Watawma Store - MONYWA @watawma15 Channel on Telegram

Watawma Store - MONYWA

@watawma15


Watawma Store - MONYWA (English)

Welcome to Watawma Store - MONYWA, your go-to destination for all things fashion and style in the Monywa region. Run by the talented team behind the @watawma15 username, this Telegram channel is a one-stop shop for the latest trends, exclusive deals, and fashion inspiration. Whether you're looking for the perfect outfit for a special occasion or simply want to update your wardrobe with the season's hottest pieces, Watawma Store has you covered. With a wide range of products including clothing, accessories, and footwear, there's something for everyone at Watawma Store - MONYWA. Stay connected with us to stay ahead of the fashion game and never miss out on a great deal. Join our community of fashion enthusiasts and let us help you elevate your style to the next level. Follow @watawma15 on Telegram and start your fashion journey with Watawma Store - MONYWA today!

Watawma Store - MONYWA

05 Jan, 17:53


💚 Seaweed snacks တွေထဲမှာ နာမည်ကြီး Tao Kae Noi တံဆိပ်လေး ရောက်ထားပါတယ်ရှင် 🙆🏻‍♀️

Tao Kae Noi ဆိုတာက မြန်မာလို "သူဌေးလေး" လို့ အဓိပ္ပာယ်ရပါတယ်။ အသက် 19 နှစ်မှာ ရေညှိရောင်းပြီး Thai ရဲ့ အသက်အငယ်ဆုံး ဘီလျံနာဖြစ်လာတဲ့ Entrepreneur လူငယ်လေးအကြောင်း ကြားဖူးကြမယ် ထင်တယ် ( သူ့‌အကြောင်း ဇာတ်ကားရိုက်ထားတာလဲ ရှိတယ်လေ ) ဒါ သူ့ brand ပါ 🥰

နာမည်ကြီးသလို တကယ်လဲ စားကောင်းပါတယ်။ မင်မင်တော့ seaweed tempura ကို တော်တော်လေး ကြိုက်တယ် ၊ crispy ဖြစ်ပြီး ငါးအသားချောင်းကြော်လေး စားရသလိုပဲမို့ 😋

Watawma Store - MONYWA

05 Jan, 17:07


BKK Arrival Update

Crystal Brush , Vaseline lip balm လေးတွေ ရောက်ပါပြီရှင် 🥰 𝑳'𝒐𝒓𝒆́𝒂𝒍 အထုပ်လေးတွေကတော့ အစုံမရသေးပေမယ့် ရ‌တာလေးတွေ မှာထားပါတယ်နော် ၊ လိုအပ်တာရှိရင် အားပေးပါဦးနော် ချစ်ကာကာတို့ 💙

Watawma Store - MONYWA

05 Jan, 16:36


ဘုရားခန်း ၊ ဧည့်ခန်း ၊ အိပ်ခန်းထဲမှာ
ရနံ့လေး မွှေးနေရင်ကို အလိုလို စိတ်ကြည်နူးရ 😍

Glade Gel ‌လေးတွေ sales ရှိတိုင်း ဝယ်ထားဖြစ်ပါတယ်။ customers တွေကလဲ တစ်ခါယူ 2ဘူး / 3ဘူးမို့ အကုန်မြန်တာ။ ဒီတစ်ခေါက် အသစ်ဝင်တဲ့ Essences Elite series လေးလဲ အနံ့လေးတွေ တော်တော်ကောင်းလို့ highly recommend နော်

Watawma Store - MONYWA

01 Jan, 03:25


🌸 2025 မင်္ဂလာရှိသောနှစ်သစ်မှာ....

