မြန်မာ OG ဒေါက်တာ @myanmarogdoctor Channel on Telegram

မြန်မာ OG ဒေါက်တာ

@myanmarogdoctor


အမျိုးသမီး ကျန်းမာရေး ပညာပေး

မြန်မာ OG ဒေါက်တာ (Burmese)

မြန်မာ OG ဒေါက်တာ သည် အမျိုးသမီးများအတွက် ကျန်းမာရေးနှင့် နည်းပညာပေးသူများအတွက် သင်ခန့်မှန်းနိုင်ပါသည်။ ဤအချက်အလက်သည် အချက်အလက်မှာ အမျိုးသမီး ကျန်းမာရေးနှင့် နည်းပညာပေးခန့်ရှဂျာပီဝင်ခေါ်လေယာဉ်နဲ့ ပြန်လာနိုင်ပါသည်။ ဤအချက်အလက်သည် ပြင်ဆင်ရန်အတွက် ကျန်းမာရေးပညာနှင့် နည်းပညာပေးခန့ - ်နဲ့ သင်ခန့်မှန့်နိုင်ပါသည်။

မြန်မာ OG ဒေါက်တာ

11 Jan, 13:56


💗 မြန်မာ OG ဒေါက်တာ Followers အသစ်များကို ကြိုဆို ပါတယ်..😊🥰🙏
အရင် ကတည်း က ယုံကြည်အားကိုးစွာ Follow လုပ်ထားသူများ အားလုံးကိုလည်း ချစ်ခင်လေးစား ကျေးဇူးတင်လျက်ပါ.. 😘🥰🙏

💗 အရှေ့ post က ခွဲမေးမလား? ရိုးရိုးမွေးမလား? ဆိုတဲ့ ကျန်းမာရေး ပညာပေး ဗွီဒီယိုလေး တင်အပြီး၂ ရက် အတွင်းမှာ ဗွီဒီယို ကြည့်ရှုအကြိမ်အရေအတွက် ( Views ) 1.1 million မီလီရမ် ကျော်သွားပြီး...Followers 201K ( ၂ သိန်းကျော်) သွားတာကြောင့် အားလုံးကို ကျေးဇူးအထူးတင်ပါတယ်..😊🥰🙏🙏🙏

💗 ဒီလောက် လူများများ က သိချင်နေတဲ့ အကြောင်းအရာကို ပြောပြပေးနိုင်လိုက်တဲ့ အတွက်လည်း ဝမ်းသာပီတီဖြစ်မိပါတယ်..🤗🤗

💗 တစ်ခုဘဲ စိတ်မကောင်းစွာတောင်းပန်ချင်တာက မန့် ( comments) တွေ အရမ်းများတာကြောင့် အားလုံးကို ကျွန်မ ပြန်မဖြေနိုင်ဖြစ်သွားပါတယ်..အဲ့ဒီအတွက် မန့် ထားသူအားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်..🙏🙏🙏

💗 ကျွန်မ တတ်နိုင်သလောက် ပြန်ကူညီချင်တာမို့..
ကျွန်မနဲ့ တိုင်ပင်ဆွေးနွေးချင်သူများထဲမှ ၂ ယောက်ကို
အခမဲ့ တိုင်ပင်ဆွေးနွေးခွင့် ကံစမ်းမဲဖေါက်ပေးပါမယ်..🎁🎁

💗 ကံစမ်းမဲ ပါဝင်ချင်သူများက

(၁) ဒီ post ကို Like and share လုပ်ပေးပါ..( 👉 ဒါမှလည်း အရှေ့က post မှာမေးထားသူများဆီပြန်ရောက်ပြီး သူတို့လည်း ပါဝင်ဖို့ အခွင့်အရေး ရစေချင်လို့ပါ)
(၂) ဒီ post မှာ ကိုယ်မေးချင်တဲ့ အကြောင်းအရာကို အတိုချုပ် တစ်ကြောင်းလောက်နဲ့ဘဲ မန့်ပေးပါ..( 👉 မဲပေါက်ခဲ့ရင် အသေးစိတ် မေးခွင့် ဆွေးနွေးခွင့် ပေးမှာပါ😊)

💗 ကံစမ်းမဲပေါက်သူ ၂ ဦးကို ၁၄ ရက်နေ့မှာ ကြေငြာပေးပါမယ်..
💗 တစ်ဦးကို မြန်မာ OG ဒေါက်တာ page ရဲ့ Top fan ထဲ က မဲဖေါက်ပေးမှာ ဖြစ်ပြီး ကျန်တစ်ဦးကတော့ ကံအရပါဘဲ ..ဘယ်သူဘဲ ဖြစ်ဖြစ် မဲပေါက်နိုင်ပါတယ်..
💗 ကျွန်မ က UK မှာနေတာမို့..ဗွီဒီယို၊ နဲ့ တိုင်ပင်ဆွေးနွေးပေးမှာပါ..
💗 မဲပေါက်သူများကို မြန်မာ OG ဒေါက်တာ CB / messanger ကနေ သူတို့ ရဲ့ ဆေးမှတ်တမ်းတွေ ပေးပို့ပေးဖို့ ကျွန်မတောင်းဆိုပါမယ်..
💗 ကံစမ်းမဲ ပေါက်သူ နဲ့ ကျွန်မတို့ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အချိန် ညှိပြီး ကြိုးစား တိုင်ပင်ဆွေးနွေးပေးပါမယ်..
💗 လိုင်းအဆင်မပြေသူများ အတွက် မေးချင်တဲ့ မေးခွန်းအားလုံး CB က မေးထားပြီး ကျွန်မ က အသံဖိုင်နဲ့ ပြန်ဖြေပေးပါမယ်

👉 နောက်ဆုံးတစ်ခုကတော့..Follow လုပ်ချင်သူများအတွက် မြန်မာOG ဒေါက်တာ YouTube ယူကျုချန်နယ် နဲ့ Telegram တယ်လီဂရမ် ချန်နယ် link လင့်ခ် တွေ ထည့်ပေးလိုက်ပါတယ်..
👉 YouTubeယူကျု မှာ ကျွန်မရဲ့ ပညာရေး ဗွီဒီယို၊ တွေ အားလုံး တစုတစည်းတည်း ရှိတာမို့ ကိုယ်သိချင်တာကို ရှာကြည့်ရပိုလွယ်ပါလိမ့်မယ်..

https://www.youtube.com/@OG-jy2jw

👉 ရေးထားတဲ့ စာတွေကတော့ FB page မှာ ရှာမရရင် တယ်လီ ဂရမ်က ရှာရပိုလွယ်နိုင်ပါတယ်

https://t.me/myanmarogdoctor

🙏 ကံကောင်းကြပါစေနော်..😊🥰🙏🙏

ဒေါက်တာမျိုးနန္ဒာ
သားဖွားနှင့် မီးယပ် / အမျိုးသမီးရောဂါ အထူးကု ( UK )

မြန်မာ OG ဒေါက်တာ

09 Jan, 11:16


💙 ခွဲမွေးရင်ကောင်းမလား? ရိုးရိုးမွေးရင်ကောင်းမလား? အကြံပေးပါအုန်း ဆရာမရယ် လို့ CB မှာ မေး မေး နေကြတဲ့ မေမေ တို့ အတွက်..😊🥰
တစ်နေ့နေ့မှာ မေမေ ဖြစ်ဖို့ရည်ရွယ်ချက်ရှိသူတွေလည်း..ကြိုတင်လေ့လာထားပေါ့နော်..😊

💙 နှစ်သစ်မှာ အချစ်သစ်နဲ့.. အဲလေ..ယောင်လို့..😁
အောင်မြင် တိုးတက်မှု အသစ်တွေနဲ့ လျှောက်လှမ်းနိုင်ကြပါစေ..😊🥰🙏

မြန်မာ OG ဒေါက်တာ

09 Jan, 11:16


https://youtu.be/QyYkg_HcJEY?si=TW3dazHH5lLuBbSA

မြန်မာ OG ဒေါက်တာ

02 Jan, 12:58


Happy New Year 2025! 😊🥰
🎇🎆🎇🎆🎇🎆🎇🎆🎇🎆🎇

မြန်မာ OG ဒေါက်တာ Followers များအားလုံး အတွက် ၂၀၂၅ နှစ်သစ်ဟာ အေးချမ်းသာယာပြီး ကျန်းမာပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် 😊🥰🙏🙏🙏
ကျွန်မလည်း ခုတလော..post တင်တာကျဲနေပေမယ့် နှစ်သစ်မှာ ချစ်ရတဲ့ Followers များအတွက် ကျန်းမာရေး ပညာပေး စာတွေ ပိုရေးပြီး..ဗွီဒီယိုတွေ ပိုတင်ပေးဖို့ New Year Resolution လုပ်ရင်း..😘🥰

ဒေါက်တာမျိုးနန္ဒာ
သားဖွားနှင့်မီးယပ်/ အမျိုးသမီး ရောဂါ အထူးကု ( UK)

မြန်မာ OG ဒေါက်တာ

02 Jan, 12:58


Happy New Year 2025! 😊🥰

မြန်မာ OG ဒေါက်တာ

25 Dec, 03:38


အမှတ်တရ (၂) သို့မဟုတ် Christmas Miracle
🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄

( 🙏 ဘယ်သူတစ်ဦးတစ်ယောက် နဲ့ ဘယ်ဘာသာတရား ကိုမှ တိုက်ခိုက်လိုစိတ်မရှိပါဘူး..ကျွန်မရဲ့ အတွေ့အကြုံနဲ့ ကိုယ်ပိုင်ခံစားချက်ကို ရိုးသားပွင့်လင်းစွာရေးသားဖော်ပြထားခြင်းသာဖြစ်ကြောင်း အရင် အသိပေးရင်း အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ဖို့ ကြိုတင်တောင်းပန်လိုက်ပါတယ်..😊🙏🙏)

အဲ့ဒီနေ့က ခရစ်စမတ်နေ့ ပေါ့..
Senior Registrar ( သားဖွားမီးယပ်ဌါန ရဲ့ စီနီယာ ဆရာဝန် ) တစ်ယောက်အနေနဲ့ ကျွန်မ တာဝန်ကျတယ်..

ခရစ်စမတ်ဆိုတဲ့ အ ချိန်ဟာ..ချစ်ခင်ရတဲ့ မိသားစု မိတ်ဆွေ သူငယ်ချင်းတွေ တွေ့ဆုံကြပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ခြင်း ဂရုစိုက်ခြင်းကိုဖော်ပြတဲ့ အနေနဲ့ စားကောင်းသောက်ဖွယ်တွေအတူစားကြတယ်..လက်ဆောင်တွေ တစ်ယောက်နဲ့ တစ်ယောက် ပေးကြတယ်..တစ်ယောက်တစ်နေရာ ဝေးကွာနေတဲ့ မိသားစုဝင်တွေတောင်..အများစုက ..ခရစ်စမတ်အချိန်ကာလမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကြိုးစားဆုံတွေ့ကြလေ့ရှိတယ်…

တစ်နှစ်မှ တစ်ခါ ဆုံနိုင်မယ့် မိသားစုဝင်တွေကို နားလည်စာနာ ဖြည့်ဆည်းပေးတဲ့ အနေနဲ့ ဆေးရုံရဲ့ ဌါန တော်တော်များများမှာ..ခရစ်စမတ်နေ့မတိုင်မီကတည်းက အိမ်ပြန်နေလို့ ရမယ့် လူနာတွေမှန်သမျှ ကို ဆေးဝါးကုသမှုတွေ တတ်နိုင်သမျှပြင်ဆင်ပေးပြီး..အိမ်ပြန်နေလို့ရအောင် စီစဉ်ပေးလေ့ရှိတယ်..

ဒါကြောင့် ခရစ်စမတ်နေ့ဆို ဆေးရုံမှာလူနာပါးတယ်..
အိမ်မှာဘယ်လိုမှနေလို့မရတဲ့ စိုးရိမ်စရာအခြေအနေမျိုးလောက်သာ ဆေးရုံလာကြတော့တယ်..
အဲ့ဒီလို လူနာမျိုးတွေထဲမှာ ကျွန်မတို့ သားဖွားဆောင်က လူနာတွေပါတာပေါ့..
သိကြတဲ့ အတိုင်း..ဗိုက်နာတယ်..ကလေးမွေးတယ်ဆိုတာ..ခဏအောင့်ထားအုန်းမယ်..ဆိုပြီး အောင့်ထားလို့ ရ တဲ့ ကိစ္စမျိုးမှမဟုတ်တာ..ဒါကြောင့် တာဝန်ကျ ဆရာဝန် ဆရာမတွေအတွက်က လုပ်စရာအလုပ် နဲ့ ကုသစောင့်ရှောက်ရတဲ့ လူနာတွေကတော့ ရှိနေတာပါဘဲ..

