Последние посты TU Network (@tunetworkofficial) в Telegram

Посты канала TU Network

TU Network
Technological Universities Network - Ministry of Education, National Unity Government
2,432 подписчиков
81 фото
2 видео
Последнее обновление 09.03.2025 05:42

Похожие каналы

Crown Education
7,387 подписчиков
Sanchaung Scout Channel
5,288 подписчиков
Perfect Handmade Free Tutorial
2,318 подписчиков

Последний контент, опубликованный в TU Network на Telegram

TU Network

19 Jan, 04:57

705

25. Hello ဆရာခင်ဗျ TU ကို တက်ချင်လို့ပါခင်ဗျ။ ဒါပေမဲ့ ၂၀၁၅-၂၀၁၆က စနစ်ဟောင်းကို အောင်ထားတာပါခင်ဗျ။ အဲအောင်ကတည်းက English မေဂျာနဲ့ Uni တက်နေတာ အာဏာသိမ်းပြီးတော့ WOU မှာ Online နဲ့ ဆက် Join နေတာ ဒီနှစ် မဟာတန်း (Eng) ဆက်ပြီးတက်ဖို့ ရှိပါတယ်ခင်ဗျ။ နှစ်ဖက်ခွတာ မဟုတ်ပေမဲ့ Online ကနေပဲ TU  ကို Join လို့ရမလားခင်ဗျ။
နည်းပညာကို စိတ်ဝင်စားပေမဲ့ အပြင်သင်တန်းကို Join ဖို့ကျ ငွေကြေးမတတ်နိုင်လို့ပါခင်ဗျ။

26. Architecture majorကိုလျှောက်ချင်ရင်ဘယ်uni ကို joinရမလဲ ဘယ်ချိန်လောက်လျှောက်လို့ရမလဲ သိချင်ပါတယ် BECA ဖြေဆိုထားပြီးပါပြီ

27. Hello

Architecture နဲ့ပက်သက်ပြီးသိချင်လို့ပါ
ညီမက ၃လပိုင်းဆို GEDပြီးပါပြီ
ပထမနှစ် first semester ကို architecture နဲ့ join ချင်လို့ပါရှင့်
ဘယ်တော့ဖွင့်မလဲသိချင်တာရှင့် ပြီးတော့ GEDနဲ့ လျှောက်မှာဆိုတော့ ဘယ်လိုလျှောက်ရမလဲသိချင်တာပါရှင့်
အခုကတော့ architecture အတွက် သင်တန်းလေးတွေတက်ထားပါတယ်ရှင့် sketch ပိုင်းလည်း လေ့ကျင့်နေတယ်ရှင့် စိတ်ဝင်စားလို့ background knowledge အတွက်လည်း စာတွေဖတ်ထားတယ်ရှင့်

ညီမမေးခွန်းလေးကို ဖြေပေးပါရှင့်
ကျေးဇူးတင်ပါတယ်

28. BECA အမှတ်ကန့်သတ်ထားလားရှင့် ညီမအမှတ်အများကြီးမရခဲ့တော့ စာကလညါးလိုင်းအခြေနေကြောင့်သိပ်ပီးမတက်ဖြစ်ဘူး Zoom classဆိုတော့ record လည်းမရခဲ့တော့

29.
ညီမဝမ်းကွဲလေးက TU (ဗန်းမော်) ကနေ EP ပထမနှစ်နဲ့ကျောင်းနားထားတာ အာ့တာဒီမှာအစကနေပြန်တက်လို့ရမလားရှင့်

ဘယ်တော့ပြန်ခေါ်မလဲ လဲ သိချင်လို့ပါရှင့်

30.
ကျောက်ဆည်TU3BE(civil)မေဂျာသမီးတစ်ယောက်နဲ့ပင်လုံTU(EP)မေဂျာ4BEသားတို့CDMလုပ်ထားပါတယ်

ဘယ်လိုကျောင်းအပ်ရမလဲရှင့်
လုံခြုံရေးအတွက်နယ်သွားနေတော့မသိလိုက်တာပါ

31. မင်္ဂလာပါရှင့်
ဒုတိယအကြိမ် ဝင်ခွင့်ခေါ်ယူမှုမှာ သန်လျင်တို့ မပါဘူးလားရှင့် BECA ပြီးပြီးသားပါ
TU Network

07 Jan, 14:10

1,641

12. TU Magway ကနေ
Second year (Mechanical)နဲ့
CDM လုပ်ထားပါတယ် ။
ကျောင်းဘယ်လိုအပ်လို့ရပြိး
စာမေးပွဲတွေ ဘယ်လိုဖြေဆိုရပါမလဲ။ GPထဲက တင်ထားတာတွေက မရှင်းလို့ပါ။

