Últimas publicaciones de Let's Grow Together with Olive✨✨ (@olivevlogmm) en Telegram

Publicaciones de Telegram de Let's Grow Together with Olive

Let's Grow Together with Olive✨✨
📍You need an accountable partner to grow together. I'm here for you as your relatable sister.
7,529 Suscriptores
73 Fotos
1 Videos
Última Actualización 06.03.2025 16:00

El contenido más reciente compartido por Let's Grow Together with Olive en Telegram

Let's Grow Together with Olive

10 Feb, 00:37

4,707

မနက်ခင်းကနေ စတင်ပြီး တစ်နေ့လုံး စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်တာဝန်တွေ လုပ်န်ိုင်ဖို့ ဒါလေးတွေ လုပ်ကြည့်ပါ🌿

၁။ ကိုယ်ကျေးဇူးတင်တဲ့အရာ (၃) ခုကို စဉ်းစားပါ။ (ဒီ Post အောက် ကိုယ်ကျေးဇူးတင်တဲ့အရာတစ်ခုကို ရေးပြီး တစ်ယောက်နဲ့ တစ်ယောက် အကြည်ဓာတ်ပို့ကြရအောင်) Olive ကတော့ မနက်ပိုင်းကို အန္တရာယ်ကင်းကင်း နိုးထလာရလို့ ကျေးဇူးတင်ပါတယ်။
၂။ Morning Affirmation နားထောင်ပါ။
၃။ ဖုန်းနဲ့ ဝေးဝေးနေပါ။
၄။ တရား (၁၀) မိနစ်ခန့်ထိုင်ပါ။
၅။ စိတ်မကြည်ရင် ခံစားချက်ကို တစ်နေရာရာမှာ ထုတ်ပစ်ပါ။ ဥပမာ- Journaling
၆။ တရားမထိုင်နိုင်ခဲ့ရင်တောင် အသက်ရှူတာကို အာရုံစိုက်ပါ။
၇။ အခန်းပြတင်းပေါက်ကို ဖွင့်ပြီး အပြင်လောကကို ခဏတဖြုတ် ကြည့်ပါ။ ငှက်သံတွေ၊ ကားသံတွေကို အာရုံစိုက် နားထောင်ကြည့်ပါ။
၈။ စာအုပ်ဖတ်ပါ။
၉။ ကိုယ်အရင်နေ့က လုပ်ခဲ့တဲ့ တာဝန်ကျေခဲ့တာတွေကို ပြန်ကြည့်ပါ။
၁၀။ မနက်ပိုင်းမှာ အလုပ်တန်းသွားရတဲ့သူတွေအနေနဲ့ ကိုယ့်အတွက်အချိန်ပေးနိုင်ဖို့ ၁၀ မိနစ်ခန့် စောထပါ။ ကိုယ်လုပ်ချင်တာလေး တစ်ခုခု လုပ်ကြည့်ပါ။ အချိန်မပေးနိုင်ရင်တောင် YouTube က Relaxing Music for Stress Relief တွေ နားထောင်ပေးပါ။
Let's Grow Together with Olive

08 Feb, 02:31

4,155

Telegram Channel Subscribers တွေအတွက် Appreciation Post 💢

ဒီနေ့ကတော့ Post ဆိုတာထက် ချီးကျူးစကားပါ။ Olive က ကိုယ့် Post အောက်မှာ "မ ရေ အရမ်းလှနေတယ်တို့ “❤️” တို့ထက် ဝင်ဆွေးနွေးတာ၊ ပြန်စဉ်းစား သုံးသပ်ပြီး မေးခွန်းတွေ မေးတာကို သဘောကျပါတယ်။ ဒီ Telegram Channel က သူတွေက အဲ့လိုလုပ်တတ်တဲ့ သူတွေများတာမို့ တချိန်ချိန် ပိုတော်လာမယ့် လူတွေ၊ အောင်မြင်လာမယ့် သူတွေလို့ Olive အပြည့်အဝ ယုံကြည်ပါတယ်။ အများကြီးတော်ကြပါတယ် 🤩ရှေ့လျှောက်ဆက်ပြီးတော့ တူတူ Active ဖြစ်ကြမယ်။ တူတူ Grow ကြမယ်။
Please Remember
Think Big
Start Small
Act Fast
Let's Grow Together with Olive

07 Feb, 09:50

4,170

ဒီနေ့ Olive ရဲ့ "Olive Myanmar Vlog" YouTube channel မှာ 8 pm MMT Live ရှိပါမယ်။ အားတဲ့သူတွေ ဆုံကြမယ်နော် ☺️
Let's Grow Together with Olive