ဒါပေမယ်.ခရစ်စမတ်နေ့ တာဝန်ကျတာ တစ်မျိုးတော့ပျော်စရာကောင်းပါတယ်..
ဘာလို့လဲဆိုတော့..
အဲ့ဒီနေ့တာဝန်ကျတဲ့ ဆရာဝန် ဆရာမတွေနဲ့ တခြားဝန်ထမ်းတွေကလည်း..ဆေးရုံကို စားကောင်းသောက်ဖွယ်တွေ အသီးသီးယူလာပြီး စုပေါင်းစားသောက်လေ့ရှိကြတယ်..
တန်ဖိုးမကြီးတဲ့ လက်ဆောင်လေးတွေယူလာပြီး အချင်းချင်းလဲလှယ်ပေးကမ်းကြတယ်..
လူနာကြည့်ဖို့ လူနာဆောင်တစ်ခုထဲ ဝင်သွားပြီဆိုတာနဲ့..အဲ့ဒီအဆောင်က..ဝန်ထမ်းတွေက အပြုံးကိုယ်စီနဲ့ “ Merry Christmas!🤶 လို့ လှမ်းနှုတ်ဆက်ပြီး..
“ လူနာကြည့်ပြီးရင် နားနေခန်းထဲမှာ မုန့်စားပြီးမှသွားနော်..” လို့ လှိုက်လှိုက်လှဲလှဲ ကျွေးလေ့ရှိကြတယ်..🤗🤗🤗

အဲ့ဒီနေ့က..မွေးဖွားဆောင်မှာ..မွေးလူနာရှိပေမယ့်..လူနာပါးတာမို့..ထမင်းစားချိန်မှာ ကျွန်မအပါအဝင် တာဝန်ကျတဲ့ ဆရာဝန်တွေနဲ့ သားဖွားဆရာမတွေ စုပေါင်းပြီး မုန့်တွေစားရင်း..Secret Santa လက်ဆောင်တွေလဲလှယ်နေကြရင်း ရီကြမောကြပေါ့..

အဲ့ဒီအချိန်မှာ ကျွန်မခါးက Bleep မြည်လာလို့ ကြည့်လိုက်တော့ အရေးပေါ်ဌါနကခေါ်တာဖြစ်နေလို့ ဖုန်းလှမ်းဆက်လိုက်တော့…
အရေးပေါ်ဌါန ဆရာဝန်လေးက…
“ အဝလွန်နေတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဉီးဟာ ခရစ်စမတ်နေ့လည်စာ စားအပြီးမှာ ဗိုက်တွေ အရမ်းနာပြီး အရေးပေါ်ဌါန ကို..ရောက်လာပါတယ်…
ပထမတော့ အစာအဆိပ်သင့်တာလား?..မတည့်တဲ့ အစာစားမိလို့လား? .. လို့ ထင်ခဲ့ပေမယ့်..ဗိုက်နာတာက ပိုပိုဆိုးလာတာကြောင့်..အစာအိမ်နဲ့အူလမ်းကြောင်း တစ်နေရာရာမှာ ပိတ်နေတာလား? ပေါက်သွားတာလား? ..ဆိုပြီး.. ဗိုက်ကို ဓါတ်မှန်ရိုက်ကြည့်လိုက်တော့..ဘာတွေ့ရတယ် ထင်သလဲ??? ..🤔🤔🤔 တဲ့..

ကျွန်မ..က..
“ အော်..အရေးထဲ…..သူဘာတွေ့သလဲ ဆိုတာ မပြောဘဲ..ငါ့..လာပြီး..
ပဟေဌိ ..အဖြေညှိနေသေးတယ်..🤨🤨..လို့တွေးရင်း..
ဘေးနားမှာရှိတဲ့ ကွန်ပျူတာကနေ လူနာရဲ့ ဆေးရုံနံပါတ်ရိုက်ထည့်ပြီးဓါတ်မှန်ကိုကြည့်လိုက်တော့…

😲😲😲..ဟဲ့..ပလုတ်တုတ်..ဓါတ်မှန်ထဲမှာ..နေ့စေ့လစေ့ကလေးကြီး.ပါလား.!!!😨😨

ကျွန်မက…
“”ဟယ်..သူ ကိုယ်ဝန်ရှိနေတာ နင်တို့ မသိကြဘူးလား.??? 😲😲 “”ဆိုတော့..
ဆရာဝန်လေးက..
“” သူကိုယ်တိုင်လည်း..သူ့ကိုယ်သူ ကိုယ်ဝန်ရှိမှန်း မသိဘူး..” တဲ့
အရေးပေါ်ဌါန ရောက်ရောက်ချင်း မှာ ဆရာမတွေက ဆီးစစ်ဖို့ ဆီး​နမူနာပေးဖို့ ပြောတော့ ဗိုက်နာလွန်းလို့ ဆီးမသွားနိုင်ပါဘူး.ဆိုလို့ ဆီးမစစ်ရသေးဘူး..တဲ့..
ပြီးတော့..ကိုယ်ဝန်ရှိနိုင်ချေရှိလား လို့ မေးတော့..ကိုယ်ဝန်ရဖို့ အခက်အခဲရှိနေတာ အိမ်ထောင်သက် ၅ နှစ်လုံးလုံးမို့..သူ့မှာ ကိုယ်ဝန်မရှိနိုင်ဘူး..လို့ ပြောတယ်…တဲ့

ကျွန်မလည်း..
“ အော်..ခက်ပါဘိ..ကိုယ်ဝန်ရဖို့ အခက်အခဲရှိတယ် ဆိုတာနဲ့..ကိုယ်ဝန်မရနိုင်တော့တာမှ မဟုတ်တာ..😫😫😓🤦🏻‍♀️🤦🏻‍♀️..” လို့ တွေးနေတုန်းရှိသေး..

ကျွန်မရဲ့ ခါးက Bleep က ဆက်တိုက်ကျယ်လောင်စွာမြည်လာပြီး..
“” Crush Call A&E!!
Crush Call A&E!!
Obstetric Emergency A&E!!
Obstetric Emergency A&E!, ဆိုပြီး အရေးပေါ်ခေါ်သံတွေ ဆက်တိုက်ထွက်ပေါ်လာတာကြောင့်..
ဖုန်းချက်ချင်းချပြီး..ကျွန်မနဲ့အတူ ကျွန်မတို့မွေးဆောင်က ဆရာဝန် ဆရာမတွေ အရေးပေါ်ဌါန ရှိရာ ပြေးကြရပါတော့တယ်..
🏃🏻‍♀️🏃🏻‍♀️🏃🏻‍♀️🏃🏻‍♀️🏃🏻‍♀️🏃🏻‍♀️🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️

မြန်မာ OG ဒေါက်တာ

25 Dec, 03:38


အမှန်တော့ ဒီလိုအရေးပေါ်အမြန်ဆုံးရောက်ဖို့ခေါ်တယ်ဆိုတာ..အမေ သို့မဟုတ် ဗိုက်ထဲ က ကလေးရဲ့ အသက်အန္တရာယ် ရှိတဲ့အခါမျိုးမှာ အသုံးပြုတာပါ..
ဒါပေမယ့် ဟိုရောက်လို့..အခန်းထဲလည်း ဝင်လိုက်ရော..သူတို့ ခေါ်တဲ့ အကြောင်းရင်းက ..ခုနကဆရာဝန်လေးပြောနေတဲ့ အမျိုးသမီးက ကလေး ကိုညှစ်ထုတ်နေတာ ကလေးခေါင်းပြူနေပြီ ဖြစ်လို့..အဲ့ဒီနေ့မှာတာဝန်ကျနေတဲ့အရေးပေါ်ဌါနက ဝန်ထမ်းတွေက ဘာလုပ်ရမှန်းမသိလို့..ကျွန်မတို့မွေးဆောင်က ဆရာဝန်တွေ အမြန်ဆုံးရောက်ချလာဖို့..ခေါ်လိုက်တာဖြစ်နေတယ်..😅😅😅🤦🏻‍♀️

အမျိုးသမီးက တော်တော်လေး ကို ဝ တယ်..ဘယ်လောက် ဝ သလဲ ဆိုတာကို မျက်စိထဲ မြင်သာအောင်ပြောပြရရင်..သူ့ပေါင်တစ်လုံးက ကျွန်မ ကိုယ်လုံးတစ်လုံးစာထက်တောင်ပိုကြီးနေသေးတယ်..😓😓😓
ဒါပေမယ့် ကံကောင်းချင်တော့ ကျွန်မ ဘာမှထူးထူးခြားခြားမလုပ်လိုက်ရဘူး.. သူညှစ်ထုတ်နေတဲ့ ကလေးလေးကို ဝိုင်းကူမွေးပေးလိုက်ရုံပါဘဲ…
ကလေးလေးက ချစ်စရာလေး.. ကျန်းကျန်းမာမာနဲ့ နေ့စေ့ လစေ့ အရွယ်အစားလေး..🥰🤗🤗
မွေးဖွားပြီးတော့ အမေလည်း ကျန်းကျန်းမာမာမို့..သူတို့ကို အရေးပေါ်ဌါန ကနေ အပေါ်ထပ်မှာရှိတဲ့ ကျွန်မတို့ရဲ့ မွေးဖွားဆောင်ကို ပြောင်းရွှေ့ခေါ်လာခဲ့ ကြတယ်…

ကလေးဆရာဝန်ကလည်း ကလေးက နေ့စေ့လစေ့ ဖြစ်မယ်လို့ မှန်းဆ တာရယ်…ကျန်းကျန်းမာမာရှိနေတာရယ်ကြောင့်..ကျွန်မ စိတ်ထဲ ဖြစ်ပေါ်နေတဲ့ မေးခွန်းတစ်ခုက ..
“” နေ့စေ့လစေ့ ကလေးက ဗိုက်ထဲမှာ လှုပ်နေတာကို သူ မသိဘူးလား??”” 🤔🤔🤔

နောက်ပြီး ကျွန်မ စိတ်ထဲ စိုးရိမ်မိတာက…
လုံးဝ မမျှော်လင့်ထားဘဲ..ကလေး တစ်ယောက်ဗြုံးကနဲ ထွက်လာတော့..ဒီအဖေနဲ့အမေက ကလေးနဲ့ Bonding/ ရင်းနှီးတွယ်တာမှုဖြစ်ပေါ်ဖို့ အဆင်ပြေပါ့မလား?
ဒီတစ်ခါက ကံကောင်းပြီး အမေရော ကလေးရော ကျန်းမာပေမယ့် နောက်တစ်ခါ ဒီလို ထပ်ဖြစ်ရင် အခုတစ်ခါလို ကံကောင်းချင်မှ ကံကောင်းမယ် ဆိုတာကို သူသိစေချင်တာရယ်..
သူ့မှာလည်း ကျွန်မကိုမေးချင်တဲ့ မေးခွန်းတွေ ရှိနေလိမ့်မယ် လို့ ယူဆတာရယ်ကြောင့်သူ့အခန်းထဲ ဝင်သွားလိုက်တယ်…

အခန်းထဲမှာ..လင်မယားနှစ်ယောက်လုံး ကလေးကို ဝိုင်းကြည့်ပြီး..အံ့ဩပျော်ရွှင်နေကြတာကိုတွေ့ရတော့ စိတ်ထဲ က စိုးရိမ်မှု အတိုင်းအတာ လျော့သွားတယ်…
သူတို့ရဲ့ ခံစားချက်ကိုမသိမသာမေးကြည့်တော့ ..လင်မယားနှစ်ယောက်လုံးက ..
“” ဒီကလေးက Christmas Miracle/ ခရစ်စမတ် မီရကယ် ဖြစ်လို့ ..သူတို့ အရမ်းဝမ်းသာကြောင်း..အရမ်းတန်ဖိုးထားကြောင်း”” ပြောနေတုန်း..
ကလေးလေးရဲ့ အဒေါ်တော်တယ် ဆိုတဲ့ အမျိုးသမီးနှစ်ဦးအခန်းထဲ ဝင်လာတာနဲ့ ..စကား စ ဖြတ်လိုက်ရတယ်..
ဝင်လာတဲ့..ကလေးရဲ့ အဒေါ်တော်သူတွေက..ကလေးလေးဆီ အပြေးအလွှားဝင်လာရင်း..
“”အိုးး..ဒါက ခရစ်စမတ်မီရကယ် အစစ်!!!
ခရစ်စမတ်မီရကယ်လေး..” လို့ ခလေးလေး ကိုလည်း ခေါ်ရင်း…
ကျွန်မကိုပါ လှည့်ပြီး အဖော်ညှိလိုက်သေး တယ်..
“ ဟုတ်တယ်နော်..ဒါက ခရစ်စမတ် မီရကယ် မဟုတ်လား?” ..တဲ့..😅😅

ကျွန်မလည်း မအီမသာမျက်နှာနဲ့ ပြုံးနေလိုက်ရတယ်….

ဘာလို့လဲ ဆိုတော့…
Christmas Miracle / ခရစ်စမတ်မီရကယ် ဆိုတာ.. မဖြစ်နိုင်တဲ့ ကိစ္စတစ်ခု မမျှော် လင့်တဲ့အချိန်မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်သွားတာမျိုးကိုခေါ်တယ်လို့ ကျွန်မ နားလည်ထားပါတယ်…
အခုကိစ္စက..သူတို့မမျှော်လင့်ထားဘဲ ဖြစ်သွားတာဆိုပေမယ့်လို့.. ဆေးပညာအရတော့ ..မဖြစ်နိုင်လောက်တဲ့ ကိစ္စမဟုတ်ပါဘူး..သိပ္ပံပညာအရတော့ ရှင်းရှင်းလေးပါဘဲ..
ဒီအမျိုးသမီးရဲ့ အဝလွန်ကဲနေခြင်းက ကိုယ်ခန္ဓာရဲ့ ဟိုမုန်းလည်ပတ်မှု မမှန်ကန်ခြင်း ကို ဖြစ်ပေါ်စေတယ်.. ဒါကြောင့် ရာသီစက်ဝန်းမမှန်သလို..သားဉအိမ်က ဉချွေတာလည်းမမှန်ဘူး.. ဒါကြောင့်မို့ ကိုယ်ဝန်ရနိုင်ချေ နည်းတာ မှန်ပေမယ့်..လုံးဝ ကိုယ်ဝန်မရနိုင်တာတော့မဟုတ်ပါဘူး….
အသက်အရွယ်က ငယ်သေးပြီး.. အိမ်ထောင်သည်လည်း ဖြစ်ခါ..သန္ဓေတားဆေးလည်း မသုံးထားတော့ ..တစ်ခါတစ်ရံချွေတဲ့ သားဉနဲ့ သူ့အမျိုးသားရဲ့ သုတ်ပိုးနဲ့ တွေ့ပြီးသန္ဓေအောင်သွားတော့လည်း..ကိုယ်ဝန်ရသွားတာပေါ့..ဒါကြောင့် ခရစ်စမတ်မီရကယ်လို့ ထပ်ခါတလဲလဲ ပြောနေကြတဲ့ အခါမှာ ကျွန်မမှာ ခေါင်းညှိတ်ဖို့လည်းခက်..ခေါင်းခါဖို့လည်း ခက်..ဖြစ်နေရပါတော့တယ်..
နေ့စေ့လစေ့ ကလေးတစ်ကောင်လုံး ဗိုက်ထဲလှုပ်နေတာကို သတိမထားမိခဲ့တဲ့ သူ့ကို နည်းနည်းအံ့ဩ မိပေမယ့်..သူ့ရဲ့ ဗိုက်သားက အဆီတွေ ထူလွန်းလို့ ဖြစ်မယ် ထင်ပါရဲ့..လို့ဘဲ..မှန်းဆတွေးတောပြီး..အဲ့ဒီအခန်းထဲက ပြန်ထွက်ခဲ့ပါတော့တယ်..

