လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဆရာမကြီး ဂျာနယ်ကျော်မမလေးရဲ့
"မုန်း၍မဟူ"ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့ရဖူးတယ်
အဲ့တုန်းက ဝင်ငွေသိပ်မရှိသေးလို့ တလကို စာအုပ်တအုပ်တောင်
ပုံမှန်ဝယ်မဖတ်နိုင်ခဲ့သေးတဲ့အချိန်မှာ အဲ့စာအုပ်ကို ဖတ်ခဲ့ရတာ
တော်တော်အဖိုးတန်ပါတယ် အခုချိန်ထိ အိမ်က စာအုပ်စင်မှာ
အဲ့ဒီစာအုပ်လေးရှိနေပါသေးတယ် ဆရာမကြီးရဲ့ စာအုပ်တွေထဲမှာဆိုရင်
"သွေး" နဲ့ "မုန်း၍မဟူ" က မှတ်မှတ်ရရပါပဲ
ချစ်ခြင်းမေတ္တာမှာ ကွာခြားချက်တွေတကယ်ရှိပါတယ်
ချစ်ပေးတိုင်းလည်း မကောင်းသလို အချစ်ခံရတိုင်းလည်းမကောင်းပါဘူး
ဦးစောဟန်က အနောက်တိုင်းcultureတွေကို အထင်ကြီးတယ်
ခေတ်မှီတယ် ပညာတတ် လူဝင်ဆန့်တယ်
အရာရောက်တယ် လက်တံခြေတံရှည်တယ်
ဝေဝေက နယ်မြို့က သာမန် မိန်းမပျိုလေးတစ်ယောက်ပါ
ဝေဝေက မြန်မာမိဘကမွေးတယ် မြန်မာမိန်းကလေးပီပီ
ဦးစောဟန်နဲ့တွေ့တဲ့အခါမှာ သူတို့နှစ်ယောက်မှာ ကွာဟချက်တွေရှိပါတယါ
ဦးစောဟန်က သူ့အတွေးမှာ ဝေဝေ့ကို
"I can fix her"လို့ ထင်ခဲ့ပုံရတယ်
ဝေဝေ့အပေါ်ချစ်တဲ့စိတ်ထက် ဝေဝေ့ကို သူ့စိတ်နဲ့
သူ့ပုံစံနဲ့ နေစေချင်ခဲ့တယ်
အချစ်ခံရတာ ကံကောင်းလိုက်တာ ဆိုတဲ့အထဲမှာ ဝေဝေမပါခဲ့ဘူး
ဝေဝေက အချစ်ခံရလို့ အသက်ပါ ပါသွားတဲ့ထိဖြစ်ခဲ့ရပါတယ်
ဝေဝေအဆင်ပြေလား ဝေဝေလိုချင်ရဲ့လားလို့မမေးခဲ့ဘူး
ဦးစောဟန်က သူဝေဝေ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေ
အကုန်လုံးကို ဝေဝေနဲ့အသားကျပြီးအဆင်ပြေမယ်လို့ထင်ခဲ့တယ်
ဒါပေမယ့် ဝေဝေဟာ အသားလည်း မကျခဲ့သလို အဆင်လည်းမပြေခဲ့ပါဘူး
ဝေဝေက လည်း ဦးစောဟန်ကို ချစ်ခဲ့တယ်
ဦးစောဟန်ကလည်း ဝေဝေ့ကို ချစ်တယ်
သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာမှာ ကွာဟချက်ရှိနေတာကိုတော့
မသိခဲ့ကြဘူး
တခါတလေကျရင် ငါချစ်ပေးနေတာပဲ သူအဆင်ပြေလိမ့်မယ့်လို့
ပုံသေတွက်လို့မရဘူး ချစ်တာမှာ အတ္တပါရင် ချစ်တာမဟုတ်တော့ဘူး
ချစ်တာရဲ့ နောက်ဆက်တွဲမှာက ဘာမှရှိမနေဘူး
ချစ်ပေးနေရုံနဲ့တင် ပြီးသွားပြီ
ငါ သူ့ကို ချစ်ပေးလို့ သူ ငါ့ပုံစံအတိုင်းနေရမယ်
ငါ သူ့ကို ချစ်ပေးလို့ ငါ့စကားနားထောင်ရမယ်
ငါ သူ့ကို ချစ်ပေးလို့ ငါခိုင်းတာတွေလုပ်ရမယ်
ဒါတွေက သူ့ကိုချစ်လို့မဟုတ်တော့ဘူး
ကိုယ့်ကိုယ်ကိုယ် ချစ်တာဖြစ်သွားပြီ
