Tint Swe (@tintswe_yamuna_oline_clinic)の最新投稿

Tint Swe のテレグラム投稿

Tint Swe
မြန်မာနိုင်ငံသားများ ဘယ်မှာနေနေ ကျန်းမာစေရမည်။
မေးခွန်းစည်းကမ်းအရသာ မေးပါရန်။ စည်းကမ်းအတိုင်း မမေးလိုသူများ ဘလော့ခ်မှာ ဖတ်နိုင်ပါတယ်။
4,148 人の購読者
12,052 枚の写真
2 本の動画
最終更新日 12.03.2025 20:40

類似チャンネル

MYTECH MYANMAR
30,507 人の購読者
Click For Tanintharyi - C4T
2,434 人の購読者
Let's Click To Win Channel
1,839 人の購読者

Tint Swe によってTelegramで共有された最新のコンテンツ

Tint Swe

12 Mar, 14:43

19


ကွန်မင့်တခု = တနေ့တဍ်၊ အခါတပါးဍ်။
တနေ့သ၌
အခါတပါး၌
(၁)
အခါတပါး၌ ရှင်မဟာကပ္ပိနသည် ဘုရားရှင်၏ အနီး၌ တင်ပျဉ်ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာထားပြီး သတိကို အာရုံသို့ တည်စေလျက် ထိုင်နေ၏။
(၂)
ပထမဆုံး စုံထောက်ခဲ့သော ဝတ္ထု (ရွှေဥဒေါင်း)
(၃)
တနေ့သ၌ ကျွန်တော်သည် အလုပ်မှ ပြန်လာပြီးနောက် ထမင်းစားသောက်ပြီးသဖြင့် ပက်လက်ကုလားထိုင် တလုံးပေါ်တွင် ထိုင်၍ ရှေးဟောင်းနှောင်းဖြစ်များကို ပြန်လှန် စဉ်းစားလျက်ရှိနေရာ ကျွန်တော်၏ မိတ်ဆွေ ဦးစံရှားမှာ မိမိ၏အလုပ်နှင့် စပ်လျဉ်း၍ ရရှိသော စာဟောင်းများကို ရက်စွဲ အစီအစဉ် တပ်ပြီးလျှင် ဖိုင်တွဲလျက် ရှိနေလေ၏။
တခုသောမိုးဥတု၏တနေ့သ၌ (ကိုင်ဇာ တေးရေး နိုင်မြန်မာ)
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 14:40

17

Scalp Fungus ဆံပင်မှို
ဆရာရှင့် အသက် ၅၃ နှစ် အမျိုးသမီးပါ။ ဦးခေါင်းခွံမှာ ၂ လက်မပတ်လည်လောက်ဖွေးဖွေးတွေထပြီးယားနေတာ ၆လကျော်ပါပြီ။ခေါင်းတွေပါကိုက်တဲ့အထိ နာပါတယ်။ ဆေးခန်းက ‌ဆရာမက griseofulvin 125 mg ပါတဲ့ဆေးကို မနက် ၂ လုံး ည ၂ လုံးသောက်ခိုင်းပါတယ်။ terbinafine လိမ်းဆေးပေးပါတယ်။ဆေးသောက်တာ ဆယ်ရက်လောက်ရှိပါပြီ။ ရင်တွေပူတာ မျက်နှာတွေတင်းပြီးအသားပတ်သလိုပက်ကြားတွေကအက်လာလို့ပါ။ ဆေးဆက်သောက်ရမလား။ရပ်ထားရမလားရှင့်။ ဆေးခန်းပြန်ပြဖို့ကလဲ ငွေရေးကြေးရေးအဆင်မပြေသေးလို့ပါ။
Scalp Fungus ဆံပင်မှို https://dr-tint-swe.blogspot.com/2020/12/scalp-fungus.html
Scalp infections ဦးရေခွံ ပိုးဝင်ခြင်း https://dr-tint-swe.blogspot.com/2022/11/scalp-infections.html
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 14:39

20

Dog bite ခွေးကိုက်ခံရလျှင်
ဆရာဗျ အသက် ၁၆ နှစ်အရွယ်‌ ယောက်ျားလေး ရေကျောက်ပေါက်နေရင်း ခွေးကိုက်ခံရလို့ပါ။ ရေကျောက်တွေကညှိုးနေပါပြီ။ ခွေးကိုက်ဒဏ်ရာက တော်တော်ကြီးလို့ မေးခိုင်ကာကွယ်ဆေးထိုးချင်လို့ပါ။ ရေကျောက်ပေါက်တဲ့အချိန် မေးခိုင်ကာကွယ်‌ဆေးထိုးလို့ရပါသလား။
ရ။
Dog bite ခွေးကိုက်ခံရလျှင် https://dr-tint-swe.blogspot.com/2020/12/dog-bite.html
Rabies ခွေးရူးကာကွယ်ဆေး https://dr-tint-swe.blogspot.com/2021/01/rabies.html
Animal bite wound care အနာသစ်လုပ်၍ချုပ်ရခြင်း https://dr-tint-swe.blogspot.com/2020/12/animal-bite-wound-care.html
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 14:37