ခဏကြာတော့..ကျွန်မ ကွန်ပြူတာရှေ့ မှာ လူနာတွေရဲ့ စမ်းသပ်စစ်ဆေးမှုအဖြေတွေနဲ့ အလုပ်များနေတုန်း..ကျွန်မအရှေ့ လူရိပ်နှစ်ခု ကျလာလို့ မော့ကြည့်လိုက်တော့..ချစ်စရာအလွန်ကောင်းသော အပြုံးကိုယ်စီနဲ့ အဖွားအို နဲ့ အဖိုးအို စုံတွဲ တစ်တွဲ ကိုတွေ့လိုက်ရတယ်..
သူတို့ကိုယ်သူတို့ မိတ်ဆက်ကြတယ်..
သူတို့က အဲ့ဒီအမျိုးသမီးရဲ့ အဖိုးနဲ့ အဖွားတဲ့.. ကလေးလေး ရဲ့ အဘိုး နဲ့ အဘွားပေါ့..
ကျွန်မကို ကျေးဇူးတင်ကြောင်းလာပြောတာတဲ့.
.ကျေးဇူးတင်ကြောင်းပြောရင်း..
ဆက်ပြောလိုက်တာက..
“ ဒါက တကယ့်ကို ခရစ်စမတ် မီရကယ်ဘဲနော်..” တဲ့..😅😅

မြန်မာ OG ဒေါက်တာ

25 Dec, 03:38


ကျွန်မ စိတ်ထဲ.. “ လာပြန်ပြီဟ..ဒီ..မီရကယ်”” လို့ တွေးမိလိုက်ပေမယ့်..🥴
ချစ်စရာအလွန်ကောင်းတဲ့ အဖွားအိုနဲ့ အဖိုးအိုတို့ကို လွန်ဆန်နိုင်တဲ့ ခွန်အားမရှိတော့တာကြောင့်..
အင်းပေါ့လေ..သူတို့နေရာကနေ ကြည့်တော့လည်း ..မီရကယ် ပေါ့..🤔🤔..လို့ဖြေလျှော့တွေးရင်း..
“” ဒါပေါ့.. ခရစ်စမတ်မီရကယ်မှ…ခရစ်စမတ်မီရကယ်..အစစ်ပါဘဲ..”” လို့
ပြောလည်းပြော..ခေါင်းတွေလည်းအခါအခါ ညှိတ်ပြပြီး ထောက်ခံလိုက်ရပါတော့တယ်..😅😅😂😂

အားလုံးဘဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ခရစ်စမတ် အချိန်ကာလကိုပိုင်ဆိုင်နိုင်ကြပါစေ..
Merry Christmas Everyone! 🥰😘

( 👉 video လေးကတော့ လန်ဒန် ရဲ့ ခရစ်စမတ် ပေါ့..မြင်ဖူးချင်သူများအတွက်.🎁🎁🎁)

ဒေါက်တာမျိုးနန္ဒာ
သားဖွားနှင့်မီးယပ်/ အမျိုးသမီးရောဂါဆိုင်ရာအထူးကု (UK)

မြန်မာ OG ဒေါက်တာ

17 Dec, 22:37


စကားတွေက တော့ အဆက်မပြတ် ရွှမ်းရွှမ်းဝေအောင်..ရေပက်မဝင်အောင်..ပြောသလားလို့..မမေးနဲ့ လို့ဘဲ..ပြောရမှာပါဘဲ…
သူ့ဆွေစဉ်မျိုးဆက်အကြောင်းတွေတောင်ပါလိုက်သေး..😅😅😅

ကျွန်မတို့ရဲ့ သားဖွားမီးယပ်ပညာမှာ ရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်း အဆင့်တိုင်းမှာ..အတွင်းကျကျ ကိုယ်ရေးကိုယ်တာ..နဲ့ အတွင်းကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့ သက်ဆိုင်နေတာကြောင့်..လူနာက အသိတရား၊သတိတရားအပြည့်နဲ့ ခွင့်ပြုချက်ပေးဖို့လိုအပ်ပါတယ်..အရက်မူးနေသူတစ်ယောက်မှာ အသိရော၊ သတိရောအထိမ်းအကွတ်လွတ်နေတာကြောင့်..သူကျွန်မကို ဘယ်လောက်ဘဲဖော်ဖော်ရွေရွေနဲ့စကားတွေပြောနေပါစေ.. သူ့ရဲ့ခွင့်ပြုချက်ရတယ်..လို့ ပြောလို့မရပါဘူး…

ဒါကြောင့်..ကျွန်မက..သူ..အမူးနည်းနည်းပြေသွားမှ တစ်ခေါက်ပြန်လာကြည့်မယ်..လို့ စဉ်းစားပြီး..သူ့ကိုပြောလိုက်တယ်..
“ ကျွန်မ အခု ကြည့်ပေးဖို့ အဆင်မပြေသေးတာကြောင့် ..နောက်ထပ် ၁-၂ နာရီလောက်မှာ တစ်ခေါက်ပြန်လာကြည့်ပေးပါမယ်..ဒီမှာဘဲစောင့်နေပေးပါနော်..”လို့…
( အဲ့ဒီတုန်းက ကိုယ်က UK မှာ ဆရာဝန်လုပ်တာ အပါးမဝသေးဘူး..လို့ဘဲပြောရမှာပေါ့..
ဘာလို့လဲဆိုတော့..
“ ရှင်အရက်မူးနေလို့ ကျွန်မ ကြည့်ပေးလို့ မရဘူး..ဒါကြောင့် ရှင်အမူးပြေမှပြန်လာခဲ့မယ်..” လို့ ပြောရမှာကို အားနာနေတာ..😅😅😅)

သူကလည်း..အခုချက်ချင်းမကြည့်ပေးနိုင်သေးဘူး..ဆိုတာကို..စိတ်မဆိုးရှာပါဘူး..
အလွန်သဘောကောင်းသော အမူးသမား..
ပြုံးပြုံးရွှင်ရွှင်..နဲ့..ကျွန်မကိုပြန်ပြောတယ်…
“ ဘာမှစိတ်မပူနဲ့ …နင်လုပ်စရာရှိတာ အေးအေးဆေးဆေးသွားလုပ်…နောက်ထပ် ၂ နာရီလောက်နေမှ ငါတို့ပြန်တွေ့ကြမယ်..”..တဲ့…🥹😅
သူ့ကိုကြည့်ပြီး ကျွန်မစဉ်းစားမိတယ်..🤔🤔တချို့လူတွေက အရက်မူးလာရင် သွေးဆိုးသွားတယ်..တချို့ကျ အရမ်းသဘောကောင်းသွားတတ်တယ် လို့ ကြားဖူးတာ ..ဟုတ်နေပြီ..လို့..🤭🤭

အဲ့လိုစဉ်းစားရင်း..သူ့အနားက လှည့် အထွက်မှာ..သူက…ပြုံးပြုံးကြီးနဲ့..
“ နင်တို့ ..ဒီရာသီမှာ အလုပ်များနေမယ်ဆိုတာ သိလို့..အေးအေးဆေးဆေး ထိုင်စောင့်ဖို့..ငါကြိုတင်ပြင်ဆင်လာတယ်..ဒီမှာ ကြည့်..!!!!
ဆိုပြီး သူ့အိပ်ထဲကနေ..ဆွဲထုတ်လိုက်တာက…
“ ဝိုင် ပုလင်း..တစ်ပုလင်း…..😱😨😰

ကျွန်မ..စိတ်ထဲကနေ..
“ ဟဲ့..သောက်ကျိုးနဲ..😲😲😬😬😓😓

မူးနေလို့. ကြည့်ပေးလို့မရတာကို..နောက်ထပ်အရက်ထပ်သောက်ရင်းစောင့် မယ် ဆိုတော့…😫😩
ကျွန်မလည်း အားမနာနိုင်တော့ဘူး..ဒဲ့ဘဲ ပြောရတော့တယ်…
အမူးပြေအောင် စောင့်ရမှာမို့ ..ထပ်သောက်လို့ မရကြောင်းပေါ့..

အဲ့ဒီမှာ..ခုနက အလွန်သဘောကောင်းသောသူက..နည်းနည်းအင်တင်တင်ဖြစ်လာတယ်..ခုနကလောက် မရီပြုံးနိုင်တော့ဘူး…

ကျွန်မလည်း သူ့ကို အခန်းထဲမှာ ဝိုင်တစ်ပုလင်းနဲ့ ဘယ်လိုမှ ထားခဲ့ဖို့ မသင့်တော်တာကြောင့် အရေးပေါ်ဌါနရဲ့ စစ်စတာကြီးနဲ့ မန်နေဂျာတို့ကို သွားပြောပြ အကူအညီတောင်းရတော့တယ်…🥺🙏🥺🙏🥺🙏

စစ်စတာကြီးက ကျွန်မနဲ့ လိုက်လာပြီး…သူ့ကိုပြောတယ်..
“ဆေးရုံကို လာရင် ဆေးရုံစည်းကမ်းလိုက်နာရမှာမို့..ဆေးရုံမှာ အရက်သောက်လို့ မရကြောင်း..ဒါကြောင့် ဌါန ကနေ..သူ့ရဲ့ ဝိုင်ပုလင်းကို သိမ်းယူဖယ်ရှားရမှာဖြစ်ကြောင်း”

အဲ့ဒီလိုလည်းပြောလိုက်ရော….
ခုနက အလွန်စိတ်ရှည် သဘောထားကြီး ပျော်ပျော်နေတတ်သူကြီးကနေ..
ချက်ချင်း ဘီလူးဆိုင်းတီးပြီး..ကျွန်မတို့ကို..စားမလို..ဝါးမလို..သောင်းကျန်းပါလေရော…😰😰😰
သူ့ရဲ့ ဝိုင်ပုလင်း ကို ထိရဲတဲ့ သူ ထိကြည့်..ပေါ့..

ကျွန်မနဲ့ စစ်စတာကြီးနှစ်ယောက် သာမကဘဲ..အရပ်ကူပါလူဝိုင်းပါ..နဲ့..ဌါနက မန်နေဂျာတွေ ..လုံခြုံရေးတွေ ပါ ..ပါဝင်ပြီးသကာလ…
သူ့ ဝိုင်ပုလင်း တော့ မပေးဘူး.. အိမ် ဘဲ ပြန်တော့မယ်…ဆိုလို့…
ဆေးရုံက Taxi 🚖 ကားငှါးပေးပြီး သူ့ အိမ်ကို အရောက် ပို့ခိုင်းလိုက်ရတယ်…😫😫😫

သူလည်း ထွက်သွားအပြီးစိတ်မောလူမောနဲ့ အပေါ်ထပ် သားဖွားမီးယပ်ဆောင်ရှိရာ အပြေးလေးပြန်ရပြန်တာပေါ့..သိနေတယ်လေ…ခုလောက်ရှိအလုပ်တွေက စုပုံစောင့်နေပြီ..ဆိုတာ..😓😓

မွေးဖွားဆောင် နဲ့ မီးယပ်ဆောင်ကြား ကူးချည် သန်းချည် အလုပ်များနေတုန်း..အရေးပေါ်ဌါနက ..ဖုန်းလာလို့ ဖြေလိုက်တော့…
စစ်စတာကြီး ဖြစ်နေတယ်..
“ ခုနက ငါတို့ Taxi ကားငှါးပြီး အိမ်ပြန်ပို့ပေးလိုက်တဲ့ နင့်ရဲ့ လူနာ ပြန်ရောက်လာတယ်..
ခုနက သူ့ကို ၂ နာရီလောက်နေမှ ကြည့်ပေးမယ် ပြောထားလို့..အခု ၂ နာရီလောက်ရှိသွားဆိုပြီးပြန်လာပြတာ..လို့ ပြောတယ်..” တဲ့ 😨😨😨

ကျွန်မက..
“ သူ့ရဲ့ ဝိုင်ပုလင်းရော? “ လို့မေးတော့…
စစ်စတာက…
“ ပါမလာတော့ဘူး..အပြင်မှာကုန်အောင် သောက်ပလိုက်ပြီ နေမှာပေါ့..””တဲ့..

