Shwe note❤️❤️❤️My Life (@mynote12182001)の最新投稿

Shwe note❤️❤️❤️My Life のテレグラム投稿

Shwe note❤️❤️❤️My Life
စာဖတ်စေချင်တဲ့ရည်ရွယ်ချက်မျှသာ
1,881 人の購読者
5 枚の写真
最終更新日 09.03.2025 13:18

類似チャンネル

OtakuMe オタクメ✨
12,252 人の購読者
AELC
9,609 人の購読者
GED RLA ပညာအလှူ
9,383 人の購読者

Shwe note❤️❤️❤️My Life によってTelegramで共有された最新のコンテンツ

Shwe note❤️❤️❤️My Life

16 Apr, 08:28

3,124

Smith ဟာ သူ့ရဲ့ punch line ကို ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင် အကွက်ဆင်နိုင်ခဲ့မှုကြောင့် အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။ ပရိသတ် က ဘယ်သူများ သေသွားသလဲဆိုပြီး တိတ်ဆိတ်ပေးခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ဒါဟာ သူတို့ပြိုင်ဘက်ကိုရည်စူးကြောင်း သိလိုက် ကြရပါတယ်။ မထင်မှတ်တဲ့ အပြောင်းအလဲကြောင့် ပရိသတ်တွေဟာ အံ့အားသင့်သွားကြသလို၊ စိတ်ထဲက တင်းကျပ်နေမှုတွေလဲ လျော့ကျ သွားတာကြောင့် အားရပါးရ ရယ်မောနိုင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဟာသပညာရှင် John Kindle ကလဲ “ရယ်စရာဆိုတာ ရထားစုတ် တစ်စီးနဲ့တူတယ်၊ ရထားဘယ်မှာရှိနေတယ်ဆိုတာ ခင်ဗျားသိတယ်၊ ရထားဘယ်ကိုသွားမယ်ဆိုတာလဲ ခင်ဗျားသိတယ်၊ ဒါပေမယ့် ရထားလမ်းချော်သွားတဲ့အချိန်မှာတော့ ခင်ဗျားအံ့ဩသွားရမှာဖြစ်တယ်” လို့ တင်စားပြောဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် ဟာသတစ်ခုကို တည်ဆောက် ဖို့အတွက် ပရိသတ်တွေထင်မထားတဲ့ လှည့်ကွက်လေးတွေသုံးပြီး ပုံမှန် လမ်းကြောင်းကနေ လမ်းချော်သွားအောင် ပြုလုပ်တတ်ရမှာ ဖြစ်ပါ တယ်။

ဟာသလေးတွေ ထည့်သွင်းဖို့အတွက် နောက်ထပ်နည်းလမ်းတစ်ခု ကတော့ "rule of three” လို့ခေါ်တဲ့ စည်းမျဉ်းကို လိုက်နာဖို့ပါပဲ။ ဒီစည်းမျဉ်းရဲ့သဘောကတော့ ဟာသတစ်ခုကို စာကြောင်းသုံးခုပါတဲ့ အုပ်စုသုံးခုခွဲပြီး တည်ဆောက်ဖို့ဖြစ်ပါတယ်။ Nihill ရဲ့ စမ်းသပ်မှု တွေအရ အုပ်စုသုံးခုခွဲပြောတဲ့ ဟာသတွေဟာ ထိရောက်မှုပိုရှိပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုလဲ ပိုရတယ်လို့ သိရပါတယ်။ Rule of three နည်းစနစ်ရဲ့ ပထမနှစ်ကြောင်းမှာ သာမန်အတိုင်းပဲ ပြောဆိုပြီး၊ နောက်ဆုံးစာကြောင်းကျမှ မထင်မှတ်တဲ့ အလှည့်အ ပြောင်းတစ်ခုကို ထည့်သွင်းပေးရပါတယ်။

ဥပမာအားဖြင့် The Daily Show အစီအစဉ်ရဲ့ တင်ဆက်သူဖြစ် တဲ့ Jon Stewart က “ကျွန်တော့်အိမ်မှာ ကျေးဇူးတော်နေ့ကို အစဉ်အလာအတိုင်း ကျင်းပခဲ့တယ်၊ ကျွန်တော့်အိမ်မှာ စားသောက်ပွဲ အကြီးကြီးလဲရှိနေတာကြောင့် အိမ်နီးနားချင်းတွေအားလုံးကို ဖိတ်ကြားခဲ့တယ်၊ ပြီးတော့ ကျွန်တော်သူတို့ကို သတ်ပစ်လိုက်ပြီး သူတို့ မြေတွေကို သိမ်းပစ်လိုက်တယ်” လို့ အရွှန်းဖောက်ခဲ့ဖူးပါတယ်။

ဒီဟာသမှာ ပရိသတ်ကို အံ့ဩသွားစေတဲ့ အပိုင်းဟာ နောက်ဆုံး စာကြောင်း ဖြစ်ပါတယ်။ ရှေ့နှစ်ကြောင်းရဲ့ ပတ်ဝန်းကျင်မြင်ကွင်းက ပရိသတ်တွေအတွက် ဘာမှမထူးခြားပါဘူး။ ကျေးဇူးတော်နေ့မှာ အိမ်နီးနားချင်းတွေကိုဖိတ်တာဟာ လူတိုင်းကြုံဖူးကြတဲ့ အဖြစ်အပျက် မျိုးပါပဲ။ ဒါပေမယ့် “ကျွန်တော်သူတို့ကို သတ်ပစ်လိုက်ပြီး သူတို့မြေ တွေကို သိမ်းပစ်လိုက်တယ်” ဆိုတာကတော့ လုံးဝထင်မှတ်မထားတဲ့ ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ပရိသတ်တွေကို ရယ်မောနိုင်စေခဲ့တာ ဖြစ်ပါတယ်။ Rule of three ရဲ့ အနှစ်သာရကတော့ ပထမနှစ် ကြောင်းမှာ အရှိန်ယူပြီး နောက်ဆုံးအကြောင်းမှာ မမျှော်လင့်တဲ့ အလှ ည့်အပြောင်းကို ထည့်သွင်းပေးနိုင်ခြင်းပါပဲ။

ခုဆိုရင်တော့ ကိုယ့်ရဲ့ ဇာတ်လမ်းထဲမှာ ဟာသလေးတွေ ထည့်သွင်းပုံကို ဖော်ပြခဲ့ပြီးပါပြီ။ စင်ပေါ်ကို တကယ်ရောက်တဲ့အခါ သတိထားရမယ့်အချက်တွေကိုတော့ နောက်တစ်ခန်းမှာ ဆက်လက်ဖော်ပြသွားမှာ ဖြစ် ပါတယ်။
(3) စင်မြင့်ထက်က ပြောဆိုမှုစွမ်းရည်

|||

ဟောပြောမှုတိုင်း, တင်ဆက်မှုတိုင်းကို introduction” လို့ခေါ်တဲ့ အဖွင့်စကားလေးတွေနဲ့ စတင်ကြရပါတယ်။ ကိုယ်က ခုမှစပြီး စကားပြောလေ့ကျင့်နေတဲ့ လူသစ်တစ်ယောက်ဆိုရင်တော့ introduction အပိုင်းကို သေသေချာချာ စီစဉ်ထားဖို့ လိုအပ်ပါလိ မ့်မယ်။

ဟောပြောမှုတစ်ခုရဲ့ ပထမဆုံး စက္ကန့် ၃၀ သိပ်အရေးကြီးပါတယ်။ ဟာ ပထမဆုံး စက္ကန့် ၃၀ ဟာ ဟောပြောမှုတစ်ခုလုံးရဲ့ ရလဒ်ကိုပါ အဆုံးအဖြတ်ပေးနိုင်စွမ်းရှိတယ်လို့ စာရေးသူ Nihill က ဆိုပါတယ်။ စကားမပြောခင်မှာ ပရိသတ်နဲ့ဟောပြာသူကြားမှာ တင်းမာမှုလေးတွေ အနည်းငယ်ရှိနေတတ်ပါတယ်။ တကယ်လို့ ပထမဆုံး စက္ကန့် ၃၀ အတွင်းမှာ ပရိသတ်တွေကို ရယ်အောင်လုပ်နိုင်မယ်ဆိုရင်တော့ တင်းမာမှုတွေကို လျော့ကျေစေပြီး ပရိသတ်တွေကို သက်တောင့် သက်သာ ဖြစ်သွားစေသလို၊ အာရုံစူးစိုက်မှုကိုလဲ ပိုကောင်းလာစေနိုင် ပါတယ်။

ဥပမာအားဖြင့် CAPTCHA လို့ခေါ်တဲ့ စာလုံးတွေကို တီထွင်ခဲ့တဲ့ Luis von Ahn ရဲ့ ဟောပြောမှုတစ်ခုကို လေ့လာကြည့်ပါ။ Louis က TEDx ဟောပြောပွဲတစ်ခုမှာ “ခင်ဗျားတို့ အွန်လိုင်းမှာ ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ စာလုံးတွေကို ဖြူးဖြဲကြည့်ပြီး ဖောင်တွေဖြ ည့်ဖူးကြသလား? အဲဒီစာလုံးတွေက တော်တော်လေး စိတ်အနှောင့် အယှက် ဖြစ်စေတယ်မဟုတ်လား? အဲဒီစာလုံးတွေကို တီထွင်ခဲ့တာ ကျုပ်ပဲလေ” ဆိုပြီး သူ့ရဲ့ ဟောပြောမှုကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပရိသတ်တွေဟာ ဝါးလုံးကွဲရယ်မောပြီးတဲ့နောက်မှာ Louis ရဲ့ ဟောပြောမှုတစ်လျှောက်လုံးကို အာရုံစူးစိုက်ပြီး စိတ်ဝင်တစားနဲ့ နားထောင်ခဲ့ကြတာကို တွေ့ရပါတယ်။

