myDoctor @mydoctor2016 Channel on Telegram

myDoctor

@mydoctor2016


Bridging Myanmar to Healthier Society

Website - https://mydoctor.com.mm/
Youtube - www.youtube.com/channel/UC3VMnv-y9D4PdEn29HE_Dtg/featured
Instagram - www.instagram.com/mydoctor_myanmar/

myDoctor (English)

Are you looking for reliable health information and advice? Look no further than myDoctor, a Telegram channel dedicated to bridging Myanmar to a healthier society. With the username @mydoctor2016, this channel aims to provide the people of Myanmar with access to essential health resources and support. Whether you have questions about common medical conditions, need tips for staying healthy, or want to learn about the latest healthcare trends, myDoctor has you covered.nnThrough their website at https://mydoctor.com.mm/, myDoctor offers a wealth of articles, videos, and resources on a wide range of health topics. From preventive care to treatment options, their platform is designed to empower individuals to take control of their health and make informed decisions. Additionally, you can find engaging and informative content on their YouTube channel (www.youtube.com/channel/UC3VMnv-y9D4PdEn29HE_Dtg/featured) and Instagram page (www.instagram.com/mydoctor_myanmar/).nnWho is myDoctor? It is your trusted companion on the journey to a healthier lifestyle. What is myDoctor? It is a comprehensive health resource that is easily accessible and user-friendly. So, if you want to stay informed, educated, and inspired to live your healthiest life, join myDoctor on Telegram today!

myDoctor

29 Dec, 08:35


မျက်စိနာခြင်း

မျက်စိနာခြင်းဆိုတာ Conjunctiva လိုခေါ်တဲ့ မျက်စိရဲ့ အပေါ်ဆုံးအလွှာ ရောင်ရမ်းခြင်းဖြစ်ပါတယ်။ မျက်စိနာရောဂါပိုး (ဘက်တီးရီးယား သိုမဟုတ် ဗိုင်းရက်စ်) တစ်ခုခုကြောင့် ဖြစ်ပြီး အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်ပါတယ်။

ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တဲ့ မျက်စိနာရောဂါဟာ ၃ရက်ကနေ ၅ရက်အထိကြာတတ်ပြီး မျက်လုံးနီရဲရောင်ရမ်းခြင်း၊ မျက်ရည်ပူတွေ ပုံမှန်ထက်ပိုကျခြင်း၊ မျက်လုံးထဲမှာ ခိုးလိုးခုလုခံစားရခြင်း၊ အလင်းရောင် မကြည့်နိုင်ခြင်း၊ မျက်ကြောများ နာကျင်ခြင်း စတာတွေကို ခံစားရပါတယ်။ ဘာအကြောင်းနဲ့ဖြစ်ဖြစ် မျက်စိနာတာဖြစ်စေ သေချာသိရအောင် ဆေးခန်းပြသင့်ပြီး ဆရာဝန်ညွှန်ကြားတဲ့ သောက်ဆေး၊ မျက်စဉ်းဆေး စတာတွေကို အတိအကျလိုက်နာသင့်ပါတယ်။ ရိုးရိုးမျက်စိနာဆိုရင်လည်း စောစောစီးစီး သက်သာတာရှိနိုင်ပြီး ရိုးရိုးမဟုတ်တဲ့ မျက်စိထိခိုက်မှုတစ်ခုခုဆိုရင်လည်း စောစောစီးစီး သိထားဖိုလိုအပ်ပါတယ်။ မျက်စိနာနေတာ ၅ရက်ကျော်သွားရင်တော့ မျက်စိနာတာထက် ပိုစိုးရိမ်စရာ ဖြစ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ မဖြစ်မနေပြသင့်ပါတယ်။

မျက်စိနာနေချိန်အတွင်း ဆောင်ရန်ရှောင်ရန်များ - - -

၁) မျက်ကပ်မှန်တပ်ဆင်ခြင်း၊ ရေကူးခြင်း၊ ခေါင်းလျှော်ခြင်း၊ စာကြာကြာ ဖတ်ခြင်း၊ တီဗီ၊ ကွန်ပျူတာကြည့်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစား၊ ဆေးလိပ်သောက်ခြင်းများ ရှောင်ကြဉ်ပါ။

၂) မျက်စဉ်းခတ်ခြင်းဟာ ရောင်ရမ်းယားယံမှုကို သက်သာစေပြီး မျက်ရည်တွေကို ခမ်းစေကာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အတွက် မျက်စဉ်းကို မဖြစ်မနေခတ်ပေးရပါမယ်။

၃) ကွမ်းရွက်၊ ဒန့်ဒလွန်ရွက်တိုရဲ့ အရည်ကိုညှစ်ထုတ်ပြီး မျက်လုံးထဲထည့်တာတွေ၊ ဆားရည်ခတ်တာတွေ လုံးဝမလုပ်သင့်ပါဘူး။ အရွက်တွေမှာ ဘက်တီးရီးယားတွေ၊ ဖုန်တွေ ကပ်နေနိုင်တဲ့အတွက် နုနယ်ရောင်ရမ်းနေတဲ့ မျက်သားတွေ ပိုမိုထိခိုက်သွားနိုင်ပါတယ်။

၄) တတ်နိုင်သမျှ မျက်စိကိုအနားပေးပါ။ အပြင်ထွက်ရင် နေကာမျက်မှန်တပ်ပါ။ မျက်လုံးအရမ်းပူနေရင် ကွမ်းရွက်ကို မျက်ခွံပေါ်ကပ်ခြင်း၊ ရေခဲဝတ်သန့်သန့်ကို မျက်ခွံပေါ်ကပ်ခြင်းတို ပြုလုပ်နိုင်ပါတယ်။

မျက်စိနာရောဂါမဖြစ်စေဖို ဆောင်ရန်ရှောင်ရန်များ - - -

၁) မျက်လုံးနဲ့ မျက်ခမ်းကို လက်နဲ့အလွယ်တကူ မကိုင်ပါနဲ့။ ကိုင်ဖိုလိုအပ်ပါက လက်ကို သေချာဆေးပြီးမှ ထိကိုင်ပေးပါ။

၂) မျက်နှာသုတ်ပဝါဟာ သန့်ရှင်းနေဖိုအထူးလိုအပ်ပြီး တစ်ဦးကိုတစ်ထည်စီ သီးသန့်သုံးသင့်ပါတယ်။ မျက်စိနာသူရှိရင်တော့ ထိုသူရဲ့မျက်နှာသုတ်ပဝါကို ဘယ်သူမှ မထိ၊ မကိုင်ပါနဲ့။ ဒါ့အပြင် မျက်စိနာသူရဲ့ မျက်နှာသုတ်ပဝါကို ရေနွေးပွက်ပွက်ဆူထဲမှာ ကြာကြာပြုတ်ပြီး နေ့စဉ် လျှော်ဖွပ်ပေးသင့်ပါတယ်။

၃) အစားအသောက်ဇီဇာကြောင်သူတွေ၊ ကိုယ်ခံအား ကျနေသူတွေ၊ မျက်ကပ်မှန် တပ်ဆင်သူတွေ၊ ဓာတ်ငွေ့၊ ဖုန်မှုန့် စတာတွေနဲ့ နေ့စဉ်အလုပ်လုပ်နေရသူတွေဟာ လက်နဲ့မျက်စိ သန့်ရှင်းရေးကို အထူးပိုမို သတိထားသင့်ပါတယ်။

#myDoctor
#Telemedicine

myDoctor

26 Dec, 09:38


အမြဲတစေ Earphone သုံးခြင်းက ကျန်းမာရေးထိခိုက်စေလား ?

