🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀 @minjoon_nis_world Channel on Telegram

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

@minjoon_nis_world


🎀하리의 작은 공간🎀

Started Date:
2023년 4월 23일🪭

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀 (English)

Welcome to 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢, a magical world filled with inspiration, positivity, and creativity. This channel is dedicated to all things related to self-love, self-care, and personal growth. Whether you're looking for motivational quotes, helpful tips on mindfulness, or uplifting content to brighten your day, 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 has got you covered. Join our community of like-minded individuals who are passionate about nurturing their inner selves and spreading love and light to the world. Let 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 be your daily dose of encouragement and empowerment. Embrace the beauty of self-love and embark on a journey of growth and transformation with us. Follow us on this enchanting path towards self-discovery and personal fulfillment. Come, let's walk together hand in hand towards a brighter, more radiant future. 🌟💖✨

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

09 Feb, 13:32


𝐃𝐚𝐢𝐥𝐲 𝐇𝐚𝐛𝐢𝐭𝐬 𝐭𝐡𝐚𝐭 𝐜𝐚𝐧 𝐈𝐧𝐜𝐫𝐞𝐚𝐬𝐞 𝐀𝐧𝐱𝐢𝐞𝐭𝐲 𝐚𝐧𝐝 𝐒𝐭𝐫𝐞𝐬𝐬

Anxiety(စိုးရိမ်ပူပန်မှု) တွေ stress (စိတ်ဖိစီးမှု)တွေ များတဲ့အခါမှာ အကြံပေးချက်တွေ တော်တော်များများက journalingလုပ်ပါ၊ တရားထိုင်ပါ၊ အကောင်းမြင်စိတ်ထားပါ စသဖြင့် အကြံပေးချက်တွေ များစွာရှိပါတယ်။ 

ဒါပေမဲ့ ဟာရီတို့ နေ့စဉ်နေ့တိုင်း လုပ်မိတတ်တဲ့ အပြုအမူလေးတွေဟာလည်း anxiety နဲ့ stress ကို ပိုတိုးအောင် လုပ်မိနိုင်တယ် ဆိုတာကိုရော သိပါသလား ฅ⁠^⁠•⁠ﻌ⁠•⁠^⁠ฅ

ʕ⁠っ⁠•⁠ᴥ⁠•⁠ʔ⁠っ ဒီအရာလေးတွေကိုသာ သိထားပြီး ရှောင်ကြဉ်နိုင်မယ်ဆိုရင် anxiety နဲ့ stressတွေကို လျော့ကျ‌စေဖို့အတွက် အကူအညီဖြစ်စေမှာပဲ ဖြစ်ပါတယ်။

သင်ဟာ anxiety နဲ့ stressတွေ များတတ်တဲ့သူတစ်ယောက်ဆိုရင်တော့..အခု ဟာရီ ပြောပြပေးသွားမယ့် အရာလေးတွေကိုလည်း သေချာပေါက် သိထားသင့်ပါတယ်နော်^^

Next Post👇🏻👇🏻

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

04 Jan, 14:57


𝐍𝐨𝐭𝐢𝐜𝐞 𝐭𝐡𝐞 𝐩𝐞𝐨𝐩𝐥𝐞
𝐰𝐡𝐨 𝐚𝐫𝐞 𝐡𝐚𝐩𝐩𝐲 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐡𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬...
𝐚𝐧𝐝 𝐬𝐚𝐝 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐬𝐚𝐝𝐧𝐞𝐬𝐬.
𝐓𝐡𝐞𝐲 𝐚𝐫𝐞 𝐭𝐡𝐞 𝐨𝐧𝐞𝐬
𝐰𝐡𝐨 𝐝𝐞𝐬𝐞𝐫𝐯𝐞 𝐬𝐩𝐞𝐜𝐢𝐚𝐥 𝐩𝐥𝐚𝐜𝐞𝐬
𝐢𝐧 𝐲𝐨𝐮𝐫 𝐡𝐞𝐚𝐫𝐭.

သင့်ရဲ့ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းတွေကို အတူတူမျှဝေခံစားပေးတဲ့သူတွေကို သတိပြုပါ။

သူတို့ဟာ သင့်ရဲ့နှလုံးသားထဲမှာ
သီးသန့်နေရာပေးဖို့ ထိုက်တန်တဲ့သူတွေပါ။

🎀・༓☾ 𝑻𝒐𝒅𝒂𝒚'𝒔 𝑸𝒖𝒐𝒕𝒆 ☽༓・🎀

#𝓗𝓪𝓻𝓲 🩰
#crd_to_original_writer
#English_quote

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

02 Jan, 13:29


👸🏻𝐃𝐢𝐬𝐧𝐞𝐲 𝐓𝐫𝐮𝐞 𝐒𝐭𝐨𝐫𝐢𝐞𝐬

ဖတ်ချင်တဲ့ခေါင်းစဉ်ကို နှိပ်ပြီး ၀င်ဖတ်လို့ရပါတယ်

🕰‌˖ ࣪⭑➩Cinderella Version (1)
🧺
˖ ࣪⭑➩Cinderella Version (2)

🍎‌˖ ࣪⭑➩Snow White

🫧‌˖ ࣪⭑➩Ariel

🕯‌˖ ࣪⭑➩Belle

❄️‌˖ ࣪⭑➩Frozen

🗡‌˖ ࣪⭑➩Sleeping Beauty (Aurora)

စိတ်၀င်စားတယ်ဆိုရင် ပျင်းတဲ့အချိန်မျိုး ၀င်ဖတ်ကြည့်လို့ရပါတယ်နော်╰⁠(⁠*⁠´⁠︶⁠`⁠*⁠)⁠╯

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

31 Dec, 10:31


အာညောင်းဟာဆယ်ယိုး ယောရောဘွန်း ₍ᐢ..ᐢ₎‌

အခုဆိုရင် နှစ်သစ်ရောက်တော့မှာဖြစ်တဲ့အတွက် နှစ်သစ်မှာ ကိုယ်လုပ်ချင်တဲ့အရာတွေ၊ အောင်မြင်ချင်တဲ့ပန်းတိုင်တွေအတွက် plan တွေ ဆွဲရတော့မှာပေါ့နော်..🎊🗒

ဒီလိုမျိူး နှစ်သစ်အတွက် planတွေမဆွဲခင်..နှစ်ဟောင်းကို reflectလုပ်ဖို့ကလည်း တကယ်ကို အရေးကြီးပါတယ်နော် ဒါမှသာ နှစ်သစ်ကို နှစ်ဟောင်းနဲ့ ချိန်ညှိရင်း ကိုယ်ချချင်တဲ့ planတွေကို ပိုမိုထိရောက်စွာ ချမှန်နိုင်မှာပဲ‌ဖြစ်ပါတယ်(⁠◕⁠ᴗ⁠◕⁠✿⁠)

ဒါကြောင့် ဒီနေ့မှာတော့ reflecting on 2024 prompt လေး တချို့ တင်ပေးလိုက်ပါတယ်..