မေတ္တာတရား ကိုယ်ချင်းစာတရားတို့နဲ့ ယှဉ်သော ၊ ကောင်းမွန်သော မျှော်လင့်ချက်တွေ ၊ စိတ်ကူးအိပ်မက်‌တွေ ‌အကောင်အထည်ပေါ်ပါစေ 🌸

နှစ်ဟောင်းက အညစ်အကြေးတွေ ၊ အညံ့တွေအားလုံး ပြေပျောက်ပြီး ပိုကောင်းတဲ့ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေ 🌼

တစ်နှစ်ပတ်လုံး အားပေးခဲ့ကြတဲ့ မိတ်ဟောင်း မိတ်သစ် customers များ အားလုံးကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ 2025 မှာလဲ ကိုယ့်လူတို့အတွက် glow glass skin & good scent ရဖို့ ပစ္စည်းကောင်းတွေကိုပဲ ရွေးချယ်ညွှန်းပေးသွားပါမယ်လို့စ် 😗💕

Watawma Store - MONYWA

31 Dec, 10:25


" ညီမသုံးဖော် အာလူးကြော် " အစုံ ပြန်ရောက်ပါပြီရှင် 😍

ဝိတ်တက်ခံပြီး စားရတာတူတူ ညီမသုံးဖော်ပဲ စားချင်ကြတယ်ပြောလို့ ပြန်မှာထားပေးတာပါ 🥰 ဇကာအစပ်/အချို ၊ ထုံးစိမ်အစပ် ၊ အာလူးချောင်းအစပ် ၊ ကုလားပဲလုံးကြော် ၊ အသားတုကြော်တို့ ရောက်ထားပါတယ်။

admin က ပုံမှန်ဆို အစပ်အရမ်းမစားနိုင်ပေမယ့် သူ့ရဲ့ ထုံးစိမ်အာလူးခြော၊က်ကြော်ကို တော်တော်ကြိုက်တာ ၊ ထမင်းပူပူလေးနဲ့စားရင် ဘာဟင်းမှ မလိုတော့ဘူး TT စပ်ပေမယ့် ဗိုက်မနာ / မပူဘူးနော်...

Watawma Store - MONYWA

31 Dec, 10:24


ဆိုင်မှာ skincare , personal care တွေ မှာရင်း အပျင်းပြေစားဖို့ " အညာစာ " လေးတွေလဲ တစ်ခါတည်းမှာလို့ရပါတယ်လို့စ် 🫶🏻

တော်တော်များများ zipper packaging လေးတွေနဲ့မို့ အတော်အသင့် အထားခံပြီး အဓိက အားသာချက်ကတော့ အမြည်းအနေနဲ့ လိုက်ဖက်တာပါ xD

ငါးရေခွံကြော်ဆို လုံးဝ မညှီဘဲ ကြွပ်ရွနေတာ ၊ ပါတာလဲ များတယ်။ အချို / အစပ် 2မျိုးရပါတယ်။ admin က ငရုတ်သီးနှမ်းကပ်ကြော်ကို အရမ်းစပ်ပူနေရင်လဲ မကြိုက်ဘူး ၊ မြေပဲတွေ နှမ်းတွေရဲ့ အဆိမ့်အရသာပဲ ရပြီး ငရုတ်သီးရဲ့ မွှေးတဲ့အနံ့ ပျောက်သွားရင်လဲ မကြိုက်ဘူး။ ဒီငရုတ်နှမ်းကပ်ကြော်လဲ ကောင်းတယ်။

တစ်ခါတစ်လေ ဆီပြန်ဟင်းတွေ မစားချင်ရင် ထမင်းပူပူလေးနဲ့ စားရင်ကို အဆင်ပြေတယ်။ ပြောင်းဖူးမွတို့ ၊ မြေပဲစအုတို့လဲ နေကြာဆီသန့်နဲ့ ကြော်တာမို့ စားရအဆင်ပြေတယ် 🌽🌽

ပျားရည်ငှက်ပျော အိအိလေးတွေဆိုလဲ ရောင်းချင်လွန်းလို့ သူ့ရာသီအချိန်ထိ စောင့်ရတာ လချီကြာတယ်။ အရမ်းလဲ အချိုမကဲဘူး ၊ မဖန်ဘူး ၊ မမာဘူး ၊ ပျားရည်အရသာလေးနဲ့ 💛 အိအိလေးမို့ လူကြီးတွေလဲ ကြိုက်ကြတာ။ ငှက်ပျောသီးသိပ်မကြိုက်တဲ့ မင်မင်တောင် တစ်ထိုင်တည်း တစ်ဘူးကုန်အောင် စားနိုင်တယ်။

