HTY Scout Channel

@htyscout


လှိုင်သာယာ အတွင်းရှိ စစ်ကောင်စီ အဖွဲ့ ဝင်များ၏ လှုပ်ရှားမှုအား ကင်းထောက် ဖော်ပြပေးသွားမည်ဖြစ်သည်။

HTY Scout Channel

22 Oct, 13:29


🟥 လှိုင်သာယာ
*
လှိုင်သာယာ အရှေ့ပိုင်း ညောင်တုန်းလမ်းမပေါ် ၅ထိပ်မှတ်တိုင် မီးပွိုင့်အနီး
စခ/ရခ များ အိမ်စီးကားများကို စစ်နေ
*
7:13 PM
📬 @Inform_RSN

HTY Scout Channel

22 Oct, 03:25


22-10-2024မှ22-11-2024ရက်နေ့ တစ်လတိတိအလှည့်ကျပရဟိတအသင်းများပါဝင်ပံ့ပိုးကူညီကယ်ဆယ်ရန်အတွက် HTY Ambulance Network မှပရဟိတအသင်းများ
စတင်ပါမည်။

အခုလို မြို့နယ်အတွင်းရေကြီး ရေလျှံမှုများ အတွက်အကူအညီ ရယူနိုင်ရင် မျှဝေပေးခြင်းဖြစ်ပါသည်။

HTY Scout Channel

22 Oct, 02:49


အသက်ငယ်ငယ်လေးနဲ့ နိုင်ငံတစ်နိုင်ငံလုံးရဲ့ တာဝန်ကိုထမ်းနေရတယ်ဆိုလို့လေ ဒီပုံလေးပြချင်လို့

အဲ့ဒီပုံထဲကလို အသက်မပြည့်တဲ့ကလေးလေးတွေဟာ နိုင်ငံ့တာဝန်အစစ်ကို ထမ်းဆောင်ရင်း လူမသိသူမသိ အသက်ပေးခဲ့ကြရတာ ယူတို့ Miss ဂွမ် မီယမ်မာထက်တောင် ငယ်တဲ့ကလေးတွေတောင် ပါသေး ဘာကိုဇွတ် နိုင်ငံတစ်ခုလုံးတာဝန်လဲ?

နိုင်ငံတကာစင်မြင့်ပေါ်သွားပြီ ကိုယ် ကိုယ်စားပြုတဲ့နိုင်ငံက ဘာဖြစ်နေလဲဆိုတာတောင် တစ်ချက်မဟ။ မျက်လုံးကျွတ်မတတ်ပြူးဖြဲပြနေတာကို အကြည့်တွေက ကြက်သီးထစရာဖြစ်နေလို့ဆိုရင် ဒီထက်ကြက်သီးထစရာ ဖြစ်သွားအောင် ဗုံးခိုကျင်းထဲဝင်ထိုင်ကြည့်ပါလား။

Miss ဂွမ် မီယမ်မာကြီးကိို ပြောပေးအုန်း အချိန်တန်ရင် ခရိုနီနဲ့စကစ ဟိုဟာ ပြေးမ ရမှာကို နေ့တိုင်း ဒုက္ခများနေတဲ့ပြည်သူတွေဆီက ဘာမှမမျှော်လင့်ပါနဲ့လို့။ အော် ဒါနဲ့ Miss ဂွမ် မီယမ်မာ ရဲ့ main စပူဆာ ကလည်း curvy ဆိုလား။ အဲ့ဒီအကြောင်းရော ထပ်ပြောပြရအုန်းမလား 🤭

မမ channel လေးကို join ထားနော် မမအများကြီးပြောပြမယ်

https://t.me/mamalisa009

HTY Scout Channel

22 Oct, 01:59


🛑လှိုင်သာယာ🛑

အဝေးပြေးအကျော် ရခတပ်ရင်း၉ ရှေ့နား စခအင်အား ၁၀ကောင်ခန့် ဘဲဥအထီး၊အမ ၆ကောင်ခန့် အဝေးပြေးကားကြီးများ၊အိမ်စီးကားများ တားစစ်နေ

8:15AM
@HTYinfo12

HTY Scout Channel

21 Oct, 16:29


🛑လှိုင်သာယာ🛑

မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ခဲ့သူများအား အဆိုပါ ဗီဒီယိုအတွင်းမှ တဆင့် Screen shot ရိုက်ယူပြီး သတင်းပေးပို့နိုင်ရန် ဖော်ပြလိုက်ခြင်းဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ခဲ့သူများရဲ့ နာမည်၊ လိပ်စာ အား @HTYinfo12 သို့ ပေးပို့နိုင်ပါသည်။

တရားမဝင် သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ခဲ့သူများအား အရေးယူမှုပြလုပ်ရာတွင် သတင်းပေးပါဝင်ခြင်းဖြင့် စစ်အာဏရှင်ကိုတော်လှန်ကြပါစို့

