Tint Swe (@tintswe_yamuna_oline_clinic) के नवीनतम पोस्ट टेलीग्राम पर

Tint Swe टेलीग्राम पोस्ट

Tint Swe
မြန်မာနိုင်ငံသားများ ဘယ်မှာနေနေ ကျန်းမာစေရမည်။
မေးခွန်းစည်းကမ်းအရသာ မေးပါရန်။ စည်းကမ်းအတိုင်း မမေးလိုသူများ ဘလော့ခ်မှာ ဖတ်နိုင်ပါတယ်။
4,148 सदस्य
12,052 तस्वीरें
2 वीडियो
अंतिम अपडेट 12.03.2025 20:40

समान चैनल

Hi-Res Music Channel
6,262 सदस्य
Trash Bin
1,448 सदस्य

Tint Swe द्वारा टेलीग्राम पर साझा की गई नवीनतम सामग्री

Tint Swe

03 Mar, 03:42

37

Like or Dislike ဒီလိုဗျ
မေးခွန်းတခု = ဆရာ တစ်ခုလား တခုလား
စောစောကလည်း တယောက်က မေးတယ်။ တင်ပြထားတာ အခါတရာ (တစ်ရာ မဟုတ်) ကျော်ပြီ။
အဲလိုပြန်ရေးတော့ မေးတဲ့သူက ဆရာမောနေရင် မမေးတော့ပါဘူးတယ်။
ဒီလိုဗျ -
စာအတူတွေကို ခဏခဏထပ်တင်ရင် အမြင်ကပ်တဲ့သူတွေရှိတယ်။
Like or Dislike Free Games
ဒေါက်တာတင့်ဆွေ
Tint Swe

03 Mar, 03:34

32

How much water ရေဘယ်လောက်သောက်ရမလဲ
ရေများသောက်ရင်ရောရောဂါဖြစ်နိုင်လားဆရာ
How much water ရေဘယ်လောက်သောက်ရမလဲ https://dr-tint-swe.blogspot.com/2021/07/how-much-water.html
Water poisoning ရေအဆိပ်သင့်ခြင်း https://dr-tint-swe.blogspot.com/2021/07/water-poisoning.html
ဒေါက်တာတင့်ဆွေ
Tint Swe

