Dernières publications de MMWeather (@mmweather) sur Telegram

Publications du canal MMWeather

MMWeather
မိုးလေဝသနှင့်ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကိုသာ မျှဝေတင်ပြပေးနေသည့် Channel ဖြစ်ပါသည်။
53,981 abonnés
4,576 photos
76 vidéos
Dernière mise à jour 01.03.2025 00:56

Canaux similaires

Le dernier contenu partagé par MMWeather sur Telegram


တနင်္သာရီတိုင်းတောင်ဘက်အစွန်က ကော့သောင်းမြို့မှာ ၂၄-၂၅ ၃ ရက် မိုးအနည်းငယ်မှ မိုးအသင့်အတင့်(၂၅ မီလီမီတာ ၁ လက်မနီးပါးခန့်)ရွာနိုင်ကြောင်း၊ လေတိုက်နှုန်းတနာရီ ၇ မိုင်မှ GUST ၃၂ မိုင်အထိရှိနိုင်ကြောင်း တွေ့ရပါတယ်။
ဒီနေ့ ၂၃ ရက်နေ့မှာလဲ မိုးအနည်းငယ်(၇ မီလီမီတာ)ရွာပြီး လေတိုက်နှုန်း ၄ မိုင်မှ GUST ၁၃ မိုင်အထိ ရှိနိုင်ကြောင်းတွေ့ရပါတယ်။
အရှေ့-အရှေ့မြောက်ဘက်မှ လှိုင်းအမြင့် ၀.၂ မီတာ(၀.၆၆ ပေ)ခန့်ရှိကြောင်းလည်း တွေ့ရပါတယ်။
ဒီနေ့ ကော့သောင်းမြို့ရဲ့ မိုးရွာ/လေတိုက်ခဲ့တဲ့ အခြေအနေကို Analyse လုပ်နိုင်ရန်အတွက် ကော့သောင်းမြို့ခံများမှ (ကျေးဇူးပြု၍)မျှဝေပေးစေချင်ပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ နေပြည်တော်၊ ပဲခူးတိုင်း(အရှေ့/အနောက်)၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးရွာနိုင်တဲ့အခြေအနေများကို ကြိုတင်ခန့်မှန်းချက်တွေအနေနဲ့ တင်ပေးထားပြီးပါပြီ။

ဒေသအလိုက် ၄၈ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအထက် ရွာနိုင်တဲ့/သတိထားရမဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများရဲ့ ကြိုတင်ခန့်မှန်းချက်တွေလဲ တင်ပေးထားပြီးပါပြီ။

Target date တွေက ဖေဖေါ်ဝါရီ ၂၄/၂၅ - ၂ ရက်ဖြစ်တာကြောင့် အဲ့ဒီရက်တွေမှာ Realtime အခြေအနေတွေက ဘယ်လိုဖြစ်လာနိုင်မယ်ဆိုတာကို AWN Weather Station များမှ တဆင့် Monitor လုပ်နေပါတယ်။

မြန်မာပြည်ထဲက တပ်ဆင်ပြီး Weather Station များအပြင်၊ ဗီယက်နမ်ကမ်းခြေက စ ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းက WS တွေရဲ့ အချက်အလက်တွေကိုပါ စောင့်ကြည့်(Monitor လုပ်)နေပါတယ်။

ပြည်နယ်နဲ့ တိုင်းတွေအလိုက် အခုလို ထူးခြားမိုးလေဝသအခြေအနေ(အချိန်အခါမဟုတ်မိုးရွာခြင်း)ဆိုတာမျိုးဖြစ်လာတဲ့အခါ MMWeather Knowledge Site မှာ တင်ပေးထားတဲ့ "ပြည်နယ်တိုင်းမြို့ကြီးများနှင့်အခြားမြို့များ၏ ၄ ရက်စာ မိုးလေဝသအခြေအနေ" စာမျက်နှာမှာ ကြည့်ကြပြီး ကိုယ်တိုင်ခန့်မှန်းကြစေချင်ပါတယ်။
၄ ရက်ထက်ပိုသော ကြိုတင်ခန့်မှန်းချက်က မတိကျနိုင်တာကြောင့် ၄ ရက်အတွက် Weather Widget တွေကိုဘဲ ပြင်ဆင်ရေးပေးထားတာဖြစ်ပါတယ်။
https://www.mmweather.org/divisional-cities-weather

ဒီစာမျက်နှာရေးဖို့အတွက် လ နဲ့ချီအချိန်ယူရပြီး ၂၀၂၄ ခုနှစ်မိုးရာသီကုန်ကာနီးကျမှ အဆုံးသတ်နိုင်ခဲ့တာပါ။
အခုအချိန်အထိလဲ ပြင်ဆင်ဘို့နဲ့ ထပ်မံဖြည့်ပေးဘို့ လိုအပ်တဲ့ Coding တွေ ထပ်လုပ်ပေးနေရတုန်းပါဘဲ။