Watawma Store - MONYWA

30 Dec, 11:33


Myst inspired perfume 30ml ဘူးကြီးတွေ New Year Promotion 10% OFF ရှိပါတယ်နော် 🥰

Promotion က Dec 25 ကနေ Dec 31 ထိပါ။ အနံ့လဲသိပ်မစုံ , stock အရမ်းနည်းနေလို့ post မတင်ဘဲ ဆိုင်မှာပဲ ရောင်းဖြစ်နေတာ ၊ ကြိုက်တဲ့အနံ့လေးတွေ instock ရှိရင် ဝယ်လို့ရအောင်လို့ပါနော် ❤️

Instock list ❣️

- Acqua Di Gi0
- Clinique Happy
- ဂူချီ Bloom
- EL Pleasures
- Taj Sunset
- Bl00ming B0uquest
- Sc@ndal
- MB Legend
- DKNY Fresh Blossom
- Bright Crystal
- C0C0 Mademoiselle
- BleU de ရှနဲလ်
- Modern Muse
- Delina

Watawma Store - MONYWA

20 Nov, 14:50


Shiseido ရဲ့ brand အခွဲတစ်ခုဖြစ်တဲ့ Senka Perfect Whip Cleanser ( No.1 in Japan since 2010 )

💙 Original Version အပြာရောင်လေးရဲ့ soft & rich foam က ခါတိုင်း facial foam တွေနဲ့မတူဘဲ အိအိလေးနဲ့ မျက်နှာမှာရှိတဲ့ အညစ်အကြေးတွေ ကို သန့်စင်ပေးမှာဖြစ်ပါတယ်။ မျက်နှာသစ်ပီးရင်တော့ နူးညံ့ပီး ကြည်လင်စိုပြေနေတဲ့ အသားအရေကို ရရှိစေမှာပါ။ All Skin Types သုံးလို့ရပါတယ်။

💗 Collagen ပန်းရောင်လေးကတော့ 60% beauty serum နဲ့ collagen ပါတာကြောင့် အသားအရေကို တင်းရင်းကြည်လင်စေပါတယ်။ အမြှုပ်ထွက်အားကောင်းပြီး အသားရေအတွင်းပိုင်းထိ Deep Cleansing လုပ်ပေးနိုင်ပါတယ်။

🤍 White Clay အဖြူရောင်လေးက ဆားဝက်ခြံနဲ့ ချွေးပေါက်ကျယ်တာတွေအပြင် အဆီပြန်တာကို သက်သာစေပါတယ်။ သဘာဝ ရွှံ့စေးဖြူပါဝင်လို့ ဆဲလ်သေနဲ့ အဆီပိုတွေကို ဖယ်ရှားပေးပြီး Silk Cocoon Essence က အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

💚 Medicated အစိမ်းနုလေးက ဝက်ခြံနဲ့ အဆီဖုထွက်တတ်တဲ့သူတွေအတွက် ဝက်ခြံအထွက်နည်းစေပြီး အသားအရေကြမ်းတာကို သက်သာစေပါတယ်။ salicylic acid ပါဝင်လို့ ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အညစ်အကြေးနဲ့ အဆီပိုတွေ ၊ မိတ်ကပ်အကြွင်း အကျန်နဲ့ ဆဲလ်သေတွေကို နက်ရှိုင်းစွာ သန့်စင်ပေးပါတယ်။

Watawma Store - MONYWA

19 Nov, 16:16


ရေမွှေးကို fresh & clean ဖြစ်တဲ့ musky scent လေးတွေ ကြိုက်တတ်ရင် 𝒏𝒂𝒓𝒄𝒊𝒔𝒐 𝒓𝒐𝒅𝒓𝒊𝒈𝒖𝒆𝒛 ထဲက try ကြည့်စေချင်တယ်။ ကိုယ့်အတွက်‌တော့ 𝒏𝒂𝒓𝒄𝒊𝒔𝒐 က ဝယ်ရတာ မမှားတဲ့အပြင် အတွေ့နောက်ကျလို့ နောင်တရချင်သလိုပါ ဖြစ်မိတဲ့ brand ပါ။