ကျွန်မလည်း ကိုယ့်နဖူးကိုယ် ရိုက်ပြီး..
ငို၍ ရီ၍ မရသော မျက်နှာ ပိုင်ရှင် ဖြစ်ခဲ့လေသတည်း..ပေါ့..😅😅😂😂

🧡 အဲ့ဒီတုန်းက ကျွန်မ မရီနိုင်ခဲ့ပေမယ့် ..အခုတော့ တိုက်ဆိုင်လို့ ပြန်သတိရရင်..ပြုံးမိတဲ့ အမှတ်တရ လူနာတွေထဲက တစ်ယောက်ပေါ့..😊🥰

ခဏတာ ဘဝအမောတွေ ပြေနိုင်ကြပါစေ🙏🥰

ဒေါက်တာမျိုးနန္ဒာ
သားဖွားနှင့် မီးယပ်/ အမျိုးသမီးရောဂါအထူးကု ( UK )

မြန်မာ OG ဒေါက်တာ

17 Dec, 22:37


အမှတ်တရ (၁)
🧡🧡🧡🧡🧡

တစ်နှစ်တစ်ခါ ရောက်လာတတ်တဲ့ ခရစ်စမတ် ကာလ နီးကပ်လာတဲ့ အချိန်ပေါ့…
ဒီလိုအချိန်ဆို..ဆေးရုံထဲက လူနာဆောင်တော်တော်များများမှာ Christmas tree ( ခရစ်စမတ်ထရီး) တွေ ထားကြတယ်..အဲ့ဒီခရစ်စမတ်သစ်ပင်မှာ လှပ အရောင်စုံပြီးပြိုးပြက်တောက်ပနေတဲ့ အလှဆင် မီးလေးတွေ၊ အရုပ်လေးတွေ၊ ဖဲကြိုးလေးတွေ၊ baubles လို့ခေါ်တဲ့ ရွှေရောင်ငွေရောင် အရွယ်စုံ အရောင်စုံ ဘောလုံးလှလှလေးတွေ ..အစုံပါဘဲ..လှပအောင်တန်ဆာဆင်ထားလေ့ရှိကြတယ်..

ဒါ့အပြင်..လူနာဆောင် တစ်ခုလုံးကိုလည်း..လှပအောင် ..မီးရောင်စုံလေးတွေ တပ်ဆင်ထားတဲ့အပြင်..ဆရာဝန်..ဆရာမတွေ နားနေတဲ့ အခန်းတွေရဲ့ တံခါး တွေမှာ Door Wreath လို့ခေါ်တဲ့ လှပတဲ့ ပန်းခွေကြီးတွေ ချိတ်ဆွဲထားလေ့ရှိကြတယ်..
( 👉 ကျွန်မ UK ရောက်ခါစကဆို..ကိုယ်က ပန်းခွေဆိုရင်..ဘယ်လောက်လှတဲ့ ပန်းခွေဖြစ်ဖြစ်..သေပြီးသူတွေအတွက် လွမ်းသူ့ပန်းခွေချ တာလောက်ဘဲ နားလည်တော့..အဲ့ဒီပန်းခွေတွေ တွေ့ရင် စိတ်ထဲက မအီမသာနဲ့ တစ်မျိုးကြီးဖြစ်မိတယ်…😬🥺
အိမ်တော်တော်များများမှာလည်း အိမ်အဝင်ဝ တံခါးတွေမှာ ခရစ်စမတ် အထိမ်းအမှတ်အနေနဲ့ အဲ့လိုခရစ်စမတ်ပန်းခွေတွေချိတ်ထားကြလေ့ရှိကြတယ်..
ခရစ်စမတ်ပန်းခွေနဲ့ လွမ်းသူ့ပန်းခွေမှာ တန်ဆာဆင်ထားတဲ့ ပစ္စည်းပါဝင်မှုတွေမတူတာ နောက်တော်တော်ကြာလာမှ သတိထားမိလာတာ..😅😅😅)

ဒီလို အချိန်က ဆောင်းတွင်းဆိုတော့ ရာသီဉတုက အေးပြီး နေ့တာတိုတာ ကြောင့် ..ဆေးရုံ အသွားအပြန်တွေမှာ မှောင်မှောင်နဲ့ အေးအေးကြီး🥶🥶🥶 သစ်ပင်တွေဆိုလည်း အရွက်တွေကြွေကုန်ပြီး..အရိုးပျိုင်းပျိုင်းဘဲကျန်တဲ့အချိန်ပေါ့ ( ပုံထဲက သစ်ရွက်ဝါလေးတွေ ခုတော့မရှိတော့ဘူး..😓 )
ဆေးရုံအလာလမ်းက မှောင်မှောင်အေးအေးကြီးဆိုပေမယ့်လို့ ဆေးရုံထဲရောက်သွားပြီး လူနာဆောင်တွေ ၊ ဌါန တွေထဲ ဝင်သွားလိုက်တာနဲ့ ..ခရစ်စမတ် အငွေ့အသက်လေးတွေနဲ့ နွေးထွေးပျော်ရွှင်မှုလေးကို အနေကြာလာတာနဲ့အမျှ ကိုယ်တွေလည်း ခံစားတတ် ကြည်နူးတတ်လာတယ်..😊🥰

ဒါပေမယ့် ဒီလို အချိန်မျိုးက UK ကဆေးရုံတော်တော်များများမှာ အရမ်းအလုပ်များတဲ့ အချိန်ပါဘဲ…အေးတဲ့ရာသီဉတုဒါဏ်ရဲ့နောက်ဆက်တွဲ တုပ်ကွေးရောဂါတွေေကြောင့်..ဆေးရုံတိုင်းရဲ့ အရေးပေါ်ကုသမှုဌါနတိုင်းလိုလိုရဲ့ အရှေ့မှာ..တန်းစီစောင့်နေတဲ့ အရေးပေါ် လူနာတင်ယာဉ်တန်းအရှည်ကြီးကို မကြာမကြာတွေ့ရတတ်ပါတယ်…
ဒါ့အပြင်..ခရစ်စမတ်နားနီးလာရင်..ပါတီပွဲပေါင်းများစွာဆင်နွှဲကျင်းပကြတာကြောင့်..အရက်အမူးလွန်ခြင်းရဲ့နောက်ဆက်ပြဿနာတွေဖြစ်တဲ့ ထိခိုက်ဒါဏ်ရာရမှု..ကွဲပြဲမှု..ယာဉ်တိုက်မှု..စသဖြင့်..စသဖြင့်နဲ့ အရေးပေါ်ဌါနကိုရောက်လာကြတာပေါ့..

ဆောင်းတွင်းမှာအရေးပေါ်ကုသဆောင်/ ဌါနတွေက အလုပ်များသလို..ကျွန်မတို့ သားဖွားမီးယပ်ကလည်း အလုပ်များတတ်တယ်..အထူးသဖြင့် မွေးဖွားဆောင်ပေါ့..ဘာလို့မှန်းမသိ..ဒီကအမျိုးသမီးတွေက ဆောင်းတွင်းမှာကလေးပိုမွေးကြတယ်..😅😅😅

အဲ့ဒီလို အရေးပေါ်ကုသတဲ့ဌါနတွေမှာ အလုပ်များပြီဆိုရင်..အမျိုးသမီးလူနာတော်တော်များများကို အရေးပေါ်ဌါနက ဆရာဝန်တွေက ကြည့်ဖို့ မအားတော့တာကြောင့်..ကျွန်မတို့ သားဖွားမီးရပ်က SHO ( Senior House Officer) ဆရာဝန်က အရေးပေါ်ဌါနမှာအမျိုးသမီးရောဂါလက္ခဏာနဲ့ ရောက်လာတဲ့ အမျိုးသမီးလူနာတွေကို သွားကြည့်ပေးရတယ်..ဆေးရုံတင်သင့်တဲ့သူကိုတင်..ဆေးထိုးဆေးသောက်နဲ့ အိမ်ပြန်လို့ရတဲ့သူတွေကို အိမ်ပြန်လွှတ်ပေါ့…
( 👉 SHO/ Senior House Officer..ဆိုတာ..နာမည်မှာသာ စီနီယာ ဆိုတာပါနေတာ….သားဖွားမီးယပ်ဌါနမှာကျတော့..အငယ်ဆုံး..သို့မဟုတ်..အတွေ့အကြံု အနည်းဆုံး..သို့မဟုတ် ..ရာထူးအနိမ့်ဆုံးဆရာဝန်လို့ ပြောလို့ရတယ်..
မြင်သာအောင်ပြောရရင်..ကိုယ့်အောက်မှာ..ကိုယ်စီးထားတဲ့ ဖိနပ်နဲ့ ဆေးရုံကြမ်းခင်းဘဲရှိတော့တာ.😁😁😂)

မှတ်မိသေးတယ်…ကျွန်မ SHO ဘဝ တုန်းကပေါ့…
ကျွန်မရဲ့ နိုက်ဂျုတီ Night duty တစ်ညမှာ.. အပေါ်ကမွေးဆောင်မှာ အလုပ်များနေတဲ့အချိန်..အရေးပေါ်ဌါနက အမျိုးသမီးလူနာတစ်ယောက်ကို အမြန်ဆုံးလာကြည့်ပေးပါလို့ ..ဖုန်းဆက်ခေါ်တာကြောင့်..ကျွန်မ မွေးဆောင်ကနေ..အပြေးလေးဆင်းသွားတယ်…

အရေးပေါ်ဌါနရောက်တော့..ကျွန်မကြည့်ရမယ့်အမျိုးသမီးရဲ့ အ ခန်းထဲဝင်သွားပြီး ကျွန်မကိုယ်ကျွန်မ မိတ်ဆက်အပြီးမှာ..အဲ့ဒီအမျိုးသမီးက..ငယ်ပေါင်းကြီးဖော်တစ်ယောက်ကိုပြန်တွေ့ရသလို..ဝမ်းသာအားရ..ပြုံးရွှင်ရီမောပြီး..အသံကျယ်ကြီးနဲ့
“ Very nice to meet you! တွေ့ရတာအရမ်းဝမ်းသာပါတယ်ဆိုပြီး..
ပြောလည်းပြော..ထိုင်နေရာက..ကုန်းလည်း ထ..
ပြီးတော့..ကမ်းပေးတဲ့ ကျွန်မလက်ကို ..ဒရိန်းဒရိုင်နဲ့ လှမ်းဆွဲပြီး.ကျွန်မရဲ့ပုခုံးကို နောက်လက်တစ်ဖက်နဲ့ လှမ်းဖက်လိုက်တာ..သူ့ကိုယ်သူ မထိန်းနိုင်ဘဲ..ကျွန်မကိုယ်ပေါ်ထိုးကျလာတော့..
ကျွန်မက..😯😯😯
“ ဟဲ့..ပလုတ်တုတ်..”🥺

ဘယ်လူနာမှ..စ တွေ့တွေ့ချင်း ..ဒီလောက် ဖက်လဲတကင်း နှုတ်ဆက်လေ့မရှိတာမို့..
အံ့လဲအံ့ဩ..
သူ့နဲ့ရောပြီး ကိုယ်ပါ လဲမကျသွားအောင်..သူ့ကိုယ်ကိုဝိုင်းထိန်းရင်း..သတိထားလိုက်မိတာက…
🤧🥴 ဟင်းး…အရက်စော်ကိုမွှန်နေတာဘဲ..😓😓

သူကလည်း..သူ့ကိုယ်ကို ကျွန်မနဲ့ပြန်ခွါပြီး ပြန်တည့်မတ်ဖို့ကြိုးစားပေမယ့်..သေသေချာချာ မတ်မတ်မရပ်နိုင်တာမို့..ကုလားထိုင်မှာ..ပြန်ထိုင်သွားတယ်..

မြန်မာ OG ဒေါက်တာ

05 Dec, 15:22


လ မစေ့ မီ ရေမွှာရည်ပေါက်ခြင်း
💚💚💚💚💚💚💚💚💚💚

💚 လ မစေ့မီ ရေမွှာပေါက်ပြီး ရင်သွေးလေး ဆုံးရှုံးခဲ့ဖူးတဲ့ မေမေတို့ရဲ့ တောင်းဆိုမှု​ကြောင့် ပြောပြပေးလိုက်ပါတယ်

💚 စာဖတ်ချင်သူများအတွက် စာ နဲ့ ပါရေးပေးဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်လေးတွေများနေတာကြောင့် အဆင်သင့်ဖြစ်နေတဲ့ ဗွီဒီယိုလေးကို အရင်တင်ပေးလိုက်ပါတယ်

💚 မြန်မာOG ဒေါက်တာ ယူကျု YouTube channel မှာ ဗွီဒီယို တွေ အားလုံး တစုတစည်းထဲရှိတာမို့ ကိုယ်သိချင်တဲ့ အကြောင်းအရာကို ရှာကြည့် ဖို့ ပိုမိုလွယ်ကူပါလိမ့်မယ်. လင့်ခ် ကို နှိပ်ကြည့်လို့ရပါတယ်...Subscribe လုပ်ထားကြပေါ့နော်..😊🥰
https://youtu.be/ly7a4_uBURM?si=9u7E__mmsFFteQq6

💚 မြန်မာ OG ဒေါက်တာ followers များအားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး အေးချမ်း လုံခြုံကြပါစေရှင်🙏😊🥰

မြန်မာ OG ဒေါက်တာ

27 Nov, 13:16


ကိုယ်ဝန်ဆောင်မေမေများ အားလုံးသိထားသင့်တဲ့ အချက်အလက်တွေကိုပြောပြပေးထားပါတယ်..ရိုးရိုးမွေးမယ့်သူများသာမက..လစေ့ရင် ခွဲမွေးဖို့ ရည်ရွယ်ထားသူတွေမှာလည်း ခွဲရက် မရောက်မီ မွေးဖွားခြင်း စ တင်နိုင်တာမို့သိထားသင့်ပါတယ်..
ကျန်းမာပြီး ချစ်စရာကောင်းတဲ့ သားသား မီးမီး တူ တူမ မြေးမြစ်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ..😊🙏

မြန်မာ OG ဒေါက်တာ

27 Nov, 13:09


https://youtu.be/xL-8E8100Tc?si=nbxbV_FoXimVyzat

မြန်မာ OG ဒေါက်တာ

21 Nov, 19:29


ရိုးရိုးမွေးဖွားခြင်းဖြစ်စဉ်
❤️❤️❤️❤️❤️❤️❤️❤️

❤️ မြန်မာ OG ဒေါက်တာ Followers များအားလုံ မင်္ဂလာရှိတဲ့နေ့ကလေးတစ်နေ့က်ု ပိုင်ဆိုင် နေကြတာဖြစ်ပါစေရှင်😊🙏

❤️ အမျိုးသား အမျိုးသမီး မရွေး..အရွယ်ရောက်သူတိုင်းသိထားသင့်တဲ့ ရိုးရိုးမွေးဖွားဖြစ်စဉ် အကြောင်းပြောပြပေးထားပါတယ်..
တစ်နည်းအားဖြင့် ..ကလေးလေး ဘယ်လို ကြိုးစားပမ်းစား ထွက်လာသလဲ? ဆိုနဲ့ အကြောင်းပေါ့.