07 Feb, 06:29

3,687

တခြားသူတွေရဲ့ အထင်အမြင်ကို ဂရုစိုက်တတ်တဲ့အကျင့်ဘယ်လို ဖျောက်မလဲ

အရင်ဆုံး ဘယ်လိုလုပ်ရမလဲ မပြောခင် ဒီအကျင့်က ကိုယ့်ရဲ့ တစ်ခုခု စလုပ်ချင်တဲ့ အလားအလာအခွင့်အလမ်း၊ ကိုယ့် အရည်အချင်းတွေကို ဖျက်ဆီးနေတတ်တယ်ဆိုတာ သတိရသင့်ပါတယ်။

၁။ ကိုယ့်ဘဝရဲ့ အရေးအပါဆုံးလူတွေကို သတ်မှတ်ပါ။ သတ်မှတ်ပြီးနောက် ဒီလူတွေရဲ့ အထင်အမြင်ကိုပဲ ဂရုစိုက်မယ်။ ကျန်တာကို ဂရုမစိုက်ဘူးလို့ ဆုံးဖြတ်ပါ။
၂။ တခြားသူရဲ့ အထင်အမြင်နဲ့ ကိုယ့်ဝါသနာနဲ့ ဘယ်ဟာက ပိုအရေးကြီးလဲ စဉ်းစားပါ။
၃။ ကိုယ့်ရဲ့ အလုပ်အကိုင်၊ လက်ရာက အပြောခံရသည့်တိုင် တခြားသူတွေအတွက် ရေရှည်မှာ အကျိုးရှိတဲ့ဟာလား ကိုယ့်အတွက်ကော မှန်တယ်ထင်လားတွေးပါ။ မှန်တယ်ထင်ရင်၊ အကျိုးရှိတယ်ထင်ရင်တော့ အကဲ့ရဲ့ခံရဖို့အလားအလာရှိသည့်တိုင် ဆက်လုပ်ပါ။
၄။ ကဲ့ရဲ့ ၇ ရက် ချီးမွမ်း ၇ ရက်ဆိုတာကို သတိရပါ။
၅။ ဘဝက တိုတိုလေးမို့ အပြစ်ပြောတဲ့သူလည်း တနေ့ သေရမယ့်လူလို့ တွေးပြီး ဂရုဏာပွားပေးလိုက်ပါ။
၆။ တွေးတာကို လျှော့ပြီး အလုပ်နဲ့ သက်သေပြပါ။
Let's Grow Together with Olive

05 Feb, 06:38

3,815

စိတ်ညစ်၊ စိတ်ဓာတ်ကျ၊ အားငယ်နေတဲ့အချိန် ဘယ်လိုဖြတ်သန်းမလဲ?

1. လှုပ်လှုပ်ရှားရှား ဖြစ်အောင် တစ်ခုခုလုပ်ပါ။ ဥပမာ- လမ်းလျှောက်၊ Home Workout လုပ်တာ
2. သဘာဝနဲ့ ထိတွေ့ပါ။ ဥပမာ- အပင်တွေရှိတဲ့ဘက် လမ်းလျှောက်ထွက်တာ။
3. ကိုယ်ဘာလို့ခံစားနေရလဲ မြင်နိုင်ဖို့ ရင်ထဲပေါ်လာသမျှကို စာအုပ်ထဲ ချရေးပါ။
4. ကိုယ့်ကိုကိုယ် ခွင့်လွှတ်ပါ။
5. ကိုယ်လုပ်နိုင်ခဲ့တဲ့ ခြေလှမ်းသေးသေးလေးတွေအတွက် ကျေးဇူးတင်ပေးပါ။
6. မိသားစု၊ ချစ်ရသူတွေဆီ ရင်ဖွင့်ပါ။
Let's Grow Together with Olive

03 Feb, 09:24

3,894

အတွေးများတာကို ဘယ်လိုလျှော့မလဲ?
1. အတွေးကို ရပ်လို့မရတာမို့ တွေးရင်းနဲ့ပဲ အလုပ်တွေ စလုပ်ပါ။
2. အရေးကြီးတာက အမြန် Action ယူဖို့ ဆိုတာကို သတိရပါ။
3. တခြားသူတွေအမြင်ကို ကြောက်နေရင် ကိုယ့်ဘဝထဲ အရေးအပါဆုံး လူသုံးယောက် သို့ လေးယောက်ကို တွေးကြည့်ပါ။ သူတို့ရဲ့ အမြင်က လွဲရင် ကျန်တဲ့ သူအမြင်ကို ဂရုမစိုက်ဘူးလို့ ဆုံးဖြတ်ထားပါ။
4. ကိုယ့်အတွေးကို မြင်လာဖို့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ စာအုပ်ဖတ်တာတွေ ကိုယ့်တစ်နေ့တာမှာ ထည့်ပေးပါ။
5. Phone သုံးတာ လျှော့ပါ။
6. အတွေးများပြီး ခေါင်းရှုပ်လာရင်ခံစားရသမျှကို စာအုပ်ထဲ ချရေးပါ။
Let's Grow Together with Olive

