Postagens do Canal Myanmar Newspapers

14,311 Inscritos
122,062 Fotos
37 Vídeos
Última Atualização 01.03.2025 11:05
Canais Semelhantes

176,048 Inscritos

24,466 Inscritos

16,408 Inscritos
O conteúdo mais recente compartilhado por Myanmar Newspapers no Telegram
မန္တလေးမြို့၌ အများပြည်သူ အပန်းဖြေအနားယူနိုင်မည့် မြမာလာဥယျာဉ် ဖွင့်လှစ်ထားရှိ
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်သည့် ဘုရားဖူးပြည်သူ ယခင်နှစ်ကထက် များပြား
ကျိုက်ထို ဖေဖော်ဝါရီ ၂၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ နှစ်စဉ်ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခုနှစ်တွင် ယခင်နှစ်ကထက် လာရောက်ဖူးမြော်သူ ပိုမိုများပြားကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
“ပြီးခဲ့တဲ့နှစ် ဘုရားပွဲတော်ကာလမှာ ပြည်တွင်းပြည်ပ ဘုရားဖူး စုစုပေါင်း ၇၂၆၆၆၄ ဦး ရှိခဲ့တယ်။ ဒီနှစ်မှာတော့ ပွဲတော်အစ အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့) ကနေ ဖေဖော်ဝါရီ ၁၂ ရက်အထိ ဘုရား ဖူး ၈၀၀၀၀၀ ကျော်ပြီး ပြည်တွင်းဘုရားဖူး ၇၈၁၂၈၆ ဦးနှင့် ပြည်ပဘုရားဖူးက ၂၃၀၆၆ ဦး ရှိပါတယ်။ နိုင်ငံခြားသား ပြည်ပဘုရားဖူးတွေထဲမှာ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်က အများဆုံးပါပဲ” ဟု စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တာဝန်ရှိသူက ပြောသည်။
ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်တက်မော်တော်ယာဉ် အစီးရေ ၁၅၀ ကို နေ့စဉ်ပြေးဆွဲပေးနေပြီး သတ်မှတ်လူဦးရေနှင့် ယာဉ်စီးနင်းခများကိုလည်း သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားကြောင်း သိရသည်။
ဘုရားဖူးပြည်သူများ စည်ကားများပြားသည့်အတွက် ကျိုက်ထီးရိုးတောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ် လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီးစေတီတော်၊ ရေတံခွန်စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ အမှတ်တရ အရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားနေသည့်အပြင် အခမဲ့နှင့် အခပေးတည်းခိုဆောင်များ၊ ရင်ပြင်တော်၌လည်း တည်းခိုနေထိုင်သူများပြားလျက်ရှိကြောင်း တွေ့ရသည်။
ကျိုက်ထို(ပြန်/ဆက်)
https://t.me/myanmarnewspaper/168820
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
ဉာဏ်ရည်လည်းရှုံး လူညွန့်တုံး စည်းလုံးတိုက်ပစ် ထိုမူးယစ်