ဒါလေးတွေအားလုံး powdery ဘက်သွားပြီး သန့်သန့်လေးတွေကွယ်... Skin scent လိုမျိုး ဖြစ်နေပေမယ့် attraction ရှိတယ်လို့လဲ ခံစားရပြန်ရော... Performance ပိုင်းမှာဆိုလဲ 2 or 3 sprays ‌လောက်ဆိုရင်ကိုပဲ ကိုယ့်အတွက်တော့ တစ်နေကုန်စာ လုံလောက်ပြီ 🤍

Watawma Store - MONYWA

14 Nov, 06:33


ဈေးအများကြီး မသုံးရဘဲ Authentic အစစ်မှ သုံးချင်တဲ့သူ‌တွေအတွက် VS body mist လေးတွေ 70% OFF Sales နဲ့ ဝယ်ထားတာလေးတွေ instock ရောက်ပါပြီ 😍❤️

Normal price နဲ့ဆို 1သိန်း3သောင်းလောက် ကျမှာ ၊
ခုက 70% OFF မို့ special price - 4သောင်းကျော်ပဲနော်...

Made in USA , 100% Authentic 💯
official counter ပစ္စည်းပါ။

Inspired perfume တွေတောင် 30ml - 3သောင်းကျော်တာမို့ VS Authentic မှ သုံးချင်သူတွေအတွက် ဒါလေးက တန်ပါတယ်။ body mist ပေမယ့် longevity လဲ မဆိုးပါဘူး , ပေါ့ပေါ့ပါးပါး daily သုံးဖို့ အိုခေတယ်။

အနံ့လေးတွေကတော့ berry သီးနံ့လိုမျိုး ချိုချိုချဉ်ချဉ် cute type လေးတွေပဲ များမှာ , သေချာရွေးမှာထားတာမို့ အနံ့လေးတွေ အားလုံးကောင်းတယ်နော် 🥰

Watawma Store - MONYWA

13 Nov, 13:53


𝑳𝒂𝒕𝒕𝒂𝒇𝒂 Perfume တွေထဲမှာ admin သဘောအကျဆုံးနဲ့ အများဆုံး ညွှန်းပေးဖြစ်တာလေးတွေ သူ့ဈေးတန်းမှာတော့ ဒီလို performance က တကယ်တန်တာ

🖤 𝑳𝒂𝒕𝒕𝒂𝒇𝒂 𝑭𝑨𝑲𝑯𝑨𝑹 𝑺𝒊𝒍𝒗𝒆𝒓 - ဝိုင်.S.L ထဲက Y ကို DNA ယူ ထုတ်ထားတဲ့ရေမွှေးပါ။ သူ့အနံ့က ချိုအီနေတာမျိုး မဟုတ်သလို စိမ်းဖန့်ဖန့် fresh ဖြစ်လွန်းတာလဲမဟုတ်ဘူး ၊ အေးအေးကြည်ကြည်လေးမို့ office wear လဲ အဆင်ပြေပြီး ကြိုက်တတ်ရင် unisex အိုခေမယ့် အနံ့မျိုးပါ။

🍓 𝑳𝒂𝒕𝒕𝒂𝒇𝒂 𝑯𝑨𝒀𝑨 - အရမ်းကောင်းတဲ့ strawberry scent လေး , strawberry + champagne notes လေးတွေကြောင့် ချစ်စရာကောင်းပြီး အပူအပင်မရှိတဲ့ လှလှငယ်ငယ် မိန်းမပျိုလေး vibe အပြည့်ရတယ်။ သူ့အနံ့က cute ဖြစ်ပေမယ့် orange scent လေးပါတော့ လုံးဝကို မအီတာ...

