Latest Posts from 𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel) (@leo_movie_review_channel) on Telegram

𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel) Telegram Posts

𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)
10,503 Subscribers
3 Photos
7 Videos
Last Updated 11.03.2025 01:57

The latest content shared by 𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel) on Telegram

𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

08 Feb, 03:10

1,281

Game changer _ ( 2025 )ဝှက်ဖဲ
ဇာတ်ကားကြည့်ရန်
https://t.me/c/2089727129/478

RRR၊ ဘိုင်ရာဗားကားတို့နဲ့ လူသိများတဲ့
မင်းသားရမ်ချာရန်ရဲ့ရုံတင်ကားသစ်လေးဒစ်ဂျစ်တယ်ဗားရှင်းနဲ့အတူပဲ
ပရိသတ်ရှေ့မှောက်သို့ ရရှိလာပါပြီ။

RRR ကားပြီးကတည်းက ထွက်သမျှကားတိုင်း ထင်သလောက်မပေါက်ဖြစ်နေတဲ့
ဘိုင်ရာဗားတို့ ဒီတကားတော့ ဘယ်လိုကြမ်းနိုင်ဦးမှာလဲ ….
ရမ်ချာရန်ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေ တောင်ပိုင်းကားဆန်ဆန်ပဲ
အိန္ဒိအစိုးရဘာညာရှိတာအကုန်ဖဲ့ တွေ့တာအကုန်ကြုံးတဲ့ အက်ရှင်ခန်းတွေနဲ့အတူ
ဘိုင်ရာဗားပရိသတ်တွေတော့ အားပေးသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။
မင်းသမီးကတော့ ကျန်တဲ့သူတော့မသိ ကျွန်တော်တော့ Lust Stories ထဲမှာမှတ်မိနေတဲ့
ကီယာရာအဒ်ဘာနီက တွဲဖက်သရုပ်ဆောင်ထားပါတယ်။…..
ဇာတ်လမ်းအကျဉ်းလေးကတော့ ရမ်နန်ဒန်ဟာ ရာထူးတိုးပြီးလို့ နယ်ပြောင်းတာကို
နောက်ကလိုက်ရန်ရှာတဲ့လူမိုက်ငချွတ်လေးတွေရှိလို့ အေးဆေးရထားလေးစီးမသွားရပဲ
ငချွတ်လေးတွေကို ဆုံးမပေးပြီးမှ ခရီးဆက်ရတဲ့ ဘက်စုံတော်ဖြောင့်မတ်တဲ့အရာရှိတစ်ဦးပါ။
မိုပီဒေဗီကတော့ လက်ရှိပြည်နယ်မှာဝန်ကြီးချုပ်ဖြစ်ချင်နေပေမယ့် အဖေရောညီနဲ့ပါမတည့်တာကြောင့်
ပါတီမှာ ပြသနာပတ်ရှာနေတဲ့ ဝန်ကြီးတစ်ယောက်ပေါ့ အဲ့ချိန်မှာ အားလုံးကိုပြုပြင်ပြောင်းလဲရေးဝင်မယ့်
ခရိုင်မှူးကြီးရမ်နန်ဒန်နဲ့ ဟောက်စားတစ်သိုက် ရင်ဆိုင်ရတဲ့ပွဲမှာ ဘယ်သူ့လက်ထဲက
ဘာဝှက်ဖဲတွေထုတ်လာပြီး ဘယ်လိုအနိုင်ကျဲကြမလဲဆိုတဲ့ နိုင်ငံရေးအက်ရှင်ဘောလိဝုဒ်ဇာတ်ကားလေးကို
ပရိသတိကြီးအတွက် တင်ဆက်ပေးပါရစေ
အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