- ကျောင်းအပ်တာက MES ကနေအပ်ရမှာပါ Moodle LMS မှာသင်ခန်းစာပြီးဆုံးအောင်လေ့လာသင်ယူပြီးမှ Exam ဖြေရမှာပါ
TU Network page မှာအသေးစိတ်ကြေညာပေးထားပါတယ်
TU Network

07 Jan, 14:04

1,838

9. Electronics Engineering က တတိယနှစ်သင်တန်းတွေ ခေါ်ဖို့ရှိလား။
- ဆွေးနွေးဆဲပါ

10. 4thr year Civil Second Sem အတွက် Structure ဘာသာရပ်မှာ ဘာမှမရှိသေးလို့ ပါ။ ဘယ်လိုဖြစ်တာလဲဆိုတာ​လေး​ဖြေ​ပေးလို့ရလား။
- ဘာသာရပ်အဖွဲ့ကိုထပ်မံအကြောင်းကြားပေးပါမယ်
ကျောင်းသားအနေနဲ့ဘာသာရပ်အဖွဲ့ Mail ကိုတိုက်ရိုက်ဆက်သွယ်ချိတ်ဆက်နိုင်ပါတယ်။

11. 4th year (Mech)
အတွက်က ဘယ်တော့လောက်
ခေါ်မလဲဗျ
- မကြာမီခေါ်နိုင်ဖို့ဆောင်ရွက်နေပါတယ်။
TU Network

07 Jan, 13:59

1,433

Personal Info ပါဝင်တဲ့ ​မေးခွန်းများကလွဲရင် တစ်ဦးချင်းစီ စာမပြန်ဘဲ ဒီက​နေ စုစည်း​ဖြေ​ဆို​ပေးပါမယ်​နော်
TU Network

07 Jan, 13:58

1,440

အ​မေးများ​သော ​မေးခွန်းများ (2)

1. မန္တ​လေးနည်းပညာနှင့် ရန်ကုန်နည်းပညာတို့က ဝင်ခွင့်​ခေါ်ယူမည့်အ​ခြေအ​နေကိုသိပါရ​စေ။
- သက်ဆိုင်ရာ​ကောင်စီများက မထုတ်ပြန်နိုင်​သေး

2. 5BE ​တွေအတွက် ​မေဂျာစုံအတန်း​တွေ ဘယ်​တော့​လောက်​ခေါ်ယူဖွင့်လှစ်မှာပါလဲ။
- မေဂျာအစုံဖွင့်နိုင်အောင်တော့ BOEs တွေထဲဆွေးနွေးနေဆဲပါ

3.GTIသင်တန်း Diploma နဲ့ ပြီးထားတဲ့သူတွေကို ပြန်ခေါ်ဖို့အစီအစဉ်ရှိလား
- GTI သင်တန်း Diploma ပြီးသူတွေကတော့ Vocational Education Committee page မှာမေးဖို့လိုပါတယ်

4. မြန်မာနိုင်​ငံ​လေ​ကြောင်းနှင့်အာကာသပညာတက္ကသိုလ် - Fourth Year CDM Student အတွက် ဘယ်လိုဆက်လက်သင်ယူရမလဲ သိချင်လို့ပါ။
- သက်ဆိုင်ရာကို ​မေးထား​ဆဲဖြစ်ပါတယ်။

5. Fourth year Civil Engineering Second Semester အတွက် Examက ဘယ်တော့ဖြေရမှာလဲရှင့်
- Moodle LMS တွင်သင်ထားသောသင်ခန်းစာများက်ုကျောင်းသားများပြီးဆုံးအောင်လေ့လာသင်ယူထားပြီး Exam ရက်ကို page က ထပ်မံကြေညာပေးပါမယ်

6. IT 4th yr တွေရော မဖွင့်ပေးသေးဘူးလား။
- ​ဆွေး​​နွေးဆဲ

7. 3 BE Mech နဲ့ CDM လုပ်ထားတာပါ ဘယ်အချိန် ‌အတန်းတွေဖွင့် ဦးမလဲ သိလိုပါတယ်။
- ဖွင့်ထားပါတယ်
ပထမအကြိမ် MES Register မလုပ်ထားခဲ့ရင် နောက်တစ်ကြိမ်ခေါ်ရင်လုပ်ထားနိုင်ပါတယ်
TU Network

07 Jan, 13:54

1,358

5BE အတန်းများနှင့်ပတ်သက်၍ တစုတစည်းတည်း​​ဖြေကြားချက်

- မေဂျာအစုံဖွင့်နိုင်ရန် BOEs တွေထဲဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ 2025 ခုနှစ်အတွင်း ဖွင့်လှစ်​ပေးမှာဖြစ်ပါတယ်။
TU Network

05 Jan, 15:03

1,562

​မေးခွန်း​မေးမြန်းလိုသူများအ​နေဖြင့် မိမိ​မေးလို​သော​မေးခွန်းကို ​သေချာ​ပြည့်စုံစွာရေး​သားပြီး ​@TUNwk25 သို့​ မေး​ပေးပါ။ ​ကျောင်းသားအ​ရေအတွက်များသည့်အတွက် မ​ဖြေဆိုမိသည်များ၊ မပြည့်စုံသည်များရှိပါက သည်းခံ​ပေးပါရန်။
TU Network

