أحدث المنشورات من 🌹ပန်းချစ်သူ🌹 (@machitsu413) على Telegram

منشورات 🌹ပန်းချစ်သူ🌹 على Telegram

🌹ပန်းချစ်သူ🌹
သတင်းမှန်နှင့်အထွေထွေဗဟုသုတများတင်ပေးပါသည်။
6,790 مشترك
10,867 صورة
738 فيديو
آخر تحديث 11.03.2025 17:43

أحدث المحتوى الذي تم مشاركته بواسطة 🌹ပန်းချစ်သူ🌹 على Telegram

🌹ပန်းချစ်သူ🌹

11 Mar, 14:36

389

နယ်မြေရှင်းလင်းခြင်း (မတ္တရာ)

မတ် ၁၀ ရက်နေ့ မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာ အနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက်အလောင်း ၂ လောင်း
(၂) MA-2 သေနတ် ၁ လက်
(၃) Type-81   သေနတ် ၄ လက်
(၄) လက်လုပ်မိုင်း ၂ လုံး
(၅) ဘက်ထရီ ၁ လုံး
(၆) ဖြတ်စက် ၁ လုံး
(၇) MDY PDF ယူနီဖောင်း ၆ စုံ
(၈) အီကွေ့မင့်   ၃ စုံ
(၉) ဦးထုပ် ၂ လုံး

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
🌹ပန်းချစ်သူ🌹

11 Mar, 03:15

900

ဘိန်းစား တရုတ်ကိုးကန့်သူပုန်ရဲ့ ၃၆ နှစ်ပြည့်တဲ့ သူပုန်အချင်းချင်း ပေးပို့တဲ့ သူပုန်ပေးစာ ၂ စောင်
🌹ပန်းချစ်သူ🌹

11 Mar, 02:52

819

ဆောင်းအကုန်နွေအကူး နွေဦးရာသီမှာပွင့်တဲ့ ရာဇဝင်ထဲက  ''အင်ကြင်းပန်း''
မင်းဆန္ဒန်က စူဠသုဘဒ္ဒါ ကိုခူးပေးတဲ့ ပန်းခိုင်မှာ ခါချဥ်ကောင်ပါလို့ .. အမြက်တော်ရှပြီး အငြိုးထားခံခဲ့ရတဲ့ ရာဇဝင်ထဲက ပန်း.....🌿
🌹ပန်းချစ်သူ🌹

11 Mar, 02:49

657

ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း

၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက် (ဗုဒ္ဓဟူးနေ့) ၊ မတ်လ ၁၃ ရက် (ကြာသာပတေးနေ့) နှင့် မတ်လ ၁၄ ရက် (သောကြာနေ့) များသည် အများပြည်သူဆိုင်ရာ အလုပ်ပိတ်ရက်များ ဖြစ်ပါသဖြင့် ဘဏ်များအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။
🌹ပန်းချစ်သူ🌹

11 Mar, 02:37

640

ယနေ့ ဗန်းမော် အခြေအနေ
🌹ပန်းချစ်သူ🌹

11 Mar, 02:28

608

ဒါကြောင့် ကိုယ်ဝန်ယူမယ်ဆို ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီး သွေးတွင်းသကြားဓာတ်ကို သေချာထိန်းဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာလည်း လိုအပ်တဲ့ ကုသမှုတွေခံယူတာ၊ အာဟာရပြည့်ဝအောင်စားတာ၊ အပေါ့စားလေ့ကျင့်ခန်းတွေ လုပ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ လိုပါတယ်။


(၇) သွေးဆုံးပြီးချိန်မှာ ပိုပြီးဂရုစိုက်ဖို့ လိုပါတယ်။

သွေးဆုံးပြီးပြီဆိုရင် အမျိုးသမီးတွေမှာ အီစထရိုဂျင် တော်တော်နည်းသွားပါပြီ။ ဒီလို ဟော်မုန်းအပြောင်းအလဲက သွေးတွင်းသကြားဓာတ် အတက်အကျကို ဖြစ်စေနိုင်ပါတယ်။

ဒါ့ပြင် သွေးဆုံးပြီးရင် ဝလာတတ်တော့ ဆီးချိုဆေးတွေ၊ အင်ဆူလင်တွေလည်း ပိုလိုလာနိုင်ပါတယ်။ ရှိန်းတိန်းဖိန်းတိန်းဖြစ်တာ၊ ညဘက်ဆို ပူပြီး အိပ်မရတာတွေကြောင့် ဆီးချိုထိန်းရခက်တတ်ပါတယ်။