21

ကျားကုတ်ကျားခဲ
၁။ ကျကုတ်ကျခဲ ရှိလား
၂။ ကြက်ကုပ်ကြက်ခဲ ရှိလား
ကျားကုတ်ကျားခဲ = မရမနေ စွဲစွဲမြဲမြဲ။
ခေတ်မီအကြံဉာဏ်တို့ဖြင့် ကျားကုတ်ကျားခဲကြံစည်တူးဖြိုခဲ့ရသော မြို့ရိုးမှာ။ ရာမန်း။ ၃၁၄။
ကျားကုတ်ကျားခဲ (မောင်မိုးသူ)
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 14:33

19

စွဲလမ်း စိမ်းလန်း လန်းဆန်း
စွဲစွဲလမ်းလမ်း
၁။ စွဲလန်းလားစွဲလမ်းလားဆရာခင်ဗျာ။
၂။ ဆရာရှင့် စွဲလမ်းနဲ့ စွဲလန်း။ တစုံတစ်ယောက်။ တစ်စုံတစ်ယောက်။ တစုံတယောက် ဘာကအမှန်လဲရှင့်။
၃။ စိမ်းလန်းစိုပြေလို့ရေးတာမှာ စိန်းလမ်းနဲ့ စိမ်းလန်း ဘယ်ဟာမှန်ပါသလဲဆရာ။
စိမ်းလန်းစိုပြေက မှန်ပါတယ်။
စိမ်းကားရက်စက်
စိမ်းဆတ်ဆတ်
စိမ်းဖန့်ဖန့်
စိမ်းလန်း
စိမ်းလန်းစိုပြေ
စိမ်းရွှေရွှေ
အစိမ်းစား
အစိမ်းရာင်
လမ်း
စွဲစွဲလမ်းလမ်း
စွဲလမ်းသည်
ရွှင်လမ်း
လမ်းခရီး
လမ်းခုလတ်
လမ်းစဉ်
လမ်းဆုံ
လမ်းကြုံ
လမ်းပန်းဆက်သွယ်ရေး
လမ်းကြား
လမ်းမှန်ကမ်းမှန်
လမ်းမှား
လမ်းသရဲ
လမ်းသွယ်
လမ်းသွား လမ်းလာ
လမ်းကြောင်း
လမ်းကြောင်းခရီး
လမ်းမြောင်
လမ်းနှစ်ခွ
အခွင့်အလမ်း
လောက်လမ်းသဖွယ် ဝိညာဉ်တွယ်
ဝေးကွာလမ်း
နွယ်လမ်း
လန်း
စိမ်းလန်းစိုပြေ
တန်းလန်းဖြစ်နေသည်
တမလန်းပင်
ပွင့်လန်းသာကြည်
မရွှင်မလန်း
လန်းဆန်း
လန်းလန်းရှင်သို့
လန်းလန်းလတ်လတ်
လူလူလန်းလန်း
သမလန်းပင်
ဒေါင်းလန်း
ကြော့လန်း
တစုံတယောက်ကသာမှန်ပါကြောင်း အကြိမ်ပေါင်း တရာကျော်မှာ နမူနာအထောက်အထားပေါင်း တရာကျော်မက တင်ပြထားပြီးဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် စစ်အစိုးရမတက်ခင်ကစပြီး သတ်ပုံတွေပြင်လိုက်တော့ မူကွဲဂိုဏ်းကြီးတွေ ပေါ်လာတယ်။
တစုံတယောက်ဂိုဏ်း။
တစ်စုံတစ်ယောက်ဂိုဏ်း။
တစ်စုံတယောက်ဂိုဏ်း။
တစုံတစ်ယောက်ဂိုဏ်း။
တခါတရံဂိုဏ်း။
တစ်ခါတစ်ရံဂိုဏ်း။
တစ်ခါတရံဂိုဏ်း။
တခါတစ်ရံဂိုဏ်း။
တခါတလေဂိုဏ်း။
တစ်ခါတစ်လေဂိုဏ်း။
တစ်ခါတလေဂိုဏ်း။
တခါတစ်လေဂိုဏ်း။
တချို့တလေဂိုဏ်း။
တစ်ချို့တစ်လေဂိုဏ်း။
တစ်ချို့တလေဂိုဏ်း။
တချို့တစ်လေဂိုဏ်း။
စသတ်များတဲ့သူက အနိုင်ရတယ်။
ကျွန်တော်ကတော့ သတ်ပုံမှန်ကျောင်းစာအုပ်တွေကိုသာ စွဲစွဲလမ်းလမ်းလိုက်ရေးပါတယ်။
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 14:31

