Kyaw Swa Win Accountancy & Finance Academy @kswaccountancyandfinanceacademy Channel on Telegram

Kyaw Swa Win Accountancy & Finance Academy

@kswaccountancyandfinanceacademy


Kyaw Swa Win Accountancy & Finance Academy (English)

Are you looking to enhance your knowledge and skills in the field of accountancy and finance? Look no further than the Kyaw Swa Win Accountancy & Finance Academy! This Telegram channel, with the username @kswaccountancyandfinanceacademy, is a hub of valuable resources, expert advice, and interactive discussions for anyone interested in these topics.nnWho is Kyaw Swa Win? Kyaw Swa Win is a renowned expert in the fields of accountancy and finance, with years of experience and a passion for educating others. Through this academy, he aims to share his knowledge and expertise with a wider audience, helping individuals excel in their careers and studies.nnWhat is the Kyaw Swa Win Accountancy & Finance Academy? This Telegram channel serves as a virtual classroom where members can access educational materials, participate in live sessions, and engage with like-minded individuals. Whether you are a student, a professional, or simply curious about these subjects, this academy offers something for everyone.nnJoin us today and take your understanding of accountancy and finance to new heights! Be part of a community that values learning, growth, and collaboration. With the Kyaw Swa Win Accountancy & Finance Academy, the possibilities are endless.

Kyaw Swa Win Accountancy & Finance Academy

21 Nov, 10:44


*******Annual.Fees for 2025 ****
My acca accထဲမှာ 2025အတွက် annaul Feesပေါ်လာပါင်္ပရှင်။ ပုံမှန်တော့ အရင်က FIA studentဆိုpart1မပြီးသေးခင် £30ပေမယ့် ဒီနှစ်တော့ part1မပြီးသေးလည်း £63ပေါ်လာခဲ့ပါတယ်။ တစ်ချို့လည်း £69ပါ။ ပထမဆုံးတစ်နှစ်ဘဲ £30လို့webisteမှာပြောင်းလဲဖော်ပြသွားပါတယ်ရှင်။

ဘယ်အချိန်ထိသွင်းလို့ရလဲဆို ခုကနေ နောက်နှစ်2025marchလောက်ထိ သွင်းလို့ရပါတယ်ရှင်။
Oversea bank card တွေနဲ့ဆို ခွဲခွဲပြီးတစ်လစီသွင်းလည်းရပါတယ်။ marchနောက်ပိုင်းရောက်သွားရင်တော့ acca ကခွဲသွင်းတာလက်မခံတော့ပါရှင်။
Myanmar Visa Card နဲ့ဆို Fusepay payment link ကနေ သွင်းရတာမို့ တခါထဲ ပဲ ပေးလို့ရပါတယ်

ဒီနှစ်2024 registerလုပ်တဲ့ဘယ်သူမဆိုနဲ့ 2025Juneထိ registerလုပ်တဲ့ဘယ်သူမဆို 2025 Annaul feesသွင်းရမှာဖြစ်ပါတယ်။

2024Juneမှာ သွင်းခဲ့တဲ့သူတွေဆိုရင်လည်း အာ့တာ 2024စာဖြစ်ပြီး အခုပေါ်တာက 2025စာဖြစ်ပါတယ်ရှင်။

2025 annaul feesမသွင်းချင်ရင် 2025 Juneနောက်ပိုင်းမှ regsiterလုပ်ပြီးexamဖြေပါ။ ဒါဆို 2025မသွင်းရဘဲ 2026မှ သွင်းရမှာပါရှင်။

Annaul Fees ပျက်ကွက်ပါက warning emailတွေလာပြီးရင် accountပိတ်သွားပြီး examဖြေလို့မရတော့ပါဘူးရှင်။

Kyaw Swa Win Accountancy & Finance Academy

17 Nov, 01:20


Finance Documentation ( ငွေစာရင်းဌာနသုံး Documents များ)
----------------------------------------------------

အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာဆိုရင်တော့ဖြင့် စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေစာရင်းဌာန (Finance Department) ကနေတဆင့် ငွေရေးကြေးရေး စာရင်းသွင်းချက်တွေအတွက် အသုံးပြုတဲ့ Documents တွေနဲ့ပတ်သက်လို့ မျှဝေပေးချင်ပါတယ်ခင်ဗျာ။ လုပ်ငန်းတွေမှာဆိုရင် ငွေစာရင်းနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေအများကြီးရှိပါတယ်။ ကုန်ရောင်းကုန်ဝယ်ပြုလုပ်တာတွေ၊ ကုန်ပစ္စည်းပြန်ပို့တာတွေ၊ ငွေပေးငွေရတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ Documents တွေကို စနစ်တကျသုံးစွဲတတ်ရပါမယ်။ အဲ့ဒီ Documents တွေမှာပါတဲ့ အချက်အလက်တွေကိုကြည့်ပြီး စာရင်းသွင်းရတာပဲဖြစ်ပါတယ်။

(၁) Purchase Order (ကုန်အမှာစာ)
လုပ်ငန်းကြီးတွေမှာဆိုရင်တော့ ကိုယ်လိုချင်တဲ့ပစ္စည်းကို ဝယ်ယူတဲ့အခါမှာ ကြိုက်တဲ့အချိန်ကြိုက်သလို ဝယ်ယူလို့မရတာတွေရှိပါတယ်။ မိမိလိုချင်တဲ့ ပစ္စည်းအမျိုးအစားတွေကို ကိုယ့်ရဲ့ Supplier (ရောင်းချသူ) ထံကို အမျိုးအစားဘယ်ဟာလိုချင်တယ်၊ အရေအတွက် ဘယ်လောက်လိုချင်ပါတယ်ဆိုတာကို အရင်ဆုံးဝယ်မယ့်လုပ်ငန်း (Customer) ကနေ ရောင်းချမယ့်လုပ်ငန်း (Supplier) ထံကိုအရင်ဆုံး Order တင်ရပါတယ်။ အဲ့လို ပစ္စည်းအမှာစာ တင်တဲ့ စာကို ကုန်အမှာစာ (Purchase Order) လို့ခေါ်ပါတယ်။ စာရင်းသွင်းတဲ့အခါမှာတော့ Purchase Order ကိုကြည့်ပြီး သွင်းလို့မရပါဘူး။ တစ်ခါတစ်လေမှာ Purchase Order ထဲမှာ Customer လိုချင်တဲ့ ပမာဏအတိုင်းမရတတ်တဲ့အတွက်ကြောင့် Supplier ကရောင်းချပေးလို့ရလာတဲ့ Invoice (ပြေစာ) ပေါ်မှာမူတည်ပြီး စာရင်းသွင်းရတာဖြစ်ပါတယ်။

(၂) Invoice (ပြေစာ)
Supplier အနေနဲ့ Customer ကိုပစ္စည်းတွေပို့ပေးလိုက်တဲ့အခါမှာ ကုန်ပစ္စည်းနဲ့အတူ Invoice (ပြေစာ) ကိုထည့်ပေးလိုက်ပါတယ်။ ပြေစာထဲမှာဆိုရင်တော့ ရောင်းချလိုက်တဲ့ ကုန်အမျိုးအစား၊ ဈေးနှုန်း၊ အရေအတွက်နဲ့အတူ စုစုပေါင်း Customer ဘက်ကငွေချေရမယ့် ပမာဏပါဝင်ပါတယ်။ Invoice မှာနှစ်မျိုးရှိပါတယ်။ ရောင်းချသူဘက်ကနေကြည့်ရင် Sales Invoice (ကုန်ရောင်းပြေစာ) ဖြစ်ပြီး Supplier ဟာ Credit Sales အနေနဲ့ စာရင်းသွင်းရပါတယ်။ ဝယ်သူဘက်ကနေကြည့်မယ်ဆိုရင်တော့ ဝယ်သူရတဲ့ပြေစာဟာ Purchase Invoice (ကုန်ဝယ် ပြေစာ) ဖြစ်ပြီး ဝယ်သူအနေနဲ့ Credit Purchase အဖြစ်စာရင်းသွင်းရမှာဖြစ်ပါတယ်။