နည်းပညာက လူတွေရဲ့ဘဝတွေကို နည်းအမျိုးမျိုးနဲ့ လွယ်ကူအဆင်ပြေစေပါတယ်။ ဒါပေမဲ့ အလွန်အကျွံအသုံးပြုမိမယ်ဆိုရင်တော့ ကျန်းမာရေးဆိုင်ရာပြဿနာတွေ တိုးပွားလာစေနိုင်ပါတယ်။ လူတွေကို စိုးရိမ်မကင်းဖြစ်လာစေတဲ့ နည်းပညာရဲ့တစ်စိတ်တစ်ပိုင်းကတော့ နားကြပ်အသုံးပြုတာပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲအရ အရွယ်ရောက်ပြီးသားလူငယ် ၁.၁ ဘီလျံနီးပါးက ကျယ်လောင်တဲ့ဆူညံသံတွေနဲ့ ထိတွေ့မှုကြောင့် အကြားအာရုံဆုံးရှုးနိုင်ခြေများတယ်လို သိရပါတယ်။

နားကြပ်အသုံးပြုတာက နားကို ဘယ်လို ထိခိုက်စေနိုင်လဲ ?

အသံက အတွင်းနားထဲကို ရောက်ဖို အကြားအာရုံကနေတဆင့် နားစည်ကနေ ဖြတ်သွားပါတယ်။ အဲ့ဒီနောက် တုန်ခါမှုက အရည်နဲ့ပြည့်နေတဲ့၊ သေးငယ်တဲ့ အမွေးအမျှင်တွေပါတဲ့ cochlea (နားအတွင်းရဲ့ အခေါင်းပေါက်) ဆီ ပျံ့နှံသွားပါတယ်။ တုန်ခါမှုက cochela ဆီရောက်တဲ့အခါ အရည်က တုန်ခါပြီး အမွေးအမျှင်ကို လှုပ်ရှားသွားစေပါတယ်။ ဆူညံသံ ပိုကျယ်လေ တုန်ခါမှုက ပို အားကောင်းလေလေ၊ အမွေးအမျှင်တွေကို ရွေ့လေလေပါပဲ။ ကျယ်လောင်တဲ့ တေးဂီတအသံတွေကို ကြာရှည်စွာ ဆက်တိုက်ထိတွေ့တာက အမွေးအမျှင်ဆဲလ်တွေကို အသံတုန်ခါမှုနဲ့ပတ်သက်တဲ့ အာရုံခံနိုင်စွမ်း ဆုံးရှုံးစေပါတယ်။

ရံဖန်ရံခါဆိုရင်တော့ မသိသာပေမယ့် အမြဲနားကြပ်တပ်ပြီးတော့ သုံးနေတာ အကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးကို ဆိုးရွားတဲ့သက်ရောက်မှုတွေ ပေးနိုင်တယ်ဆိုတာတော့ ကောင်းကောင်း သတိထားသင့်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ နားကြပ်အမြဲတပ်လေ့ရှိတဲ့သူတွေ ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး(၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁) အကြားအာရုံ ဆုံးရှုံးခြင်း (သိုမဟုတ်) အကြားအာရုံပိုင်း နောက်ဆက်တွဲပြဿနာများ

Headphones (သိုမဟုတ်) နားကြပ်ကို သုံးတဲ့အခါ နားထဲကို အသံက တိုက်ရိုက် အနီးကပ် ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ 90 decibels ထက်ကျော်တဲ့ အသံအတိုင်းအတာက အကြားအာရုံမှာ နောက်ဆက်တွဲ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပြီးတော့ နားမကြားတော့တဲ့ အထိ ဖြစ်စေနိုင်ပါတယ်။

၂) နားပိုးဝင်ခြင်း

ကိုယ့်နားကြပ်ကိုပဲ သုံးလေ့ရှိသူလား ? ဒါမှမဟုတ် တခြားသူဆီက ငှားသုံးတတ်သူလား ? သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေဆီက တခါတရံတော့ ငှားသုံးမိမှာပါပဲ။ ဒါပေမယ့် ဒီလိုတစ်ကြိမ်တစ်ခါတည်းကနေပဲ လွယ်လွယ်နဲ့ နားပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ နားထဲက ဘက်တီးရီးယားတွေက နားကြပ်တွေကနေ တဆင့် တစ်ယောက်နဲ့တစ်ယောက် ကူးစက်ဖို လွယ်ပါတယ်။

၃) လေလမ်းကြောင်း ပိတ်စေခြင်း

ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အသံစနစ်ကောင်းမွန်ကြောင်း ကြော်ငြာကြမှာပါပဲ။ ဒါပေမယ့် အသံဘယ်လောက်ကောင်းကောင်း ကျန်းမာရေးရှုထောင့်မှာတော့ ကိုယ့်ရဲ့အသုံးပြုမှုကို မူတည်ပြီးတော့ ထိခိုက်မှု အနည်းနဲ့အများ ရှိလာစေနိုင်ပါတယ်။ နားထဲကို နားကြပ်ထိုးထည့် ထားရင်ပဲ လေလမ်းကြောင်းကို ပိတ်ဆိုစေနိုင်ပါတယ်။ လေအဝင်အထွက်မရှိရင် သိချင်းသံ ပိုနားထောင်ကောင်းတယ်ဆိုပေမယ့် နားပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ခြေ များပါတယ်။

၄) အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်း

တစ်နေ့လုံး အသံအကျယ်ကြီးနဲ့ နားကြပ်အသုံးများတဲ့သူတွေဟာ အကြားအာရုံ ခေတ္တပျောက်ဆုံးတတ်ပါတယ်။ ဒီလို numb ears ဖြစ်ပြီးရင် ခဏနေတာနဲ့ ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအခြေအနေက အန္တရာယ်များတဲ့အပြင် တကယ်နားမကြားတော့တဲ့အထိလည်း ဖြစ်စေနိုင်ပါတယ်။

၅) နားကိုက်ခြင်း

နားကြပ်သုံးတဲ့သူတွေမှာ နားကိုက်တဲ့ပြဿနာ ခဏခဏကြားရပါတယ်။ နားထဲမှာ တဝီဝီနဲ့ အသံတွေကြားနေရတာ ဒါမှမဟုတ် ဟိုးအတွင်းက စူးကနဲ နာကျင်ကိုက်ခဲတာတွေပါ ခံစားရတတ်ကြပါတယ်။

၆) ဦးနှောက်ကိုဆိုးကျိုးသက်ရောက်စေခြင်း

နားကြပ်တွေ၊ headphone တွေဆီကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိင်းတွေက ဦးနှောက်ကို ပြင်းထန်တဲ့ အန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်။ Bluetooth ၊ headphone နဲ့ နားကြပ်ကို နေ့စဉ်သုံးသူတွေဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါတွေ ပိုအဖြစ်များတာတွေ့ရပါတယ်။ နားအတွင်းပိုင်းဟာ ဦးနှောက်နဲ့တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်ပြီး နည်းနည်းလောက် ပိုးဝင်ရင်တောင် ဦးနှောက်ကို တိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။

#myDoctor
#Telemedicine

myDoctor

22 Dec, 03:58


အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုးများ

အိပ်ရေးပျက်တာများရင်တော့ ပင်ပန်းနွမ်းနယ်ပြီး အလုပ်ကောင်းကောင်းမလုပ်နိုင်ဘဲ ခွန်အားပြည့်ဝ အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။ အိပ်စက်ခြင်းဖြစ်စဉ်အရ မျက်လုံးအမြန်မလှုပ်တဲ့အဆင့် (Non Rapid Eye Movement -NREM) နဲ့ မျက်လုံးအမြန်လှုပ်တဲ့အဆင့် (Rapid Eye Movement – REM) တစ်လှည့်စီ ဖြစ်တဲ့ကြားမှာ အိပ်လိုက်နိုးလိုက် ဖြစ်တတ်တာကို ပုံမှန်အားဖြင့် သတိမထားမိကြပါဘူး။ ဒါပေမယ့် ဆူညံတဲ့ပတ်ဝန်းကျင်မှာ အိပ်ရသူတွေ၊ စိုးရိမ်စိတ်ရှိသူတွေ၊ စိတ်ဓာတ်ကျနေသူတွေမှာတော့ ဒီအဆင့်တွေကို သတိထားမိပြီး ပြန်နိုးပြန်နိုးနဲ့ အိပ်ရေးပျက်နိုင်ပါတယ်။

