𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel) (@leo_movie_review_channel) Kanalının Son Gönderileri

𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel) Telegram Gönderileri

𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)
10,503 Abone
3 Fotoğraf
7 Video
Son GĂźncelleme 11.03.2025 01:57

Benzer Kanallar

My Channel
317,693 Abone
CV-YEPAYmel
126,483 Abone

𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel) tarafından Telegram'da paylaşılan en son içerikler

𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

12 Sep, 04:07

1,739

" How To Make Millions Before Grandma Dies " (2024)

ဇာတ်အေးအေး Family Drama ပေမဲ့ အကြောင်းတိုက်ဆိုင်သူတွေကို မျက်ရည်ဝဲသွားစေမယ့် How to make millions before grandma dies...

ရုံတင်တုန်းကလည်း ရလဒ်ကောင်းတွေ positive review တွေရခဲ့သလို အတော်လေးငိုရတယ်ဆိုတဲ့ဇာတ်ကားလေးဖြစ်တာမလို့ အငိုဒရာမာတစ်လိုင်းပရိသတ်တို့ တစ်ရှူးဆောင်ရင်း ရှုစားပေးကြပါဦး။

သူငယ်ချင်းတစ်ယောက် အဘိုးဆုံးခါနီးမှာ သွားပြုစုရင်း ဘတ် ၁၀ သန်းတန် အိမ်ကြီးကို တစ်ယောက်တည်းအမွေရလိုက်တာကို သိလိုက်ရတဲ့အမ်

တိုက်ဆိုင်စွာနဲ့ သူအဘွားကလည်း ကင်ဆာနဲ့ နေ့ရက်တွေလက်ချိုးရေနေတာကို သိလိုက်ရအပြီးမှာ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့အနေနဲ့ အလုပ်ကထွက်ပြီး အဘွားကိုပြုစုဖို့ ရောက်ချလာပါတော့တယ်။

သေခါနီးအဘွားအိုတစ်ယောက်ကို အမ်အပါအဝင် အမျိုးအဆွေ အားလုံးက ရွှေပုံကြီးလို့မြင်ခဲ့တာပေမဲ့ အနီးကပ်ပြုစုနေတဲ့အမ်ကတော့ ဘယ်သူမှမမြင်တဲ့ အထီးကျန်ဘဝကို မြင်လိုက်ရတဲ့အခါ...

တစ်ခါတလေမှာ ကျွန်တော်တို့ တောရွာတစ်နေရာမှာ မေ့‌မေ့ပျောက်‌ပျောက်ပစ်ထားတဲ့ အဘိုးအဘွားတွေအတွက် တကယ်လိုအပ်နေတာကဘာလဲဆိုတာကို ဒရာမာနဲ့ပေါင်းစပ်လို့ ဖော်ပြထားတဲ့ မျက်ရည်စို့စေမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမလို့ ရှုစားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

( ဇာတ်လမ်းအကျဉ်းကို Zicky မှ ရေးသားပေးထားပါတယ် )

Subtitle By - Ash Team
Encode By - Myint Thu

Ash Channel (Ash) မှ ဘာသာပြန်တင်ဆက်သည်။

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

08 Sep, 03:19

1,563

The Life of David Gale (2003) မြန်မာစာတန်းထိုး
__

IMDB: 7.5/10)

အထက်တရားရုံးက ဒဿနိကဗေဒပါမောက္ခဟောင်းဒေးဗစ်ဂေးလ်အား သောကြာနေ့တွင်ကွပ်မျက်ဖို့ကို
ဆိုင်းငံ့မပေးနိုင်ကြောင်း ပယ်ချလိုက်ပါတယ်

ဂေးလ်ဟာ ၁၉၉၄ ခုနှစ်မှာအော်စတင်ကောလိပ်မှ လုပ်ဖော်ကိုင်ဘက်ဟောင်းကွန်းစတန့်ဟယ်ရာဝေးကိုမုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်