ပွဲအစမှာ ပရိသတ်တွေကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေး ပြီးပြီဆိုရင်တော့ ကိုယ်စီစဉ်ထားတဲ့ ဇာတ်လမ်းကိုဖြစ်စေ၊ ကိုယ်တွေ့ ဖြစ်ရပ်ကိုဖြစ်စေ ဆက်ပြောရပါမယ်။ ပရိသတ်ဆိုတာက “အခု စကားပြောနေတာ ဘယ်သူလဲ? သူ့ရဲ့ စိတ်အားထက်သန်မှုကဘာလဲ? ငါတို့က သူပြောတာကို ဘာလို့နားထောင်သင့်တာလဲ?” ဆိုတာတွေကိုသိချင်တဲ့စိတ်ရှိကြပါတယ်။ ဒါကြောင့် ရှေ့အခန်းတွေမှာပြောခဲ့တဲ့ storytelling နည်းစနစ်တွေကို အသုံးပြုပြီး စိတ်ဝင်စားဖွယ်
Shwe note❤️❤️❤️My Life

16 Apr, 08:28

3,514

ဇာတ်လမ်းတစ်ခုကို ပြောပြရမှာဖြစ်ပါတယ်။ ကိုယ့်အကြောင်းကို လေ့လာပြီးသွားပြီဆိုရင်တော့ ကိုယ်ပြောတာတွေကို နောက်ထပ် နားထောင်ချင်တဲ့စိတ် ရှိလာကြပါလိမ့်မယ်။ ပရိသတ်တွေနဲ့ ဆက်သွယ် မှုတည်ဆောက်နိုင်ရေးဟာ ဟောပြောမှုတစ်ခုအတွက် အရေးကြီးဆုံး လိုအပ်ချက်ပါပဲ။

တစ်ခါတလေမှာ ပွဲစီစဉ်သူရဲ့ လိုအပ်ချက်ကြောင့် ကိုယ်စကားစပြော ချိန်ထိ ပရိသတ်တွေက စကားတပြောပြောနဲ့ ခုံနေရာရှာနေတာမျိုး ဖြစ် တတ်ပါတယ်။ အဲဒီလိုအချိန်မှာရော ကိုယ့်ဘက်က ဘာလုပ်သင့်သလဲ? တချို့ဟောပြောသူတွေကတော့ အဲဒီလိုအချိန်မှာ လူတွေရဲ့ဆူညံသံကို ဖုံးသွားအောင် အသံမြှင့်ပြီး ပြောတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်ရင် လူတွေရဲ့ ဆူညံသံကလဲ ကျယ်သထက်ကျယ်လာပါလိမ့်မယ်။ စာရေးသူကတော့ အဲဒီလိုအခြေအနေမှာ ပရိသတ်ရဲ့ အာရုံစိုက်မှုကို ရအောင်ယူပြီး ပရိသတ်ကို ထိန်းချုပ်နိုင်စွမ်းရှိရမယ်လို့ အကြံပေးထား ပါတယ်။ ဥပမာအားဖြင့် စာရေးသူက “ကျွန်တော့်အသံကိုကြားရင် လက်ခုပ်တီးပေးပါ” လို့ မကြာခဏ ပြောလေ့ရှိပါတယ်။ တစ်ယောက်ယောက်ကစပြီး လက်ခုပ်တီးပြီဆိုတာနဲ့ ကျန်တဲ့လူတွေက လဲ နောက်ကလိုက်ပြီး လက်ခုပ်တီးကြပါလိမ့်မယ်။ အဲဒီအချိန်မှာ စကားတပြောပြောနဲ့ ထိုင်ခုံရှာနေသူတွေဟာလဲ အရမ်းကောင်းတဲ့ ဟောပြောမှုတွေကို ငါတို့လွတ်သွားပြီလားဆိုတဲ့ စိုးရိမ်စိတ်တွေပေါ်လာ ပြီး တိတ်ဆိတ်သွားကြမှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းမျိုးကို အသုံးပြုမယ်ဆိုရင် ဟောပြောမှုရဲ့ အစပိုင်းမှာ တည်းက ပရိသတ်တွေကို ထိန်းချုပ်ထားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို ထိန်းချုပ်ထားနိုင်မှုကို ဟောပြောပွဲတစ်လျှောက်လုံးမှာလဲ ဆက်ထိန်းထားဖို့ လိုပါသေးတယ်။ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ထိန်းထားဖို့အတွက် “Who”, “When”, “What”, “Why”, “Where” အစရှိတဲ့ အဖွင့်မေးခွန်းတွေနဲ့ အလျဉ်းသင့်သလို မေးမြန်း ဆွေးနွေးနိုင်ပါတယ်။ တကယ်လို့ ပရိသတ်တွေထဲက လူ တစ်ယောက်တည်းနဲ့ပဲ ခပ်မြန်မြန် အမေးအဖြေလုပ်ချင်တယ်ဆိုရင် တော့“yes” or “no” ဆိုတဲ့ အပိတ်မေးခွန်းမျိုးကို အသုံးပြုနိုင်ပါ တယ်။

စင်မြင့်ပေါ်က စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး နောက်ထပ်လိုက်နာရမှာ ကတော့ - အသေးစိတ် ပြင်ဆင်မှုလေးတွေပါပဲ။ “အသေးစိတ် ပြင်ဆင်နိုင်ခြင်းဟာ အောင်မြင်မှုနဲ့ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်တယ်” ဆို တဲ့ ဆိုရိုးစကားရှိပါတယ်။ ဒါကြောင့် စင်ပေါ်မှာ ကောင်းကောင်း ဟောပြောချင်တယ်ဆိုရင် စင်ပေါ်မတက်ခင်တည်းက အသေးစိတ် ပြင်ဆင်သွားဖို့လိုပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီးတော့လဲ စာရေးသူ Nihill က အကြံပြုချက်တချို့ကို ဖော်ပြထားပါတယ်။

အရင်ဆုံး ခန္ဓာကိုယ် ပုံပန်းသွင်ပြင်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို လေ့လာကြည့်ရအောင်ပါ။ စင်ပေါ်မှာ ပရိသတ် ကို ဟောပြောနေစဉ်မှာ ချွေးပြန်တတ်တာ သဘာဝပါ။ ဒါကြောင့် ချွေးထွက်ရင်လဲ ချွေးကွက်တွေ သိပ်မထင်ရှားတဲ့ အရောင်ရင့်ရင့် အင်္ကျီတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဥပမာအားဖြင့် Steve Jobs ကိုကြည့်ပါ။ Steve Jobs ဟာ စင်ပေါ်တက်တိုင်းမှာ အနက် ရောင် ဆွယ်တာကိုပဲ အမြဲတမ်းဝတ်တာကို တွေ့ရပါလိမ့်မယ်။ ဒုတိယ အချက်ကတော့ ပရိသတ်တွေ ကိုယ့်ကို ပြည့်ပြည့်ဝဝ မြင်တွေ့နိုင် အောင် ဂရုစိုက်ဖို့ ဖြစ်ပါတယ်။ စကားပြောခုံနောက်မှာ ပုန်းနေတာတို့၊ တစ်ခုခုနဲ့ ကွယ်နေတာတို့ကို လုံးဝ မလုပ်သင့်ပါဘူး။ အဲဒီလို လုပ်မယ် ဆိုရင် ပရိသတ်နဲ့ကိုယ်နဲ့ကြားမှာ ယုံကြည်မှုပျက်ပျယ်သွားနိုင်ပါတယ်။

အသံနေအသံထားနဲ့ ပတ်သက်ရင်တော့ ကိုယ့်အသံကို အခန်းထဲက လူအားလုံးကြားနိုင်အောင် ခပ်ကျယ်ကျယ်လေး ပြောသင့်ပါတယ်။ အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် “အာ”, “အမ်” “ဒါပေမယ့်” အစရှိတဲ့ မလိုအပ်တဲ့ စကားလုံးတွေကိုလဲ လျှော့ချပြီးသား ဖြစ်သွားစေပါတယ်။ ကိုယ့်မျက်နှာကိုလဲ ပြုံးပြုံးလေးထားပြီး ပရိသတ်တွေနဲ့ တတ်နိုင်သမျှ မျက်လုံးချင်းဆုံအောင် ကြိုးစားပါ။ အရေးကြီးတဲ့ key point တွေနဲ့ punch line နေရာတွေ ရောက်လာရင်တော့ အသံကို ခဏရပ်လိုက် တာ (သို့မဟုတ်) နဂိုထက်မြင့်လိုက်တာမျိုးတွေ ပြုလုပ်ပြီး ပရိသတ်ရဲ့ စိတ်ဝင်စားမှု ပိုတက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

တစ်ခါတလေမှာ စကားပြောနေတုန်း အရေးပေါ်အခြေအနေတစ်ခုခုနဲ့ ကြုံလာတာမျိုးလဲ ရှိတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာတော့ ရှေ့အခန်းမှာပြောခဲ့တဲ့ punch line နဲ့ rule of three နည်းစနစ် တွေနဲ့ အရွှန်းဖောက်ပြီး ပွဲကို ပါးပါးနပ်နပ် ထိန်းသိမ်းနိုင်ပါတယ်။

ဥပမာအားဖြင့် ဟာသဖျော်ဖြေပွဲတစ်ပွဲမှာ ပွဲစီစဉ်သူက သူတို့မှာ အိမ်သာသုံးစက္ကူ ကုန်သွားပြီလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလာပါတယ်။ အဲဒီအချိန်မှာ ဟာသတင်ဆက်သူက “ပရိသတ်များခင်ဗျာ၊ ကျွန်တော်တို့ အနူးအညွတ်တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ဒီပွဲမှာ မက္ကဆီကို စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံပါမယ်၊ အဖျော်ယမကာတွေ အခမဲ့တိုက်ပါမယ်၊ ဒါပေမယ့် အိမ်သာသုံးစက္ကူတွေကိုတော့ ဖွက်ထား မှာဖြစ်ပါတယ်၊ နောက်တာမဟုတ်ဘူးနော် လို့ အရွှန်းဖောက်ပြီး ပွဲကို ထိန်းသွားတာကို တွေ့ရပါတယ်။
Shwe note❤️❤️❤️My Life