အိပ်ရေးပျက်သူတွေအနေနဲ့ အချိန်ကြာလာတဲ့အခါ အောက်မှာဖော်ပြထားတဲ့ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

၁) ခန္ဓာကိုယ်အပေါ် သက်ရောက်မှုများ

တစ်ညလောက် အိပ်မပျော်ဘဲ အိပ်ရာပေါ် လူးလိမ့်နေရင်း အချိန်ကုန်သွားပြီဆိုရင် နောက်တစ်နေ့မနက်ကျ ဘယ်လိုခံစားရတော့မယ်ဆိုတာ သိကြပြီးသားဖြစ်မှာပါ။ ပင်ပန်းနွမ်းနယ်ပြီးတော့ စိတ်မကြည်မလင်ဖြစ်ပြီး စိတ်မပါလက်မပါ ခံစားနေရတာတွေ အားလုံးပါပဲ။ လိုအပ်တဲ့ ညအိပ်စက်အနားယူချိန် 7-9 နာရီမပြည့်ခဲ့ရင်တော့ အားအင်ကုန်ခမ်းပြီး စိတ်မကြည်မလင်ဖြစ်တာထက်ပိုတဲ့ ဆိုးကျိုးတွေကို ခံစားရမှာပဲ ဖြစ်ပါတယ်။

၂) ဗဟိုအာရုံကြောစနစ်

အိပ်ပျော်နေချိန်မှာ ဦးနှောက်က အချက်အလက်အသစ်တွေကို အစီအစဉ်တကျ မှတ်သားနိုင်အောင် ဆက်သွယ်မှုများကို ဖွဲစည်းပေးပါတယ်။ အိပ်ရေးပျက်ခြင်းက ရေရှည်နဲ့ ခဏတာမှတ်ဉာဏ် (၂) ခုလုံးအပေါ် ဆိုးကျိုးသက်ရောက်စေပါတယ်။

၃) ကိုယ်ခံစွမ်းအားစနစ်

အိပ်ပျော်နေစဉ်မှာ ကိုယ်ခံအားစနစ်က antibodies နှင့် cytokines တိုလို ပိုးဝင်ခြင်းမှ ကာကွယ်တိုက်ခိုက်ပေးတဲ့ ပစ္စည်းများကို ထုတ်လုပ်ပေးပါတယ်။ ၎င်းတိုကိုသုံးပြီး ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တိုလို ပြင်ပက ဝင်ရောက်ကျူးကျော်လာတဲ့အရာတွေကို တိုက်ထုတ်ပေးပါတယ်။ တစ်ချို cytokines တွေက အိပ်ပျော်စေဖို ကူညီပေးပြီး ဖျားနာမှုတွေမှ ကာကွယ်ဖို ပိုမိုထိရောက်စေပါတယ်။

အိပ်ရေးပျက်ခြင်းက ကိုယ်ခံအားစနစ်ရဲ့ အင်အားတွေ တည်ဆောက်ခြင်းကို တားဆီးပစ်ပါတယ်။ အိပ်ချိန်အလုံအလောက်မရတဲ့အခါ ခန္ဓာကိုယ်က ဝင်ရောက်ကျူးကျော်လာတဲ့ရောဂါတွေကို မတိုက်ထုတ်နိုင်တော့တဲ့အပြင် နာမကျန်းဖြစ်တဲ့အခါမှာလည်း ပြန်လည်ထူထောင်ဖို အချိန်ပိုယူရပါတယ်။
အိပ်ရေးအနည်းငယ်ပဲပျက်ခြင်းကတောင် ကိုယ်ခံအားစနစ်တွေကို ချိုယွင်းစေကြောင်း သိရှိရပါတယ်။

၄) ဆီးချိုရောဂါဖြစ်နိုင်ခြေများခြင်း

အိပ်ရေးမဝခြင်းက သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့ insulin ဟော်မုန်း ထုတ်လွှင့်မှုအပေါ် သက်ရောက်မှုတွေရှိပါတယ်။ အိပ်ချိန် အလုံအလောက်မရတဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်တွေ ပိုမြင့်တက်နေပြီး ဆီးချိုရောဂါ type 2 ဖြစ်နိုင်ချေလည်း ပိုများပါတယ်။

၅) နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း

အိပ်ရေးပျက်ခြင်းက သွေးပေါင်ချိန်မြင့်တက်စေခြင်း၊ ရောင်ရမ်းခြင်းနှင့် ဆက်စပ်နေတဲ့ ဓာတုပစ္စည်းများပါဝင်မှု မြင့်မားစေခြင်းများကို ဖြစ်စေလို နှလုံးရောဂါဖြစ်ပွါးနိုင်ခြေပိုများစေနိုင်ပါတယ်။

#myDoctor
#Telemedicine

myDoctor

21 Dec, 06:49


မကြာခဏ သတိမေ့တတ်ရင် ဘာလုပ်ရမလဲ ?

သတိမေ့တယ်ဆိုတာ လူတော်တော်များများ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အရာတစ်ခုဆို မမှားပါဘူး။ ဒါပေမယ့် မေ့တယ်ဆိုတာကိုလည်း ပေါ့ပေါ့ဆဆ မနေသင့်ပဲ ဂရုစိုက်သင့်ပါတယ်။ တစ်ခါတစ်လေဆို ဘာမှမဖြစ်ပေမယ့် မေ့တာ အကြိမ်အရေအတွက် အရမ်းများလာခဲ့ရင်တော့ အလုပ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒီ့ထက်ဆိုးရွာလာတဲ့ အခြေအနေဆိုရင်တော့ လူမှုဘဝတိုးတက်မှုကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ဘာကြောင့် ဒီလိုမျိုးတွေ ခဏခဏမေ့ရတာလဲဆိုတော့ -

- စိတ်ဖိစီးမှုများတာ
- အလုပ်တာဝန်များလွန်းတာ
- စိတ်ပူပန်မှုများတာ
- အိပ်ရေးမဝတာ နဲ့
- အစားအသောက် ချိုတဲ့တာတွေကြောင့် ဖြစ်နိုင်ပါတယ်။

မေ့တတ်တာကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကုသရမလဲ ?

- ဘယ်လိုနည်းနဲ့ မှတ်မိနိုင်မလဲဆိုတာကို ကိုယ့်ကိုကိုယ် သတိထားကြည့်ပါ
- Memory Game ဆော့ပေးပါ
- မှတ်မိစေဖိုအတွက် အကျင့်လုပ်ပြီး ကိုယ့်ကိုကိုယ် သတိရှိပါ
- အသစ်အသစ်သော ပညာရပ်များကို လေ့လာသင်ယူပါ
- စာဖတ်ပါ
- အကြောင်းအရာတစ်ခုကိုမှတ်ထားပြီး သတိရလာအောင် မကြာခဏ တွေးပေးပါ
- အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပါ
- ဦးနှောက်မှတ်ဉာဏ်အားကို အားဖြစ်စေမယ့် အစားအသောက်များကို စားသုံးပေးပါ

မှတ်ဉာဏ်အားကောင်းဖို ဘယ်လိုအစားအစာတွေ စားပေးရမလဲ ?

