𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 (@nightingalechannel) के नवीनतम पोस्ट टेलीग्राम पर

𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 टेलीग्राम पोस्ट

𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥
𝐒𝐩𝐫𝐢𝐧𝐠 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬
21,742 सदस्य
201,038 तस्वीरें
6,410 वीडियो
अंतिम अपडेट 09.03.2025 02:47

समान चैनल

Hlaing Info
76,791 सदस्य
Enemy Air Route Channel
28,178 सदस्य
OCTOPUS (ရေဘဝဲ) 🐙
6,691 सदस्य

𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 द्वारा टेलीग्राम पर साझा की गई नवीनतम सामग्री

𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

09 Mar, 02:26

101

တံတားဦး

အင်းဝမြို့ဟောင်းဖြတ်၍ Y-12 Light Military Transport Aircraft 1စင်း တောင်ဘက်သို့ ပျံသန်း။

08:54, Mar 09
#EAR
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

09 Mar, 02:25

108

နိုင်ငံတစ်ဝန်းက စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ် ၁၇၄ ခုကို တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထား

မတ်လ ၉ ရက်

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ လက်ရှိ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ၄ နှစ်ကျော်အတွင်း နိုင်ငံတဝန်းရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်ပေါင်း ၁၇၄ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP - Myanmar) က ထုတ်ပြန်လိုက်ပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နှင့် တပ်ရင်းဌာနချုပ် ရာနှင့်ချီ သိမ်းပိုက်ခံခဲ့ရတာဖြစ်ပါတယ်။

အများစုဟာ ၁၀၂၇ စစ်တင်ရေးအတွင်းဆုံးရှုံးခဲ့တာဖြစ်ပြီး  တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ အဓိကထိန်းချုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အဆက် - ⤵️⤵️
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

09 Mar, 02:25

92

ရခိုင်ခရိုနီ ဦးကျောက်တောင် ရဲ့ ပိုင်ဆိုင်မှုတွေကို AA က ချိတ်ပိတ်

မတ်လ ၉ ရက်

ရခိုင်က ခရိုနီတစ်ဦးအဖြစ် နာမည်ကြီးတဲ့ တောင်ကုတ် ဒေသခံ သူဌေး ဦးကျောက်တောင်ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုလုပ်ငန်းတွေကို အာရက္ခ  အစိုးရအဖွဲ့ ULA က ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း ရခိုင် ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဦးကျောက်တောင်ဟာ စစ်တပ်ထိပ်ပိုင်း ခေါင်း ဆောင်တွေနဲ့ ရင်းနှီးမှုရှိပြီး ရခိုင်ပြည်နယ်အတွင်း လမ်း၊ တံတား၊ အဆောက်အဦးအပါအဝင် လုပ်ပိုင် ခွင့်တွေ ရယူနိုင်ခဲ့လို့ ကြီးပွားချမ်းသာလာသူ ဖြစ်ပါတယ်။

ဦးကျောက်တောင်ဟာ ရခိုင်ဒေသ စစ်ရေးဆိုင်ရာကွပ်ကဲမှုဖြစ်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူးအစဉ်အဆက်နဲ့ ရင်းနှီးသူဖြစ်တဲ့အပြင် နေပြည်တော်အထိပါ ပေါက်ရောက်တဲ့ သူဌေး ကြီး ဖြစ်ပါတယ်။ သူဟာ နပခမှာ တိုင်းမှူးလုပ်ဖူးတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ရင်းနှီးသူတစ်ဦး ဖြစ်ပါတယ်။