ပေးထားတဲ့ မေးခွန်းလေးတွေကို ကိုယ့်ရဲ့ စာအုပ်တစ်အုပ်ထဲမှာဖြစ်ဖြစ်၊ notepadထဲမှာဖြစ်ဖြစ် ချရေးကြည့်ပါနော်^^

Next post👇🏻👇🏻👇🏻

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

27 Dec, 13:30


Next post👇🏻👇🏻👇🏻

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

27 Dec, 05:30


𝗟𝗶𝗳𝗲 𝗶𝘀 𝗯𝗲𝘁𝘁𝗲𝗿 𝘄𝗵𝗲𝗻 𝘆𝗼𝘂 𝗰𝗿𝘆 𝗮 𝗹𝗶𝘁𝘁𝗹𝗲, 𝗹𝗮𝘂𝗴𝗵 𝗮 𝗹𝗼𝘁, 𝗮𝗻𝗱 𝗮𝗿𝗲 𝘁𝗵𝗮𝗻𝗸𝗳𝘂𝗹 𝗳𝗼𝗿 𝗲𝘃𝗲𝗿𝘆𝘁𝗵𝗶𝗻𝗴 𝘆𝗼𝘂'𝘃𝗲 𝗴𝗼𝘁.

နည်းနည်း ငို၊ များများ ရယ်မောပြီး
သင်ပိုင်ဆိုင်တဲ့အရာတွေကို‌ ကျေးဇူးတင်စိတ်လေးနဲ့ နေကြည့်မယ်ဆိုရင် ဘ၀ဟာ ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။

🎀・༓☾ 𝑻𝒐𝒅𝒂𝒚'𝒔 𝑸𝒖𝒐𝒕𝒆 ☽༓・🎀

#𝓗𝓪𝓻𝓲 🩰
#crd_to_original_writer
#English_quote

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

26 Dec, 16:06


𝑻𝒘𝒐 𝒄𝒍𝒐𝒖𝒅𝒔 𝒎𝒆𝒕 𝒖𝒑 𝒊𝒏 𝒕𝒉𝒆 𝒐𝒑𝒆𝒏 𝒔𝒌𝒚,
𝑴𝒐𝒗𝒊𝒏𝒈 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓 𝒂𝒔 𝒕𝒊𝒎𝒆 𝒑𝒂𝒔𝒔𝒆𝒅 𝒃𝒚.

𝑻𝒉𝒆𝒚 𝒉𝒖𝒈𝒈𝒆𝒅 𝒂𝒏𝒅 𝒋𝒐𝒊𝒏𝒆𝒅 𝒇𝒐𝒓 𝒂 𝒍𝒊𝒕𝒕𝒍𝒆 𝒘𝒉𝒊𝒍𝒆, 𝑻𝒉𝒆𝒏 𝒇𝒍𝒐𝒂𝒕𝒆𝒅 𝒂𝒘𝒂𝒚 𝒘𝒊𝒕𝒉 𝒂 𝒔𝒐𝒇𝒕, 𝒔𝒘𝒆𝒆𝒕 𝒔𝒎𝒊𝒍𝒆.

#𝓗𝓪𝓻𝓲 🩰
#poem

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

25 Dec, 02:35


🎄🎄Merry Christmas ပါ
ယောရောဘွန်းတို့(⁠◍⁠•⁠ᴗ⁠•⁠◍⁠)🩷

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

22 Dec, 14:52


𝕁𝕦𝕤𝕥 𝕒 ℝ𝕖𝕞𝕚𝕟𝕕𝕖𝕣
Ⓕⓞⓡ ⓎⓄⓊ ˃ᆺ˂

#𝓗𝓪𝓻𝓲 🩰
#just_a_reminder_4U

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

21 Dec, 15:07


စိတ်တည်ငြိမ်စေမည့် နည်းလမ်းများ

အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ စာတွေကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်ကို အနားမပေးပဲ ဆက်တိုက် အလုပ်တွေပေးနေတဲ့အခါ စိတ်က အရင်လို တည်ငြိမ်မနေတော့ပဲ စိတ်ရှုပ်ထွေးလာတာ၊ အာရုံမစူးစိုက်နိုင်တော့တာ၊ ပြဿနာတစ်ခုကို အရင်လို စိတ်အေးအေးနဲ့ မဖြေရှင်းနိုင်တော့တာ စတာတွေ ဖြစ်လာတတ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ခဏလောက် နားထားလိုက်ပြီး စိတ်တည်ငြိမ်စေမယ့် Activity လေးတွေကို လုပ်ပေးသင့်ပါတယ်။

Next Post👇🏻👇🏻

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

20 Dec, 14:51


🇰🇷Interesting facts about Korean

˖ ࣪⭑➩နိုရီဂဲအကြောင်း (part 1)

˖ ࣪⭑➩နိုရီဂဲအကြောင်း (part 2)

˖ ࣪⭑➩ကိုရီးယားတွေ မွေးနေ့မှာဘာလို့ ရေညှိဟင်းရည်သောက်ကြတာလဲ

˖ ࣪⭑➩ဟန်းဂုပွဲတော်နေ့အကြောင်း (Hangul Day)

˖ ࣪⭑➩ဂင်မ်ချီလုပ်တဲ့ ရိုးရာဓလေ့အကြောင်း

˖ ࣪⭑➩ထမင်းစားပွဲယဉ်ကျေးမှုများ

˖ ࣪⭑➩တောင်ကိုရီးယားလူမျိုးတွေ ထမင်းစားရင် ဘာလို့ ထမင်းပန်းကန်လုံး တစ်လုံးစာပဲ ထည့်စားကြတာလဲ

˖ ࣪⭑➩ကိုရီးယားလူမျိုးတွေ အကျဉ်းထောင်က ထွက်လာရင် ဘာလို့ပဲပြားစားကြတာလဲ

˖ ࣪⭑➩Pyebaek ခေါ် ကိုရီးယားမင်္ဂလာရိုးရာပွဲအကြောင်း

❀(੭*ˊᵕˋ)੭ ကိုရီးယားရိုးရာယဉ်ကျေးမှုအကြောင်းလေးတွေ စိတ်၀င်စားတယ်ဆိုရင် ၀င်ဖတ်ကြည့်ကြနော်

ဖတ်ချင်တဲ့ ခေါင်းစဉ်လေးတွေကိုနှိပ်ပြီး ဖတ်ကြည့်လို့ရပါတယ်>•<


#𝓗𝓪𝓻𝓲 🩰

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

20 Dec, 06:29


𝗙𝗮𝗹𝗹𝗶𝗻𝗴 𝗱𝗼𝘄𝗻 𝗶𝘀 𝗮 𝗽𝗮𝗿𝘁 𝗼𝗳 𝗹𝗶𝘃𝗲。
𝗚𝗲𝘁𝘁𝗶𝗻𝗴 𝗯𝗮𝗰𝗸 𝗶𝘀 𝗹𝗶𝘃𝗶𝗻𝗴。

လဲကျတယ်ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပါ။

ပြန်ထနိုင်တာကသာ ရှင်သန်နေတဲ့ ဘဝပါ။

🎀・༓☾ 𝑻𝒐𝒅𝒂𝒚'𝒔 𝑸𝒖𝒐𝒕𝒆 ☽༓・🎀

#𝓗𝓪𝓻𝓲 🩰
#crd_to_original_writer
#English_quote

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

19 Dec, 15:13


📚Learning Materials

ဘာသာစကားတစ်ခုကို စတင်လေ့လာတဲ့အခါမှာ ဆရာနဲ့ လေ့လာတဲ့ သူတွေနဲ့ self studyလုပ်တဲ့သူတွေရဲ့ အဓိက ကွာခြားချက်တစ်ခုကတော့ learning materialပါပဲ။