- Vitamin A,E ပါတဲ့ အစားအသောက်များ
- ငါးကြီးဆီ
- အသီးအရွက်များ
- ဆော်လမွန်ငါး
- အခွံမာ (အစေ့) များ ကို မကြာခဏ စားပေးသင့်ပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှုမများအောင်နေပါ၊ အိပ်ရေးဝဝအိပ်ပါ၊ ရေများများသောက်ပါ၊ အလွယ်ကူဆုံးဖြစ်တဲ့ လမ်းလျှောက်တဲ့လေ့ကျင့်ခန်း ပြုလုပ်ပါ၊ ကျန်းမာရေးကို ဂရုစိုက်ပါ၊ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ။ ထိုအချက်တွေကို လုပ်ဆောင်ခြင်းဖြင့်လည်း မကြာခဏ မေ့တတ်တဲ့အကျင့်ကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

#myDoctor
#Telemedicine

myDoctor

20 Dec, 10:07


ဆောင်းတွင်းမှာ အသားပတ်ခြင်း

ဆောင်းတွင်းရောက်လာတဲ့အခါ လူတော်တော်များများက အသားပတ်ခြင်းကို ခံစားကြရပါတယ်။ တကယ်တော့ အသားပတ်ခြင်းဆိုတာ ဆောင်းတွင်းမှာတင်မဟုတ်ပဲ စိုထိုင်းဆနည်းပြီး လေအရမ်းတိုက်တဲ့အချိန်တွေ၊ ရာသီဥတုအရမ်းပူပြီး လေတိုက်တဲ့အချိန်တွေမှာလည်း အဖြစ်များတတ်ပါတယ်။

အသားပတ်တယ်ဆိုတာ အရေပြားမှာရှိတဲ့ အစိုဓာတ်တွေခမ်းခြောက်ပြီး အရေပြားတွေ ခြောက်သွေ့ကာ အရေခွံကွာတာ၊ အရေပြားကွဲအပ်တာမျိုးတွေ ဖြစ်လာတာမျိုးပါ။

အသားပတ်ခြင်းက ပြင်ပလေနဲ့ထိတွေ့မှုများတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ မျက်နှာ၊ ခြေ၊ လက် နေရာတွေမှာ ပိုအဖြစ်များပါတယ်။ အထူးသဖြင့် ဆောင်းရာသီ အရမ်းအေးတဲ့ဒေသတွေမှာ အဖြစ်များပါတယ်။ အသားခြောက်တဲ့အဆင့်ထက်ကျော်ပြီး အသားပတ်လာပြီဆိုရင်တော့ Moisturizer တွေ Lotion တွေ လိမ်းရုံနဲ့တင် မရတော့ပါဘူး။ ဒါကြောင့် အသားပတ်တာ ပျောက်ကင်းစေမယ့် အလွယ်ကူဆုံးနည်းလမ်းများကို မျှဝေပေးလိုက်ပါတယ်။

၁) အုန်းဆီ - အုန်းဆီကို အပူပေးပြီး နွေးလာပြီဆိုရင် အသားပတ်တဲ့နေရာကို ဖိလိမ်းပေးပါ။ အသားပတ်တာကို သိသိသာသာ ပျောက်ကင်းစေပါတယ်။

၂) ပျားရည် - ဒီနည်းလမ်းကတော့ မျက်နှာမှာအသားပတ်ရင် Oil တွေနဲ့မတည့်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ပျားရည်ကိုယူပြီး အသားပတ်တဲ့နေရာကို လိမ်းပေးပါ။ မိနစ်၃၀ ထားပြီးမှ ရေနဲ့ပြန်သန့်စင်ပါ။ ပြီးရင် မျက်နှာကို Moisturizer ပြန်လိမ်းထားပေးပါ။

၃) သံလွင်ဆီ - သံလွင်ဆီကို အသားပတ်တဲ့နေရာမှာ ပွတ်ပြီးလိမ်းပေးရင် အသားပတ်တာ၊ အသားခြောက်တာကို သိသိသာ ပျောက်ကင်းစေနိုင်ပါတယ်။

၄) သစ်သီးဝလံများစားပါ - ဆောင်းရာသီမှာ အရည်ရွှမ်းတဲ့ သစ်သီးဝလံများ စားသုံးခြင်းဟာလည်း ခန္ဓာကိုယ်ကို ရေဓာတ်ရရှိစေပြီးတော့ အသားပတ်ခြင်းကို ကာကွယ်ပေးပါတယ်။

၅) ရေများများသောက်ပါ - ရေကို တစ်နေ့အနည်းဆုံး ၃လီတာလောက် သောက်ပေးသင့်ပါတယ်။ ရေသောက်ခြင်းက ကိုယ်ခံအားကိုကောင်းမွန်စေပြီးတော့ အသားပတ်ခြင်းကင်းဝေးပြီး အသားအရေခြောက်သွေ့ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

#myDoctor
#Telemedicine

myDoctor

20 Dec, 05:14


ကျောက်ကပ်မကောင်းသူတိုင်း ရှောင်ကြဉ်ရမယ့် အစားအစာများ

ကျောက်ကပ်ဆိုတာက ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အင်္ဂါရပ်တစ်ခု ဖြစ်ပါတယ်။ သူကသွေးထဲက အဆိပ်အတောက်တွေ၊ မလိုအပ်ပဲ ပိုလျှံနေတဲ့ရေတွေကို ဖယ်ရှားပေးဖို ကူညီပေးပါတယ်။ နာတာရှည်ရောဂါတစ်ခုခုကြောင့် သိုမဟုတ် လက်တလောဝေဒနာတစ်ခုကြောင့် ကျောက်ကပ်ထိခိုက်လာပြီဆိုရင် ဒီလိုလက္ခဏာလေးတွေ ပြသတတ်ပါတယ်။

- ဆီးသွား သိသိသာသာ နည်းသွားပါတယ်
- ခြေထောက်လေးတွေ အမ်းလာတယ်၊ မျက်နှာတွေ ရောင်လာတယ်၊ မျက်လုံးတွေ မိုလာတယ်
- ဘာကြောင့်မှန်းမသိ အလိုလို မောဟိုက်နေမယ်၊ နွမ်းနယ်လာမယ်၊ ပင်ပန်းနေတတ်မယ်
- ရိပ်ခနဲ မူးလာမယ်၊ ခေါင်းလေးနေမယ်၊ မကြာခဏ မူးနောက်နေမယ်
- မျက်လုံးတွေ မကြည်မလင် ဖြစ်လာမယ်
- ပျိုအန်ချင်လာမယ်၊ အကြောင်းအရင်းမရှိဘဲ အစားမမှားဘဲ အလိုလို ဗိုက်ထဲမှာ နေလိုမကောင်းဖြစ်မယ်
- ရင်ဘတ်အောင့်မယ်၊ ရင်ဘတ်ထဲမှာလေးပြီး ဆိုနေတတ်မယ်

ကျောက်ကပ်ရောဂါခံစားနေရတာပဲဖြစ်ဖြစ်၊ ကျောက်ကပ်အားနည်းထိခိုက်နေတာပဲဖြစ်ဖြစ်၊ ဒဏ်ဖြစ်ပြီးသားနေရာကို ထပ်ပြီး ဝန်ပိတာမျိုးမဖြစ်အောင် အောက်မှာဖော်ပြပေးထားတဲ့ အစားအစာလေးတွေကို ရှောင်ကြဉ်သင့်ပါတယ်။

၁) ဆန်လုံးညို - ဆန်လုံးညိုမှာ ဆန်ဖြူထက် ပိုတက်ဆီယမ်ဓာတ် ပါဝင်မှုရာခိုင်နှုန်းများပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါရှိသူများအနေနဲ့ ဆန်လုံးညိုကို မစားသင့်ပါဘူး။

၂) ငှက်ပျောသီး - ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားပါတယ်။ ငှက်ပျောသီးတင်မက တရုတ်ဇီးသီး၊ နာနတ်သီးတိုကလည်း ကျောက်ကပ်ရောဂါရှိသူတွေအတွက် မသင့်တော်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

၃) လိမ္မော်သီး - လိမ္မော်သီးမှာ ခန္ဓာကိုယ်အတွက်ကောင်းတဲ့ ဗီတာမင်စီတွေ ပါဝင်တယ်ဆိုပေမယ့် ပိုတက်ဆီယမ်လည်း ပါဝင်မှုများတာကြောင့် ကျောက်ကပ်ရောဂါသည်တွေ အနေနဲ့ စားဖိုမသင့်ပါဘူး။