(ဂ) ကုန်ဝယ်ပြန်ပို့ တောင်းဆိုလွှာ (Debit Note)
ကုန်ပစ္စည်းတွေကို ဝယ်ယူတဲ့ Customer တွေအနေနဲ့ မိမိမှာယူလိုက်တဲ့ပစ္စည်းတစ်ခုခုမှာ Error ဖြစ်ဖြစ်ပါလာတဲ့အခါပြန်ပို့ကြပါတယ်။ အဲ့ခါကျရင် လုပ်ငန်းကြီးတွေမှာဆိုရင်တော့ ဒီတိုင်းပြန်ပို့လို့မရပါဘူး။ အရင်ဆုံးကိုယ်ပြန်ပို့ချင်တဲ့ Item, amount ၊ ပြန်ပို့ချင်တဲ့အကြောင်းအရာတွေအပြည့်အစုံပါတဲ့ ကုန်ဝယ်ပြန်ပို့တောင်းဆိုလွှာ (Debit Note) ကိုအရင်ဆုံး ဝယ်သူဘက်ကနေ ရောင်းချသူကိုပို့ပေးရပါတယ်။

(ဃ) ကုန်ပြန်ပို့ခွင့်ပြုလွှာ (Credit Note)
အဲ့တော့ ရောင်းချသူအနေနဲ့ Customer ဆီကပို့လာတဲ့ Debit Note ကိုကြည့်ပြီးတဲ့အခါ customer လဲချင်တဲ့အကြောင်းအရာတွေက ခိုင်လုံမှုရှိရဲ့လား၊ User error ကြောင့်လား၊ကိုယ့် error ကြောင့်လားဆိုတာကိုအရင်ဆုံးဆန်းစစ်ပြီးမှ ပြန်ပို့ခွင့်ပြုပါတယ်။ အဲ့လိုပြန်ပို့ခွင့်ပြုတဲ့ ခွင့်ပြုလွှာကို Credit note လို့ခေါ်ပါတယ်။ တစ်ခါတစ်လေမှာ Customer လဲချင်တဲ့ ပမာဏနဲ့ ရောင်းချသူ ကလဲပေးတဲ့ပမာဏကမတူတတ်ပါဘူး။ Customer လဲချင်တဲ့ပမာဏကို Supplier ကလဲပေးမှရပါတယ်။ အဲ့လိုခွင့်ပြုလွှာကို Supplier ကနေ Customer ကိုပြန်ပို့တဲ့အခါမှာတော့ ဝယ်သူဘက်ကနေ ရောင်းချသူဘက်ကို ပြန်ပို့လို့ရပါတယ်။ ဒီမှာလည်း Invoice လိုပဲ View နှစ်ခုရှိပါတယ်။ ရောင်းချသူဘက်ကနေကြည့်ရင် Credit note ဟာ Sales Returns ဖြစ်ပြီး ဝယ်သူဘက်ကနေကြည့်မယ်ဆိုရင်တော့ Credit note ဟာ Purchase Returns ဖြစ်သွားပါတယ်။ Debit note ကိုတော့စာရင်းမသွင်းပါဘူး။ သူကတော့ ဝယ်သူဘက်နေ လိုချင်တဲ့ပမာဏကိုပဲ ပါတာဖြစ်လို့ ရောင်းချသူ လဲပေးတဲ့ ပမာဏပါတဲ့ Credit note ကိုပဲစာရင်းသွင်းရပါတယ်။

(င) Remittance Advice (ငွေပေးပြီးကြောင်းချလံ)

ကျွန်တော်တို့အနေနဲ့ ငွေပေးချေပြီးတဲ့အခါမှာဆိုရင် Kpay ဖြစ်ဖြစ် Aya Pay ဖြစ်ဖြစ် Screenshot လေးတွေပို့ပေးတတ်ကြပါတယ်။ ထိုနည်းတူစွာပဲ စီးပွားရေးလုပ်ငန်းတွေအကြား ငွေပေးချေရာမှာလည်း ဝယ်သူဘက်က ရောင်းသူဘက်ကို ပေးရမယ့်ငွေတွေပေးပြီးတဲ့အခါ ပေးချေပြီးကြောင်းအထောက်အထားတွေကို ပြန်ပို့ပေးတတ်ကြပါတယ်။ အဲ့ဒါကို ငွေပေးပြီးကြောင်း အထောက်အထားနဲ့ပြန်ပို့တဲ့ စာကိုတော့ Remittance Advice လို့ခေါ်ပါတယ်။

