أحدث المنشورات من 🌹ပန်းချစ်သူ🌹 (@machitsu413) على Telegram

منشورات 🌹ပန်းချစ်သူ🌹 على Telegram

🌹ပန်းချစ်သူ🌹
သတင်းမှန်နှင့်အထွေထွေဗဟုသုတများတင်ပေးပါသည်။
6,790 مشترك
10,867 صورة
738 فيديو
آخر تحديث 11.03.2025 17:43

قنوات مشابهة

Thazin Oo 🇲🇲
133,070 مشترك
View of Sue
17,089 مشترك
I am Thazin Oo
9,965 مشترك

أحدث المحتوى الذي تم مشاركته بواسطة 🌹ပန်းချစ်သူ🌹 على Telegram

🌹ပန်းချစ်သူ🌹

11 Mar, 01:19

655

မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်ရေးကိုပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်ရေးကိုပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်ရေးကိုပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒု- ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း တို့ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ မစ္စတာ တိန့်ရှီးကျွင်း အား ယနေ့ မတ် ၁၀ ရက်နံနက် ၁၀ နာရီက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေးရှေ့ရှုကာ နှစ်ဖက်အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးကို အလေးထားဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-တရုတ် နယ်စပ်ဒေသတစ် လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နယ်စပ်ဒေသတွင် တိုးမြင့်လျက်ရှိသည့် အွန်လိုင်းလေ+ာင်းကစားနှင့် လိ-မ်လည်မှုကွန်ရက်များအား ပူးပေါင်းတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံ အပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။
🌹ပန်းချစ်သူ🌹

08 Mar, 11:57

597

တောင်ဆူဒန်မှာ ကုလသမဂ္ဂရဟတ်ယာဉ်တစင်း ပစ်ချခံရလို့ အများအပြား သေဆုံး
🌹ပန်းချစ်သူ🌹

08 Mar, 11:40

629

သူတို့အားကိုးရာ ရှာကြပြီ

ဗန်မော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာတာ လနဲ့ချီ ကြာခဲ့ပါပြီ. ဗမာ လူငယ် စစ်ကိုင်း pdf လေးတွေ ဆေးကျွေး ရှေ့ပွိုင့်က တင်ကာ အသေခံတိုက်ခဲ့လို့ အင်အား ခဏ ခဏ ဖြည့် ဗန်းမော်သို့ ပို့ဆောင်ကာ တိုက်ပွဲဝင်စေခဲ့သည်..ဖားကန့်ဒေသဘက် မှော်ဆီဇာမှာ ရေမဆေး ကျောက်ရှာနေတဲ့ ဒေသအသီးသီးက ဗမာ ရခိုင် ရှမ်းနီ တွေအတင်းအဓမ္မဖမ်းပြီး တစ်ပတ် သက်တန်းပေးကာ ဗန်းမော်ကိုစစ်ချီကာ တိုက်စစ်စခဲ့ပေမဲ့လည်း အကြိမ် ကြိမ်အလဲအကွဲ အသေအပျောက်များကာ ရွှေကူနဲ့ မြို့လှဘက်မှာ မသာပွဲနဲ့ အထူးစည်ကားနေရဲ့..KBC အမည်ခံ သူပုန်အားပေး ကချင်းအသင်းတော်က ဂျိမ်းဖောမျိုးပြုတ်တော့မယ် ဗန်းမော်ကို စစ်ပွဲရပ်ဖို့ အကြံပေးတာကို အင်ဘန်လနဲ့ စစ်ရေးတင်းမာသူ ဂမ်ရှောင်က စိတ်ဆိုးဒေါသထွက် အမြတ်မာန်ရှလေရဲ့..

အခုတော့ စစ်ကိုင်းဘက်က pdf ကလေးတွေဟာ အမြင်မှန်ရလာပြီး တချို့ အလင်းဝင်ဖို့ ဆက်သွယ် နေကြပြီ.အားကိုးရှာ နေကြပြီ..

KIA သူပုန်ကတော့ ဒေသခံပြည်သူများအား အတင်းချောဆွဲပြီး ပြည်သူများရဲ့ လုပ်အားကို အတင်းအဓမ္မ ရယူကာ သူပုန်မိသားစုတွေရဲ့ လုံခြုံရေးအတွက် ဗုံးခိုကျင်းတွေ မြေအောက်ဘန်ကာတွေ ဆက်သွယ်ရေး မြောင်းတွေ တူးခိုင်းနေကြောင်း ဖားကန့်ဒေသခံများမှ ရင်ဖွင့်ပြောပြလာခဲ့...

ဆက်လက်ရေးသားပါမည်...