ဆရာနဲ့ လေ့လာမယ့်သူတွေဆို learning material ကို ထည့်စဉ်းစားစရာကို မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာသင်ကြားပေးမယ့် textbook/ curriculum အတိုင်း လိုက်သင်သွားမယ်ဆို ရနေပြီမို့လို့ပါ။

ဒါပေမဲ့ self study learnerတွေအတွက်ကျတော့ ဘယ် Material တွေကို သုံးပြီး လေ့လာရမလဲဆိုတဲ့အချက်က အရမ်းကို အရေးကြီးပါတယ်။

⩩✎အခုမှ language တစ်ခုကို အခြေခံကနေစပြီး လေ့လာမယ့် self study learners လေးအတွက် ဟာရီ အကြံပေးချင်တာကတော့ သင်တန်းတွေမှာ ဆရာတွေသုံးကြတဲ့ နာမည်ကြီး textbook တွေနဲ့ မလေ့လာစေချင်တာပါ။ ဥပမာ - ကိုရီးယားဆို yonseiသင်ရိုးမျိုး‌ပေါ့။ အဲ့လို textbook တွေ အတော်များများက ဆရာက သေချာသင်ပေးမှ ဘေးကနေ guiding လုပ်ပေးတဲ့သူတစ်ယောက်ရှိနေမှ လေ့လာရတာ လွယ်ကူတာပါ။ တစ်ယောက်ထဲဆိုရင် နားလည်ရခက်တဲ့အပိုင်းတွေ၊ အဆင်မပြေတဲ့အပိုင်းတွေ အများကြီးရှိလာနိုင်ပါတယ်။

⩩✎ဒါကြောင့် ဟာရီအကြံပေးချင်တာက textbook တွေနဲ့ လေ့လာမယ့်အစား YouTube ကနေ vd lessonလေးတွေ ကြည့်ပြီး လေ့လာဖို့ပါ။ ကိုယ့်အတွက် အဆင်ပြေစေမယ့် YouTube playlist လေးတစ်ခုကိုပဲ stick toလုပ်ပြီး လေ့လာမယ်ဆိုရင် basic level အတွက် အများကြီး ပိုပြီး အဆင်ပြေပါလိမ့်မယ်။

⩩✎ချန်နယ်တွေအများကြီးက သင်ခန်းစာတွေအစုံ လိုက်ကြည့်နေရင်လည်း overwhelmed ဖြစ်ပြီး ကြည့်လိုက်တာတော့အများကြီးပဲ၊ တကယ်တမ်း ခေါင်းထဲမှာတော့ ရလိုက်တဲ့စာက ဘာမှမရှိဘူးဆိုတာမျိုး ဖြစ်တတ်ပါတယ်။

⩩✎ဒါကြောင့် ကိုယ်နဲ့ အဆင်ပြေတဲ့ playlistတစ်ခုထဲနဲ့သာ အဆုံးထိပြီးအောင် လေ့လာပါ။ playlist ထဲက ဆရာ/မ ရှင်းပြတာကို သေချာနားမလည်ဘူးဆိုမှ ကိုယ်နားမလည်တဲ့အပိုင်းနဲ့ပတ်သတ်ပြီး တခြား ဆရာတွေ ရှင်းပြပေးထားတဲ့ vdတွေကို ပြောင်းပြီး လေ့လာကြည့်ပါ။ ဒီလောက်ဆိုရင် basic levelနဲ့ အခြေခံ grammar ပိုင်းအတွက် လုံလောက်ပါပြီ။

⩩✎ကြားထဲမှာ စာတွေပြန်နွှေးလို့ရအောင် ထပ်ဖြည့်ချင်တယ်ဆိုရင်  appတစ်ခုခုသုံးတာဖြစ်ဖြစ်၊ websiteကနေဖြစ်ဖြစ်၊ စာဖတ်ရတာ ဝါသနာပါတယ်ဆိုရင်လည်း story bookလေးတွေနဲ့ဖြစ်ဖြစ် ထပ်လေ့လာလို့ရပါသေးတယ်။ ဒါပေမဲ့ တစ်ခုပြောချင်တာက အဲ့လို material တွေ ထပ်ဖြည့်ပြီးလေ့လာတဲ့အခါ တပြိုင်နက်ထဲ အများကြီးလျှောက်မလုပ်ပါနဲ့။ overwhelmed ဖြစ်သွားရင် အချိန်ကုန် လူပင်ပန်းတာပဲရှိပြီး စာမရနိုင်ပါဘူးနော်:3

⩩✎ဒါကြောင့် other side material ကို အများဆုံး နှစ်ခုလောက်ပဲ သုံးပြီး main material ကတော့ YouTube ချန်နယ် တစ်ခု၊ စုစုပေါင်း material သုံးခုပေါ့။ ဒီလောက်ဆိုရင် လုံလောက်နေပါပြီ။

(੭*ˊᵕˋ)੭ ဟာရီ့ရဲ့ အကြံပေးချက်လေးကတော့ ဒီလောက်ပါပဲ။ languageတစ်ခုကို အခုမှ စပြီး self study လေ့လာမယ့်သူလေးတွေအတွက် တစ်စုံတစ်ရာ အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်..။

ℍ𝕠𝕡𝕖 𝕪𝕠𝕦 𝕖𝕟𝕛𝕠𝕪𝕖𝕕 ( ˶ˆ꒳ˆ˵ )
𝑺𝒆𝒆 𝒚𝒐𝒖 𝒏𝒆𝒙𝒕 𝒕𝒊𝒎𝒆. 𝑨𝒏𝒏𝒚𝒆𝒐𝒏𝒈~👋

#𝓗𝓪𝓻𝓲 🩰
#study_tips
#learning_a_language

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

19 Dec, 14:59


အားလုံးပဲ မင်္ဂလာပါ..🤗

ဒီနေ့မှာတော့ ဘာသာစကားတွေကို self study လေ့လာနေတဲ့သူလေးတွေ အထူးသဖြင့် begineer လေးတွေအတွက်...