အဆက် - ⤵️⤵️
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

09 Mar, 02:24

81

မန္တလေး

မန္တလေးဖြတ်၍ Y12 military transport aircraft 1စီး  တောင်ဘက်သို့ ပျံသန်း။

08:52,Mar 9
#EAR
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

09 Mar, 02:24

77

⚠️မိတ္တီလာ

ရှမ်းတဲလေတပ်မှ ATR 42ကင်းထောက်လေယာဉ်တစ်စင်း အရှေ့မြောက်သို့ ပျံတက်။

08:47,Mar 9
#EAR
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

09 Mar, 02:24

78

⚠️နေပြည်တော်

နေပြည်တော်လေတပ်မှ Yak 130 jet fighter 1စင်း အရှေ့တောင်အရပ်သို့ပျံသန်း။

08:47,Mar 9
#EAR
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

09 Mar, 02:10

140

မန်း-ပြင်ဦးလွင်သတင်း🚨🚨
March-9
7:53AM

ရခ DC(၂)စီး တစ်စီးအင်အား(၆)ကောင်၊အိမ်စီးကားအမဲ(၁)စီး မန္တလေးမှပြင်ဦးလွင်ဘက်သို့ မောင်းသွားကြောင်းသတင်းရရှိပါသည်။

Source -MR Informer
#MDYRevo
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

09 Mar, 02:09

155

သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သပြေညွန့်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများအများအပြား သိမ်းဆည်းရရှိ

▪️စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင် စခန်းစွန့်ခွာ ထွက်ပြေး

မတ်လ ၉ ရက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သပြေညွန့်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများအများအပြား သိမ်းဆည်းရရှိကြောင်း KNU က တရားဝင် ပြောဆိုသည်။

အဆိုပါ သပြေညွန့် စစ်တပ်စခန်းကို မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ တိုက်ခိုက်ခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် သိမ်းပိုက်ရရှိကြောင်း၊  ယင်းစခန်းသိမ်းတိုက်ပွဲတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ၂၀ ကျော်စခန်းစွန့်ခွာထွက်ပြေးခဲ့ကြောင်း၊ ထိုစစ်ကောင်စီတပ်စခန်းကို အလုံးစုံ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

အဆက် - ⤵️⤵️
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

09 Mar, 01:22

311

ပြည်ပရောက် မြန်မာများ ပြည်တွင်း သို့ ပြန်လည် ဝင်ရောက်ခြင်း မရှိတော့၍  အခြေခံအလုပ်သမားများအားလုံး ပြည်ပသို့ စေလွှတ်မှု အကန့်အသတ်မရှိ ရပ်ဆိုင်းထား

▪️ကျွမ်းကျင်လုပ်သားနှင့် G to G အစီအစဉ်အရ အလုပ်သမားများကိုသာ စစ်ကောင်စီက စိစစ်၍ ပြည်ပထွက်ခွင့်ပြုနေ

မတ်လ ၉ ရက်

ပြည်ပရောက် မြန်မာများ ပြည်တွင်း သို့ ပြန်လည် ဝင်ရောက်ခြင်းမရှိတော့၍  အခြေခံအလုပ်သမားများအားလုံး ပြည်ပသို့ အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ပြီး  ကျွမ်းကျင်လုပ်သားနှင့် G to G အစီအစဉ်အရ အလုပ်သမားများသာ ပြည်ပထွက်ခွင့်ပြုမည်ဖြစ်ကြောင်း နေပြည်တော် အလုပ်သမားဝန်ကြီးဌာန၊ သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ပြည်ပသို့ အလုပ်သမားများ စေလွှတ်မှုများအားလုံး ယာယီရပ်ဆိုင်းထားခဲ့ကြောင်း၊ ယင်းနောက် ကျွမ်းကျင်အလုပ်သမားများနှင့် G to G အစီအစဉ်အရ အလုပ်သမားများ စေလွှတ်မှုများကို အလုပ်သမားဝန်ကြီးဌာနက စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ အခြေခံ အလုပ်သမားများ ပြည်ပသို့ စေလွှတ်မှုကိုမူ ယာယီအားဖြင့် ရပ်ဆိုင်းထားကြောင်း၊

အဆက် - ⤵️⤵️
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

09 Mar, 00:35

350

⚠️နေပြည်တော်

နေပြည်တော်လေတပ်မှ jet fighter 1စင်း အရှေ့တောင်အရပ်သို့ပျံသန်း။

07:02,Mar 9
#EAR