦးအတွက်..

အသက်တွေ မျှယူပေးချင်လို့ပါ ။ ။

#Apollo

Barcaholics & Messiholics Myanmar

04 Oct, 08:06


The most beautiful night 🩵

Barcaholics & Messiholics Myanmar

04 Oct, 08:05


Every Leo fans' Dream 🩵

Barcaholics & Messiholics Myanmar

04 Oct, 08:03


အင်တာမိုင်ယာမီအတွက် လီယို့ရဲ့ ဖရီးကစ်သွင်းဂိုး 🐐🩵

Barcaholics & Messiholics Myanmar

04 Oct, 08:02


99' Leo Messi Vs Columbus 🐐📸

Barcaholics & Messiholics Myanmar

03 Sep, 14:29


WhoScored.com ရဲ့အဆိုအရ ယခု Internatinal break မတိုင်ခင် ယာမယ်အနေနဲ့ အောင်မြင်တဲ့တစ်ဦးချင်းကျော်ဖြတ်မှု (15) ကြိမ်အထိရှိပြီး ဥရောပထိပ်တန်းလိဒ်ငါးခုမှာအများဆုံးအရေအတွက်ဖြစ်ပါတယ်။

ဒါ့အပြင်ယာမယ်ဟာ ကန်သွင်းမှုဖြစ်စေနိုင်မည့် Action ပြုလုပ်နိုင်မှု (28) ကြိမ်၊ ဧရိယာအတွင်းအောင်မြင်တဲ့ပေးပို့မှု (16) ကြိမ်တို့မှာလည်း ဥရောပထိပ်တန်းလိဒ်ငါးခုအနက်အများဆုံးကစားသမားဖြစ်ပါတယ်။

ဒါ့အပြင် ဂိုးဖန်တီးမှု (4) ကြိမ်အထိရယူထားပီး၊ ပူးတွဲအများဆုံးကစားသမားလည်းဖြစ်ပါတယ်။

Our Star Boy ⭐️🔵🔴

#KS

Barcaholics & Messiholics Myanmar

01 Sep, 14:16


Flickball🤫

Barcaholics & Messiholics Myanmar

01 Sep, 11:00


သက်ညှာမှုကိုပဲ မျှော်တလင့်လင့်ဖြစ်ခဲ့ရတဲ့ မြို့သားတွေဟာ စိတ်လက်အေးချမ်းတဲ့ ညလှလှတွေထဲ တိုးဝှေ့ခွင့်မရတာကြာပေါ့။ စစ်ချီသံမထွက်တဲ့နှလုံးသားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အန္တရာယ်ကင်းမန္တာန်ဟာ Blaugrana နဲ့ La Masia..။

ကိုယ့်အခန်းထဲကိုယ် ၊ ကိုယ့်ယုံကြည်ရာနဲ့ကိုယ် ၊ တစ်ကိုယ်စာဝိညာဉ်လေးသာ ကြားနိုင်မယ့် ခပ်တိုးတိုးညည်းရတဲ့ ကတ်တလန်သီချင်းကို အကျယ်လောင်ဆုံး အော်ဟစ်သီဆိုလိုက်ခွင့်ဟာ ဟန်ဆီဖလစ်ထံကနေ တောင်းဆိုမှပဲ ရတော့တယ်။

ဟေ့ ကတ်တလန်သားညီကိုတို့ ။ ဘရာဇေးလ်ဗီဇပေါ်လာတဲ့ ရာဖာကို ချစ်ကြ ၊ ဥတုအသစ်တွေ ဆောင်ကြဉ်းပေးတဲ့ ဒါနီအော်လ်မိုကို ချစ်ကြ ၊ ကတ်တလန်ဘုရင်မင်းမြတ်ရဲ့ အလွမ်းပြေ ဘယ်ခြေရယ်ရယ်ပြုံးပြုံးလေးကို ချစ်ကြ။ ကူဘာစီကို ချစ်ကြ ၊ ကာဆာဒိုကို ချစ်ကြ။ သွေးအိုင်ထဲက ကိုယ့်ရင်ဘတ်တွေကိုယ် ချစ်ကြ။ ဖလစ်ဟာ ကတ်တလန်ထောင့်ချိုးမှာ ခုနှစ်စဉ်ကြယ်ကို ရှာပြခဲ့ခဲ့ပေါ့။ သူ့ကိုလည်း ဦးညွတ်ကြ။

ခေတ်သစ်ကမ့်နောင်းကို ပွတ်သပ်ချော့မြှူဖို့ ဘာစီလိုနာဟာ သားရဲတစ်ကောင်လို မာကျောနေဖို့ လိုတယ်။ ကျုပ်တို့ သစ္စာတွေ မြဲမြံနေဖို့ လိုတယ်။ ဒီအမှတ်တံဆိပ်ကို ရဲရဲဝံ့ဝံ့ ထွေးပိုက်ထားလိုက်စမ်းပါ။ သိမ်ငယ်ချင်စိတ်တွေ ခါချပစ်လိုက်စမ်းပါ။ ဒါဟာ ကျုပ်တို့ တတ်စွမ်းတဲ့ အရာပဲ။ ဒါသာလျှင် ကျုပ်တို့ တတ်နိုင်သမျှပဲ။