၄) ဂျုံကြမ်းပေါင်မုန့် - ဂျုံကြမ်းပေါင်မုန့်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခုဖြစ်ပြီး အာဟာရပြည့်ဝသလို အမျှင်ဓာတ်ပါဝင်မှုလည်း များပါတယ်။ ဒါပေမယ့် ဂျုံကြမ်းပေါင်မုန့်က ဆိုဒီယမ် ပါဝင်မှုမြင့်သလို ပိုတက်ဆီယမ်ဓာတ် ပါဝင်မှုနှုန်းကလည်း များနေသေးတဲ့အတွက် မစားသင့်ပါဘူး။

၅) ခရမ်းချဉ်သီး - ခရမ်းချဉ်သီးကို ဆော့သဘောမျိုးအနေနဲ့ အစိမ်းစားစား၊ ချက်ပြီးပဲစားစား ပိုတက်ဆီယမ်ဓာတ်က ပါဝင်မှု များနေသေးတာမို ရှောင်ကြဉ်သင့်ပါတယ်။

၆) ပြုပြင်ထားတဲ့ အသားတွေ - ပြုပြင်ထားတဲ့အသားတွေမှာ ဆိုဒီယမ်ပါဝင်မှုမြင့်သလို တာရှည်ခံပစ္စည်းတွေ၊ ဆိုးဆေးတွေ အများကြီးပါဝင်နေပါတယ်။ ဒါတွေက ကျန်းမာတဲ့သူတွေအတွက်တောင် ရေရှည်မှာ ကျန်းမာရေးထိခိုက်ပြီး ရောဂါရလာနိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါခံစားနေရတယ်ဆိုရင် ပြုပြင်ထားတဲ့ အသားတွေ ရှောင်ကြဉ်သင့်ပါတယ်။

၇) အာလူး - အာလူးမှာ ပိုတက်ဆီယမ်ဓာတ် မြင့်မားပါတယ်။ မချက်ခင် ရေထဲမှာ အကြာကြီး စိမ်ထားတဲ့အခါ ပိုတက်ဆီယမ်ပမာဏ သိသိသာသာ လျော့သွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လုံးဝအန္တရာယ်ကင်းတဲ့ အစာလိုတော့ မပြောနိုင်တဲ့အတွက် တတ်နိုင်ရင် အာလူးကိုလည်း မစားသင့်ပါဘူး။

၈) ကန်စွန်းဥ - ကန်စွန်းဥဟာလည်း ပိုတက်ဆီယမ်များတဲ့ အစားအစာပါပဲ။ ကျောက်ကပ်ဖြစ်နေရင်တော့ ကန်စွန်းဥကို ရှောင်လေကောင်းလေပါပဲ။

#myDoctor
#Telemedicine

myDoctor

16 Dec, 05:20


အချိုကဲပိုသကြားကို ဆင်ခြင်စားစေလို ~

ဘယ်အစားအသောက် ဖြည့်စွက်စာ ဆေးဝါးမဆို တန်ဆေးလွန်ဘေးဆိုတာ ရှိတတ်ကြပါတယ်။ ဒါကြောင့် သတိလေးနဲ့ နေထိုင်စားသောက်ကြဖို တိုက်တွန်းလိုပါတယ်။ လူတွေ နေ့စဉ်စားနေကျ သကြားဟာလည်း ဒီလိုပါပဲ။ လူတစ်ယောက်မှာ အချိုဓာတ်က အရေးကြီးပါတယ်။ အချိုဓာတ်လိုအပ်လာရင် လူက အားအင်ကုန်ခမ်းလာပြီး မောပန်းတက်ပါတယ်။ အဲ့ဒီ့လိုအပ်တဲ့ အချိုဓာတ်အတွက် ရနိုင်ခြေနည်းလမ်းများစွာရှိပါတယ်။ သကြားစားခြင်းဟာလည်း လူအတွက်လိုအပ်တဲ့ အချိုဓာတ်ကိုပေးပါတယ်။ သိုသော် အဲ့ဒီ့သကြားထဲမှာ လူတွေအတွက် ဆိုးကျိုးများပါဝင်နေတာကို သိထားသင့်ပြီး မလိုအပ်ဘဲ စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

သကြားက သွေးလမ်းကြောင်းထဲကို ဝင်ရောက်တဲ့အခါ အရွယ်တင်နုပျိုမှုကို ကူညီပေးတဲ့ Collagen နဲ့ Elastin ပရိုတင်းဓာတ်တွေနဲ့ ပေါင်းစပ်သွားပါတယ်။ ဒီလို ပေါင်းစပ်တဲ့အခါ သကြားက Collagen နဲ့ Elastin ဓာတ်တွေပျက်စီးသွားပြီး အသားအရေခြောက်ကပ်တာတွေ၊ အရေးအကြောင်းတွေ ဖြစ်ပေါ်လာပါတယ်။ အဲ့ဒါအပြင် အသားအရေကို ထိခိုက်စေတဲ့ ဓာတ်ပစ္စည်းတွေ ထုတ်လုပ်ပြီး နေရောင်ဒဏ်တွေ မခံနိုင်တော့ဘဲ အိုမင်းရင့်ရော်စေပါတယ်။ ဒါ့အပြင် သကြားက သွေးအတွင်း ကိုလက်စထရော မြင့်တက်စေပြီး သွေးကြောနံရံတွေမှာ အနည်ကျပါတယ်။ ဒါကြောင့် နှလုံးသွေးကြောကျဉ်းရောဂါလိုမျိုး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ ဖြစ်ပွားမှုရဲ့ အဓိက အကြောင်းအရင်းလည်း ဖြစ်နေပါတယ်။

သုတေသနရလဒ်တွေအရ သကြားက လူတွေကို စိတ်ဓာတ်ကျအောင်လည်း ပြုလုပ်နိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း ဟောမုန်းဓာတ်တွေ လျော့ကျစေပြီး လူတွေရဲ့စိတ်ဓာတ်ကျရောဂါနဲ့ စိတ်ကစဉ့်ကလျား ရောဂါတွေကို ဖြစ်စေတတ်ပါတယ်။ အဲ့ဒါအပြင် သကြားဟာ လူတွေကို စိတ်တိုအောင်လည်း လုပ်ဆောင်နိုင်ပြီးတော့ သင်ယူလေ့လာမှုနဲ့ မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ ဦးနှောက်ဆဲလ်တွေကိုပါ ဖျက်စီးပစ်နိုင်ပါတယ်။

သကြားစားသုံးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေနဲ့ ဆိုးကျိုးတွေကို အောက်မှာအသေးစိတ် ဖော်ပြပေးလိုက်ပါတယ်။

၁) နှလုံးရောဂါဖြစ်ပွားခြင်း - အငံဓာတ်လွန်ကဲတဲ့ အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် နှလုံးရောဂါကို ဖြစ်ပွားစေနိုင်သလို သကြားဓာတ်လွန်ကဲတဲ့ အစားအသောက်တွေကို အလွန်အကျွံ စားသုံးမယ် ဆိုရင်လည်း နှလုံးရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ သကြားအစားများခြင်းကြောင့် သွေးတွင်း ကိုလက်စထရော ပမာဏကို မြင့်တက်လာစေပြီး အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ဝေဒနာတိုကို ခံစားရနိုင်ပါတယ်။

၂) ခန္ဓာကိုယ်အလေးချိန်ကို မြင့်တက်စေခြင်း - အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေ၊ ဆိုဒါတွေ၊ ဖျော်ရည်တွေမှာ Fructose လိုခေါ်တဲ့ သကြားဓာတ် တစ်မျိုး ပါဝင်ပါတယ်။ Fructose သကြားဓာတ်က မကြာခဏ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့အတွက် ခန္ဓာကိုယ်အလေးချိန် မြင့်တက်ခြင်းကို ဖြစ်စေပါတယ်။

