LLC - Lavender Language Center

@lavenderlanguagecenter1642023


since 16th April, 2023 ☘️

Free Language Learning Center!! 🤗

♦️LLC Facebook Page♦️

https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

For any inquiries and some chit chat => https://t.me/LLCConQA

LLC - Lavender Language Center

20 Oct, 12:31


Small Things Matter

သေးသေးမွှားမွှားလေးတွေကအရမ်းအရေးပါပါတယ်။
ရည်းစားထားရင်တောင်သေးသေးမွှားမွှားကအစ ဂရုစိုက်ပေးတဲ့လူမျိုးလိုချင်နေကြတဲ့ခေတ်ထဲမှာ ကိုယ့်ကိုကိုယ်လဲအဲ့သေးသေးမွှားမွှားလေးတွေနဲ့ပြုပြင်ပြောင်းလဲသင့်နေပါပြီ။

Great results come from a series of small achievements ဆိုသလို ကျနော်တို့ဘဝတက်လမ်းမှာ ရည်မှန်းချက်တွေပြည့်ဖို့အတွက်ကျော်ဖြတ်ရမယ့်သေးသေးမွှားမွှားအရာလေးတွေရှိစမြဲပါပဲ။

တခါတလေကျပြန်တော့ ကိုယ်ကသတိမဲ့ကူညီလိုက်တာ သေးသေးမွှားမွှားလေးဝင်ပါလိုက်ရာကနေ မထင်မှတ်ထားပဲကောင်းကျိုးတွေတောက်လျှောက်ရလာတာတွေလဲရှိပါတယ်။
ဒါကို ripple effect လို့ခေါ်ပါတယ်။

Ripple effect အကြောင်းလေးဆက်ပြောပါမယ်။

ရေအိုင်ထဲဖြစ်ဖြစ်ရေခွက်ထဲဖြစ်ဖြစ် အမြင့်ကနေရေတစ်စက်လောက်ချလိုက်တဲ့အခါမှာ ရေထဲအကျဘေးပတ်ဝန်းကျင်ကိုပါရေတွေစင်ကုန်သလို ကျနော်တို့လုပ်လိုက်တဲ့ action တစ်ခုကြောင့် ရလဒ်တွေအများကြီးထွက်လာတာမျိုး၊ အဲ့ရလဒ်တွေကမထင်မှတ်ထားတာတွေလဲဖြစ်နိုင်သလိုဒီ ripple effect အကြောင်းကောင်းကောင်းနားလည်သူဖို့တော့ tool တစ်ခုဆိုလဲမမှားပါဘူး။

ဒီ ripple effect ကို စီးပွားရေးလုပ်ငန်းတွေအပြင် community တွေ environmental issues တွေအစရှိသဖြင့် လူတွေများများပတ်သက်နေတဲ့နေရာတွေမှာသာမကပဲ personal development ဖို့ဆိုလဲအလွန်အသုံးဝင်တဲ့အရာတစ်ခုပါပဲ။

ဒါဆို small things တွေအရေးပါကြောင်းလဲသိပြီ ripple effect အကြောင်းလဲသိပြီဆိုတော့ ကျနော်ဖြစ်စေချင်တာကိုပြောပါတော့မယ်။

ကျနော်ကအဲ့နှစ်ခုကိုမုန့်လင်မယားလိုပေါင်းစေချင်တာပါ။

Small things တွေကအရေးပါတာမှန်ပေမယ့် နည်းမမှန်လမ်းမကျရင်တော့ ကျွဲပါးစောင်းတီးအခြေအနေတွေသာများပြီး ထင်သလောက်မထိရောက်ပါဘူး။ တစ်ဖက်မှာလဲ ripple effect ကိုအကြီးကြီးတွေတွေးထားပြီး အကြီးကြီးတွေလုပ် တလွဲတွေဖြစ်အရှက်ကွဲရတာတွေလဲရှိတတ်ပါသေးတယ်။
အဲ့တော့ကျနော့်အမြင်မှာတော့အဲ့နှစ်ခုက hand to hand သွားသင့်တဲ့အရာတွေပါပဲ။ ဒါဆိုဘယ်လိုသွားကြမလဲ?

တကယ်တော့ small things ဆိုတဲ့သေးသေးမွှားမွှားအရာလေးတွေက ripple effect ဆိုတာကြီးရဲ့ကနဦးခြေလှမ်းတွေပါပဲ။ ပြောရရင်ကိုယ့်ရဲ့အပြုအမူကောင်းလေးတစ်ခုက အများအမြင်မှာအတုယူစရာဖြစ်သွားတာ၊အားကျစရာဖြစ်သွားတာမျိုးက ကိုယ်ဆုံးဖြတ်နိုင်တဲ့ ကိုယ့်အပေါ်သူများတွေရဲ့အမြင်ပဲဖြစ်ပါတယ်။
တစ်နည်းအားဖြင့်ပြောရရင်ဒီလိုအရာတွေက ကိုယ့်စာရွက်အပေါ်သူများခဲတံနဲ့ ကိုယ်ကပဲယူရေးလိုက်သလိုမျိုး၊ အများအမြင်ပေါ်သက်ရောက်သွားတဲ့အရာဆိုတာထက် ကိုယ်ကသက်ရောက်ခွင့်ပေးလိုက်တဲ့အရာပါပဲ။

