MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

@mmsubtitlemovi


MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

23 Oct, 08:30


မြွေဖမ်းသမားနဲ့မြွေသူမလေးရဲ့အချစ်ဇာတ်လမ်း

➪➪➪➪➪➪➪➪➪➪➪➪➪➪

White Snake (မြန်မာစာတန်းထိုး)

ဒီအန်နီမေးရှင်း ဇာတ်လမ်းလေးကတော့ တရုတ်ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ မြွေဖြူမိစ္ဆာအကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်
ဒီဇာတ်လမ်းကို အခြေခံပြီး ရှေ့မှာလည်း Live action ရော animation တွေရော ပုံစံအမျိုးမျိုး ထွက်ခဲ့ဖူးပေမယ့် အခုကတော့ ပိုကောင်းတဲ့ animation ရုပ်ထွက်တွေနဲ့ ပိုပြီးကြည့်ကောင်းလာပါပြီရိုက်ချက်အလန်းတွေ နောက်ခံတီးလုံးအလန်းတွေ လှပတဲ့ရှုခင်းတွေနဲ့ ကြည့်ရှူသူကို ဆွဲဆောင်သွားမှာပါ…ဒီတော့ အားပေးကြည့်ရှူကြပါဦးလို။


ဇာတ်ကားလင့်👇👇
https://t.me/msmcartoon/638

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

23 Oct, 08:28


❝ အာဏာသိမ်းနိုင်ငံဖြစ်တဲ့ မိုဂါဒီရှူနိုင်ငံကနေ ထွက်ပြေးဖို့ကြိုးစား ကြတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား သံအမတ်များ ❞

Escape from Mogadishu ( 2021 )

ကိုရီးယား Box Office မှာ နံပါတ် တစ်နေရာကိုရက်သတ္တပတ်ပေါင်းများစွာ နေရာယူခဲ့ပြီး လက်ရှိမှာ ၂၀၂၁ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် ရပ်တည်နေတဲ့ Escape from Mogadishu ကို တင်ဆက်ပေးလိုက်ပါတယ်။

မိုဂါဒီရှူကနေ ထွက်ပြေးကြတာကို ရိုက်ထားတာပါပဲ။၁၉၉၁ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။

ဘယ်လိုထွက်ပြေးကြလဲ ဆိုတော့ တောင် နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံ သံရုံးဝန်ထမ်းတွေ ပေါင်းပြီး ထွက်ပြေးကြတာပါ။ ဆိုမာလီယား နိုင်ငံ ရဲ့ မြို့တော် မိုဂါဒီရှူမှာအာဏာရှင်အစိုးရကို မကျေနပ်တဲ့ ပြည်သူတွေကြောင့်အဓိကရုဏ်း ဖြစ်ပါတော့တယ်။ ဒီကြားထဲမှာ ညပ်တာကတော့ သံရုံးဝန်ထမ်းတွေပါပဲ။ ဒီနိုင်ငံမှာ ဆက်နေရင် ဒီအဖြစ်နဲ့ ဆက်ကြုံရမယ်။ ဒီတော့ထွက်ပြေးဖို့ လုပ်ရတာပါပဲ။ထွက်ပြေးတဲ့အချိန်မှာတော့တောင် နဲ့ မြောက် ပူးပေါင်းပြီး ထွက်ပြေးဖို့ စီစဉ်ကြတဲ့အကြောင်းပါ။

ဇာတ်ကားလင့်👇👇
https://t.me/MSMKorea/650

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

23 Oct, 08:28


𝐍𝐨 𝐌𝐨𝐫𝐞 𝐁𝐞𝐭𝐬 (𝟐𝟎𝟐𝟑)

EXO(lay) ပါဝင်ထားတဲ့ China Box Office ရဲ့ထိပ်ဆုံး နေရာကို ရယူထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ "No More Bets"က တရုတ်-မြန်မာနယ်စပ်ကကြောက်စရာ ဖြစ်ရပ်မှန် မှုခင်းဇာတ်လမ်းတွေကို အခြေခံရိုက်ကူးထားတာပါ။