05 Jan, 07:02

2,804

Thirst (2009) 🔞

ကိုရီးယားသွေးစုတ်ဖုတ်ကောင်ကားအလန်းစားလေးနဲ့မိတ်ဆက်ပေးပါရစေ။

Thirst ထဲက ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ သူက (သူလို့ပဲနာမ်စားသုံးပါရစေ)ဘုရားသာသနာတော်ကိုထမ်းရွက်နေတဲ့သူတစ်ဦးပီပီ လောကကြီးတစ်ခုလုံး လှပအေးချမ်းစေချင်တာ သူ့ဆန္နပါ။ဒါက လူဖြစ်ရတဲ့အခိုက်အတန့် လူ့ဖြစ်တည်မှု ကပေးတဲ့ စိတ်ခန္ဓာ ပေါင်းစပ်ထားသိုမှု မှာ အဓိပ္ပါယ်ပြည့်ဝလွန်းတဲ့ ထိုက်တန်တဲ့ လိုအပ်ချက်များစွာနဲ့ အတိဒုက္ခရောက်နေကြတဲ့ သတ္တဝါတွေအပေါ်ကို ကိုယ့်ဖြစ်တည်မှု ခန္ဓာအား ပေးဆပ်အနစ်နာခံရခြင်းက သက်ရှိဘဝမှာတင် ကံထူးစွာရရှိခဲ့တဲ့ နိဗ္ဗာန် ။ကောင်းချီးသြဘာတစ်ခုအဖြစ် သူခံယူထားခဲ့ပါတယ်။နောက်ထပ် နောက်ထပ် ဘာမှမလိုတော့ပါဘူး ။ဘာမှမလိုချင်တော့ပါဘူး။သေခါနီးလူနာတွေအပေါ် စိတ်သာယာမှု ကလေးဖြစ်အောင် ဘုရားရဲ့ဒေသနာတော်တွေနဲ့ နှစ်သိမ့်မယ်။ဗိုင်းရပ်စ်တွေကြောင့် သေဆုံးနေရတဲ့ လူတွေအတွက် ကောက်ရိုးတစ်မျှင် နွယ်တစ်ပင်ပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ကူညီပေးမယ်။သိပ်ကိုအဓိပ္ပါယ်ရှိတဲ့ ဘဝဖြစ်တည်မှု ပေပဲ။ဖြေဆေးမရှိတဲ့ ရောဂါတစ်ခုအတွက် စမ်းသပ်ဖို့ သူခန္ဓာကိုယ်အား ပေးအပ်ခဲ့တယ်။အဲဒီအခါမှပဲ လောကကြီးထဲက ချဉ်ခြင်းတက်လွန်းတဲ့ လိုချင်ဆန္နတွေက ယခင်ကပြည့်စုံပြီထင်ထားတဲ့ ကောင်းမြတ်မှု တွေထက် အများကြီး ပိုလွန်ကြောင်း နက်နဲလာကြောင်း သူသိလာခဲ့ရပါတော့တယ်။သူဟာ အဲဒီရောဂါကို ပထမဆုံး ကာကွယ်နိုင်သူတစ်ဦးဖြစ်လာခဲ့ပေမယ့် စမ်းသပ်မှုကနေ Vampire ဗိုင်းရပ်စ်တွေ သူ့အထဲကို ရောက်လာတော့တာပဲ။သွေးတွေလိုအပ်လာပြီဆို မခံမရပ်နိုင်အောင် ခန္နာဟာ ပူလောင်လာတယ်။အဖုအပိန့်တွေ ထွက်ပေါ်လာတယ်။ဒွါရပေါက်တွေကနေ သွေးတွေ ယိုစီးလာတယ်။ဘုရားသခင်ရဲ့ နတ်ဆိုးက တမင်ပဲကျီစယ်လေရော့သလား။လောကကောင်းကျိုးကို ထမ်းပိုးနေတဲ့ ဘုန်းတော်ကြီးကိုမှ သူရဲ့သွေးတွေ ထည့်ပေးသတဲ့။လူသားတွေ စက်ဆုပ်တဲ့ ဆာလောင်ခြင်း ရက်စက်ခြင်းတွေနဲ့ သူ့ရဲ့ တရားဓမ္မတွေကို အသာလေး အနိုင်ယူလိုက်ပါသတဲ့။ဘုရားရှင်တွေရဲ့ တရားတွေဟာ အမှောင်ရဲ့အာနိသင်ကို ကြောက်လန့်စေရောသလားကွယ်။ထိုအခါကျမှ သူ့ဘဝက လှပသလားလို့တောင် သူ စဉ်းစားမိပါသေးတယ်။ခုဆို ကြည့်လေ။သွေးတစ်စက်အတွက် ပျာယာခတ်နေရပြီ။ဘောင်ခတ်ထားတဲ့ သီလတွေကြားထဲကနေ ဆေးရုံက ကိုမာ(Coma)ဖြစ်နေသူတွေရဲ့ သွေးတွေကို ခိုးကြောင် ခိုးဝှက်လိုက်စုပ်နေရပြီ။သွေးအားတွေများပြည့်သွားပြီဆို အပေါ်ခုန်ရပျံရတာပျော်စရာ။ဆင်ခြင်ဥာဏ်အမျိုးမျိုးနဲ့ သွေးစုပ်ဗိုင်းရပ်ရဲ့ နှိပ်စက်မှု ဒဏ်ကို ခံနိုင်ခဲ့ပေမယ့် အဲဒီအရာထက် ဆိုးတဲ့ ရောဂါတစ်မျိုးက အပေါ်ယံအလွှာတွေ။မာထည်လှတဲ့ ကိုယ်ကျင့်တရားတွေကို ဖြတ်ကျော်ပြီး နှလုံးသားအတွင်းသားဆီကို ဝင်ရောက်လာပါတော့တယ်။အဲဒါအချစ်ပါပဲ။လေတွေတိုက်ခတ်တာ ပြင်းထန်ပါတယ်ဆိုမှ နှင်းခဲတွေက နောက်ကလိုက်ပါလာတာ ပိုဆိုးသွား ဆိုသလိုပေါ့။အဲဒီကာလမှာ သူ့တရားဓမ္မကို ကြည်ညိုတဲ့ မိသားစုထဲက မိန်းမကြီးရဲ့ ချွေးမကလေးပေါ် မေတ္တာသက်ဝင်သွားမိတာ သူ့ရဲ့ထားရှိရမယ့် ကိုယ်ကျင့်တရားတွေ လုံးဝ လုံးဝ ပျက်သုဉ်းသွားတော့တာပဲ။အမြဲတမ်းအဆုတ်ရောဂါရနေပြီး နှာစေးနေတဲ့ ဆွေမျိုးမကင်းတဲ့ ယောက်ျားနဲ့ သည်းခံပေါင်းဖက်နေရပြီး ထည်ဝါလွန်းမောက်မာလွန်းတဲ့ အဒေါ်ဝမ်းကွဲ ယောက္ခမကြီးအောက်မှာ နေရတဲ့ သူမဘဝက မိန်းမတစ်ယောက်ရဲ့ ရှိရမယ့် လိုအပ်ချက်တွေဖြစ်တဲ့ အလှအပ။တန်းတူထားခြင်း။လူရာသွင်းခြင်း။ဂရုစိုက် ကြင်နာမှု ပြု ခြင်း။စိတ်လှု ပ်ရှားဖွယ် ဖန်တီးမှု ပေးစွမ်းပေးခြင်း။မွေ့လျော်ဖို့ကောင်းတဲ့ လိင်ခြင်းနှီးနှောဖလှယ်မှု တွေ ပျောက်ဆုံးနေရရှာတဲ့ လှတပတကောင်မကလေးအပေါ်။အဲဒီကောင်မလေး ခလေးမလေးရဲ့ သူ့အပေါ် ပြဆိုချဉ်းကပ်လာတဲ့ ရမ္မက်နဲ့ဆိုင်တဲ့ ကောက်ကြောင်းအနံ့အသက်ကလေးတွေကို နှစ်ခြို က်သနားဂရုဏာပြု မိတဲ့အချိန်မှာတော့။သူ့ဘဝက အခုမှ အဓိပ္ပါယ်ရှာနေဆဲသာ ဖြစ်ကြောင်း သိလာရပါတော့တယ်။ဘာတွေဖြစ်မလဲ။ဘယ်လိုပြီးဆုံးသွားမလဲ။ဒါရိုက်တာကြီး Park Chan-wook ရဲ့လက်ရာဖြစ်သည်နဲ့အညီ ကိုယ်စဉ်းစားသလို ဖြစ်မလာမှာ သေချာသလို။ကြမ်းရှတဲ့ ဇာတ်အိမ်အပေါ် ဘယ်ကဲ့သို့သော လှပလှတဲ့ အနုပညာဖန်တီးမှု တွေ ထွင်းဖောက် လိမ်းကျံပေးသလဲဆိုတာတော့
ကြည့်ပြီးမှပဲ သိနိုင်ပါလိမ့်မယ်။
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