24

ရတုဟူသည်
(ရှာဖွေ ကူးယူ တင်ပြခြင်းဖြစ်ပါသည်။)
၁။ တခုလောက်မေးပါရစေဆရာ ရတုဆိုတဲ့အဓိပ္ပါယ်ကိုအဘိဓာန်မှာဘယ်လိုဖွင့်ဆိုသလဲဆရာ ရွှေရတု စိတ်ရတု အစရှိသည်ဖြင့်ဘာကိုရည်ညွန်းဘာသလဲဆရာ
အစဥ်လေးစားလျက်ပါဆရာ
၂။ ပုံထဲက စာအရ ရတုဆိုတာနှစ်ကာလကို ပြတာလားဆရာ ပတ္တမြားရတု၊ နီလာရတု၊ ရွှေရတု၊ ငွေရတု စသဖြင့် အချိန်ကာလနဲ့တွဲထားတဲ့ ရတုအကြောင်းများ သိချင်ပါတယ်ဆရာ။ ရတုဆိုလို့ ကဗျာအမျိုးအစားလောက်ဘဲ သိပါတယ်ဆရာ။ တခြားအဓိပ္ပါယ်လေးတွေများရှိရင် သိချင်မိပါတယ်ဗျ့။
(၁)
ရတုဟူသည် သက္ကတဘာသာ “ရိတု” မှ “ရတု” ဖြစ်လာသည်။ ရိတု ၏ အနက်မှာ အခါရာသီ ဖြစ်သည်။ မြန်မာဘာသာ ပေါရာဏသက်သက် ရတု လည်းရှိသည်။ သဘင်၊ အခမ်းအနား၊ အခြေအနေ ဟူသော အနက်သုံးမျိုး ရသည်။ ဖွဲ့နွဲ့မှုတခုသည် အများနှင့် ဆက်စပ်လျှင် သဘင်၊ တဦးတယောက် အတွက်ကိုသာ စပ်ဆိုလျှင် အခမ်းအနား၊ ပကတိ ဖြစ်ထွန်းနေသော သဘာဝဓမ္မ အခြေအနေများကို ပြလျှင် အခြေအနေ ဟူ၍ အနက်ရသည်။
ရတုသည် လင်္ကာမှ ပေါက်ပွားလာသော ကဗျာအဖွဲ့အနွဲ့ ဖြစ်သည်။ သို့သော် လင်္ကာ ကဲ့သို့ မဟုတ်၊ ဖွဲ့ဆိုရာတွင် စည်းစနစ်၊ ဥပဒေရှိသည်။
ရတုတွင် တပိုဒ်တည်း ဖွဲ့စပ်လျှင် ဧကပိုဒ်၊
နှစ်ပိုဒ် ဖွဲ့စပ်လျှင် အဖြည့်ခံ၊
သုံးပိုဒ် ဖွဲ့စပ်လျှင် ပိုဒ်စုံ ဟူ၍ ခေါ်ဆိုသည်။ သုံးပိုဒ်ထက် ပို၍ မဖွဲ့နွဲ့ကြပေ။ တပိုဒ် တပိုဒ်တွင်လည်း ပါဒ အရေအတွက် (၁၀၈)ပါဒထက် ပိုမို မဖွဲ့နွဲ့ကြပေ။ အဖျားချများတွင်လည်း ခိုင်ညွန့်ခက်ဖြာ ၇-လုံး၊ မဏိဆံကျင် ၉-လုံး၊ အာသာဝတီ ဝတ်ဆံ ၁၁-လုံး၊ မဏိဦးပြည်း ၁၅-လုံး၊ ဇော်တခိုင်လုံး ၁၉-လုံး စသည်ဖြင့် အဖျားစာလုံး အရေအတွက် သီးသန့်ထားလျက် ရှိသည်။
မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရှိသော ရတုမှာ သက္ကရာဇ်(၇၀၀)ကျော်လောက်က ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီးရေးသားသော ရတု ဖြစ်သည်။ ထိုရတုသည် ပုဂံဆရာတော် (သို့) ဆူးတွင်းပစ်ဆရာတော်အား မြတ်စွာဘုရား တရားတော် အကြောင်းနှင့် စပ်လျဉ်း၍ မေးမြန်းကာ ရေးသားထားသော အမေးပုစ္ဆာရတု ဖြစ်သည်။ တဖန် ဆရာတော်က ဖြေရတု ကိုလည်း ရေးသားခဲ့သည်။[၁]
(၂)
"နှစ်ပတ်လည်ရတု"
နှစ်ပတ်လည်ဆိုသည်မှာ ရှေ့နှစ်ခါက အဖြစ်အပျက်တခု ဖြစ်ပွားသော၊ သို့မဟုတ် တက္ကသိုလ် တခုခု တည်ထောင်သော ရက်စွဲဖြစ်ပြီး၊ ထိုအဖြစ်အပျက်ကို ချီးမြှောက်လို၍လည်းကောင်း၊ သတိရတမ်းတရ၍ လည်းကောင်း ရည်ညွှန်း ပြုလုပ်သည်။ ဥပမာ၊ ဖြစ်စဉ် တခုသည် စီစဉ်ထား၍ ဖြစ်စေ၊ မမျှော်လင့်ဘဲ ဖြစ်စေ ပထမဦးစွာ ဖြစ်သည်။ ထိုနေ့မှစ နောက်တနှစ်ကြာသော် ထိုဖြစ်စဉ်၏ ဦးဆုံးသော နှစ်ပတ်လည် ဖြစ်လာသည်။ ထိုစကားလုံးကို သူတော်စင်များကို ဂုဏ်ပြုဧည့်ခံသော ကက်သလစ် စားပွဲများတွင် ပထမဆုံး စတင်သုံးနှုန်းလာသည်။
တိုင်းပြည်‌အတော်များများတွင် စံအားဖြင့် နိုင်ငံတော်နေ့ဟု ခေါ်သော နိုင်ငံတော်နှစ်ပတ်လည်များ ဆင်ယင်ကျင်းပလေ့ရှိသည်။ နိုင်ငံလွတ်လပ်ရေးနေ့ သို့ ဖွဲ့စည်းပုံသစ် ပေါ်ပေါက်သောနေ့ သို့ အမျိုးသားနေ့ စသည်တို့ ဖြစ်နိုင်သည်။ လက်ရှိနန်းစံဘုရင်အတွက် အရေးပါသော နေ့ရက်များကိုလည်း ပွဲလမ်းသဘင် ဆင်ယင်ကျင်းပမည်သာ ဖြစ်ပြီး၊ မကြာခဏ ဂျူဘလီ (Jubilee)ဟု ညွှန်းသည်။
၁ နှစ် Annual စက္ကူ Paper
၂ နှစ် Biennial ဂွမ်း Cotton
၃ နှစ် Triennial သားရေ Leather
၄ နှစ် Quadrennial လိုင်နင် Linen
၅ နှစ် Quinquennial သစ်သား Wood
၆ နှစ် Sexennial သံ Iron
၇ နှစ် Septennial သိုးမွှေး Wool
၈ နှစ် Octennial ကြေး Bronze
၉ နှစ် Novennial ကြေးနီ Copper ဥဿဖရားရတု
၁၀ နှစ် Decennial သံဖြူ Tin/Aluminium
၁၁ နှစ် Undecennial သံမဏိ Steel
၁၂ နှစ် Duodecennial ပိုးသား Silk
၁၃ နှစ် Tredecennial ဇာ Lace
၁၄ နှစ် Quattuordecennial ဆင်စွယ် Ivory
၁၅ နှစ် Quindecennial သလင်း Crystal
နှစ် ၂၀ Vigintennial / Vicennial ကြွေ China/Porcelain
၂၅ နှစ် Quadranscentennial ငွေရတု Silver jubilee
နှစ် ၄၀ Quadragennial ပတ္တမြားရတု Ruby jubilee
နှစ် ၅၀ Semicentennial / Quinquagenary ရွှေရတု Golden jubilee
နှစ် ၆၀ Sexagennial / Sexagenary စိန်ရတု Diamond jubilee စိန်ရတုသည် မြန်မာကမူ ၇၅ နှစ်ပြည့်ကို ညွှန်းသည်။
၆၅ နှစ် နီလာရတု Sapphire jubilee
နှစ် ၇၀ Septuagennial ပလက်တီနမ်ရတု Platinum jubilee
နှစ် ၁၀၀ Centennial ရာပြည့် ရတု
၁၂၅ နှစ် Quasquicentennial
နှစ် ၁၅၀ Sesquicentennial Nature
ဒေါက်တာတင့်ဆွေ
Tint Swe