တကယ်လို့ကိုယ်က teacher တစ်ယောက်ဖြစ်နေတယ်ဆိုလဲ သေးသေးမွှားမွှားကိစ္စတွေက ကျောင်းသူကျောင်းသားတွေနဲ့ဆက်ဆံရေးကို ပြောင်းလဲနိုင်စွမ်းရှိပါတယ်။
Community building ပိုင်းတွေမှာလဲ ကိုယ့်ရဲ့သေးသေးမွှားမွှား participation တွေကနောက်ကပါလာမယ့်သူတွေဖို့တော့အားတက်စရာအားရစရာကြီးဖြစ်နေတတ်ပါတယ်။
Scholarship တွေလျှောက်တဲ့အခါမှာလဲဒီသေးသေးမွှားမွှားပါဝင်ထားခဲ့တဲ့ community တွေ organisation တွေကအင်မတန်အရေးပါသွားပြန်ရော။
ဒါတွေအပြင်အရေးအကြီးဆုံးကတော့ kindness  ဆိုတဲ့ အကြင်နာဂရုဏတွေမျှဝေတဲ့ခါမှာလဲ ကြီးကြီးမားမားခြေလှမ်းတွေထက် သေးသေးမွှားမွှားလေးတွေကစတင်တာက ပေါ့ပါးစေတယ်တာဝန်တစ်ခုလိုမဖြစ်နေတော့ပဲ အကျင့်ကောင်းတစ်ခုကအလွယ်တကူကပ်ပါလာတာကြောင့်ဘဝကပိုပြီးအဓိပ္ပာယ်ရှိလာပါလိမ့်မယ်။

အဲ့ဒါကြောင့် ပိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာဖို့ဆိုရင်တော့ ဒီသေးသေးမွှား‌မွှားကိစ္စတွေရဲ့အရေးပါပုံကိုနားလည်ထားဖို့၊ နားလည်ပြီးတဲ့ခါမှာလဲအသုံးချတတ်ဖို့လိုအပ်ပါလိမ့်မယ်နော်။

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#LLC #Lavender_Language_Center
#content_by_Lwin_Phyoe
#graphic_by_Aye_Myint_Oo

LLC - Lavender Language Center

17 Oct, 12:39


သီတင်းကျွတ်မှာ စိတ်ညစ်စရာတွေမေ့ထားပြီး ပျော်ရွှင်ကြပါစို့နော်!

Learners လေးတို့‌ရေ ✨

ဒီနှစ်သီတင်းကျွတ်မှာ အချစ်တွေနဲ့ ချစ်ကြည်ရင်းနှီးမှုတွေ ပိုပြည့်စုံပြီး, အားလုံးလိုလားတဲ့အိပ်မက်တွေဖြစ်လာပါစေရှင်💫!

ရင်နာစရာတွေ၊ စိတ်မကောင်းဖြစ်စရာတွေ အကုန်ချန်ထားလိုက်ပြီး, ဘဝရဲ့ အပြောင်းအလဲတွေကို စိတ်ချမ်းသာစွာ ရင်ဆိုင်ကြရအောင်နော့💕

အကောင်းဆုံးဖြစ်စေဖို့ ကျန်းမာရေးကောင်းအောင်နေပြီး အတတ်ပညာ အသစ်‌တွေသင်ယူ ပွင့်ထွက်ပြီး နေ့တိုင်းကို စိတ်လှုပ်ရှားဖို့ အကြောင်းတစ်ခုကောင်းကို ရယူနိုင်ကြပါစေနော်🧸

ဘယ်လိုအခက်အခဲတွေမဆို အားလုံးအတွက် ဂုဏ်ယူဖွယ် အောင်မြင်မှုတွေ ပြည့်နေတာဖြစ်ပါစေနော် 💪✨!

Cheers to a bright and happy Thadingyut! 🌟

HR - Lae Lae Moe Oo

LLC - Lavender Language Center

17 Oct, 12:38


Happy Thadingyut to all our learners!!

Wishing you a bright and joyous Thadingyut. May the lights of this special time guide you to new opportunities and bring happiness to you and your loved ones.