ညွန့်ဝင်း(နတ်တလင်း)
လူငယ်တို့သည် နိုင်ငံ၏အနာဂတ်လူသားရင်းမြစ်များဖြစ်ပေသည်။ အနာဂတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ထိုလူငယ်လူသားရင်းမြစ်များ၏ အစွမ်းကုန်ကြိုးစားအားထုတ်နိုင်မှုအပေါ်တွင် မူတည်သည်။ ထိုမျှအရေးပါသည့် လူငယ်တို့သည် ကျန်းမာသန်စွမ်းသော၊ ဉာဏ်ရည်ထက်မြက်သော၊ စာရိတ္တမြင့်မားသော လူငယ်များဖြစ်ရန် လိုအပ်လှပါသည်။ လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ချိုးနှိမ်ဖျက်ဆီးနေသော မိစ္ဆာရန်သူတစ်ပါးမှာ မူးယစ်ဆေးဝါးအန္တရာယ်ပင်ဖြစ်သည်။ မူးယစ် ဆေးဝါးသုံးစွဲခြင်းသည် မျိုးဆက်သစ်လူငယ်များမှသည် လူသားအားလုံးကို အဘက်ဘက်မှ နိမ့်ကျပျက်စီးစေသဖြင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအားလုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်နေကြရပေသည်။
နိုင်ငံတစ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံရှိ နိုင်ငံသားများ၏ ပညာရည်မြင့်မားမှုအပေါ်တွင် မူတည်နေပါသည်။ ပညာရည်မြင့်မားသော နိုင်ငံသားများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ကလေးငယ်ဘဝမှသည် လူငယ်ဘဝတစ်လျှောက် အသိဉာဏ်ပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက် အောင် ပြုစုပျိုးထောင်ပေးကြရပါသည်။ လူငယ်များအနေဖြင့်လည်း မိမိဘဝ၏ အရေးကြီးဆုံး၊ အလိုအပ်ဆုံးဖြစ်သော အတွေးအခေါ် ဉာဏ်ပညာများ မြင့်မားရေးကို ကြိုးပမ်းကြရပေမည်။ မှန်ကန်သော အတွေးအခေါ် ဉာဏ်ပညာ၊ ဥစ္စာများရရှိအောင် မရှာဖွေမကြိုးပမ်းဘဲ အလဟဿအချိန်မဖြုန်းသင့်ကြောင်းကို “မပွားသုတ၊ မရကောင်းမှု၊ မစုဥစ္စာ၊ ဖြစ်ရာကိစ္စ၊ ကျိုးဟိတကို၊ စိတ်ကတရံ၊ မကြံမကူး၊ လေဘင့်မြူး၍၊ ကိုယ်ထူးမပျော်၊ ပေါင်းအဖော်နှင့်၊ မွေ့လျော်လိုသီး၊ လူချည်းနှီးလည်း၊ ရပြီးဥစ္စာ၊ ဉာဏ်ပညာလည်း၊ လျင်စွာမချွတ်၊ ကုန်ပျောက်တတ်၏”ဟူ၍ မဃဒေဝလင်္ကာတွင် ဆုံးမဖော်ပြထားပါသည်။ လူငယ်တို့သည် အပျော်အပါးကို ခုံမင်လိုက်စားကာ စီးပွားရေးလည်းမရှာဖွေ၊ အတတ်ပညာလည်း မရှာဖွေမစုဆောင်း၊ မိမိဘဝတက်လမ်းအတွက် ကောင်းကျိုးတစ်စုံတစ်ရာရရှိရန် လုပ်ငန်းကောင်းများလုပ်ကိုင်ရန် စိတ်မကူးပါဘဲ အပေါင်းအသင်းများနှင့် သောက်စားမူးယစ်ကာ အချိန်ဖြုန်းနေပါက တန်ဖိုးမရှိသော လူ့ဗာလ ဖြစ်ပေလိမ့်မည်။ လူ့ဗာလဟူသည် မိမိအတွက်၊ နိုင်ငံအတွက် မည်သည့်အကျိုးမျှ မရှာဖွေနိုင်ဘဲ ရပြီးသော ပစ္စည်းဥစ္စာ၊ ဉာဏ်ပညာသည်ပင် မကြာမရှည်၊ မတည်မမြဲ၊ ကင်းပျောက်မွဲတတ်သောသူဖြစ်ကြောင်း ညွှန်းဆိုခြင်းဖြစ်ပါသည်။