အမှုကို တနိုင်ငံလုံးကစိတ်ဝင်စားခဲ့ကြပါတယ်..ဘာလို့လဲဆိုတော့ ဂေးလ်နဲ့ဟယ်သာဝေးက သေဒဏ်ချမှတ်ခြင်းကို ဆန့်ကျင်ခဲ့ကြတဲ့ဖျက်သိမ်းရေးဝါဒီအဖွဲ့အစည်း ဒက်ဝက်ချ်ရဲ့တက်ကြွလှုပ်ရှားသူတွေဖြစ်ခဲ့ကြလို့ပါပဲ

”ဒါကတော့ ရုပ်သံလွှင့်ဌာန သတင်းကြေငြာသူ ပြောသွားတဲ့ စကားတွေပါပဲ…ဒေးဗစ်ဂေးလ်ဟာ ဉာဏ်ကြီးရှင်တစ်ယောက်၊ အကျိုးပြုစာတမ်းတွေများစွာရေးသားခဲ့သလို တက္ကဆက်ရဲ့ပြင်းထန်လွန်းတဲ့တရားစီရင်မှုတွေကိုလည်း ကန့်ကွက်ခဲ့သူဖြစ်တယ်..ပြီးတော့ သိပ်ချစ်ရတဲ့သားလေးနဲ့မိန်းမကိုလည်းပိုင်ဆိုင်ထားတဲ့သူ…ဒီလိုလူက သူ့ရဲ့လုပ်ဖော်ကိုင်ဘက် ကွန်းစတန့်ဟယ်ရာဝေ ဆိုတဲ့အမျိုးသမီးကို မမုဒိန်းကျင့်သတ်ဖြတ်ခဲ့လို့သူကိုယ်တိုင်သေဒဏ်အမိန့်ချခဲ့ရသူပေါ့

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

08 Sep, 02:58

1,476

Ted Lasso (2020)

IMDb - 8.8/10
Rotten Tamatoes - 95%


Apple Tv + ရဲ့ Series တိုင်းနီးပါးက Rating တွေ အရမ်းကောင်းတာကို သိကြမှာပါ။ Rating ကောင်းသလိုပဲ ဇာတ်လမ်းလေးတွေကလည်း တကယ်ကြည့်လို့ကောင်းပါတယ်။ အခုတစ်ခါ Apple Tv+ ရဲ့ Rating အကောင်းဆုံး ၁၀ ကားထဲကမှ နံပါတ် ၃ ခု မြောက်ကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
ကိုယ်သဘောကျပြီး အားပေးနေကျ ဘောလုံးအသင်းတွေမှာ နည်းပြအပြောင်းအလဲဖြစ်လာရင်၊ ဘယ်သူမဆိုအကောင်းပဲလိုချင်ကြတာပါ။ AFC Richmond အသင်းပိုင်ရှင်ကတော့ ဘောလုံးအကြောင်းဆိုရင် ဘာဆိုဘာမှမသိတဲ့ Ted Lasso ကို နည်းပြခန့်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းပိုင်ရှင်က ဒီအသင်းပျက်စီးရင်ပြီးရောဆိုတဲ့ စိတ်နဲ့ပဲငှားချလိုက်တာဖြစ်ပါတယ်။
Ted တစ်ယောက်ကတော့ ဒီအတိုင်းဘာမှသုံးစားမရတဲ့သူတော့ မဟုတ်ပါဘူး။ Wichita State Shockers ဆိုတဲ့ အမေရိကန်ဘောလုံးအသင်းကို တန်းတက်အောင်စွမ်းဆောင်ပေးခဲ့နိုင်ပါတယ်။ အမေရိကန်ဘောလုံးဆိုလို့ MLS တို့ USL တို့မဟုတ်ဘဲ၊ အမေရိကန်တွေရဲ့ Original လက်နဲ့ စကားရတဲ့ အမေရိကန်ဘောလုံးပါ။ လားလားမှမသက်ဆိုင်တဲ့ အားကစားနှစ်ခုပဲဖြစ်ပါတယ်။ ဘောလုံးစည်းမျဥ်းစည်းကမ်းတွေထဲက အခြေခံဖြစ်တဲ့ အချိန်အပိုင်းအခြား၊ ထောင့်ကန်ဘော၊ လက်ပစ်ဘောတို့အပြင် ဘယ်လိုရှင်းပြရှင်းပြ ဘောလုံးပွဲကြည့်နေကျသူတွေထဲမှာတောင် နားမလည်ကြတဲ့ လူကျွံဘောတွေနဲ့ Ted တစ်ယောက် တိုင်ပတ်ပါတော့တယ်။
အင်္ဂလန်သားတွေရဲ့ ဇကိုလည်း အားလုံးသိပြီးကြပြီးဖြစ်မှာပါ။ အနီးစပ်ဆုံးပြောရရင် အင်္ဂလန်နဲ့ အီတလီ ဖိုင်နယ်ပွဲအပြီးအခြေအနေကိုပဲ ကြည့်လိုက်ပါ။ ဘောလုံးနဲ့ ပတ်သက်ရင် တကယ့်ကိုစိတ်အားထက်သန်ကြတဲ့သူတွေပါ။ တကယ်လို့ အင်္ဂလန်ဘောလုံးအသင်းတွေက ပရိသတ်တွေအတွက် ဘယ်လောက်အရေးပါလဲသိချင်ရင် Green Street ၃ ကားကို ပြန်ကြည့်ကြပါ။
ဆိုတော့ Ted Lasso တစ်ယောက် Premier League မှာ ဘယ်လိုတိုင်ပတ်မယ်၊ အသင်းပရိသတ်တွေက Ted ကို ဘယ်လိုသဘောထားကြမလဲဆိုတာကို ဟာသတွေတစ်ပြုံနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