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း မူဆယ်၊လောက်ကိုင်တိုလို တရုတ်-မြန်မာနယ်စပ်မြိုတွေကနေ တာချီလိတ်၊မြဝတီတိုလို ထိုင်း-မြန်မာနယ်စပ်မြိုတွေအထိ တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေကြတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း ("ကျာ့ဖြန့်"လို အလွယ်ခေါ်ကြတဲ့လုပ်ငန်း)မှာ ခိုင်းစေခံရတဲ့ လူတွေရဲ့ဘဝဇာတ်ကြောင်းပါ။ ဇာတ်လမ်းမှာတော့ ဇာတ်လိုက်မင်းသားက ပရိုဂရမ်မာ၊မင်းသမီးက မော်ဒယ်တစ်ယောက်ပါ။ သူတိုနှစ်ဦးဟာ လောဘကြောင့် လူကုန်ကူးခံရပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်တဲ့ အဖွဲအစည်းအောက်ကို ရောက်သွားခဲ့တယ်။ ကျွန်စခန်းထဲမှာပဲ ပိတ်မိနေပြီး လိမ်လည်သူတွေအဖြစ်ခိုင်းစားခံခဲ့ရတယ်။ အဲဒီငရဲတွင်းထဲက သူတိုရဲ့ဘဝနဲ့ ငါးမြားချိတ်က လောင်းကစားသမားတွေရဲ့ ဘဝပျက်ခြင်းအကြောင်းတရားတွေကို  ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်...

ဇာတ်ကားလင့်👇👇
https://t.me/MSMChinaMovie/601

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

23 Oct, 08:27


Bh.....aiyy...a J...i (2024) အက်ရှင်ဇာတ်ကြမ်းကားသစ်

”အစ်ကိုကြီး အဖအရာ”
=========================

The Family Man ထဲက သဘာဝမင်းသားကြီး
မာနို့ဂျ်ရဲ့ IMDb 6.6/10 ရ ကလဲ့စား
အက်ရှင်သည်းထိတ်ရင်ဖိုရုပ်ရှင်အသစ် ott ထွက်ရှိလို့လာပြီ။

ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ်ထဲက ဖြစ်ရပ်မှန်တွေပေါ်မှာ
အခြေခံထားတယ်လို့လည်း ဒါရိုက်တာဖြစ်သူက ပြောပြထားပါတယ်။

ဇာတ်လမ်းကတော့ မာနို့ဂျ်သရုပ်ဆောင်ထားတဲ့ ဇာတ်လိုက်ဖြစ်သူ ရမ်ချာရန်ရဲ့ မင်္ဂလာပွဲအတွက်
သူ့ရဲ့ညီဖြစ်သူဟာ သူတို့ရဲ့ မွေးရပ်မြို့ဆီကို ပြန်လာနေတုန်းမှာ အကြောင်းပြချက်မရှိ
ပျောက်ဆုံးသွားတဲ့အတွက် ရမ်ချာရန်တစ်ယောက် လိုက်ရှာဖို့ကြိုးစားရင်း တစ်နွယ်ငင်တစင်ပါဆိုသလို
အမှိုက်ကစ ပြဿာဒ်မီးလောင်ကာ နိုင်ငံရေးသမား အကောင်ကြီးကြီးတွေနဲ့ငြိပြီး
မီးခိုးကြွက်လျှောက်ဖြစ်ပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။

သဘာဝမင်းသားကြီး မာနို့ဂျ်ရဲ့ အက်ရှင်အကြမ်းပတမ်းတွေကို မြင်တွေ့ရမှာဖြစ်လို့
အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာ ဘောလိဝုဒ်အဖွဲ့သားတွေကနေ
ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။


ဇာတ်ကားလင့်👇👇
https://t.me/MSMIndian/844

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

23 Oct, 08:27


Guardians [2017]