05 Jan, 15:02

1,618

အ​မေးများ​သော​မေးခွန်းနှင့် အ​ဖြေ (1)

1. TU Network First year အတန်း​တွေမှာ Join ဖို့အတွက်ဆိုရင် GED ရလဒ်လက်ခံပါသလား။
အ​ဖြေ - လက်ခံပါတယ်။

2. BECA သမားများအတွက် ​​ခေါ်ယူရန် စဥ်းစားထားရှိမှု
အ​ဖြေ - BECA များ ဝင်ခွင့် အတွက်ရေးဖြေ ဖြေဆိုရပါမည်။  ​ရေး​ဖြေ​ဖြေဆိုရမည့် နယ်ပယ်များ -
Concept & skill based on completed studies
General Knowledge
Basic Engineering Principles with relevant courses which completed studies
ကွန်ရက်မှ ပထမအကြိမ် ဝင်ခွင့်ခေါ်ယူခဲ့သော TU(မုံရွာ) WYTU TTU. TU (မော်လမြိုင်) TU (လွိုင်ကော်) တို့မှ BECA (စနစ်ဟောင်း) များကို ဒုတိယအကြိမ် ဝင်ခွင့်တွင် ခေါ်ယူရန် စဥ်းစားထားပါသည်။
TU Network

04 Jan, 10:47

1,777

သင်တန်းနှစ်အသီးသီး၏ သင်ယူမှုအကဲဖြတ်စစ်ဆေးခြင်းများနှင့် ပတ်သက်၍ အသိပေးကြေညာခြင်း
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်)

၁။ နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်သည် "စစ်ကျွန်ပညာရေးကို ကြံ့ကြံ့ခံ ဆန့်ကျင်သပိတ်မှောက်နေကြသော ကျောင်းသား ကျောင်းသူများအတွက် သင်ကြားသင်ယူမှု စဉ်ဆက်မပြတ်စေရန်" ရည်ရွယ်၍ ကြားကာလသင်ကြားရေးအစီအစဉ်များကို ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ပထမအကြိမ်နှင့် အောက်တိုဘာလတွင် ဒုတိယအကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တတိယအကြိမ် ခေါ်ယူဖွင့်လှစ်လျက်ရှိပါသည်။

၂။ ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)မှ ပဉ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)အထိ တက်ရောက်သင်ကြား နေသည့် ကျောင်းသားကျောင်းသူများ၏ သင်ယူမှုအကဲဖြတ်စစ်ဆေးခြင်းအတွက် နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်မှ မကြာမီကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။ ထို့ကြောင့် ဖွင့်လှစ်ထားရှိသော သင်တန်းနှစ်အသီးသီးရှိ CDM ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ သင်ခန်းစာများကို အပြီးသတ်လေ့လာထားနိုင်ကြရန် အသိပေးအပ်ပါသည်။

၄။ တတိယအကြိမ်အထိဖွင့်လှစ်ထားသည့် မေဂျာများနှင့် သင်တန်းနှစ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။

၁။ ဗိသုကာ (Architecture)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၂။ ဓာတုအင်ဂျင်နီယာ (Chemical Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၃။ မြို့ပြအင်ဂျင်နီယာ (Civil Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၄။ အီလက်ထရောနစ်အင်ဂျင်နီယာ ( Electronics Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၅။ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ (Electrical Power Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၆။ သတင်းအချက်အလက်နှင့်နည်းပညာအင်ဂျင်နီယာ ( Information Technology Engineering)
– ပထမနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)

၇။ စက်မှုအင်ဂျင်နီယာ (Mechanical Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်) နှင့်
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၈။ စက်မှုအီလက်ထရောနစ်အင်ဂျင်နီယာ ( Mechatronics Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)

၉။ သတ္တုတူးဖော်ရေးအင်ဂျင်နီယာ (Mining Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

၁၀။ ရေနံအင်ဂျင်နီယာ (Petroleum Engineering)
– ပထမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဒုတိယနှစ်သင်တန်း ( ဒုတိယနှစ်ဝက်)
– တတိယနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ စတုတ္ထနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
_ ပဥ္စမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)
– ဆဋ္ဌမနှစ်သင်တန်း (ဒုတိယနှစ်ဝက်)

နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်အနေဖြင့် သင်တန်းနှစ်အသီးသီး၏ သင်ယူမှု အကဲဖြတ်စစ်ဆေးခြင်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များအား ထပ်မံအသိပေး ကြေညာသွားမည်ဖြစ်ပါသည်။

#နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်
#TUs'CouncilNetwork
TU Network

04 Jan, 10:45

1,230

https://www.facebook.com/100090534476789/posts/556787127349098/