HTY Scout Channel

20 Oct, 15:42


🛑လှိုင်သာယာ🛑

၃ရပ်ကွက်မင်းရဲကျော်စွာ၉လမ်းအောက်တွင်ဧည်စစ်နေ ၊ စခက၇ကောင်နဲ့အုပ်ကြီးနေလင်းမိုးပါနောက်လိုက်ခွေးများ၉ကောင်ပါ၊
အဆောင်များအားအဓိကစစ်နေ။

10:00PM
@HTYinfo12

HTY Scout Channel

20 Oct, 15:30


လှိုင်သာယာ
*
စခ DC တစ်စီး အောင်ဇေယျ ကြိုးတံတားလမ်းအတိုင်း
တံတားဖြူမှမီးခွက်စျေးဘက်သွား။
*
9:07 PM
📬 @Inform_RSN

HTY Scout Channel

20 Oct, 13:08


ရန်ကုန်
*
ရန်ကုန်အဝင်
Zero mile စစ်ဆေးရေးဂိတ်ကြေင့်လမ်းပိတ်

ပုသိမ်လမ်းမ ရန်ကုန်အဝင် ပန်တိုင်ဂိတ်ကြောင့်လမ်းပိတ်

ရန်ကုန်အဝင်ကားအရမ်းများပြီး လမ်းပိတ်တာဖြစ်ကြောင်းသိရ
*
7:18 PM
📬 @Inform_RSN

HTY Scout Channel

20 Oct, 10:50


🛑လှိုင်သာယာ🛑

ပင်လုံဈေးမှာ ရဲကားတစ်စီးနဲ့ ရဲငါးယောက်ခန့်ဖြင့်စစ်ဆေးနေ။

5:10AM
@HTYinfo12

HTY Scout Channel

20 Oct, 04:27


🛑လှိုင်သာယာ🛑

မီးခွက်ဈေးလမ်းဆုံ ယဉ်ထိန်းများ ကားတားပိုက်ဆံတောင်းနေ။

10:40AM
@HTYinfo12

HTY Scout Channel

20 Oct, 04:25


၂၀.၁၀.၂၀၂၄ ရက်နေ့၊ ၀၉ ၄၅ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးဖိုးလှိုင်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။
Update
၁၀ ၀၄ အချိန် မီးထိန်းပါသည်။
Update
၁၀ ၁၂ အချိန် မီးငြိမ်းပါသည်။

HTY Scout Channel

20 Oct, 04:25


🛑လှိုင်သာယာ🛑

ပင်လုံဈေးလမ်းဆုံ၊ ဗိုလ်အောင်ကျော်လမ်းမ၊ 13ရပ်ကွက်ဖက်အခြမ်း ရဲ Saloon ကားတစ်စီးရပ်ထားပြီး ရဲနှင့် ပျူများ စစ်ဆေးမှုပြုလုပ်နေ။

10:30AM
@HTYinfo12

HTY Scout Channel

19 Oct, 07:25


🛑လှိုင်သာယာ🛑

ရန်ကုန်-ပုသိမ်လမ်း တိုလ်းဂိတ်မှပုသိမ်သို့ စခအပြည့်ပါ Faw နှစ်စီးသွား

1:50PM
@HTYinfo12

HTY Scout Channel

19 Oct, 04:18


"မြန်မာပြည်သူတွေ ရင်ထဲ မှတ်ကျောက်တွင်စေခဲ့သည် "

မမလီဆာ တို့ မြန်မာပြည်သူတွေဟာလေ တရုတ်နိုင်ငံကို အားထားလိုတယ်၊ မိတ်ကောင်းဆွေကောင်း - ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ခိုင်ခိုင်မာမာ တည်ဆောက်လိုကြတယ်။ ဒါကြောင့်လည်း စစ်အာဏာသိမ်းချိန်ကစပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးဖို့ ၊ အကူအညီပေးဖို့ မျှော်လင့်တောင်းဆိုခဲ့ကြတယ်။ ဒီ ၃ နှစ်တာကာလအတွင်း မြန်မာပြည်သူတွေ တရုတ် အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီကို ပေးနေတဲ့ သတင်းစကား ကလည်း တခုတည်းပဲ။  “ မြန်မာပြည်သူများရဲ့ သဘောဆန္ဒကို အလေးထားပါ၊ မြန်မာပြည်သူများဘက်က ရပ်တည်ပါ” ဆိုတဲ့ သတင်းစကားတွေ နောက်ဆုံး မရပ်တည်ရင်တောင် အနှောင့်ယှက် မပေးဖို့ ဆိုတာထိ အကြိမ်ကြိမ် နည်းမျိုးစုံနဲ့ တောင်းဆိုမှုတွေကို လုပ်ခဲ့ကြတယ်။

မမလီဆာ တို့ မြန်မာပြည်သူတွေဟာ " တရုတ်ကိုလည်း မမုန်းသလို ၊ အင်္ဂလိပ်ကိုလည်း မမုန်း ၊ ဂျပန်ကိုလည်း မုန်းခဲ့သူတွေ မဟုတ်ပါဘူး " ချစ်စရှည် မုန်းစတိုတတ်တဲ့သူတွေပါ တစ်နည်းအားဖြင့် အမှတ်သည်းချေ နည်းတဲ့သူတွေပေါ့ရှင်