03 Mar, 03:27

31

Pudina ပူဒီနာ
တင်ထားတာတခု = ပူဇီနာပင်
ပူဒီနာလို့ ခေါ်ပါသတဲ့။
ငယ်ငယ်က ပူစီနံ၊ ပူစီနာလို့ အလွယ်ခေါ်ခဲ့တယ်။ နယူးဒေလီရောက်မှ Pudina ပူဒီနာ အသံထွက်မှန်သိတယ်။
မူရင်းအမည်က ပူဒီနာ။ အိန္ဒိယ အမည်။
ငယ်ငယ်က ပူစီနံ၊ ပူစီနာလို့ အလွယ်ခေါ်ခဲ့တယ်။ နယူးဒေလီရောက်မှ ပူဒီနာ အသံထွက်မှန်သိတယ်။ အိန္ဒိယမှာ Mentha arvensis, Mentha piperita နဲ့ Mentha spicata လို့ခေါ်ကြတယ်။ သူများတွေဆီမှာ ဆေးအဖြစ်သုံးကြတယ်။ ဟာဘယ်ဆေး ကျမ်းတွေမှာ အက်စစ်များတာ၊ လေအောင့်တာ၊ လေတက်တာအတွက် ညွှန်းတယ်။ IBS ခေါ် ဝမ်းမငြိမ်ရောဂါအတွက်လည်း ညွှန်းတယ်။ Spearmint oil ဆိုတာလည်း အဲတာကို အဆီထုတ်ထားတာ။ အနံ့က သိသာတယ်။ Antioxidants အင်တိုင်ကောက်ဆီဒင့် ဓါတ်ပါတယ်။မကောင်းတာတွေကို ချေဖျက်ပေးနိုင်စွမ်းရှိတယ်။ Peppermint နဲ့ Mint ခေါ် အနံ့ဆိုး သက်ဆေးအဖြစ် သုံးတယ်။ မြန်မာပြည်မှာ ပူစီနံကို စမူဆာနဲ့တွဲစားတယ်။ ဆိတ်သားကင်သုပ်ထဲထည့်စားတယ်။ ဒံပေါက်နဲ့စားကြတယ်။
ခြင်ကိုနှင်ထုတ်စေနိုင်တဲ့အပင်များစာရင်းထဲမှာ အဲလိုအပင်တွေပါတယ်။
- Basil ပင်စိမ်း
- Catnip ပင်စိမ်းတမျိုး
- Celery parsley တရုတ်နံနံ
- Coriander စမြိတ်နံနံ
- Dill ဇီယာစေ့
- Eryngium foetidum ရှမ်းနံနံ (ခေါ်) သင်္ဘောနံနံ
- garden parsley ဥယျာဉ်ခြံနံနံပင်
- Parsley Plants ဗမာနံနံ (နံနံပင်)
- Peppermint ပင်စိမ်းတမျိုး
- Pudina ပူဒီနာ
- Shan coriander ရှမ်းနံနံ
သွေးတိုးကျစေတဲ့ အိန္ဒိယက တိုင်းရင်းဆေးနည်းထဲမှာ တမာနဲ့ Tulsi (Basil) ပူဒီနာရွက်တွေပါတယ်။
သွေးကျဲစေတဲ့အစာများထဲမှာ Peppermint ပင်စိမ်းနဲ့ သွေးခဲစေနိုင်တဲ့အစာများထဲမှာ Parsley တရုပ်နံနံ၊ Celery တရုပ်နံနံကြီးတို့ ပါတယ်။
ဒေါက်တာတင့်ဆွေ
Tint Swe

03 Mar, 03:19

25

ကုန်မာဆိုတာ
တင်ထားတာတခု = နောက်ကျကုန်မာ
ကုန်မာဆိုတာ သံထည် စတာတွေကို ခေါ်တယ်။
Hardware ကုန်မာပစ္စည်း
ကဉ္စန ကုန်မာနှင့်အိမ်ဆောက်ပစ္စည်း
လျှပ်စစ်နှင့်ကုန်မာဆိုင်
ကုန်မာပစ္စည်းနှင့် သံထည်ဆိုင်များ
မွန်းစတားလိပ်စာကုန်မာနှင့်အိမ်ဆောက်ပစ္စည်းဆိုင်
ကုန်မာဆိုင်ပစ္စည်းလက္ကား
ကုန်မာဆိုင်များ
ရွှေဗဟိုရ် ကုန်မာနှင့် အိမ်ဆောက်ပစ္စည်း
ရွှေပြည့်စုံ ကုန်မာဆိုင် ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ
Tint Swe

03 Mar, 02:17

30

ကျွေး ကြွေး
ဆရာ အကြွေးလား အကျွေးလား
ကျွေး
ကျွေး = အစာစသည်ကိုစားစေသည်။
အလုပ်ရလို့သူငယ်ချင်းတွေကိုမုန့်ကျွေးရမယ်။
ကံကျွေးချ
ကျွေးတုံ့ကျွေးလှည့်
ကျွေးပင်
ကျွေးမွေးသည်
ကျွေးဥ
ဆွမ်းလုပ်ကျွေး
တည်ခင်းကျွေးမွေး
ထမင်းကျွေးသည်
ပြည့်ကံကျွေး
မိဘလုပ်ကျွေး
အကျွေးအမွေး။
ကြွေး
ကြွေးကြော်
ကြွေးကြော်သံ
ကြွေးဆပ်
ကြွေးဆယ်မြီချ
ကြွေးမြီချ
ငိုကြွေး
စားကြွေးသောက်ကြွေး၊
မြည်ကြွေး
ရင့်ကြွေး
ဟစ်ကြွေး
အကြွေးတင်
အကြွေးအငမ်း
A feast for the eyes
ဒေါက်တာတင့်ဆွေ
Tint Swe

