Poems Corner

@poemscorner


ကဗျာဆရာများရဲ့ကဗျာများ

Poems Corner

21 Jan, 00:19


မီးရောင်လေးပေါ့ အဝေးမှာ
တယောက်ယောက်ကို လောင်နေတာဖြစ်မယ်။

လသာလိုက်တာလို့
တစ်ယောက်တည်း ပြောနေရတဲ့ဒုက္ခကိုတော့
မုန်းလှတယ်။
.
-ခင်ဖုန်းသက်ဝေဂယ်လာရီ

Poems Corner

20 Jan, 23:48


လူတွေမှာ
ချစ်ခြင်းမေတ္တာတရား ဆိုတာက
တကယ် အစစ်အမှန်မှ ဟုတ်ရဲ့လား
ဒုက္ခတရားဆီ သွားတော့မယ်ဆိုရင်
သူတို့က သက်သာရာမှာ ကျန်ခဲ့တာချည်းပဲ။

-ပိုင်

Poems Corner

20 Jan, 23:48


ဘဝမှာ နောက်ကျသွားပြီ
ဆိုတာ တကယ်ရှိတယ်။

ပြောရမဲ့အချိန်မှာ ပြောသင့်တဲ့စကားကို
ပြောဖြစ်အောင် ပြောပါ။

ချစ်တဲ့အကြောင်းပဲဖြစ်ဖြစ်
မချစ်ချင်တော့တဲ့ အကြောင်းပဲဖြစ်ဖြစ်။

-လူခေး

Poems Corner

20 Jan, 23:47


ငါတို့ တယောက်ထဲ နေတတ်ပုံကို
"ငါတို့" လို့ ပြောပြောပြီး အဖေါ်ညှိရတယ် ။

အနည်းဆုံးတော့
ကမ္ဘာဟာ
အထီးကျန်သူတွေ အများအပြားရှိတယ်လို့
သိသာအောင်ဖြစ်တယ် ။

-ကျော်မျိုး

Poems Corner

20 Jan, 23:47


ချစ်ခြင်းမေတ္တာတွေ ဝေနေလို့
တန်းစီလိုက်တဲ့အခါတိုင်း ...

ကျနော့်အလှည့်ရောက်ရင်
အတိအကျကို ကုန်သွားပြီလို့ပဲ
အပြောခံရပါတယ် ... ။

-ကောက်ရိုး

Poems Corner

20 Jan, 23:47


ကိုယ့်ကိုယ်ကို သစ်ရွက်လေးအဖြစ်
ပြောင်းလဲလိုက်တော့လည်း ကြွေတာပါပဲ...။
ဒီကမ္ဘာမှာ ကိုယ်မပြိုကျဖို့
ငြမ်းဆိုတာလည်း မရှိခဲ့ပါဘူး...။
ဘယ်လိုနေထိုင်ရမလဲ...
လေတွေ တိုက်ပုံကလည်း လွှင့်လိုက်တာကွာ...။

-ဘုန်းပြည့်စုံမင်း

Poems Corner

20 Jan, 23:46


မိုးတွေရွာတဲ့အခါ
ကျွန်တော်တို့ဟာ မရှိတော့တဲ့
တစ်စုံတစ်ယောက်ကို လွမ်းတတ်ကြပါတယ်

တကယ်တော့ အနွေးဓာတ်ကို ဆာလောင်ခြင်းပါပဲ
ကျွန်တော်တို့ စိတ်တွေ မနွေးထွေးတော့တာ
ကြာပြီလေ။ ။

-လင်းညီ

Poems Corner

20 Jan, 23:46


အဆောင်အယောင်ပစ္စည်းကြီးတစ်ခုလို
ကိုယ့်ကို အကဲခတ်ကြတိုင်း..

မင်းလက်ဖဝါး​သေးသေးလေးတွေထဲ
မျက်နှာအပ်ပြီး ပုန်းခိုချင်တယ် ။

-ပြည့်စုံဝင်း

Poems Corner

20 Jan, 20:56


ဝမ်းနည်းဖွယ်နိုင်ငံတော်မှာ
ရယ်စရာတစ်ခုခု ပျောက်ဆုံးသွားတဲ့အခါ
နစ်နာသူဟာ ကျွန်တော်တို့ပါ ။

-ယဉ်ဝယ်ထက်

Poems Corner

20 Jan, 19:18


အစစအရာရာ မျှဝေခံစားပေးဖို့ မတောင်းဆိုဘူး...
ကိုယ့်စိတ်အတက်အကျလေးတွေကို
နည်းနည်းလေးဂရုစိုက်ပေးတာလောက်ပဲ
လိုချင်ခဲ့ရုံပါ...

ဒါပေမယ့် အဲ့ဒီနည်းနည်းလေးကိုတောင်
(ကျနော်တို့မှာ) မရနိုင်ခဲ့ကြဘူး...

