Dernières publications de 🔥 (@tvchannelp) sur Telegram

Publications du canal 🔥

🔥
6,644 abonnĂŠs
22 photos
1 vidĂŠos
Dernière mise à jour 05.03.2025 19:47

Le dernier contenu partagé par 🔥 sur Telegram

🔥

03 Apr, 03:05

1,182

Museum (2016)

လူသတ်သမားကို လိုက်ရှာဖမ်းတဲ့ စုံထောက်ရုပ်ရှင်တွေထဲမှာမှ စိတ္တဇ ကွင်းဆက်လူသတ်သမားရုပ်ရှင်တွေက ပိုထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတာကို သိကြမှာပါ။ ဒီကားကလည်း အခုလို genre ကြိုက်တဲ့သူတွေအတွက် အချိန်ကုန်ရတန်စေမဲ့ ဂျပန် စုံထောက်ရုပ်ရှင်တစ်ကားပါ။

စုံထောက် ဆဝမူရက အလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပြီး ၂၄/၇ အလုပ်ပဲလုပ်နေတာကြောင့် အိမ်သူဇနီးနဲ့ သားလေးကို ပစ်ထားမိသလိုဖြစ်နေပါတယ်။ သူ့မိန်းမကလည်း တရားစီရင်ရေးဂျူရီတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၄နှစ်တုန်းက လူသတ်မှုတစ်ခုကို သေဒဏ်စီရင်ချက် ချပေးဖူးပါတယ်။

သေဒဏ်ကျခံရတဲ့အပြစ်သားက စီရင်မခံဘဲ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။အခုချိန်မှာတော့ အဲဒီအမှုကိုစီရင်ခဲ့တဲ့ ဂျူရီ၉ယောက်ဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရပါပြီ။

ဂျူရီတစ်ယောက်ချင်းစီကို မတူညီတဲ့သတ်နည်းတွေနဲ့ ပြစ်ဒဏ်ပေးတယ်ဆိုပြီးလိုက်သတ်တာကို ခံလာရတာကြောင့် ဒီအမှုနဲ့ပတ်သက်ပြီး ပြန်စုံစမ်းဖို့ဖြစ်လာပါတယ်။ မိသားစုကိုပစ်ထားတဲ့ ဆဝမူရတစ်ယောက် မိန်းမကိုဘယ်လိုကယ်ဖို့ကြိုးစားမလဲဆိုတာနဲ့ လူသတ်သမားရဲ့ရောဂါနဲ့ဆိုင်တဲ့စိတ်ချို့ယွင်းမှုတွေကို ဖော်ထုတ်သွားမဲ့ ဇာတ်ကားပါ။
#Credit
🔥

03 Apr, 02:59

962

Buried (2010)
==========
ဒီရုပ်ရှင်ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် ကုန်တင်ကားမောင်းသူတစ်ယောက်ဟာ အီရတ်တွေရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရရာက စတင်ပါတယ်။

အဲဒီနောက်မှာတော့ သူဟာ မြေမြုပ်ခံထားရမှန်း သိလိုက်ရပြီး ဘယ်လိုတွေ ဖြစ်သွားတယ် ဆိုတာတော့ သူကိုယ်တိုင်တောင် မသိပါဘူး။

အဲဒီအချိန်မှာတော့ သူ့ဆီမှာ မီးခြစ်တစ်လုံးနဲ့ ဖုန်းတစ်လုံးပဲ လက်ထဲမှာရှိပြီး အသက်ရှင်သန်ဖို ဘယ်လိုမျိူး ကြိုးစားမလည်းဆိုတာ မြင်တွေ့ရမှာပါ။
🔥

02 Apr, 11:18

990

Tokyo Story (1953)
IMDb – 8.2/10, RT – 100%, Meta – 100%

Drama, Japan

မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ… ။ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်… တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်… ငါလွမ်းမိလာတယ်… လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ဘာပဲဖြစ်ဖြစ်ပါ… သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။
🔥

02 Apr, 11:05

778

Kaashmora (2016) မြန်မာစာတန်းထိုး

ကက်ရ်ှမိုရာဆိုတဲ့ လူငယ်တစ်ယောက်ဟာ အပေါင်းအပါတစ်စုနဲ့အတူ
လူတွေကို အောက်လမ်းလိုလို၊ မျက်လှည့်လိုလို ပြကွက်တွေလုပ်ပြပြီး
လိမ်လည်စားသောက်နေကြသူတွေပါ။