29 Dec, 10:37

2,717

Culpa Tuya : Your Fault (2024)

2023 တုန်းက ထွက်ရှိခဲ့တဲ့ My Fault ရဲ့ sequel ဇာတ်လမ်း Your Fault ဖြစ်ပါတယ်။ ဇာတ်ကြောင်းကို နားလည်ဖို့ဆိုရင်တော့ My Fault ကို အရင်ကြည့်ဖို့ လိုပါလိမ့်မယ်။
My Fault မကြည့်ရသေးရင်တော့ ရီဗျူးကို ဆက်မဖတ်ဘဲ စပွိုင်လာရှောင်သင့်ပါတယ်။
Your Fault မှာတော့ နစ်ခ်နဲ့နိုအာတို့က တိတ်တိတ်လေး ခိုးကြိုက်နေကြတဲ့ ချစ်သူတွေ ဖြစ်နေပါပြီ။
နစ်ခ်က အလုပ်သင်ဘဝနဲ့ ရှေ့နေကုမ္ပဏီတစ်ခုမှ အလုပ်ဆင်းနေပြီး နိုအာက အထက်တန်းပြီးလို့ ကောလိပ်သွားတက်ပါတော့မယ်။
နစ်ခ်ဟာ အလုပ်မှာ ဆိုဖီယာဆိုတဲ့ ကောင်မလေးနဲ့ အတူတူ အလုပ်တွဲလုပ်ရပါတယ်။
ဒါပေမဲ့ ဒီလိုလုပ်ရတာကလည်း နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုက ရှိနေပါတယ်။
တစ်ဖက်မှာလည်း နိုအာဟာ ကောလိပ်မှာ နစ်ခ်ရဲ့ အတိတ်ကပတ်သတ်ခဲ့သူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပါတယ်။
ဒီတော့ နဂိုကမှ တိတ်တိတ်ပုန်း ချစ်ကြိုက်နေရတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ ဘယ်လိုအနှောက်တွေ ဝင်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

26 Dec, 09:58

2,759

Squid Game Season 2 (2024)

****

ကဲ အားလုံးမျှော်နေကြတဲ့ Squid Game S2ကတော့ 3နှစ်အကြာမှာ ထွက်ရှိလာပါပြီ။
S1က ရင်းနှီးပြီးသား Castတွေဖြစ်တဲ့ Lee Jung Jae, Lee Byung Hun, Wi Ha Joon, Gong Yooတို့လို
မင်းသားကြီးတွေ အပြင် Im Si Wan, Kang Ha Neul, Park Sung Hoon တို့လို ပရိသတ်ရင်းနှီးပြီးသား
တခြားနာမည်ကြီး သရုပ်ဆောင်များစွာလည်း ပါဝင်အားဖြည့်ထားပေးကြပါသေးတယ်။

S1 ကစားပွဲရဲ့ အနိုင်ရသူဖြစ်တဲ့ ကစားသမားနံပါတ် ၄၅၆ ဆောင်းဂီဟွန်း (Lee Jung Jae) ဟာ
တခြားကစားသမားတွေရဲ့ အသက်ကို ကယ်တင်ပြီး ကစားပွဲကို အဆုံးသတ်ချင်တဲ့အတွက်
Squid Gameထဲကို ပြန်လည်ဝင်ရောက်လာပါတယ်။
ဒါပေမဲ့ အခက်အခဲအမျိုးမျိုးကြောင့် ပိုက်ဆံလိုအပ်လို့ ကစားပွဲထဲကိုရောက်လာကြတဲ့
ကစားသမားအသစ်တွေကတော့ ဝမ်၄၅.၆ဘီလီယံဆိုတဲ့ ငွေပမာဏအမြောက်အမြားကိုမြင်ပြီး
ငွေဆိပ်တက်ကာ အသက်ကို မမှုနိုင်ဖြစ်နေကြပါတယ်။
ဒါကြောင့် ဒီရက်စက်လှတဲ့ကစားပွဲထဲမှာ ဘယ်ကစားသမားက အဆုံးထိရှင်ကျန်သွားနိုင်မလဲ..။
ဆောင်းဂီဟွန်းကရော ဒီကစားပွဲရပ်တန့်အောင် တားဆီးသွားနိုင်မလား..။
S1 ထက် ပိုကြမ်းတဲ့ ဇာတ်လမ်း၊ ဇာတ်ကောင်ပုံစံတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်လို့
ရှုစားလိုက်ကြပါဦးနော်။