နားထောင်ကြည့်လိုက်ပေါ့နော်..😊🥰

အားလုံးဘဲ ဘေးကင်းလုံခြုံ ကျန်းမာကြပါစေရှင်..😊🙏🙏🙏

မြန်မာ OG ဒေါက်တာ

21 Nov, 19:28


https://youtu.be/EkeyD-hc1no?si=lmnNWveNIbIno7gk

မြန်မာ OG ဒေါက်တာ

12 Nov, 16:23


💜 အမျိုးသမီးအောက်ပိုင်းကြွက်သားလေ့ကျင့်ခန်း လုပ်နည် အပိုင်း (၂) ပါ
😊🙏 ကိစ္စလေးတွေများနေလို့အပိုင်း (၁) နဲ့ ဆက်ရက် မတင်ပေးလိုက်နိုင်တာအတွက် တောင်းပန်ပါတယ်..😊🥰

💜 အပိုင်း (၂) ဆိုပေမယ့်လို့ တတိယမြောက် ဗွီဒီယိုပါ..
ပထမ ဗွီဒီယို မှာ..လေ့ကျင့်ခန်း ခန်းနဲ့ ပတ်သက်တဲ့ အခြေခံ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ပြောပြပေးထားပါတယ်..
ဒုတိယနဲ့ တတိယ ဗွီဒီယိုတွေကတော့ လေ့ကျင့်ခန်း လုပ်ပုံလုပ်နည်းနဲ့ ဆောင်ရန် ရှောင်ရန်တွေ ပြောပြပေးထားပါတယ်..
💜မြန်မာOG ဒေါက်တာ FB page, Telegram channel နဲ့ YouTube channel တွေမှာ ကြည့်လို့ ရပါတယ်..

💜 FB Live လွှင့်ပြီးပြောပြသင်ပြပေးထားတာကို phone screen ကနေ ပြန် record လုပ်ထားတာမို့ အသံ အရည်အသွေး သိပ်မကောင်း တာကို သည်းခံပေးကြပါနော်..😊🙏

အားလုံးဘဲ ကျန်းမာ အေးချမ်း ကြပါစေရှင်..😊🥰🙏🙏🙏

မြန်မာ OG ဒေါက်တာ

12 Nov, 16:14


https://youtu.be/JlQEY1i3Row?si=vM3Nbo_9EE0PdOLk

မြန်မာ OG ဒေါက်တာ

06 Nov, 16:03


💜 အမျိုးသမီး အောက်ပိုင်းကြွက်သားလေ့ကျင့်ခန်း ( Pelvic floor muscle exercise or Kegel exercise)
ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးထားပါတယ်..
အခု ဗွီဒီယို က အပိုင်း (၂) ပါ..😊

💜 ဒီလေ့ကျင့်ခန်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အခြေခံအကြောင်းအရာတွေကို အပိုင်း (၁) မှာပြောပြပေးထားပါတယ်..
Link ကို နှိပ်ကြည့်လို့ရပါတယ်...

https://www.facebook.com/share/v/1JMCcmrN4u/

💜 FB က ဗွီဒီယိုရှည်ရှည် တင်လို့ မရလို့...အပိုင်း (၂) နဲ့ အပိုင်း (၃) ဆိုပြီး ခွဲပြီးတင်ပေးပါမယ်..

💜 အပိုင်း (၃) မှာတော့ ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းဟာ မှန်ကန်ထိရောက်မှု ရှိ/ မရှိ ဘယ်လို စစ်ဆေး ရမလဲ? ဆိုတာနဲ့ ဆောင်ရန် ရှောင်ရန်တွေပြောပြပေးထားပါတယ်..
😊🥰 အားလုံးဘဲ လုံခြုံ ကျန်းမာပြီး ဘေးအပေါင်းမှ ကင်းဝေးကြပါစေ..🙏🙏🙏

မြန်မာ OG ဒေါက်တာ

06 Nov, 16:03


https://youtu.be/0WmC55xqFFA?si=9qwsApxju3H6rOII

မြန်မာ OG ဒေါက်တာ

19 Oct, 00:51


👉 အကြမ်းဖျင်းနားလည်လွယ်အောင်ပြောရရင်..
လေစုပ်မွေးဖွားခြင်းဟာ မိခင်ရောကလေးကိုပါ စိတ်ချလုံခြံုမှုများနဲ့ အောင်မြင်စွာမွေးဖွားပြီးမြောက်နိုင်ဖို့ အကူအညီပေးတဲ့ မွေးဖွားနည်း တစ်မျိုးပါဘဲ.. ရိုးရိုးမွေးဖွားခြင်းထက် ဘေးထွက်ဆိုးကျိုး အနည်းငယ်ပိုများတတ်ပေမယ့်..ညှပ်ဆွဲမွေးဖွားခြင်းနဲ့ ယှဉ်ရင် ဘေးထွက်ဆိုးကျိုး အနည်းငယ် ပိုနည်းတယ်လို့ ပြောလို့ရပါတယ်…

👉 မေမေတို့တွေထဲမှာ..ရိုးရိုးမွေးဖွားချင်တယ်..ဒါပမယ့် လေစုပ်မွေးဖွားခြင်း ၊ ညှပ်ဆွဲမွေးဖွားခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ဖို့ ကြိုးစားချင်တယ်..ဆိုတဲ့ သူတွေ ရှိပါလိမ့်မယ်..အဲ့ဒီလို မေမေများအတွက်က…👇
ဆေးပညာဆိုင်ရာ သက်သေအထောက်အထားတွေအရ. အောက်ပါ အခြေအနေတွေဟာ လေစုပ်ခြင်း..ညှပ်ဆွဲခြင်း တို့ မလိုအပ်ဘဲ ရိုးရိုးမွေးဖွားနိုင်ခြေကို ပိုမိုတိုးတက်မြင့်တင်ပေးနိင်တယ်လို့ တွေ့ရှိရပါတယ်..
⁃ မွေးဖွားနေစဉ်တောက်လျောက်မှာ ကိုယ်နဲ့အတူတူ ကိုယ်က ချစ်ခင်ရသူ တစ်ယောက်ယောက်က အတူရှိနေပေးပြီး အားပေးခြင်း၊စိတ်အား ကိုယ်အား ပြည့်စေဖို့ ပံ့ပိုးပေးခြင်း၊ ( ကျန်းမာရေးဝန်ထမ်း နှင့်အတူ)
⁃ ကိုယ်ဝန်တစ်လျောက် ကလေးရော အမေပါ ကျန်းမာတဲ့ ကိုယ်ဝန်ဖြစ်ခြင်း
⁃ သားအိမ်ညှစ်အားကြောင့် ဖြစ်ပေါ်စေတဲ့ ဗိုက်နာခြင်းကို သက်သာစေဖို့ ( Painless labour ဖြစ်စေဖို့ ) ခါးထုံဆေး ( Epidural ) မသုံးဘဲ ..တခြား ဗိုက်နာသက်သာစေနိုင်တဲ့ သောက်ဆေး၊ ထိုးဆေး နဲ့ ဂတ်စ်ရှူ ခြင်း ( Entonox - mixture of Nitrous oxide and oxygen) များကိုသာ လိုအပ်သလို အသုံးပြုမွေးဖွားခြင်း၊
⁃ သားအိမ် ခေါင်း ၁၀ စင်တီမီတာပွင့်ပွင့်ချင်းမှာ ကလေးညှစ်ထုတ်ခြင်းကို စ တင်ခြင်းမပြုသေးဘဲ..ကလေးခေါင်း ဟာမွေးလမ်းကြောင်း တင်ပဆုံကွင်းထဲ ကောင်းကောင်း ဝင်လာပြီဆိုတဲ့ အချိန်မှ ကလေးကိုမိခင်အားနဲ့ညှစ်မွေးခြင်းကို စတင်ခြင်း၊ ( နားလည် တတ်ကျွမ်းတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အကြံဉာဏ်ကို ယူသင့်ပါတယ်)
⁃ သားအိမ်ခေါင်း ၁၀ စင်တီမီတာ ပွင့်ပြီးသွားချိန်မှ စတင်ပြီးထိုင်လျက် အနေအထား သို့မဟုတ် ဘေးဘက်စောင်းအိပ်တဲ့ အနေအထားနဲ့ နေထိုင်ခြင်း ဟာ ကလေးခေါင်းဆင်းဖို့ အတွက်အကူအညီပိုဖြစ်စေပါတယ်

🧡 သတင်းကောင်းကတော့..
ပထမ အကြိမ်မှာ လေစုပ်မွေးဖွားခြင်းနဲ့ မွေးခဲ့ဖူးသူ မိခင် ၁၀ ယောက်မှာဆို..၉ ယောက်ဟာ..နောက်ထပ်ကိုယ်ဝန်တွေမှာ လေစုပ်ခွက် သို့မဟုတ် ညှပ်ဆွဲခြင်းဆိုတဲ့ အကူအညီတွေမလိုအပ်တော့ဘဲ ရိုးရိုးမွေးဖွားခြင်းနဲ့…အောင်မြင်စွာမွေးဖွားနိုင်ကြတာကို တွေ့ရှိရပါတယ်..

ကဲ..မေမေတို့အားလုံး ..ချစ်စရာကောင်းတဲ့ သားသား မီးမီးလေးတွေကို အဆင်ပြေပြေချောချော မွေ့မွေ့ နဲ့ အောင်မြင်စွာမွေးဖွားပိုင်ဆိုင်နိုင်ကြပါစေ…😊🥰🙏

Helping Hands, Caring Heart
ဒေါက်တာမျိုးနန္ဒာ
သားဖွားနှင့် မီးယပ် / အမျိုးသမီးရောဂါ အထူးကု ( UK)

မြန်မာ OG ဒေါက်တာ

19 Oct, 00:51


💛 🙏 မင်္ဂလာရှိတဲ့ သီတင်းကျွတ် အချိန်အခါဖြစ်ပါစေနော်..
သီတင်းကျွတ်နဲ့ ဘယ်လိုမှ မဆိုင်ပေမယ့်..လေစုပ်မွေးဖွားတဲ့အကြောင်း မေးနေသူများအတွက်..😊🥰

လေစုပ်မွေးဖွားခြင်း
🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡

🧡 လေစုပ်မွေးဖွားခြင်း ( Ventouse Birth or Ventouse Delivery ) ဆိုတာ ပလက်စတစ်ခွက် သို့မဟုတ် သတ္တုခွက် သို့မဟုတ် ဆီလီကွန်ခွက်ကလေး ကို မိခင်ရဲ့ မိန်းမကိုယ်အတွင်းကတဆင့်..ကလေးလေး ခေါင်းရဲ့ စိတ်ချလုံခြုံမှုရှိတဲ့နေရာမှာ တပ်ပြီး ..ကလေးလေးရဲ့ ဉီးခေါင်းခွံနဲ့ လေစုပ်ခွက်လေးကြားမှာ စုပ်အားတင်ပြီး အမေရဲ့ ညှစ်အားနဲ့အတူ ဆရာဝန်က ဝိုင်းကူဆွဲပြီး မွေးဖွားပေးတာကို ဆိုလိုပါတယ်..
ကလေးလေးမွေးဖွားနေတဲ့ ဖြစ်စဉ် ရဲ့ တစ်နေရာ /တစ်ချိန်မှာ..လေစုပ်ခွက်နဲ့ မွေးဖွားခြင်းဟာ ပိုမိုစိတ်ချလုံခြုံမှုဖြစ်စေမယ်လို့ ယုံကြည်ယူဆရတဲ့ခြေအနေမျိုးမှာ ဆရာဝန်က လေစုပ်မွေးဖွားဖို့ အကြံပြုလေ့ရှိပါတယ်…

🧡 အဲ့ဒီ အခြေအနေမျိုးတွေကတော့..
⁃ မိခင်ညှစ်အား ကုန်ခမ်းပင်ပန်းလာတဲ့ အခါ၊
⁃ မွေးဖွားနေစဉ် ကလေးလေးက ပင်ပန်းလာပြီး နှလုံးခုန်နှုန်းပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ၊
⁃ မိခင်ရဲ့ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့် ..( ဉပမာ..ဆိုးရွားသော သွေးတိုးရောဂါ) မိခင်ကို အရမ်းပင်ပင်ပန်းန်း အကြာကြီးမညှစ်သင့်ဘူးလို့ ဆရာဝန်က အကြံပြုထားတဲ့အခါ၊
⁃ ကလေးလေးရဲ့ ခေါင်းအနေအထားက မွေးလမ်းကြောင်းနဲ့ မတည့်တာကြောင့် လေစုပ်ခွက်နဲ့ လှည့်ပြီး မိခင်၏ညှစ်အားနဲ့အတူ ဝိုင်းဆွဲမွေးပေးဖို့ လိုအပ်တဲ့အခါ၊

🧡 ရိုးရိုးမွေးဖွားသူ အမျိုးသမီး အယောက် ၁၀၀ မှာ ၁၀- ၁၅ ယောက်လောက်ဟာ လေစုပ်မွေးဖွားခြင်း သို့မဟုတ် ညှပ်ဆွဲမွေးဖွားခြင်း တစ်မျိုးမျိုးနဲ့ မွေးဖွားရလေ့ရှိပါတယ်၊
သားဦးကလေးမွေးဖွားသူ အမျိးသမီး တွေမှာဆို..၃ ယောက်မှာ တစ်ယောက်လောက်က အဲ့ဒီလို ဆရာဝန်က ဝိုင်းကူမွေးပေးဖို့ လိုအပ်တတ်ပါတယ်…

🧡အဲ့ဒီလို လေစုပ်မွေးဖို့အတွက်..