04 Sep, 02:25

1,423

Adopt A Highway (2019)

အားလုံးနဲ့ရင်းနှီးနေလောက်မယ့် မင်းသားကြီး Ethan Hawkeရဲ့Dramaကားသစ်တစ်ကားပါ။

အမေရိကားမှာ 1994ကပြဌာန်းလိုက်ပြီးအဲ့အချိန်ကပြည်နယ်တစ်ချို့မှာလက်ခံကျင့်သုံးခဲ့တဲ့ ဥပဒေတစ်ခုရှိတယ်ပေါ့။

အဲ့တာကတော့ Three Strike Lawလို့ခေါ်ပါတယ်။လူတစ်ယောက်က အဲ့ဥပဒေကိုကျင့်သုံးတဲ့ပြည်နယ်တစ်ခုမှာပြစ်မှုနှစ်ကြိမ်ကျူးလွန်ပြီးတတိယမြောက်ပြစ်မှုကိုကျူးလွန်လိုက်မယ်ဆိုရင်အဲ့အမှုကဘယ်လောက်ပဲသေးငယ်ပါစေနှစ်ရှည်ထောင်ဒဏ်ကျခံရမှာပါ။ဒီလိုနဲ့ဇာတ်ကားထဲကဇာတ်ကောင်ကမူးယစ်ဆေးလေးတစ်အောင်စ လက်ဝယ်တွေ့ရှိပြီးထောင်အနှစ်နှစ်ဆယ်ကျသွားပါတယ်။ထောင်ထဲဝင်သွားတုန်းက လူငယ်တစ်ယောက်ပေါ့ပြန်ထွက်လာတဲ့အချိန်မှာ သူသိပ်လိုက်မမှီနိုင်တော့ဘူး။သူ့ကိုဖေးမပြီးတွယ်တာမယ့်သူလည်း တစ်ယောက်မှမရှိတော့ဘူး။