ကိုယ်အသုံးပြုမယ့် learning material တွေကို ဘယ်လိုမျိုး ရွေးချယ်အသုံးပြုသင့်လဲ။

ဘယ်လိုအရာလေးတွေကို ရှောင်သင့်သလဲ။ စတဲ့ အကြောင်းအရာလေးတွေနဲ့ ပတ်သတ်ပြီး ပြော‌ပြပေးသွားမှာ ဖြစ်ပါတယ်။

သင်ဟာ language တစ်ခုကို အခုမှ စပြီးလေ့လာနေတာ

ဆရာ မရှိဘဲ တစ်ယောက်ထဲလေ့လာနေတာ

လေ့လာတဲ့အခါမှာ learning material တွေနဲ့ ပတ်သတ်ပြီး ရွေးချယ်တဲ့အခါ အခက်အခဲလေးတွေဖြစ်နေတယ် ဆိုရင်တော့ ဒီပို့စ်လေး‌ကို အဆုံးထိဖတ်ရှူကြည့်ဖို့အတွက် တိုက်တွန်းချင်ပါတယ်^^

Next post👇🏻👇🏻👇🏻

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

12 Dec, 15:56


📬ယောရောဘွန်းတို့

ဟာရီ အခုတလော စာတွေကို သေချာ ဦးစားပေးပြီး လုပ်ရတော့မှာမို့ ချန်နယ်လေးမှာ ပို့စ်တွေ သိပ်ပြီး တင်ပေးနိုင်မှာ မဟုတ်ပါဘူး..။ နောက်လကျရင် စာမေးပွဲရှိတာကြောင့်ပါ🙇🏻‍♀🙇🏻‍♀

✦ဒါပေမဲ့ ကျောင်းပိတ်ရက်ရတဲ့အခါမျိုး၊ ဟာရီအားတဲ့အခါမျိုးဆိုရင်တော့ ယောရောဘွန်းတို့အတွက် အကျိုးရှိစေမယ့် postလေးတွေ အတက်နိုင်ဆုံး updateလုပ်သွားပေးမှာပါ✦

အဲ့ဒီအချိန်ထိ ဟာရီ့ရဲ့ ပိုစ့်လေးတွေကို စောင့်မျှော်ဖတ်ရှူပေးကြဖို့ မျှော်လင့်ပါတယ်🧸🎈

အခုတော့ အားလုံး goodnight ပါ🌃🌌

#𝓗𝓪𝓻𝓲 🩰

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

09 Dec, 15:11


Don't Forget to Take Care of YOURSELF..

ဘယ်လောက်ပဲ အလုပ်တွေများနေပါစေ အိပ်ချိန်၊ စားချိန်မှန်အောင် လုပ်ပါ။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ..။

အလုပ်ဟာ အရေးကြီးတယ်ဆိုပေမဲ့ သင်ဟာလည်း အရေးကြီးတဲ့သူတစ်ယောက်ပါပဲ။

စိတ်ကျန်းမာမှု၊ ကိုယ်ကျန်းမာမှု ရှိမနေဘူးဆိုရင် သင်လုပ်ချင်တာတွေလည်း ဆက်လုပ်ဖို့ အဆင်မပြေတော့သလို လုပ်ရမယ့်အရာတွေလည်း သေချာဆက်လုပ်နိုင်တော့မှာမဟုတ်ပါဘူး..။

ဒါကြောင့် သင့်ကိုယ်သင် အရမ်းဖိအား မပေးပါနဲ့..။ မလုပ်နိုင်လောက်‌တော့ဘူးလို့ထင်ရင် ခဏလောက် နားလိုက်လို့လည်း ရပါတယ်..။

သင်ဟာ လူတစ်ယောက်ပါ။ စက်ရုပ်တစ်ရုပ်လည်း မဟုတ်ပါဘူး။


So.. don't forget to TAKE a REST.🏖

🧸💗Be KIND and be GENTLE to yourself.

You are also an IMPORTANT person^^

- Shin Hari -

𝕁𝕦𝕤𝕥 𝕒 ℝ𝕖𝕞𝕚𝕟𝕕𝕖𝕣
Ⓕⓞⓡ ⓎⓄⓊ ˃ᆺ˂

#𝓗𝓪𝓻𝓲 🩰
#just_a_reminder_4U
Pic crd

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

06 Dec, 14:21


𝕁𝕦𝕤𝕥 𝕒 ℝ𝕖𝕞𝕚𝕟𝕕𝕖𝕣
Ⓕⓞⓡ ⓎⓄⓊ ˃ᆺ˂

#𝓗𝓪𝓻𝓲 🩰
#just_a_reminder_4U

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

02 Dec, 14:26


Dopamine ဆိုတာ ဘာလဲ

🧠Dopamine ဆိုတာ ဦးနှောက်ကနေ ထုတ်လွှတ်ပေးတဲ့ ဓာတုဓာတ်တစ်ခုဖြစ်ပြီးတော့ "pleasure" (စိတ်သာယာမှု)ကို ဖြစ်ပေါ်စေတဲ့ အရာတစ်ခုပါ။

Dopamine ရဲ့ အလုပ်လုပ်ပုံ

⋆❏˖ သင်ကြိုက်တဲ့အရာတစ်ခုခု/ actionတစ်ခုခုကို လုပ်ဆောင်လိုက်တဲ့အခါမှာ ဦးနှောက်ကနေ ဒီpleasureကိုဖြစ်စေတဲ့ dopamine ဓာတ်ကို ထုတ်လွှတ်ပေးတယ်။

⋆❏˖ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်က dopamine ဓာတ်ကို ပိုပိုလိုချင်လာတာကြောင့် အဲ့ဒီ dopamine ဓာတ်ထွက်စေတဲ့ အရာကို ပိုပိုလုပ်ဖြစ်အောင် တွန်းအားပေးတယ်။ ဒီလိုကနေ motivation..လို့ခေါ်တဲ့ "အရာတစ်ခုခုကို ဆက်လက်ပြီး လုပ်ဆောင်ချင်တဲ့ စိတ်မျိုး"ဖြစ်လာတာပေါ့။ ဒါကြောင့် motivation ဆိုတာဟာလည်း dopamine နဲ့ဆက်စပ်နေတယ်လို့ ပြောလို့ရပါတယ်။

⋆❏˖ ဥပမာ - ဂိမ်း‌တစ်ပွဲဆော့မယ်ဆိုပြီး စဆော့လိုက်တာ တစ်ပွဲမက ဆက်ဆော့မိလိုက်တာမျိုး၊ စာမလုပ်ခင် လိုင်းလေးခဏသုံးမယ်ဆိုပြီး scrolling လုပ်လိုက်မိတာကနေ ရပ်မရတော့ဘဲ လိုင်းပဲ ဆက်သုံးနေမိတာမျိုး အဆုံးထိပြောရရင် မူး‌ယစ်ဆေး စွဲလမ်းတဲ့ဖြစ်စဉ်မျိုးတွေထိ ပါ၀င်နိုင်ပါတယ်။

Dopamine Level

⋆❏˖ Actionတစ်ခု ပြုလုပ်လိုက်တဲ့အခါ dopamine ထုတ်လွှတ်မှု ဖြစ်တယ်ဆိုတာ မှန်ပေမဲ့ action ပေါ်မူတည်ပြီး Dopamine ထုတ်လွှတ်မှုပမာဏဟာလည်း ကွာခြားသွားနိုင်ပါတယ်။ ဥပမာ - ဖုန်းသုံးတာနဲ့ စာလုပ်တာ ဘယ်ဟာက ပိုလုပ်ရတာလွယ်လဲ၊ ပိုပျော်ဖို့ကောင်းလဲ စဉ်းစားကြည့်ပါ။ သေချာပေါက် ဖုန်းသုံးရတာပေါ့နော်^^

⋆❏˖ လုပ်ရလွယ်တဲ့အရာမျိုး၊ ကိုယ်ကြိုက်တဲ့အရာမျိုးဆို dopamine ထွက်နှုန်း ပိုများပါတယ်။ ဥပမာ - ရုပ်ရှင်ကြည့်တာ၊ ကိုယ်ကြိုက်တဲ့အစားအစာတစ်ခုခု စားနေရတာ၊ scrolling လုပ်တာ၊ သီချင်းနားထောင်တာ၊ ဂိမ်း‌ဆော့တာ စသဖြင့်ပေါ့။