၃) ဝက်ခြံထွက်စေခြင်း - အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေ အလွန်အကျွံ စားသုံးခြင်းကြောင့် မျက်နှာအဆီပြန်ခြင်း၊ အသားအရေနီရဲခြင်းတိုကို ဖြစ်ပွားစေနိုင်တဲ့အပြင် ဝက်ခြံထွက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

၄) စိတ်ကျဝေဒနာခံစားရခြင်း - သကြားအစားများခြင်းကြောင့် ခန္ဓာကိုယ်အတွက် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားရနိုင်သလို စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ သကြားအစားများမယ်ဆိုရင် စိတ်ကျဝေဒနာကို ခံစားရနိုင်ပါတယ်။

၅) မှတ်ဉာဏ်ချိုယွင်းစေခြင်း - သကြားဓာတ်လွန်ကဲတဲ့ အစားအစာတွေကို ပုံမှန်စားသုံးခြင်းကြောင့် မှတ်ဉာဏ်ချိုယွင်းမှုကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် သကြားအစားများခြင်းကြောင့် အယ်လ်ဇိုင်းမားရောဂါကိုလည်း ဖြစ်ပွားစေနိုင်တာကြောင့် သကြားအလွန်အကျွံစားသုံးခြင်းကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။

#myDoctor
#Telemedicine

myDoctor

14 Dec, 07:16


ပင်ပန်းနေချိန် ခန္ဓာကိုယ်ကို အနားမပေးမိခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

ပင်ပန်းမောပန်းနေချိန်မှာ ခန္ဓာကိုယ်ကို အနားမယူခြင်းဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပြီး နောက်ဆက်တွဲပြဿနာတွေ အများအပြားရှိနိုင်ပါတယ်။ အောက်ပါအချက်တွေက အဖြစ်များ တဲ့ နောက်ဆက်တွဲပြဿနာများ ဖြစ်ပါတယ်။
(၁) ခြေကုန်လက်ပန်းကျခြင်း- ခန္ဓာကိုယ်ရဲ့ အနားယူရန် လိုအပ်မှုကို လျစ်လျူရှုခြင်းဟာ အဆက်မပြတ် ပင်ပန်း နွမ်းနယ်မှုကို ဖြစ်ပေါ်စေပြီး နေ့ဘက်မှာ တက်ကြွစွာနေနိုင်ရန်နှင့် အာရုံစိုက်ရန် ခက်ခဲစေပါတယ်။ နာတာရှည် အနားယူမှု နည်းပါးခြင်းဟာ ကိုယ်ရောစိတ်ပါ ချုံးချုံးကျစေပြီး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အားအင် ကုန်ခမ်းမောပန်းနွမ်းလျစေခြင်း၊ အလုပ်စွမ်းဆောင်ရည် ကျဆင်းခြင်းနှင့် အလုပ်အပေါ်ရော ဘဝအပေါ်မှာပါ စိတ်ဝင်စားမှု မရှိတော့ခြင်းကို ခံစားရစေနိုင်ပါတယ်။
(၂) ကိုယ်လက်လှုပ်ရှားနိုင်စွမ်း ကျဆင်းခြင်း- ပင်ပန်းနွမ်းနယ်မှုဟာ ကိုယ်ကာယ စွမ်းဆောင်ရည် နှင့် လေ့ကျင့်ခန်း လုပ်နိုင်စွမ်းတို့ကို ကျဆင်းစေပြီး နေ့စဥ် လုပ်ဆောင်မှုများမှာ ပိုမို စိန်ခေါ်မှုများ ခံစားရစေပါတယ်။
(၃) အသိဥာဏ်ဆိုင်ရာလုပ်ဆောင်ချက်များ ချို့ယွင်းခြင်း- ပင်ပန်းနေချိန်မှာ အနားယူမှုမရှိခြင်းက မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ ပြဿနာဖြေရှင်းခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းကဲ့သို့သော အသိဉာဏ်ဆိုင်ရာ လုပ်ဆောင်ချက်များ ကို ထိခိုက်စေနိုင်ပါတယ်။
(၄) ကိုယ်ခံအားစနစ်အားနည်းခြင်း- ကောင်းမွန်စွာ အနားယူထားတဲ့ ခန္ဓာကိုယ်ဟာ ရောဂါပိုးများကို တိုက်ဖျက်ရာ မှာ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေပါတယ်။ လုံလောက်စွာ အနားယူမှု မရှိခြင်းဟာ ခုခံအားစနစ်ကို အားနည်း စေပြီး ဖျားနာမှုများကို ပိုမိုခံစားရနိုင်စေပါတယ်။
(၅) စိတ်ဖိစီးမှု တိုးလာခြင်း - ကြာရှည်စွာ အနားယူမှု မရှိခြင်းဟာ စိတ်ဖိစီးမှုကို တိုးလာစေနိုင်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာများအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ် စေနိုင်ပါတယ်။
(၆) စိတ်အပြောင်းအလဲမြန်ခြင်း - မောပန်းနွမ်းနယ်မှုဟာ စိတ်တိုဒေါသထွက်ခြင်း၊ စိတ်အတက်အကျမြန်ခြင်းနှင့် အနှုတ်သဘောဆောင်တဲ့ စိတ်ခံစားမှုအခြေအနေတွေကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် လူမှုပေါင်းသင်းဆက်ဆံရေး နှင့် ဘဝအရည်အသွေးတို့ကို ထိခိုက်စေနိုင်ပါတယ်။
(၇) ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများ- လုံလောက်စွာ အနားမယူခြင်းဟာ ကြွက်သားများ ပင်ပန်းနွမ်းနယ် ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်းကဲ့သို့သော အစာခြေစနစ်ဆိုင်ရာ ပြဿနာများ၊ ကိုယ်အလေးချိန် တက်လာ ခြင်း၊ သွေးပေါင်ချိန်များလာခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်တယ်။
(၈) အလုပ်မပြီးခြင်း- ပင်ပန်းနေတဲ့အချိန်မှာ အနားယူရမယ့်အစား အလုပ်တာဝန်များကို ကြိုးစားလုပ်ဆောင်ခြင်း ဟာ အလုပ်ပြီးမြောက်မှုမရှိခြင်း၊ ထိရောက်မှု မရှိခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
(၉) တီထွင်ဖန်တီးနိုင်စွမ်း လျော့ကျခြင်း- အနားယူခြင်းဟာ တီထွင်ဖန်တီးမှုနှင့် ပြဿနာဖြေရှင်းခြင်းတို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ပင်ပန်းနေချိန်မှာ အနားမယူခြင်းဟာ ဆန်းသစ်သော စိတ်ကူးစိတ်သန်းသစ်များ ထုတ် နိုင်စွမ်းနှင့် ပြဿနာ ဖြေရှင်းရန်နည်းများရရှိရန် တွေးခေါ်နိုင်စွမ်းတို့ကို ဟန့်တားနိုင်ပါတယ်။
(၁၀) ဆုံးဖြတ်ချက်မချနိုင်ခြင်း- မောပန်းနွမ်းနယ်ခြင်းဟာ အမျိုးမျိုးသော ကိစ္စရပ်တွေမှာ မှန်ကန်စွာ ဆုံးဖြတ် ချက် ချနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။
(၁၁) မတော်တဆဖြစ်နိုင်ခြေပိုများခြင်း- ပင်ပန်းနွမ်းနယ်မှုဟာ လှုပ်ရှားမှုအသီးသီးကို ကောင်းစွာ ထိန်းချုပ်နိုင်မှု နှင့် လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်းများကို ထိခိုက်စေနိုင်တဲ့အတွက် အထူးသဖြင့် ကားမောင်းခြင်း (သို့) စက်ယန္တရား ကြီးများကို လည်ပတ်ခြင်းတို့ ပြုလုပ်တဲ့အခါ မတော်တဆမှုဖြစ်နိုင်ခြေကို ပိုများစေပါတယ်။
(၁၂) အိပ်ရေးပျက်ခြင်း- ပင်ပန်းနေချိန်မှာ ကောင်းစွာအနားမယူတဲ့အခါ နာတာရှည် အိပ်မပျော်ခြင်းကို ဖြစ်စေနိုင် ပြီး လုံလောက်စွာအနားမယူခြင်းကြောင့် ဖြစ်တဲ့ ပြဿနာများကို ပိုဆိုးစေပါတယ်။
အထက်ပါအချက်များကို ကာကွယ်ရန်အတွက် အနားယူခြင်းကို ဦးစားပေးရန်၊ ကျန်းမာသော အိပ်စက်မှုပုံစံကို ချမှတ်ရန်နှင့် ပင်ပန်းနွမ်းနယ်မှု အချက်ပြသည့်အခါ သင့်ခန္ဓာကိုယ်ကို နားထောင်ရန် အရေးကြီးပါတယ်။ လုံလောက်စွာ အနားယူခြင်းဟာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ် လိုအပ်ပါတယ်။