နှစ်ခုလုံးက လက်ဆောင်ပေးဖို့ဆိုလဲ packaging အရမ်းလှ , 𝑯𝑨𝒀𝑨 လေးဆို ကတ္တီပါသာလေးနဲ့ 🩷 သူ့ကို decant စထုတ်တုန်းက နှစ်ရက်တည်းနဲ့ 1 bottle ကုန်သွားတာ...

blind buy မဝယ်ချင်ရင် မင်တို့ဆီ 5ml , 10ml decant လေးတွေ စမ်းလို့ရပါတယ်။ ခုလောလောဆယ် promotion လဲရှိ , ဈေးလေးတွေလဲကျလို့ full size တွေကတော့ ပိုတန်မယ်နော် 🥰

Watawma Store - MONYWA

13 Nov, 13:20


ဒါလေးက မင်မင့် bottle လေး ❤️ ရေမွှေးအကြောင်း ဘာမှမသိခင် လွန်ခဲ့တဲ့ 2နှစ်ကျော်လောက်ကတည်းက ဝယ်ထားတာ , အဲတုန်းကကို 2သိန်းကျော်ထင်တယ်။ ခုက 100ml retail pack ပါ ၊ ပုံမှန် sales ဆိုရင်တောင် 6သိန်းကျော်ရှိတဲ့ကောင်လေးပါ။

Watawma Store - MONYWA

13 Nov, 12:47


Retail pack 100ml - 4သိန်းကျော်နဲ့ pre-order ရမယ်နော် ၊ အရမ်း အရမ်းတန်ပါတယ်ရှင် 😭❤️ tester pack တောင် ဒီဈေးမရဘူး admin တောင် ဈေးမှားတယ်ထင်နေတာ , instock ရောက်မှဆို ဈေးနည်းနည်းပိုပါမယ်ရှင် 🥰

Watawma Store - MONYWA

13 Nov, 11:40


Korea Arrival Update 😍❤️

Klaris BB , JM Toner , Dr.G soothing cream လေးတွေ ရောက်ထားပါတယ်။ Vaseline lotion 1000ml တွေဆိုလဲ တစ်ဆောင်းတွင်းလုံး အေးဆေးသုံးရုံပဲ...

တန်ဆောင်တိုင် promotion အနေနဲ့ ဗလာမပါကံစမ်းမဲ အစီအစဉ်လဲရှိလို့ လိုအပ်တာရှိရင် အားပေးပါဦးနော် 🙆🏻‍♀️

Watawma Store - MONYWA

08 Nov, 04:05


Pinkflash လေးတွေ အစုံရောက် 🩷

Watawma Store - MONYWA

08 Nov, 03:44


Charlotte Tilbury Foundation တွေ 50% OFF Promotion ရှိပါတယ်။

Preorder - 1သိန်းခွဲ ဝန်းကျင်ပါ။
Half prepaid , waiting - 1.5 months

ခုက pre ဈေးလေး ဖွင့်ထားတာပါ။ instock ရောက်မှဆို ဈေးအနည်းငယ် ပိုနိုင်ပါတယ်။

Shade - 4N , 4W , 5N , 5W
ခုလိုရင်တော့ ဆိုင်မှာ 2N instock ရှိပါတယ်။ ဈေးက 2 သိန်းမပြည့်ပါဘူးရှင် 🥰

Watawma Store - MONYWA

07 Nov, 11:14


Arrival Update 😍❤️ Facial foam ထဲက stock ဝင်ထားတာလေးတွေပါရှင်...

Watawma Store - MONYWA

06 Nov, 13:53


ငွေ ၃၀၀၀ ကျော်နဲ့ 𝑳𝒖𝒙𝒖𝒓𝒚 ဆန်တဲ့ ‌‌ရေမွှေးရနံ့လေးတွေ ရမယ်ဆို စိတ်ဝင်စားကြလားရှင် 😍

𝑮𝒐𝒐𝒅 𝑽𝒊𝒃𝒆 𝑷𝒆𝒓𝒇𝒖𝒎𝒆 က နာမည်ကြီး 𝑩𝒓𝒂𝒏𝒅𝒆𝒅 𝑷𝒆𝒓𝒇𝒖𝒎𝒆 တွေရဲ့ ရနံ့တွေကို 𝑰𝒏𝒔𝒑𝒊𝒓𝒆𝒅 ယူပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Made in Thailand ကိုမှ
ဈေးကလဲ 10ml - 3500 MMK ပါပဲရှင်...