ဒီအချိန်မှာ သူ့ကိုချဉ်းကပ်လာသူက ယာမီနီဆိုသူ မိန်းကလေး....။

ဒီကောင်မလေးက သရဲတစ္ဆေ၊ ပရလောကအကြောင်းတွေကို စိတ်ဝင်စားဟန်ဆောင်ကာ
ကက်ရ်ှမိုရာ့ကို ချဉ်းကပ်တာဖြစ်ပြီး တကယ်တမ်း သူက ဒီကိစ္စတွေကို အယုံအကြည် မရှိလှသူပါ။
တကယ်မရှိတဲ့ ပရလောကကို ဘမ်းပြကာ၊ လူတွေရဲ့ ကြောက်စိတ်ကို အသုံးချပြီး
လိမ်လည်နေတာတွေကို ပြည်သူသိအောင် ဖွင့်ချဖို့က သူ့ ရည်ရွယ်ချက်ပေါ့။

ဒါပေမယ့် ကက်ရ်ှမိုရာဟာ ဝန်ကြီးတစ်ယောက်ရဲ့ ယုံကြည်မှုကိုရပြီး
ပိုလို့တောင် နာမည်ကြီးသွားပါသေးတယ်။
ဝန်ကြီးအိမ်ကို ဝင်ငွေခွန်ဌာနက အရာရှိတွေ လာစစ်ဆေးမယ်ဆိုတဲ့ သတင်းကြောင့်
ဝန်ကြီးဟာ သူ့ ငွေမည်းတွေကို သူ ယုံကြည်ရတဲ့ ကက်ရ်ှမိုရာ့အိမ်ဆီ ပြောင်းရွှေ့စေပါတယ်။
နဂိုကမှ လူတွေကို လိမ်စားနေတဲ့ ကက်ရ်ှမိုရာတို့ အဖွဲ့အတွက် စားရကံကြုံလို့
မုတ်ဆိတ်ကို ပျားစွဲသလိုပါပဲ။
ဝန်ကြီးငွေတွေကို မ,ပြီး ထွက်ပြေးကြတော့တာပေါ့။

ဒီလိုထွက်ပြေးရင်း တကယ့် ပရလောကသားတွေနဲ့ တွေ့တော့
ဒီဇာတ်လမ်းဟာ ပိုအသက်ဝင်လာပါတော့တယ်။

ဒီမင်းသားနာမည်က ကာသီပါ။ ဆင်းဂမ်မင်းသား ဆူရီးယားရဲ့ ညီအရင်း။
ဒီကားကို အိန္ဒိယရူပီး ကုဋေ (၆၀) အသုံးပြု ရိုက်ကူးခဲ့တာဖြစ်ပြီး
Box Office မှာ အိန္ဒိယရူပီး ကုဋေ (၁၀၀) ပြန်ရခဲ့တာကြောင့်
ကာသစ်ရဲ့ အောင်မြင်မှုတစ်ခုလို့ ဆိုပါရစေ....။
🔥

02 Apr, 11:02

1,248

The Age of Blood 2017

ဇာတ်ကားဟာ 2017 ခုနှစ်ကထွက်ရှိထာAn Action Heroးတဲ့ ကိုးရီးယားဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်

ဂျိုဆွန်းခေတ်သမိုင်းဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့အက်ရှင်ဇာတ်ကားလေးပါ


ဇာတ်လမ်းအကျဉ်းကတော့ ဂယောင်ဂျုံးမင်းကြီးကိုလုပ်ကြံပြီး ယောင်းဂျိုမင်းကြီးနန်းတက်တာကြောင့် ဆိုရွန်အမတ်များအဖွဲ့မှ ပုန်ကန်ခြားနားပါတော့တယ်

ခေါင်းဆောင်ကတော့ လီအင်ဂျွာပါ သို့ပေမယ့် ဘုရင့်တပ်များနှိမ်နင်းခြင်းခံရပြီး ဖမ်းဆီးထောင်သွင်းအကျဉ်းချခံလိုက်ရပါတော့တယ်

လီအင်ဂျွာတစ်ယောက် ထောင်ထဲရောက်နေပေမယ့် ပုန်ကန်ရန်ထပ်မံကြံစည်ပုံ………

အရာရှိရာထူးကနေပြုတ်ကျပြီးသာမန်ထောင်စောင့်လေးဖြစ်ေနေတဲ့ ကင်ဟိုတစ်ယောက် ပုန်ကန်မှုကိုတားဆီးပုံ……

သွေးချောင်းစီးမယ့်ပုန်ကန်မှုကြီးမှာပါဝင်နေတဲ့ နောက်ကွယ်ကလက်များ…….