HR - Kyawt Hmue San (Jasmine)

LLC - Lavender Language Center

17 Oct, 12:38


သီတင်းကျွတ်အခါသမယလေးမှာ ချစ်တဲ့လူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေ။ ကျန်းမာရေးကောင်းမွန်ပြီး ကံကောင်းကြပါစေ။ အရာတစ်ခုကို စတင်ဖို့ ဘယ်တော့မှမပျင်းကြပါနဲ့နော်။ သာယာသောပိတ်ရက်လေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်။

HR - Swe Swe Sin Thet (Potatoe)

LLC - Lavender Language Center

17 Oct, 12:38


ပျော်ရွှင်ချမ်းမြေ့ဖွယ် သီတင်းကျွတ်အခါသမယလေးကို ပိုင်ဆိုင်ပြီး အေးချမ်းသော မေတ္တာများခြုံလို့ လုံကြပါစေကြောင်း...

Founder - Htet Wai Moe (Rain) & Zin Moe Oo (Moe)

LLC - Lavender Language Center

17 Oct, 12:37


"Lavender Language Center မိသားစုဝင်တို့၏ သီတင်းကျွတ်ဆုမွန်တောင်းစကားများ"

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#LLC #Lavender_Language_Center
#Thadingyut

LLC - Lavender Language Center

17 Oct, 04:31


မြန်မာနိုင်ငံရဲ့ ရာသီပွဲတော်တစ်ခုဖြစ်တဲ့ သီတင်းကျွတ်အခါသမယကို ရောက်ရှိလာပြီဖြစ်ပါတယ်။ မိုးလေကင်းစင်ပြီး ဒီနိုင်ငံရဲ့ ရောဂါဝေဒနာဒုက္ခအပေါင်းကို ဆောင်းလေနှင်းလေးက တိုက်ခတ်နှင်ထုတ်ပေးပါလို့ တောင်းဆိုပါရစေ။ မြတ်စွာဘုရားရှင်ကို ပူဇော်ဖို့ ထွန်းညှိထားတဲ့ ဆီမီးများနှင့်တကွ ကလေး၊ လူငယ်၊ လူရွယ်၊ လူကြီးတို့ရဲ့ အိပ်မက်အနာဂတ်လမ်းများ တောက်ပလင်းထိန်လာပါစေ။ ကလေးငယ်အပေါင်းရဲ့ ဖြူစင်ရွှင်လန်းတဲ့ ရယ်သံများ ကျယ်လောင်ပြီး ဒီကမ္ဘာမြေ အေးချမ်းတည်ငြိမ်ပါစေ။

နှစ်တစ်နှစ်ရဲ့ ဒဏ်ရာဒဏ်ချက်များ သက်သာပျောက်ကင်းပြီး ချမှတ်ထားသော အဓိဌာန်၊ ဆုတောင်း၊ ရည်မှန်းချက်များ ပြည့်ဝလာပါစေ။

ဆုတောင်းတိုင်း ပြည့်တဲ့ဘဝကြီး မဟုတ်ပေမဲ့ ကိုယ့်ဆုတောင်းကို ကိုယ်ကိုကိုယ်တိုင် ဖြည့်ဆည်းနိုင်တာမို့ အားမလျှော့ပဲ ကြိုးစားပါ။

အရာရာဖြစ်နိုင်တဲ့ လောကကြီးမှာ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ဖို့ကြိုးစားရင်း ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းပါ။

တစ်နေ့ solar system တစ်ခုဖြစ်လာနိုင်တဲ့ ကြယ်ပွင့်ကလေးမို့ လောကကြီးကို လက်မြှောက်အရှုံးမပေးပါနဲ့။

အဆုံးသတ်အနေနဲ့ သီတင်းကျွတ်လပြည့်နေ့လေးမှာ ဆုတောင်းအသစ်၊ မျှော်လင့်ချက်အသစ်များစွာနဲ့ စိတ်ကျန်းမာ ကိုယ်ကျန်းမာပါစေလို့ ကျွန်တော်တို့ LLC မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

“Someday you will be big enough so no one can hit you. So, step forward with the lessons you have learned.”

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#LLC #Lavender_Language_Center
#Thadingyut
#conteny_by_Lan
#graphic_by_Alice

LLC - Lavender Language Center

17 Oct, 02:31


Happy birthday to our HR Thu Ta Zaw 🥳

May your special day is full of wonderful moments. Wishing you a day filled with joy.

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#ThuTaZaw_BD
#LLC #Lavender_Language_Center

LLC - Lavender Language Center

14 Oct, 02:30


Happy birthday to our graphic designer Phyo Pyae Sone Aung!!

Wishing you many more years of good health and prosperity. May your days be full of peacefulness starting from your special day.