MMWeather Website ကိုလဲ အတော်အချိန်ယူပြီး တယောက်ထဲအားနဲ့ ပြင်ဆင်ခဲ့ရတာကြောင့် လိုအပ်ချက်တွေရှိရင် ခွင့်လွှတ်ပေးကြစေချင်ပါတယ်။
Site အခြေအနေတွေကိုလဲ ၂၄ နာရီ အလိုအလျှောက်စောင့်ကြည့်စနစ်နဲ့ စောင့်ကြည့်နေပါတယ်။

Website Home Page မှာ ပေးထားတဲ့ message ကို ဖတ်ကြည့်ကြပြီးတော့ သဘာဝဘေးကြောင့် အသက်ဆုံးရှုံးထိခိုက်မှုတွေလျှော့ချနိုင်အောင် ဝိုင်းဝန်းကူညီကြစေချင်ပါတယ်။
https://www.mmweather.org/home

ဖေဖေါ်ဝါရီ ၂၄-၂၅ ရက် ၂ ရက်အတွင်း ပဲခူးတိုင်းမိုးရွာနိုင်ချေခန့်မှန်း
ဖေဖေါ်ဝါရီလ ၂၂ ရက်၊ ည ၉ နာရီ ၂၀ မိနစ်၊
(Meteoblue Weather widget + Windy sounding data)
====
လာမဲ့ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ ပဲခူးတိုင်း အရှေ့ခြမ်းရော အနောက်ခြမ်းရော မိုးရွာနိုင်မဲ့ အခြေအနေတွေ ရှိပါတယ်၊ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ မီလီမီတာနဲ့ အထက်(၀.၄ လက်မနှင့် အထက်)ရွာနိုင်ချေရှိသောမြို့တွေလဲ များပါတယ်။

Sounding result တွေအရ ပဲခူးတိုင်းအပေါ် အမြင့်ပေ ၅၀၀၀ မှ ၁၅၀၀၀ အတွင်း မိုးတိမ်ဖြစ်ထွန်းမှုတွေ ရှိလာပြီး၊ အပူချိန်-ငွေ့ရည်ဖွဲ့အမှတ်(Temperature vs Dew Point)နီးစပ်မှုဖြစ်နေတာကြောင့် မိုးသေချာပေါက်ရွာနိုင်မယ်လို့ ပြောလို့ ရပါတယ်။ လေတိုက်နှုန်းကတော့ တောင်ဘက်အရပ်မှ တနာရီ ၁၃ မိုင်အထိ ရှိနိုင်ကြောင်းတွေ့ရပါတယ်။

ရှမ်းပြည်နယ်-ရှမ်း(အရှေ့)တာချီလိတ်ခရိုင်ဘက်မတော့ မိုးနည်းတာထက် ပိုပြီးမိုအသင့်အတင့်အထိ ရွာနိုင်ပါတယ်။ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၉ မီလီမီတာ(၀.၇၄ လက်မ)အထိရွာနိုင်ပါတယ်။ တာချီလိတ်နဲ့ နီးတဲ့ ကျိုင်းတုံမှာတော့ ၂၄ - ၂၅ ရက်နေ့တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၆ မီလီမီတာ(၀.၆၂ လက်မ)ရွာနိုင်မယ်လို့ တွေ့ရပါတယ်။ ပုံပါကျင်မှာလဲ ၂၅ ရက်နေ့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၉ မီလီမီတာ(၀.၇၅ လက်မ)ရွာနိုင်ကြောင်းတွေ့ရပါတယ်။
ရှမ်းပြည်နယ်အတွင်းက မိုးအသင့်အတင့်ရွာနိုင်တဲ့ ဒေသနောက်တခုက ရှမ်းပြည်နယ်တောင်ပိုင်းမှ ကျိုင်းတောင်း မှာပါ။ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၆ မီလီမီတာ(၁.၀၂ လက်မ)ရွာနိုင်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ မိုးကျနိုင်တဲ့ အခြေအနေအတော်ကိုနည်းတာတွေ့ရပါတယ်။
https://www.mmweather.org/divisional-cities.../shan-state

မြန်မာပြည်ထဲမှာ မိုးရွာနိုင်မဲ့ အခြေအနေက ၂၄ နာရီအတွင်း မိုးရေချိန် ၀.၄ လက်မ မကျော်ပါ။ အချိန်အခါမဟုတ်မိုး ဖြစ်တာကြောင့် မိုးများမှာလည်းမဟုတ်ပါ။ လေတိုက်နှုန်းကတော့ ဒေသအလိုက် တနာရီ ၁၅ မိုင်မှ မိုင် ၂၀ ခန့်(Gust)ရှိနိုင်ပါတယ်။
ECMWF AI forecast