16 Apr, 08:28

3,860

တစ်ခါတလေကျတော့လဲ ကိုယ်စကားပြောနေချိန်မှာ ပရိသတ် တစ်ယောက်ယောက်က လှောင်ပြောင်အော်ဟစ်တာ (သို့မဟုတ်) အ နှောင့်အယှက်ပေးတာမျိုးတွေနဲ့ ကြုံရတတ်ပါတယ်။ ဒါပေမယ့် အဲဒီလူ ကြောင့် ကျန်တဲ့ပရိသတ်တွေ စိတ်အနှောင့်အယှက်မဖြစ်လောက်ဘူးဆို ရင် သည်းခံပေးလိုက်ပါ။ တကယ်လို့ ကိုယ့်ဘက်က တုံ့ပြန်မယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးနည်းလမ်းက အဲဒီ ပရိသတ်ရဲ့ ပြောစကားအတိုင်း ပြန်ပြောလိုက်ဖို့ပါပဲ။

ကြောင်တောင်တောင်နိုင်တဲ့ မှတ်ချက်တွေနဲ့ မေးခွန်းတွေကို တစ်ခေါက် ပြန်ပြောပြီး ခဏရပ်ထားလိုက်မယ်ဆိုရင် ပရိသတ်တွေက သူ့အလိုလို ရယ်ကြပါလိမ့်မယ်။ တကယ်လို့ ပိုရှုပ်ထွေးတဲ့ ပြဿနာမျိုးဆိုရင်လဲ တစ်ခေါက်ပြန်ပြောပြီး ခဏရပ်ထားလိုက်တာက သူတို့ရဲ့ မေးခွန်းတွေ မှတ်ချက်တွေနဲ့ မကျေနပ်ချက်တွေအတွက် အကောင်းဆုံးအဖြေကို စဉ်းစားချိန် ရသွားစေမှာဖြစ်ပါတယ်။

ကိုယ့်စကားပြောမယ့် နေရာနဲ့ရော ပရိသတ်နဲ့ပါ ရင်းနှီးမှုရပြီဆိုရင် တော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု, အသက်အရွယ်နဲ့ အလုပ်အကိုင် တွေပေါ်မူတည်ပြီး သင့်တော်တဲ့ အကြောင်းအရာလေးတွေကို အလျဉ်း သင့်သလို ထည့်သွင်းပြောဆိုပေးနိုင်ပါတယ်။ ကိုယ့်မတိုင်ခင် ဖျော်ဖြေ သွားကြတဲ့ တခြားလူတွေကို လေ့လာပြီးတော့လဲ သင့်တော်တဲ့ ဟာသ လေးတွေ, အကြောင်းအရာလေးတွေကို လက်တန်းဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့တင်ဆက်မှုနဲ့ ဘာမှမဆိုင်တဲ့ အကြောင်းအရာတွေကို တော့ အများကြီးမထည့်ပါနဲ့။ မဟုတ်ရင် ပရိသတ်က ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို မစုပ်ယူနိုင်တာမျိုး ဖြစ်သွားတတ်ပါတယ်။

တစ်ခါတလေမှာ ကိုယ်ပြောလိုက်တဲ့ ပျက်လုံးကို ပရိသတ်တွေက မရယ်ကြတဲ့အတွက် မှန်းချက်နဲ့နှမ်းထွက် မကိုက်တာမျိုးလဲ ရှိတတ်ပါ တယ်။ အဲဒီလို အခြေအနေမျိုးမှာ ပရိသတ်တွေ မရယ်ကြတာကို ကိုယ့် ဘက်က သတိထားမိတယ်ဆိုတာကို ပါးစပ်က ထုတ်ပြောလိုက်ရပါ မယ်။ ဥပမာအားဖြင့် အိုး! ဒီဟာသကတော့ သိပ်မရယ်ရဘူးထင်တယ် နော်၊ ရပါတယ်၊ ကျွန်တော့်မှာ ဒါထက်ကောင်းတဲ့ ဟာသတွေ ရှိပါသေး တယ် လို့ အရွှန်းဖောက်နိုင်ပါတယ်။ ဒါဆိုရင် ပရိသတ်တွေကိုရယ်မောကြမှာဖြစ်ပြီး၊ ကိုယ့်ကိုလဲ ပိုပြီးချစ်ခင်လာကြပါလိမ့်မယ်လို့

စာရေးသူက အကြံပေးထားပါတယ်။
Shwe note❤️❤️❤️My Life

16 Apr, 08:28

2,846

လူတော်တော်များများဟာ လူရှေ့ထွက်ပြီး စကားပြောရမှာကို စိုးရမ် ကြောက်လန့်ကြပြီး၊ ပရိသတ်ရှေ့ရောက်ပြီဆိုတာနဲ့ နှလုံးခုန်သံတွေမြန် လာတာ၊ လက်ဖဝါးတွေချွေးထွက်လာတာ၊ စိတ်လှုပ်ရှားတာမျိုးတွေလဲ ဖြစ်လာတတ်ပါတယ်။ တချို့လူတွေဆိုရင် စိတ်လှုပ်ရှားပြီး ကိုယ်ပြော ရမယ့်စကားတွေကို မေ့သွားတာမျိုးတောင် ဖြစ်တတ်ပါသေးတယ်။ တချို့ကျတော့လဲ အလုပ်ခွင်ထဲမှာ ကိုယ့်သူဌေးကို အလုပ်အကြောင်း ရှင်းလင်းတင်ပြဖို့ကိုတောင် စိတ်လှုပ်ရှားနေတတ်ပြန်ပါတယ်။ ဒါတွေ ဟာ ကာယကံရှင်တွေအတွက်တော့ တော်တော်လေး စိတ်သောက ရောက်ရတဲ့ အတွေ့အကြုံတွေပါပဲ။ ဒါပေမယ့် အကောင်းဘက်က ပြန် တွေးမယ်ဆိုရင်လဲ ဒီကြောက်ရွံ့မှုဟာ သဘာဝပဲဖြစ်ပြီး၊ လူတိုင်းနီးပါး ခံစားရတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီစာအုပ်ရဲ့စာရေးသူ David Nihill ဟာလဲ "public speaking” လို့ခေါ်တဲ့ လူအများရှေ့မှာ စကားပြောရတာကို ကြောက်ရွံ့ခဲ့ဖူးသူတစ်ယောက်ပါ။ သူဟာ ကောလိပ်ကျောင်းတုန်းက human resource management အတန်းမှာ တင်ဆက်ပြသ မှုတစ်ခုလုပ်ဖို့ အကြောင်းဖန်ခဲ့ဖူးပါတယ်။ Nihill ဟာ သူ့စိတ်ကို တည်ငြိမ်အောင်ဆိုပြီး စကားမပြောခင် ဘီယာ ၄ ပုလင်းလောက် သောက်သွားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ သူဟာစင်ပေါ်မှာ တောင် ရောက်မြောက်ရောက် စကားတွေပြောနေခဲ့ပြီး “ကျွန်တော့်နာမည် Mustafa ပါ၊ ကျွန်တော်က ယီမင်နိုင်ငံလာတဲ့ ပညာတော်သင် ကျောင်းသားတစ်ယောက်ပါ” ဆိုပြီး တလွဲတချော်တွေ လျှောက်ပြောမိ ခဲ့ပါတယ်။ သူဘာလို့ ဒီလိုမဟုတ်တာတွေ လျှောက်ပြောမိခဲ့လဲဆိုတာ သူ့ကိုယ်သူလဲ နားမလည်နိုင်ခဲ့ပါဘူး။

အဲဒီလို ဆိုးရွားတဲ့ လွဲချော်မှုကြောင့် Nihill ဟာ human resource management first-class honors မရခဲ့ဘဲ second-class honors သာရခဲ့တာကြောင့် သူတက်ချင်တဲ့ Ireland တက္ကသိုလ်ဝင်ခွင့်ကို ဆုံးရှုံးခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ Nihill ဟာ စကားပြောစွမ်းရည် တိုးတက်လာ အောင် လေ့ကျင့်ခဲ့ပြီး ဟာသပြောသူတစ်ယောက်ဖြစ်အောင် ကြိုးစား နိုင်ခဲ့ပါတယ်။ သူဟာ ကယ်လီဖိုးနီးယားက နာမည်ကြီး ကလပ်တွေမှာ တစ်ကိုယ်တော် ဟာသဖျော်ဖြေသူအဖြစ် နှစ်ပေါက်လုပ်ကိုင်နိုင်ခဲ့ သလို၊ 43 ကြိမ်မြောက် ဆန်ဖရန်ဆစ္စကို အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲမှာလဲ ဆုရရှိခဲ့ပါတယ်။ သူဟာ US Grandslamstorytelling ပြိုင်ပွဲမှာလဲ ဒုတိယဆု ရရှိခဲ့ဖူးသလို၊ Fobes မဂ္ဂဇင်းမှာလဲ ထင်ရှားကျော်ကြားသူအဖြစ်နဲ့ ဖော်ပြခြင်းခံခဲ့ရပါတယ်။