အရေးသာချိန်မှာကိုယ့်ဘက်ပါပေမယ့် အရေးနိမ့်ချိန်မှာကိုယ့်ကိုစွန့်ပစ်တဲ့လူ့သဘောသဘာဝတွေ………စတာတွေနဲ့အတူ သိုင်းချခန်းကောင်းကောင်းတွေကို တစ်ဝကြီးခံစားရမှာပါ

၁၇၂၈ ယောင်းဂျိုနန်းသက်လေးနှစ်မှာဖြစ်ပွားတဲ့ သွေးချောင်းစီးပုန်ကန်မှုကြီးကို အခြေခံပြီးရိုက်ကူးထားတဲ့ အက်ရှင်ကားတစ်ကားဖြစ်ပါတယ်

#Credit
🔥

02 Apr, 10:56

874

Luck Key (2016)
ယွန်းဂျယ်ဆောင်းဆိုတဲ့လူငယ်လေးတစ်ယောက်ဟာအလုပ်မှန်သမျှမှာလည်း မအောင်မြင် အကြွေးတွေကလည်း ပတ်လည်ဝိုင်း ဂရုစိုက်မယ့်သူလည်းမရှိ တွယ်ရမဲ့စုတ်ပြတ်နေတဲ့ဘ၀ကြောင့် ကိုယ့်ကိုကိုယ် သတ်သေဖို့အထိတောင်ကြိုးစားဖူးတယ်… ဒီလိုနဲ့ တစ်နေ့တော့ အများသုံးရေချိုးကန်ကိုသွားရေချိုးဖြစ်တယ်…
သူရေသွားချိုးတဲ့အချိန် လူတစ်ယောက်ကိုသတိထားမိသွားတယ်…
အ၀တ်အစားနဲ့ ပတ်တဲ့နာရီကိုကြည့်ရုံနဲ့ အရမ်းချမ်းသာပုံရတဲ့လူတစ်ယောက်ကိုဆိုပါတော့… အဲ့ဒီလူဟာ တိုက်ဆိုင်စွာပဲ ရေချိုးခန်းထဲမှာ ဆပ်ပြာတုံးတစ်တုံးကြောင့် လဲကျပြီး ခေါင်းနဲ့ကြမ်းပြင်ကိုရိုက်မိကာဆေးရုံရောက်သွားတယ်…စိတ်ဓာတ်ပျက်ယွန်းဂျယ်ဆောင်းတစ်ယောက် လဲကျနေတဲ့သူရဲ့ရေချိုးခန်းအ၀တ်အစားထားတဲ့အခန်းသော့ကို ချက်ချင်းလဲလိုက်တယ်..တခြားသူက ဆေးရုံရောက်သွားပေမယ့် ယွန်းဂျယ်ဆောင်းအတွက်တကယ့်ပွပေါက်ပဲ...နာရီအကောင်းစား ပိုက်ဆံအိပ်ထဲလည်း ပိုက်ဆံအပြည့်ပါတဲ့အပြင်ကားအကောင်းစားရဲ့ GPS ကလည်း တန်ဘိုးကြီးမြင့်လွန်းတဲ့အိမ်ဆီကိုရောက်သွားစေတယ်… ယွန်းဂျယ်ဆောင်းဟာ ပစ္စည်းတွေပြန်ပေးဖို့လုပ်ပေမယ့် ပိုင်ရှင်ဖြစ်တဲ့သူဟာ ကြမ်းပြင်နဲ့ရိုက်မိတဲ့ဒဏ်ကြောင့် အတိတ်မေ့သွားတယ်…ပြောရရင် လူချင်းချိန်းလိုက်သလိုဖြစ်သွားတာကို အခွင့်ကောင်းယူပြီး ယွန်းဂျယ်ဆောင်းဟာ တခြားသူတိုက်ခန်းမှာ ခပ်တည်တည်သွားနေလေရဲ့…သူ့အပျော်တွေဟာ သိပ်တော့ကြာကြာမခံပါဘူး…တိုက်ခန်းပိုင်ရှင်ဖြစ်တဲ့အတိတ်မေ့နေတဲ့သူဟာလက်နက်ပေါင်းစုံ လူမိုက်တွေနဲ့ဆက်သွယ်ထားတဲ့ အချက်အလက်ပေါင်းစုံရှိနေတဲ့ ကြေးစားလူသတ်သမားအဖြစ်သိရှိပြီးတဲ့နောက်ယွန်းဂျယ်ဆောင်းတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ…အတိတ်မေ့သွားတဲ့ လူမိုက်ကြီးကရော ဘယ်လိုရှေ့ဆက်မလဲ…ဘယ်လိုအန္တရယ်တွေကရော သူတို့ကို ဆီးကြိုနေမလဲ
🔥