ကိုယ့်ကိုယ်ကိုယ်ထက် သူများကို ပိုမချစ်နိုင်တဲ့အတွက်
သူများကို ချစ်ပေးတယ်ဆိုတဲ့ ခေါင်းစဉ်တပ်လိုက်ပြီး
အဲ့ခေါင်းစဉ်အောက်မှာပဲ အဲ့လူကို ကိုယ့်စိတ်နဲ့အသက်ရှင်ခိုင်းလိုက်တာမျိုးပါ
ဝေဝေက အလှမွှေး ငှက်ကလေးဖြစ်ခဲ့ရှာတယ်
သူ့မိဘဆီမှာ နေတုန်းကထက် ဦးစောဟန်ရဲ့လက်ထဲမှာက
ပိုပြီးတောက်ပခဲ့တယ် ဦးစောဟန်က သိပ်စနစ်ကျတာကို
ဝေဝေ မနက်စာဆင်းစားရင် ဝတ်ဖို့ အဝတ်ကအစ
စီစဉ်ပေးတတ်တဲ့ ယောကျာ်းမျိုးပါ
သူက ဝေဝေ့ကို ဒီလိုပုံစံပဲမြင်ချင်တဲ့အတွက်
ဝေဝေ့ကို အချိန်ယူပြီး ပုံဖော်ခဲ့တယ်
ဝေဝေကလည်း ဦးစောဟန်ကို ချစ်တဲ့စိတ်ကြောင့်
လိုက်ပြီး ပြုပြင်ပြောင်းလဲနေထိုင်ခဲ့တယ်
ဒါပေမယ့် တစုံတယောက်က တစုံတယောက်ကို
Fixedဖြစ်အောင် လုပ်လို့မရဘူးဆိုတာကို
သူတို့ မေ့နေခဲ့ကြတယ်
လူတစ်ယောက်ကို နောက်တစ်ယောက်က မျက်စိဒေါက်ထောက်ကြည့်ပြီး
လိုလေသေးမရှိဖြည့်ဆည်းပေးတာကို လူတော်တော်များများက
ဟာ သူက တော်တော်ချစ်ပေးတတ်တာပဲ
ဟိုတယောက်ကလည်း အချစ်ခံရတာ ကံကောင်းလိုက်တာဆိုပြီး
ထင်တတ်ကြတယ် အမှန်တော့ အဲ့တာတွေက ချစ်တာလည်း
မဟုတ်သလို အချစ်ခံရတာလည်း မဟုတ်ပြန်ဘူး
လူတွေစိတ်မှာက ရောထွေးနေတယ်လို့ပဲထင်တယ်
ချစ်တာရဲ့ နောက်ဆက်တွဲမှာဘာမှမရှိဘူး
အချစ်ခံရတဲ့ နောက်ဆက်တွဲမှာလည်း ဘာမှမရှိဘူး
က်ုယ့်ရဲ့ ချစ်ခြင်းမေတ္တာကြာင့် တဖက်လူက မွန်းကျပ်နေတယ်ဆိုရင်
ဒါဟာ ချစ်တာမဟုတ်သေးဘူး
ကိုယ်က တဖက်လူက်ု ချစ်ပေးနေရလို့
အချိန်တိုင်း ပူလောင်နေရတယ်ဆိုရင်လည်း
ချစ်တာ မဟုတ်သေးပြန်ဘူး
ချစ်ခြင်းမေတ္တာမှာက ကွာဟချက်ကြီးလာလေလေ
တစုံတယောက်ကို ဆုံးရှုံးဖို့က ရာခိုင်နှုန်းများလာလေလေပဲ
တဖက်မှာ ၅၀ရှိနှင့်နေပြီးသားကို
ကိုယ်က ချစ်တဲ့စိတ်ကြောင့် ၁၀၀ထပ်ပေးလို့မရဘူး
၅၀ရှိနေရင် ၃၀ သို့မဟုတ် ၄၀လောက်ထပ်ပေး
ဒါဆိုရင် အချစ်ဟာ ကျန်းမာရေးနဲ့ညီညွှတ်စေတယ်
အရမ်းများသွားရင်က အချစ်ကြောင့်ကျန်းမာရေးကို
ထိခိုက်စေနိုင်တယ် ချစ်ခြင်းမေတ္တာက လွတ်လပ်စေတယ်
ပျော်ရွှင်စေတယ် အရာအားလုံးကို ကျော်လွှားနိုင်စေတယ်
မွန်းကျပ်စေတယ် ပူလောင်စေတယ် ပိတ်မိစေတယ်ဆိုရင်
က်ုယ်ရနေတဲ့ အရာက ချစ်ခြင်းမေတ္တာမဟုတ်သေးဘူးဆိုတာ
သတိပြုမိနိုင်ပါစေနော်
#Min_Thant
#CounselingServices
#coachingservices
#EmotionalSupport
#mentalsupport
#physicalsupport
#ချစ်ခြင်းမေတ္တာ
#ကွာခြားချက်