စစ်အေးခေတ်ကာလမှာ အမေရိကန် နဲ့ ဆိုဗီယက်ယူနီယမ် တို့မှာလက်နက်တွေအပြိုင်အဆိုင်တီထွင်ခဲ့ကျပီးတော့အားပြိုင်နေခဲ့ကျတယ်

သူတို့တွေရဲ့စစ်တပ်အသီးသီးကိုအင်အားတိုးပွားလာအောင်ပြုလုပ်ခဲ့ကျတယ်

ဆိုဗီယက် က Patriot ဆိုတဲ့ပရောဂျက်တစ်ခုကိုစတင်ခဲ့ပီလူသားတွေရဲ့မျိုးရိုးဗီဇတွေကိုပြောင်းလဲပီးတော့စွမ်းအားတွေရရှိလာအောင်လုပ်ပေးဖို့ကြိုးစားခဲ့ကျတယ်

အော်ဂတ်ကူရာတို နဲ့ ဗစ်တာဂိုဗမ်နော့စ် တို့ကအဲ့ပရောဂျက်ကိုဦးဆောင်လုပ်ခဲ့ကျတာဖြစ်တယ်

ဒါပင်မဲ့ ဂိုဗမ်နော့စ် ကအောင်မြင်မှုတွေရရှိခဲ့ပီးလူတွေလဲချီးကျူးမှုခံနေရတဲ့အချိန်မှာကူရာတို က တော့ကျဆုံးမှုတွေနဲ့ကြုံတွေ့နေခဲ့ရတယ်

ကူရာတို ဟာသူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အတော်ဆုံးသိပ္ပံပညာရှင်ဖြစ်ရေးဆိုတဲ့ဟာကဂိုဗမ်နော့စ် ဆီရောက်သွားတော့မှာလို့ခံစားလာရတဲ့အချိန်မှာသူသုတေသနအောင်မြင်လာဖို့အတွက်လူသားတွေကိုပါစမ်းသပ်မှုတွေပြလုပ်လာခဲ့တယ်

အဲ့ဒါကိုအစိုးရကသိရှိသွားပီးတော့သူ့ရဲ့စမ်းသပ်မှုတွေကိုပိတ်ပင်ခဲ့ပီးသူ့ကိုဖမ်းဆီးစေခဲ့တယ် ဒါပင်မဲ့ကူရာတို ကအဖမ်းမခံခဲ့ဘဲနဲ့သူ့ရဲ့ဓာတ်ခွဲခန်းကိုပါပေါက်ကွဲခဲ့ပီးထွက်ပြေးသွားခဲ့တယ်

ဇာတ်ကားလင့်👇👇
https://t.me/MSMHollywood/739

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

13 Oct, 03:51


Seoul Busters (2024)

နိုင်ငံရဲ့ အညံ့ဆုံးစုံထောက်အဖွဲ နဲ့ ထိပ်တန်းအကြမ်းဖက်မှုခင်းအဖွဲခေါင်းဆောင်တို ပေါင်းပြီး အကောင်းဆုံးအဖွဲတစ်ခုဖြစ်လာကာ ရာဇ၀တ်မှုတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ကူးထားတာမလို မိသားစုနဲ့အတူအပန်းဖြေရင်း ကြည့်ရှုလိုရတဲ့ကားလေးပဲဖြစ်ပါတယ်။


