Latest Posts from 🔥 (@tvchannelp) on Telegram

🔥 Telegram Posts

🔥
6,644 Subscribers
22 Photos
1 Videos
Last Updated 05.03.2025 19:47

The latest content shared by 🔥 on Telegram

🔥

11 Apr, 02:55

3,626

Puli 2015
==============

ဒီဇာတ်ကားလေးမှာတော့ ဗီဂျေး ရဲ့ ဇာတ်ကားဟောင်းလေးတစ်ခု တင်ဆက်ပါရစေ.. ဇာတ်ကားအမည်က "ပူလီ". ပူလီဆိုတာ ကျားလို့ ဆိုလိုတာပါ...

ကျားတကောင်လို သန်မာ ဖျတ်လတ်ပြီး ရဲစွမ်းတယ်လို့ ဆိုလိုချင်ပုံရပါတယ်...

ဇာတ်လမ်းက ထရီဗယ်ဆိုတဲ့ ရွာလေးကို စမ်းချောင်းလေးအတိုင်း ကလေးတယောက်မျောလာပါတယ်...

ဒါကို ရွာလူကြီးကတွေ့ပြီး မွေးစားလိုက်ပါတယ်...

ကလေးနာမည်ကိုလဲ မက်ယူဒီယမ်လိုခေါ်ပါတယ်...

သူတို့ရွာတွေကိုတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဗီသယ်လာပူရမ်က လူေ

တွက လာရောက်အနိုင်ကျင့် ဆက်ကြေးတောင်းကြပါတယ်...

သူတို့တွေဟာ ဒေါသထွက်ရင် မျက်လုံးတွေပြာပြီး အစွယ်တွေထွက်လာတတ်ပါတယ်...

အစွမ်းလဲ အလွန်ကြီးလို့ ထရီဗယ်ရွာကအစ ရွာနီးချုပ်စပ်တွေက အကုန် ကြောက်နေရပါတယ်...

မက်ယူဒီယမ်လေး အရွယ်ရောက်လာတာနဲ့ အမျှ ရွာလေးကို ကာကွယ်စောင့်ရှောက်နေပါတယ်... ဒီလိုနဲ့ .... တစ်နေ့မှာတော့
🔥

09 Apr, 04:03

3,038

ဖြစ်ရပ်မှန် ဇာတ်ကား 💜 မျက်ရည်ခိုင်မှ ကြည့်ပါ 😭 ကိုယ်ဆို မျက်ရည်ပေါက်ပေါက်ကျ  ကြည့်ပီးတာ 5 ခါလောက်ရှိပြီ ပြန်တင်ပေးပါဆိုလိုပြန်င်ိုကြတာပေါ့
Lion ( 2016 )

မိသားစုနဲ့ ဝေးကွာနေရတဲ့အခါ လွမ်းစွတ်တမ်းတမိတာမျိုး, ဒုက္ခတွေ ကြုံရတဲ့အခါ အိမ်လွမ်းမိတာမျိုးကို ကျွန်တော်တို့တွေ ကြုံဖူးကြမှာပါ။ ဘယ်လောက်ပင် သာယာတဲ့ အခြေအနေမျိုးမှာ ရှိနေပါစေ မိသားစုနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကိုပြန်တမ်းတမိကြမှာပါ။

Saroo ရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်ကို ကျွန်တော် အလွယ်တကူဘဲ ကိုယ်ချင်း စာခံစားလို့ရခဲ့ပါတယ်။ ၂၅နှစ်လောက် ငါ့မိသားစု ငါ့ကို ပူဆွေးစွာလိုက်ရှာ နေခဲ့တဲ့ ခံစားချက်ကို ငါနားလည်တဲ့ ဆိုတဲ့ Saroo ရဲ့ စကားဟာ သူ့မိသားစု အပေါ်မှာထားရှိတဲ့ သံယောဇဉ်ပါ။