Kyaw Swa Win Accountancy & Finance Academy

08 Nov, 14:33


Capital Ace Company တွင်တာဝန်ထမ်းဆောင်ရန်
1.Senior Accountant -1ဉီး (Female)
2.Junior Accountant-2ဉီး (Female)
3.Sales girl - 1ဉီး အလိုရှိသည်

အမှတ်စဉ် (၁) အတွက်လိုအပ်ချက်များ
* တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရပီးသူ
*LCCI Level(1,2,3) တတ်မြောက်ပီးစီးသူ
*Computer Adv Excel နှင့် SAP Software သုံးတတ်သူ ဉီးစားပေးမည်
*အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်
*အသင်းအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်နိုင်ရမည်

အမှတ်စဉ် (၂) အတွက်လိုအပ်ချက်များ
*တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရပီးသူ
*LCCI Level(1,2) တတ်မြောက်ပီးစီးသူ
*Computer Adv Excel ကျွမ်းကျင်စွာသုံးတတ်သူ
*အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်
*အသင်းအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်နိုင်ရမည်

အမှတ်စဉ် (၃) အတွက်လိုအပ်ချက်များ
*အထက်တန်းတတ်မြောက်ပီးစီးသူ
*ရုပ်ရည်အသင့်တင့်ရှိ၍customer serviceကောင်းမွန်သူ
*အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်
အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရမည်

အလုပ်ချိန်-မနက် ၉ ညနေ ၅
Adress - 81st-36st*37st
Holiday - Sunday & Public Holiday
Salary - Negoration
စိတ်ဝင်စားပါက Ph - 09790100743 / 09760118100(viber) သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်

Kyaw Swa Win Accountancy & Finance Academy

28 Oct, 08:12


ACCA (UK) September 2024 Exam တွင် ACCA FIA Level 3 - MA2 ဘာသာရပ်ကို မြန်မာ တစ်နိုင်ငံလုံး ပထမ ၊ တစ်ကမ္ဘာလုံး တတိယ ရရှိခဲ့သော မဝင်းသီတာ အား ဝမ်းမြောက်စွာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်…

Kyaw Swa Win Accountancy & Finance Academy

23 Oct, 05:15


Maldives က လတ်တလော ခေါ်ထားတဲ့ Job တွေပါ။
အလုပ်လျှောက်နေတဲ့သူတွေ အကျိုးရှိမယ်ထင်ပါတယ်။

1-Cashier
M.H.A. Private Limited
[email protected]
Closing on: 31 Oct 2024

2-HR officer
Hire Maldives Private Limited
[email protected]
Closing on: 07 Nov 2024

3-Accountant
Ego Maldives Pvt Ltd
[email protected]
Closing on: 07 Nov 2024

Kyaw Swa Win Accountancy & Finance Academy

16 Oct, 16:17


ရောက်လေရာအရပ်ရပ်မှာ

ကံဆင့်သထက်ဆင့်ပါစေ.....

ဘုံမြင့်သထက်မြင့်ပါစေ....

မော်ဖူးရခြင်းများစွာနဲ့ ကင်းဝေးပါစေ....