အပိုင်း - ၁

အပိုင်း - ၂

အပိုင်း - ၃


အပိုင်း - ၄

အပိုင်း - ၅

အပိုင်း - ၆

အပိုင်း - ၇

အပိုင်း - ၈

အပိုင်း - ၉

အပိုင်း - ၁၀

အပိုင်း - ၁၁

အပိုင်း - ၁၂

Korea ကားကြိုက်သူများအတွက်👇
https://t.me/MSMKorea

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

13 Oct, 03:51


အသတ်အဖြတ်ခန်းတွေ ကြမ်းတာမို့ ကလေးတွေ မကြည့်သင့်တဲ့ ရုပ်ရှင်

Azrael (2024)
===========

.L. Katz ရိုက်ကူးထားတဲ့ ဟော်ရာ အက်ရှင် ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ချီဆောင်ခြင်းခေါ် ခရစ်ယာန်ဘာသာရေးယုံကြည်မှုအရ ကမ္ဘာကြီးရဲ့ အဆုံးသတ်အပြီးနှစ်အတော်ကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ကမ္ဘာပေါ်မှာ ရှိတဲ့ အသက်ရှင်ကျန်တဲ့လူနည်းစုတွေအကြောင်းပါပဲ။အဲဒီထဲက လူအတော်များများကလည်း စကားမပြောကြတော့ဘူးဖြစ်ပါတယ်။အဓိက သရုပ်ဆောင် မင်းသမီးကတော့ အကျဉ်းစခန်းတစ်ခုထဲကနေထွက်ပြေးလာတဲ့သူဖြစ်ပြီး သူ့ကို ရှေးဟောင်းမကောင်းဆိုးရွားတစ်ကောင်ဆီမှာ ယဇ်ပူဇော်ဖို့ ကြိုးစားတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ရင်ဆိုင်ရပြီးအသက်ရှင်ဖို့ ရုန်းကန်တိုက်ခိုက်ရပုံတွေကို ပြထားတာဖြစ်ပါတယ်။
အသတ်အဖြတ်ခန်းတွေ ကြမ်းတာမို့ ကလေးတွေ မကြည့်သင့်ကြောင်းတော့သတိပေးလိုပါတယ်။


ဇာတ်ကားလင့်👇👇
https://t.me/MSMHollywood/737

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

13 Oct, 03:51


Bra.....hmas.....tra P.....art O.....ne: S...hiv.....a 2022

တစ်ရက် ဟိမဝန္တာတောင်ပေါ်မှာ တရားကျင့်ကြံအားထုတ်နေတဲ့ ရသေ့ရဟန်းတွေဆီကို
အလင်းတန်းတစ်ခုကျရောက်လာခဲ့ပြီး ဘုရားသခင်က သူတို့ကို အက်စသရ(စွမ်းအင်လက်နက်)တွေ
ချီးမြှင့်ခဲ့တယ်

အဲ့ဒီအက်စသရတွေနဲ့အတူ Lord Shiva ရဲ့ Almighty Weapon ကြီးဖြစ်တဲ့ ဗရမာစသရပါ ပေါ်ပေါက်လာခဲ့တယ်

အဲ့ဒီအက်စသရကို ပိုင်ဆိုင်တဲ့သူဟာ လောကခပ်သိမ်းကို အသစ်တစ်ဖန် ဖန်ဆင်းနိုင်သလို အရာခပ်သိမ်းကိုလည်းဖျက်ဆီးနိုင်စွမ်းရှိတယ်...

ဒါကြောင့် ဗရမန့်ချ်ဆိုတဲ့စောင့်ရှောက်ရေးအဖွဲ့အစည်းတစ်ခုက ဒီ ဗရမာစသရကို အပိုင်းသုံးပိုင်းပိုင်းပြီး ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြတယ်

ဒီဗရမာစသရကို လိုချင်နေတဲ့ အဖျက်မုဆိုးအဖွဲ့အစည်းတစ်ခုကလည်း ရှိနေတယ်

ရှီဗား..
သူကတော့ တစ်ရက် လူတစ်ယောက်ကို အဖွဲ့တစ်ဖွဲ့က သတ်ဖြတ်နေတာကိုသူ့အမြင်ထဲမှာ ပေါ်လာခဲ့တယ်...

နောက်တော့ သူ့အမြင်ထဲက အသတ်ခံရတဲ့သူဟာ
အပြင်မှာ တကယ်သေဆုံးသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့...။

သူဟာ ဒီလျှို့ဝှက်ချက်ကြီးကို စတင်ရှာဖွေလာပါတော့တယ်...