⋆❏˖ လုပ်ရတာ ခက်ခဲတဲ့အရာမျိုး၊ ကိုယ်မကြိုက်တဲ့အရာမျိုးဆိုရင် dopamine ထုတ်လွှတ်မှု ပိုနည်းပါတယ်။ ဥပမာ - ‌ကျောင်းစာတွေ၊ ပရောဂျက်တွေ၊ အိမ်အလုပ်တွေ၊ လုပ်ငန်းခွင်နဲ့ ပတ်သတ်တာတွေ စသဖြင့်ပေါ့။

Dopamine Levelကို ချိန်ညှိနိုင်ဖို့ လိုအပ်ပါတယ်

⋆❏˖ ဘာကြောင့်လဲဆိုတာ မပြောခင် ဥပမာလေး တစ်ခုအရင်ပေးပါမယ်။ သင်ဟာ အိမ်စာတွေလုပ်ရမှာ အများကြီးရှိတယ်၊ ဒါပေမဲ့ အိမ်စာအရင်မလုပ်ဘဲ webtoonလေး ဆယ့်ငါးမိနစ်လောက် ဖတ်ချင်တယ်ဆိုပြီး webtoonသွားဖတ်လိုက်တယ် ဆိုပါတော့။

အဲ့ဒီမှာ ဆယ့်ငါးမိနစ်မကဘဲ တစ်နာရီလောက် ကြာ‌သွားတယ်။ သင် အဲ့ဒီတော့မှ စာလုပ်ရအုံးမယ်ဆိုပြီး ကမန်းကတမ်း စာထလုပ်မယ်ဆိုပါတော့။ သင့်မှာ စာလုပ်ချင်စိတ် မရှိတော့သလို စိတ်ကလည်း စာကို အာရုံစိုက်နိုင်တော့မှာမဟုတ်ပါဘူး။

⋆�˖ဘာကြောင့်လဲ? ဘာကြောင့်လဲဆိုတော့ ခုနက အချက်❸မှာ ပြောခဲ့သလိုပါပဲ။ webtoonဖတ်လိုက်တာကြောင့် သင့်ဦးနှောက်ထဲမှာ dopamine level ဟာ တော်တော်လေးမြင့်တက်နေပါပြီ။ ဒါကြောင့် သင့်ရဲ့ ဦးနှောက်ဟာ ဒီထပ် ပိုများတဲ့ dopamine ဓာတ်ကို လိုချင်တာကြောင့် dopamine level နည်းနည်းပဲ ရစေတဲ့ အိမ်စာကို ဦးနှောက်က သေချာ မလုပ်ဆောင်နိုင်တော့တာပါ။

အဓိကပြောချင်တာက ဘာလဲဆိုတော့ အလုပ်တွေပြီးမြောက်စွာလုပ်ဆောင်နိုင်ဖို့ time management ကောင်းဖို့အတွက် dopamine level ကိုလည်း ချိန်ညှိပြီး သုံးစွဲတတ်ဖို့ လိုအပ်ပါတယ်။✧

(◍•ᴗ•◍) ဒါကြောင့် သင့်အနေနဲ့ ဘယ်အရာတွေက သင့်ကို dopamine ဓာတ် ပိုရစေသလဲ (ပိုပြီး စိတ်ပျော်စေသလဲ)၊ ဘယ်အရာတွေကတော့ dopamine ဓာတ်နည်းနည်းပဲ ရစေသလဲဆိုတာကို သေချာခွဲခြားနိုင်ရပါမယ်။

Dopamine ဓာတ် နည်းနည်းပဲ ရစေတဲ့အရာတွေကို အရင်ဦးစားပေး လုပ်ပြီး Dopamine ဓာတ် ပိုရစေတဲ့အရာတွေကို နောက်ဆုံးမှသာ လုပ်ဆောင်သင့်ပါတယ်။ (ဥပမာ - အိမ်စာတွေ အကုန်လုပ်ပြီးမှ ဖုန်းသုံးမယ် ဆိုတာမျိုးပေါ့နော်^^)

(੭*ˊᵕˋ)੭ ကဲ အခုဆိုရင် dopamine အကြောင်းလေးလည်း အတော်အသင့်တော့ သိသွားပြီဆိုတော့ ဒီအကြောင်းရာလေးကို ဖတ်ရှုပြီး အကျိုးရှိရှိအသုံးချနိုင်ဖို့ မျှော်လင့်ပါတယ်..။ ဒီနေ့ရဲ့ topicလေးကတော့ ဒီလောက်ပါပဲနော်။

✿ ℍ𝕠𝕡𝕖 𝕪𝕠𝕦 𝕖𝕟𝕛𝕠𝕪𝕖𝕕 ( ˶ˆ꒳ˆ˵ )
𝑺𝒆𝒆 𝒚𝒐𝒖 𝒏𝒆𝒙𝒕 𝒕𝒊𝒎𝒆. 𝑨𝒏𝒏𝒚𝒆𝒐𝒏𝒈~👋

#𝓗𝓪𝓻𝓲 🩰
#self_improvement_tips

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

02 Dec, 14:21


အားလုံးပဲ မင်္ဂလာပါ~~

ဒီနေ့ ဟာရီ ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ dopamine (ဒိုပါမင်း) အကြောင်းလေးပဲ ဖြစ်ပါတယ်။

ဒီနေ့ရဲ့ topicထဲမှာဆိုရင်...

- dopamine ဆိုတာ ဘာလဲ
- dopamine နဲ့ motivation ဆက်စပ်နေပုံ
- dopamine levelကို ချိန်ညှိပုံ စတဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးသွားမှာပါ။

ဖတ်ကြည့်ရင်တော့ ယောရောဘွန်းတို့အတွက် တကယ်အကျိုးရှိစေမယ့် အရာတွေပဲမို့ ဆက်လက်ဖတ်ရှုပေးဖို့အတွက် မျှော်လင့်ပါတယ်^^

next post👇🏻👇🏻

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

27 Nov, 05:59


𝕁𝕦𝕤𝕥 𝕒 ℝ𝕖𝕞𝕚𝕟𝕕𝕖𝕣
Ⓕⓞⓡ ⓎⓄⓊ ˃ᆺ˂

#𝓗𝓪𝓻𝓲 🩰
#just_a_reminder_4U

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

25 Nov, 02:04


𝕁𝕦𝕤𝕥 𝕒 ℝ𝕖𝕞𝕚𝕟𝕕𝕖𝕣
Ⓕⓞⓡ ⓎⓄⓊ ˃ᆺ˂

#𝓗𝓪𝓻𝓲 🩰
#just_a_reminder_4U

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

21 Nov, 06:19


있는 그대로의 나..
ခုရှိနေတဲ့အရှိအတိုင်းငါ..

나는 그런 말을 좋아..
ငါကတော့ အဲ့လိုစကားလုံးမျိုးကိုသဘောကျတယ်..