Saroo ရဲ့ သူ့အကိုပေါ်မှာ ထားတဲ့ သံယောဇဉ်ဟာ အကိုတစ်ယောက်ထက်ပိုတဲ့ ဖခင်တစ်ယောက်လို အားကိုးတဲ့ သံယောဇဉ်မျိုးဖြစ်ခဲ့မှာပါ။ တကယ်တော့ မိသားစု ရဲ့ မေတ္တာကသာ အနွေးထွေးဆုံးပါ…….
🔥

09 Apr, 04:00

2,658

Nannaku Prematho [2016]

ခံစားချက်ဆိုတာ ချက်ချင်းထုတ် ဖော်ပြသရတဲ့အရာလို့ထင်ခဲ့ဖူးတယ် ဒါပေမဲ့တစ်ချို့ခံစားချက်တွေကတော့ ဖုံးကှယျထားဖျို့လျိုတာပေါ့ ဒီခံစားချက်တွေကိုဆက်သိမ်းထားမှ ဒီ နာကျည်မှူကြီးက ကျနော်တို့နဲ့တူတူ တစ်သက်လုံးရှိနေမှာလေ

ရိုးရိုးရှင်းရှင်းလေးနဲ့ လှည့်ကွက်တွေထည့်သုံးသွားတဲ့ဒီကားလေးက ကြည့်ရတာ အရမ်းတန်ပါတယ်နော် ......

UKနိုင်ငံမှာရှိတဲ့ India လူမျိုးတွေထဲမှာ အချမ်းသာဆုံးလုပ်ငန်းရှင်ဖြစ်တဲ့ ရမေချန် ဒရာပါရဆတ် တစ်ယောက် ဂိမ်းတစ်ခုကစားပြီးလှည့်ဖျားတက်တဲ့ ခရစ်ရှနာမာတီရဲ့ လိမ်လည်ခြင်းခံလိုက်ရပြီး လုပ်ငန်းတွေဒေဝါလီ ခံလိုက်ရတဲ့ ရမေချန်ဒရာပါရာဆတ် တစ်ယောက် သား ၃ယောက် အတွက် အရွုံး သမား ဆူပရာမန်နီရမ် အဖြစ် ဘဝကိုခက်ခဲစွာရပ်တည်ခဲ့တယ်
နောက်ဆုံးထွက်သက်တွက် ရက် ၃၀အလိုမွာ ရင်ထဲက နာကျည်မှုတွေထုတ်ပြတဲ့ချိန် သားငယ်ဆုံးဖြစ်သူ အာဘီရမ် တစ်ယောက် သူ့အဖေရဲ့နောက်ဆုံး ဆန္ဒကို ဘယ္လို ဖြည့်ဆည်းပေးမလဲ?

ကြားထဲ အာဘီရမ် နဲ့ ခရစ်ရှနာမာတီရဲ့ အချစ်ဆုံးသမီးလေး ဒေဗရာ ရဲ့အချစ်ရေးဘယ်လိုရှိမလဲ?

အာဘီရမ် ကေရာ ခရစ်ရှနာမာတီရဲ့ ဘီလယံ 35000 ကြွယ်ဝမှုတွေကို ရက် 30 နဲ့ 0 ဖြစ်အောင် လုပ်နိုင်မလား?
🔥

05 Apr, 04:17

2,149

Ali and Nino (2016)

