၁။ ကိုယ်ကျေးဇူးတင်တဲ့အရာ (၃) ခုကို စဉ်းစားပါ။ (ဒီ Post အောက် ကိုယ်ကျေးဇူးတင်တဲ့အရာတစ်ခုကို ရေးပြီး တစ်ယောက်နဲ့ တစ်ယောက် အကြည်ဓာတ်ပို့ကြရအောင်) Olive ကတော့ မနက်ပိုင်းကို အန္တရာယ်ကင်းကင်း နိုးထလာရလို့ ကျေးဇူးတင်ပါတယ်။
၂။ Morning Affirmation နားထောင်ပါ။
၃။ ဖုန်းနဲ့ ဝေးဝေးနေပါ။
၄။ တရား (၁၀) မိနစ်ခန့်ထိုင်ပါ။
၅။ စိတ်မကြည်ရင် ခံစားချက်ကို တစ်နေရာရာမှာ ထုတ်ပစ်ပါ။ ဥပမာ- Journaling
၆။ တရားမထိုင်နိုင်ခဲ့ရင်တောင် အသက်ရှူတာကို အာရုံစိုက်ပါ။
၇။ အခန်းပြတင်းပေါက်ကို ဖွင့်ပြီး အပြင်လောကကို ခဏတဖြုတ် ကြည့်ပါ။ ငှက်သံတွေ၊ ကားသံတွေကို အာရုံစိုက် နားထောင်ကြည့်ပါ။
၈။ စာအုပ်ဖတ်ပါ။
၉။ ကိုယ်အရင်နေ့က လုပ်ခဲ့တဲ့ တာဝန်ကျေခဲ့တာတွေကို ပြန်ကြည့်ပါ။
၁၀။ မနက်ပိုင်းမှာ အလုပ်တန်းသွားရတဲ့သူတွေအနေနဲ့ ကိုယ့်အတွက်အချိန်ပေးနိုင်ဖို့ ၁၀ မိနစ်ခန့် စောထပါ။ ကိုယ်လုပ်ချင်တာလေး တစ်ခုခု လုပ်ကြည့်ပါ။ အချိန်မပေးနိုင်ရင်တောင် YouTube က Relaxing Music for Stress Relief တွေ နားထောင်ပေးပါ။