ဈေးအရမ်းသက်သာတာမို့ တစ်နေ့တစ်မျိုး ဆွတ်မလား , ရေမွှေးလို မဆွတ်ချင်ရင်တောင် Air freshener လို အခန်းထဲ ဖြန်းမလား ၊ ဘုရားခန်းထဲ ဖြန်းမလား အရမ်းအဆင်ပြေ‌ပါတယ်။

𝑰𝒏𝒔𝒑𝒊𝒓𝒆𝒅 ယူထားတဲ့ အနံ့လေးတွေကို မင်မင်ပုံမှာ ပြပေးထားပါတယ်။ သူ့ထဲက အနံ့ ( 12 ) မျိုး ရပါမယ်နော်... မင်မင် အနံ့အားလုံး tester ထုတ်ပေးထားပါတယ်ရှင် 🥰

Watawma Store - MONYWA

02 Nov, 14:13


Twitamins လေးတွေလဲ ရောက်

sales နဲ့မို့ တစ်လစာမှ 2 သောင်းကျော်ပဲ။ ဘယ်လိုပဲတွက်ကြည့်ကြည့် အရမ်းတန်တယ်။ admin တော့ coဗစ် ဖြစ်ပြီးကတည်းက flu ခဏခဏဝင်လို့ immune system ကောင်းအောင် နက်ပြာလေး သောက်မလို့ 💙

Watawma Store - MONYWA

02 Nov, 14:09


Arrival Update 😍❤️

Skintific mugwort clay stick , ELF dose တို့အပြင် အမေးများတဲ့ Johnson's Lotion , Vaseline Superfood lotion တို့လဲ ရောက်ထားပါတယ်။ sales ချတိုင်း အမြဲရောင်းရတဲ့ intuition razor လေးတွေ truslen coffee box တွေလဲ ပါပါတယ်။

ဒီတစ်ခေါက် ထူးထူးခြားခြား glade gel နဲ့ automatic spray တွေပါ sales နဲ့ ဝယ်ပေးထားပါတယ်ရှင် 🥰 automatic spray တွေဆို လက်ဆောင်ပေးရင် လုံးဝ မျက်နှာပန်းလှစေမှာ 🎉

Watawma Store - MONYWA

02 Nov, 13:47


Arrival Update 😍❤️

ပေါင်ချိန်စက် 🐥 salad ဘူး 🥗 ယောဂဖျာ , yoga stick 🧘🏻‍♀️ လေးတွေ ရောက်ထားပါတယ်။ ဒီတစ်ခေါက်ရောက်တဲ့ ပုဝါလေးတွေ colour line အကုန်လှပြီး ဈေးလဲသက်သာလို့ တန်ဆောင်တိုင် လက်ဆောင်ပေးချင်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်ရှင်

Watawma Store - MONYWA

23 Oct, 09:20


𝐄𝐬𝐭𝐞𝐞 𝐋𝐚𝐮𝐝𝐞𝐫 ထဲမှာ အလှ‌ဆုံးအရောင်တွေထဲက တစ်ရောင်ဆိုလဲ မမှားတဲ့ limited edition colour လေး ❤️

Korea brand တောင် 4သောင်းဝန်းကျင်ဖြစ်နေတဲ့အချိန်မှာ Estée Lipstick full size , USA import 🇺🇲 ကို
တစ်ချောင်း - 27,500 MMK နဲ့ ဆိုးပါ 💯

Colour - Palm Beach Chic🌴 ( limited edition )

နာမည်နဲ့လိုက်ဖက်တဲ့ summer colour လေး , packaging မှာလဲ coral လေးတွေနဲ့ 🪸 ဒီအရောင်လေးကလေ အရမ်းလှပြီး လူကြီးလူငယ်မရွေး လိုက်ဖက်သောလေးပါရှင်။ နှင်းဆီရောင်လေးနဲ့ မျက်နှာလေးကို နုသွားစေမှာလေး ❤️ အသားဆောင်ပြီး skin tone တော်တော်များများနဲ့ လိုက်ဖက်တဲ့အရောင်လေးပါ။