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#PhyoPyaeSoneAnug_BD
#LLC #Lavender_Language_Center

LLC - Lavender Language Center

13 Oct, 15:20


Elevate Your Reading Skills With Short Quotes For Lazy Readers


ဘာသာစကားလေ့လာနေတဲ့ သူ‌ တစ်ယောက်အနေနဲ့ Reading ပိုင်းကို မဖြစ်မနေ practice လုပ်ဖို့ လိုအပ်ပါတယ်။

တချို့ learner တွေအတွက်က စာဖတ်ရတာက အပျင်းဆုံး အလုပ်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့် level က နိမ့်နေသေးလို့ readingကို မလုပ်ဖြစ်တာလဲ ဖြစ်နိုင်ပါတယ်။

🔖ကိုယ်က အခုမှ စဖတ်တဲ့ သူ ၊ နောက်ပြီး စာဖတ်ရတာ ပျင်းတဲ့ သူ( short story, tale တွေ ပါ ဖတ်ဖို့ ပျင်းတဲ့သူ) ဆိုရင်
စာ‌ဖတ်ချင် စိတ်ကို မြှင့်တက်အောင်
Quote တွေကနေ စ၊သင့်ပါတယ်။

ဘယ်ကြောင့်လဲဆိုတော့
📄ဖတ်ရတာလဲအချိန်မကြာဘူး။
ရိုးရိုးရှင်းရှင်း စာကြောင်းတည်ဆောက်ပုံကြောင့် နားလည်လွယ်တယ်။ မှတ်မိလွယ်တယ်။ ဒါကြောင့် Speaking ပိုင်းအတွက်လဲ Quotes က အထောက်အကူဖြစ်သလို
Writing မှာလဲ ပြန်လည်အသုံးချလို့ရတယ်။

ပေါ့ပေါ့ပါးပါး quote တွေဖတ်ရတာ
ပျင်းသွားပြီဆိုရင် နာမည်ကျော် motivation speaker ၊ artists ၊ authors ၊ entrepreneurs အစရှိတဲ့ နယ်ပယ်အသီးသီးက လူတွေရဲ့ quote တွေ ဖတ်ကြည့်ပါ။
ဗဟုသုတ လဲရသလို တချို့သော အကြောင်းအရာတွေက လူမှုဘဝ မှာ သိထားသင့်တဲ့ သတိထားသင့်တဲ့ အချက်တွေ ပါပါလိမ့်မယ်။

How to Search :
🔎 YouTube တို့ Pinterest တို့မှာ ဖတ်လို့ရသလို Website ဖြစ်တဲ့ BrainyQuote , Goodreads , Quotefancy တို့မှာလည်း ဖတ်လို့ရပါတယ်။

တရက်ကို Quote ဘယ်နှစ်ခုဖတ်မယ်ဆိုပြီး သတ်မှတ်ထားပါ။
Quote ကိုမှ နည်း" ရှည်" ဖတ်ဖတ်
တစ်ကြောင်းနှစ်ကြောင်းပါတာပဲ ဖတ်ဖတ်
ရက်တွေကြာလာတဲ့အခါ story တစ်ပုဒ် မက ရှိလာပါလိမ့်မယ် ။
တကယ့်တကယ် Story တစ်ပုဒ်လုံးဖတ်ဖို့ ကျ ၊ ပျင်းနေမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီနည်းလမ်း‌လေးက  စာဖတ်တဲ့ အလေ့အကျင့်ရအောင် အစ ပျိုးတဲ့ နည်းလမ်း ဖြစ်သလို reading skill ကို မြှင့်တင်ရာလဲ ရောက်ပါတယ်။

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#LLC #Lavender_Language_Center
#ElevateYourReadingSkillsWithShortQuotesForLazyReaders
#content_by_Ei_Ei_Phyo
#graphic_by_Shune_Htet_Aung

LLC - Lavender Language Center

12 Oct, 12:30


🎓 What is GED? GED ဆိုတာဘာလဲ? 🎓

ဒီနေ့မှာတော့ LLC ကနေ GED နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

🎓 GED (General Education Development) ဆိုတာ မြန်မာ အစိုးရပညာရေး (၁၂)တန်း (Grade 12) စနစ်နဲ့ ညီမျှတဲ့ အမေရိကန် အထက်တန်းအောင်လက်မှတ် ဖြစ်ပါတယ်။

📖 Subjects Of GED - GED မှာ ဘာတွေသင်ရမလဲ? 📖

GED မှာ Mathematical Reasoning, Reasoning Through Language Arts, Social Studies, Science ဆိုတဲ့ ဘာသာရပ်(၄)ခုအကြောင်းကို သင်ကြားရမှာဖြစ်ပါတယ်။

📍 𝐀𝐛𝐨𝐮𝐭 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐚𝐥 𝐑𝐞𝐚𝐬𝐨𝐧𝐢𝐧𝐠
ဒီဘာသာရပ်မှာဆိုရင် Basic Math, Geometry, Basic Algebra, Graphs and Functions တွေအကြောင်းကို သင်ကြားရမှာဖြစ်ပြီး ကျောင်းသားအနေနဲ့ Formula တွေကို အလွတ်ကျက်ဖို့မလိုပါဘူး။ စာမေးပွဲမှာ Formula Sheet ကို ပေးထားမှာဖြစ်ပါတယ်။