⁃ ခါးအောက်ပိုင်းထုံဆေး ( Epidural , Spinal ) သို့မဟုတ် မိန်းမကိုယ်ကြွက်သား အတွင်း၊ အပြင် ထုံဆေး ( Local Anaesthesia)ဆိုတဲ့ ဆေးတွေကို နာကျင်မှုသက်သာစေဖို့ အတွက် အသုံးပြုဖို့ လိုအပ်ပါတယ်
⁃ မွေးလမ်းကြောင်းရှင်းစေဖို့ နဲ့ ဆီးအိမ်နဲ့ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုးတွေနည်းစေဖို့ ဆီးပိုက်ထည့်ပြီး ဆီးအိမ်ထဲမှ ဆီးတွေကို ချူထုတ်လိုက်ရပါတယ်
⁃ ကလေးခေါင်းထွက်ရန် လွယ်ကူစေဖို့ မိန်းမကိုယ်အ ဝ ကိုညှပ်ပြီးမွေးလမ်းကြောင်းချဲ့ဖို့လည်းလိုအပ်တတ်ပါတယ်.. ဒီလို ချဲ့ပေးတာဟာ ကလေးခေါင်းထွက် ပိုမိုလွယ်ကူစေတဲ့အပြင် မိန်းမကိုယ်အဝ အလွန်အမင်းစုတ်ပြဲထွက်ခြင်း မရှိအောင်လည်း ကာကွယ်ပေးပါတယ်..( မွေးပြီးသွားရင်ပြန်ချုပ်ပေးပါတယ်)

🧡 လေစုပ်မွေးတိုင်း အောင်မြင်စွာမွေးဖွားနိုင်သလား? လို့ မေးရင်တော့..အဖြေက..
အများစုမှာတော့..အောင်မြင်စွာ မွေးဖွားနိုင်ပါလိမ့်မယ်..
အောင်မြင်နိုင်ချေ ကျဆင်းစေတတ်တဲ့ အခြေအနေတချို့ကတော့..
⁃ မိခင်ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း ( BMI 30 နှင့် အထက်)၊
⁃ မိခင်အရပ် ၁၆၁ စင်တီမီတာ ( ၅ ပေ ၃ လက်မ) အောက်ရှိခြင်း၊
⁃ ကလေး ထွားခြင်း/ ကြီးခြင်း ( အထူးသဖြင့် ၄ ကီလို ဂရမ် / ၈ ပေါင် အထက်)
⁃ ကလေးခေါင်း က မွေးလမ်းကြောင်း တင်ပဆုံကွင်းထဲ မဝင်ခြင်း..
ဆိုတဲ့အခြေအနေတွေဖြစ်ပါတယ်၊
ဒါပေမယ့် ဒီခြေအနေတွေရှိတိုင်း မအောင်မြင်တာတော့ မဟုတ်ပါဘူး..တစ်ဦးတစ်ယောက်ချင်းရဲ့ မွေးဖွားချိန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး ရလဒ်ကွာခြားသွားတတ်ပါတယ်…

🧡 လေစုပ်မွေးဖွားခြင်း မှာ..ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလား?..ဆိုရင်…
လေစုပ်မွေးဖွားခြင်း ဟာ စိတ်ချလုံခြုံမှုရှိတဲ့ မွေးဖွားနည်း တစ်မျိုးဖြစ်ပါတယ်..ဒါပေမယ့်..ရိုးရိုးမွေးတာထက်တော့ ဘေးထွက်ဆိုးကျိုး နည်းနည်း ပိုများနိုင်ပါတယ်..
ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့..

မိခင်မှာ…
⁃ မိန်းမကိုယ်ကြွက်သား ပြဲခြင်းမှာ စအိုအဝ ပတ်လည်ကကြွက်သား ထိပါဝင်ပြဲခြင်း ( အသေအချာပြန်ချုပ်ရင် ရလဒ်ကောင်းရပါတယ် )
⁃ ကလေးမွေးပြီးသွေးထွက်များခြင်း
⁃ ဆီးမလုံခြင်း ( မိန်းမကိုယ်နားရှိအောက်ပိုင်းကြွက်သားလေ့ကျင့်ခန်း လုပ်ရပါတယ်)
⁃ ဝမ်းမလုံခြင်း(မိန်းမကိုယ်နားရှိအောက်ပိုင်းကြွက်သားလေ့ကျင့်ခန်း လုပ်ရပါတယ်)
⁃ ခြေထောက်နဲ့ တင်ပဆုံရိုးကွင်းထဲမှာရှိတဲ့ သွေးပြန်ကြောတွေထဲ သွေးခဲဖြစ်ပေါ်ခြင်း က လည်း ရိုးရိုးမွေးတဲ့မေမေတွေထက် နည်းနည်းပိုများ နိုင်ပါတယ်
ကလေးလေး မှာ..
⁃ ဦးခေါင်းမှာ လေစုပ်ခွက်ရာထင်နေတတ်ပါတယ်..ဒါပေမယ့် ၁-၂ ရက်လောက်ဆိုပျောက်ကင်းသွားလေ့ရှိပါတယ်၊
⁃ ဦးခေါင်းရဲ့အရေပြားအောက်မှာသွေးခြေဉ တာမျိုးဖြစ်တတ်ပါတယ်..အများစုမှာ အန္တရာယ် မရှိပါဘူး၊ သူ့အလိုလို သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်၊
⁃ မွေးကင်းစ အသားဝါရောဂါဖြစ်နိုင်ချေ အနည်းငယ် ပိုများစေနိုင်ပါတယ်..ရက်အနည်းငယ်အတွင်းမှာပြန်ကောင်းသွားလေ့ရှိပါတယ်၊

မြန်မာ OG ဒေါက်တာ

13 Oct, 15:39


🎁🎉 ကံစမ်းမဲပေါက်သူ ၄ ဦးထဲ မှ နောက်ဆုံး တစ်ဦးဖြစ်တဲ့ Daw Hnin Nu Htwe ကို သူ့ရဲ့..တောင်းဆိုချက်အတိုင်း အသံဖိုင် + messages များနဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးပြီးမြောက်သွားပြီမို့..မွေးနေ့အထိမ်းအမှတ်ပညာဒါနလေးတော့ ထမြောက်အောင်မြင်သွားပါပြီ..🤗🤗🎊🎉🎈

💖 .ဒီလို ပညာဒါနအစီအစဉ်လေးတွေ တတ်နိုင်သမျှ လုပ်ဆောင်ပေးဖို့ အစွမ်းကုန် ထပ်မံကြိုးစားသွားမှာမို့..ကျန်တဲ့သူတွေလည်း နောက်တစ်ခေါက်မှာကံကောင်းကြပါစေလို့..ဆုတောင်းပေးလိုက်ပါတယ်..😊🥰🙏🙏🙏

မြန်မာ OG ဒေါက်တာ

13 Oct, 15:38


🎊🎁💖 အခမဲ့ တိုင်ပင်ဆွေးနွေးခွင့် ကံစမ်းမဲပေါက်သူ နောက်ထပ် ၂ ဦးနဲ့ အဆင်ပြေအောင်မြင်စွာဘဲ ဆွေးနွေးပြီးသွားပြန်ပြီမို့ ကျေနပ်ပီတိဖြစ်ရပါတယ်..🤗🤗😊

💜မ Caro Laine နဲ့ ဗွီဒီယို ကနေတဆင့်တွေ့ဆုံဆွေးနွေးရင်္ပြး မ Ei Khaing ကိုတော့ လိုင်းအဆင်မပြေမှုကြောင့်အသံဖိုင်တွေပေးပို့ပြီး ဆွေးနွေးဖြေကြားပေးဖြစ်ပါတယ်..

💜 ရင်တွင်းခံစားချက်တွေရေးပေးတာအတွက်နဲ့ ဆုတွေတောင်းပေးတာအတွက် မ Caro Laine နဲ့ မ Ei Khaing ကို ကျွန်မကလည်း ကျေးဇူးအများကြီးတင်ပါတယ်နော်..😊🥰🙏

မြန်မာ OG ဒေါက်တာ

13 Oct, 15:36


🎁🎊 အခမဲ့တိုင်ပင်ဆွေးနွေးခွင့်ကံစမ်းမဲပေါက်သူ ၄ ယောက်ထဲက ပထမဆုံး မအိသွယ် နဲ့ ဗွီဒီယို တိုင်ပင်ဆွေးနွေးမှုကို မျက်နှာချင်းဆိုင် အဆင်ပြေပြေချောချောမွေ့မွေ့ အောင်မြင်စွာ တိုင်ပင်​ဆွေးနွေးပြီးသွားလို့ ဝမ်းသာပီတိဖြစ်ရပါတယ်..🤗🤗🥰
💛မအိသွယ်ရဲ့ Feedback ရင်တွင်းခံစားချက်လေးပြန်လည် ရေးပေးတာကိုလည်း အထူးဘဲကျေးဇူးတင်ပါတယ်..😊🥰

မြန်မာ OG ဒေါက်တာ

30 Sep, 19:05


🙏 အားလုံးဘဲ မင်္ဂလာပါရှင်..

💛💖 အခုအပတ်ထဲမှာ ကျွန်မ မွေးနေ့ရှိတာမို့ မွေးနေ့ အလှူဒါန အနေနဲ့ ကံထူးရှင် ၂ ဦးကို ဗွီဒီယိုမှတဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးပေးပါမယ်..😊🥰🤗

💛💖 ကျွန်မရဲ့ ထုံးစံအတိုင်း.. မြန်မာ OG ဒေါက်တာ Top Fan ( စိန်တုံးပိုင်ရှင်) များရဲ့ တစိုက်မတ်မတ် မန့်ပေးတာ..ရှယ်ပေးတာတွေကို ကျေးဇူး တုန့်ပြန်တဲ့ အနေနဲ့ သူတို့ထဲက တစ်ယောက် က ကံထူးရှင် အနေနဲ့ အသေအချာပါပါမယ်..
ကျန်တဲ့ ကံထူးရှင်တစ်ယောက်ကတော့ Top fan ဟုတ်သူ ဖြစ်နိုင်သလို..Top fan မဟုတ်သူလည်း ဖြစ်နိုင်ပါတယ်..

👉 လိုက်နာရမယ့် စည်းကမ်းက ၂ ချက်ပါဘဲ..