ဘိန်းစတင်စိုက်ပျိုးမှုဖြစ်စဉ်
မြန်မာနိုင်ငံ၌ သံလွင်မြစ် အရှေ့ခြမ်း၊ ရှမ်းတောင်တန်း၊ ကချင်တောင်တန်းများတွင် ၁၈၈၅ ခုနှစ်မှစ၍ နယ်ချဲ့တို့က ဘိန်းများ စတင်စိုက်ပျိုးခဲ့ကြသည်။ ထို့နောက် ဘိန်းသယ်ယူခြင်း၊ ရောင်းချခြင်းကို နယ်ချဲ့တို့က တရားဝင်ပြုလုပ်ခဲ့ကြသည်။
ဘိန်းစား၊ ဘိန်းရှူခြင်းများ တဖြည်းဖြည်းများပြားလာသဖြင့် ၁၉၅၅ ခုနှစ်တွင် ဘိန်းစား ဘိန်းရှူမှတ်ပုံတင်ဥပဒေပြဋ္ဌာန်းကာ ဘိန်းဖြတ်ဆေးခန်းများ ဖွင့်လှစ်၍ ဆေးဝါးကုသမှုခံယူရသည်အထိ ဆိုးရွားလာခဲ့သည်။ မြန်မာနိုင်ငံတော်အစိုးရသည် ၁၉၆၅ ခုနှစ်တွင် ဘိန်းခန်းများပိတ်၍ ဘိန်းရောင်းဝယ်မှုကို လုံးဝတားမြစ်ခဲ့ရသည်။ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်းတွင် တစ်ဖက်နိုင်ငံများမှ များပြားစွာရောက်ရှိလာသော မူးယစ်ဆေးဝါးများက မြို့ကြီးပြကြီးများမှတစ်ဆင့် လူငယ်အတော် များများဆီသို့ ပျံ့နှံ့စေခဲ့သည်။ ၁၉၇၄ ခုနှစ်မှစ၍ ထိရောက်သော တားဆီးပိတ်ပင်မှုများ ပြုလုပ်ခဲ့သော်လည်း စိုက်ပျိုးမှုများကား ဆက်လက်တည်ရှိနေခဲ့သည်။
ဘိန်းစတင်ပျံ့နှံ့လာခဲ့သည့် ဇာစ်မြစ်ကို လေ့လာကြည့်လျှင် ဘိန်းကုန်သည်များ အီတလီနိုင်ငံ ဗင်းနစ်မြို့မှ အိန္ဒိယသို့ ရောက်ရှိလာပြီး အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံသို့ သယ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။ တစ်ဖန် ပေါ်တူဂီနိုင်ငံသားတို့သည် မြန်မာနိုင်ငံကို ဖြတ်၍ တရုတ်နိုင်ငံသို့ ဘိန်းများတင်ပို့ခဲ့ကြသည်။ မြန်မာအလုပ်သမားများကိုလည်း ဘိန်းကျွေး၍ အလုပ်စေခိုင်းခဲ့သည်။ နယ်ချဲ့တို့သည် ဘိန်းများ ရောင်းချခြင်းဖြင့် အမြတ်အစွန်းရရှိသည့်အပြင် ဘိန်းကြောင့် မြန်မာတို့ မူးယစ်ထုံထိုင်းသွားသဖြင့် တော်လှန်ရေးစိတ်ဓာတ်များလည်း ပျက်ပြားကာ မြန်မာနိုင်ငံကို ရေရှည်ကျွန်ပြုရန် စီမံခဲ့ကြခြင်းဖြစ်သည်။ ထိုနိုင်ငံရေးလှည့်ကွက်ကို ထိုစဉ်က မသိခဲ့ကြချေ။ ယခုအခါ လူငယ်များကို ဖျက်ဆီးနေသော မူးယစ်ဆေးဝါးကို အရှေ့တိုင်းနိုင်ငံများက တင်းကျပ်သောဥပဒေဖြင့် တားဆီးပိတ်ပင်နေကြလေပြီ။ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်မည့် အနာဂတ်မျိုးဆက်ဖြစ်သည့် လူငယ်များကို စိတ်ဓာတ်စစ်ဆင်ရေးဖြင့် စိတ်လစ်ဟာမှုမရှိစေရန် ပြုစုပျိုးထောင်ပေးနေကြလေပြီ။ မျက်စိပွင့်နားပွင့်အောင် အသိပညာဗဟုသုတများဖြန့်ဖြူးပြီး မူးယစ်ဆေးဝါးမသုံးစွဲစေရန်၊ စိုက်ပျိုးမှုမရှိစေရန် ထိန်းချုပ်လာကြသည်။