03 Mar, 02:13

19

Cotton Flower လက်ပံပွင့်
လာဟေ့ဒွါး …
သွားကောက်ချည်စို့၊
ပွင့်ခြောက်ကယ်အနားလန်၊ ဆက်ရက်ကယ်ညံ၊
ပင်လက်ပံ ကြွေချိန်ကျပြီမို့၊
မိဇံလှ - နင်လိုက်ဦးမလား၊
သုံးစိတ်ဝင်ထန်းလျှော်တောင်းရယ်နှင့်၊
ပေါင်းလန်မှပြန်ကြမယ်လေး ။ ။
အရီးသာလုံး၊ ကြေးကိုင်တုန်းက၊
တို့အိမ်တောင်ကြန်စုံကုန်း၊
တနေ့တုန်းကလဲကာသေ၊
သားရေနှင့်အမဲနံ၊
လက်ပံနှင့် ချိုင်ရလျှင်၊
ကျိုနိုင်လေမွမွပျောင်းတာမို့၊
ပြောင်းဆန်အို မျိုမကျရယ်နှင့်၊
မြိန်လှတယ်လေး ။ ။
(ဦးဆောင်း-ရှေးစာဆို)
မှတ်ချက် - တစ်နေ့တုန်းကလို့ ရေးနေသူတွေ ပေါ်ဆန်းမွှေးချက်လည်း မျိုမကျ။
Letpan flower
Come on, let us go and pick flower
Dried shriveled curled up, while the birds singing noisily, the leaves fell
MiZan hla, will you joined us, we will come back only when palm leaf basket filled up to the brim, Aunt Tharlone south of our house, the cow fell dead , then the skin, ribs mixed with Letpan , boil it, stir hard, make it soft and piecemeal, Along with corn rice, was hard to swallow and bite, tasty and delicious though Composer U Saung, Konebaung dynasty (Ye Hla)
ဒေါက်တာတင့်ဆွေ
Tint Swe

03 Mar, 02:03

21

နံနက်ချိန်
လူကလေးက စာအံရှာ
ကကြီး ခခွေးပါ။
ရောင်ခြည်ဖြာတဲ့ ရှင်နေမင်း
အရှေ့ဆီက ဝင်း။
ကြူကြူသင်းတဲ့ ပန်းဝတ်လွှာ
တချပ် နှစ်ချပ် အာ။
တေးသံသာတဲ့ ကိုငှက်ကျား
ဝင်းတိုင်ထက်မှာ နား။ ။
(နုယဉ်- ကလေးကဗျာ)
ဒေါက်တာတင့်ဆွေ
Tint Swe

03 Mar, 01:51

23

Paisa ပိုက်ဆံ
ပိုက်ဆံကို ဘာလို့ ပတ်ဆံလို့ ခေါ်ကြတာလဲ
ဟင်ဒီ စာလုံးကနေ လာတယ်။
သူတို့ဆီမှာ ပိုက်ဆား သံထွက်တယ်။
ဒေါက်တာတင့်ဆွေ
Tint Swe

03 Mar, 00:53

33

အာရုံကြောအားကောင်းဆေး မရှိ
ဆရာရှင့်၊ အာရုံကြောကောင်းစေမည့်အစားအစာလေးတွေသိပါရစေ။
အာရုံကြောကောင်းစေမည့်ဆေးနဲ့ အစာ မရှိပါ။
အာရုံကြောမကောင်းဘူးလို့ ဘယ်လိုသိသလဲ။ ဆေးစစ်ချက်စာ ရှိပါသလား။
ဆီးချိုကြောင့် ထုံတာကျဉ်တာနဲ့ ဗီတာမင်ဘီ ချို့တဲ့လို့ ထုံတာကျဉ်တာအတွက် သက်ဆိုင်ရာဆေးတွေ သောက်ရ၊ ထိုးရမယ်။ စားသောက်ရမယ်။
ဥပမာ B1 B6 B12 စသည်။
အရပ်ရှည်ဆေး မရှိ။
အသားဖြူဆေး မရှိ။
ဆီးချိုပျောက်ဆေး မရှိ။
အပျို-လူပျို ပြန်ဖြစ်ဆေး မရှိ။ (ကန်တော့)
ဒေါက်တာတင့်ဆွေ
Tint Swe