Crd- တာရာမင်းဝေ

Kyaw Swa Win Accountancy & Finance Academy

01 Oct, 09:42


စင်္ကါပူမှာအလုပ်အကိုင်များရှာရန်

https://www.jobstreet.com.sg/

https://www.stjobs.sg/

https://www.monster.com.sg/

https://www.mycareersfuture.sg/

https://jobscentral.com.sg/

https://jobscentral.com.sg/fresh-graduate

https://www.linkedin.com/jobs/linkedin-jobs/?country=sg

http://sg.startupjobs.asia/sg/

https://www.fastjobs.sg/

https://www.cultjobs.com/
#crd

Kyaw Swa Win Accountancy & Finance Academy

26 Sep, 17:28


ယနေ့ခေတ်မှာဆိုရင် လူကြီးတွေသာမက ကလေးတွေမှာလည်း နိုင်ငံတကာမှာဝင်ဆံ့နိုင်မယ့် ပညာရပ်တွေ ပေါ်ပေါက်လာကြပြီဖြစ်ပါတယ်။ အခုမှာဆိုရင် မြန်မာနိုင်ငံမှာလည်း ဆယ်ကျော်သက် ကလေးတွေအနေနဲ့ တက္ကသိုလ်ဝင်တန်း၊ အခြေခံပညာရေးတွေအပြင် နိုင်ငံတကာပညာ ရပ်တွေဖြစ်တဲ့ GED တို့၊ IGCSE တို့လို ပညာရပ်တွေကိုပိုမိုလေ့လာ လာကြတာကိုတွေ့ရပါတယ်။ ဒီဆောင်းပါးလေးမှာကတော့ IGCSE နဲ့ပတ်သက်လို့ပြောပြ ပေးသွားမှာပဲ ဖြစ်ပါတယ်။ IGCSE ဆိုတာ International General Certificate of Secondary Education (IGCSE) ကိုဆိုလိုတာဖြစ်ပါတယ်။ IGCSE ဟာဆိုရင်ဖြင့် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဝင်တန်းဖြစ်ပြီး အောင်မြင်ပြီးသွားသူများအနေနဲ့ နိုင်ငံတကာက တက္ကသိုလ်များကို ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။  IGCSE ဘာသာရပ်တွေမှာဆိုရင် ပို့ချတဲ့သင်ရိုးညွှန်းတမ်း ၂ မျိုးရှိပါတယ်။ Cambridge သင်ရိုး (CIE) နဲ့ Pearson Edexcel သင်ရိုးဆိုပြီး ၂ ခုရှိပါတယ်။ အဲ့ သင်ရိုး၂ ခုမှာဆိုရင် ဘာမှသိပ်ပြောင်းလဲမရှိပေမယ့် ထည့်သွင်းထားတဲ့ ဘာသာရပ်တွေ၊ Contents အချို့ကတော့ ကွာဟမှုလေးတွေရှိပါတယ်။
 
IGCSE ကိုတော့ အသက်၁၄ နှစ်မှစလို့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ စစချင်းအနေနဲ့ တက်မယ်ဆိုရင် Pre-IGCSE (preparation for IGCSE) ဆိုပြီးအတန်းလေးရှိပြီး နောက်တစ်တန်းကျရင် O level နဲ့ နောက်ဆုံးအဆင့် A level ဆိုပြီးရှိပါတယ်။ များသောအားဖြင့်နိုင်ငံတကာမှာတော့ O level နဲ့တင်ဖြေဆိုအောင်မြင်ကြပြီး တက္ကသိုလ်တွေပြန် Join ကြပါတယ်။ စာမေးပွဲအနေနဲ့ တစ်နှစ်မှာ ၂ ကြိမ် (Oct/Nov) နဲ့ (May/June) series ဆိုပြီးရှိကြပါတယ်။ အဲ့တော့ ကျွန်တော်တို့ရဲ့ အစိုးရတက္ကသိုလ်ဝင်တန်းသင်ရိုးလိုပဲ Bio/Eco ခွဲကြသလိုပဲ IGCSE မှာလည်းဘာသာရပ်တွေခွဲကြပါတယ်။ နည်းပညာအပိုင်းနဲ့စိတ်ဝင်စားသူတွေအတွက် သင်ရိုးတစ်ခု၊ စီးပွားရေးနဲ့ပတ်သက်လို့ စိတ်ဝင်စားသူတွေအတွက် သင်ရိုးတစ်ခု စသဖြင့် အမျိုးမျိုးခွဲကြပါတယ်။  ဒီနေ့ပြောပြပေးသွားမယ့် အထူးပြုအပိုင်းလေးကတော့ IGCSE မှာပါဝင်တဲ့ Accounting ဆိုတဲ့ဘာသာရပ်အကြောင်းပဲဖြစ်ပါတယ်။ Business စီးပွားရေးအပိုင်းကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ Business course ကိုယူထားတယ်ဆိုရင် Business/ Ecology/ Accounting စတဲ့ဘာသာရပ်တွေကိုသင်ကြားရမှာဖြစ် ပါတယ်။ မိမိသင်ကြားပို့ချထားတဲ့ အတွေ့အကြုံအရ ဆိုရင် IGCSE ရဲ့ Accounting ဘာသာရပ်ဟာ ပြည့်စုံမှုရှိပြီး LCCI Level များနဲ့ များသောအားဖြင့် ညီမျှကြောင်းတွေ့ရပါတယ်။
 