သွေးဆုံးပြီဖြစ်တဲ့အတွက် မိန်းမကိုယ်ခြောက်သွေ့ပြီး အတူနေတဲ့အခါ အခက်အခဲ ဖြစ်တတ်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကလည်း သွေးမဆုံးခင်ကထက် ပိုတက်လာတာကြောင့် ပိုပြီးဂရုစိုက်ဖို့ လိုပါတယ်။

ဒီတော့ သွေးဆုံးပြီဆိုရင် ဆီးချိုထိန်းရတာ ပိုခက်လာနိုင်တဲ့အတွက် ဆီးချိုဆေးတွေ အတိုးအလျှော့လုပ်ဖို့ လိုသလို ကိုယ့်ဘက်ကလည်း အနေအထိုင် အစားအ‌သောက် ဆင်ခြင်ဖို့ လိုပါတယ်။ သွေးဆုံးကိုင်လက္ခဏာတွေကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသသင့်ပါတယ်။

ဆီးချိုရှိတဲ့ အမျိုးသမီး က ဒီအချက်တွေကို သိထားဖို့ လိုပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်မယ်ဆိုရင် ဒီပြဿနာတော်တော်များများက ပြေလည်နိုင်မှာ ဖြစ်ပါတယ်။

စာဖတ်ပရိတ်သတ်များအာ မေတ္တာစေတနာဖြင့် ....
ပန်းချစ်သူ
🌹ပန်းချစ်သူ🌹

11 Mar, 02:28

602

ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်
ဆီးချို သွေးချိုအမျိုးအစား (၂) ဆီးချို



ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ ဒါပေမဲ့ သိပ်လည်း စိတ်မပူပါနဲ့။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။

(၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများတယ်။

နှလုံးရောဂါဆိုတာ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲရောဂါပါ။ ဆီးချိုရောဂါရှိတာခြင်း တူရင်တောင် အမျိုးသမီးတွေက ဖြစ်နိုင်ခြေ ၄ဆပိုများပြီး အမျိုးသားတွေက ၂ဆပိုများပါတယ်။ ဒါ့ပြင် နှလုံးသွေးကြောပိတ်ပြီဆိုရင်လည်း အမျိုးသမီးတွေမှာ ရလဒ်မကောင်းတတ်ပါဘူး။

ဒါ့ပြင် ဆီးချိုရဲ့ တခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်တာ၊ စိတ်ကျရောဂါတွေလည်း ပိုဖြစ်တတ်ပါတယ်။

(၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများပါတယ်။

အမျိုးသမီးတွေက ဘဝမှာ တစ်ကြိမ်လောက်တော့ မိန်းမကိုယ်ပိုးဝင်တတ်ကြပါတယ်။ ဒါပေမဲ့ ဆီးချိုရှိတဲ့ အမျိုးသမီးတွေကတော့ ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ အထူးသဖြင့် သွေးတွင်းသကြားဓာတ်များလွန်းရင်ပေါ့။

ဆီးလမ်းကြောင်းပိုးဝင်တာလည်း ဒီလိုပါပဲ။ အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်က ဘဝတလျှောက်မှာ ဆီးပိုးတော့ ဝင်ဖူးကြပါတယ်။ ဆီးချိုရှိရင်တော့ ပိုပြီး ဖြစ်နိုင်ခြေ များပါတယ်။ အဓိကကတော့ သွေးတွင်းသကြားဓာတ်တက်နေတာရယ်၊ သွေးလည်ပတ်မှုမကောင်း‌တော့ ပိုးတွေကို ပုံမှန်လူလို မတိုက်ထုတ်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဆီးချိုကြောင့် အာရုံကြောတွေ ထိလာခဲ့ရင် ဆီးအိမ်က ဆီးကို ကုန်အောင် မသွားနိုင်တော့ပါဘူး။ ဒါဆိုရင်လည်း ပိုးတွေပွားဖို့ လွယ်ပါတယ်။

မိန်းမကိုယ်ပိုးဝင်တာ၊ ဆီးပိုးဝင်တာတွေကို ကာကွယ်ဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက သွေးတွင်းသကြားဓာတ်ကို သေချာထိန်းတာပါပဲ။ ဒါ့ပြင် ရေများများသောက်မယ်၊ ချည်သားအတွင်းခံဝတ်မယ်၊ ဆီးအောင့်မထားဘဲ ပုံမှန်သွားပေးမယ်ဆိုရင် အထိုက်အလျောက်တော့ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) ရာသီစက်ဝန်းကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