- မိုးနေ့

Poems Corner

20 Jan, 19:18


ခများက ကျ​နော့် ရဲ့နွေဦးလေးပဲ
ခများရောက်လာတာနဲ့ ကျနော့် ကမ္ဘာတစ်ခုလုံး
ပန်းတွေ ပွင့်တော့တာပဲ 💞💕

-ဖရော်ဆန်

Poems Corner

20 Jan, 18:54


ဇူဇူ ပြင်နေပါဘီ တဲ့ 😂😂

Poems Corner

20 Jan, 18:54


facebook မရတော့ရင် telegram မှာပဲ အချိန်ကုန်ရတော့မယ်ထင်တယ် 🙄🙄

Poems Corner

20 Jan, 16:24


ပန်းချီဆရာတွေကပြောကြတယ်။
အဖြူရောင်က အမျိုးအစားပေါင်း (23)မျိုးရှိတယ်တဲ့။

ကိုယ်မင်းကိုချစ်တဲ့အချစ်က
အဲ့ဒီအဖြူရောင်(23)မျိုးထဲက ဘယ်အမျိုးအစားလည်းကိုယ်မသိဘူး။

ကိုယ်ဟာဘာမှမသိတဲ့ ကောင်ပါ။
ဒါပေမဲ့ ကိုယ့်အချစ်က အဖြူရောင်ဆိုတာကတော့သေချာပါတယ်။


-မင်းခိုက်စိုးစန်

Poems Corner

20 Jan, 16:24


တစ်ခါချမ်းရင်
အနမ်း ဘယ်နှလွှာ ခြုံရသလဲ

နှင်းစက်ရဲ့ စိုပုံလေးကိုမှ
ငါ့အချစ်က ဝတ်မှုန်ကူးခဲ့ရတာပါ

-မင်းခိုက်စိုးစန်

Poems Corner

20 Jan, 16:17


ငါ့ခေါင်းပေါ်ကနွေမှာ နေတစ်စင်းရှိတယ်
ငါ့ရင်ထဲကနွေမှာတော့ နေဆယ့်နှစ်စင်းရှိတယ်

ဟိုတုန်းက ငါ့မှာ ကမ္ဘာတစ်ခုရှိခဲ့တယ်
အခု ကမ္ဘာထဲမှာ ငါကလွဲလို့ အားလုံးရှိတယ်။
ဇာတ်လမ်းတစ်ပုဒ်ကို
ရင်ကော့ပြီး အစပျိုးခဲ့တာ ငါပေါ့
အခု ဇာတ်လမ်းအဆုံးမှာ
ငါ့ကိုယ်ငါပြန်စလို့မရတော့ဘူး။

-ဝေးခေါင်
ဇာတ်ကောင်

Poems Corner

20 Jan, 16:17


မျက်ရည် - စိုင်းဝင်းမြင့်

.
ငါ့မျက်လုံးနဲ့ အဆုံးသတ်လို့မရအောင်
ရှုမျှော်ခင်းက ရှည်လျားပြန့်ကားတယ် ။

ငါ့ဘဝလေးနဲ့ သယ်ဆောင်သွားလို့မရအောင်
ချစ်ခြင်းမေတ္တာက လေးလံကြီးမားတယ် ။

ငါ မက်နေတဲ့ အိပ်မက်ကလည်း
ငါရဲ့ ညနဲ့ မဆုံတော့ဘူး
ငါရွေးချယ်ခဲ့တဲ့ ဝဋ်ကြွေးတွေကလည်း
ငါ့ရဲ့နေ့နဲ့ ပေးချေလို့ မကျေတော့ဘူး ။

အချစ်ရေ. .
ငါတို့ အတူနေမယ်ဆိုတဲ့ အိမ်လေးဟာလေ
ဒီဘဝနဲ့ မရောက်ရှိနိုင်တော့အောင်
ဝေးကွာလွန်းလှချည်ရဲ့ကွယ် ။ ။

-စိုင်းဝင်းမြင့်

ရုပ်ရှင်တေးကဗျာ၊ အောက်တိုဘာ ၉၉

Poems Corner

20 Jan, 16:17


သူစိမ်း (၁၃) - စိုင်းဝင်းမြင့်

.
သူ့စာအုပ်စင်ကလေးမှာ
စာတစောင်မှ မထားခဲ့ဘူး
သူ့နံရံမှာ
ဘာတခုမှ မရေးခဲ့ဘူး ။

သူ ဘယ်မှာလဲလို့
တစုံတယောက်က မေးတဲ့အခါ
မနေ့ကလား တနေ့ကလား
လွန်ခဲ့တဲ့ ရာစုတခုကလား
သုတ်တီးသုတ်ပျာ
ဆံပင်စုတ်ဖွားနဲ့ တွေ့တာပဲလို့
တစုံတယောက်က
ဆိုချင်ဆိုမယ် ။

သူဟာ
ဒီလိုပဲ
ပျောက် ပျောက်သွားတတ်တယ် ။

အလွမ်းသင့်ရာ
အသက်ပွင့်တတ်တယ် ။

အဝတ်တထည် ကိုယ်တခုဟာ
သူ့ အနုပညာလား
သူစိမ်း အခန်းဆက်ဟာ
သူ့အသက်ရှုသံလား
ဒီနေ့မှာတော့
သူဟာ စာမလာ သတင်းမကြားပေါ့ ။ ။

-စိုင်းဝင်းမြင့်

Poems Corner

20 Jan, 15:53


မိုးတွေရွာတဲ့အခါ....
ကိုယ်လက်ဖျားတွေအေးတဲ့အခါ....
ဘယ်သူနဲ့မှမတွေ့ချင်တော့တဲ့နေ့တွေမှာ....

တချို့သီချင်းလေးတွေ ကြားရင်
လွမ်းပါတယ်

လွမ်းတယ်နော်....
ကိုယ့်မှာ ဒါက လွဲရင်
ဘာမှလည်းပြောနိုင်ခွင့် မရှိပါဘူး ။

#နေဗယ်လ်

2,132

subscribers

8

photos

7

videos