(၁) ဒီ post/ ပို့စ် ကို ရှယ် ပေးရပါမယ်
(၂) ကိုယ် မေးချင်တဲ့ အကြောင်းအရာကို တိုတိုတုတ်တုတ် တစ်ကြောင်းလောက်ဘဲ မန့်ပေးထားပါ.
ဥပမာ..အရည်အိတ်အကြောင်းမေးချင်ပါတယ်..သို့မဟုတ်..ကျွန်မမှာ အသားလုံးရှိလို့ပါ..စသဖြင့်ပေါ့...( ကံစမ်းမဲ ပေါက်ရင် ကိုယ်မေးချင်သလောက် မေးခွင့်ရပါမယ်..😊🥰)

( အော်..မေ့လို့.. လိုက်နာရမယ့် နောက် တစ်ချက်ကဆရာမ အသက် ဘယ်လောက်ပြည့်တာလဲ? ..လို့ မမေးရပါ..😁😁😂😂)

👉 ကံစမ်းမဲပေါက်သူ ၂ ဦးကို အောက်တိုဘာ ၅ ရက်နေ့မှာ ကြေငြာပေးပါမယ်
ပြီးရင် CB ကနေ ဆက်သွယ်ပါမယ်..
👉 လိုင်းမမိလို့ ဗွီဒီယို နဲ့ ဆွေးနွေးလို့ မရသူများကို အသံဖိုင်ကနေတစ်ဆင့် ဖြေကြားဆွေးနွေးပေးပါမယ်

💛💖 အားလုံးဘဲ ဘေးကင်း ကျန်းမာ ပြီး လုံခြုံမှုရှိ ကြပါစေရှင်..😊🥰🙏🙏🙏

https://t.me/myanmarogdoctor ( တယ်လီဂရမ်ချန်နယ်)
@OG-jy2jw မြန်မာOG ဒေါက်တာ YouTube ချန်နယ်

ဒေါက်တာမျိုးနန္ဒာ
သားဖွားနှင့် မီးယပ်/ အမျိုးသမီး ရောဂါအထူးကု ( UK)

မြန်မာ OG ဒေါက်တာ

21 Sep, 22:48


အဲ့ဒိနေရာတွေ ကို လျှံပြီး ဖြတ်သန်းလာတဲ့ ရေတွေဟာ ..လူတွေရဲ့ အိမ်တွေထဲ ဝင် တယ်..လူတွေပုံမှန်မှာ သောက် ခြင်း သုံးခြင်း ဆေးကြောခြင်း ပြုတဲ့ ရေတွင်း၊ ရေကန်၊ ရေပိုက် တွေထဲ ဝင်လာတာဖြစ်လို့..ရေလျှံတဲ့ရေထဲ ပါလာတဲ့ ရောဂါ ပိုးမွှားတွေကြောင့်..တိုက်ဖွိုက်ရောဂါ၊ ကာလဝမ်းရောဂါ၊ အသဲရောင်အသားဝါ အေ ( Hepatitis A ) ရောဂါတွေ ဖြစ်ပွါးစေပါတယ်…

ရေကြီးရေလျှံခြင်း ပြီးဆုံးလို့ ရေတွေပြန်ကျ သွားအပြီး မှာ ကျန်ခဲ့တဲ့ နွံ တွေ ..အိုင်တွေ..နဲ့ စိုစွတ် ရေဝပ်နေတဲ့ နေရာပေါင်းများစွာဟာ..ခြင်တွေပျော်ပျော်ကြီးပေါက်ဖွားဖို့ အတွက် အကောင်းဆုံးနေရာတွေဖြစ်လာတာကြောင့်..ခြင် က နေ ကူးစက်ပြီး ဖြစ်ပွါး စေတဲ့ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား ဆိုတဲ့ ရောဂါတွေ ဖြစ်လာပြန်ပါတယ်..

ရေထဲ စိမ်ထားသလို ဖြစ်ခဲ့တဲ့ အိမ်ရဲ့ အစိတ်အပိုင်းတွေနဲ့ ပရိဘောဂ တွေ ဟာ စိုထိုင်းနေတတ်တာကြောင့် မှိုပိုးပေါက်လွယ်ပါတယ်..အဲ့ဒီမှိုပိုးဟာ..ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အဆုပ်ပိုးဝင်ခြင်း နဲ့ အရေပြားရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်..

👉 ဒါကြောင့်မို့ ဒီရောဂါတွေကို ကာကွယ်နိုင်ဖို့ အတွက်..ကိုယ့်အိမ် ပြန်လာခွင့်ရသူများ ..အိမ်ကို သန့်ရှင်းရေး လုပ်ကြတဲ့ အခါ မှာ အကာအကွယ်ယူတဲ့ အနေနဲ့ ဖြစ်နိုင်ရင် မျက်နှာဖုံး( mask)၊ရေစိုခံ လက်အိပ်( ရာဘာ သို့မဟုတ် ပလက်စတစ်)၊ ရေစိုခံ အေပရွန် ( Apron/ ဟင်းချက်ရင်ဝတ်တဲ့ရင်ခံ), ရာဘာဖိနပ်ရှည်တို့ကို အသုံးပြုသင့်ပါတယ်..ပြီးရင် အသုံးပြုထားတဲ့ အဲ့ဒီပစ္စည်းတွေကိုလည်း နေရာတကျ စွန့်ပစ်ခြင်း..ဒါမှမဟုတ်..မပစ်ချင်ရင် ဆပ်ပြာနဲ့ သန့်စင်တဲ့ ရေနဲ့ ဆေးပြီး အခြောက်လှမ်းပါ..( 🚩ရေလျှံတုန်းက ကျန်ခဲ့တဲ့ ရေတွေနဲ့ မဆေးရပါဘူး..)

👉 ရေညစ်ညမ်းမှုကြောင့်အစားအစာအသုံးအဆောင်တွေ မသန့်ရှင်းမှုဖြစ်ပေါ်စေပြီး ဖြစ်ပွါးလာတဲ့ အပေါ်မှာပြောပြထားတဲ့ ရောဂါတွေကို ကာကွယ် နိုင်ဖို့ အတွက်..အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရပါမယ်..

🚩 လိုက်နာရန်
⁃ အစားအသောက်ချက်ပြုတ်ပြင်ဆင်တဲ့နေရာ..နဲ့ အိုးခွက်ပန်းကန်တွေကို သန့်စင်တဲ့ ရေ နဲ့ ဆပိပြာသုံးစွဲဆေးကြောပါ
⁃ အစားအစာ မပြင်ဆင်မီ ..မစားမီ…လက်ကို ဆပိပြာနဲ့ ဆေးကြောသန့်စင်ရပါမယ်၊
⁃ အိမ်သာသွားပြီးတိုင်းလက်နှစ်ဖက်လုံးကို ဆပ်ပြာနဲ့ ဆေးကြောသန့်စင်ရပါမယ်၊
⁃ အိမ်မှာမွေးထားတဲ့ ခွေးလေး၊ ကြောင်လေးတွေနဲ့ တခြားအကောင်လေးတွေရှိခဲ့ရင်လည်း သူတို့ကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ ဆေးရပါမယ်
⁃ အစားအစာ နှင့် အသီးအရွက်များကို မချက်မီ သန့်ရှင်းတဲ့ ရေနဲ့ သေချာစွာဆေးကြောပြီးမှ ချက်ပြုတ် စားသုံးသင့်ပါတယ်၊
⁃ အစားအစာ များကို အသေအချာကျက်အောင်ချက်ပြုတ်ပြီး မှပူပူနွေးနွေးစားသောက်သင့်ပါတယ်၊
⁃ ရေကြီးတဲ့ရေနဲ့ ထိတွေ့ထားတဲ့ အစားအစာ နှင့် အသီးအနှံများကိုမစားသုံးသင့်ပါ၊
⁃ အစားအစာများကို ယင်မနားအောင် အမြဲ ဖုံးအုပ်ထားရပါမယ်၊
⁃ ရေကြီးတဲ့ ရေဟာ ညစ်ညမ်းပြီးရောဂါပိုးများစွာပါဝင်နိုင်တာကြောင့် ရေ ကြီးရေလျှံတဲ့ရေကို ဘယ်အိမ်မှုကိစ္စ အတွက်မှ မသုံးသင့်ပါ၊
⁃ သောက်သုံးရေအတွက် ..ရေကို ၁၀ မိနစ်လောက် ပွက်ပွက်ဆူအောင် ကြိုချက်ပြီး သန်စင်သော အိုးခွက်ထဲတွင် ထည့်၍ အအေးခံသောက်သုံးပါ၊
⁃ သုံးစွဲဖို့ ရေကိုလည်း..ကလိုရင်း ရေသန့်စင်ဆေးပြားခပ်ထားတဲ့ ရေ သို့မဟုတ် ကြိုချက်ထားတဲ့ ရေကိုသာသုံးသင့်ပါတယ်..
⁃ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သန့်စင်သော ရေ အဖြစ် ဖြန့်ဖြူးပေးသော ရေများကို အသုံးအဆောင်များဆေးကြောရန်အတွက် အသုံးပြုလို့ရပါတယ်..သောက်သုံးရေအတွက်ကတော့ ကျိုချက်သောက်သုံးခြင်းက စိတ်အချရဆုံးဖြစ်ပါတယ်၊
⁃ ကိုယ့်အိမ် ပတ်ဝန်းကျင် နှင့် ရပ်ရွာထဲ တွင် ရေဝပ်နေတဲ့ နေရာတွေကို ရေ မဝပ်အောင် ဝိုင်းဝန်းလုပ်ဆောင်မှုများပြုလုပ်ပြီး၊ ခြင်ကိုက်ခြင်းမှ ကာကွယ် နိုင်ရန် ခြင်ဆေး ထွန်းခြင်း၊ လိမ်းခြင်း၊ ခြင်ထောင် ထောင် အိပ်ခြင်း တို့ ပြုလုပ်ရပါမယ်၊
⁃ မြွေအန္တရာယ်..ကို သတိပြုရပါမယ်၊
⁃ ရေလျံစဉ်က ပျက်စီးနေတဲ့ လျှပ်စစ်ဓါတ်ကြိုးများ၊ အပိုင်းအစများ၊ ရေစိုနေတဲ့ ပလက်ပေါက်များ က ဓါတ်လိုက် ပြီး အသက်အန္တရာယ်ပေးနိုင်တာကြောင့် အထူးသတိရှိရပါမယ်၊

👉 အခုပြောပြသွားတဲ့ ရုပ်ပိုင်း ဆိုင်ရာ ရောဂါနဲ့ အန္တရာယ်တွေ အပြင်..ရေရှည်မှာ တဖြည်းဖြည်းချင်း..ပေါ်ပေါက်လာပြီး..မီဒီယာမှာ ပေါ်ပြူလာ ဖြစ်ရလောက်အောင် လူသိများလေ့ မရှိတဲ့ ရောဂါတစ်မျိုးကတော့ စိတ်ဝေဒနာပါဘဲ…

ပင်ပင်ပန်းပန်း တည်ဆောက်ထားရတဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးသွားတယ်…ခက်ခက်ခဲခဲ စုဆောင်းထားတာလေးတွေ ဆုံးရှုံး လိုက်ရတယ်…ရေမကြီးခင်က ထားခဲ့တဲ့ မျှော်လင့်ချက်လေးတွေ ..ချေဖျက်ခံလိုက်ရသလို ဖြစ်သွားတယ်..
အိုးအိမ်မဲ့၊ အလုပ်လက်မဲ့ ဖြစ်သွားသူတွေရှိကြတယ်..
ပုံမှန်မှာမရပ်မနား..လည်ပတ်နေတဲ့ ကိုယ့်ရဲ့ ဘဝ၊ ကိုယ့်ရဲ့ကမ္ဘာကလေးက ရုတ်တရက်ရပ်တန့် သွားတယ်..
ကိုယ့်ရဲ့ community လို့ခေါ်တဲ့ ကိုယ်ကျင်လည် ပျော်မွေ့တဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်လေးက အစိတ်စိတ် အမွှာမွှာ တကွဲတပြားစီဖြစ်သွားတယ်..
အဆိုးဆုံး ကတော့ ကိုယ်ချစ်ရသူတွေကို ဆုံးရှုံးသွားကြရတယ်…😭😭💔💔💔

မြန်မာ OG ဒေါက်တာ

21 Sep, 22:48


ဒါကြောင့် ရေဘေးသင့်ပြီးလို့ လ တွေချီ..ကြာလာတဲ့ အခါမှာ စိတ်ကျ​ဝေဒနာနဲ့ PTSD ( Post Traumatic Stress Disorder ) လို့ခေါ်တဲ့ စိတ်ဝေဒနာတွေ သိသာစွာ ခံစားလာရလေ့ ရှိကြတယ်…
ဒီလို စိတ်ဝေဒနာမျိုးတွေကို..ရေဘေး သင့်နေချိန်.မှာ အမြန်ဆုံး သွားရောက် ကယ်တင်တဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေ မှာတောင် ခံစားရတတ်တာကို တွေ့ရပါတယ်၊ကျွန်မတို့ နိုင်ငံမှာ ဆိုရင်တော့ ပရဟိတ သမားတွေ သတိထားကြစေချင်ပါတယ်၊
ဒီလိုဝေဒနာမျိုးတွေက သင့်တော်တဲ့ ဝိုင်းဝန်းပံ့ပိုးမှု ( စိတ်ပိုင်းဆိုင်ရာ+ ရုပ်ပိုင်းဆိုင်ရာ) နဲ့ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ကို အချိန်မှီ ရရှိဖို့ အရေးကြီးပါတယ်၊

💙 အခုပြောသွားတာက.. လူတစ်ဦးတစ်ယောက်ချင်း အတွက်သာ ရည်ရွယ်ပြီးပြောသွားတာဖြစ်ပါတယ်…ဒီ့ထက်မက ရေရှည်မှာ ထိခိုက်ခံစားရတာတွေရှိပါသေးတယ်..
ဉပမာ..သောက်နေကျဆေး မရှိတော့လို့..
ခါတိုင်းရနေကျ ကျန်းမာရေး စောင့်ရှောက်မှု မရတော့လို့..
ကယ်ဆယ်ရေးစခန်းတွေမှာ စုပေါင်းနေရာက ရတတ်တဲ့ကူးစက်ရောဂါများ…စသဖြင့်ပေါ့..