12 Mar, 04:47

44

Biased Doctor ဘက်လိုက်တဲ့ ဆရာဝန် (၂)
ဆရာက အမျိုးသမီးတွေ မေးတာကိုပဲ ဖြေပေးတာမျိုးလို့ စိတ်မှာ ထင်နေပါတယ်။ မေးခွန်းအများစုက အမျိုးသမီးတွေမေးတာချည်းပဲ ဖြစ်နေတာကြောင့်ပါ။
အဲဒီလို ယူဆလို့ ရပါသလားခင်ဗျ။
ဒီလိုမှတ်ချက်မျိုး ၇-၈ ခါလောက်ရပြီးပါပြီ။
ဆရာဝန်ဆိုတာ ဈေးသည်တွေလိုဘဲ။ သနပ်ခါးတုံးရောင်းတာတော့ မဟုတ်ပါ။ အထွေထွေရောဂါကုဆရာဝန်ဆိုတာ ကုန်စုံဆိုင်။
ယောက်ျားတွေလာဝယ်ဝယ်၊ မိန်းတွေလာဝယ်ဝယ်၊ ကလေးတွေလာဝယ်ဝယ် ရောင်းကြရတယ်။
အိုဂျီဆီတော့ အမျိုးသမီးတွေသာ သွားကြတယ်။
ကျွန်တော့ဆီကို ကင်ဆာ၊ ကာလသားရောဂါ၊ တုပ်ကွေး၊ ကိုယ်ဝန်၊ ကိုဗစ်၊ စိတ်ရောဂါသည် စုံတယ်။
၂၄ နာရီအတွင်းမှာ အူကျတာနဲ့ ဟိုက်ဒရိုဆီးလ် ခေါ် မုတ်ရောဂါတွေ ဖြေရတယ်။ ၂၄ နာရီအတွင်းမှာ မက်စင်ဂျာကနေ နှမဖြစ်သူက သူ့အကိုကြီးရဲ့ မုတ်ရောဂါကိုမေးလို့ ဖြေရတယ်။ စာအဖြစ် မတင်ပါ။
နေ့ခင်းက အမျိုးသားကြီးတဦး လိပ်ခေါင်း။ စာအဖြစ် မတင်ပါ။
စာအဟောင်းတခုကိုသာ ပြန်တင်လိုက်မယ်။
Biased Doctor ဘက်လိုက်တဲ့ ဆရာဝန်
- December 31, 20240
အနီရင့်ရင့် မောင် = ဆရာက အမျိူးသမီးတွေ ဦးစားပေးဖြေကြားသလား
ကွန်မင့်ဖတ်ရလို့ ချက်ချင်း အီးမေးလ်ကနေလာတဲ့ မေးခွန်းတွေကို ဆန်းစစ်မှု ခပ်မြန်မြန်လေးလုပ်ရပါတယ်။ ဖေ့စ်ဘွတ် ချတ်နဲ့ မက်ဆင်ဂျာကို မလုပ်အားတော့ပါ။
1. Thura Aung အမျိုးသား
(no subject) - ကျွန်တော် အသက် 28 နှစ်ပါ ကျွန်တော် 19 oct 2016 က သူငယ်ချင်းပေါင်းမှားပြီး
2. Aung, me (3) အမျိုးသား
ကျန်းမားရေး အကြောင်း မေးမြန်းခြင်း - ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှု ရှိတယ်။
3. Nant, me (2) အမျိုးသမီး
ဆရာရှင့် သမီးအသက် ၃၀ ရှိပါပြီ။ အိမ်ထောင်ကျတာ ၄ နှစ်ရှိပါပြီ။
4. Phyo, me (2) အမျိုးသား
ကျန်းမာရေးဆိုင်ရာ - သည်အတိုင်းတော့ ရောဂါတခုခုနဲ့တော့ မတူသေးပါ။ နားထောင် စစ်ဆေးမှသာ သိပါမယ်။
5. သိမ့်, me (3) အမျိုးသမီး
ဆရာရှင့် ကျွန်မအသက်၃၆နှစ်ရှိပါပြီ။
6. Myo, me (2) အမျိုးသား
မေးခွန်းမေးခွင့်ပြုပါဆရာခင်ဗျား
7. chothae, me (5) အမျိုးသမီး
(no subject) - font size လို့ရေးရတယ်။
8. Rose, me (2) အမျိုးသမီး
(no subject) - ပြန်ထုတ်ထားပါတယ်လို့ ရေးရတယ်။
9. Phay, me (5) အမျိုးသမီး
Dr. ရှင့် သည်းခြေ ကျောက်တည်တဲ့ရောဂါအကြောင်း သိပါရစေရှင့်။ သမီးအဖေ က ၅၈ နှစ်ပါ။
10. Ei, me (7) အမျိုးသမီး
Duvadilan ဆေးအကြောင်းနှင့် Ultrasound ရလဒ် - ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာ ရွှင်လန်းချမ်းမြေ့ပါစေ
11. Phyo, me (2) အမျိုးသား
ကျန်းမာရေးမေးခွန်းလေး မေးပါရစေဆရာ။