나는 나고 다른 사람들은 다른 사람들이니까..
ငါကငါဖြစ်ပြီးတော့ တစ်ခြားလူတွေကလည်းတခြားလူတွေဖြစ်တာမို့..

나보다 잘하든지 말든지..
ငါ့ထက်ပိုပြီး တော်နေတာဖြစ်ဖြစ် မတော်တာဖြစ်ဖြစ်..

그건 그 사람들 인생이니까..
အဲ့ဒါက အဲ့ဒီလူတွေဘဝမို့..

내가 나로서 잘 하면 돼..
ငါက ငါ့အနေနဲ့ ကောင်းကောင်းလုပ်နိုင်ရင်ရပြီ..


#𝓗𝓪𝓻𝓲 🩰
#crd
#korean_quote

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

20 Nov, 04:58


내 진짜 모습을 숨기지 말자..
ကိုယ့်ရဲ့ပုံစံအစစ်ကို မဖုံးကွယ်ဘဲနေကြရအောင်..

다른 사람들이 기대하는 누군가가 아니라..
တစ်ခြားလူတွေမျှော်လင့်ထားတဲ့ ပုံစံမျိုးရှိတဲ့သူမဟုတ်ဘဲ..

나 스스로에게 솔직한 내가 되어야 해요..
ကိုယ်ကိုယ်တိုင်အတွက် ရိုးသားပွင့်လင်းတဲ့လူဖြစ်မှရမယ်..

그래야 마음 편히 살아갈 수 있을 거예요..
အဲ့တာမှ စိတ်ချမ်းချမ်းသာသာ ‌‌ရှင်သန်သွားနိုင်မှာပါ..


#𝓗𝓪𝓻𝓲 🩰
#crd
#korean_quote

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

17 Nov, 14:11


အာန်ညောင်းဟာဆယ်ယို ယောရောဘွန်း...🤗🪭

ဒီနေ့ ဟာရီ sharingလုပ်ပေးသွားမယ့် အကြောင်းရာလေး‌ကတော့ အချိန်ကြာကြာနဲ့ အာရုံစူးစိုက်မှုကောင်းအောင် ဘယ်လို နည်းလမ်းလေးတွေ အသုံးပြုရမယ်ဆိုတာပါပဲ💁🏻‍♀

"စာလုပ်တော့မယ့်အချိန်ကျရင် တခြားအရာတွေစီ အာရုံရောက်ရောက်သွားတယ်...စာလုပ်ရင်လည်း အချိန်အကြာကြီး အာရုံစိုက်ပြီး မလုပ်နိုင်ဘူး..တစ်ခုခုဆို အာရုံပျံ့လွယ်တယ်..." ဆိုတဲ့ သူလေးတွေအတွက် အခုပြောပြပေးသွားမယ့် အရာလေးတွေကို tryကြည့်သင့်ပါတယ်😉

ကဲ ဒါဆိုရင် ရှည်ရှည်ဝေးဝေးတွေပြောမနေတော့ပါဘူး။ အကြောင်းရာလေးကို စတင်လိုက်ရအောင်^^

next post👇🏻👇🏻

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

16 Nov, 13:35


ကိုယ့်ရဲ့ အဓိက love languageက ဘာလဲဆိုတာကို ဝေခွဲမရဖြစ်နေတယ်ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ linkထဲ ၀င်ပြီး test ဖြေကြည့်လို့ရပါတယ်နော်^^

(To note: လူတစ်ယောက်မှာ love language တစ်ခုထက်ပိုပြီးဝောာ့လည်း ရှိနိုင်ပါတယ်)

ʕっ•ᴥ•ʔっhttps://www.5lovelanguages.com/quizzes

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

16 Nov, 13:07


Five Love Languages

လူတစ်ယောက်ချင်းစီတိုင်းမှာ ကိုယ်ချစ်တဲ့သူတွေကို "ချစ်တယ်" ဆိုတဲ့အကြောင်းကို ဖော်ပြတတ်ကြတဲ့ ပုံစံလေးတွေ မျိုးစုံရှိကြပါတယ်။ ဒါကို တနည်းအားဖြင့် love language (အချစ်ဘာသာစကား) လို့ ခေါ်လို့ ရနိုင်ပါတယ်💗

ကိုယ့်ရဲ့ love Languageက ဘာလဲ၊ ကိုယ်ချစ်ရသူတွေရဲ့ love languageကရော ဘာလဲဆိုတာကို အတိအကျ သိထားမယ်ဆိုရင် ကိုယ်နဲ့ ကိုယ်ချစ်ရသူကြားမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးလေးတွေကို တည်ဆောက်နိုင်မှာ အမှန်ပါပဲ( ˶ˆ꒳ˆ˵ ) ။

ဒါဆိုရင်...love Language 5ခုက ဘာတွေလဲဆိုတာကို ဟာရီနဲ့အတူ ဆက်လက် ဖော်ထုတ်ကြည့်ရအောင်^^

Next post👇🏻👇🏻

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

15 Nov, 13:05


အာန်ညောင်းဟာဆယ်ယိုး ယောရောဘွန်း~~🤗🪭

ဒီနေ့မှာတော့ ကိုရီးယားလူမျိုးတွေရဲ့ superstition ရှေးအယူအဆလေးတွေအကြောင်းကို အနည်းငယ် ပြော‌ပြပေးသွားပါမယ်။ မြန်မာမှာဆိုရင်လည်း "ညဘက်လေချွန်ရင် မြွေလာတတ်တယ်"တို့ "စလောင်းဖုံးနှစ်ခုကို တီးရင် ကျားလာတတ်တယ်"တို့ စတဲ့ စကားမျိုးတွေ ယောရောဘွန်းတို့လည်း ကြားဖူးကြမှာပါ🤓

ဒီနေ့မှာတော့ ကိုရီးယားလူမျိူးတွေကော ဘယ်လိုအယူအဆမျိုးနဲ့ ယုံကြည်မှုတွေ ရှိကြသလဲဆိုတာကို ဟာရီနဲ့အတူ အနည်းငယ် စူးစမ်းကြည့်ရအောင်လားရှင်^^

next post👇🏻👇🏻

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

15 Nov, 11:02


✿우연히 만났다 ✿
[I Met You Unexpectedly]

"이게 처음이야"
"ဒါ ပထမဆုံးပါ
"