ဇာတ်ကားလင့်👇👇
https://t.me/MSMIndian/842

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

13 Oct, 03:50


𝔼𝕟𝕔𝕒𝕟𝕥𝕠ဆိုတာက တောင်အမေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်နေရာလေးတစ်ခုပါ၊

ဒီနေရာမှာ မှော်အစွမ်းတွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို 𝔼𝕟𝕔𝕒𝕟𝕥𝕠ဒေသလေးကိုထိန်းသိမ်းပေးဖို့ ဒေသနေပြည်သူတွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်တွေကို မျိုးဆက်အဆင့်ဆင့် လက်ဆောင်ပေးခဲ့ပါတယ်၊

ဒါကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီးလေး မီရာဘယ်ကလွဲရင်ပေါ့၊

တစ်နေ့မှာတော့ 𝔼𝕟𝕔𝕒𝕟𝕥𝕠ကို မလိုလားအပ်တဲ့ အမှောင်စွမ်းအင်ထုကြီး ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်လေး အနေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊

သူမဘာကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ မှော်အစွမ်းရအောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ။


ဇာတ်ကားလင့်👇👇
https://t.me/msmcartoon/636

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

13 Oct, 03:50


Rampant (2018) မြန်မာစာတန်းထိုး

လီချွမ်ဟာ ဂျိုဆွန်းမင်းသား တစ်ပါးဖြစ်ပြီး စစ်ရှုံးခဲ့တဲ့အတွက် ချင်မင်းဆက်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပါ တယ်။လီချွမ်ဟာ အရမ်းတော်တဲ့ ဓားသမားတစ်ယောက်ပါ။တစ်ရက်မှာတော့ လီချွမ်ရဲ့ အစ်ကို အိမ်ရှေ့မင်းသား လီ ယောင်ဟာ ဂျိုဆွန်းထီးနန်းပြန်ရခဲ့ တဲ့အတွက် လီချွမ်ကို ဂျိုဆွန်းကို ပြန်ခေါ်ခဲ့ပါတယ်။လီချွမ်အဖို့ တော့ ဆယ်နှစ်ကျော်ကြာမှ ဂျိုဆွန်းမြေပေါ် ပြန်ခြေချခွင့်ရတာ ဖြစ်ပါတယ်။လီချွမ်ဂျိုဆွန်းကို ပြန်ရောက် တာနဲ့ ဂျိုဆွန်းမှာ ထိတ်လန့်ဖွယ် ရာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လို့နေပါတယ်။
အဲဒါကတော့ ကြောက်စရာ မကောင်းဆိုးဝါး တွေ ညအချိန်ထကြွသောင်းကျန်း တာမို့ လူတွေအစုလိုက်၊ အပြုံ လိုက် သေဆုံးခဲ့ရလို့ပါ။လူအချင်းချင်း တစ်ယောက် နဲ့ တစ်ယောက် ကိုက်ဖြတ်သတ် ဖြတ်ရင်း ရောဂါတွေကူးကုန်တာ ဘယ်လိုမှ ထိန်းမနိုင်တဲ့ အနေ အထားအထိအောင် ဖြစ်ခဲ့တာ နန်းတော်ထဲအထိပါ ရောက်လာ ပါတော့တယ်။အဲဒီအခါမှာတော့ မင်းကြီး လီယောင်၊ လီချွမ်နဲ့ မင်းကြီးလူယုံ တော် ကင်ဂျာဂျွန်တို့ဟာ တစ်တိုင်း ပြည်လုံးနီးပါး ကူးစက်ခံနေရတဲ့ ရောဂါဆိုးကိုဘယ်လိုတွေ နှိမ် နင်းမှာလဲဆိုတာ ဆက်ကြည့်ရအောင်လို့ ။


