စီးပွားပျက်ကပ် ဖြစ်စေနိုင်တဲ့အကြောင်းအရင်းများစွာထဲမှာ အဓိက အကြောင်းကတော့ အားလုံးသိပြီးတဲ့အတိုင်းပါပဲ။
(1) ငွေစက္ကူ ရိုက်ထုတ်မှု
August ,12 မှာ မြန်မာ ကျပ် ငွေစက္ကူများကို ဘဏ္ဍာရေး ရှုထောင့်ကပြောရရင် ငွေစက္ကူ ကို လိုသလိုရိုက်ထုတ်လိုက်တာက အဓိကအကြောင်းရင်းပါပဲ။
ငွေစက္ကူ ရိုက်ထုတ်မှုက ငွေတန်ဖိုးကျဆင်းတာ၊ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက် မှုကို ဆက်ဖြစ်သွားစေခဲ့ပါတယ်။
ရွှေ၊ဒေါ်လာ၊ဆန်၊ဆီ၊ဆေး အစစအရာရာ တက်တယ်ဆိုတာ ရွှေကိုင်ထားသူများ ဒေါ်လာကိုင်ထားသူများ စျေးတက်တိုင်း ကိုယ်မြတ်တယ်လို့ပြောလို့မရတော့ပါ။(အမြတ်ငွေတက်တာမဟုတ်ဘူးနော်)
ပစ္စည်းတစ်ခုဟာ သုံးစွဲသူမရှိဘူးဆိုရင် တန်ဖိုးတဖြေးဖြေးကျဆင်းလာပါတယ်။တစ်ဖက်ကလည်း ထပ်ထပ်ပြီး ထုတ်တော့ ပိုပိုပြီး ပုံလာတော့ အလကားနီးပါးဖြစ်လာတယ်။
ထို့အတူပဲ ငွေစက္ကူတွေကို ဘီလီယံချီ ရိုက်ထုတ်တဲ့ အကျိုးဆက်ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ၊ လက်ကြီးသမားများ အားလုံး မြန်မာကျပ်ငွေ ထုတ်ကုန်ကြပြီး ဆက်လက်ဆိုးရွားစွာကျဆင်းဖို့ပဲရှိပါတယ်။(နယ်စပ် ကုန်သွယ်ရေးအပိုင်းတွေတောင်များစွာကျန်ပါသေးတယ်)
အနီးစပ်ဆုံး ဥပမာ ကတော့ 2008 ခုနှစ်မှာ
ဇင်ဘာဘွေ အစိုးရဟာ ငွေစက္ကူများ ကိုအကန့်အသတ် မရှိရိုက်ထုတ်သုံးစွဲခဲ့တဲ့နောက် စီးပွားရေး လည်ပတ်ဖို့ချိတ်ဆက် မသုံးနိုင်ခဲ့တဲ့အတွက် စီးပွားရေးဆိုးရွားစွာကျဆင်းတဲ့ အဆင့်ကိုရောက်ရှိခဲ့ကာ နောက်တစ်ဆင့် ကတော့ ငွေကြေးအလွန်အကျွံ တန်ဖိုးမဲ့ခြင်းကို ဖြစ်ပေါ် စေခဲ့ပါတယ်။
(2)နောက်တစ်ခုက စက်သုံးဆီစျေးနှုန်း
ရေနံစျေးတွေ မတည်ငြိမ်မှုကြောင့်လဲ စီးပွားရေးကိုဆိုးရွားစွာ ကျဆင်းစေပါတယ်
နိုင်ငံ တစ်နိုင်ငံမှာ စီးပွားရေး တန့်နေ ကျဆင်းနေတဲ့အတွက် ဝယ်လိုအားတွေလဲ ကျဆင်းကာ ငွေ ရှားပါး နေတဲ့အနေအထားမှာ ရေနံ စျေး တွေ ရုတ်တရက် ထိုးတက်သွားမယ်ဆိုရင် ဓာတ်ဆီစျေး တွေ တက်ကာ ဓာတ်ဆီကို အသုံးပြု ထုတ်လုပ်ရတဲ့ ကုန်ထုတ်လုပ်ငန်းတွေ၊သယ်ယူပို့ဆောင်ရေး စရိတ်တွေ ထိုးတက်သွား ပြီး ကုန် ပစ္စည်းတွေရဲ့ စျေးတွေပါ ထိုးတက် သွားစေမှာ ဖြစ်ပါတယ်။
ဒါပေမယ့်တစ်ဖက် စီးပွားရေး ကျနေတဲ့ အတွက် ဝယ်လိုအားကလိုက် မလာနိုင်ပဲ လုပ်ငန်းတွေကို ပိုပြီး ကျဆင်း အရှုံးပေါ် ေစကာ စီးပွားရေးမတည်မငြိမ်မှု ဖြစ်ပေါ်စေပါတယ်။ ဒီအတွက် ရေနံစျေး ရုတ်တရက်ထိုးတက် တာမျိုးမဖြစ်ပေါ်အောင် ရေနံ ထုတ် တဲ့ နိုင်ငံများ က ညှိိနှိုင်း ဆောင်ရွက်ကြရလေ့ရှိပါတယ်။(စကစ ကလည်း ကန့်သတ်လျော့ချလိုက်တာကြောင့် ဂွမ်း)