ဘဝမှာဘာလုပ်လို့လုပ်ရမှန်းမသိ၊ဘာအတွက်ရှင်သန်နေမှန်းမသိတာကမှတကယ်လမ်းပျောက်တာဆိုတာကို ခံစားမိစေတယ်။The Shawshank Redemptionထဲက“Brooks was here”ဆိုတာလေးကိုတောင်သတိရသွားမိတယ်။ဒီလိုနဲ့ တစ်ညမှာ သူအလုပ်လုပ်တဲ့ဆိုင်ရဲ့နောက်ဖက် အမှိုက်ပုံးထဲမှာ စွန့်ပစ်ခံထားရတဲ့ကလေးလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။တွယ်တာစရာမရှိတဲ့လူတစ်ယောက်စွန့်ပစ်ခံကလေးတစ်ယောက်ကိုတွေ့လိုက်တဲ့အချိန်မှာတော့……ဇာတ်လမ်းကအရှိန်တက်နေရင်းနဲ့ ကြည့်ရှုသူတွေအတွက်မျှော်လင့်ထားသလိုထိချက်ပြင်းပြင်းနဲ့ဇာတ်သိမ်းတစ်ခုမဟုတ်ခဲ့လို့လားတော့မသိratingတွေ အရမ်းကြီးမကောင်းခဲ့ပေမယ့်တကယ်မြောပြီးခံစားနိုင်မယ့် ဒရမ်မာကားတစ်ကားပါ။

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

01 Sep, 13:18

1,584

A Legend (Aka) The Myth 2 (2024)

ဂျက်ကီချန်းရဲ့ နာမည်ကျော် The Myth (2005) အဆက်အဖြစ် ထွက်ရှိလာတဲ့ တရုတ်ဇာတ်ကား A Legend (2024) ကတော့ ဒီနေ့ပဲ ရုပ်သံအကြည်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

The Myth ရဲ့အဆက်ဆိုပေမယ့် ဂျက်ကီချန်းရဲ့ဇာတ်ကောင်လောက်ပဲ ပထမကားရဲ့အဆက်အဖြစ် တူညီမှုရှိပြီး

ဇာတ်လမ်းကတော့ တခြားဒဏ္ဍာရီ တစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။

လက်ရှိခေတ်နဲ့ အတိတ်က ဟန်မင်းဆက်ခေတ်ကို အသွားအပြန်တင်ဆက်ထားတာတွေ့ရမှာပါ။

ဟန်လူမျိုးတွေနဲ့ ရှုံနူလူမျိုးစုတွေရဲ့ ရာဇဝင်တိုက်ပွဲကို အခြေခံလို့ ချစ်ခြင်းဒဏ္ဍာရီ တစ်ပုဒ်ကို လွမ်းဆွေးဖွယ်တင်ဆက်ထားပါတယ်။

ဂျက်ကီချန်းရဲ့ငယ်ရုပ်တွေ CGI တွေအများအပြားသုံးထားပြီး ဘယ်လောက်ထိ ဒဏ္ဍာရီဆန်မလဲဆိုတာကိုတော့....။

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

26 Aug, 02:10

1,638

Edge of Tomorrow(2014)

ဒီတစ်ခါတော့ Tom Cruise ရဲ့ Sci-Fi Action ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၄ ရဲ့ ဇာတ်ကားကောင်း á€á€˝á€ąá€‘ဲမသဏ တစ်ကားအပါအဝင်ဖြစ်ပြီး ပရိတ်သတ် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။