ဇာတ်ကားလင့်👇👇
https://t.me/MSMChinaMovie/599

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

12 Oct, 14:18


MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ pinned «»

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

12 Oct, 09:12


The Desperate Chase (2024)

ဇာတ်လမ်းကတော့ ဂျယ်ဂျူကျွန်းမှာ Gold Medi Valley လို့ခေါ်တဲ့ ဆေးဌာနကြီးကို
ဖွင့်ဖို့လုပ်ရင်း ဒေါသကြီးပြီး ပြဿနာရှာနေကျ စုံထောက်နဲ့ ရုပ်ပြောင်းရုပ်လွှဲလုပ်ပြီး
လိမ်စားနေကျ အကြီးစားလူလိမ်တို့ ထိပ်တိုက်တွေ့ကြရာကနေ စတင်လာခဲ့တာပါ။
ဂင်အင်ဟယ် ကတော့ သရုပ်မှန်ကို မမှတ်မိအောင်ဖုံးကွယ်ပြီး
ရုပ်ဖျက်ရင်းလိုက်လိမ်နေတဲ့ လူလိမ်ဆရာကြီးဖြစ်ပြီး ဂျိုဆူဂွမ် ကတော့ဒေါသမထိန်းနိုင်ဘဲ အမြဲတမ်းဝုန်းဒိုင်းကြဲနေပြီး ဂြိုဟ်မွှေနေကျ စုံထောက်တစ်ယောက်ပေါ့။
ဂျယ်ဂျူကျွန်းကို မတူညီတဲ့အကြောင်းရင်းတွေနဲ့ သွားခဲ့ကြတဲ့ လူလိမ်နဲ့ စုံထောက်တို့
တွေ့လိုက်တိုင်း ရန်ဖြစ်နေကြတဲ့ သူတို့နှစ်ယောက်က ဂျူရင်းဖန်းဆိုတဲ့
အကြင်နာကင်းမဲ့တဲ့ ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးဖို့ရာ အင်အားပေါင်းစည်းဖို့ ဖြစ်လာပါတော့တယ်။
ဂျူရင်းဖန်းကရော ဂိုဏ်းကနေဘယ်လိုမတရားတဲ့ကိစ္စတွေကို ကျူးလွန်နေတာဖြစ်မလဲ..

ဇာတ်ကားလင့်👇👇
https://t.me/MSMKorea/633

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

12 Oct, 09:12


The Jungle Book ( 2016 )

ဇတ်လမ်း ပုံစံကတော့ Mowgli ရဲ့ မိဘတွေဟာခြေတဖက်ကျိုး နေတဲ့ ရှီရာခန်း ဆိုတဲ့ ကျားဆိုးကြီးရဲ့ သတ်ဖြတ်ချင်းကိုခံရပြီး Mowgli လေးကတော့ ကံကောင်းပြီး လွတ်မြောက်သွားခဲ့တယ်ကျားသစ်နက်ကြီး ဘာဂီရာ က ကလေးငယ်ကိုကယ်ဆယ်ပြီး ဝံပုလွေမိသားစုဆီ ပေးခဲ့တယ်….ဝံပုလွေတွေဟာလဲ Mowgli လေးကို မိသားစုဝင်အဖြစ်လက်ခံခဲ့ပြီးသူတို အသက်ရှိနေသ၍ ကျားဆိုးကြီး ရှီရာခန်း ဆီကနေMowgli ကို ကာကွယ်ပေးမယ်လို သစ္စာဆိုခဲ့ကြတယ်…ဒီလိုနဲ့ Mowgli အရွယ်ရောက်လာတဲ့အခါသူဟာ ဝံပုလွေ တွေနဲ့ မတူတာကို သတိထားမိပြီးမေးခွန်းပေါင်းများစွာ ရှိလာခဲ့တယ်…သူ့မေးခွန်းတွေကို ဒိုင်ခံဖြေရတဲ့သူတွေကတော့ကျားသစ်နက်ကြီး ဘာဂီရာ နဲ့ ဝက်ဝံကြီး ဘာလူး တိုပဲဖြစ်ပါတယ်…..ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ Mowgli လေးကို စားသောက်ချင်နေတဲ့ရှီရာခန်းကြီး ဟာလဲ တစ်ဖြေးဖြေး နဲ့ Mowgli အနားသို ရောက်လာခဲ့သော်အခါ…