(3)နောက်ဆုံးတစ်ချက်က ကုန်သွယ်ရေး
နိုင်ငံ တစ်ခုအတွက် လိုအပ်တဲ့ ကုန်ပစ္စည်း မျိုးစုံကို ပြည်တွင်းကနေ ဖန်တီး ထုတ်လုပ်စိုက်ပျိုးတာနဲ့ ပြည်ပ ကနေ မှာယူတင်သွင်းတာ ဆိုတဲ့ ကုန်သွယ်ရေးတွေ နှစ်မျိုးရှိပါတယ်။
လက်ရှိ စီးပွားရေး ကျဆင်းနေတဲ့ အခြေအနေမှာ ပြည်ပ ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အစိုးရ တွေက ပိတ်ဆို့ကန့်သတ်လိုက်တာမျိုးတွေ လုပ်ဆောင်ကြလေ့ရှိပါတယ်။
နိုင်ငံခြားငွေကြေး အသုံးပြုမှု လျော့ချခြင်း၊ ပြည်တွင်းထုတ်ကုန်ပိုမိုထုတ်လုပ်ေစခြင်း ၊ စီးပွားရေး ကိုလှုံဆော် နိုးဆွစေခြင်း စသည့် ရည်ရွယ်ချက်လည်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် သွင်းကုန်အစားထိုးထက် ပြည်တွင်း ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေက တကယ်တမ်းမှာ အလုပ်မဖြစ် တော့တဲ့ အခါ ပြည်တွင်းကလဲ မထုတ်နိုင် ပြည်ပကလဲ မသွင်းရနဲ့ ကုန်ပစ္စည်းစျေးနှုန်းတွေ တက်လာပါတော့တယ်။ ဒီကနေ တစ်ဆင့်လဲ စီးပွားပျက်ကပ် ကိုဦးတည်သွားစေ ပြန်ပါတယ်။
လက်ရှိအခြေအနေမှာ ကပ်ရောဂါ၊ နိုင်ငံရေး မတည်ငြိမ်မှု တွေကြောင့် စီးပွားရေး လုပ်ငန်းများ လဲ ဝင်ငွေ ကျဆင်းတာ၊ အလုပ်လက် မဲ့နှုန်းများလာတာ စတဲ့ စီးပွားရေး ကျဆင်းမှု လက္ခဏာ တွေကို မြင်တွေ့လာရပြီး မြန်မာနိုင်ငံ ရဲ့ စီးပွားရေး ဟာ ၁၈% လောက် ကျုံ့သွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်တွေက သုံးသပ်ထားတာလည်းတွေ့ရပါတယ်။
စီးပွားရေး ကျဆင်းမှု Recession ထဲကို ရောက်ရှိနေပြီဆိုတဲ့ ခန့်မှန်းချက်တွေထွက်ပေါ် လာနေတာဖြစ်ပါတယ်။
ကြုံလာနိုင်မယ့် စီးပွားရေးအကျပ်အတည်း
Recession ကာလ မှာလူတွေ လက်ထဲ ငွေကြေး
နည်းပါးလာ တာကြောင့် ဝယ်လိုအား တွေ ကျဆင်း
ပြီး ပိုင်ဆိုင်မှု အများစုကလဲ စျေးကျဆင်း လာမှာဖြစ်ပါတယ်။
တံခါးဖွင့်ကာလ 2010-2020 ကြားမှာ အလုပ်အကိုင်အခွင့်အလမ်း၊ GDP၊ တစ်ဦးချင်း ငွေသုံးစွဲနိုင်မှု ၊ အကုန်ဖွံ့ဖြိုးမှုအားကောင်းခဲ့တယ်။
အဲဒီအတွက် အရည်အသွေး နှင့် ဝန်ဆောင်မှု ကောင်းရင် စျေးနှုန်းကို ကောင်းကောင်းယူလို့ ရတဲ့ Pro ဆန်ဆန် လုပ်ငန်း၊ အရောင်းအဝယ် အားလုံး အလုပ်ဖြစ်ခဲ့တယ်။ ကိုဗစ်ကာလ ကိုတောင် ရအောင် တောင့်ခံနိုင်လောက်အောင် အားကောင်းခဲ့ပါတယ်။
အခုတော့ အားလုံးဆန့်ကျင်ဘက်ကိုဖြစ်စေပြီး နောင်လအနည်းငယ်ဟာ မြန်မာ့စီးပွားရေးဟာ တအိအိ ပြိုနေပြီး အထိမခံ ဝုန်းကနဲ ပြိုနိုင်တဲ့အနေအထားလည်းဖြစ်သွားနိုင်ပါတယ်။
အကျိုးဆက်က ကဏ္ဍ တစ်ခုချင်းစီက လုပ်ငန်းရပ်လာမယ်၊ အလုပ်အကိုင် အခွင့်အလမ်း၊ တစ်ဦးချင်း ဝင်ငွေ စပြီး ပြတ်လပ်လာမယ်။