ရာသီမလာခင်နဲ့ လာနေတဲ့ရက်တွေမှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာကြောင့် သွေးတွင်းသကြားဓာတ်တွေ ထိန်းရခက်တတ်ပါတယ်။ ဒါ့ပြင် ရာသီရက်ရှည်တာ၊ ရာသီသွေးဆင်းများတာ၊ ရာသီလာခါနီးရက်တွေမှာ ဟိုဟိုဒီဒီ စားချင်တာတွေကြောင့် ဆီးချိုထိန်းရတာ ပိုခက်နိုင်ပါတယ်။

ဒါကြောင့် ရာသီလာခါနီးရက်တွေနဲ့ ရာသီရက်တွေကို သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။ အင်ဆူလင်ထိုးနေတယ်ဆိုရင် ပိုသတိထားပါ။ ရာသီရက်တွေမှာ အပေါ့စားလေ့ကျင့်ခန်းတွေလုပ်၊ အာဟာရပြည့်ဝအောင်စားပြီး အိပ်ရေးဝဝအိပ်ဖို့လည်း လိုပါတယ်။

(၄) လိင်မှုဘဝမှာ အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။

ဆီးချိုရောဂါကြောင့် လိင်စိတ်နည်းတာ၊ မပျော်တော့တာတွေ ဖြစ်တတ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ မိန်းမကိုယ်ခြောက်သွေ့တာကြောင့် အတူနေတဲ့အခါ အဆင်မပြေတာ၊ နာတာတွေ ဖြစ်တတ်ပါတယ်။

ဒီလိုလိင်ကိစ္စတွေမှာ အဆင်မပြေဖြစ်ရတာက အာရုံကြောတွေ ထိခိုက်တာ၊ သွေးလည်ပတ်မှုမကောင်းတာ၊ သောက်နေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးခါနီးအချိန်မှာ ဖြစ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်ပါ။

ဒီပြဿနာကို ဖြေရှင်းဖို့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ဖို့ လိုပါတယ်။ ဆေးတွေကြောင့်ဆိုရင် ဆေးတွေကို အပြောင်းအလဲ လုပ်နိုင်ပါတယ်။ မိန်းမကိုယ်ခြောက်သွေ့တာအတွက် ချောဆီသုံးတာ၊ လိင်စိတ်ပြန်လည်ရရှိဖို့ လေ့ကျင့်ခန်းလုပ်တာ စတဲ့ နည်းလမ်းတွေ ရှိပါတယ်။

(၅) သန္ဓေတားနည်းလမ်းတွေ ရွေးချယ်တဲ့အခါ ဆီးချိုရောဂါကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ကိုယ်ဝန်မလိုချင်သေးတဲ့အခါ ဒါမှမဟုတ် ဆီးချိုတက်နေလို့ ကိုယ်ဝန်ယူဖို့ အဆင်သင့်မဖြစ်သေးတဲ့အခါ သန္ဓေတားနည်းလမ်းတစ်ခုခုကို သုံးဖို့ လိုပါတယ်။

သန္ဓေတားနည်းလမ်းတွေကတော့ သိကြတဲ့အတိုင်း အများကြီးရှိပါတယ်။ သောက်ဆေးတွေ၊ ထိုးဆေးတွေ၊ သားအိမ်ထဲ ပစ္စည်းထည့်တာ၊ လက်မောင်းအောက် ပစ္စည်းထည့်တာ၊ ကွန်ဒုံးစသဖြင့် ရွေးချယ်စရာတွေ ရှိပါတယ်။

ဘာကိုသုံးမလဲဆိုတာကတော့ ကိုယ့်မှာ တခြားဘာရောဂါအခံတွေရှိလဲ၊ လက်ရှိမှာဘာဆေးတွေ သောက်နေလဲ၊ ကိုယ့်အတွက် ဘာနည်းလမ်းက ပိုအဆင်ပြေလဲ စတာတွေပေါ် မူတည်ပြီး ရွေးရမှာ ဖြစ်ပါတယ်။

(၆) ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုကြောင့် ကလေးမထိခိုက်အောင် သတိထားဖို့ လိုပါတယ်။

ဆီးချိုရှိတဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ယူမယ်ဆို ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်။ ဆီးချိုရောဂါကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်သလို သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်တဲ့အချိန်မှာ ကိုယ်ဝန်ရသွားခဲ့ရင်

ကိုယ်ဝန်ဆိပ်တက်တာ
ကလေးက ပေါင်ချိန်များလွန်းတာ
ကိုယ်ဝန်ပျက်တာ၊ ကလေးအသေမွေးတာတွေ ဖြစ်တတ်ပါတယ်။
ဒါ့ပြင် ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေက ကိုယ်ဝန်ပထမ၂လမှာ ဖွံ့ဖြိုးတာဆိုတော့ အဲ့ဒီအချိန်မှာ သွေးတွင်းသကြားဓာတ်ကို သေချာမထိန်းနိုင်ရင် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ပါလာနိုင်ပါတယ်။
🌹ပန်းချစ်သူ🌹