ဒီစာအုပ်ကို ဟာသဉာဏ်ရွှင်ရွှင်နဲ့ စကားပြောတတ်စေဖို့အတွက် လွယ် လွယ်ကူကူ စတင်လေ့လာနိုင်မယ့် သင်တန်းတစ်ခုလို့ သဘောထားနိုင် ပါတယ်။ ဒီစာအုပ်က “ဟာသ” ရဲ့ သဘောတရားကိုနားလည်ဖို့၊ “ဟာသ” တွေ ဖန်တီးနိုင်ဖို့နဲ့ ပရိသတ်ရှေ့ စကားပြောရမှာ “ဟာသ” တွေကို အသုံးချနိုင်ဖို့အတွက် လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ စာအုပ်ထဲမှာပါတဲ့ နည်းလမ်းတွေက စီးပွားရေး, လူမှုရေး, ပညာရေး အစရှိတဲ့ နေ့စဉ်ဘဝက စကားပြောဆိုမှုတိုင်းကိုလဲ ပိုမိုထိရောက်ပြီး ဆွဲ ဆောင်မှုရှိအောင် အကူအညီပေးမှာ အသေအချာပါပဲ။

Do You Talk Funny စာအုပ်ရဲ့ အနှစ်ချုပ်မှတ်စုကိုတော့ အောက်ပါအတိုင်း အခန်း (၃) ခန်း ခွဲခြားဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပထမခန်း : ဇာတ်လမ်းဇာတ်အိမ် တည်ဆောက်ခြင်း

ဒုတိယခန်း: ရယ်စရာဟာသလေးများ ထည့်သွင်းခြင်း

တတိယခန်း : စင်မြင့်ထက်က ပြောဆိုမှုစွမ်းရည်
(1) ဇာတ်လမ်းဇာတ်အိမ်ကို တည်ဆောက်ခြင်း

TA

=

လူသားတွေဟာ စီးပွားရေးလုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ သာမန်ပြောဆို ဆက်ဆံတဲ့ နေရာမှာပဲဖြစ်ဖြစ် အချိန်တိုင်းမှာ ကိုယ့်ရဲ့ အတွေးအမြင်နဲ့ အိုင်ဒီယာတွေကို တစ်ဖက်သားကို ရောင်းချနေရကြရပါတယ်။ အဲဒီလို ပြောဆိုတဲ့နေရာမှာ အချက်အလက်တိကျဖို့နဲ့ သဘာဝကျဖို့ချည်းပဲ ဂရုစိုက်နေမယ်ဆိုရင် ကိုယ့်စကားဟာ ပျင်းရိငြီးငွေ့စရာကောင်းနေပါ လိမ့်မယ်။ လူ့ဦးနှောက်ဟာ အဲဒီလို ပျင်းခြောက်ခြောက်စကားမျိုးကို မနှစ်သက်တာကြောင့် တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ပရိသတ်တွေကို ဆုံးရှုံး ရမှာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေကလဲ လူ့ဦးနှောက်ဟာ ဇာတ်လမ်းတွေနဲ့ ရုပ်ပုံတွေကို အသုံးပြုပြီး သင်ယူလေ့လာမှုပြုလုပ်ကြတယ်ဆိုတာကို သက်သေပြခဲ့ ကြဖူးပါတယ်။ တနည်းပြောရရင်တော့ လူသားတွေဟာ ဇာတ်လမ်း ဇာတ်အိမ်တွေကို အခြေခံပြီး သတင်းအချက်အလက်တွေကို စုပ်ယူကြ တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် လူတွေကို စကားပြောဖို့ အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ပြောချင်တာကို ဇာတ်လမ်းဇာတ်အိမ်နဲ့ ဖျော်ဖြေမှုဆန်ဆန် တင်ပြတဲ့နည်းလမ်းပါပဲ။

ဒါဆိုရင် ကိုယ်ပြောချင်တဲ့အရာကို ကောင်းမွန်တဲ့ ဇာတ်လမ်း (story) တစ်ခုအဖြစ် ဘယ်လိုတည်ဆောက်မလဲ?

ဒီစာအုပ်မှာတော့ စာရေးသူ Nihill က ဇာတ်လမ်းဇာတ်အိမ် တည်ဆောက်ဖို့အတွက်လိုအပ်တဲ့ အခြေခံအချက်တွေကို ဖော်ပြထား ပါတယ်။ ပထမဆုံးအချက်ကတော့ ကိုယ့်ဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ ရည်မှန်းချက်ပန်းတိုင် (goals) တွေကို ဖော်ပြဖို့ ဖြစ်ပါတယ်။ ပြီးရင်တော့ အဲဒီပန်းတိုင်ကို သွားမယ့်လမ်းတစ်လျှောက် မှာ ကြုံတွေ့ရမယ့်စိန်ခေါ်မှု (challenges) တွေ၊ ရုန်းကန်မှု (struggles) တွေ၊ ပဋိပက္ခ (conflicts) တွေ၊ ခံစားချက် (emotions) တွေ၊ အလှည့်အပြောင်း(turning points) တွေကို ထည့်သွင်းပေးရပါမယ်။ နောက်ဆုံးမှာတော့ ဇာတ်လမ်းအစမှာပြောခဲ့
Shwe note❤️❤️❤️My Life

16 Apr, 08:28

3,007

တဲ့ ဇာတ်ကောင်တွေရဲ့ ရည်မှန်းချက်ပန်းတိုင်အကြောင်း ပြန်ပြောင်း ပြောပြပြီး ဇာတ်သိမ်းလိုက်ရမှာ ဖြစ်ပါတယ်။
Story တွေကို ဖျော်ဖြေရေးမှာသာမက စီးပွားရေ, ပညာရေး, လူမှုရေး အစရှိတဲ့ နေရာတိုင်းမှာ အသုံးပြုလို့ရပါတယ်။ ဥပမာအားဖြင့် နာမည်ကျော် အိမ်အငှားဝန်ဆောင်မှုကုမ္ပဏီဖြစ်တဲ့ Airbnb ကုမ္ပဏီ အကြောင်းကို story ပုံစံလေးနဲ့ ပြောကြည့်ရအောင်ပါ။

Airbnb ရဲ့ လက်ရှိတန်ဖိုးဟာ အမေရိကန်ဒေါ်လာ တစ်ဘီလျံအထိ ရှိ ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းကို စတင်ချိန်တုန်းကတော့ ကုမ္ပဏီ တည်ထောင်သူတွေဖြစ်တဲ့ Joe Gebbia နဲ့ Brain Bhesky တို့ ဟာ ခက်ခက်ခဲခဲ ရုန်းကန်ကြိုးစားခဲ့ကြရပါတယ်။ သူတို့နှစ်ယောက် ဟာ ကမ္ဘာတစ်ဝန်းက ခရီးသွားတွေအတွက် ထူးခြားကောင်းမွန်တဲ့ အိမ် အငှားဝန်ဆောင်မှု website တစ်ခုကို အရမ်းတည်ဆောက်ချင်ခဲ့ကြ တာ ဖြစ်ပါတယ်။

ဒါကတော့ Airbnb ဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ ရည်မှန်းချက်နဲ့ ဇာတ်လမ်းအစပိုင်းကို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ အခုဆက်ပြီး Airbnb ရဲ့ ဇာတ်ကောင်တွေ ကြုံဆုံရတဲ့ စိန်ခေါ်မှုတွေ, အလှည့်အပြောင်းတွေနဲ့ ရုန်းကန်ကြိုးစားမှုတွေကို ဆက်ပြောကြည့် ရအောင်ပါ။

Joe Gebbia နဲ့ Brain Bhesky တို့ဟာ ငွေအရင်းအနှီး မ လုံလောက်ကြတဲ့အတွက် ကုမ္ပဏီ ဆက်လက်လည်ပတ်နိုင်ဖို့ နည်းမျိုးစုံ နဲ့ ကြိုးစားခဲ့ကြရပါတယ်။ ငွေကြေးပြဿနာကို ဖြေရှင်းဖို့အတွက် သူ တို့ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲပုံတွေပါတဲ့ မနက်စာကွေကာ အုပ်တွေကို ထုတ်လုပ်ရောင်းချခဲ့ကြရပါသေးတယ်။ အဲဒီလုပ်ငန်းကနေ ရရှိလာတဲ့ $30000 လောက်နဲ့ Airbnb ကို အသက်ဆက်ခဲ့ကြရ တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ဇွဲရှိမှုကို သဘောကျသွားတဲ့အတွက် Paul Graham ဆိုတဲ့ ရင်းနှီးမြုပ်နှံသူ တစ်ယောက်က ငွေကြေးထောက်ပံ့ပေးခဲ့သလို လမ်းညွှန်မှုတွေလဲ လုပ် ပေးခဲ့တာကြောင့် လုပ်ငန်းဟာ တဖြည်းဖြည်းနဲ့ တိုးတက်လာခဲ့ပါတော့ တယ်။

အခုနောက်ဆုံးအနေနဲ့ Airbnb ဇာတ်လမ်းရဲ့ အဆုံးသတ်ကို ရောက် ရှိလာပါပြီ။ ဒီအပိုင်းမှာတော့ ဇာတ်လမ်းအစတုန်းကပြောခဲ့တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ပြန်ပြောပြပြီး ဇာတ်သိမ်းရမှာဖြစ်ပါ တယ်။
Airbnb ကုမ္ပဏီဟာ တဖြည်းဖြည်းနဲ့ တိုးတက်သထက်တိုးတက်လာ သလို၊ ရင်းနှီးမြုပ်နှံမှုတွေကိုလဲ အကြိမ်များစွာ ထပ်မံပြုလုပ်နိုင်ခဲ့ပါ တယ်။ 2020 ခုနှစ်မှာတော့ NASDAQ အိတ်ချိန်းမှာ အများပိုင် ကုမ္ပဏီအဖြစ် ကြေငြာနိုင်ခဲ့ပြီး Airbnb ရဲ့ တည်ထောင်သူနှစ် ယောက်ဟာ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်ခဲ့ကြပြီ ဖြစ် ပါတယ်။