💙 ဒီထက်ကျယိပြန့်ပြီး..ရေဘေးသင့်တာခံလိုက်ရတဲ့ နိုင်ငံတစ်ခုအနေနဲ့ ကြည့်မယ် ဆိုရင်တော့..နှစ်တွေနဲ့ချီ အချိန်ယူ ကြိုးစားတည်ထောင်ခဲ့တဲ့..ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး အခြေခံ အုတ်မြစ်တွေ ထိခိုက်ပျက်စီးပြီး နောက်ပြန် ဆွဲချ ခံလိုက်ရတာပါဘဲ..
အရင်အခြေအနေ ပြန်ရောက်ဖို့ကို နောက်ထပ်နှစ်ပေါင်းများစွာပြန်လည် ကြိုးစားတည်ဆောက်ရလေ့ရှိပါတယ်.. အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး အနည်းအများကွာခြားမှုတွေတော့ ရှိကြတာပေါ့လေ…

💙 လူ့အဖွဲ့အစည်း အများစုဟာ..ဒီလို သဘာဝဘေးအန္တရာယ် ကို ရင်ဆိုင်ရာမှာ..immediate response လို့ခေါ်တဲ့ ဘေးရင်ဆိုင်နေရချိန်.မှာ ခံနိုင်ရည်အား မြင့်မားပြီး ဝိုင်းဝန်းကူညီ ပံ့ပိုးတုန့်ပြန်မှု အားကောင်းကြတာကို တွေ့ရှိရပါတယ်.
.ကျွန်မတို့နိုင်ငံမှာ အသက်စွန့် ..ကိုယ်ကျိုးမကြည့် ဘဲ..ကူညီနေကြသူများလိုပေါ့..
တကယ့်ကို..လေးစားအားကျစရာပါ…💪💪💪🤗🤗🤗
အခက်အခဲမျိုးစုံကြားက ..ရေဘေးသင့်ပြည်သူများ လိုအပ်နေတာတွေကို ဝိုင်းဝန်းကူညီပေး..လှူဒါန်းပေးနေသူများကိုလည်း..ကြည်နူးပီတိနဲ့ သာဓုခေါ်ပါတယ်..🙏🙏🙏

💙 တပြိုင်နက်တည်းမှာဘဲ..ရေဘေးပြီးသွားပေမယ့်..ရေဘေးရဲ့ နောက်ဆက်တွဲအန္တရာယ်က မပြီးသေးဘူး ဆိုတာကို သတိချပ်ပြီး..
မမေ့မလျော့ဘဲ ရေရှည် ဝိုင်းဝန်းပံ့ပိုး ကူညီပေးနိုင်ကြဖို့ ..ဆုတောင်းပေးရင်း…🙏😊🥰

https://t.me/myanmarogdoctor
Helping Hands, Caring Heart
ဒေါက်တာမျိုးနန္ဒာ
သားဖွားနှင့် မီးယပ်/ အမျိုးသမီးရောဂါ အထူးကု ( UK )

မြန်မာ OG ဒေါက်တာ

21 Sep, 22:48


ရေဘေး နှင့် နောက်ဆက်တွဲအန္တရာယ်
🩵🩵🩵🩵🩵🩵🩵🩵🩵🩵🩵🩵🩵

💙 သဘာဝဘေးအန္တရာယ် တစ်မျိုးဖြစ်တဲ့ ရေကြီးရေလျှံခြင်း ဆိုတာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံကနေ ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုများစွာနဲ့ ရင်ဆိုင်ကြရတယ်ဆိုတာ..အခုလို အချိန်အခါမျိုးမှာ လူတိုင်းနီးနီးသဘောပေါက်နားလည်နေကြလိမ့်မယ်လို့ ထင်ပါတယ်..

💙 ပိုင်ဆိုင်တဲ့ပစ္စည်းဉစ္စာတွေ..အဆောက်အဦတွေ အပြင် အသက်တွေပါ ဆုံးရှုံးကြရတာမို့ ထိတ်လန့်ခြောက်ခြားစရာတွေအပြင် ဝမ်းနည်းကြေကွဲစရာ အဖြစ်ဆိုးမျိုးတွေနဲ့လည်း ကြံုတွေ့ကြတာအမှန်ပါဘဲ..

💙 ရေဘေးအန္တရာယ် ဖြစ်လာရင် ..တိုက်ရိုက် ဆိုးကျိုးတွေဖြစ်တဲ့ အိုးအိမ် ဆုံးရှုံးမှုတွေ..အသက်ဆုံးရှုံးမှုတွေ ကို သိသာထင်ရှားစွာဘဲ သတင်းမီဒီယာ ပလက်ဖောင်း မျိုးစုံကနေ..မြင်ရ တွေ့ရပါတယ်..

💙 အဲ့ဒီလို ရုတ်တရက် ချက်ချင်းခံစားရတဲ့ အန္တရာယ်တွေအပြင်.. ရေကြီးရေလျှံခြင်း ဖြစ်ပွါးပြီးနောက်ပိုင်းမှာ..ရေရှည် ခံစားရတဲ့ တခြားဘေးအန္တရာယ် တွေလည်း..အမြောက်အများ.ကျန်ရှိနေပါသေးတယ်..
အဲ့ဒီ ရေရှည် ဆိုးကျိုးတွေကတော့..အချိန်ကြာမှ တဖြည်းဖြည်းချင်းဖြစ်တာတကြောင်း..ရေဘေးနဲ့သွယ်ဝိုက်ပြီးဆက်သွယ်ခံစားနေရတယ်ဆိုတာကို သတိမပြုမိတာကတကြောင်း..တို့ကြောင့်..အဲ့ဒီဆိုးကျိုးတွေရဲ့ ပမာဏ ကို မေ့လျှော့နေတတ်ကြပါတယ်..

💙 အဲ့ဒီရေရှည် ဆိုးကျိုးတွေ ထဲမှာ..ကျန်းမာရေး ဆိုးကျိုး ကလည်းတစ်ခုအပါအဝင် ဖြစ်ပါတယ်..

💙 ရေဘေးနဲ့ ကျန်းမာရေး လို့ ဆိုလိုက်ရင်..မကြုံဖူးသူ တွေအနေနဲ့မြင်သာတာက..ရေထဲမှာ အအေးပတ်ခြင်း၊ ကိုယ်အပူချိန် အလွန်အမင်းလျော့ကျခြင်း/ Hypothermia..နဲ့ ရေနစ်သေဆုံးခြင်း ဆိုတာမျိုးတွေဘဲပေါ့ ..လို့ ထင်ကြမှာပေါ့နော်…

💙 ဒါပေမယ့် တကယ်တမ်းလက်တွေ့ကြုံတွေ့ခံစားရတာတွေက ဒီ့ထက်အများကြီး ပိုလေးနက်သလို..ပိုပြီးလည်း ကျယ်ပြန့်ပါတယ်..
ထိခိုက်ခံစားမှုတွေကလည်း..အဲ့ဒီရေဘေးဖြစ်သွားတဲ့ အချိန်လေးသာ မကဘဲ ..လ ပေါင်းများစွာကြာရှည်နိုင်သလို တချို့နိုင်ငံတွေမှာ..ဆို..ရေကြီးခဲ့တဲ့ နောက်ဆက်တွဲဆိုးကျိုးဒါဏ်ကို နှစ်တွေနဲ့တောင်ချီပြီးကြာအောင် ခံစားရတတ်ပါတယ်..

💙 အဲ့ဒီလို ရေကြီးရေလျှံပြီး နောက်ပိုင်းမှာ ခံစားရတတ်တဲ့ ဆိုးကျိုးတွေထဲက တစ်ခုကတော့. ရေဘေးရဲ့နောက်ဆက်တွဲရောဂါတွေပါဘဲ..

ဉပမာ အနေနဲ့ပြောပြရရင်..

၂၀၂၂ ခုနှစ်က ပါကစ်စတန်နိုင်ငံရဲ့ ၃ ပုံ ၁ပုံ ဟာ ကြီးမားတဲ့ ရေလွှမ်းမိုးမှုကို ခံစားခဲ့ရပြီးနောက်ပိုင်း မှာ ဖြစ်နေကျ ပမာဏ ထက် ၄ ဆ ပိုပြီး ကြီးမားတဲ့ ပမာဏ ဖြစ်တဲ့ ၁•၆ သန်းသော ပြည်သူတွေဟာ ငှက်ဖျားရောဂါ ရဲ့ဘေးအန္တရာယ်ကို အလူးအလဲထပ်မံခံစားခဲ့ကြရပါတယ်..
ငှက်ဖျားရောဂါသာ မက သွေးလွန်တုပ်ကွေးရောဂါ၊ တိုက်ဖွိုက်ရောဂါနဲ့ အရေပြားရောဂါတွေပါ ပိုမိုဖြစ်ပွါးခံစားခဲ့ရတာကို တွေ့ရှိခဲ့ရပါတယ်..

၂၀၂၃ ခုနှစ်မှာ ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ..မိုးကြီးရေလျှံမှုဖြစ်ပွါးပြီးနောက် အရမ်းဆိုးရွားကြီးမားတဲ့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးမှုကြီးကိုအလူးအလဲ ခံစားခဲ့ကြရပြန်ပါတယ်..

၂၀၂၃ ခုနှစ်ထဲမှာဘဲ..ဖိလစ်ပိုင်နိုင်ငံမှာ ရေကြီးရေလျှံမှုဖြစ်ပွါးပြီး နောက်ဆက်တွဲအနေနဲ့ Leptospirosis/ လပ်တိုစပိုင်ရိုးစစ် ဆိုတဲ့ ရောဂါတစ်မျိုး အကြီးအကျယ် ဖြစ်ပွါးမှုဒါဏ်ကို ခံစားခဲ့ကြရပြန်ပါတယ်..Leptospirosis ဆိုတာ ကြွက်တွေရဲ့ ကျင်ငယ်ရည်( ဆီး) နဲ့ ထိတွေ့လာတဲ့ ရေ တွေဟာ လူတွေရဲ့ ပါးစပ် နဲ့ မျက်စိထဲ ဝင်ခဲ့ရင် သို့မဟုတ်..ရေထဲ ကူးခတ်ရုန်းကန်ရင်း ထိခိုက်ဒါဏ်ရာရပြီး ကွဲရှ ပွန်းပဲ့ထားတဲ့ အရေပြားထဲက တဆင့်ဝင်သွားရင် ဖြစ်ပွါးတတ်တဲ့ ကူးစက်ရောဂါ တစ်မျိုး ဖြစ်ပါတယ်..
အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း ၊ မျက်သားလွှာ နီရဲလာခြင်း၊ အသားဝါခြင်း ဆိုတဲ့ ရောဂါလက္ခဏာတွေပြတတ်ပါတယ်.. ခွေး၊ နွား အစရှိတဲ့ အိမ်မွေးတိရစ္ဆါန်များအပါအဝင် အခြားသော သဘာဝ တောနေတိရစ္ဆါန်တွေမှာလည်း ဒီ ဘက်တီးရီးယားပိုး ရှိနေနိုင်ပါတယ်..

အဲ့ဒီ တစ်နှစ်ထဲမှာဘဲ လစ်ဘ်ဗျား/ Libya နိုင်ငံ မှာ Storm Daniel ဆိုတဲ့ ဆိုင်ကလုန်းမုန်တိုင်း ကြောင့် ရေကြီးရေလျှံမှု ဘေးရန် ခံစားရပြီးနောက်ပိုင်း မှာ ဝမ်းပျက် ဝမ်းလျှော ရောဂါဒါဏ် ကို နောက်ဆက်တွဲ အနေနဲ့ အပြင်းအထန်ရင်ဆိုင်ခဲ့ကြရပြန်ပါတယ်..

👉 ဘာလို့ ဒီ ရောဂါတွေ ဟာ ရေကြီးရေလျှံခြင်း ရဲ့ နောက်ဆက်တွဲ အန္တရာယ် အနေနဲ့ ဆက်လိုက်ပါလာတာလဲ?.. ဆိုတော့…

လူတွေနေထိုင်တဲ့ မြို့နယ် ရပ်ရွာ တွေထဲ ရေတွေဝင်လာပြီ ဆိုကတည်းက ရေပမာဏ မများ သေးဘူး..တနည်းအားဖြင့်..ရေ သိပ်မနက်သေးဘူး ဆိုရင်တောင် .. အဲ့ဒီအခြေအနေရဲ့ အဓိပ္ပါယ် က စွန့်ပစ် စီးဆင်းရမယ့် အညစ်အကြေး တွေဟာ ပုံမှန် စွန့်ပြစ်စီးဆင်းမှု မရှိတော့ဘူး ဆိုတဲ့ အဓိပ္ပါယ် ကို ဆောင်ပါတယ်..
အညစ်အကြေး ဆိုတော့ …
ကျွန်မတို့ ပတ်ဝန်းကျင်မှာ နေ့တဓူဝ မျက်စိနဲ့ မြင်တွေ့နေရတဲ့ မရေမတွက်နိုင်တဲ့အညစ်အကြေးတွေအပြင် လူမမြင်သာတဲ့ အညစ်အကြေးစုစည်းရာ..စီးဆင်းရာဖြစ်တဲ့ လူပေါင်းများစွာရဲ့ အိမ်သာပေါင်းများစွာ..မြို့တွေရွာတွေရဲ့ အညစ်အကြေးကို သန့်စင်ပေးနေတဲ့ မိန်လ္လာပိုက်..သဘာဝမြောင်း..တူးမြောင်း အကုန် ပါတာပေါ့..

မြန်မာ OG ဒေါက်တာ

02 Sep, 11:08


👉 အမျိုးသမီးတိုင်း ပုံမှန်ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်း တစ်မျိုး ဖြစ်တဲ့ Pelvic Floor exercise ဘယ်လို လုပ်ရမလဲဆိုတာ..Live မှာ ပြောပြသင်ပေးမှာဖြစ်ပါတယ်.
👉 အရှေ့က post မှာ စာနဲ့ ရေးတင်ထားတာကို သိပ်နားမလည်သူများ Live အချိန်မှာ လိုက်လုပ်ကြည့်ပြီး နားမလည်/ မသေချာတာကို မေးခွန်းမေးခွင့်ရမှာပါ..

💕 လိုင်းအဆင်ပြေသူများနဲ့ Live မှာဆုံကြမယ်နော်..
လိုင်ူအဆင်မပြေသူများကတော့..နောက်မှဘဲ page ပေါ်မှာ ကြည့်လိုက်ကြပေါ့..

See you all soon! 😘🥰