နှုတ်ခမ်းသားကို လုံးဝမပျက်စီးစေဘဲ အိစက်နူးညံ့နေတာပါ။ Moisture ပါဝင်မှုကြောင့် နှုတ်ခမ်းခြောက်ခြင်း၊ ကွဲခြင်း မဖြစ်စေဘူး။ ဆိုးလိုက်ရင်ကို colour လေးက စိုအိနေတာလေးပါ။

Watawma Store - MONYWA

23 Oct, 09:20


set တွေ‌ခွဲရောင်းတိုင်း အစောဆုံး sold out ဖြစ်ဖြစ်သွားတဲ့ 𝐄𝐬𝐭𝐞𝐞 𝐋𝐚𝐮𝐝𝐞𝐫 Pure Envy lip balm , Half Size လေး ❤️

ဆိုးလိုက်ရင် moisturizing အပြည့်ပေးပြီး နှုတ်ခမ်းကွဲတာ ခြောက်တာတွေကို သက်သာစေပါတယ်။ Matte lipstick တွေ မဆိုးခင် lip balm လေး အရင်ခံဆိုးရင်လဲ ရတယ်။ နှုတ်ခမ်းခြောက်တတ်သူတွေအတွက် must have ပါနော်...

မှန်လေးပါ ပါတဲ့ ချစ်ဖို့ကောင်းတဲ့ packaging နဲ့မို့ အိတ်ဆောင်လဲ အဆင်ပြေတယ်ရယ်။ အရောင်လေးက ပန်းရောင်ဖျော့ဖျော့လေးပါတယ်။ သူ့ colour လေးက body temperature ပေါ် မူတည်ပြီး အရောင်လေးပြောင်းသွားတာမို့ ဆိုးပြီးသွားရင် အရောင်နုနုဖက်ဖက် ဥဥလေး ကျန်နေမှာနော် ❤️

Full size 3.2g ဆို 1သိန်းဝန်းကျင်ပါ။
ခု half size 1.6g ကို 13,500 MMK ပါ။

Watawma Store - MONYWA

20 Oct, 13:02


𝑳𝒂𝒏𝒄𝒐𝒎𝒆 toner အတော်ကုအရမ်းများပြီး ဂယက်ထလွန်းလို့ အသစ်စက်စက်ထွက်မယ့် new formula , new packaging လေး ပြောင်းသုံးရအောင် ကိုယ့်အစ်မတို့ 😍

အမေးအများဆုံး 125ml size - 78500 MMK ပါ။ old version - 4သောင်းကျော် ရောင်းနေတာတွေ‌ တွေ့ပါတယ် 😬 ဘယ်လိုမှ မရနိုင်တဲ့ ဈေးပါနော်။

New version မှာဆိုရင် concentrated hyaluronic acid 3ဆ ပိုမိုပါဝင်လာပြီး ရေဓာတ်ကို 24Hr ကြာ ထိန်းထားပေးနိုင်တယ်။ rose water ကိုလဲ 100% pure & natural rose water အနေနဲ့ upgrade လုပ်ထားပါတယ်။

အရင် version ထက် ပိုစိမ့်ဝင်အားကောင်းပြီး အသားအရေကို 92% အထိ repair လုပ်ပေးနိုင်တယ်။ malva လို့ခေါ်တဲ့ mallow flower ingredient လေး ပါဝင်လာလို့ ဝက်ခြံ treatment ပါဝင်လာပြီး skin redness / irritation တွေကို လျော့ကျစေမယ်။

0% alcohol နဲ့ very sensitive skin တွေပါ သုံးနိုင်တဲ့အထိ chemicals တွေ လျှော့ချထားပြီး Skin repair ပိုင်းကိုသိသိသာသာ ပိုအားထည့်ထားတာပါ။ toner mask အနေနဲ့ သုံးရင် အသားအရေကို အိစက်ပြောင်တင်းနေမှာ 💯

Watawma Store - MONYWA

20 Oct, 12:59


ဒါလေး customer order လေး ရှိလို့ ပေါင်းမှာချင်ရင် Tester pack - 435,000 MMK ပါ။ Retail - 5သိန်းခွဲဝန်းကျင်မို့ 1သိန်းကျော် သက်သာပါမယ်ရှင် 😍

Watawma Store - MONYWA

20 Oct, 12:56


ရှနဲလ် Chance ပန်းရောင်ရော 🩷 အစိမ်းလေးရော 💚
မင်မင်တို့ဆီ decant ရပါပြီ။ Short review ပေးရရင်...