ဇာတ်ကားလင့်👇👇
https://t.me/msmcartoon/634

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

12 Oct, 09:12


PREY [2022]

Predator ရုပ်ရှင်စီးရီးထဲက အသစ်...
တစ်ကားလာပါပြီ။

The Predator (2010) နဲ့ The Predator (2018) ဆိုပြီး တင်ထားပေးပါတယ်။

ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူတွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက်ထားတာပါ။

ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီလူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံကို ပြသထားပါတယ်။အက်ရှင်အသားပေးမို တစ်ကားလုံးကြုံးနေကြတာပါပဲ။

ကြည့်လိုအတော်ကောင်းပါတယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရောမိုက်တယ် အားလုံးကြိုက်ကြမှာပါ။

ဇာတ်ကားလင့်👇👇
https://t.me/MSMHollywood/735

MSM Main Channel - မြန်မာစာတန်းထိုးဇာတ်ကားများ

12 Oct, 09:12


Uprising (2024)
*****

ဂျိုဆွန်းရဲ့ မျိုးရိုးမြင့် စစ်သည်တော် မိသားစုရဲ့ သားဖြစ်သူ ဂျုံလျော (Park Jeong Min) နဲ့
သူတို့အိမ်က အစေခံဖြစ်တဲ့ ချွန်းယောင်း (Gang Dong Won) တို့ နှစ်ဦးဟာ ရန်သူတွေအဖြစ်
ဆုံတွေ့ဖို့ ကံကြမ္မာဖန်လာခဲ့ပါတယ်။

ဓားရေးမှာ ဘယ်သူမှ လိုက်မမီအောင် အထူးကျွမ်းကျင်တဲ့ ချွန်းယောင်းဟာ
အစေခံဘဝကနေ လွတ်မြောက်ဖို့အတွက် အားကုတ်အားခဲ ကြိုးစားနေပြီး
ဂျုံလျောကတော့ အစိုးရအမှုထမ်း စာမေးပွဲ အောင်မြင်ပြီးနောက်မှာ
ဆွန်းဂျိုဘုရင်ရဲ့ သက်တော်စောင့်ဖြစ်လာခဲ့ပါတယ်။
အဆင့်အတန်းမတူညီတဲ့ ကျွန်တွေနဲ့ တရင်းတနှီး နေလေ့ရှိတဲ့ ဂျုံလျောဟာ
တစ်ခါတလေမှာ ဒီအချက်ကြောင့် အခက်ကြုံရတာမျိုးတွေ ရှိပါတယ်။
ငယ်စဉ်က ခင်မင်ခဲ့ကြတဲ့ သူတို့ နှစ်ဦးဟာ ကိုရီးယား-ဂျပန် စစ်ပွဲအတွင်းမှာတော့
တစ်ယောက်က ဆွန်းဂျိုဘုရင်ရဲ့ စစ်သည်တော် အဖြစ် နောက်တစ်ယောက်ကတော့
သစ္စာခံ စစ်သည်တော်အဖြစ်နဲ့ ဓားချင်းယှဉ်တိုက်ဖို့ ဖြစ်လာခဲ့တဲ့အခါမှာတော့..
ဂျိုဆွန်းခေတ် အင်ဂျင်းစစ်ပွဲအတွင်းက အားချင်းယှဉ်ကြမဲ့ တိုက်ကွက်တွေကို
နာမည်ကြီး သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။


ဇာတ်ကားလင့်👇👇
https://t.me/MSMChinaMovie/597

7,415

subscribers

849

photos

325

videos