03 Mar, 00:10

35

5. Saturated Fat
The saturated fat component in a boiled egg is lower than in a fried egg. For every 100 gm serving, a boiled egg contains 3.3 gm of saturated fat as compared to 4.3 gm of saturated fat in a fried egg.
6. Trans Fat
While boiled eggs do not contain Trans fat, their value in a fried egg is 0.04 gm per 100 gm of fried egg.
7. Cholesterol
Both fried eggs and boiled eggs have a high amount of good cholesterol. A fried egg has 401 mg of cholesterol as compared to 373 mg of cholesterol in a boiled egg per 100 gm of serving.
8. Vitamins
A fried egg has a higher concentration of Vitamins A, D, E and K than a boiled egg.
9. B Vitamins
The concentration of B vitamins is equally distributed between boiled eggs and fried eggs. While boiled eggs have higher levels of Thiamin, Riboflavin, and Vitamin B12, the levels of Niacin, Pantothenic Acid, Vitamin B6 and Folate is more in fried eggs.
10. Minerals
Fried eggs are a better source of calcium, iron and potassium than boiled eggs. Fried eggs have 24% more calcium, 59% more iron and a fairly high concentration of potassium than boiled eggs.
11. Antioxidants and Phytonutrients
Carotenoids are micronutrients found in plant and animal products. They are powerful antioxidants. Fried eggs are a richer source of Beta-Carotene and Lutein + Zeaxanthin.
12. Omega 3 and Omega 6 Fatty Acids
Fried eggs have significantly higher amounts of both omega-3 and omega-6 fatty acids than boiled eggs.
Conclusion နိဂုံး
Eggs are incredibly rich in nutrients. A rich source of both macro and micronutrients, it is a must-have in daily diet. As consumption of raw eggs is linked to a high risk of contracting a Salmonella infection, eating cooked eggs is the best way to ensure adequate nutrition.
While eggs can be cooked in different ways, boiled eggs and fried eggs are the two most popular ways of preparing eggs. No doubt, depending on the cooking style the nutritional composition of boiled egg vs. fried egg varies.
A boiled egg has fewer calories than a fried egg. It also has higher levels of B vitamins, especially Thiamin, Riboflavin, and Vitamin B12. The macronutrient ratio i.e. the ratio between proteins, carbohydrates and fats is 34:3:63 for the boiled egg as compared to 29:2:70 for the fried egg.
But a fried egg is a richer source of minerals namely calcium, iron and potassium. It has high levels of Vitamins like Niacin, Pantothenic Acid, Vitamin B6 and Folate. The fried egg has a higher concentration of antioxidants and phytonutrients and Omega 3 and Omega 6 fatty acids than the boiled egg. Also, a few healthy components like xanthophylls get significantly low when eggs are boiled in water. But the oil in which a fried egg is prepared may decide the actual nutritional value of the fried egg. Using butter or unhealthy oils can reduce the final product’s nutritional value while increasing its calories and fat content. Therefore, cooking fried eggs in healthy oil is the key to good health and excellent taste.
https://connect.healthkart.com/boiled-egg-vs-fried-egg-nutritional-values/?srsltid=AfmBOop3zG-T51a1FGj-7MJJfRTgLsug0vERTdsIVi294Q2HFRRyotaW
ဒေါက်တာတင့်ဆွေ