02 Feb, 07:12

4,576

အချိန်ဆွဲတာကို ဘယ်လိုလျှော့ရမလဲ?
1. ဘာတွေလုပ်စရာရှိလဲ အစအဆုံး ချရေးပါ။
2. ခြေလှမ်းသေးသေးလေးက စပါ။ ဥပမာ- အလုပ်လုပ်ဖို့ ကွန်ပြူတာဖွင့်တာ။
3. ၅ မိနစ် Timer မှတ်ပြီး စလုပ်ပါ။
4. ကိုယ် သဘောကျတဲ့ သီချင်း သို့မဟုတ် Video Creator, Motivational speaker Video ကို ဖွင့်ပြီးတာနဲ့ အလုပ်စလုပ်ပါ။
5. မလုပ်ရင် မပြီးဘူးဆိုတာကို သတိရပါ။
6. နည်းနည်းလောက် အလုပ်ပြီးသွားရင်လည်း လုပ်ဖြစ်တာဖြစ်လို့ ဒါအတွက် ဂုဏ်ယူပေးပါ။
Let's Grow Together with Olive

31 Jan, 07:34

3,482

📌🌸အားလုံးပဲ မင်္ဂလာပါ။ Olive ရဲ့ Let's grow together" Telegram Free Channel နေ ကြိုဆိုပါတယ်။ ဒီ Telegram က ဖွင့်ထားတာ ကြာပြီဖြစ်ပေမယ့် အခုမှ ပြန် Run မှာပါ။ ဒီ Channel ကနေ ဘာတွေ မျှော်လင့်နိုင်မလဲဆိုတော့ Olive လေ့လာဖြစ်တာတွေ၊ ပိုတိုးတက်အောင် ဘာတွေလုပ်ဖြစ်လဲဆိုတာတွေ, ကိုယ့်နေ့ရက်တွေကို အားအသစ်တွေနဲ့ ရှေ့ဆက်ဖို သတိပေးမယ့် Daily Reminder တွေကို Voice Message, Photo, Text စတာလေးတွေ တစ်ပတ်မှာ သုံးကြိမ်ပိုသွားမှာပါ။ ဒါ့အပြင် တစ်ပတ်တာ၊ နှစ်ပတ်တာ၊ တစ်လတာ စသဖြင့် Free Challenge တွေကိုလည်း ရံဖန်ရံခါ တူတူလုပ်သွားကြမှာပါ။

📍📍ဒီ Channel ကို ဘာကြောင့် Join ထားသင့်တာလဲ?? အရင်နဲ့ မတူတော့ဘဲ Glowup Transformation ဖြစ်လာဖို ကိုယ်နဲ့ အတူတူ အောင်မြင်ရင် ပျော်ပေးမယ့်၊ ကျရှုးဝမ်းနည်းရင် ပံ့ပိုးပေးမယ့် မိတ်ဆွေလိုအပ်ပါတယ်။ Olive ကနေ ဒီမိတ်ဆွေ အစ်မ တစ်ယောက်အနေနဲ့ အတူရှိပေးပါမယ်။
Let's Grow Together with Olive

31 Jan, 05:25


Channel name was changed to «Let's Grow Together with Olive»
Hi,I'm Olive. How you doin'?

18 Jan, 04:23

13,956

စာဖတ်ပါ💐

Olive ဒီနေ့ စာအုပ်တစ်အုပ် အပြီးဖတ်ပြီးနောက် အိုင်ဒီယာတစ်ခုရလာလို့ ဒီ Plan လုပ်လိုက်တာပါ။ Olive Telegram Channel ကို Join တဲ့သူ အကုန်နီးပါး စာအုပ်ဖတ်ဖြစ်မှာပါ။ ၂၀၂၄ အတွက် ဖတ်ဖြစ်တဲ့ စာအုပ် List ကို Olive နဲ့ အတူတူ တစ်နေရာတည်းမှာ မှတ်တမ်းတင်ပြီး သိမ်းထားလို့ ရအောင် Excel Book List လုပ်ပေးထားပါတယ်။

https://docs.google.com/spreadsheets/d/1-JNBqyxUNNELYT7veBW6SWDqRzdDP2ojXKa9-h1qxmY/edit?usp=sharing