(အညွှန်းကိုတော့ Toe Toe Aung မှ ရေးသားထားပါတယ်။)

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

14 Nov, 13:43

3,293

Georgie and Mandys First Marriage (2024)

Big Bang Theory နဲ့ Young Sheldon ရဲ့ အစွယ်အပွား စီးရီးအဖြစ် ရှယ်လ်ဒန့်ရဲ့ အစ်ကိုလင်မယားအကြောင်း စီးရီးအသစ်ထွက်လာပြီဖြစ်ပါတယ်။ တစ်ပတ်တစ်ပိုင်းနဲ့ ၁၃ ပိုင်းရှိပါလိမ့်မယ်။

ရှယ်လ်ဒန်စီးရီးအဆုံးထိကြည့်ပြီးတဲ့သူတွေ Big Bang Theory ကြည့်ပြီးတဲ့သူတွေကတော့ ဂျော်ဂျီတစ်ယောက် ဘယ်လို အောင်မြင်လာမလဲဆိုတာ အကြမ်းဖျဉ်း သိကြမှာပါ။ ဒါပေမဲ့ ဒီစီးရီးမှာတော့ ရှယ်လ်ဒန် ကျောင်းတက်ဖို့ ထွက်သွားနေချိန်၊ ရှယ်လ်ဒန့်အဖေလည်း မရှိတော့ချိန်မျာ ဂျော်ဂျီတစ်ယောက် သူ့မိသားစုနဲ့ မန်ဒီတို့ကို ဘယ်လို စောင့်ရှောက်သွားမလဲဆိုတာ မြင်ရမှာပါ။

ထုံးစံအတိုင်း ဟာသတွေ၊ ချစ်စရာ
မိသားစုသံယောဇဉ်တွေနဲ့ ကောင်းကောင်းကြည့်ရမှာပါပဲ။ မူရင်းသရုပ်ဆောင်အားလုံး ပြန်ပါဝင်ထားပါတယ်။ မေရီ၊ မီးမော်၊ ဂျော်ဂျီ၊ မန်ဒီ နဲ့ မန်ဒီ့မိဘတွေ အဓိက ပါဝင်ထားတာပါ။ ရှယ်လ်ဒန်ကတော့ တက္ကသိုလ်သွားတက်နေပြီဖြစ်တဲ့အတွက် မပါတော့ပါဘူး။ ဒါပေမဲ့ ဧည့်သည်အနေနဲ့ စပရိုက်ပြန်ပါလာဦးမယ်တော့ မျှော်လင့်ရတာပါပဲ။ ကြည့်လိုက်ကြပါဦး

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

01 Nov, 09:56

2,996

Aftersun (2022)