ဇာတ်လမ်းက အများကြီးကောင်းပြီး၊ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ဂိမ်းကစားသလိုပါပဲ၊ မနိုင်တဲ့ Stage ကို အကြိမ်ကြိမ်ပြန်ကစားသလိုပါပဲ။ ရန်သူတွေကလညး ဒီနေရာကပဲထွက်ထွက်လာသလို၊ ကိုယ်ကလည်း အကုန်လုံးကို မှတ်မိနေပါတယ်။ တစ်ခုပဲ ရှိတာက ပါဝါပိတ်လိုက်ရင် Check Point က á€”á€ąá€•á€źá€”á€şá€…á€œá€­á€Żá€ˇá€™á€›á€á€ąá€Źá€ˇá€•á€Ťá€˜á€°á€¸á‹ ဂိမ်းထဲမှာက အစကနေ á€•á€źá€”်ပဟဎး á€†á€ąá€Źá€ˇá€œá€­á€Żá€ˇá€›á€•á€ąá€™á€šá€ˇá€ş ဒီမှာကတော့ No Reset ပါ။
ဇာတ်ကားကောင်းတစ်ကားပါ။ မင်းသားမင်းသမီးကတော့ ဝါရင်နာမည်ကြီးသရုပ်ဆောင်တွေ ဆိုတော့ á€•á€źá€ąá€Źá€”á€ąá€…á€›á€Źá€á€ąá€Źá€„á€şá€™á€œá€­á€Żá€•á€Ťá€˜á€°á€¸á‹ ဇာတ်လမ်း ဇာတ်အိမ်လည်းကောင်းပြီး၊ ဇာတ်ကားတစ်ကားလုံးကောင်းပါတယ်။
ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ No Sex, No Nudity ပါ။

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

25 Aug, 02:56

1,563

About a Boy (2002)


ဒီကားလေးက 2002 ခုနှစ်ထုတ် Comedy, Romance, Drama ကားကောင်းလေးဖြစ်ပါတယ်။ အော်စကာဆုအတွက် ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးဖြစ်ပြီး တခြားဆု(၁၁)ဆုနဲ့ ဆန်ခါတင်ပေါင်း(၃၀)ကျော်၀င်ထားခဲ့တဲ့ကားကောင်းလေးပါ။ Cast အနေနဲ့ဆိုရင်လည်း မယ်လိုဒရာမာမင်းသားကြီးဖြစ်တဲ့ Hugh Grant က အဓိကပါ၀င်ထားပြီး X-Men နဲ့ The Great မင်းသားဖြစ်တဲ့ Nicholas Hoult ရဲ့ ပွဲဦးထွက်ဇာတ်ကားလည်းဖြစ်ပါတယ်။ဝေလ်က ပေါ့ပျက်ပျက်နေတတ်ပြီး အလုပ်မရှိ အတည်တကျမရှိတဲ့သူတစ်ယောက်ပါ။ တစ်ရက်တော့ ဆင်ဂယ်လ်မားတွေကိုကပ်ဖို့အကြံနဲ့ တစ်ကိုယ်တည်းမိဘတွေ့ဆုံပွဲကို၀င်ပါတယ်။ အဲဒီကနေ ဆူဇီဆိုတဲ့အမျိုးသမီးနဲ့ချိတ်မိပြီး ဆင်ဂယ်ပဲရန့်စ်ပျော်ပွဲစားထွက်ရာကနေ မားကတ်စ်ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး ပေါ့ပျက်ပျက်ဖြစ်နေတဲ့ ဝေလ်ရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲဖို့စတင်လာပါတော့တယ်။ဒီဇာတ်ကားလေးက ၁နာရီ၄၀မိနစ်ကျော်အချိန်တွင်းမှာ တစ်ခန်းမှပစ်ရက်စရာမရှိ ငြီးငွေ့စရာမရှိတဲ့ဇာတ်ကားလေးပါပဲ။ ရယ်မောစရာဇာတ်၀င်ခန်းတွေအပြင် ခံစားချက်တွေနွေးထွေးစေနိုင်တဲ့အခန်းတွေ မျက်ရည်လည်နိုင်စေတဲ့အခန်းတွေနဲ့ ကြည်နူးစရာဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ကြပါဦး။

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

24 Aug, 04:53

1,320

Raayan (2024)
"ရာယန်"

IMDb 6.9

CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ တမီးလ် action ဇာတ်ကြမ်း
ရုံကားအသစ်လေးကို မိုးလင်းလင်းချင်း မနှေး/အမြန် တင်ဆက်ပေးလိုက်ပါတယ်