12. Alrxander, me (3) အမျိုးသား
သို့ ဆရာခင်ဗျား - 31 ရက် မနက်ခင်းကနေစအောင့်တာပါ ဓာတ်မှန်မရိုက်ဖူးပါခင်ဗျာ
13. sawyuhnin095, me (2) အမျိုးသမီး
ဖြေပေးပါဆရာ ရှင့် - ဆရာ အသက်က ၁၈နှစ်ပါ
14. sawyuhnin095, me (2) အမျိုးသမီး
ဖြေပေးပါဆရာ - ဆီးစစ်သင့်။
15. သိမ့်, me (4) အမျိုးသမီး
ဆရာရှင့် ကျွန်မအသက်၃၆နှစ်ရှိပါပြီ။ ကလေးပျက်တာ တစ်နှစ်ရှိပါပြီ။
16. alinkarlatt., me (2) အမျိုးသမီး
17. ငယ်လေး, me (4) အမျိုးသမီး
ဆရာရှင့် - မျိုးဥထွက်တဲ့ရက် ဟုတ်တယ်။
18. May, me (3) အမျိုးသား
အူကျရောဂါ - Calamine lotion ကို အလာဂျီရတာ၊ အင်ပြင်ထွက်တာ။
19. thinzarkyaw., me (2) အမျိုးသမီး
ဆရာမင်္ဂလာပါရှင့်။
20. View, me (2) အမျိုးသမီး
ကရင်နှစ်သစ်ကူးအကြောင်း -
21. kyezin, me (3) အမျိုးသမီး
အမျိုးသမီး ၃၄နှစ် -
22. Koko, me (2) အမျိုးသမီး
ဆရာရှင့် အမျိုးသားရဲ့ သုတ်သွေးဓါတ်ခွဲအဖြေကို ပို့ပါတယ်။ ကလေးရဖို့အားနည်းတယ်လို့သိရပါတယ်။
23. chochowin1355 အမျိုးသမီး
ဆရာရှင့် ကျွန်မသားလေးကအသက်၂နှစ်၁၀လရှိပါပြီ ကလေးကမွေးစကတည်းကချောင်းဆိုး
24. Hnin, me (2) အမျိုးသမီး
ဆရာ မင်္ဂလာပါရှင့် သမီးကရန်ကုန်ကပါ အသက် ၂၉နှစ် အိမ်ထောင်နဲ့ပါရှင့်
25. Ye, me (3) အမျိုးသား (ဘုန်းကြီး)
(no subject) - တင်ပါ့ဘုရား။ လိုသလို အသုံးပြုနိုင်ပါတယ်ဘုရား။
26. Ko Shwe Moe အမျိုးသား
ကျွန်တော် အသက် ၃၄ နှစ်၊ ကျား ပါ၊၊
27. me, myomin (2) အမျိုးသား
Re: မင်္ဂလာပါဆရာ။ ကျွန်တော့်အသက်(၃၄)နှစ်ပါ အခုမေးချင်တာကတော့
28. hlahtwe73, me, hlahtwe73 (3) အမျိုးသား
ကျေးဇူးတင်ပါတယ်ဆရာ ဆရာကျမ်းမာပါစေ လေးစားလျက်
29. may, me (2) အမျိုးသမီး
ဆရာကျေးဇူးပြုပြီးဖြေကြားပေးပါရှင့် -
30. golden, me (3) အမျိုးသမီး
(no subject) - ကျေးဇူးအများကြီးတင်ပါတယ်ဆရာကြီးရှင့် သမီးကြိုးစားကြည့်ပါအုံးမယ်ရှင့်
31. myo, me (4) အမျိုးသား
ဆရာခင်ဗျာ စာပြန်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။
32. Thura, me (2) အမျိုးသမီး
(no subject) - စိုးရိမ်စရာမရှိ။ တလုံးစနှစ်လုံးစရှိပါတယ်ရှင့်။
33. nanyellow89, me (2) အမျိုးသမီး
ဆရာ မင်္ဂလာပါ ရှင့်
34. khaingswe, me (3) အမျိုးသမီး
ဆရာကျွန်မမေးခွန်းတွေကိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
35. hnin, me (2) အမျိုးသမီး
အသက်-ရာသီ-အိမ်ထောင်ရေး မသိပါ။
အီးမေးလ်ကနေလာတာ (၃၅) ယောက်မှာ
အမျိုးသမီး = ၂၂ ယောက်။
အမျိုးသား = ၁၂ ယောက်။
ဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်စဉ်ကလည်း အမျိုးသမီးလူနာကများတာအမှန်ဖြစ်ပါတယ်။
Tint Swe