#myDoctor
#Telemedicine

myDoctor

13 Dec, 09:54


စိတ်ထောင်းကိုယ်ကြေဆိုတဲ့စကားက တကယ်မှန်သလား ?

လူတစ်ယောက်ကျန်းမာရေး ပြည့်စုံကောင်းမွန်နေဖိုက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေရုံနဲ့တင် မလုံလောက်ပါဘူး။ စိတ်ပိုင်းဆိုင်ရာလည်း ကျန်းမာနေမှဖြစ်မှာပါ။ စိတ်ဆိုတာ အရမ်းကိုအရေးကြီးတဲ့အထဲမှာ ပါပါတယ်။ စိတ်ချမ်းသာပျော်ရွှင်ဖိုက အသက်ကြီးငယ်မရွေးနဲ့ ဆိုင်ပါတယ်။ တစ်ရက်တာ လုပ်ဆောင်စရာတွေ လုပ်ဆောင်နေတဲ့အခါမှာ စိတ်ကလည်း ပေါ့ပါးတက်ကြွနေဖိုလိုပါတယ်။ ဒါမှလည်း လုပ်နေတဲ့အလုပ်တွေ လွယ်ကူလျင်မြန်စွာ ပြီးမြောက်အောင်မြင်မှာပါ။

စိတ်ထောင်းလိုကိုယ်ကြေဆိုတဲ့ စကားက တကယ်မှန်ပါတယ်။ စိတ်ဓာတ်ကျလာပြီဆို အစားလည်းမစားချင်၊ အလုပ်လည်းမလုပ်ချင်၊ ဘယ်သူ့မှလည်းမတွေ့ချင်၊ အရာရာ စိတ်မပါတော့ဘဲ ချုံးချုံးကျတော့တာပါပဲ။ ပိုဆိုးတာက စိတ်ခံစားချက်တင်မကဘဲ လူကိုပါထိခိုက်လာတာမျိုးပဲ ဖြစ်ပါတယ်။ အစားမမှန်၊ အအိပ်မမှန်တဲ့အပြင် စိတ်ဖိစီးမှုဟော်မုန်းတွေကြောင့် ကျန်းမာရေးမှာ အနုတ်လက္ခဏာတွေ ပြလာပါလိမ့်မယ်။

စိတ်ထောင်းကိုယ်ကြေဖြစ်တဲ့အခါ ဘယ်လိုအနှုတ်လက္ခဏာမျိုးတွေ ပြလာမလဲ ?

၁) ကိုယ်အလေးချိန်ကျမယ် သိုမဟုတ် တက်မယ် - စိတ်ကျဝေဒနာခံစားနေရသူတွေဟာ အစာစားချင်စိတ်မှာ အပြောင်းအလဲတွေဖြစ်စေနိုင်လို အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်တက်တာ၊ ကျတာတွေဖြစ်နိုင်ပါတယ်။ အဲဒီမှာ ကိုယ်အလေးချိန်တက်ရင် ဆီးချို၊ နှလုံးလိုရောဂါတွေဖြစ်လာနိုင်တယ်၊ ကိုယ်အလေးချိန်နည်းရင် နှလုံးထိခိုက်နိုင်တယ်၊ ကလေးရနိုင်စွမ်းကိုထိခိုက်စေနိုင်တယ်၊ မောပန်းအားကုန်လွယ်စေပါတယ်။

၂) နာကျင်ကိုက်ခဲမှုတာရှည်မယ် - စိတ်ကျဝေဒနာဖြစ်နေတဲ့သူတွေမှာ အဆစ်နာ၊ ကြွက်သားနာကျင်ခြင်း၊ ရင်သားနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း တိုလို အကြောင်းရင်းမည်မည်ရရမရှိတဲ့ နာကျင်မှု၊ ကိုက်ခဲမှုတွေ တာရှည်ခံစားနေရပါမယ်။ ပြီးရင် အဲဒီနာကျင်ကိုက်ခဲမှုတွေကြောင့်ပဲ စိတ်ကျဝေဒနာကို ပိုဆိုးစေနိုင်ပါသေးတယ်။

၃) ကိုယ်ခံအားကျလာနိုင်တယ် - စိတ်ကျနေပြီဆို ရောဂါတွေဝင်လွယ်လာပါတယ်။ ချူချာလာတယ်၊ အားနည်းလာတယ်၊ ခဏခဏနေမကောင်းဖြစ်လာတယ်။ အကြောင်းရင်းကတော့ စိတ်ဖိစီးမှုဟော်မုန်းတွေဖြစ်တဲ့ cortisol နဲ့ adrenaline ပမာဏပိုများလာတာကြောင့်လည်းပါဝင်ပါတယ်။

၄) ရောဂါအခံတွေ ပိုဆိုးလာနိုင်စေတယ် - နာတာရှည်ရောဂါအခံတစ်ခုခုရှိနေပြီးသားလူတစ်ယောက်မှာ စိတ်ကျရောဂါဖြစ်လာရင် သူ့ရဲ့ရောဂါအခြေအနေ ပိုဆိုးစေနိုင်ပါတယ်။ နဂိုကမှရောဂါကြောင့် စိတ်ဖိစီးနေရတဲ့ကြားထဲ စိတ်ကျနေရင် ပိုဆိုးသွားစေတာပါ။ စိတ်ကျရောဂါကြောင့် ကုသမှုကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

၅) အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ရှိနိုင်တယ် - စိတ်ကျရောဂါရှိသူတွေဟာ အစာအိမ် သိုမဟုတ် အစာမကြေပြဿနာတွေဖြစ်တတ်တဲ့အပြင် ဝမ်းပျက်ခြင်း၊ ပျိုအန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်းတိုလို အူလမ်းကြောင်းပြဿနာတွေခံစားရနိုင်ပါတယ်။

စိတ်ထောင်းကိုယ်ကြေဖြစ်ရင် ဘာလုပ်လုပ်စိတ်ပါဝင်မှုမရှိတော့တဲ့အတွက် အလုပ်ပြီးမြောက်မှုတွေ မရှိနိုင်တော့ပါဘူး။ အဲ့လိုမဖြစ်အောင် စိတ်ရွှင်လန်းတက်ကြွနေစေမယ့် နည်းလမ်းတွေကို အောက်မှာဖော်ပြပေးထားပါတယ်။