Drama, Romance, War

ဒီဇာတ်ကားဟာ 1918 ခုနှစ်က မူဆလင်ကောင်လေးနဲ့ခရစ်ယာန်ကောင်မလေးတို့နှစ်ယောက်ရဲ့ အချစ်ကိုပုံဖော်ထားတာပါ။မူရင်းဝတ္ထုကလည်း အတော်အသင့်နာမည်ရှိပါတယ်။ ရေနံတွင်းတွေပေါများလှတဲ့ အဇာဘိုင်ဂျန်ကို ရုရှားတွေသိမ်းထားပြီးပထမကမ္ဘာစစ်ဖြစ်နေချိန်ပေါ့။ အဇာဘိုင်ဂျန်ဟာ ပါရှား၊ ဂျော်ဂျီယာနဲ့အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဥရောပတိုက်နဲ့ အာရှတိုက်အကြားကနိုင်ငံဖြစ်တဲ့အတွက် အချက်အချာကျလှပါတယ်။ ရုရှားကိုလိုနီနိုင်ငံဖြစ်တဲ့အတွက်နိုင်ငံအတွင်းမှာ ရုရှားမိတ်ဖက်စီးပွားရေးသမားတွေလည်း ခြေရှုပ်လှပါတယ်။အဇာဘိုင်ဂျန်မင်းသား အလီနဲ့ ဂျော်ဂျီယာမင်းသမီး နီနိုတို့ဟာ လူမျိုးမတူ၊ဘာသာကွဲပြားတဲ့ကြားက ချစ်ခဲ့ကြပါတယ်။ အဇာဘိုင်ဂျန်ဘုရင်ကသူတို့အချစ်ရေးကို သဘောတူပေမဲ့ ‌နီနို့အဖေဂျော်ဂျီယာမင်းသားကတော့ရှုပ်ထွေးလှတဲ့နိုင်ငံရေးအခြေအနေတွေကြောင့် အချိန်ဆွဲလျက်ရှိပါတယ်။ဒါ့အပြင် နီနိုကို မော်စကိုစီးပွားရေးသမားတစ်ယောက်ကလည်းအပိုင်ကြံဖို့ကြိုးစားနေပါတယ်။ ရှုပ်ထွေးလှတဲ့နိုင်ငံရေးတွေကြားမှာအလီနဲ့နီနိုတို့ ဘယ်လိုဆုံဆည်းကြမလဲဆိုတာကို ကမ္ဘာစစ်နောက်ခံထားပြီးကြည့်ရှုရမှာဖြစ်တဲ့အတွက် သမိုင်းစိတ်ဝင်စားသူ အချစ်ဇာတ်လမ်းကောင်းကြိုက်သူတို့အတွက် လက်မလွှတ်သင်တဲ့ဇာတ်ကားတစ်ကားပါ။
🔥

05 Apr, 04:11

1,724

Lady of the Dynasty (2015)

၇ ရာစုခန့်က တရုတ်ပြည် á€‘န်မင်းဆက်ခ္တ်မသဏ ရွှမ်ကျုံးဆိုတဲ့ ထန်ဧကရာဇ် စိုးစံတယ်….
သူဟာ ထန်ခေတ်ရဲ့အချောဆုံးအလှဆုံးဆိုနိုင်တဲ့ ရန်ယုဟွမ်ဆိုတဲ့ မိန်းကလေးကို တွေ့ပြီး မြင်မြင်ချင်း အရည်ပျော်သွားတာကြောင့် တော်ကောက်ဖို့လုပ်ပါတယ်
ပြသနာကအဲ့မိန်းကလေးဟာ သူ့ရဲ့သားနဲ့လက်ထပ်ထားသူဖြစ်ပြီး တနည်းအားဖြင့် သူ့ချွေးမဖြစ်နေပါတယ်
ဒါပေမယ့်သူဟာရှင်ဘုရင်ဖြစ်ပြီးလိုချင်တာကိုရအောင်ယူနိုင်တဲ့လူဖြစ်နေတာကြောင့်
အချစ်ရဲ့စေစားရာအတိုင်း ရန်ယုဟွမ်ကိုမိဖုရားတင်မြှောက်ဖို့ မကြံကောင်းမစည်ရာတွေ ကြံစည်ပါတော့တယ်
ဒီလို အဆိပ်ပန်းသီးစားရတဲ့ချစ်ခြင်းတစ်ခုဟာဘယ်လိုဆက်သွားပြီးရာဇဝင်မှာဘယ်လိုအဆုံးသတ်ရတယ်ဆိုတာ