12 Mar, 04:47

65

၂၀၀၉ လစဉ်လူနာ တနှစ်တာ စာရင်းချုပ်
• တနှစ်အတွင်း လူနာစုစုပေါင်း (၈၆၄၉)
• တလလျင် ပျမ်းမျှလူနာ (၇၂ဝ့၇၅)
• အမျိုးသမီးလူနာ (၆၁့၆%)
• အမျိုးသားလူနာ (၃၈့၄%)
၂ဝ၁၀ လစဉ်လူနာ တနှစ်တာ စာရင်းချုပ်
• တနှစ်အတွင်း လူနာစုစုပေါင်း (၈၆ဝ၇)
• တလ ပျမ်းမျှလူနာ (၇၁၂့၂၅)
• အမျိုးသမီးလူနာ (၆၂့၃%)
• အမျိုးသားလူနာ (၃၇့၇%)
၂၀၁၁ လစဉ်လူနာ တနှစ်တာ စာရင်းချုပ်
• တနှစ်အတွင်း လူနာစုစုပေါင်း (၁၁၇၀၄)
• တလ ပျမ်းမျှလူနာ (၉၇၅့၃၃)
• အမျိုးသမီးလူနာ (၆၄%)
• အမျိုးသားလူနာ (၃၆%)
အရင်လည်း ၂-၃ ခါလောက် စွပ်စွဲခံရဘူးပါတယ်။ ထို့ကြောင့် ကျွန်ုပ်သည် ဘက်လိုက်သောဆရာဝန်ဖြစ်၏။
စွပ်စွဲတဲ့သူတွေက စွပ်စွဲပြီး ဒီစာကိုလည်း မဖတ်လောက်ဘူးလား မသိပါ။ ကျွန်တော့မှာ အချိန်တွေ အတော်ကုန်သွားတယ်။
ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂၀၁၆
၁၂-၃-၂၀၂၅
Tint Swe