11 Mar, 02:08

600

ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နှင့်ယူကရိန်းတို့ ဆော်ဒီအာရေဗျတွင် ဆွေးနွေးမည်

..
🌹ပန်းချစ်သူ🌹

11 Mar, 02:06

629

တိုင်းပြည်အနာဂတ်

ကိုယ့်ကိုယ်ကို မြန်မာနိူင်ငံသားဟု ခံယူထားသူတိုင်းဟာ နိူင်ငံရေးနှင့် နိူင်ငံ့အရေးကို ခွဲခြားသိထားကြဖို့ လိုအပ်ပါတယ်။

ယခု ခရီးစဥ်ဟာ နိူင်ငံရေးအတွက် သွားရောက်ခဲ့တာ မဟုတ်ပဲ နိူင်ငံ့အရေး အတွက် သွားရောက်ခဲ့တာပါ

ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ လက်ရှိ မဖြစ်မနေ အလိုအပ်ဆုံးသော ကဏ္ဍကြီး ၂ရပ် ရှိပါတယ်။

၁။ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး
၂။ စွမ်းအင် အပြည့်အဝ လည်ပတ်ရရှိရေး

ဒီ လိုအပ်နေသော ကဏ္ဍ ၂ရပ်ကို ဖော်ဆောင်ဖြည့်ဆည်းပေးနိူင်သော မိတ်ဆွေနိူင်ငံတွေထဲမှာ ရုရှားနှင့် ဘီလာရုနိူင်ငံဟာ မြန်မာအတွက် အသင့်တော်ဆုံးနှင့် ယုံကြည်အားကိုးနိူင်သော နိူင်ငံတွေပါ။

ဒါကြောင့် ယခု ခရီးစဥ်ကနေ ရရှိလာမည့် အကျိုးကျေးဇူးတွေဟာ ကျွန်တော်တို့နိူင်ငံအတွက် အခြေခံကောင်းမည့် မျိုးစေ့တွေပါ

ဒါကို ကျွန်တော်တို့ နိူင်ငံသားတွေက ဆက် စိုက်မလား၊ လွတ်ပစ်မလား ဆိုတာ ကိုယ့်ကြမ္မာကို ဖန်တီးခွင့် ရှိကြပါတယ်

ရှေ့မှာ ကောင်းမွန်တဲ့ မျိုးစေ့တွေ ရခဲ့တုန်းက မစိုက်ပဲ လွတ်ပစ်ခဲ့ကြတဲ့ အကျိုးရလာဒ်ကြောင့် ဒီနေ့ အမှောင်ထဲမှာ ကျွန်တော်တို့တစ်တွေ စမ်းတဝါးဝါးနဲ့ နေ နေရတယ် မဟုတ်လား

ဒါကြောင့် ရလာတဲ့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပြီး တိုင်းပြည်ရဲ့ အနာဂတ်အတွက် နိူင်ငံသားတိုင်းဟာ အတူတကွ စိုက်ပျိုးကြဖို့ အရေးကြီးပါတယ်

အစိမ်းကပဲ ယူလာလာ၊ အနီကပဲ ယူလာလာ၊ မျိုးစေ့တွေ ကောင်းနေရင်တော့ ကျွန်တော်တို့ဟာ ပုဂ္ဂိုလ်ရေးမပါ ဘယ်သူ ဘယ်ဝါဖြစ်နေ ဖြစ်နေ တိုင်းပြည်အနာဂတ်အတွက် အတူတကွ စိုက်ပျိုးကြရမယ် မဟုတ်လားခင်ဗျာ...


..,...
🌹ပန်းချစ်သူ🌹

11 Mar, 02:03

551

စေတနာ

ကျွန်တော်တို့ငယ်ငယ်က သင်ခဲ့ဖူးတဲ့ "အဖိုးအို၊သရက်ပင်နှင့်အိမ်ရှေ့မင်းသား"ပါဝင်တဲ့ "စေတနာ"ပုံပြင်လေးလိုပေါ့ဗျာ။အဖိုးအိုကတော့ သရက်ပင်လေးစိုက်ပျိုးပေးခဲ့ပါတယ်။ နောင်တစ်ချိန်မှာ ချိုမြိန်တဲ့အသီးအပွင့်တွေကိုတော့ အဖိုးအိုမခံစားရနိုင်တော့ပေမယ့် နောက်မျိုးဆက်သစ်တွေအတွက် စေတနာထားပြီး စိုက်ပျိုးပေးခဲ့တာလို့ပဲ မြင်ပါတယ်ဗျ။