📍 𝐀𝐛𝐨𝐮𝐭 𝐑𝐞𝐚𝐬𝐨𝐧𝐢𝐧𝐠 𝐓𝐡𝐫𝐨𝐮𝐠𝐡 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐀𝐫𝐭𝐬
ဒီဘာသာရပ်ကတော့ Reading နဲ့ Writing, Grammar တွေကိုပါ သင်ယူလေ့လာရမယ့် ဘာသာရပ်ဖြစ်ပြီး Reading for Meaning, Identifying and Creating Arguments, Grammar and Language စတဲ့ အကြောင်းအရာတွေကို သင်ယူရမှာဖြစ်ပါတယ်။

📍 𝐀𝐛𝐨𝐮𝐭 𝐒𝐨𝐜𝐢𝐚𝐥 𝐒𝐭𝐮𝐝𝐢𝐞𝐬
GED ဟာ အမေရိကန်အထက်တန်းအောင်လက်မှတ် ဖြစ်တာနဲ့အညီ Social Studies မှာ သင်ယူရမယ့် သမိုင်းကြောင်းတွေကလည်း စိတ်ဝင်စားစရာ အမေရိကန် သမိုင်းကြောင်းဖြစ်ပါတယ်။

📍 𝐀𝐛𝐨𝐮𝐭 𝐒𝐜𝐢𝐞𝐧𝐜𝐞
သိပ္ပံဘာသာရပ်မှာ သင်ယူလေ့လာနိုင်မယ့် အကြောင်းအရာတွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ Meaning in Science, Designing and Interpreting Science Experiments, Using Numbers and Graphics in Science ဆိုတဲ့ Topics တွေကို လေ့လာနိုင်မှာပါ။

👨 ဘယ်လိုလူတွေ GED ကို ဖြေဆိုသင့်လဲ? 👨

▪ အရင်အစိုးရပညာရေးစနစ် (၁၀)တန်း အောင်ထားသူများ၊
▪ ယခုလက်ရှိ (၁၂)တန်း မအောင်မြင်သေးသူများ၊
▪ အသက် ၁၄ ပြည့်ပြီး (၇/၈)တန်းအရွယ် ကျောင်းသားကျောင်းသူများအနေနဲ့ ..

✅ နိုင်ငံခြားမှာ ကျောင်းတက်ဖို့
✅ Scholarship တွေရဖို့
✅ ကိုယ့်အတွက် ရွေးချယ်စရာ အခွင့်အလမ်းတွေ ပိုမိုများပြားဖို့
✅ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာစေဖို့ GED ကို တက်ထားသင့်ပါတယ်။

🎯 စာမေးပွဲအတွက် အသက်ကန့်သတ်ချက်များ🎯

အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း GED ကို ဖြေဆိုနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်က အဲဒီအရွယ်မရောက်ခင်မှာ အကြောင်းအမျိုးမျိုးကြောင့် ကြိုတင်ဖြေဆိုချင်တယ်ဆိုရင်တော့ အနည်းဆုံး အသက် (၁၆)နှစ်ပြည့်ဖို့လိုအပ်ပြီး မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်နဲ့ GED Exam ကို ဖြေဆိုနိုင်ပါတယ်။

✍️ စာမေးပွဲအကြောင်း အသေးစိတ် ✍️

GED exam ရဲ့ အားသာချက်က ဘယ် Subjects ကိုမဆို ကိုယ်ကြိုက်တဲ့နေ့မှာ Test Center တွေနဲ့ အချိန် Schedule လုပ်ပြီး ဖြေလို့ရပါတယ်။

(၄)ဘာသာလုံး တစ်ခါတည်းဖြေလို့ရသလို ကိုယ်အားသာတဲ့ ဘာသာကို အရင်ဖြေပြီး ကျန်ဘာသာရပ်တွေကို သေချာ study ထပ်လုပ်ရင်း အဆင်သင့်ဖြစ်တဲ့အချိန်မှာ ဖြေလို့လည်းရပါတယ်။

GED exam မှာ တစ်ဘာသာချင်းစီရဲ့ အမှတ်ပြည့်က 200 ဖြစ်ပြီး ‌အောင်မှတ်က 145 ဖြစ်ပါတယ်။ စုစုပေါင်း အမှတ် 800 ဖိုး မေးခွန်းထုတ်ပြီး  (၄)ဘာသာလုံး အကုန်အောင်မှသာ GED certificate ကို ရရှိမှာပါ 📜

▪ အောင်မှတ် (Passing Score) - 145
▪ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်ထားသင့်တဲ့အမှတ် (College Ready) - 165 to 174
▪ Scholar အတွက်ပါ ကြိုးစားချင်တယ်ဆိုရင်တော့ (College Ready + Credit) - 175 to 200 ဖြစ်ပါတယ်။

အကယ်၍ ကိုယ်က Passing Score မရခဲ့လို့ဖြစ်ဖြစ်၊ ကိုယ်လျှောက်မယ့်ကျောင်းအတွက် လိုတဲ့အမှတ်ကို မမီလို့ဖြစ်ဖြစ် Test Retake ပြန်လုပ်ချင်တယ်ဆိုရင်လည်း ရပါသေးတယ် 💪