ရုပ်ရှင်ရဲ့ကြာချိန်တိုတိုလေးအတွင်းမှာ ရှည်လျားထွေပြားပြီး သပွတ်အူလိုရှုပ်နေတဲ့ရာဇဝင်ကိုပြည့်စုံအောင်မရိုက်ကူးနိုင်တာကြောင့်

ရုပ်ရှင်ကိုတော့ရာဇဝင်နောက်ခံ ရသမြောက်အောင် ဖန်တီးတင်ဆက်ထားတာဖြစ်ပြီးအချောဆုံးအလှဆုံးမိဖုရားနေရာကနေ တရုတ်မင်းသမီးချော ဖန်ပင်းပင်းက တကယ့်ကိုလိုက်ဖက်စွာ သရုပ်ဆောင်ထားပါတယ်။
🔥

03 Apr, 11:48

1,653

Legend Of The Naga Pearls (2017)

IMDb - 5.5/10
Genre - Adventure, Fantasy

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူသားမျိုးနွယ်နဲ့ တောင်ပံလူသားမျိုးနွယ်တို စစ်ပွဲတွေဆင်နွှခဲ့ကြပါတယ်။ဒီလိုအငြိုးအတေးတွေနဲ့တိုက်ခိုက်မှုတွေရှိခဲ့တဲ့အတွက်ကြောင့်တောင်ပံလူသားတွေဟာ သူတိုရဲ့ အသက်ဖြစ်တဲ့ ကြယ်ကြွေပန်းကို ဆုံးရှူးခဲ့ရပြီး မပျံသန်းနိုင်တော့တဲ့အထိဖြစ်ခဲ့ရပါတယ်။အဲ့ဒါကြောင့် တောင်ပံလူသားတစ်ဦးဖြစ်တဲ့ရွှယ်လျဲ့ဟာနာကြည်းမုန်တီးမှုရန်ငြိုးတွေကြောင့်ငါးမန်းပုလဲကို ရယူပြီး လူသားတွေရဲ့ ကမ္ဘာကို ပျက်စီးအောင် ကြိုးစားပါတော့တယ်။ အဲ့ဒါတွေကို ဓားပြကြီးနီခုံးခုံး၊ မိန်းမလှလေးတောင်ပံမည်းနဲ့ ဘုရင့်သားတော်ဟော့လိတိုစုပေါင်းပြီးတားဆီးရွယ်လျဲ့ကိုတားဆီးဖိုကြိုးစားကြမှာပါ။ ဘယ်လိုတားဆီးကြမလဲဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုတော့ပရိသတ်တွေရင်သတ်ရှုမောစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အချစ်ရသအနေနဲ့ကတော့ဓားပြကြီးနီခုံးခုံးနဲ့ မိန်းမလှလေးတောင်ပံမည်းတိုရဲ့ မေတ္တာရေးဇာတ်လမ်းကိုလည်းရိုမတ်တစ်ဆန်ဆန်လေးခံစားကြရမှာပါ။
🔥

03 Apr, 11:39

1,419

Oz the Great and Powerful (2013)

IMDB (6.3/10)

သက္ကရာဇ် (၁၉၀၅) ခုနှစ်မှာ အော်စကာလို့ အမည်ရတဲ့ မျက်လှည့်ဆရာတစ်ယောက်ဟာ လေမုန်တိုင်းတိုက်ခံရတာကနေတစ်ဆင့် (The Land of OZ) ခေါ်တဲ့နေရာကိုရောက်ရှိသွားပါတယ်

သူရောက်ရှိသွားတဲ့နေရာမှာ (သီအိုဒေါ) ဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံခဲ့ပါတယ်..အဲ့ဒီမိန်းမလှလေးက (အော်စကာ) ဟာဆိုရင် သူတို့ရဲ့ မြေကို ရက်စက်တဲ့ စုန်းမကြီးလက်ထဲကနေ ကယ်တင်မယွ ဟောကိန်းလာ မှော်ဆရာကြီးလို့ ယုံကြည်ခဲ့ပါတယ်