ဒါကတော့ Airbnb ကုမ္ပဏီအကြောင်းကို ဇာတ်လမ်းတစ်ခုသဖွယ် တင်ပြသွားခဲ့တာပါ။ ဒီလို ဇာတ်လမ်းကျောရိုးမျိုးကိုသာ တည်ဆောက် တတ်မယ်ဆိုရင် ဘယ်အကြောင်းအရာကိုမဆို story တစ်ခုလို ပြောဆိုတင်ပြနိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဇာတ်လမ်းဘယ်လောက်ကောင်းကောင်း စင်ပေါ်ရောက်တဲ့ အခါ စိတ်လှုပ်ရှားပြီး ဇာတ်လမ်းဇာတ်ကွက်တွေကို မေ့သွားတာမျိုးနဲ့ ကြုံရနိုင်ပါသေးတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက်တော့ စာရေးသူ က “မှတ်ဉာဏ်နန်းတော်” (memory palace) တစ်ခုကို တည်ဆောက်ဖို့ အကြံပေးထားပါတယ်။ “Memory Palace” ဆို တာကတော့ ကိုယ့်စိတ်ထဲမှာ အချက်အလက်တွေကို ပိုမှတ်မိအောင် အစီအစဉ်တကျသိမ်းထားနိုင်မယ့် နေရာတစ်ခု ဖြစ်ပါတယ်။ စာရေးသူ က ဒီစာအုပ်မှာ “memory palace" တစ်ခုကို တည်ဆောက်ဖို့ အတွက် အကြံပြုချက်အချို့ကိုလဲ ဖော်ပြထားပါတယ်။

Memory palace ကို တည်ဆောက်ဖို့အတွက် ပထမဆုံးအနေနဲ့ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်တဲ့ နေရာတစ်ခုကို ရွေးချယ်ရပါမယ်။ ဥပမာ အားဖြင့် ကိုယ်နေထိုင်တဲ့ အိမ်လိုမျိုးပေါ့။ ပြီးရင်တော့ ကိုယ်နေ့စဉ် ဝင် ထွက်သွားလာမှုအများဆုံး လမ်းကြောင်းတစ်ခုကို စိတ်ထဲမှာဖြစ်စေ, စာရွက်တစ်ခုမှာဖြစ်စေ ရေးဆွဲလိုက်ရပါမယ်။ ဥပမာအားဖြင့် တံခါးမ ကြီးကနေဝင်မယ်၊ ညာဘက်ကွေ့မယ်၊ ဧည့်ခန်းထဲရောက်မယ်၊ ပြီးရင် မီးဖိုချောင်, ထမင်းစားခန်း, အိပ်ခန်း, ရေချိုးခန်း, ဝရန်တာ, မင်းလမ်း တွေကို ဖြတ်ရမယ် အစရှိသဖြင့်ပေါ့။ ပြီးရင်တော့ အဲဒီနေရာတစ်ခုချင်း စီမှာ ကိုယ်မှတ်မိချင်တဲ့ သတင်းအချက်အလက်တွေကို ထည့်သွင်း မှတ်သားရမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် အထက်မှာပြောခဲ့တဲ့ Airbnb ရဲ့ ဇာတ်လမ်းကို “memory palace” ထဲမှာ ထည့်သွင်းကြည့်မယ်ဆိုပါစို့။ ဒါဆိုရင် ကိုယ့်ရဲ့ဧည့်ခန်းထဲမှာ “Airbnb တည်ထောင်သူတွေဟာ အိမ်အငှားwebsite တစ်ခုကို ဖန်တီးချင်ခဲ့ကြတယ်” ဆိုတဲ့အချက်ကို ထည့် သွင်းနိုင်ပါတယ်။ မီးဖိုချောင်ထဲမှာတော့ “သူတို့ဟာ ကုမ္ပဏီရင်းနှီးငွေ ကို မြှင့်တင်ဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြတယ်” ၊ ထမင်းစား ခန်းထဲမှာတော့ “သူတို့ဟာ မနက်စာကွေကာအုပ်တွေကို ဒီဇိုင်းဆွဲပြီး ရောင်းချခဲ့ကြတယ်” အစရှိသဖြင့် ထည့်သွင်းမှတ်သားထားနိုင်ပါ တယ်။ ရှင်းရှင်းပြောရရင်တော့ ကိုယ်မှတ်မိချင်တဲ့ အချက်အလက်တွေ ကို ကိုယ်နေ့တိုင်းသွားနေတဲ့ လမ်းကြောင်းအတိုင်း အစဉ်လိုက် တွဲမှတ် လိုက်တဲ့ သဘောပါပဲ။ ဒီလမ်းကြောင်းတွေကို နေ့စဉ်သွားလာတိုင်းမှာ သက်ဆိုင်ရာ အချက်အလက်တွေကို မှတ်ဉာဏ်ထဲကနေ ပြန်ခေါ်ကြည့် ရမှာ ဖြစ်ပါတယ်။
Shwe note❤️❤️❤️My Life

16 Apr, 08:28

4,794

Memory palace ထဲကို အချက်အလက်တွေ ထည့်သွင်းရာမှာ အသေးစိတ်ထည့်သွင်းနိုင်လေ မှတ်မိနိုင်စွမ်း ပိုကောင်းလေဖြစ်သလို၊ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေနဲ့ ရယ်စရာကောင်းတဲ့ ပုံရိပ်တွေဟာလဲ စိတ် ထဲမှာ ပိုစွဲမြဲစေတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ကိုယ်က အိုင်ယာ လန်နိုင်ငံအကြောင်း ပြောရမယ်ဆိုရင် ကိုယ်မြင်ဖူးတဲ့ အိုင်ယာလန် နိုင်ငံသား တစ်ယောက်ယောက်နဲ့ တွဲမှတ်တာမျိုးပေါ့။

ဇာတ်လမ်းတစ်ခုကိုလဲ တည်ဆောက်ပြီးပြီ၊ အဲဒီဇာတ်လမ်းကိုလဲ memory palace နည်းစနစ်နဲ့ မှတ်သားပြီးပြီဆိုရင်တော့ ဒီ ဇာတ်လမ်းကို ပရိသတ်ကို ပြန်ပြောပြမယ့် "story telling” အချိန်အခါကို ရောက်ရှိလာပါပြီ။ Story telling လုပ်တဲ့အခါမှာ ကို ယ့်ဇာတ်လမ်းကို ပရိသတ် စိတ်ဝင်စားဖို့နဲ့ ရင်ထဲစွဲမြဲစေဖို့အတွက် အနိမ့် အမြင့် အတက်အကျလေးတွေနဲ့ ပြောဖို့လိုတယ်လို့ စာရေးသူကဆိုပါ တယ်။ ဒါမှသာ ပရိသတ်က ဒီဇာတ်လမ်းကို အချိန်အကြာကြီး မှတ်မိ နေမှာပါ။

Story telling မှာ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရရှိနိုင်တဲ့ ပထမ နည်းလမ်းကတော့ - “hook” လို့ခေါ်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုခုနဲ့ ဆွဲခေါ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ဇာတ်လမ်း ရဲ့ hook ဟာ မေးခွန်းတစ်ခုလဲ ဖြစ်နိုင်သလို၊ သည်းထိတ်ရင်ဖို ဖြစ်ရပ်တစ်ခုလဲ ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် Airbnb ရဲ့ ဇာတ်လမ်းမှာဆိုရင် “Airbnb ရဲ့ လက်ရှိဈေးကွက်တန်ဖိုးကို သိကြ ပါသလား?” ဆိုတဲ့ မေးခွန်းမျိုးပေါ့။ ဒီမေးခွန်းမျိုးဟာ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို လျင်လျင်မြန်မြန် ရရှိအောင် ကူညီပေးပါလိမ့်မယ်။
ဒုတိယနည်းလမ်းကတော့ “humanity” လို့ခေါ်တဲ့ လူသားဆန်မှုကို ဖော်ထုတ်ပြသဖို့ ဖြစ်ပါတယ်။ စကားပြောကောင်းသူတွေဟာ သူတို့ရဲ့ အားနည်းချက်တွေကို ထုတ်ဖော်ပြောဆိုရဲကြပြီး၊ ရှက်စရာကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ရှုံးနိမ့်မှုတွေကိုလဲ ပြန်ပြောရဲကြတယ်လို့ စာရေးသူ ကဆိုပါတယ်။ ဒီအချက်တွေဟာ လူသားဆန်မှုကို ဖော်ပြနိုင်ပြီး ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်တဲ့ အချက်တွေပါပဲ။

ဥပမာအားဖြင့် ဟာသပညာရှင် Mike Birbiglia” ကို ကြည့်ပါ။ Birbiglia ဟာ အထက်တန်းကျောင်းတုန်းက ကောင်မလေးတစ် ယောက်ကို ပထမဆုံးနမ်းတဲ့ အတွေ့အကြုံကို ပရိသတ်တွေနဲ့ မျှဝေပေး ခဲ့ဖူးပါတယ်။ အဲဒီကောင်မလေးက “နင်က ငါနမ်းဖူးသမျှလူတွေထဲမှာ အညံ့ဆုံးပဲ” လို့ သူ့ကို မှတ်ချက်ပေးခဲ့တာပါ။ Birbiglia ကလဲ ဒါဟာ သူ့ရဲ့ ပထမဆုံးအတွေ့အကြုံလို့ ဝန်ခံရမှာရှက်တာကြောင့် “အေး ငါ ကတော့ ဒီလိုပဲနမ်းနေကျပဲ” လို့ အဲဒီကောင်မလေးကို ပြန်ပြောခဲ့ပါ တယ်။ Birbiglia ဟာ > ရှက်ကိုးရှက်ကန်းဖြစ်စရာကောင်းတဲ့ အဲဒီ အဖြစ်အပျက်ကို စင်ပေါ်မှာ ပွင့်ပွင့်လင်းလင်း ပြန်ပြောပြခဲ့တာကြောင့် ပရိသတ်တွေဟာ ဒီတင်ဆက်မှုကို တော်တော်လေး သဘောကျခဲ့ကြ တာကို တွေ့ရပါတယ်။ အဲဒီလို လူသားဆန်တဲ့ အဖြစ်အပျက်တွေဟာ ပရိသတ်တွေနားထောင်ချင်တဲ့ ဇာတ်လမ်းမျိုးတွေပါပဲ။