နာမည်ကျော် မင်းသား Dhanush ရဲ့ ကားငါးဆယ်ပြည့်ရုပ်ရှင်ဖြစ်ပြီး
သူကိုယ်တိုင် ဇာတ်ညွှန်းရေးကာ ဒါရိုက်တာလုပ် အစွမ်းပြထားတဲ့
ဒီရုပ်ရှင်ဟာ ရုံတင်ငွေ ၁၅၈ ကုဋေ ရရှိထားပါတယ်

ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရာယန်ဟာ ညီငယ်နှစ်ယောက်ဖြစ်သူ
မူတူးနဲ့ မာနီကမ်၊ အချစ်ဆုံး ညီမလေး ဒူရ်ဂါတို့ရဲ့ အစ်ကိုကြီးဖြစ်ပြီး

အဖေအမေတို့စွန့်ပစ်သွားကတည်းက ရွာကနေမြို့ကို ညီလေးညီမလေးတွေ
လက်ဆွဲခေါ်လာကာ ကြုံရာစား ရရာလုပ်ရင်း လူစည်ကားတဲ့ မုန့်ဆိုင်တစ်ဆိုင်ဖွင့်နိုင်တဲ့ ဘဝရောက်လာပါတယ်

ညီလတ်ဖြစ်သူ မူတူးက အရက်မူး သွေးဆိုးကာ ပြဿနာရှာတတ်သူဖြစ်ပြီး
ညီငယ် မာနီကမ်ကတော့ လိမ္မာတဲ့ ကောလိပ်ကျောင်းသားလေးပါ

တုန်နေအောင်ချစ်ရတဲ့ ညီမအငယ်ဆုံးလေးကို
လက်ထပ်ပေးနိုင်ဖို့နဲ့ မူတူးစရိုက်ကို ပြုပြင်ပေးနိုင်ဖို့ပဲ ပဓာနထားတဲ့ ရာယန်...

တစ်နေ့မှာတော့ ဒူရိုင်နဲ့ ဆီသူ ဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်နှစ်ယောက်နဲ့
ပတ်သက်မိရာမှ ဖြူစင်ရိုးသားတဲ့ သူတို့ဘဝတွေ အကျင့်ပျက်
ဒုစရိုက်ပတ်ဝန်းကျင်ကြောင့် အရောင်နွမ်းမယ့်အရေး...
အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လိုကယ်ထုတ်သွားနိုင်မလဲ ဆိုတာကတော့ ...

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

23 Aug, 02:44

1,312

Midnight Sun (2018)

၁၇ နှစ်အရွယ် Katie Price ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ငယ်ငယ်တည်းက ထူးဆန်းတဲ့ရောဂါတစ်ခုကို ခံစားနေရတယ်…အဲ့ဒီရောဂါက အသားအရည်ပေါ် နေရောင်ခြည်လုံးဝကျလို့မရတဲ့ရောဂါပေါ့…အဲ့ဒါကြောင့် သူဟာ အထူးစီမံထားတဲ့ ပြတင်းပေါက်မှန်တွေနောက်မှာပဲ နေပြီး သူ့ဘဝကိုဖြတ်သန်းနေတဲ့မိန်းကလေး…အပြင်ထွက်လို့မရတဲ့အတွက်..ကျောင်းတက်ဖို့လည်းမဖြစ်နိုင်တော့…သူ့ရဲ့အဖေကပဲ အိမ်မှာ စာသင်ပေးရတယ်လေ…သူ့အဖေကလည်း မိတဆိုး သမီးလေးကိုလုံးဝအရှုံးမပေးတဲ့လူမျိုး…ဖြစ်လာသမျှကိုလက်ခံပြီး အကောင်းဆုံးဖြစ်အောင် သူ့ကိုထားခဲ့တာလေ.…သူ့မှာ ရှားရှားပါးပါး မော်ဂန်လို့ခေါ်တဲ့ BFF မလေးတစ်ယောက်ရှိတယ်…နောက်တစ်ယောက်ကတော့ မူလတန်းကတည်းက သူ့အိမ်ရှေ့မှာ စကိတ်စီးရင်းဖြတ်သွားဖြတ်လာမြင်နေရတဲ့ ချာလီဆိုတဲ့ကောင်လေး…ဒီကောင်လေးကို သူကကျိတ်ပြီးသဘောကျနေတာ…ချာလီက သူရှိလို့ရှိမှန်းတောင်မသိဘူး…ဘယ်သိမလဲ …ရောဂါကြောင့်အိမ်တွင်းအောင်းနေရတဲ့ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်နေတဲ့ သနားစရာကောင်မလေးလေ…ဒါပေမယ့် တစ်နေ့တော့ ချာလီနဲ့မထင်မှတ်တဲ့ပုံစံနဲ့ဆုံတွေ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲ….၊ ကြည့်မယ်ဆိုရင် တစ်ရှူးလေးဆောင်ထားဖို့ ပြောပါရစေ…အခြားမဟုတ်ပါဘူး မျက်ရည်သုတ်ဖို့ပါ။