ဖန်မိးအိမ်
မတ္တရာ
🌹ပန်းချစ်သူ🌹

08 Mar, 10:59

631

ဆန်ဇု၏ စစ်ပညာသဘောတရားအရ ပထဝီမြေကြီး အခြေအနေ ၉ မျိုး

ကွဲပြားကျဲပြန့်နေသောမြေ
စစ်ဦးကျွံမြေ
အကျိုးထူးပေးသောမြေ
လဟာပြင်
လမ်းမကြီးကို ကြက်ခြေခတ်ဖြတ်နေသောမြေ
စိုးရိမ်ဖွယ်ကောင်းသောမြေ
ကန္တာရမြေ
ညှပ်ပိတ်ထားသောမြေ
သက်လွတ်ပြေးရသောမြေ

ယနေ့ KIA တွေဟာ စစ်ကိုင်းဘက် စစ်ဦးကျွံမြေ ထဲသို့ ရောက်နေပြီး ဗန်းမော်မှာ မရှု့မလှ စစ်ရေးရှုံးနိမ့်ကာ အသေအပျောက်များနေခြင်း
တနိုင်းဘက် စစ်စခန်းများ ဆုပ်ပေးနေရခြင်း ထီးချိုင့် လက်လွှတ်ခဲ့ရခြင်း ရှမ်းမြောက် TNLA ရဲ့ စော်ကာတာ ခဏခဏခံနေရခြင်း MNDAA ရဲ့ ဇာတ်ရဲလက်ရဲ KIA နဲ့ ကချင် ဂျိမ်းဖောများအား ပစ်ခတ်သက်ဖြတ်ခြင်း ခံနေရတာဟာ ကျရှုံးခြင်းရဲ့ အစပါပဲ..

မကြာခင် ဆရာကြီး အထာနဲ့ စခဲ့တဲ့ ‌KIA ဟာ တပည့်ဖြစ်သူတွေ ပခုံးခြင်းယှဉ်ကာ ကာပြန်ခြင်း ခံနေရပြီ..

ဖန်မီးအိမ်
မတ္တရာ
🌹ပန်းချစ်သူ🌹

08 Mar, 10:35

637

ကျေးဇူးရှင် တောင်သူဦးကြီးများအတွက်

ယခုနှစ်မိုးရာသီ အကျ‌စောနိုင်ပြီး မိုးကောင်းနိုင်

🌧🌧🌧🌧🌧🌧🌧🌨🌨🌧🌧
🌹ပန်းချစ်သူ🌹

08 Mar, 06:39

725

ချင်း PDF ကူကီး KNO KNA အဖွဲ့တွေက မြန်မာနဲ့ အိန္ဒိယနယ်စပ်မှာ ပုန်းခိုနေကြပြီး မြန်မာနိုင်ငံအစိုးရကို လက်နက်ကိုင် တော်လှန်ရေးလုပ်နေကြတယ်။
-
ခုတော့ အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်တပ်ရင်းတွေက နယ်စပ်တစ်လျှောက်စစ်ဆင်ရေးတွေလုပ်ပြီး PDF စခန်းတွေကို ဖျက်ဆီးနေကြပြီ။
-
ဘာလို့ ချက်ချင်းကြီး စစ်ဆင်ရေးအရေးပေါ်လုပ်ရတာလည်းဆိုတော့ ချင်း PDF KNO KNA အဖွဲ့က ဘာဘူကြီးရဲ့ ရဟတ်ယာဉ်ကိုပစ်ခတ်လိုက်လို့ ဖြစ်ပါတယ်။
-
ခုတော့ လေယာဉ်နဲ့ပါ ဗုံးကျဲခံနေရပြီ။
🌹ပန်းချစ်သူ🌹

08 Mar, 06:01

783

KIA နဲ့ MNDAA
KIA နဲ့ TNLA
KIA နဲ့ ရှမ်းနီ
KIA နဲ့ ရှဒူးစွပ်ပြည်သူ့စစ်

ကဲ KIA ကတော့ ဒိုင်ချုပ်ပဲ...


ဂွမ်မော် အင်ဘန်လ ဂမ်ရှောင် နော်ဘူး တို့ကတော့ ပတ်ခြာလည် မီးဝိုင်းနေပြီ...

..
🌹ပန်းချစ်သူ🌹

08 Mar, 05:51

761

ဒီမိုကရေစီ တကယ် ရပြီလား....

..
🌹ပန်းချစ်သူ🌹

08 Mar, 04:49

747

ယနေ့ အောင်မြင်မှုလေးပါ..

အောင်မြေချဲ့ နေမြေရှင်းဆဲဖြစ်လို့ ဆက်လက်ဖော်ပြပေးပါမည်..

အောင်မြင်မှုတွေ နေ့စဉ်ရရှိနေသော အောင်တပ်မတော်ကြီးအား လေးစားစွာ အလေးပြုပါသည်...

..
🌹ပန်းချစ်သူ🌹

07 Mar, 04:20

44

တပ်မတော်(ကြည်း ၊ ရေ ၊လေ) လက်ရုံး /ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန် အခြားအဆင့် အမျိုးသမီးစစ်မှုထမ်းများ အလိုရှိသည်