💸 Cost of exam 💸

GED ရဲ့ စာမေးပွဲကြေးက တစ်ဘာာသာကို US$ 80 ဖြစ်ပြီး စုစုပေါင်း (၄)ဘာသာအတွက် Total  US$ 320 ကျသင့်မှာဖြစ်ပါတယ်။ GED Exam fees က တဘာသာကို 80$ ကျသင့်မှာဖြစ်ပြီး စုစုပေါင်း ၄ဘာသာအတွက် 320$ ကျသင့်မှာပါ။

ဒီလောက်ဆိုရင် GED အကြောင်းကို သေချာသိပြီလို့ထင်ပါတယ်။ မကြာခင်မှာလည်း LLC မှ GED Class များကို ဖွင့်လှစ်တော့မှာဖြစ်လို့ တက်ရောက်ချင်တယ်ဆိုရင်တော့ Page ကို Like & Follow လုပ်ထားလိုက်တော့နော်

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#LLC #Lavender_Language_Center
#WhatIsGED? #GED
#content_by_Nyein_Pyae_Sone
#graphic_by_Phyo_Pyae_Sone_Aung

LLC - Lavender Language Center

10 Oct, 03:08


World Mental Health Day

ကမ္ဘာစိတ်ကျန်းမာရေးနေ့လေးမှာ အရင်ဆုံး စိတ်ဖိအားတွေ ခဏမေ့ပြီး ဒီနေ့အထိ ကြိုးစားရှင်သန်နေတဲ့ မိမိကိုယ်ကို ချီးကျူးစကားလေး ပြောလိုက်ပါနော်။

🔍ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို အသိပညာမြှင့်တင်ဖို့နဲ့ စိတ်ကျန်းမာရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို လှုံ့ဆော်ဖို့ ဖြစ်ပါတယ်။
ဒီနေ့ဟာ စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ လုပ်ဆောင်နေသူအားလုံးကို သူတို့ရဲ့ အလုပ်အကြောင်းနဲ့ ကမ္ဘာတစ်ဝှမ်းက လူတွေအတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှုကို အမှန်တကယ်လုပ်ဆောင်ဖို့ နောက်ထပ် လုပ်ဆောင်ရမယ့် အရာတွေကို ပြောဆိုဖို့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

📺 အောက်တိုဘာလ 10ရက်နေ့ကို ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အဖြစ် သတ်မှတ်ခြင်းမှာ 1992ခုနှစ် ကမ္ဘာ့စိတ်ကျန်းမာရေးအဖွဲ့ချုပ် (World Federation for Mental Health)၏ ကမ္ဘာလုံးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုနှင့် အသိပညာပေးအစီအစဉ်၏ ရလဒ်ဖြစ်ပါတယ်။

📂 1948 ခုနှစ် လန်ဒန်မှာ တည်ထောင်ခဲ့တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးအဖွဲ့ချုပ်ဟာ စိတ်ရောဂါဆိုင်ရာ ခံယူချက်တွေကို ပြောင်းလဲဖို့ အားပေးရေးနဲ့ ပညာရေးမှာ ပါဝင်ခဲ့တာ 62 နှစ်ရှိနေပါပြီ။ နှစ်တိုင်း WFMHဟာ WMHDအတွက် ဆောင်ပုဒ်တစ်ခုကို ရွေးချယ်ပြီး လူထုပညာပေးပစ္စည်းများကို ထုတ်လုပ်ကာ website အချက်အလက်များနဲ့ CD များကတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိတဲ့ အဖွဲ့အစည်းများကို ဖြန့်ချိပေးပါတယ်။

🌻စိတ်ကျန်းမာရေးက လူတိုင်းနဲ့ ဆိုင်ပါတယ်။ စိတ်ကြည်ရင် အရာရာဟာ လှပနေသလို စိတ်ညစ်ရင် ဒေါသတွေ၊ ဝမ်းနည်းမှုတွေ၊ မကောင်းမြင်မှုတွေ စုပြုံလာတတ်ပါတယ်။ စိတ်ညစ်ညူးလာရင် တရားထိုင်ခြင်း၊ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ခြင်း၊ မိမိကို နားလည်ပေးသူများနဲ့ စကားပြောခြင်းစတဲ့ စိတ်အပန်းဖြေခြင်းများကို ပြုလုပ်သင့်ပါတယ်။