တတိယနည်းလမ်းကတော့ - ကိုယ့်ရဲ့စိတ်ခံစားချက်ကို ပွင့်ပွင့်လင်း လင်း ထုတ်ဖော်ပြောဆိုဖို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့ခံစားချက်ကို ပြောပြ ခြင်းဟာ ဇာတ်လမ်းကို ပိုအသက်ဝင်စေပြီး ကွင်းကွင်းကွက်ကွက် မြင်သာစေနိုင်ပါတယ်။ ဥပမာအားဖြင့် Birbiglia ဟာ သူပထမဆုံး အနမ်းပေးတဲ့ဇာတ်လမ်းကို ပြောပြချိန်မှာ “ကျွန်တော့်ရဲ့ ပထမဆုံးအ နမ်းကတော့ ခွေးတစ်ကောင် စပါဂတ်တီခေါက်ဆွဲ စားနေရသလိုပဲ အမြီးအမောက်မတည့်ပါဘူးဗျာ” ဆိုပြီး သူ့ရဲ့ ခံစားချက်ကို ပွင့်ပွင့်လင်း လင်း ပြောပြခဲ့တာကို တွေ့ရပါတယ်။

ဒီအခန်းကို ခြုံပြောရမယ်ဆိုရင်တော့ လူတွေကို သတင်း အချက်အလက်ပေးတဲ့အခါ ဇာတ်လမ်းဇာတ်အိမ် (story) ပုံစံမျိုးနဲ့ တင်ပြတာက ပိုထိရောက်ပါတယ်။ ကောင်းမွန်တဲ့ story တစ်ခုမှာ ဇာတ်ကောင်တွေရဲ့ ရည်မှန်းချက်တွေ, စိန်ခေါ်မှုတွေ, ရုန်းကန်မှုတွေနဲ့ ပေါင်းစပ်ပါဝင်ပါတယ်။ အဲဒီ story ကို စင်ပေါ်မှာ မေ့မသွားဖို့ ကတော့ “memory palace” လို့ခေါ်တဲ့ မှတ်ဉာဏ်နန်းတော်တစ်ခု ထဲမှာ သိမ်းဆည်းရမှာဖြစ်ပါတယ်။ ဒီ story ကို ပရိသတ်တွေကို ပြန်ပြောချိန်မှာတော့ hook လို့ခေါ်တဲ့ စိတ်ဝင်စားစရာအချက်အလက်တွေနဲ့ စပြောရမှာဖြစ်ပြီး၊ လူသားဆန်ဆန် ပြောဆိုရမှာ

ဖြစ်သလို၊ စစ်မှန်တဲ့ ခံစားချက်တွေကိုလဲ ပရိသတ်နဲ့ မျှဝေပေးရမှာဖြစ် တယ်လို့ Nihill က လမ်းညွှန်ထားပါတယ်။
(2) ရယ်စရာဟာသလေးများ ထည့်သွင်းခြင်း

TA

=

“ရယ်စရာဟာသလေးတွေဟာ လူသားမျိုးနွယ်ရဲ့ အထိရောက်ဆုံး လက်နက်တစ်ခုပါပဲ” လို့ ကမ္ဘာကျော်စာရေးဆရာကြီး Mark Twain က ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါမှာလဲ ဟာသလက်နက်ကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်။

ကိုယ့်ရဲ့တင်ဆက်မှုကို ပရိသတ်တွေ နှစ်သက်စေဖို့အတွက် ဇာတ်လမ်း ဇာတ်အိမ်ရှိရုံနဲ့ မလုံလောက်ပါဘူး။ ပရိသတ်တွေ သက်တောင့် သက်သာရှိပြီး စိတ်ကျေနပ်မှုရဖို့အတွက် "humor” လို့ခေါ်တဲ့ ရယ်စရာဟာသလေးတွေ ထည့်သွင်းတတ်ဖို့ လိုပါသေးတယ်။ လေ့လာ မှုတွေအရ ရယ်မောရာကနေထွက်လာတဲ့ dopamine ဟာ မှတ်ဉာဏ်ကိုပိုကောင်းစေပြီး သတင်းအချက်အလက်တွေကို ပိုမှတ်မိ စေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဇာတ်လမ်းကို ဟာသလေး တွေနဲ့ အရွှန်းဖောက်ပြီး ပြောနိုင်မယ်ဆိုရင် နားထောင်သူတွေ ပိုမှတ်မိ နိုင်မှာဖြစ်သလို၊ ပရိသတ်နဲ့ ချိတ်ဆက်မှုလဲ ပိုကောင်းသွားမှာ ဖြစ်ပါ
Shwe note❤️❤️❤️My Life

16 Apr, 08:28

2,882

တယ်။

ဥပမာအားဖြင့် 1984 ခုနှစ် မဲဆွယ်စည်းရုံးရေး စကားရည်လုပွဲတစ်ခု မှာ အသက် ၇၃ နှစ်အရွယ် သမ္မတလောင်း Ronald Reagan ရဲ့ စကားပြောဆိုပုံကို လေ့လာကြည့်ပါ။ အကဲဖြတ်သူတွေက Reagan ကို “ခင်ဗျား အသက်အရမ်းကြီးနေတာကို စိုးရိမ်စိတ်မဖြစ်ဘူးလား?” လို့ မေးတဲ့အခါမှာ “အသက်ကြီးတာကို ပြဿနာတစ်ခုလို့ ကျွန်တော်မ ထင်ပါဘူး၊ ဒီအချက်ကို နိုင်ငံရေးမှာအသုံးချပြီး ပြိုင်ဘက်တွေကို အသက်ငယ်လို့ အတွေ့အကြုံမရှိဘူးလို့လဲ ကျွန်တော်မပြောပါဘူး” လို့ အရွှန်းဖောက်ခဲ့တာကို တွေ့ရပါတယ်။ သူ့စကားကြောင့် ပြိုင်ဘက်တွေ တောင် ရယ်မောခဲ့ကြရတာကို တွေ့ရပါတယ်။

ဒါဆိုရင် စကားပြောတဲ့အခါ Reagan လိုမျိုး ဟာသလေးတွေကို ဘယ်လိုထည့်ပြောကြမလဲ? ဒါနဲ့ပက်သက်ပြီးတော့လဲ စာရေးသူက အကြံပြုချက်တစ်ချို့ကို ဖော်ပြထားပါတယ်။

ဟာသလေးတွေ ထည့်သွင်းဖို့အတွက် အရင်ဆုံးအနေနဲ့ ကိုယ့် ဇာတ်လမ်းထဲမှာ ဟာသလုပ်လို့ရမယ့် အချက်အလက်လေးတွေကိုရှာဖွေပြီး ရယ်စရာဇာတ်ကွက်လေးတွေ ပြင်ဆင်ဖန်တီးရပါမယ်။ ပြီး ရင်တော့ အဲဒီဟာသနေရာတွေကို မြန်မြန်ရောက်နိုင်ဖို့အတွက် ဇာတ်လမ်းရဲ့ မလိုအပ်တဲ့နေရာတွေကို တတ်နိုင်သလောက် ဖြတ် တောက်ပစ်ရပါမယ်။ ဘာလို့လဲဆိုတော့ ဟာသနေရာကို ရောက်ဖို့ အတွက် အချိန်အကြာကြီး စောင့်နေရမယ်ဆိုရင် နားထောင်တဲ့သူတွေ ပျင်းသွားနိုင်လို့ပါပဲ။ စာရေးသူရဲ့အဆိုအရ ဟာသတွေကို ပြောဆိုတဲ့ နေရာမှာ ပစ္စုပ္ပန်ကိုဖော်ပြတဲ့ “present tense” တွေနဲ့သာ ပြောဆို တာက ပိုထိရောက်တယ်လို့ သိရပါတယ်။ ဒါကြောင့် အတိတ်က အဖြစ်အပျက်ကို ပြန်ပြောမယ်ဆိုရင်တောင် အဲဒီအဖြစ်အပျက်ကို လက်ရှိဖြစ်ပျက်နေသလိုမျိုး present tense နဲ့သာ ပြောဆိုရမှာ ဖြစ်ပါတယ်။

ဟာသလုပ်ဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ - ပရိသတ်တွေနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို အသုံးပြုပြီး ဟာသလုပ်တဲ့နည်းပါ။ ဥပမာအားဖြင့် ကိုယ်က မြို့တစ်မြို့မှာ စကားပြောမယ်ဆိုရင် မြို့သူမြို့သားတွေရဲ့ အကျင့်စရိုက်နဲ့ ယဉ်ကျေးမှုတွေ၊ ဒါမှမဟုတ် အဲဒီမြို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေကို အသုံးပြုပြီး ဟာသလုပ်နိုင်ပါတယ်။ ဒီလိုလုပ် ခြင်းအားဖြင့် ကိုယ့်ဘက်က ပရိသတ်တွေကို နားလည်နိုင်ကြောင်း ပြသရာရောက်သွားပြီး ပရိသတ်တွေနဲ့လဲ ချိတ်ဆက်မှု ပိုကောင်းသွား ပါလိမ့်မယ်။