ဧရာဝတီတိုင်း မြို့တော် ပုသိမ်မှာတော့ ၂၄-၂၅ ၂ ရက် မိုးရွာရန်ရာခိုင်နှုန်းက ၇၁% ၇၅% တွေ ရှိနေတယ်၊ ၂၄ နာရီ အတွင်းရွာနိုင်တဲ့ မိုးရေချိန်က ၄ မီလီမီတာ(၀.၁၆ လက်မ) ဆိုတော့ မိုးရွာတောင် အလွန် နည်းနည်း-ပါးပါးပါဘဲ။
ဧရာဝတီတိုင်းရဲ့ ကျန်တဲ့ မြို့တွေ ကိုယ်တိုင်ကြည့်ကြပါ
https://www.mmweather.org/divisional-cities.../ayarwaddy-div

ဖေဖေါ်ဝါရီ ၂၄ ရက်နေ့ ရန်ကုန်မြို့မှာ မိုးရွာသွန်းနိုင်တဲ့အခြေအနေ ကြိုတင်ခန့်မှန်း
(ဖေဖေါ်ဝါရီ ၂၂ ရက် နံနက် ၁ နာရီ Metroblue data)
====

ဖေဖေါ်ဝါရီ ၂၄ ရက်နေ့မှာ၊ ရန်ကုန်မြို့မိုးရွာသွန်းနိုင်မဲ့ အခြေအနေက မြို့နယ်အားလုံးမှာ ရွာရန်ရာခိုင်နှုန်းအားဖြင့် ၆၀ မှ ၇၅ ရာခိုင်နှုန်းအထိရှိနေပြီး မိုးရေချိန် ၂၄ နာရီအတွင် ၈ မီလီမီတာ(၀.၃၁၅ လက်မ) ခန့်ရှိနိုင်မှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်မှာတွေ့ရတာကြောင့် မိုးအနည်းငယ်ရွာနိုင်မယ်လို့ပဲ MMWeather အနေနဲ့ကြိုတင်ခန့်မှန်းရပါတယ်။

၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ အပူချိန် အမြင့်ဆုံး ၃၆°C (ခံစားရတဲ့ အပူချိန် - Temperature Feels Like) က ၄၁°C အထိရှိနိုင်ကြောင်း၊

မိုးရွာနိုင်မယ်လို့ ခန့်မှန်းတဲ့ ၂၄ ရက်နေ့(တနင်္လာနေ့)မှာတော့ ၃၃ °C အထိအပူချိန်အနည်းငယ်လျော့နိုင်ကြောင်း၊

ညဘက် နဲ့ နံနက်စောစောအပူချိန်တွေက ၂၄°C မှ ၂၈°C အထိရှိပြီး အအေးပေါ့နေမှာဖြစ်ကြောင်း တွေ့ရပါတယ်။

https://www.mmweather.org/divisional-cities-weather/yangon-div

မန္တလေးတိုင်း(ကျောက်ဆည်)နဲ့ ရှမ်း-တောင်(ကလော-တောင်ကြီး) အပူချိန်ကွာခြားချက်။
ဖေဖေါ်ဝါရီ ၂၁ ရက် ညနေ ၄ နာရီ ၂၀ မိနစ်။

ဖေဖေါ်ဝါရီ ၂၂ မှ မတ်လ ၄ ရက်အထိ မိုးရွာသွန်းနိုင်မည့် အခြေအနေ ECMWF-AI model ကြိုတင်ခန့်မှန်း animation.
၂၄ နာရီ မိုးရေချိန်လဲ မများ(၁ လက်မတောင် မပြည့်ပါ)
မိုးအနည်းအများရည်ညွန်းအရောင်တွေက အပြာရောင်က မိုးများတဲ့အခြေအနေကို ရည်ညွှန်းပါတယ်။
ထိုင်းနိုင်ငံ အနောက်မြောက်ဒေသတွေမှာတော့ မိုးများနိုင်ပြီး မြန်မာပြည်ဘက်မှာတော့ မိုးအနည်းငယ်မှ အသင့်အတင့်သာ ရှိနိုင်ပါမယ်။

ဖေဖေါ်ဝါရီ ၂၇-၂၈ နောက်ပိုင်းမှာ မွန်-တနင်္သာရီနဲ့ ကချင်ပြည်နယ်ဒေသတွေမှ အပ တပြည်လုံးမှာ မိုးရွာတာ ပြန်ရပ်သွားပါလိမ့်မယ်။