Neueste Beiträge von MOD News (@modnugmyanmar) auf Telegram

MOD News Telegram-Beiträge

MOD News
An Official channel of MOD,NUG.
6,376 Abonnenten
878 Fotos
29 Videos
Zuletzt aktualisiert 28.02.2025 18:06

Der neueste Inhalt, der von MOD News auf Telegram geteilt wurde.


ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၏ ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းသို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ တက်ရောက်အမှာစကား‌ ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာ
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

တိုက်ပွဲသတင်းထုတ်ပြန်ချက်

ပင်လည်ဘူးမြို့အား တိုက်ခိုက်သိမ်းပိုက်
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးအား ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့တွင် စတင်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးတွင် ယခင်အခြေချနေသော ရန်သူ့အင်အားအပြင် Mi-17 ဖြင့် (၂၁) ကြိမ် တပ်ကူပို့ဆောင်ခဲ့ရာ ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)၊ ရဲ နှင့် SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား (၇၇၂) ဦးထိ ရှိခဲ့သည်။

ပင်လည်ဘူးမြို့အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၇)၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ စစ်ကိုင်းတိုင်းဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၂၊ ၅၃) ၊ ပကဖ (စစ်ကိုင်းတိုင်း/ ကောလင်းခရိုင်/ ရွှေဘိုခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ်ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး/ ရွှေဘိုခရိုင် ပကဖ/ ပင်လည်ဘူးမြို့နယ် ပကဖ/ ကောလင်းမြို့နယ် ပကဖ/ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့က (၅၄) ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၇၀) ဦးခန့် သေဆုံးပြီး (၂၇၅) ဦး ပျောက်ဆုံး၍ (၂၂၅) ဦး ထိခိုက်ဒဏ်ရာရ (၆၀-ဦး စိုးရိမ်ရ)သည်။ မိမိတို့ထံသို့ အလင်းဝင်ရောက်လာသူ (၄၈) ဦးရှိပြီး စစ်သုံ့ပန်း (၁၀၂) ဦး ဖမ်းဆီးရမိသည်။

ရန်သူ့တပ်သားများကို စစ်ဆေးရာတွင် မူးယစ်ဆေးဝါးများ သုံးစွဲထားသည်ကို တွေ့ရှိရပြီး ရန်သူ့ တပ်များ အဓိက အခြေပြုနေသည့် ရဲစခန်းအတွင်းမှ ဘိန်းမဲအထုပ် (၁၈) ထုပ် (ခန့်မှန်း ၁ ပိဿာထုပ်)၊ ဘိန်းဖြူ(ဆပ်ပြာခွက်) (၁၃၅၂) ခု၊ ဘိန်းဖြူ (အထုပ်သေး) (၁၂၈၅) ခု သိမ်းဆည်း ရမိခဲ့သည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ Y-8/ 12၊ Yak-130/ Mig-29/ FTC-2000G/ K-8W၊ Mi-2/ 17/ 35၊ ကင်းထောက်လေယာဉ်တို့ဖြင့် အကြိမ်ရေ (၆၇၀) ကျော်၊ ဗုံးသီး အလုံးရေ (၅၀၀၀) ကျော်ကြဲချ တိုက်ခိုက်ခဲ့ကြသည်။

ရန်သူ့ထံမှ လက်နက်ကြီး/ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အမြားနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

ပင်လည်ဘူးမြို့သည် ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့များနှင့်ဆက်စပ်နေပြီး ဧရာဝတီ မြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ဝှမ်း ဆက်သွယ်သော လမ်းကြောင်းပေါ်မှ မဟာဗျူဟာကျသည့် မြို့ဖြစ်သည်။ ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက် နိုင်ခြင်းကြောင့် ရန်သူ့တပ်၏ အရေးပါသော ခံစစ်လိုင်းတခု ချိုးဖျက်နိုင်ခဲ့ပြီး PDF တပ်မတော်၏ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့သည်။ မြေပြန့်ဒေသတွင် ထုအင်အား ဖြင့် ဆင်နွှဲသော မဟာဗျူဟာထိုးစစ်၏ အရေးကြီးသော အောင်ပွဲကို ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ပြည်သူ့တော်လှန်ရေး ၃နှစ်တာ ကာလအတွင်း (၅) ကြိမ်မြောက် ဆင်နွှဲခဲ့ရပြီးနောက် အောင်ပွဲခံနိုင်ခဲ့ခြင်း ဖြစ်သည်။စစ်ဆင်ရေးများအတွင်း မဆုတ်မနစ်သော ဇွဲသတ္တိ ဖြင့် အသက်၊ခန္ဓာကိုယ်တို့ကို ပေးဆပ်စွန့်လွှတ်သွားသည့် ပြည်သူ့တော်လှန်ရေး ရဲဘော်များကို ဂုဏ်ပြုဦးညွှတ်လျက် ယခုအောင်ပွဲမှ ရရှိသော အောင်စိတ်ဖြင့် တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက် ကြိုးပမ်းအားထုတ်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။