ဒါပေမယ့် (အော်စကာ) ဟာ မှော်ပညာတတ်တဲ့ သူတစ်ယောက်မဟုတ်ပဲ သာမန် မျက်လှည့်ဆရာလေးဖြစ်ပါတယ်

ဒီလိုနဲ့ (အော်စကာ)ဟာဆိုရင် နန်းတော်ကိုရောက်သွားပြီး (သီအိုဒေါ) ရဲ့ အစ်မဘုရင်မတို့နဲ့ တွေ့ဆုံခဲ့ပါတယ်

အဲ့ဒီနောက်မှာတော့ (အော်စကာ) ဟာ စုန်းမကြီးကို နှိမ်နှင်းပေးဖို့ ကတိပေးပြီး ဟန်ကိုယ့်ဖိုဆိုသလို ထွက်လာခဲ့ပါတယ်

ဒါပေမယ့် စုန်းမကြီး နေထိုင်တဲ့နေရာကိုရောက်တော့ သူထင်နေသလို စုန်းမကြီးမဟုတ်တဲ့အပြင် တစ်ကယ့် အမှန်တရားတစ်ခုကို သိလာရတဲ့ အခါမှာတော့ ဘာတွေ ဘလို ဆက်ဖြစ်လာမလဲဆိုတာကိုတော့

#Credit
🔥

03 Apr, 11:21

1,312

Jane Got a Gun (2015)
--------------------------------

IMDB (5.9/10)

ဒီရုပ်ရှင်ကို ဘာကြောင့်တင်ဆက်ဖြစ်သလဲဆို တစ်အချက် နာတာလီ ပေါ့တ်မန်း၊ နှစ်အချက် နာတာလီ ပေါ့တ်မန်း၊ သုံးအချက် နာတာလီ ပေါ့တ်မန်းပါပဲ။ ပေါ့တ်မန်းဟာ ငယ်ငယ်ကတည်းကကို Léon: The Professional လို မာစတာပိစ်ရုပ်ရှင်ကားမှာ အဓိကနေရာက ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဖြစ်ပြီး V for Vendetta တို့ Heat တို့ Jackie တို့လို တကယ့်ကားကောင်းတွေမှာပါခဲ့သလို Black Swan နဲ့လည်း အော်စကာရထားတဲ့ မင်းသမီးတစ်လက်ပါပဲ

ခုထိကို တကယ့်မင်းသမီးကောင်းတစ်လက်ဖြစ်နေသေးသလို ဒါကလည်း သူအဓိကနေရာက ပါတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ ပူစရာမရှိဘူးပေါ့

#Crd
🔥

03 Apr, 03:16

1,280

The Vanishing of Sidney Hall (2017)

Rating ကောင်းကောင်းနဲ့ ဝေဖန်မှုကောင်းကောင်းရရှိထားတဲ့ Drama/Mystery ဇာတ်ကားလေးဖြစ်ပါတယ်

ဇာတ်အိမ်ကို Sidney Hall ဆိုတဲ့စာရေးဆရာတစ်ယောက်ကို အခြေပြုတည်ထားတာဖြစ်ပြီး ဒီဇာတ်ကားမှာ Sidney Hall ရဲ့ ဘ၀ကို ဆယ်ကျော်သက်အရွယ်၊ လူလတ်ပိုင်းနဲ့ သူပျောက်ဆုံးသွားတဲ့ အပိုင်းဆိုပြီး ၃ပိုင်းခွဲပြီး တင်ပြထားပါတယ်

ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ပျက်ခဲ့တာတွေ၊ လူလတ်ပိုင်းမှာဖြစ်ပျက်ခဲ့တာတွေကို အပြန်အလှန် ရိုက်ကူးပြထားပြီး အောင်မြင်သည့်စာရေးဆရာဖြစ်လာပြီးနောက် ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်