Aftersun ကို မထွက်ခင်ကတည်းက ကိန်းတို့ ဘာလို့လို ရုပ်ရှင်ပွဲတော်တွေမှာပြကတည်းက ဝေဖန်ရေးသမားတွေ သွားကြည့်ခဲ့တဲ့တချို့ဆီကနေ မှတ်ချက်ကောင်းတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်။ ဒီရုပ်ရှင်ထွက်တော့လည်း ဘာလာလာ A24 vibe ထထအော်နေကျ A24 ဖန်တွေဆီက A24 vibe လို့တော့ မကြားရပေမဲ့ ချီးကျူးတာတွေ ခဏခဏမြင်ရလို့ သတိထားမိခဲ့တယ်ပေါ့။ တကယ်ထွက်လာတော့လည်း Rating တွေက လန်ပျံနေတာပါပဲ။ ဒီလိုဆိုလို့ ဒီကားကို ဇာတ်အိမ် ထူးထူးခြားခြားကားတို့ A24 ကနေ မြင်ရနေကျ ကားတွေလိုလို့တော့ မမှတ်စေချင်ဘူး။A24 ဟာ နည်းနည်းတမူထူးနေတဲ့ ကားတွေနဲ့ နာမည်ကြီးလာခဲ့တာပေမဲ့ တစ်ခါတလေလည်း Heart-warming ဖြစ်တဲ့ကားတွေ ကြုံတောင့်ကြုံခဲ ထုတ်တတ်တယ်။ Minari တို့၊ The Florida Project တို့ပေါ့။ သိပ်မဆင်ပေမဲ့ ခပ်ဆင်ဆင်ဆို 20th Century Women, Lady Bird, Mid90s တို့လည်းထုတ်ခဲ့တာပဲ။ ဒါပေမဲ့ ဒီကားက အဲဒီ A24 ဒရာမာကားတွေနဲ့ လုံးဝကွဲထွက်နေတယ်။ ကွဲထွက်ဆို သူ့ပြသပုံရော ဇာတ်အိမ်ရောက လှပေမဲ့ အရမ်းရိုးရှင်းတယ်။ ၁၁နှစ်အရွယ်ကလေးမလေးတစ်ယောက်ရဲ့ သူ့အဖေနဲ့ အတူဖြတ်သန်းခဲ့ရတဲ့ အားလပ်ရက်အခိုက်အတန့်လေးကို ပြထားရုံလေးပဲ။ အဲဒီလိုပြတာကလည်း အရွယ်ရောက်လာတဲ့ အဲဒီကလေးမလေးက သူ့အဖေနဲ့ သူအတူ ရိုက်ထားတဲ့ ဒီခရီးမှတ်တမ်း ဗီဒီယိုကို ပြန်ကြည့်နေတာကို ပြတာပါပဲ။ ဆိုတော့ကာ ဒီကားအစအဆုံးဟာ ကျွန်တော်တို့ဟာ ကျွန်တော်တို့နဲ့ ရွယ်တူလောက် မိန်းကလေးတစ်ယောက် သူ့အတိတ်က အပျော်ဆုံးဘဝကို ပြန်ကြည့်တာကို ကျွန်တော်တို့ လိုက်ကြည့်လိုက်ကြရုံသက်သက်ပါပဲ။ဆိုပေမဲ့ သူ့မှာတင်ပဲ အပျော်ဆုံးဘဝရှိခဲ့ဖူးတာ မဟုတ်ဘဲ ကျွန်တော်တို့အားလုံးမှာလည်း ရှိခဲ့ဖူးတယ်မလား။ မြီးကောင်ပေါက်အရွယ်ဟာ ကျွန်တော်တို့ မိဘတွေနဲ့ ကျွန်တော်တို့ကြား အပြေလည်ခဲ့ဆုံး အချိန်တွေ ဖြစ်ကောင်းဖြစ်နိုင်ကြတာပဲ။ အပျိုဖော်လူပျိုဖော်နည်းနည်းဝင်လာကြပြီးတဲ့နောက် ကတောက်ကဆတ်တွေလည်း ရှိခဲ့ကြဖူးမှာပဲ။ ဒီထက်နည်းနည်းအရွယ်လွန်လာတဲ့အခါ ကျွန်တော်တို့ ဟိုးငယ်ငယ်တုန်းက ဘဝတွေကို ပြန်မြင်တွေးကြည့်ကြရတာလည်း အနည်းနဲ့အများတော့ လွမ်းမောဖို့တော့ကောင်းမှာပဲမဟုတ်လား။ ဒီရုပ်ရှင်ဟာ ကောင်မလေးတစ်ယောက်ရဲ့ ပျော်ခဲ့ဖူးတဲ့ အချိန်တွေကိုပြတာပေမဲ့ အဲဒီနောက်မှာလည်း နည်းနည်းခါးသီးတဲ့အရာတချို့တော့ရှိနေသေးတယ်။ ကောင်မလေးအတွက်တော့ အပျော်ဆုံးဖြစ်ခဲ့ပေမဲ့ သူ့အဖေအတွက် ဒီအချိန်က တစ်စုံတရာ အခက်အခဲရှိခဲ့တဲ့ ကာလတစ်ခုဖြစ်နေခဲ့တာပါပဲ။ ကလေးမလေးကတော့ သိခဲ့လိမ့်မှာမဟုတ်ဘူး။ ကျွန်တော်တို့ အားလုံးလိုပဲပေါ့။ ဒီဗီဒီယိုကို သူပြန်ကြည့်တဲ့အချိန်မှာတော့ သူလည်း အတိုင်းအတာတစ်ခုအထိ ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ သူမသိခဲ့တာတွေကို ပြန်မြင်ရင်လည်း မြင်လာမှာပဲ။ ခင်ဗျားလည်း ကြည့်ရင်း ပြန်မြင်ယောင်မိရင်း ပြင်မြင်ရင်လည်းမြင်လာမှာပဲ။
နိဂုံးချုပ်ရရင် ဒီရုပ်ရှင်ဟာ ချစ်စရာကလေးမလေးနဲ့ အရောင်တွေလှပနေတဲ့ ရုပ်ရှင်တစ်ကားသက်သက်ပဲ။ လွမ်းမောစရာဖြစ်သွားမလား နာကျင်စရာဖြစ်သွားမလားကတော့ ခင်ဗျားအပေါ်ပဲ မူတည်ပါလိမ့်မယ်။ Aftersun ဟာ ကတိုက်ကရိုက်မဟုတ်ဘဲ အေးအေးဆေးဆေးရှိတဲ့ တစ်နေ့နေ့မှာ ခင်ဗျား ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံကလေးရဲ့ ဝင်ပေါက်တစ်ခု ဖြစ်ကောင်းဖြစ်လာဖို့ များပါတယ်။
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