အမေရိကန်သမ္မတ John F. Kennedy (ကနေဒီ) ဟာ တစ်ခါတုန်း က Rice တက္ကသိုလ်ရဲ့ ဘောလုံးကွင်းမှာ မိန့်ခွန်းပြောခဲ့ဖူးပါတယ်။ အဲဒီမိန့်ခွန်းမှာ လူကြိုက်အများဆုံး အချက်ကတော့ တက္ကသိုလ်ရဲ့ ဘောလုံးအသင်းအကြောင်း အရွှန်းဖောက်ခဲ့မှုပါပဲ။ ကနေဒီက “ကျွန်တော်တို့ ဘာကြောင့် လကမ္ဘာကိုသွားဖို့ အသည်းအသန် ကြိုးစား နေကြတာလဲ?” လို့ လူတွေကမေးတတ်ကြတယ်။ ဒါဆိုရင် “တောင်အ မြင့်ကြီးတွေပေါ်ကို ဘာကြောင့် မရမက ကုပ်တက်နေကြတာလဲ?” ၊ “အတ္တလန္တိတ်သမုဒ္ဒရာကြီးကို ဖြတ်ပျံဖို့ ဘာကြောင့် ကြိုးစားနေကြ တာလဲ?” ၊ “Rice တက္ကသိုလ်ကရော Texas တက္ကသိုလ်နဲ့ ဘာကြော င့် ဘောလုံးဆက်ကန်နေရတာလဲ? ဆိုပြီး အဲဒီလူတွေကို ပြန်မေးသင့်ပါ တယ်လို့ ကနေဒီက ပြောကြားခဲ့တာပါ။ အဲဒီတုန်းက Rice တက္ကသိုလ် ရဲ့ ဘောလုံးအသင်းဟာ Texas တက္ကသိုလ် ဘောလုံးအသင်းကို တစ်ခါမှမနိုင်ဖူးဘဲ တွေ့တိုင်းရှုံးနေတာကြောင့် ကနေဒီက အရွှန်းဖောက် ပြီး ဟာသလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ အရွှန်းဖောက်မှုဟာ တက္ကသိုလ်ရဲ့ လက်ရှိအခြေအနေနဲ့ ကွက်တိကျသွားတာကြောင့် ပရိသတ်တွေက သဘောကျနှစ်ခြိုက်သွားခဲ့ကြခြင်း ဖြစ်ပါတယ်။ဟာသလေးတွေ ထည့်သွင်းဖို့အတွက် နောက်ထပ်နည်းလမ်းတစ်ခု ကတော့ “punch line” လို့ခေါ်တဲ့ ပျက်လုံးတွေကို အသုံးပြုဖို့ ဖြစ် ပါတယ်။ Punch line နည်းစနစ်ဟာ ပရိသတ်တွေ ထင်မှတ်မထား တဲ့ လှည့်ကွက်လေးတွေနဲ့ ဟာသလုပ်တဲ့ နည်းစနစ်ဖြစ်ပါတယ်။ Punch line လေးတွေကို ဖန်တီးဖို့အတွက် လက်ရှိရေပန်းစားနေတဲ့ အကြောင်းအရာတစ်ခုခုနဲ့ စတင်နိုင်ပါတယ်။ ပရိသတ်တွေကို သူတို့သိ သင့်သိထိုက်တဲ့ သာမန်အကြောင်းအရာလေးတွေ အရင်ပြောပြပြီး၊ ပရိသတ်တွေကိုယ်တိုင် ပါဝင်နိုင်မယ့် အဆိုပြုချက်တစ်ခုခု တင်သွင်းရ ပါမယ်။ ပြီးရင်တော့ punch line လို့ခေါ်တဲ့ ပျက်လုံးလေးတွေကို အသုံးပြုပြီး ပရိသတ်တွေ ထင်ထားတာနဲ့ တက်တက်စင်လွဲအောင် အံ့အားသင့်စရာ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Punch line နဲ့ ပတ်သက်ပြီး အကောင်းဆုံးဥပမာတစ်ခုကတော့ Good to Great စာအုပ်ထဲမှာပါတဲ့ Darwin Smith အကြောင်းပါပဲ။ Smith ဟာ Kimberly-Clark ကုမ္ပဏီရဲ့ CEO ဟောင်းဖြစ်ပါတယ်။ တစ်ချိန်မှာတော့ Smith ဟာ ဝန်ထမ်း တွေကို မိန့်ခွန်းပြောနေတုန်းမှာ “အားလုံးပဲ မတ်တပ်ရပ်ပြီး ခ ခဏ လောက် တိတ်ဆိတ်ငြိမ်သက်ပေးကြပါ” လို့ ပြောလိုက်ပါတယ်။ လူ တိုင်းကလဲ ဝန်ထမ်းတစ်ယောက်ယောက် ဆုံးပါးသွားတယ်ထင်ပြီး မတ် တပ်ရပ်ပြီး တိတ်ဆိတ်ပေးကြပါတယ်။ မိနစ်အနည်းငယ်လောက်ကြာ တော့မှ Smith က “ဟုတ်ကဲ့ ဒါကတော့ Procter & Gamble ကုမ္ပဏီအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အနေနဲ့ ဆိတ်ငြိမ်ပေး ခြင်းဖြစ်ပါတယ်” လို့ ပြောလိုက်ပါတယ်။ အဲဒီစကားကို ကြားလိုက်ရ ချိန်မှာတော့ ပရိသတ်တွေအားလုံး ပွဲကျသွားခဲ့ပါတော့တယ်။ ဘာ ကြောင့်လဲဆိုတော့ အဲဒီတုန်းက Procter & Gamble ဟာ Kimberly-Clark ရဲ့ အကြီးမားဆုံးပြိုင်ဘက် ဖြစ်နေလို့ပါပဲ။
Shwe note❤️❤️❤️My Life

16 Apr, 08:21

2,679

Do you talk funny?😁😁
Shwe note❤️❤️❤️My Life

15 Apr, 09:00

3,154

ဝယ်လိုအားကျဆင်းနေတာပါ။

Abe ဟာ တစ်ကယ်လို့ အလုပ်ပြုတ်သွားခဲ့ရင် သူ့အိမ်စရိတ်, သူ့မိန်းမ နဲ့ ကလေးသုံးယောက်ရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးစရိတ် စတာ တွေအတွက် သူစိတ်ပူပြီး စိတ်ဖိစီးမှုကို စတင်ခံစားလာရပါတယ်။ အလုပ်ထွက်ပြီး စစ်တပ်ထဲပြန်ဝင်ရင်ကောင်းမလားလို့လဲ သူစဉ်းစား နေပါတယ်။

တစ်မနက်တော့ သူကော်ဖီသောက်နေရင်းနဲ့ ဆရာဂျက်ဆင်ရဲ့ ကော်ဖီ စေ့သင်ခန်းစာကို ရုတ်တရက် သတိရသွားပါတယ်။ စိတ်ဖိစီးမှုတွေများ ပြီး သူတစ်သက်လုံး လိုက်နာလာခဲ့တဲ့ သင်ခန်းစာကို သူမေ့နေခဲ့တာပါ။

ဒီသင်ခန်းစာကို သတိရပြီးနောက်မှာတော့ အခက်အခဲတွေကို စိတ်ပျက် မနေတော့ပဲ၊ ဖောက်သည်အသစ်တွေ, အဆက်အသွယ်အသစ်တွေနဲ့ အ ခွင့်အလမ်းအသစ်တွေကို ရှာဖွေနိုင်မဲ့ နည်းလမ်းသစ်တွေကို ကြိုးစား ရှာဖွေနိုင်ခဲ့ပါတယ်။ ပြောင်းလဲလာတဲ့ ဈေးကွက်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ခေတ်နဲ့အညီ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့အတွက် သူ့ဌာနရဲ့ ရောင်းအားတက်လာပြီး၊ အရောင်းဌာနရဲ့ မန်နေဂျာအဖြစ် ရာထူးတိုး သွားခဲ့ပါတယ်။ တစ်ခြားမန်နေဂျာတွေရဲ့ ဌာနတွေ ရောင်းအားမ ကောင်းတဲ့ အချိန်မှာတောင် Abe ရဲ့ ဌာနကတော့ ရောင်းအားကောင်း နေဆဲပါပဲ။

Abe ရဲ့ ဦးဆောင်မှုအောက်မှာ ကုမ္ပဏီဟာ ပြန်လည်လည်ပတ်လာပြီး ဆန်းသစ်တဲ့ အိုင်ဒီယာနဲ့နည်းပညာတွေကိုလည်း သူတို့ကုန်ပစ္စည်းတွေ မှာ ထည့်သွင်းနိုင်ခဲ့ကြပါတယ်။ ပူလေမွှေးလေဖြစ်တဲ့ ကော်ဖီစေ့လေး တစ်စေ့ဟာ Abe ကိုသာမက ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ ပြောင်းလဲ ပေးလိုက်နိုင်ခဲ့ပြန်ပါပြီ။ ကော်ဖီစေ့ သင်ခန်းစာကို Abe တစ်ယောက် ဘယ်တော့မှ ထပ်မေ့မှာ မဟုတ်တော့ပါဘူး။
Shwe note❤️❤️❤️My Life

15 Apr, 09:00

2,935

မုန်လာဥနဲ့ ကြက်ဥအကြောင်း ရှင်းပြအပြီးမှာတော့ Abe က “ကျွန်တော်မုန်လာဥလဲ မဖြစ်ချင်ဘူး၊ ကြက်ဥလည်းမဖြစ်ချင်ဘူး ဆရာ၊ ကျွန်တော်ဘယ်လိုလုပ်ရမလဲ” လို့ ဆရာဂျက်ဆင်ကို မေးပါ တယ်။

ဒီတော့ ဆရာဂျက်ဆင်က Abe ကို ကော်ဖီစေ့အနည်းငယ် ပေးလိုက် ပြီး၊ ဒီနေ့ညအိမ်မှာ အဲဒီကော်ဖီစေ့တွေကို ရေနွေးထဲထည့်ပြုတ်ပြီး မနက်ဖြန်ပြန်ပြောဖို့ အိမ်စာပေးလိုက်ပါတယ်။