'하이'라는 말로 시작한
'hi' ဆိုတဲ့ စကားလေးနဲ့ အစပြုခဲ့တဲ့

대화에서 조금 조금씩
conversation လေးတစ်ခုကနေ တစ်စ တစ်စစီ

나타나는 친밀함.
ပေါ်ထွက်လာတဲ့ ခင်မင်ရင်းနှီးမှု။

신기하게 나와 생각이
ထူးဆန်းစွာနဲ့ပဲ ငါနဲ့ အတွေးလေးတွေ

똑같은 그 한 사람.
ထပ်တူကျနေခဲ့တဲ့ အဲ့ဒီလူတစ်ယောက်။

이 느낌이 뭔지..? 나 그 사람을
ဒီခံစားချက်က ဘာပါလိမ့်..? ငါ သူ့ကို

이게 처음 보는 건데..
အခုမှ ပထမဆုံးတွေ့ဖူးတာကို..။

오래전부터 알았던 사람인듯
အရင်ကတည်းက သိဖူးခဲ့တဲ့ လူတစ်ယောက်လိုမျိုး


느껴~
ခံစား‌နေမိတယ်~

- Shin Hari -

#𝓗𝓪𝓻𝓲 🩰
#written_by_hari
#korean_quote
#for_my_love

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

14 Nov, 13:31


ʕ•ᴥ•ʔ သင်ကြိုက်တဲ့အရောင်က ပြောပြနေတဲ့ သင့်ရဲ့အကြောင်း

❤️အနီရောင်

‌᩠♡↬တက်တက်ကြွကြွနေတတ်ပြီး ရည်ရွယ်ချက်ခိုင်မာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိတယ်။ အနီရောင်ကြိုက်တတ်တဲ့သူအများစုက ရဲရင့်ပြီး စိန်ခေါ်မှုတွေကိုလည်း နှစ်သက်တယ်။ တစ်စုံတစ်ခုကို တာ၀န်ယူဦးဆောင်ရတာလည်း သဘောကျတတ်ကြပါတယ်တဲ့။


🩵အပြာရောင်

‌᩠♡↬အပြာရောင်ကြိုက်တဲ့သူလေးတွေကတော့..တည်ငြိမ်ပြီး ယုံကြည်စိတ်ချရတဲ့သူလေးတွေပါတဲ့။ နောက်ပြီး ငြိမ်းချမ်းမှုကိုလည်း တန်ဖိုးထားတတ်ပြီး တစ်ခုခုဆိုရင် နက်နက်နဲနဲ တွေးတတ်ကြပါတယ်။ ခက်ခဲတဲ့အခြေအနေတွေမှာတောင် တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်ကြပါတယ်။


💛အဝါရောင်

‌᩠♡↬အဝါရောင်ကြိုက်တတ်တဲ့သူလေးတွေကတော့...တီထွင်ဖန်တီးနိုင်စွမ်းကောင်းကြတယ်၊ ခင်မင်တတ်ကြပြီး ဟာသဉာဏ်လည်း ရှိကြပါတယ်တဲ့။ သူတို့လေးတွေဟာ ‌ပေါင်းသင်းဆက်ဆံရေးလည်းကောင်းပြီး သူတစ်ပါးကို ပြုံးပျော်အောင်လုပ်ပေးရတာလေးတွေကို နှစ်သက်ကြပါတယ်တဲ့။


💚အစိမ်းရောင်

‌᩠♡↬အစိမ်းရောင်ကြိုက်တဲ့သူလေးတွေကတော့..ချစ်စိတ်ကြီးပြီး သဘာ၀တရားကို ချစ်မြတ်နိုးသူလေးတွေဖြစ်ကြပါတယ်။ ကြင်နာတတ်ပြီး သူတစ်ပါးကို ကူညီပေးရတာကိုလည်း သဘောကျကြပါတယ်တဲ့။


🩷ပန်းရောင်

‌᩠♡↬တစ်ခုခုဆိုရင် အလိုအလျောက်ခံစားသိနိုင်စွမ်းမြင့်မားပြီး ချစ်တတ်သူလေးတွေပါ။ သူတို့လေးတွေဟာ နွေးထွေးပြီး သိမ်မွေ့ကြပါတယ်တဲ့။ သူတစ်ပါးအပေါ် ကြင်နာတတ်ပြီး ဂရုစိုက်တတ်သူလေးတွေဖြစ်ကြပါတယ်။ တစ်ခါတလေကျရင်တော့ တစ်ဖက်သူရဲ့ ခံစားချက်တွေကို နားလည်ဖို့အတွက် အရမ်းကြိုးစားတတ်ကြပါတယ်တဲ့။


💜ခရမ်းရောင်

‌᩠♡↬တီထွင်ဖန်တီးနိုင်စွမ်းကောင်းပြီး အများနဲ့မတူ ထူးခြားတဲ့ ချစ်စရာကောင်းမှုမျိုး ရှိကြပါတယ်။ ခရမ်းရောင်ကြိုက်နှစ်သက်တဲ့သူလေးတွေကတော့ စိတ်ကူးယဉ်ပုံဖော်နိုင်စွမ်းလည်း အားကောင်းပြီး အနုပညာနဲ့ပတ်သတ်တဲ့အရာတွေမှာ စိတ်၀င်စားတတ်ကြပါတယ်တဲ့။


🖤အနက်ရောင်

‌᩠♡↬သန်မာပြီး အမှီအခိုကင်းတယ်။ အနက်ရောင်ကြိုက်သူလေးတွေက တာ၀န်ယူစိတ်ရှိကြပြီး တွေးခေါ်တတ်ကြတယ်။ နောက်ပြီး တစ်ယောက်ထဲ အေးအေးဆေးဆေးနေရတာကို နှစ်သက်ကြပါတယ်တဲ့။


🤍အဖြူရောင်

‌᩠♡↬အဖြူရောင်ချစ်သူလေးတွေကတော့..စစ်မှန်တယ်၊ ငြိမ်းချမ်းမှုကို ကြိုက်တယ်။ တစ်ခုခုဆိုရင် တိကျသေချာမှုကို လိုချင်တတ်ပြီး တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားစရာကိစ္စမျိုးကို မဖြစ်အောင် ရှောင်ကြဉ်တတ်ကြပါတယ်တဲ့။

(੭*ˊᵕˋ)੭ အခုပြောပြသွားတာလေးတွေကတော့ အရောင်တွေကဖော်ပြပေးတဲ့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်လေးတွေကို ယေဘုယသဘောတရားအနေနဲ့ ဖော်ပြပေးသွားတာ ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အမူအကျင့်တွေမတူနိုင်တာမို့ ကိုယ်ကြိုက်တဲ့အရောင်နဲ့ အခုပြောသွားတဲ့အချက်တွေနဲ့က 100ရာခိုင်နှုန်းတူချင်မှ တူပါလိမ့်မယ်။ တူတဲ့အချက်လေးတွေရှိနိုင်သလို မတူတဲ့အချက်တွေလည်း ရှိနိုင်ပါတယ်။ Just for funပါ^^

ʕっ•ᴥ•ʔっ @minjoon_nis_world
𝓕𝓸𝓻 𝓶𝓸𝓻𝓮 𝓲𝓷𝓯𝓸 𝓵𝓲𝓴𝓮 𝓽𝓱𝓲𝓼 𝓸𝓷𝓮 .......

#𝓗𝓪𝓻𝓲 🩰
#fun_fact

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

14 Nov, 13:10


Long time no see guys~~~

It's been like a year. I missed you so much guys ㅠㅡㅠ

Do you guys remember me?👀

I've been so busy that I didn't have enough time to run my channel. I really apologize about that.

But now, I come back. I try my best to upload new posts as possible as I can.

And Thank you so much for being in my channel till today.^^

➵#𝓗𝓪𝓻𝓲 🩰

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

03 Feb, 08:07


So coincident with my feelings right now💗

#Hari ࣪ ִֶָ ˖
#crd
#English_quote

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

27 Jan, 12:15


답은 간단하다..
အဖြေက ရှင်းရှင်းလေးပါ..