02 Apr, 01:16

718

The Ghazi Attack [2017]

အိန္ဒိယ ရဲ့ပထမဆုံးရေအောက်မှာရိုက်ကူးတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

ဒါရိုက်တာ Sankalp Reddy ရိုက်ကူးထားတာဖြစ်ပြီးတော့ IMDB 7.7 ထိရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။

အညွှန်း

1971 ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲအတွင်း ပါကစ္စတန်ရေငုပ်သင်္ဘောတစ်စင်းသည် Vizag ဆိပ်ကမ်းကို လျှိုဝှက်စွာ ပြန်လည်တိုက်ခိုက်ရန် ကြံစည်နေသည်ကို အိန္ဒိယ ရေတပ်ကကြားဖြတ်ဖမ်းယူနိုင်ခဲ့တာကြောင့် အိန္ဒိယပိုင်ရေငုပ်သင်္ဘော S21 ကိုစေလွှတ်စောင့်ကြည့်စေခဲ့ပါတယ်။

ဒါပေမယ့် S21 ရဲ့ ကပ္ပတိန်က စောင့်ကြည့်ရမှာကို စတင်ပစ်ခတ်လိုက်ချိန် မှာတော့....
🔥

01 Apr, 10:12

685

Jaya Janaki Nayaka [2017] မြန်မာစာတန်းထိုး
======================

IMDB 5.2/10

အညွှန်း....