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

18 Aug, 12:17

1,604

Moments We Shared (2024)

Cameo အလန်းတွေနဲ့ ပြည့်နေတဲ့ Moment We Shared လေးနဲ့
အတူCM ချစ်ပရိတ်သတ်တို့ဆီ ပြန်လာပါပြီ...
ဒီနေ့မှာတော့ ဘဝတွေထဲက ဘဝအကြောင်းကို ကာတွန်းတစ်ဖုံ အချစ်
အလွမ်း အဆွေး မိသားစု ခံစားချက်တွေ ရောပြီး
ရုပ်ရှင်တစ်ဖန် ဖန်တီး တင်ဆက်ထားတဲ့
Moment We Shared ဆိုတဲ့ကားလေးကို
ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...

ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆို ငယ်စဉ်တည်းက
အဖွားလက်ထဲ ကြီးပြင်းလာရတဲ့ လျိုရှီစန်းတစ်ယောက်...
မြို့သေးလေးမှာ ကြီးပြင်းလာပြီး မြို့ကြီးပြကြီးမှာနေရတဲ့
ဘဝကို ခံစားချင်နေတဲ့ လျိုရှီစန်းတစ်ယောက်...
သူ့အိပ်မက်တွေအတိုင်း မြို့ကြီးမှာ
တက္ကသိုလ်တွေတက်ပြီး အလုပ်ဝင်ခဲ့ပေမယ့်...
ဘဝက ရေခဲမုန့်စားသလို မချိုမြိန်ဘူးလေ...

အာမခံကုမ္ပဏီမှာ ဝင်ပြီး အလုပ်လုပ်ခဲ့ပေမယ့်..
အထက်ဖား အောက်ဖိ တဲ့အသိုင်းအဝိုင်း...
အရက်သောက်မှ ခင်ချင်တဲ့ အသိုင်းအဝိုင်း....
ပတ်သက်မှုရှိမှ လူရာသွင်းချင်တဲ့အသိုင်းအဝိုင်းကြားမှာ
နေရတာ ဘယ်အဆင်ပြေပါ့မလဲ...

သူ့ခဗျာ မအောင်မြင်သရွေ့ အဖွားဆီမပြန်ဘူးလို့
တွေးနေပေမယ့်... ပြောနေပေမယ့်လည်း...
စိတ်ထဲမှာ အကြိမ်ကြိမ် အဖွားရှိတဲ့ မြို့လေးကို
ပြန်နေခဲ့တာကနေ ရုတ်တရက်ကြီး
တကယ် အဖွားအိမ်ကို ပြန်ရောက်သွားခဲ့တယ်...

ဘာကြောင့်ပြန်ရောက်တယ်မသိပေမယ့် တစ်ခဏတော့
ဘဝအမောတွေကို မေ့ပြီး ဘဝရဲ့ အရသာကို
တစ်ဆင့်ချင်း ပုံဖော်ပြသွားတာဆိုတော့ ပရိသတ်တို့လည်း
ဘဝအမောတွေထဲက ခဏလေး ရုန်းထွက်နိုင်ဖို့ ဒီကားလေးကို ကြည့်လိုက်ကြနော်....

#Credit