မူးယစ်ဆေးစွဲနေသူများသည် အမြဲတမ်းငွေလိုအပ်နေသဖြင့် ငွေရရန် ဘာမဆိုလုပ်ကိုင်လာကြသည်။ ငွေရရန် မိမိလုပ်ကိုင်သည့်အလုပ်သည် ကောင်း၊ မကောင်း မစဉ်းစားနိုင်၊ ဥပဒေနှင့်လွတ်၊ မလွတ် မတွေးနိုင်၊ ငွေရလျှင်ပြီးရောဟုသာ စဉ်းစား ပြီး ခိုးဆိုးလုယက်မှုများ လုပ်ကိုင်လာကြသည်။
သို့ဖြစ်၍ ပြည်သူလူထုအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ဂဃနဏသိရှိစေရန် အသိပညာပေး ဟောပြောပွဲများ၊ ပြခန်းများ၊ လက်ကမ်းစာစောင်များဖြင့် မူးယစ်ဆိုးကျိုးများကို အသိပညာဖြန့်ဝေရန် အထူးလိုအပ်သည်။ လူအချို့၏ ငွေမျက်နှာတစ်ခုတည်းကြည့်ကာ မူးယစ်ဆေးများ ထုတ်လုပ် ရောင်းချနေမှုကြောင့် ကမ္ဘာတွင် လူပေါင်းများစွာ နေ့စဉ်အသက်ဆုံးရှုံးနေကြရသည်။ ဘိန်းဖြူကြောင့် HIV /AIDS ရောဂါများလည်း ပြန့်ပွား၍ လူညွန့်တုံးနေကြရသည်။ မူးယစ်ဆေးဝါးအန္တရာယ်ကား ကမ္ဘာ့သမိုင်းတွင် ရုပ်ဆိုးအကျည်းတန်စွာ နေရာယူခဲ့သည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားနေသည့် မူးယစ်ဆေးဝါးကို နိုင်ငံတိုင်းက အထူးအရေးယူတိုက်ဖျက်ကြမှသာ ကမ္ဘာပေါ်မှ ကွယ်ပျောက်သွားမည်ဖြစ်သည်။ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းတိုက်ဖျက်ချေမှုန်း ကြရမည့် လူမှုအန္တရာယ်ပင်ဖြစ်သည်။
မဲခေါင်ဒေသနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပြည်သူ့ဘုံရန်သူ မူးယစ်ဆေးဝါးကို ဆက်လက်ပူးပေါင်း၍ အင်တိုက်အားတိုက် တိုက်ဖျက်နှိမ်နင်းကြရပေမည်။ မူးယစ် ဆေးဝါးကင်းစင်ပပျောက်ရန် စီမံကိန်းအသစ်အဖြစ် ဆေးစွဲသူများကို မြေပြင်ကွင်းဆင်း စစ်တမ်း ကောက်ယူခြင်းများ လုပ်ကိုင်လာပြီဖြစ်သည်။ ပရဟိတအဖွဲ့များကလည်း မိမိတို့ပတ်ဝန်းကျင်ရှိ ဆေးစွဲသူများကို ဆေးဖြတ်ချင်အောင် မူးယစ်ဆေးဝါး၏ ကြောက်မက်ဖွယ်ဖြစ်ရပ်ဆိုးကျိုးများကို ဟောပြော၍ ဆေးဖြတ်စခန်းများနှင့် ဆေးရုံများသို့ ခေါ်ယူနိုင်ရေး ဆွေးနွေးဆောင်ရွက်လျက်ရှိသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံ၏လူသားရင်းမြစ်များ မူးယစ်ဘေးအန္တရာယ်ကင်းရှင်းကာ ဉာဏ်ရည်ထက်မြက်၍ ပညာများ အညွန့်တလူလူ တက်နေကြရန် ကြိုးပမ်းကြရပါမည်။ ထို့ကြောင့် လူသားတို့၏ အဖိုးတန်ဉာဏ်ရည်ကို ဆုံးရှုံးစေပြီး တိုးတက်မည့် လူ့ဘဝအညွန့်ကို တုံးစေသည့် မူးယစ်ဆေးကို ကမ္ဘာ့လူသားအားလုံးက ဝိုင်းဝန်းသုတ်သင်ရှင်းလင်းပစ်ကြရမည်။ ကမ္ဘာမြေမှ မူးယစ်ဆေးဝါး လုံးဝကင်းစင်သွားရန် ပထမဦးစွာ ဘိန်းစိုက်ပျိုးမှု လုံးဝမရှိအောင် တားဆီးပိတ်ပင်ရမည်။ စိုက်ပျိုးမှုမရှိလျှင် ကုန်ကြမ်းမရရှိတော့သဖြင့် ထုတ်လုပ်နိုင်တော့မည်မဟုတ်ပေ။ မထုတ်လုပ်နိုင်လျှင် ဖြန့်ဖြူးမှုရပ်ဆိုင်းသွားပြီး သုံးစွဲသူများလည်း ပျောက်ကွယ်သွားပါလိမ့်မည်။ အပြန်အလှန်အားဖြင့် သုံးစွဲသူမရှိစေရန် ပညာပေးခြင်း၊ ဖြန့်ဖြူးထုတ်လုပ်သူများကို တိကျသက်ဝင်သော ဥပဒေနှင့် ပြစ်ဒဏ်ပေး၍ ဟန့်တားခြင်းဖြင့် ဘိန်းဝယ်ယူသူမရှိအောင် ပိတ်ပင်နိုင်ပြီး စိုက်ပျိုးမှုလည်း ပျောက်ကွယ်သွားပေလိမ့်မည်။ စိုက်ပျိုးတောင်သူများကို ဘိန်းထက် စီးပွားရေးတွက်ခြေကိုက်သော သီးနှံများ၊ လုပ်ငန်းများ တစိုက်မတ်မတ် ဖြည့်ဆည်းပေးခြင်းဖြင့် ကမ္ဘာ့လူသားတို့၏အန္တရာယ် မူးယစ်ဆေးဝါးကို အမြစ်ပြတ်တိုက်ဖျက်ပစ်ကြပါစို့ဟု နှိုးဆော်လိုက်ရပါသည်။ ။
https://t.me/myanmarnewspaper/168817

မူးယစ်ဆေးဝါးရောင်းချသူများ၏ အဓိကပစ်မှတ်
အချို့နိုင်ငံများတွင် နိုင်ငံတော်အစိုးရက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် ပြစ်မှုကျူးလွန်သူများကို သေဒဏ်ပေးခြင်းဖြင့် အမြစ်ဖြတ်ချေမှုန်းတိုက်ဖျက်နေပေပြီ။ မြန်မာ နိုင်ငံတွင် ဘိန်းစိုက်ပျိုးခြင်း၊ ဖြန့်ဖြူးခြင်းများ လုပ်ဆောင်မှုရှိနေသေးသည်။ ဝိသမစီးပွားရေးသမားများက ဘိန်းစိုက်ပျိုးထုတ်လုပ်နိုင်ရန် ဘိန်းမျိုးစေ့ကုန်ကြမ်းများ ဖြန့်ဖြူးမှုကို လုပ်ဆောင်နေကြပြီး ဘိန်းသီးနှံကို ဈေးကောင်းပေးဝယ်ယူနေကြသည်။ စီးပွားရေးချို့တဲ့သော တိုင်းရင်းသားများကလည်း ငွေရလွယ်သော ဘိန်းစိုက်ပျိုးခြင်းကို မစွန့်လွှတ်နိုင်ကြချေ။ ထို့ကြောင့် ဘိန်းစိုက်တောင်သူများကို နိုင်ငံတော်က ဘိန်းအစားထိုးသီးနှံများစိုက်ပျိုးရန် စီမံကိန်းများချမှတ်၍ ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ သို့ရာတွင် အခြားသီးနှံများ စိုက်ပျိုးမှုသည် ဘိန်းစိုက်ပျိုးမှုလောက်ဝင်ငွေမရ သောအခါ ဘိန်းစိုက်ပျိုးမှုကို လက်မလွှတ်နိုင်ကြပြန်ချေ။ ထို့ကြောင့် နိုင်ငံတော်က ဘိန်းကို တိုက်ဖျက်ချေမှုန်းနေပါသော်လည်း ဆက်လက်စိုက်ပျိုးဆဲ၊ ဆက်လက်ဖြန့်ဖြူးဆဲ၊ ဆက်လက်သုံးစွဲကြဆဲဖြင့် သံသရာလည်နေပါသည်။ အကယ်စင်စစ် “သံကိုသံဖျက် သံချေးတက်”ဟူသော စကားပုံအတိုင်း လူသားများကို ဖျက်ဆီးနေသော မူးယစ်ဆေးဝါးကို လူသားများကသာ ဖန်တီးထုတ်လုပ်ပေးနေခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးရောင်းချသူများ၏ အဓိကပစ်မှတ်မှာ လူငယ်အများစုပင်ဖြစ်သည်။လူငယ်များ မူးယစ်ဆေးဝါးကို စတင်အသုံးပြုတတ်မှုကို ဆန်းစစ်လေ့လာကြည့်လျှင် ဆေးလိပ်သည် အခြေခံဖြစ်သည်။ ဆေးလိပ်အတွင်း ဆေးခြောက်များ ထည့်သွင်းသောက်သုံးခြင်းမှအစပြုပြီး တစ်ဆင့်ထက်တစ်ဆင့်တက်ကာ ဆေးပြား၊ အမှုန့်၊ နောက်ဆုံးသွေးကြောထဲသို့ မူးယစ်ဆေးဝါး တိုက်ရိုက်ထိုးသွင်းသည့်အဆင့်အထိ ရောက်သွား ကြသည်။
သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် အွန်လိုင်းစာမျက်နှာများတွင် ဖတ်ရှုရသော မကောင်းမှု ဒုစရိုက်သတင်းများသည် မူးယစ်ဆေးဝါး၏ ပယောဂများဖြစ်သည်ကို တွေ့ရသည်။ မူးယစ် ဆေးနွယ်ဝင် စိတ်ကြွဆေးအမျိုးမျိုးသည် သုံးစွဲခြင်းအားဖြင့် လူ၏အသိစိတ်ကို ပျောက်စေသည်။ ခံနိုင်ရည်ထက် ကျော်လွန်သုံးစွဲမိကြပြီး အသိစိတ်နှင့် မထိန်းကွပ်နိုင်တော့ဘဲ သာမန်လူတို့ ပြုနိုင်ခဲသည့် ရာဇဝတ်မှုအမျိုးမျိုးကို အလွယ်တကူ ပြုလုပ်ကြတော့သည်။
အဓိကရန်သူ
မြန်မာလူမျိုးတို့သည် မူလအားဖြင့် ယဉ်ကျေးသိမ်မွေ့သော ဓလေ့စရိုက်ရှိသူများဖြစ်သည်။ သို့သော် ထိုယဉ်ကျေးသိမ်မွေ့သော ဓလေ့စရိုက်များသည် မူးယစ်ဆေးကြောင့်ပျက်ပြယ်ကာ ရိုင်းစိုင်းသွားကြသည်။ “ထန်းရည်အရက်၊ တစ်ချက်ကိုကင်း၊ ဘိန်းဘင်းကစော်၊ လှော်စာသောက်စား၊ပြုသူများ၊ စီးပွားပျက်မည်တည့်” ဟူသည့် ရှေးစာဆိုအတိုင်း မြန်မာတို့၏ စီးပွားရေး၊ လူမှုရေး ပျက်စီးရာပျက်စီး ကြောင်း၏ အဓိကရန်သူမှာ မူးယစ်ဆေးဝါးသာ ဖြစ်သည်။ အချို့သောမူးယစ်ဆေးများကို ကွမ်းယာထဲတွင် ထည့်သုံးပြီး လူစိတ်ပျောက်အောင် မူးယစ်စေကာ မဖွယ်မရာပြုကျင့်မှုကို ကျူးလွန်ကြသည်။ ဆေးခြောက်ပါသော ကွမ်းယာအမျိုးပေါင်းများစွာသည် လူငယ်၊ လူလတ်၊ လူကြီးအရွယ်စုံတို့ကို ဖမ်းစားညှို့ငင်နိုင်စွမ်းရှိကြသည်။ အမှန်တကယ်တွင် စိတ်ကြွဆေး (Stimulant)၊ စိတ်ကျဆေး (Depressant) နှင့် စိတ်ငြိမ်ဆေးများ (Tranquillizers)၊ အာရုံပြောင်းဆေးများ (Hallucinogens) နှင့် ဆေးခြောက်များ (Cannabis) ကို အနည်းငယ် အသုံးပြုရာမှ တစ်စတစ်စစွဲလမ်းလာပြီး ဘိန်းဖြူ (Heroin) ကို စွဲလာသည်အထိ အခြေအနေ တဖြည်းဖြည်းဆိုးရွားလာသည်။
မူးယစ်ဆေးကို ထုတ်လုပ်သူတို့က စွဲမက်ဖွယ်၊ တိမ်းမူးဖွယ်၊ နူးညံ့ပျောင်းညွတ်ဖွယ် ညှို့ယူနိုင်စွမ်းရှိအောင် ရှူဆေး၊ ရှိုက်ဆေး၊ ငုံဆေး၊ စားဆေး၊ ထိုးဆေးများအဖြစ် ဖန်တီးပြုလုပ်ထားသဖြင့် စမ်းသပ်သုံးစွဲကြရာမှ စွဲသွားသည့်အခါ ဖြတ်ရခက်ပြီး မူးယစ်သံသရာလည်ကာ လူညွန့်တုံးကြရသည်။ တိုင်းပြည်၏ အရွယ်မျိုးစုံသော လူတို့ကို ဘဝပျက်အောင် ဖျက်ဆီးနေသည့် ဘိန်းစိမ်း၊ ဘိန်းမည်း၊ ဘိန်းဖြူတို့စိုက်ပျိုးထုတ်လုပ်ခြင်းကို အမြစ်မဖြတ် နိုင်သမျှ မူးယစ်သံသရာ၌ လည်နေကြမည်သာဖြစ်သည်။ ထို့ကြောင့် ဘိန်းစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်းတို့ကို တင်းတင်းကျပ်ကျပ် ဖမ်းဆီးအရေးမယူနိုင်သမျှကာလပတ်လုံး လွယ်လွယ်ရလျှင် ဝယ်ယူသုံးစွဲနေကြမည်သာဖြစ်သည်။ သတင်းစာများ၊ ဂျာနယ်များတွင် မူးယစ်ဆေးဝါးအမှုများဖြစ်သည့် စိတ်ကြွဆေးပြားများ ထောင်သောင်း၊ သိန်းသန်းချီ၍ ဖမ်းဆီးရရှိမှုများ နှင့် ပိုင်ရှင်မဲ့ဖြစ်နေမှုများ မကြာခဏ တွေ့မြင်နေကြရသည်။ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးပစ္စည်းများကို ဖမ်းဆီးရမိခြင်းသည် ပိုင်ရှင်များက တရားမဝင်ပစ္စည်းများကို စွန့်ခွာထွက်ပြေးသွားကြခြင်း ကြောင့်ဖြစ်သည်။ ထိုသို့ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများ၊ ကားများကို ဖမ်းဆီးရမိရုံနှင့် မူးယစ်ဆေးဝါးများ ပပျောက်သွားမည်မဟုတ်ပေ။ ယင်းပစ္စည်းများ၏ ပိုင်ရှင်များကို စုံစမ်းစစ်ဆေးဖော်ထုတ်ကာ အပြစ်ပေးနိုင်မှသာ မူးယစ်အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်သည်။

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ကျောင်းသားများ ရွှင်လန်းချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး
နေပြည်တော် ဖေဖော်ဝါရီ ၂၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ သင်တန်းများ နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၅ ရက်အတွင်း နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာအထက်တန်းကျောင်း ၃၅ ကျောင်းနှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၅၆ ကျောင်း စုစုပေါင်း ၉၁ ကျောင်းတို့၌ ကျင်းပလျက်ရှိသည်။
လှည့်လည်ကြည့်ရှုအားပေး
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်၏ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်သင်တန်းများ နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို အင်ဂျင်နီယာ ဘာသာရပ်များအလိုက် စာမေးပွဲခန်းအသီးသီးတွင် ကျောင်းသား ကျောင်းသူများ ရွှင်လန်းချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှုကို ကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အလုပ်ရုံများနှင့် ကျောင်းဝင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသားလူငယ်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး လိုအပ်သည်များကို မှာကြားပြီး စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
https://t.me/myanmarnewspaper/168813