🩷 ပန်းရောင်လေးက feminine vibe အပြည့်နဲ့ လုံးဝ classy ဖြစ်တယ်။ သူ့အနံ့က ကြာလေ သင်းလေ , ကိုယ်သင်းနံ့နဲ့ Mix ဖြစ်သွားတဲ့အခါ ပိုပြီးဆွဲဆောင်မှု ရှိလာလေပဲ... Fruity , floral scent မျိုးကိုမှ luxury ဘက်သွားတယ်။

💚 အစိမ်းရောင်လေးက လူငယ်ပိုဆန်ပြီး unisex ရတယ်။ Top note မှာ citrus & woody နဲ့ဖွင့်တာမို့ ဆွတ်လိုက်တာနဲ့ လန်းဆန်းသွားတာ... Fruity , fresh scent ကိုမှ ရှနဲလ်ရဲ့ထုံးစံလို့ ပြောရမလား classic ဖြစ်တဲ့ vibe ရနေတာက အသက်ပဲ , fresh & luxury ကို တစ်ချိန်တည်းမှာ ခံစားရစေမှာပါ။

Watawma Store - MONYWA

12 Oct, 13:20


Customized order မိမိစိတ်ကြိုက် ပစ္စည်းရွေးပြီး အပ်တာလေးတွေက အလစ်တဲတော့ စောင့်ရပါမယ်နော် 🥰 သီတင်းကျွတ်လပြည့်နေ့နီးလေ ပိုစောင့်ရလေမို့ လက်ဆောင်ခြင်းလေး‌တွေနဲ့ ကန်တော့ချင်ရင် စောစောမှာပေးပါလို့စ် ❤️

မုန့်တွေ ပစ္စည်းပြတ်မှာတော့ မပူနဲ့ ၊ ယိုးဒယားလိုင်းတွေ ဝင်ထားတာ 3/4ရက်နေရင် ရောက်မယ်နော် 🥰

Watawma Store - MONYWA

11 Oct, 17:03


Budget Friendly ဖြစ်တဲ့ Derma Factory ရဲ့ Skincare line တစ်ခုဖြစ်တဲ့ EDLP series လေး ပစ္စည်းပြန်ဝင်ပါပြီ 🥰

- EDLP product line ဟာ " Every Day Low Price " ဆိုတဲ့အတိုင်း ဆယ်ကျော်သက်ကျောင်းသူအရွယ်တွေကအစ နေ့တိုင်း skin care သေချာသုံးနိုင်ဖို့ အဓိက ရည်ရွယ်ပါတယ် ( Budget save ဖြစ်ပြီး all skin types သုံးနိုင်ပါတယ် )

- သူ့ Series ရဲ့ main ingredients တစ်မျိုးဖြစ်တဲ့ Houttuynia Cordata ( heart leaf ) အကြောင်းကို အရင်ဆုံး ပြောပြပေးချင်ပါတယ် ။

🌿 Houttuynia Cordata ဆိုတာ တရုတ်နိုင်ငံအနောက်တောင်ပိုင်းကရတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ကိုရီးယားသမားတော်တွေရဲ့လက်စွဲဆိုလဲ ဟုတ်တယ်။ Heart leaf လို့ အသိများကြသလို အခုနောက်ပိုင်း skin care တွေမှာ တော်တော်အသုံးပြုလာတဲ့ Ingredients တစ်မျိုးပါ။

🌿 သူ့ရဲ့အဓိကအာနိသင်က anti oxidant ကြွယ်ဝပြီး anti bacterial ဖြစ်လို့ ဝက်ခြံဖြစ်ပြီးကျန်ခဲ့တဲ့ redness တွေ , အနီစက်နဲ့ အမာရွတ်တွေကို calming & soothing အရမ်းကောင်းတာပါ။

🥰 EDLP Houttuynia Cordata line ထဲက instock ရမယ့် products လေးတွေပါ။