12 Mar, 04:19

35

ထိပ်ဆုံးသို့
အခုရက်တွေမှာ တင်ကြတာလည်း တွေ့တယ်။ နှစ်ယောက်ကနေလည်း ပို့ပေးတယ်။ အားလုံးဟာ မူရင်းကဗျာပါ စာလုံးပေါင်းသတ်ပုံတွေကို တမင်တကာ မှားအောင်ပြင်ထားကြတယ်။
မူရင်းကဗျာ ပုံနှိပ်မူကို ထပ်မံတင်ပြပါမယ်။ ၂၀၂၂ ကတည်းက တင်ပြထားတာ။
ထိပ်ဆုံးသို့
- June 10, 2022
တတောင်ပေါ် တတောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ။
တတောင်ဆုံးပြန်တော့
တလုံး ကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုး လျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့
တနေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင် သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။ ။ (ငွေတာရီ)
ဆဋ္ဌမတန်း မြန်မာဖတ်စာ
၁၉၈၇ ခုနှစ်၊ မေလ ထုတ်ဖြစ်ပါတယ်။ မဆလ ခေတ်က ကျောင်းသုံးစာအုပ်။ ကဗျာရေးသူအမည် ထည့်မထားပါ။ သတ်ပုံတွေ မှန်တယ်။ ၁၉၈၈ စစ်တပ်က ဒုတိယအကြိမ်အာဏသိမ်းပြန်တော့ မြန်မာစာဟာ တတောင်ပေါ် တတောင်ဆင့် ကနေ အောက်ကိုလိမ့်ကျတယ်။ အခုဆို အောက်ဆုံးရောက်နေပြီ။
မြန်မာစာ ထိပ်ဆုံးသို့ ပြန်ရောက်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Tint Swe