နောက်တစ်နေ့မှာတော့ Abe ဟာ ဆရာဂျက်ဆင်ကို ကော်ဖီစေ့တွေကို ရေနွေးထဲတစ်နာရီလောက် ထည့်ထားလိုက်တဲ့အခါ တစ်အိုးလုံး ကော်ဖီ တွေ ဖြစ်သွားတယ်လို့ ပြန်ပြောပြပါတယ်။ ဒီအခါ ဆရာဂျက်ဆင်က “ဟုတ်တယ်ငါ့တပည့်။ ကော်ဖီစေ့တွေဟာ သူ့ကိုပူအောင်လုပ်တဲ့ ရေနွေးတွေကိုတောင် အနံ့အရသာရှိတဲ့ ကော်ဖီတွေဖြစ်သွားအောင် ပြောင်းလဲပစ်လိုက်နိုင်တယ်။ ဒီလိုပြောင်းလဲဖို့ အချိန်နည်းနည်းပိုကြာ တာပဲရှိတယ်” လို့ ပြန်ဖြေလိုက်ပါတယ်။

ဟုတ်ပါတယ်။ ဘဝဆိုတာ ရေနွေးပူပူနဲ့တူပါတယ်။ ကြမ်းတမ်းနိုင် တယ်။ ဖိအားများနိုင်တယ်။ ရေနွေးပူပူနဲ့တူတဲ့ လောကဓံတွေ၊ အခက်အခဲတွေအပြည့်နဲ့ နေရာတစ်ခုပါ။

တစ်ချို့လူတွေဟာ ဘဝဆိုတဲ့ ရေနွေးပူပူနဲ့တွေ့တဲ့အခါ မုန်လာဥလို ပျော့သွားတယ်။ အားနည်းသွားတယ်။ လက်လျှော့အရှုံးပေးလိုက် တယ်။ ဝမ်းနည်းတယ်။ ကြေကွဲတယ်။ ဒါဟာ မုန်လာဥနဲ့ တူတဲ့လူပေါ့။

တစ်ချို့လူတွေကျတော့ ဘဝဆိုတဲ့ ရေနွေးပူပူနဲ့တွေ့တဲ့အခါ ကြက်ဥလို မာသွားတယ်။ နှလုံးသားက မာကျောခက်ထန်လာတယ်။ ငါ့ကျမှ အဆင်မပြေရကောင်းလားဆိုပြီး တစ်လောကလုံးကိုရန်ရှာတယ်။ အမြဲတမ်းပေါက်ကွဲတယ်။ အဆိုးမြင်လာတယ်။ သူ့မိသားစု၊ သူ့ ပတ်ဝန်းကျင်ကို ဒုက္ခပေးတယ်။ ဒါဟာ ကြက်ဥနဲ့တူတဲ့လူပေါ့။တစ်ချို့လူတွေကျတော့ ရေနွေးပူနဲ့တူတဲ့ ပြင်ပလောကဓံတွေ၊ အသိုင်းအဝိုင်းတွေ၊ ဘဝအခြေအနေတွေက သူတို့ကိုပျော့သွားအောင်၊ မာသွားအောင် လုပ်လို့မရဘူး။ သူတို့ဟာ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်စွမ်းရှိတယ်။ သူတို့ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်နိုင် စွမ်းရှိတယ်။ လက်လျှော့အရှုံးပေးလေ့မရှိဘူး။ ဒါဟာ ကော်ဖီစေ့နဲ့ တူ တဲ့လူတွေပေါ့။

မုန်လာဥလို ပျော့ညံ့ဝမ်းနည်းနေလို့လဲ ပြဿနာတွေက ပြေလည်မသွား နိုင်ဘူး။ ကြက်ဥလို မာမာထန်ထန် လုပ်ပြနေလို့လဲ ပြဿနာတွေက ပြေလည်မသွားနိုင်ဘူး။ ကော်ဖီစေ့လို ပြဿနာတွေနဲ့ တစ်သားတည်း ဖြစ်သွားအောင် ပျော်ဝင်ပြီး၊ အခက်အခဲတွေကို အောင်မြင်မှုတွေ အဖြစ် ဖန်တီးနိုင်အောင်၊ အခြေအနေတွေကို ပြောင်းလဲနိုင်အောင် ကြိုးစားသင့်တယ်။

ဘဝမှာအခက်အခဲတွေ၊ ပြဿနာတွေဆိုတာ ရှောင်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ ဒါတွေနဲ့ကြုံလာတဲ့အခါ မုန်လာဥလိုရင်ဆိုင်မလား၊ ကြက်ဥလို ရင်ဆိုင်မလား၊ ကော်ဖီစေ့လို ရင်ဆိုင်မလားဆိုတာကတော့ ကိုယ့် ရဲ့ရွေးချယ်မှုပါပဲ။
(3) ကော်ဖီစေ့လေးရဲ့အစွမ်း

ဆရာဂျက်ဆင်ရဲ့ ဘဝသင်ခန်းစာကို နားထောင်ပြီးတဲ့အခါမှာတော့ Abe တစ်ယောက် စိတ်ဓာတ်တက်ကြွသွားခဲ့ပါတယ်။ သူဟာ သူ့ ဘောလုံးအသင်းက သူငယ်ချင်းတွေကိုလည်း ကော်ဖီစေ့ သင်ခန်းစာ ကို ပြန်လည်ပြောပြပေးပါတယ်။ သူတို့တစ်သင်းလုံး တက်တက်ကြွကြွ ကြိုးစားကြရင်း ပြည်နယ်ချန်ပီယံအဆင့် ပြိုင်ပွဲကို တက်ရောက်သွားခဲ့ ပါတယ်။

သူတို့အဲဒီပွဲမှာ အနိုင်ရရှိခဲ့ပေမဲ့ Abe ရဲ့ ဒူးခေါင်းမှာ အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ခွဲစိတ်မှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ Abe တစ်ယောက် ဘယ်တော့မှ ဘောလုံးပြန်မကစားနိုင်တော့ဘူးလို့ သိလိုက်ရပါတယ်။ သူ့ရဲ့ ကောလိပ်ဘောလုံးအသင်း အိပ်မက်ကတော့ ပျက်ပြယ်သွားခဲ့ပါပြီ။

ဒါပေမဲ့ Abe ဟာ ကော်ဖီစေ့သင်ခန်းစာကို မှတ်မိနေတဲ့အတွက် စိတ်ဓာတ်မကျခဲ့ပါဘူး။ သူဟာကျောင်းမှာ ကော်ဖီစေ့ကလပ်အသင်း ကို တည်ထောင်ခဲ့ပြီး ကော်ဖီစေ့သင်ခန်းစာကို ကျောင်းသားတွေနဲ့ သူ တို့ပတ်ဝန်းကျင်ကို ပြန်လည်ဖြန့်ဝေပေးခဲ့ပါတယ်။ သူတို့ဟာ ကျောင်းသားအချင်းချင်း ကူညီပေးကြတယ်။ ကျောင်းသားငယ်လေး တွေကို စာဖတ်ပြကြတယ်။ ဆိုရှယ်မီဒီယာမှာ အချင်းချင်း ကောင်းတဲ့ မှတ်ချက်တွေပဲ ရေးကြတယ်။ စိတ်အားတက်စေမဲ့ မှတ်စုလေးတွေရေး ကြတယ်။ တစ်ဖြည်းဖြည်းနဲ့ သူတို့တစ်ကျောင်းလုံးဟာ အကောင်းမြင် စိတ်ဓာတ်ရှိလာပြီး စိတ်ချမ်းသာစရာ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာခဲ့ပါ တယ်။

Abe အထက်တန်းကျောင်းပြီးတဲ့နောက်မှာ စစ်တက္ကသိုလ်ကို တက် ရောက်ခဲ့ပါတယ်။ စစ်တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက် အရာရှိအဖြစ် နဲ့ တိုက်ပွဲပေါင်းများစွာကို သွားခဲ့ရပါတယ်။ ငါးနှစ်ကြာစစ်မှုထမ်းပြီးတဲ့ နောက်မှာ စစ်တပ်ကနေ အနားယူလိုက်ပြီး သူ့ဇာတိမြို့လေးကို ပြန်လာ ခဲ့တယ်။ သူအိမ်ထောင်ပြုခဲ့ပြီး သားသမီးသုံးယောက် ရရှိခဲ့ပါတယ်။ နောက်တော့ ကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့တယ်။ Abe ဘယ်သွားသွား သူ့အိတ်ထဲမှာ ကော်ဖီစေ့လေး တွေ ယူသွာလေ့ရှိပြီး တွေ့သမျှလူတိုင်းကိုလဲ ကော်ဖီစေ့သင်ခန်းစာ အကြောင်း ပြန်ပြောပြလေ့ရှိပါတယ်။Abe ဟာ သူ့ရဲ့အရောင်းဝန်ထမ်း အလုပ်ကိုကြိုးစားလုပ်ကိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ သူဘယ်လိုပဲ ကြိုးစားကြိုးစား သူ့ရဲ့ရောင်းအားဟာ တိုးတက်မလာဘူး ဖြစ်နေပါတယ်။ ဒီလိုဖြစ်တာ Abe တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ တစ်ခြားအရောင်းဝန်ထမ်းတွေ ရော၊ ကုမ္ပဏီတစ်ခုလုံးရဲ့ ရောင်းအားပါ ကျဆင်းနေတာပါ။ ဈေးကွက် ထဲမှာ ပြိုင်ဘက်တွေလဲ များလာပြီး၊ နည်းပညာတွေလဲ ပြောင်းလဲလာ တဲ့အတွက် ဈေးကွက်မှာ