✨anxiety, trauma အပြင် daily crisisဖြစ်နေတဲ့ ကမ္ဘာကြီးမှာ ပြဿနာတွေ အပ,ထားပြီး နေချင်သလို နေလို့မရပေမဲ့ တစ်ခါတစ်လေမှာတော့ ကိုယ့်ကိုကိုယ် အနားပေးတဲ့အနေနဲ့ အလုပ်၊ စာ၊ ဆိုရှယ်မီဒီယာများကို ခဏဖယ်ထားပြီး အမှတ်တရလေးတွေ ဖန်တီးပါ။ အိပ်တာလည်း အိပ်မက်ထဲ အမှတ်တရဖန်တီးတာပါပဲ။ ; )

🍀စိတ်ကျန်းမာ ကိုယ်ကျန်းမာနဲ့ အိပ်မက်ပန်းတိုင်များကို လျှောက်လမ်းနိုင်ပါစေလို့ ကျွန်တော်တို့ LLCမိသားစုနဲ့ ဆုတောင်းမေတ္တာပို့သရင်း ဒီစာလေးကို အဆုံးသတ်လိုက်ပါတယ်။

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#LLC #Lavender_Language_Center
#WorldMentalHealthyDay
#content_by_Lan
#graphic_by_Shune_Htet_Aung

LLC - Lavender Language Center

09 Oct, 12:40


Understanding Fear Zone

အဲ့ဒါထက် Zone ဆိုတာကဘာကြီးလဲ?

ကျနော်တို့ Fear Zone အကြောင်းကိုမလေ့လာခင် ဒီ Zone ဆိုတဲ့အကြောင်းမိတ်ဆက်ပါရစေ။

လူတွေနေ့စဉ်နဲ့အမျှပြောပြောနေကြတဲ့ Comfort Zone အပါအဝင် Four Zones of Personal Development ဆိုတဲ့ လူငယ်တစ်ယောက်အဖို့မိမိကိုယ်မိမိနားလည်အောင်ကူညီပေးမယ့် zone တွေပဲဖြစ်ပါတယ်။

ဒီ Zone 4 ခုကတော့- Comfort zone, Fear Zone, Learning zone, Growth zone ဆိုပြီးပဲဖြစ်ကြပါတယ်။

ဒီနေရာမှာဒုတိယကနေရာယူထားတဲ့ Fear Zone အကြောင်းကိုပြောပြပါတော့မယ်။

ကျနော့်အမြင်မှာဆိုရင် တကယ်တော့ကျနော်တို့ကိုနောက်ပြန်ဆွဲနေတာက Comfort zone မဟုတ်ပဲ Fear zone လို့မှတ်ချက်ပေးချင်ပါတယ်။

လူတွေကိုတားစီးနေတာက ကိုယ်အသားကျနေတဲ့ပတ်ဝန်းကျင်၊ သက်တောင့်သက်သာဖြစ်စေမယ့်ပတ်ဝန်းကျင်မဟုတ်ပဲ အဲ့ဒီနေရာပတ်ဝန်းကျင်တွေကနေထွက်ပြီးရင်ဆိုင်လာရမယ့် အကြောက်တရားကြီးကသာတားစီးနေတယ်လို့မြင်မိပါတယ်။

မိမိကိုယ်တိုးတက်ဖို့ကြိုးစားရင်း လမ်းပျောက်လာမယ်၊ ကိုယ်ကိုကိုယ်မေးခွန်းတွေထုတ်လာမယ်၊ စိုးရိမ်ပူပန်စိတ်တွေကြောင့်မလိုအပ်တဲ့ stress တွေဝင်စိတ်ဓာတ်ကျလာမယ်။ ဒါဆိုရင်သေချာပါတယ် သင်ဟာ Fear zone ပင်လယ်ထဲကူးခတ်နေရပါပြီ။

ဒီလိုအချိန်တွေမှာ အပြစ်တင်တာတွေ၊ negative thinking တွေအရမ်းများပြီး ကိုယ်တကယ်လိုအပ်နေတာဘာလဲသိဖို့ရုန်းကုန်‌ရင်းအဖြေရှာမရဖြစ်ပြီး သက်သောင့်သက်သာလေးနေရမယ့် Comfort zone ဘက်ကိုသာပြန်လှည့်သွားတတ်ကြပါတယ်။
အဲ့တော့ကိုယ့်ကိုတကယ်တားစီးနေတာက Comfort zone မဟုတ်ပဲ Fear zoneကြီးဖြစ်ပဲဖြစ်ပါတယ်ပေါ့ဗျာ။

ဒါဆို Fear Zone အကြောင်းနည်းနည်းတော့နားလည်သွားလောက်ပါပြီ။
အဲ့တော့ဒီ Fear zone ထဲကနေဘယ်လိုရုန်းထွက်ကြမလဲ?
တကယ်တော့သိပ်မခက်လှပါဘူး တခါတလေကျနီးနီးလေးနဲ့ဝေးနေကြသလိုမျိုး ကြိုးစားရုန်းရင်းနောက်ပြန်ရောက်နေတတ်ကြတာပါ။

ပထမဆုံးအနေနဲ့က Negative Mindset...