၁၄ နှစ်နဲ့ ၁၆ နှစ်အတွင်းကကလေးတွေ နားလည်အောင် ပို့ချထားတဲ့ သင်ရိုးတွေဖြစ်တာကြောင့် ပါဝင်တဲ့ သင်ခန်းစာတွေဟာ အခြေခံကျပြီး ကလေးလိုက်မှီနိုင်မယ့် အဆင့်လောက်နဲ့ပို့ချထားတာတွေ့ရပါတယ်။ စာရင်းပိုင်းနဲ့ပတ်သက်လို့ အခြေခံတွေလေ့လာလိုတယ်ဆိုရင် IGCSE Accounting ဖတ်စာအုပ်လေးတွေရှိရင် ဖတ်ကြည့်ဖို့ တိုက်တွန်းအပ်ပါတယ်။  ကလေးတွေကို စာရင်းကိုင်ပညာဆိုတာဘာလဲ၊ ဘာတွေလုပ်ရသလဲ၊ စီးပွားရေးလုပ်ငန်းတွေအမျိုးအစားတွေ၊ စာရင်းသွင်းတဲ့အပိုင်းတွေနဲ့ပတ်သက်လို့ အသေးစိတ်ပို့ ချထားတာ တွေ့ရပါတယ်။ သင်ရိုး၂ ခုရှိတဲ့အနက် Cambridge သင်ရိုးကတော့ပိုမိုစုံလင်ပြီး pearson သင်ရိုးကတော့ လေ့လာရတ လွယ်ကူပါတယ်။
IGCSE O LEVEL ACCOUNTING (EDEXCEL) သင်ရိုး မှာဆိုရင်တော့ အပိုင်းကြီး ၄ ပိုင်းခွဲထားပြီး သင်ခန်းစာစုစုပေါင်း ၂၁ ခန်းပါဝင်တာဖြစ်ပါတယ်။ ဒီ LEVEL ကနေတဆင့် ကလေးတွေအနေနဲ့ စာရင်းပညာနဲ့ပတ်သက်လို့ ဘာတွေရသွားလဲ၊ ဘာတွေရနိုင်သလဲဆိုတဲ့ မေးခွန်းတွေကို နောက် post မှာ ဆက်ပြီးပြောပြပေးသွားပါမယ်။

Kyaw Swa Win Accountancy & Finance Academy

21 Sep, 06:20


IGCSE တက်နေပေမယ့် စာမလိုက်နိုင်၊နားမလည်လို့စိတ်ညစ်နေလား
ဒါဆို စိတ်မပူနဲ့နော်။ KSW မှာ IGCSE အတန်းတွေဖွင့်ပေးထားပြီနော်💯

IGCSE (Edexcel,CIE)

▪️Available subjects
ICT
𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐢𝐞𝐧𝐜𝐞
Accounting

💱အချိန်ညှိုနှိုင်းသင်ကြားပေးပါသည်

IGCSE ကိုသင်ကြားရေးအတွေ့အကြုံရှိပြီးဆရာ၊ဆရာမများမှသင်ကြားပေးမှာဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါတယ်ရှင့်။

📌 1လတစ်ခါ စာမေးပွဲရှိပါမည်။
📌Past papers များလေ့ကျင့်ပေးပါမည်။

📌သင်တန်းကြေးများက တစ်လတစ်ခါသာပေးသွင်းရပါသည်။

🗨️ Page Messenger တွင်အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်

☎️ 09 5094152 သို့လည်းဖုန်းခေါ်မေးမြန်းနိုင်ပါတယ်ရှင့်။