ZOCE

@zoce123


ဤတစ်ခါ ချစ်တယ်ဟု အပြောခံရပါသော် အစစ်အမှန်ဖြစ်ရပါစေသား ...။

ZOCE

17 Oct, 17:25


မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၏
သတင်းကျွတ်လပြည့်နေ့၊အဘိဓမ္မာအခါတော်နေ့‌လေးမှာ
စိတ်၏ချမ်းသာခြင်း၊ကိုယ်၏
ကျန်းမာခြင်းနှင့် ပြည့်စုံပြီး
လိုအင်ဆန္ဒများပြည့်ဝကြပါစေ💛

ZOCE

07 Oct, 04:05


တစ်ချိန်တစ်ခုရောက်လာရင်
ဝမ်းနည်းစရာအတိတ်တွေကို
ဟာသအနေနဲ့ ပြန်ပြောနိုင်လာကြတယ်
ခင်ဗျားနဲ့ပတ်သတ်ခဲ့ဖူးတဲ့
ပျော်ရွှင်စရာ အမှတ်တရတွေကျတော့
ကျနော့်နောင်တနဲ့ ဝမ်းနည်းစရာတွေအဖြစ်
မှတ်ညဏ်ထဲမှာ ပြန်ပေါ်လာတယ်
သိပ်သတိရတာပဲ
#kira

ZOCE

04 Oct, 03:04


တစ်ယောက်ကိုယ်တစ်ယောက်
သတိတရ ရှိနေသေးတယ်ဆိုရင်
ငါတို့ လမ်းခွဲခဲ့တာမဟုတ်ဘူး
လမ်းလွဲခဲ့တာ
မယ်ညို
မင်းအတွက်ငါ // Shine

ZOCE

14 Nov, 16:04


ဘဝမှာ
မလွဲချော်သင့်တဲ့အရာ နှစ်ခုရှိတယ်
အိမ်ကိုပြန်တဲ့နောက်ဆုံး ရထားရယ်
ကိုယ့်ကိုအမှန်တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူရယ် ။
🤍🌻
#crd_to_owner

ZOCE

09 Nov, 14:55


'ဆရာအောင်ချိမ့်' ပြောဖူးတယ်..!!
အသက်ရှင်တယ်ဆိုတာ ရင်ခုန်တာပါပဲတဲ့..။
ဒါဆို..ကျွန်တော်တို့ ရင်ခုန်သံမှာ..!!
တရားရှိဖို့ လိုတာပေါ့..။
"ဒါမှ..အသက်ရှင်ရတာ အဓိပ္ပါယ်ရှိမှာ"
#ရွှေစွန်ညို - (DaIsy Poetry)

ZOCE

04 Nov, 18:08


တခါတလေတော့လည်း
ကဗျာတွေက
စိတ်ထွက်ပေါက်ရယ် . . . ❤️

ZOCE

31 Oct, 20:00


မနက်က 3နာရီ
ငါခေါင်းလည်းနောက်နေပြီ
မင်းအကြောင်းတွေးရင်း
ငါ့ရဲ့အိပ်ချိန် သန်းခေါင်လွန်ခဲ့ပြီ... 🎤🎶

-မျိုးကြီး 2:30 AM

ZOCE

31 Oct, 16:35


မင်မင်ရော ထပ်တူပါနော်🤣❤️

ZOCE

28 Oct, 06:24


ဘဝမှာ ပြန်တွေ့ခွင့်မရှိတော့တဲ့
လူတစ်ယောက်ကို တွေ့ခွင့်ရမယ်ဆိုရင်

ဘယ်သူ့ကို တွေ့ချင်လဲ?

t.me/ZOCE123

ZOCE

26 Oct, 10:13


သမီးမိန်းကလေးတွေရဲ့အချစ်ဦးဟာ
အဖေပါတဲ့ 🩷

ZOCE

25 Oct, 16:20


မနှစ်သိမ့်ပဲဆံပင်တွေဆွဲစောင့်ခဲ့ရမှာ
လုပ်ဇာတ်ကြီး :)

ZOCE

25 Oct, 16:12


https://www.facebook.com/profile.php?id=100072274821950

Follow Facebook Page ❤️

ZOCE

25 Oct, 04:38


ဘယ်လက်မှတ်ကို ဖြတ်ပြီး
ဘယ်ဘူတာမှာ ဆင်းမှ မင်းနဲ့ ဆုံခွင့်ရမှာလဲကွယ်

ကိုယ်လွမ်းလှပြီ အချစ်ရယ် ။

- နေညိုရောင်ခြည်

ZOCE

22 Oct, 20:18


ခေတ်လူငယ်တစ်ယောက်ပါ
ဒါပေမဲ့ ရှေးရိုးဆန်တာကိုပိုကြိုက်တယ် //

မြန်မာဆန်တဲ့အမျိုးသမီးတွေကို သဘောကျတယ်
ခေတ်မှီတဲ့သူတွေများနေတော့
ကျန်ခဲ့တဲ့ရာစုမှာပဲ ကျွန်တော်နေပါတယ်
ပေါ့ဆိမ့်တစ်ခွက်မှာပြီး
အိမ်မက်တွေအကြောင်းကိုပြောရတာကို ကြိုက်တယ်
ပေတရာက နင်းပြီးခဲ့သောခြေရာတွေအတိုင်း
လူငယ်ပါလို့ အဓိပ္ပာယ်ဖွင့်ရတာကို ကြိုက်တယ်..၊