Fear zone ကိုကျော်လွှားဖို့ဆို အဆင်မပြေချိန်မှာအရာရာကိုအဆိုးမမြင်နေဖို့လိုပါတယ်။
Negative self talk တွေကိုလျှော့ပြီး ကိုယ့်အားသာချက်တွေကိုသာအာရုံစိုက်ရင်း small goals လေးတွေချထားသင့်ပါတယ်။

ဒုတိယအနေနဲ့ကတော့ Fear of Failure

လူတွေကကျမှာရှုံးမှာအင်မတန်ကြောက်တတ်ကြပါတယ်။ အဲ့တော့ကိုယ်လုပ်နေတဲ့အရာတွေ အထူးသဖြင့် အချိန်ကြာပြီးလုပ်ငန်းများတာတွေ challenge အကြီးကြီးတွေကို step by step တစ်ခုချင်းစီသာလုပ်သင့်ပါတယ်။ မြင့်မြင့်ခုန်လေအကျနာလေဆိုသလိုပဲ အမြင့်ကြီးကိုတစ်ခါတည်းလှမ်းမခုန်လိုက်ပဲ တစ်ဆင့်ချင်းတစ်လှမ်းချင်းသာသွားသင့်ပါတယ်။
ပြီးတော့ ကိုယ်လက်လှမ်းမမှီတဲ့ဆုံးဖြတ်ချက်တွေအပေါ်လဲစိုးရိမ်စိတ်ကိုလျှော့ချသင့်ပါတယ်။


နောက်တစ်ချက်ကတော့ Discomfort is also a part of Growth

ကျနော်တို့ Comfort zone ထဲပြန်ပြေးမယ်စဉ်းစားမိတိုင်း ဒီအဆင်မပြေတာ နေထိုင်ရခက်တာတွေက ရင့်ကျတ်လာခြင်းရဲ့တစ်စိတ်တစ်ပိုင်းလို့နားလည်ထားရပါမယ်။
Comfort zone ကို‌လုံးဝရှောင်ရမှာတော့မဟုတ်ပဲ overworked ဖြစ်တဲ့အချိန်တွေမှာတော့ ခဏတဖြုတ်စိတ်အပန်းဖြေလို့ရပါတယ်။


မမေ့ဖို့က ရင်ဖွင့်ဖို့ပါ၊ စတုတ္ထအနေနဲ့က Open Up  Your Fears

သူငယ်ချင်းတွေဖြစ်ဖြစ်၊ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ ဆရာဆရာမတွေနဲ့လဲတိုင်ပင်ဖို့မမေ့ပါနဲ့။ ကိုယ်ဖို့အသစ်ဖြစ်နေတဲ့အရာက သူများဖို့တော့အဟောင်းတစ်ခုဖြစ်နေတတ်ပါတယ်။ relatable situations တွေရှိတတ်ကြတာမို့အမြဲလိုလိုအကြံတောင်းသုံးသပ်သင့်ပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ Visualize

ကိုယ်သာဒီအခက်အခဲတွေကိုကျော်လွှားနိုင်မယ်ဆိုရင် ပန်းတိုင်မှာစောင့်နေမယ့်အောင်မြင်မှုတွေ စိတ်ပျော်ရွှင်မှုတွေကိုမမေ့လိုက်ပါနဲ့။ စိတ်ဓာတ်ကျတဲ့အခါတိုင်း ဒါကိုသာလုပ်နိုင်ခဲ့ရင်ဘယ်လောက်စိတ်ပေါ့သွားမယ်တွေးပြီး မိုတီယူအားစိုက်ထုတ်သင့်ပါတယ်။
သတိပြုရမှာက visualize ဆိုတာကိုယ့်ရည်မှန်းချက်တစ်ခုကိုကြိုတင်ပုံဖော်ကြည့်ခြင်းသာဖြစ်ပြီး lost in imagination ဖြစ်မနေဖို့လဲလိုအပ်ပါတယ်နော်။

ဒါဆိုရင်တော့ Fear Zone အကြောင်းလဲနားလည်သွားပြီ၊ ဘယ်လို overcome ရမလဲဆိုတာရောသိသွားပြီဆိုတော့ ကိုယ်ရလိုက်တဲ့အတွေးတွေကို အလကားမဖြစ်စေပဲ ပြန်လည်အသုံးချနိုင်ဖို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

ᴸᴸᶜ ᶠᵃᶜᵉᵇᵒᵒᵏ ᴾᵃᵍᵉ
https://www.facebook.com/profile.php?id=100091426937591&mibextid=ZbWKwL

ᴸᴸᶜ ᵀᵉˡᵉᵍʳᵃᵐ ᶜʰᵃⁿⁿᵉˡ
https://t.me/LavenderLanguageCenter1642023

#LLC #Lavender_Language_Center
#UnderstandingFearZone
#content_by_Lwin_Phyoe
#graphic_by_Me_Me_Kyaw

1,456

subscribers

369

photos

55

videos
Best Similar Channel