할 수 있다고 믿으면 할 수 있게 되고..
လုပ်နိုင်တယ်လို့ယုံကြည်ရင် လုပ်နိုင်လာပြီး..

할 수 없다고 믿으면 당연히 할 수 없게 된다..
မလုပ်နိုင်ဘူးလို့ယုံကြည်ရင် သေချာပေါက် မလုပ်နိုင်တော့ဘဲဖြစ်မယ်..

불안하는 순간..
စိုးရိမ်နေတဲ့ အချိန်အခိုက်အတန့်မှာ..

스스로 의심하는 것고..
ကိုယ့်ကိုကိုယ် သံသယတွေဝင်ပြီး..

그 의심을 현실이 되어서 나타나!
အဲ့ဒီ သံသယတွေက လက်တွေ့အဖြစ်ပေါ်လာတတ်တာပဲ..

자기 스스로 믿어주지 않으면 뭐해?
ကိုယ့်ကိုကိုယ်မှ မယုံကြည်ဘူးဆိုရင် ဘာလုပ်မှာလဲ..


#Hari ࣪ ִֶָ ˖
#crd
#korean_quote

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

27 Jan, 12:04


상처를 절대 부끄러워하지 마세요..
အမာရွတ်တွေကို ဘယ်တော့မှ မရှက်ပါနဲ့..

그것은 단순히 당신을 해치려는 그 어떤 것보다..
အဲ့တာတွေဟာ မင်းကိုထိခိုက်နာကျင်စေခဲ့တဲ့အရာတွေထက်..

당신이 더 강하다는 것을 의미하니까요..
မင်းက ပိုပြီးသန်မာတယ်ဆိုတဲ့ အဓိပ္ပာယ်မို့လေ..


- Harley Quinn -

#Hari ࣪ ִֶָ ˖
#crd
#korean_quote

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

08 Jan, 14:15


힘들 땐 잠시 쉬어 가자..
ပင်ပန်းတဲ့အချိန်မှာတော့ ခဏလောက်နားပြီးမှသွားကြရအောင်..

너무 앞만 보려 하지 말고..
အရမ်းကြီး ရှေ့ကိုပဲကြည့်ဖို့လုပ်မနေဘဲနဲ့..

가끔은 여유롭게 하늘도 바라보자..
တစ်ခါတလေတော့ အေးအေးဆေးဆေး ကောင်းကင်ကိုလည်း မော့ကြည့်ရအောင်..

누가 뭐라고 하든..
ဘယ်သူတွေဘာပဲပြောပြော..

난 소중하니까 자존감도 잃지 말자..
ကိုယ်ကတန်ဖိုးရှိတာမို့ မာနကိုမဆုံးရှုံးစေနဲ့..

그렇게 씩씩하게 내일을 살아가자..
အဲ့လိုမျိုး သတ္တိရှိရှိနဲ့ မနက်ဖြန်ကိုရှင်သန်သွားကြရအောင်..

˖ ࣪ ִֶָ 🪭#Hari 𖧵ֹֺֽ໋໋݊ 𓄹𓈒
#crd_to_the_org_writer
#korean_quote

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

08 Jan, 13:59


잠시뿐이야..
ခဏလေးပါပဲ..

잠깐 비가 내려서 슬펐던 것뿐이고..
မိုးလေးခဏရွာလို့ ဝမ်းနည်းမိရုံ..

잠깐 눈이 내려서 시렸던 것뿐이고..
နှင်းလေးခဏကျလို့ အေးခဲသွားရုံ..

잠깐 밤이 와서 캄캄해진 것뿐이야..
ခဏလောက် ညရောက်သွားလို့ မှောင်မိုက်သွားရုံပါ..

머지않아 비가 그쳐 하늘이 맑게 개고..
သိပ်မကြာပါဘူး မိုးတွေတိတ်ပြီး ကောင်းကင်ကြီးကကြည်လင်သွားမှာ..

머지않아 눈이 그쳐 온기를 되찾을 것이고..
သိပ်မကြာပါဘူး နှင်းကျတာရပ်ပြီး နွေးထွေးမှုတွေပြန်ရောက်လာမှာ..

이제 곧 또 다른 멋진 아침이 밝아올 거야..
အခု သိပ်မကြာခင်မှာပဲ လှပတဲ့မနက်ခင်းက တစ်ဖန်ပြန်တောက်ပလာတော့မှာ..

아무 일도 아니야..
ဘာမှ အထွေအထူးမဟုတ်ပါဘူး..

그냥 정말 잠시일 뿐일 거야..
ဒီတိုင်း တကယ့်ကိုခဏတဖြုတ်လေးပါ..


˖ ࣪ ִֶָ 🪭#Hari 𖧵ֹֺֽ໋໋݊ 𓄹𓈒
#crd_to_the_org_writer
#korean_quote

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

06 Jan, 14:21


우연히 찾았고
မထင်မှတ်ပဲ ရှာတွေ့ခဲ့ပြီး

우연히 서로를 좋아해진 우리..
မထင်မှတ်ပဲ တစ်ယောက်ကိုတစ်ယောက် သဘောကျမိခဲ့ကြတဲ့ ငါတို့..

그렇게 우연히 됐던 우리 사이는..
အဲ့ဒီလို မထင်မှတ်ပဲ ဖြစ်ခဲ့ကြတဲ့ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက..

우연이 아니고
တိုက်ဆိုင်တာမဟုတ်ပဲ

운명이라면..
ဖူးစာသာဖြစ်မယ်ဆိုရင်..


- Shin Hari -

˖ ࣪ ִֶָ 🪭#Hari 𖧵ֹֺֽ໋໋݊ 𓄹𓈒
#written_by_hari
#korean_quote
#for_my_love

🎀・༓☾ 𝐇𝐚𝐫𝐢 𝐇𝐚𝐫𝐢 ☽༓・🎀

06 Jan, 13:53


무엇을 했는지..
ဘာတွေလုပ်ခဲ့လဲ..

오늘 하루는 어땠는지..
ဒီနေ့ တစ်နေ့တာကော ဘယ်လိုနေခဲ့လဲ..

잠들기 전에 서로 "잘 자"라고 하고
မအိပ်ခင်မှာ တစ်ယောက်နဲ့တစ်ယောက် good night ပါ..လို့ ပြောကြပြီး

오늘도 당신 생각으로 하루를 머무른 것..
ဒီနေ့လည်း မင်းအကြောင်းလေးတွေတွေးရင်း တစ်နေ့တာကို နေထိုင်ခဲ့တာမျိုး..

같이 하루를 보내지 않아도..
တစ်နေ့တာကို အတူတူ မဖြတ်သန်းရပေမဲ့..

서로의 하루를 아는 것..
တစ်ယောက်ရဲ့ တစ်‌နေ့တာကို တစ်ယောက်က သိနေတာမျိုး..

그렇게 나도 모르게
အဲ့လိုမျိုး..ငါ့ကိုယ်ငါတောင် မသိပဲ

나는 당신에게 빠젔어.
မင်းကို ချစ်မိသွားခဲ့တယ်


- Shin Hari -

˖ ࣪ ִֶָ 🪭#Hari 𖧵ֹֺֽ໋໋݊ 𓄹𓈒
#written_by_hari
#korean_quote
#for_my_love

1,844

subscribers

262

photos

52

videos