အဲဒီမှာပဲ သူ့ရဲ့ပျောက်ဆုံးမှုကိုလိုက်ခြေရာခံခဲ့တဲ့ Fraincis ဆိုသူပေါ်လာပြီး လိုက်လံဖော်ထုတ်ပါတော့တယ်

Sidney Hall ဘာကြောင့်ပျောက်ဆုံးသွားရတာလဲ၊ သူဆယ်ကျော်သက်အရွယ် လူငယ်ဘ၀မှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ

Francis ကရော ဘာကြောင့်လိုက်လံစုံစမ်းရတာလဲ၊ ဘယ်လိုမြုပ်ကွက်တွေ ရှိနေမလဲဆိုတာကိုတော့ Spoil ဖြစ်သွားမှာဆိုးလို့ ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်ပါတော့

စိတ်၀င်စားစရာကောင်းပြီး ရသအမျိုးမျိုး၊ တွေးခေါ်စရာအမျိုးမျိုးပေးနိုင်မယ့်ကားလေးပဲဖြစ်ပါတယ်
🔥

03 Apr, 03:07

1,184

Thor 2: The Dark World [2013]
=========================

ဇာတ်လမ်းအဖွင့်မှာ Odin က လက်ရှိ စင်္ကြာဝဠာထဲမှာ ဘာမှမရှိခင်ကာလတုန်းက အရာအားလုံး အမှောင်အတိဖြစ်နေပြီး အဲ့ဒီအမှောင်ထုထဲမှာ Dark Elf လို့ခေါ်တဲ့ လူမျိုးစုတွေ အမှောင်ထဲမှာနေထိုင်ကြပါတယ်။ အဲ့ဒီနောက်မှာ အလင်းရောင်ဖြစ်ပေါ်လာပြီး တစ်ခြား သတ္တဝါတွေ ဖြစ်လာပြီးနဲ့နောက်မှာ Dark Elf မင်းသားက စင်္ကြဝဠာကြီးကို အရင်လို အမှောင် ဘ၀ ပြန်ရောက်အောင်လုပ်ဖို့ကြိုးစားရာမှာ Odin ရဲ့အဖေ Bor က တားဆီးနိုင်ခဲ့ပါတယ်။
Dark Elf (Malekith) ရဲ့ လက်နှက် အဖြစ်သုံးတဲ့ Aether လို့ခေါ်တဲ့ အရာဝတ္ထုကိုတော့ ဖျက်ဆီးလို့မဖြစ်လို့ဘယ်သူမှာ မတွေ့နိုင်တဲ့နေရာမှာ ဖွက်ထားခဲ့ပါတယ်။ ဒါကို မင်းသမီး Natalie Portman က Thor နဲ့အဆက်အသွယ်ရဖို့ ကြိုးစားနေရင်းနဲ့ မထင်မှတ်ပဲ ရှာတွေ့သွားခဲ့ပါတယ်။ (ကမ္ဘာတွေအားလုံးက နှစ်ပေါင်း ၅၀၀၀ မှာတစ်ကြိမ် တစ်တန်းထဲ ကျပြီး တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိတယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်မှာ Malekith က ကမ္ဘာအားလုံရဲ့ နေတွေကို ဖျက်ဆီးဖို့ကြိုးစားတာပါ။) အဲ့လိုအချိတ်အဆက်ဖြစ်နေတဲ့ အချိန်မှာ မင်းသမီး က မထင်မှတ်ပဲ Aether ကို ဖွက်ထားတဲ့ ဂြိုလ်ပေါ်ရောက်သွားပြီး Aether က သူ့ကိုယ်ထဲ ဝင်သွားသလို Malekith ကလည်း Aether ရဲ့ စွမ်းအားကို အာရုံခံမိသွားပြီး Natalie Portman အနောက်ကို လိုက်ဖို့ကြိုးစား သလို Thor ကလည်း သူချစ်သူကို ရော ကမ္ဘာကြီးကိုပါ Malekith ရဲ့လက်က နေ ကယ်တင်ရပုံတွေကို ကြည့်ရှုခံစားရမှာပါ။