MFSD

@fsdgovmm


- မီးဘေးလုံခြုံရေး။
- သဘာဝဘေးအန္တရာယ် ကာကွယ်ရေး။
- ရှာဖွေကယ်ဆယ်ရေး။
- ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး။

MFSD

22 Oct, 17:55


၂၂.၁၀.၂၀၂၄ ရက်နေ့၊ ၂၃ ၃၁ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ 53b (၁၀၅x၁၀၆)ကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အောင်ပင်လယ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အောင်ပင်လယ်တပ်စု ၁၊၂ စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြစ်ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ ၂၃ ၅၂ အချိန်မီးငြိမ်းပါသည်။

MFSD

22 Oct, 07:29


၂၂.၁၀.၂၀၂၄ ရက်နေ့၊ ၁၀ ၀၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေပြည်သာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ အမှတ် ၇ ရပ်ကွက်၊ အမှတ် ၉ ရပ်ကွက်၊ အမှတ် ၁၉ ရပ်ကွက်၊ အမှတ် ၂၀ ရပ်ကွက်နှင့် ဇီးကုန်းကျေးရွာအတွင်း ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ အိမ်ထောင်စုများအား ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

MFSD

22 Oct, 04:28


၂၂.၁၀.၂၀၂၄ ရက်နေ့၊ ၀၈ ၅၀ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ၁၈ လမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားပြီး လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

MFSD

22 Oct, 02:32


၂၂.၁၀.၂၀၂၄ ရက်နေ့၊ ၀၅ ၃၄ အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၃/၅)နှင့် (၂၄၃/၆) ကြားတွင် ဘီးပေါက်၍ ရပ်တန့်ထားသော FUSO ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော SOJEN ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် SOJEN ယာဉ်ပေါ်ပါ ကျား (၆)ဦးနှင့် မ(၈)ဦး စုစုပေါင်း (၁၄)ဦးအနက် ကျား(၁)ဦးနှင့် မ(၁)ဦး (သေဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁)ဦးနှင့် မ(၁)ဦး (စိုးရိမ်ရ)၊ ကျား(၄)ဦးနှင့် မ(၆)ဦး (မစိုးရိမ်ရ)တို့အား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် FUSO ယာဥ်ပေါ်ပါ ကျား (၄)ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိပါ။

MFSD

22 Oct, 00:13


၂၂.၁၀.၂၀၂၄ ရက်နေ့၊ ၀၆ ၀၃ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သမိုင်းနယ်မြေမီးသတ်းစခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာလျက်ရှိပါသည်။
Update
၀၆ ၁၂ အချိန်တွင် Level 1 ယာဉ်အုပ်စုထွက်ခွာလျက်ရှိပါသည်။
Update
၀၆ ၁၇ အချိန်တွင် Level 2 ယာဉ်အုပ်စုထွက်ခွာလျက်ရှိပါသည်။
Update
၀၆ ၂၇ အချိန်တွင် မီးထိန်းပါသည်။
Update
၀၆ ၃၅ အချိန်တွင် မီးငြိမ်းပါသည်။

MFSD

21 Oct, 16:18


၂၁.၁၀.၂၀၂၄ ရက်နေ့၊ ၁၅ ၁၈ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ရပ်ရပ်ကွက်၊ ကုန်သည်လမ်း၊ မြို့မဈေးအနီးတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဝါးခယ်မမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ဝါးခယ်မမြို့နယ် အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ကျုံမငေးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အိမ်မဲမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရွာသစ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရွှေလောင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၇ ၁၀ အချိန်တွင် မီးငြိမ်းပါသည်။

MFSD

21 Oct, 07:21


၂၁.၁၀.၂၀၂၄ ရက်နေ့၊ ၀၃ ၀၀ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁၉)ရပ်ကွက်၊ နှင်းပန်းလမ်းရှိ နေအိမ်များ အမိုးလန်ခြင်း၊ ရေနစ်မြုပ်ခြင်းများဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

MFSD

21 Oct, 06:22


၂၁.၁၀.၂၀၂၄ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်ဇော်ဂျီလမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

MFSD

20 Oct, 09:20


၂၀.၁၀.၂၀၂၄ ရက်နေ့၊ ၁၄ ၀၇ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံရွာမကျေးရွာ၊ ဖလုံတံတားအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်း(၂)ဦး ညပ်နေကြောင်းသတင်းရရှိသဖြင့် ဥက္ကံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။Update
အဆိုပါဖြစ်စဉ်ကြောင့် ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မေတ္တာရေစင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ဥက္ကံတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။