ဒါပေမယ့် ရှောင်ကောကော ရှီ တို့ ဝမ်ယိ တို့ တိန့်ရှီကျွင်း နဲ့ မာကျား တို့ကတော့ သူတို့ကို မြန်မာပြည်သူတွေ မမုန်း မုန်းအောင် ဆူးညှောင့်တွေကို ပြည်သူတွေရင်ထဲကို ရိုက်သွင်းပေးနေကြပြီ

"မြန်မာစစ်တပ်မရှိလို့မရဘူးဆိုတဲ့ တိန့်ရဲ့ ဝ ခေါင်းဆောင်တွေကို ပေးတဲ့ သြဝါဒ ဟာ မြန်မာပြည်သူတွေအတွက် တကယ့်မီးခဲပဲ။ "

မမ လီဆာတို့ မြန်မာပြည်သူတွေ ၃နှစ်ကျော်ကာလအတွင်းရော ယနေ့အချိန်ထိ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာရှင်စစ်တပ်ဟာ အပြစ်မဲ့ ပြည်သူတွေကို အနိုင်ကျင့် ရမ်းကား ယုတ်မာ သတ်ဖြတ်နေတဲ့ဖြစ်ရပ်တွေကို ရှောင်ကောကောတို့က မျက်ကွယ်ပြုပြီး စစ်တပ်မရှိလို့မရဘူးဆိုထဲက စစ်တပ်ရဲ့လုပ်ရပ်တွေအပေါ် တရုတ်က လက်မဲကြီးဖြစ်နေမလားတောင် ထင်မိရဲ့။ " ပြည်သူကို မျက်နှာမူပါတယ်"ဆိုပြီး အပြောတစ်မျိုး အလုပ်တစ်မျိုးလုပ်နေတာကို မြန်မာပြည်သူတွေက မသိရိုးလားကွယ်။

စစ်ကောင်စီကို နှုတ်ရော ကိုယ်ရော ဆောင်မကြည့်ရှူနေတာကို
အခုချိန် မြန်မာပြည်သူတွေဟာ ဘာမှမလုပ်နိုင်ရင်တောင် မှတ်ဉာဏ်ထဲ စွဲမှတ်နေပြီးသားပဲ ။ နောင်နှစ်များအတွင်းမှာ ၄င်း တို့အစိုးရဟာ မင်းအောင်လှိုင်တို့လို အာဏာရှင်လူယုတ်မာတစ်စုနဲ့ ပနာသင့်ခဲ့သည့် သက်သေတွေဟာ မြန်မာပြည်သူတွေအပေါ် လွဲမှားစွာပြုမှုရပ်တည်ခဲ့ခြင်း အကျိုးဆက်ဖြစ်သည့်အတွက် ဘယ်သူမပြု မိမိမှုသာ မှတ်ပါလေ "

မမ channel ကို join ထားအုန်းနော်

https://t.me/mamalisa009

HTY Scout Channel

18 Oct, 14:28


အမလေး ရယ်ရတယ်ဟေ့

ယုန်သွားခေါရဲ့ အော်ရဂျင်နာ် ခွေးစတား  ရုပ်ရှင်လူကြည့်များအောင် လူမိုက်တွေကို promotion ဆင်းခဲ့သတဲ့ လက်မှတ်တွေ လိုက်ရောင်းနေရလို့ လူမိုက်တွေလည်း ပြည်သူ့ရင်ပြင်က ပွဲမှာတောင် လာမကဲနိုင်ကြဘူးတဲ့

မမ သိခဲ့ရတဲ့ ဂန္တဝင်လူမိုက်တွေဆိုတာလေ ရဲရင့်ပြတ်သား အမှန်တရားကို သိပ်ချစ်တဲ့သူတွေပေါ့ ကိုယ်တွေဆို The Guys  of Yangon 1930 စာအုပ်ထဲက ဇာတ်ကောင်တွေကို ဆို အတော်သဘောကျတာ အခုတော့ သူ့လူမိုက်ရုပ်တွေကိုလည်းကြည့်အုန်း....ရွံစရာအေ

သာကေတလူမိုက်ကြီးပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် ရုပ်ရှင်ခုံရောင်းဆိုရောင်းရတာပဲနော် ဟား...ဟား......နင်တို့ကို လမ်းမတော်ဖိုးတုတ်သာ မြင်ရင် ဟိုဟာနဲ့ထိုးတယ် လက်သီးနဲ့.........

မမ channel link join ထားအုန်းနော်

https://t.me/mamalisa009

HTY Scout Channel

18 Oct, 12:44


🛑လှိုင်သာယာ🛑

BOCနဲ့ တိုးချဲ့ကြား၊ တံတားလေး ရှေ့နားလေးမှာ ဗုံးဟုယူဆရတဲ့ ဗုံးတစ်ခု တွေ့ရှိထားသည့် သတင်းရရှိပါသဖြင့် အဆိုပါတဝိုက် ဂရုစိုက်သွားလာကြပါရန် အသိပေးအပ်ပါသည်။

7:10PM
@HTYinfo12