လာမာစီယာရဲ့ ခမ်းနားမှုကို နက်နက်ရှိုင်းရှိုင်း ယုံကြည်ပစ်ရင်း မျှော်လင့်ချက်ကို ဆွဲဆန့်ထားလိုက်ကြ။ အဖူးအငုံတွေဟာ ဒီနေ့မဟုတ်ရင် နောက်နေ့မှာ ပန်းတွေအဖြစ် ပွင့်လန်းလာမှာပေါ့။ တစ်နေ့နေ့တော့ ဖွေးလာ မွှေးလာမှာပေါ့။

Tiki-Taka ကို အနုပညာပြတိုက်အလယ် အထည်ဝါဆုံး သိမ်းဆည်းရင်း ခေတ်သစ်တစ်ခုအတွက် တောင်းဆုတွေသစ်ကြစို့ရဲ့။

လာမာစီယာဟာ တည့်တံ့ပါစေ။
ကတ်တလန်ကောင်းကင်ဟာ ကြည်သာရွှင်ပျရှိပါစေ။
Filck Ball ဟာ သက်တော်ရာကျော်ရှည်ပါစေ။

အလိုရာရေ သူငယ်ချင်းရေ ၊ ငါတို့ ကက်ဆက်အဟောင်းကြီးကို တယုတယသိမ်းထားလိုက်တော့။ ပြာနီရောင်ဂျာစီတွေကို ခေတ်ပေါ်ဘာဆာထဲ ထည့်ဖွင့်ကြစို့ကွာ။

#Apollo

Barcaholics & Messiholics Myanmar

25 Aug, 05:46


FC Barcelona vs Athletic Bibao

1st half
https://ok.ru/videoembed/7705606490727

2nd half
https://ok.ru/videoembed/7705610750567

HL
https://hofoo22.fooroomtyv.com/embed/woX2fY2DnKK1E

telegram channel
https://t.me/barcaholics_channel

Barcaholics & Messiholics Myanmar

22 Aug, 12:40


The most beautiful moment of football 🏆🩵

Barcaholics & Messiholics Myanmar

18 Aug, 10:40


Valencia CF vs FC Barcelona

1st half
https://ok.ru/videoembed/7752429537939

2nd half
https://ok.ru/videoembed/7752488585875

HL
https://hofoo22.fooroomtyv.com/embed/G3IM5Qa1pvBOm

telegram channel
https://t.me/barcaholics_channel

Barcaholics & Messiholics Myanmar

17 Aug, 13:49


ဥရောပမှာ ပြက္ခဒိန်သစ်တစ်ခုကို စတင်ရေတွက်နေကြပြီ လီယို။ ပုံမှန်ဆို အရုဏ်ဦးလေညင်းတွေကြားမှာ ဘယ်ငှက်ကလေးတွေ ဘယ်သီချင်းဆိုမလဲ ၊ ရောင်နီလွှာဟာ သူ့ကိုယ်ရောင်ကိုယ်ဝါကို ဘယ်လိုပုံစံနဲ့ ဖြန့်ခင်းလာမလဲ မျက်လုံးအဝိုင်းသားငံ့လင့်ခဲ့ရပေမဲ့ အခုတော့ မနက်ခင်းတွေဟာ ကိုယ်နဲ့မဆိုင်သလိုလို။

ကမ္ဘာလောကထဲ ခြေစုံရပ်ရင်း ကမ္ဘာလောကနဲ့ ဝေးနေရတဲ့ ခံစားချက်မျိုးဟာ အဆင်တပြေမရှိလှပါဘူး။ လွမ်းရည်စက်လက်နဲ့ ကောင်းကင်ကိုငေးတိုင်း ပြီးခဲ့တဲ့ဆယ်စုနှစ်တွေဟာ တိမ်တွေထဲ ဝေ့ချည်ဝိုက်ချည်။

ကျွန်တော်တို့ သိပ်ပျော်ဖို့ ကောင်းခဲ့တယ်နော်။ အဲဒီနေ့တွေတုန်းကဆို ခင်ဗျားလည်း ခင်ဗျားအိမ်မှာ ၊ ကျွန်တော်တို့လည်း ကျွန်တော်တို့အိမ်မှာ ၊ ဘောလုံးဂလက်စီမှာလည်း ကြယ်ပွင့်တွေ စီလို့သီလို့။ ဘယ်သူ့ဘယ်သူမှ မဖျားနာကြသေးဘူး။ ညလက်ဖက်ရည်ဆိုင်တွေ အသက်ရှိသေးသလို သန်းခေါင်ကျော်လမ်းမတွေအားလုံး ကျန်းကျန်းမာမာပဲ။

နှစ်ကာလတွေဟာ တအိအိပြိုဆင်း ထွက်ခွာသွားရင်း ကျွန်တော်တို့ဆီက အဲဒီအရာတွေကိုများ တပါတည်း သွေးဆောင်သွားခဲ့လေသလား မသိ။ အခု ခင်ဗျားလည်း မရှိတော့ဘူး။ ကျွန်တော်တို့မှာလည်း မယ်မယ်ရရ ဘာမှမရှိတော့ဘူး။ ကမ္ဘာလောကထဲ ခြေစုံရပ်ရင်း ကမ္ဘာလောကနဲ့ ဝေးနေရတဲ့ ခံစားချက်မျိုးဟာ ဘယ်သောအခါမှ ပျော်စရာမကောင်းပါဘူး လီယိုရေ။

#Apollo