- အလုပ်လုပ်တဲ့ရက်မှာ ခဏတစ်ဖြုတ်နားပါ
- စိတ်ဝင်စားတာ တစ်ခုခုလုပ်ပါ
- ပိတ်ရက်တွေမှာ အချိန်ကြာကြာအနားယူပါ
- အားလပ်ချိန်တွေမှာ လှုပ်ရှားမှုတွေပြုလုပ်ပါ
- ဖုန်း၊ ကွန်ပျူတာ၊ Tablet စတဲ့ ပစ္စည်းကိရိယာတွေကို အချိန်သတ်မှတ်ပြီး အသုံးပြုပါ
- စိတ်ရှုပ်စေတဲ့ အကြောင်းအရာတွေကို အချိန်ကြာမြင့်စွာ တွေးတောခြင်းမှ ရှောင်ကြဉ်ပါ

#myDoctor
#Telemedicine

myDoctor

13 Dec, 08:08


အမျိုးသမီးများတွင်သွေးအားနည်းနေကြောင်းသိနိုင်မည့်လက္ခဏာရပ်များ

အမျိုးသမီးတွေဟာ သူတို့ရဲ့ ဇီဝကမ္မဗေဒနှင့် သဘာဝဆိုင်ရာ အကြောင်းအချက်များစွာကြောင့် အမျိုးသားများထက် သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်။ ဓမ္မတာလာခြင်းဟာ အမျိုးသမီး တွေမှာ သွေးအားနည်းစေတဲ့ အဓိကအချက်တစ်ခုဖြစ်ပါတယ်။ မျိုးပွားတဲ့အရွယ် အမျိုးသမီး များဟာ ဓမ္မတာလာစဉ် လစဉ် သွေးဆုံးရှုံးမှုများ ကြုံတွေ့ရတဲ့အတွက် သွေးနီဥဆဲလ်များ ထုတ်လုပ်ရာမှာ အဓိက ကျတဲ့ သံဓာတ်ဆုံးရှုံးမှု ပိုများပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ခြင်းနှင့် နို့တိုက်ကျွေးခြင်းဟာလည်း အမျိုးသမီးတွေမှာ သံဓာတ်လိုအပ်မှုကို တိုးစေပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အခါ ကြီးထွားလာတဲ့ သန္ဓေသားကို ထောက်ပံ့ပေးရန်အတွက် သွေးပမာဏ တိုးလာရန် လိုအပ်ပြီး မိခင်နို့ထွက်ရန်အတွက် သံဓာတ်အပါအဝင် အာဟာရဓာတ်များ ပိုမိုလိုအပ်လာပါတယ်။
ဒါ့အပြင် အချို့သောအခြေအနေများဖြစ်သည့် သားအိတွင်းအလုံးတည်ခြင်း၊ ရာသီသွေးဆင်းများခြင်း (menorrhagia) နှင့် မီးယပ်ရောဂါများဟာ အမျိုးသမီးများမှာ သွေးဆုံးရှုံးမှုကို ပိုမိုဆိုးရွားစေပြီး သွေးအားနည်းရောဂါဖြစ်စေပါတယ်။
သွေးအားနည်းရောဂါဆိုတာ သွေးထဲမှာ ကျန်းမာသောသွေးနီဥများ သို့မဟုတ် ဟေမိုဂလိုဘင် ချို့တဲ့ခြင်း ကြောင့်ဖြစ်တဲ့ လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ လူတစ်ဦးနှင့်တစ်ဦး လက္ခဏာများ ကွဲပြားနိုင်သော် လည်း အမျိုးသမီးများမှာ အဖြစ်များတဲ့ သွေးအားနည်းရောဂါ လက္ခဏာများမှာ-

(၁) ပင်ပန်းနွမ်းနယ်ခြင်းနှင့် အားနည်းခြင်း- လုံလုံလောက်လောက် အနားယူပြီး အိပ်ရေးဝဝအိပ်တာ တောင်မှ ပင်ပန်းနွမ်းနယ်နေတယ် (သို့) အားနည်းနေသေးတယ်ဆိုတာ သွေးအားနည်းခြင်းရဲ့ အဖြစ်များ တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ သွေးထဲမှာ အောက်ဆီဂျင်သယ်ဆောင်နိုင်မှု လျော့နည်းခြင်းကြောင့် ဖြစ်တာ ဖြစ်ပါတယ်။
(၂) အသားအရေ ဖြူဖျော့ခြင်း - သွေးအားနည်းရောဂါဟာ အထူးသဖြင့် မျက်နှာ၊ လက်သည်း သို့မဟုတ် မျက်လုံးအတွင်း၌ သိသိသာသာ ထင်သာမြင်သာရှိသော ဖြူဖျော့ခြင်းကို ဖြစ်စေနိုင်ပါတယ်။

(၃) မောခြင်း (သို့) အသက်ရှုမဝခြင်း- သွေးထဲမှာ အောက်ဆီဂျင် ကျဆင်းခြင်းဟာ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုများ (သို့) လေ့ကျင့်ခန်းလုပ်စဉ်မှာ အသက်ရှူမဝခြင်း (သို့) မောခြင်းတို့ကို ဖြစ်စေ နိုင်ပါတယ်။

(၄) မူးဝေခြင်း (သို့) မိုက်ခနဲဖြစ်ခြင်း- သွေးအားနည်းသူများဟာ အထူးသဖြင့် ရုတ်တရက် မတ်တတ် အမြန်ရပ်လိုက်တဲ့အခါ မူးဝေခြင်း (သို့) မိုက်ခနဲဖြစ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။
(၅) နှလုံးခုန်မမှန်ခြင်း- သွေးအားနည်းရောဂါရှိရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို လုံလုံလောက်လောက် ထောက်ပံ့နိုင်ဖို့ နှလုံးက ပိုအလုပ်လုပ်ရပြီး နှလုံးခုန်မမှန်ခြင်း သို့မဟုတ် နှလုံး ခုန်နှုန်း မြန်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

(၆) ခြေလက်များ အေးခြင်း- သွေးအားနည်းခြင်းကြောင့် သွေးလည်ပတ်မှု ကျဆင်းခြင်းနှင့် အောက်ဆီ ဂျင် လျော့နည်းခြင်းဟာ ခြေဖျား၊လက်ဖျားများမှာ အေးခြင်းကို ခံစားရနိုင်ပါတယ်။

(၇) ခေါင်းကိုက်ခြင်း- သွေးအားနည်းရောဂါရှိသူအချို့ဟာ ဦးနှောက်သို့ အောက်ဆီဂျင် ရောက်ရှိမှု မလုံလောက်တာကြောင့် မကြာခဏ ခေါင်းကိုက်ခြင်း သို့မဟုတ် ခေါင်းတစ်ခြမ်းကိုက်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။
(၈) လက်သည်း ကြွပ်ဆတ်ခြင်းနှင့် ဆံပင်ကျွတ်ခြင်း- သွေးအားနည်းရောဂါဟာ လက်သည်းများနှင့် ဆံပင်ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး လက်သည်းများ ကြွပ်ဆတ်ကျိုးလွယ်ကာ ဆံပင်ကျွတ်ခြင်း (သို့) ဆံပင်ပါးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
(၉) ရင်ဘတ်အောင့်ခြင်း- ပြင်းထန်သော သွေးအားနည်းရောဂါဟာ အထူးသဖြင့် နှလုံးရောဂါ ရှိသူများမှာ ရင်ဘတ်အောင့်ခြင်း (သို့) နှလုံးအောင့်ခြင်း (angina) ဖြစ်နိုင်ပါတယ်။

သွေးအားနည်းရောဂါ ဖြစ်နိုင်တယ်လို့ သံသယရှိပါက မှန်ကန်သော ရောဂါရှာဖွေမှုနှင့် ကုသမှု ရရှိဖို့ အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နှင့် တိုင်ပင်ရန် အရေးကြီးပါတယ်။ သွေးအားနည်းရောဂါ ကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းအမျိုးမျိုးရှိတဲ့အတွက် အရင်းခံအကြောင်းရင်းကို ရှာဖွေဖော်ထုတ် ကုသ ရန် အရေးကြီးပါတယ်။

#myDoctor
#Telemedicine

1,385

subscribers

600

photos

19

videos