အုပ်ထိန်းသူအိမ်ရှင်မ မရှိတော့တဲ့နောက်ပိုင်း

စည်းလွတ်ဝါးလွတ်နေချင်သလိုနေလာတဲ့ သားအဖသုံးယောက်

သူတို့ဘ၀ထဲကို မိန်းမချောလေးရောက်လာပြီး သံယောဇဉ်တွယ်ကာမှ

ဒီမိန်းကလေးနဲ့ပတ်သက်နေတဲ့ အန္တရာယ်တွေ၊ ဂိုဏ်းသတ်ပွဲတွေကြောင့်

သေမင်းကိုလက်ယပ်ခေါ်မိသလိုဖြစ်ကြသောအခါ....
🔥

01 Apr, 10:08

693

Monster (2014) မြန်မာစာတန်းထိုး

IMDb. = 6.5/10
ဒီရုပ်ရှင်ဟာ အလယ်အလတ်အဆင့် ကိုရီးယားရုပ်ရှင်ဆိုတော့ကာ အားနည်းချက်နဲ့ အားသာချက် အလီလီတော့ရှိနေတယ်။
သို့ပေမဲ့ Entertainmentတော့ အပြည့်အ၀ဖြစ်တဲ့ ရုပ်ရှင်ဆိုတာတော့ အာမခံလို့ရပါတယ်။
Thriller, Action အမျိုးအစားပေမဲ့ Thrillerနည်းပြီး Actionများတဲ့ကားလို့ ဆိုရမှာပဲ။
Psychopath လူသတ်သမားဖြစ်တဲ့ Lee Min Ki ရဲ့ သတ်ခန်း‌ဖြတ်ခန်းတွေကိုတော့ လူအတော်များများ အကြိုက်တွေ့ကြမှာ
ရုပ်ရှင်ရဲ့အားသာချက်ကိုပြောရရင်တော့ အားအသာဆုံးအပိုင်းက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုပဲ။
ကလေးသရုပ်ဆောင်က အစအတော်လေး အသက်၀င်တယ်။
သရုပ်ဆောင်ကောင်းဆို cast တွေကလည်း ဆရာတွေကိုး။
အဓိကဇာတ်ဆောင်ဖြစ်တဲ့ လီမင်ဂီကတော့ Beauty Inside series နဲ့ OH Master မှာ Sociopath ဆန်ဆန် ဇာတ်ရုပ်တွေနဲ့ အတော်လိုက်ဖက် သရုပ်ဆောင်ကောင်းခဲ့တဲ့လူ။
ဒီမှာလည်း Psychopathအနေနဲ့ အတော်လေး သရုပ်ဆောင်တာ ကောင်းတယ်။
နောက်… ပွဲဦးထွက် A Muse (2012)မှာကတည်းက အတော်လေးဂေါ်ခဲ့တဲ့ Goblin နဲ့နာမည်ကြီးတဲ့ ဂင်ဂိုအွန်းကလည်း ကျပ်မပြည့်တဲ့ ဇာတ်ကောင်နေရာမှာ အံ၀င်ခွင်ကျကို လိုက်ဖက်တယ်။
ကလေးသရုပ်ဆောင်မလေး အပါအ၀င် ကျန်တဲ့လူတွေလည်း သူ့နေရာနဲ့သူ ကောင်းကြပါတယ်။
အကုန်လုံးကလည်း K Drama တွေနဲ့ ရင်းနှီးတဲ့သူတွေ မစိမ်းတဲ့ သူတွေချည်း။
နောက်အားသာချက်ကတော့ ကလေးသရုပ်ဆောင်နဲ့ ဂိုအွန်းနဲ့ကြားက Chemistry က ချစ်စရာလည်းကောင်း နာကျင်စရာလည်းကောင်းပြီး အတော်လေး Emotional ဖြစ်တယ်။
အားနည်းချက်ကတော့ သိပ်တော့ ထွေထွေထူးထူး မဟုတ်ပေမဲ့ R Rate မထားချင်လားလို့လားတော့ မသိ သတ်ခန်းဖြတ်ခန်းတွေမှာ လုံး၀ ပီပီပြင်ပြင်ကြီး သတ်ပြသွားတာမျိုး မရှိဘူး။
သို့ပေမဲ့ သွေးသံရဲရဲအခန်းတွေတော့ အတော်များပါတယ်။
Run time ပိုယူပြီး သတ်ခန်းဖြတ်ခန်းတွေကို သေချာလေးပြပြီး ဇာတ်အိမ်လေးနည်းနည်း ဖြည့်လိုက်ရင်တော့ ဒီထက် ကြည့်ရကောင်းသွားမယ်တော့မြင်မိတာပါပဲ။
ပတ်ချန်း၀တ်ကားဆန်သွားတာပေါ့။
ဒါရိုက်တာကတော့ Spellbound နဲ့ ဒီကား နှစ်ကားပဲရိုက်ထားပြီး နှစ်ကားလုံး အတော်ကြည့်ပျော်တော့ မဆိုးဘူးပြောရမယ်။
ဘာပြောပြောပါ နာမည်ကြီးဒါရိုက်တာတစ်ယောက် ရိုက်တာမဟုတ်ဘဲ ဒီလောက်ကြည့်ပျော်တဲ့ Thrillerလိုင်းက ကားက ရှားပါတယ်။
ကိုရီးယား Psychopath ရုပ်ရှင်တွေ Thriller ရုပ်ရှင်တွေ ကြိုက်တဲ့လူတွေအတွက် အာသီသ ပြေစေမယ့်ကားဖြစ်တဲ့အပြင်
ရင်နင့်စဖွယ်အရာတွေနဲ့ ချစ်စဖွယ် ဇာတ်၀င်ခန်း‌တွေကို ရောယှက်ပြီး ပရိတ်သတ်ကို ခံစားရအောင်လုပ်နိုင်တဲ့
Entertain လည်း အတော်ဖြစ်တဲ့ ကားဆိုတာကတော့ မမှားပါဘူး။
🔥

31 Mar, 14:34

717

In Time (2011)


အဆိုတော်မင်းသားချော Justin Timberlake နဲ့ မင်းသမီး Amanda Seyfried တို့ပါဝင်ထားတဲ့
Action/Sci-fi/Thriller အမျိုးအစားဇာတ်ကားတစ်ကားပါ…
နောင်နှစ်ပေါင်းများစွာကြာသောအခါ
၂၁၆၉ခုနှစ်မှာ လူသားများသည် အသက်၂၅ နှစ်ပဲရှည်အောင် တီထွင်ခံရသောအခါ….
မွေးဖွားလာကတည်းက လက်မောင်းမှာ ဒစ်ဂျစ်တယ်နာရီပါလာသောအခါ…
ဆက်လက်အသက်ရှင်ချင်ရင် အသက်နာရီတွေကိုသုံးရသောအခါ….
ချမ်းသာတဲ့လူရယ် ဆင်းရဲတဲ့သူရယ် ခွဲခြားထားသော အချိန်များပြောင်းလဲမှု
Dayton နှင့် New Greenwich ဆိုတဲ့ အချိန်ဇုံ၂ခုကြား…
မင်းသား Justin Timberlake ကိုထည့်သွင်းလိုက်သောအခါ…..
#reviewcrd