03 Mar, 03:58

50

Chicken egg and Duck egg ဘဲဥကို ပွတ်စားပါတဲ့
စာရိုက်တာရော သတ်ပုံပါလွဲတဲ့ သတင်းတပုဒ်က ကျွန်တော့်ဆီ ရောက်လာယ်။ မူရင်းစာအစပိုင်းကို မပြုပြင်ပဲကူးပါမယ်။
မြန်မာပြည်ထိပ်တန်းသတင်းထူးများ's photo
ဆရာ Dr. Tint Swe အဲဒါ မှန်ပါလား ဆရာ။ ဆရာ့ wall မှာ share လို့မရလို့ ကျွန်တော် tag ပဲလိုက်လုပ်ပါတယ်ဆရာ။ ခွင့်ပြုပါနော်။ ခါးနာ ဒူးနာ သူများအတွက် မခက်ပါ ဘဲဥကိုပွတ်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ၊ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ စားကောင်းစေရန် သကြား အနည်းငယ် သင်စားကောင်းစေလောက်သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ တခြား မည်သည့်အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည်။ ဆက်ရေးတဲ့ ဆေးစွမ်းအချုပ်ကတော့ ဘဲဥစားရင် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည် ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်း သွားပါလိမ့်မည်လို့ ပါတယ်။
ပွက်လို့ရေးရမှာကို ပွတ်လို့ရေးထားတော့ ဘဲဥကိုပွတ်တိုက်ရမလို ဖြစ်နေတယ်။ ဆေးစွမ်းဆိုတာကို ကျွန်တော်တော့ သဘောမတူပါ။ လူတဦးချင်းလိုအပ်ချက်နဲ့ မတည့်တာ မတူကြပါ။ ဥပမာ ကိုလက်စထောများနေသူအတွက် ကြက်ဥအဝါပိုင်းက မသင့်ပါ။
ကြက်ဥ ခပ်ကြီးကြီးတလုံးရဲ့ အဝါက ကယ်လိုရီ ၆၀၊ အဖြူက ၁၅ ရတယ်။ (ကိုလက်စထော) ၃၀၀ mg နဲ့ ဆီ ၅ gm ပါတယ်။ ၂၇% က LDL ကိုလက်စထောဖြစ်တယ်။ အဖြူမှာ ရေ ၈၇% နဲ့ ပရိုတင်း ၁၃% ပါပြီး၊ အဆီနည်းနည်းလေးသာ ပါတယ်။ ကြက်ဥနဲ့ ဆီးချို (၂) အမျိုးအစားရှိသူ မသင့်ဘူး။ ကြက်ဥစားရင် ကလေးငယ်လေးတွေအပါအဝင် တချို့မှာ အလာဂျီရတယ်။ အဖြူကို မတည့်တာများတယ်။ တချို့က မတည့်တာမဟုတ်ပေမဲ့ မခံနိုင်တာဖြစ်တတ်တယ်။ ကြက်ဥကို ချက်ပြုတ်လိုက်ရင် အဝါနှစ်ထဲက ကိုလက်စထောကို Oxidization များစေလို့ သွေးကြောကျဉ်းတာကို ပိုဖြစ်စေနိုင်တယ်။
ဒါကြောင့် ဘဲဥ-ကြက်ဥအာဟာရတန်ဖိုးနဲ့ ခါးနာ ဒူးနာ ခြင်ဆီဓာတ် ဆက်စပ်ရင် မသင့်ပါ။ လူတိုင်းကို အစားခိုင်းတာလဲ ဆေးသိပ္ပံနည်းနာနဲ့ မကိုက်ညီပါ။ နှလုံးရောဂါရှိသူတွေ ၇ ရက်တပါတ်ကို ကြက်ဥ ၄ လုံးထက်ပို အစားမခိုင်းဘူး။ WHO ကတော့ ၁ဝ လုံးအထိစားနိုင်တယ် ပြောတယ်။ ၁ဝ လုံးဆိုတာ ကြက်ဥနဲ့လုပ်တဲ့ တခြား အစားအစာတွေကိုပါ ထည့်တွက်ရမယ်။
ဒုတိယမေးခွန်း
ကြက်ဥမကြိုက်ဘူး၊ ဘဲဥပဲကြိုက်တယ်။ အားလုံးသိအောင်ပြောပြပေးပါဦးဆရာ။ ဘဲဥနဲ့ ကြက်ဥ ဘယ်ဟာက ကျန်းမာရေးအတွက် အထောက်အကူပိုဖြစ်လဲဆိုတာကိုပါ။
အာဟာရတန်ဖိုး ဘဲဥက ကြက်ဥထက် ၂ ဆနီးပါးလေယက်ပါတယ်။ ဘဲဥထဲမှာ အိုမီဂါသရီး ဖက်တီးအက်စစ် ပိုပါတယ်။ ဘဲဥဟာ အယ်လ်ကာလိုင်းဓါတ်ဖြစ်ပြီး ကြက်ဥဟာ အက်စစ်ဓါတ်ဖြစ်တယ်။ အယ်လ်ကာလိုင်းဓါတ်က ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ ဘဲဥတလုံးကနေ တနေ့တာ ကိုလက်စထောလိုအပ်ချက်ရစေတယ်။ အဲတာကတော့ နှလုံး ကျန်းမာရေးအတွက် မကောင်းပါ။ အဝါနှစ်က မသင့်တာဖြစ်ပါတယ်။ ကြက်ဥနဲ့ မတည့်သူ (အလာဂျီရသူ) တွေက ဘဲဥကိုစားလို့ရနိုင်ပါတယ်။
ဘဲဥထဲမှာ ကြက်ဥထက် ဗီတာမင်ဒီ ၂ ဆ၊ ဗီတာမင်အေ ၂ ဆ၊ ကိုလက်စထော ၂ ဆပိုပါတယ်။ ဗီတာမင် ကေ-၂ နည်းနည်းပိုပါတယ်။ ဗီတာမင်အီးမှာတော့ ကြက်ဥရဲ့ ၇၅% သာပါတယ်။ အလေးချိန်ချင်းတူရင် ဘဲဥကနေ ကယ်လိုရီ ပိုရစေတယ်။ အဆီပါတာနည်းနည်းပိုလို့ဖြစ်တယ်။ ဂရမ် ၁၀၀ လေးတဲ့ဘဲဥတလုံးကနေ 185 KCal ရမယ်။ ကြက်ဥကနေ 149 KCal ရမယ်။ ပရိုတင်းလည်း ဘဲဥက နည်းနည်းပိုတယ်။ ဓါတ်ဆားပါဝင်မှု ဘဲဥက နည်းနည်းလေးသာပိုတယ်။ နှစ်မျိုးလုံးမှာ ဆယ်လင်နီယမ်၊ မက်ဂနီဆီယမ်၊ ဇင့်၊ ကောပါး၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ဖေါ့စ်ဖိတ်၊ ကယ်လ်စီယမ်နဲ့ သံဓါတ်တွေပါကြတယ်။
ဗီတာမင်တွေမှာလည်း နှစ်မျိုးလုံးမှာ အတူတူပါပြီး ဘဲဥမှာ နည်းနည်းလေးသာပိုတယ်။ ဗီတာမင် ဘီ-၁၊ ဘီ-၂၊ နိုင်ယာစင်၊ ပင်တိုသဲနစ်အက်စစ်၊ ဘီ-၆၊ ဒီ၊ အီး၊ အေ၊ ရက်တီနောလ် နဲ့ ဘီ-၁၂ တွေပါတယ်။ ဘဲဥ ၁၀၀ ဂရမ်ကနေ ပြည့်ဝဆီ 3.68 gm ရတယ်။ ကြက်ဥကနေ 3.1 gm ရတယ်။ မပြည့်ဝဆီကတော့ ဘဲဥမှာ ၅ဝ% ပိုပါတယ်။ အမိုင်နိုအက်စစ်ကတော့ အတူတူပါတယ်။ ဘဲဥကတော့ နည်းနည်းလေးပိုတယ်။ ဘဲဥရဲ့ ကြက်ဥထက်ပိုတဲ့ အားနည်းချက်ကတာကတော့ ကိုလက်စထော ပိုပါနေတာဖြစ်တယ်။ ဘဲဥ ၁၀၀ ဂရမ်ကနေ ကိုလက်စထော 884 mg ရတယ်။ ကြက်ဥ ၁၀၀ ဂရမ်ကနေ 425 mg သာရမယ်။
ဒေါက်တာတင့်ဆွေ