ဒါတွေကို လူကောင်းသူကောင်းတွေ
ကြိုက်မကြိုက်ကို ကျွန်တော်အာမ မခံပါဘူး
ကျွန်တော်နဲ့လဲ မဆိုင်ပါဘူး
လူငယ်ထဲက လူငယ်ပါပဲ
လူငယ်ဆန်ရတာကို
ကြိုက်တာခြင်းတော့ တူချင်မှတူပါလိမ့်မယ်..။

#ရိုးတံ

ZOCE

21 Oct, 12:49


ကျောင်းစတက်တဲ့အရွယ်က အမေပြောဖူးတယ်
ဘယ်သူ့မှ ထိခိုက်အောင် မလုပ်နဲ့
ကိုယ့်လုပ်ရင်လဲ ငြိမ်မနေနဲ့တဲ့

-တရားနည်းကျမယ်ထင်ပါတယ်
ကျွန်တော် အဲဒီအရွယ်ထဲက လူတိုင်းအပေါ်
လေးစားမှုအပြည့်ပေးပါတယ်

မပတ်သက်ချင်တော့တဲ့သူဆိုရင်တောင်
နောက်မပတ်သက်မိအောင်သာနေခဲ့တယ်
ပတ်သက်နေစဉ်မှာ
ကျွန်တော့် အနေနဲ့ မပတ်သက်ချင်တော့တာကို
သိသာစေတဲ့ အပြုမူမလုပ်ခဲ့ဘူး

ဒီအရွယ်ထိလည်း မိဘအပေါ်ဆိုးတာကလွဲရင်
ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်ခဲ့ဘူး
ကိုယ်နဲ့ မကိုက်ညီတဲ့သူတွေကိုသာ ရှောင်ဖြစ်တယ်

ကိုယ့်လွတ်လပ်ခွင့်
ကိုယ့်ရပိုင်ခွင့်ကို ထိပါးလာရင်လဲ
ကျွန်တော် ငြိမ်မနေတတ်ဘူး
အနေအေးပါတယ်
ခေါင်းတော့ငုံ့မနေဘူး
လူတိုင်းက လေးစားမှုနဲ့တန်ပါတယ်
မလေးစားအောင်လဲ သူတို့ပဲလုပ်နိုင်ပါတယ်
ကျွန်တော်က သာမှန်ပါပဲ
အားလုံးကို တန်ဖိုးထားပါတယ်..။

#ရိုးတံ

ZOCE

20 Oct, 10:29


တစ်ရေးနိုးတာပါဆိုပြီး
တစ်ရေးမှကျနော်မအိပ်ရသေးတဲ့အခိုက်အတန့်တွေအများကြီးရှိခဲ့တယ်

ခင်ဗျားအပြစ်လို့မဆိုဝံ့ပါဘူး
ကျနော့်ဘာသာ
ဟိုးအရင်ကဂရုစိုက်မူတွေကိုပြန်တောင်းတပြီး
အိပ်မပျော်နိုင်ရုံသက်သက်ပဲ

#Kira

ZOCE

14 Oct, 16:16


ကမ္ဘာမှာ
အချစ်သာမစစ်ရင်
ပန်းတွေဘယ်ပွင့်ပါ့မလဲ။
ပန်းတွေမပွင့်ရင်
အချစ်ဟာ ဘယ်စစ်ပါ့မလဲ။

- အင်ဖလော်ရီ

ZOCE

13 Oct, 10:49


ပျော်ရွှင်စေချင်ပါတယ်
ဘယ်လိုရာသီဥတုမှာမဆို
ခလုတ်မထိ ဆူးမငြိဘဲ
စိတ်ပင်ပန်းခြင်းတွေ ကင်းစေချင်ပါတယ်။

ပြီးတော့
သိပ်ချစ်တာကိုလည်း
သိစေချင်ပါတယ်...။

ZOCE

13 Oct, 07:40


အရင်လို
ရန်လည်း မရှာတော့ဘူး
ပြန်လည်း မလာတော့ဘူး။

/𝙋𝙖𝙩𝙧𝙤𝙡𝙚𝙞𝙪𝙢/
#patroleium

7,489

subscribers

409

photos

47

videos