18 Sep, 05:19

3,226

Indian 2 (2024)
=============
"အိန္ဒိယခေါင်းဖြူ"

အခုတစ်ခါမှာတော့ အိန္ဒိယရုပ်ရှင်လောကမှာ နာမည်အကျော်ကြားဆုံးရုပ်ရှင်တွေထဲက
တစ်ကား အပါအဝင်ဖြစ်တဲ့ classic ရုပ်ရှင် Indian (1996) ရဲ့ sequel ထွက်ရှိလာလို့
မနှေး/အမြန် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်

ရှေးခေတ်နာမည်ကြီးမင်းသား ကာမယ်လ်ဟာဆန် ပြန်လည်ပါဝင်လာပြီး
Jigarthanda(2014), Chithha(2023) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့
ဆစ်ဒါးသ်လည်း အားဖြည့်ထားပါတယ် ဒီကားက စူပါဟီးရိုးအထာပြောရရင် ဘတ်မင်း Returns ပုံစံပါ

ဇာတ်လမ်းအကျဥ်းကတော့ ချစ်တရာနဲ့ သူ့ဘော်ဒါတစ်သိုက်က နယ်ပယ်မျိုးစုံက
အဂတိလိုက်စားမှုကို သရော်ဝေဖန်ရေး ဟာသဇာတ်လမ်းတိုတွေ Youtube မှာတင်ရင်း
ပရိသတ်အားပေးမှု တစ်ခဲနက်ရထားကြပါတယ်

ဒီလိုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးအတွက်
ဆန္ဒထုတ်ဖော်ရင်း သူတို့ အဖမ်းခံလိုက်ရပါသေးတယ် အာမခံနဲ့ ပြန်လွတ်လာတော့
သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်

အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ချည်းမလုံလောက်ဘဲ တစ်ချိန်က
"အင်ဒီးယန်း အမည်ရှိ အဘိုးကြီးကို ပြန်ခေါ်ဖို့ကြိုးစားကြရာမှာ

ဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ လူငယ်တစ်သိုက်နဲ့ အဘိုးကြီးပူးပေါင်းပြီး
တကယ်ပဲ အကျင့်ပျက်မှုတွေကို တိုက်ဖျက်နိုင်သွားမှာလား ဆိုတာကတော့ ...

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

16 Sep, 05:12

2,698

It Could Happen To You (1994)

IMDb-6.4 ~ Rt-71%ဒီရုပ်ရှင်ကားကတော့ 1984 ခုနှစ်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့
442
ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူထားတဲ့ ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီး Nicolas Cage နဲ့ မင်းသမီး Bridget Fonda တို့ပါဝင်သရုပ်ဆောင်ထားပြီး old but gold
ရုပ်ရှင်ကားကောင်းလေးတစ်ကားလို့ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်း‌ကတော့ ရဲအရာရှိ ချာလီ လန်း (Nicolas Cage) ဟာမျူရီရယ် လန်း (Rosie Perez) ကိုလက်ထပ်ပြီးအိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေနဲ့ရောတာပွန်ကျေပွန်တဲ့ ‌ရဲအရာရှိတစ်ယောက်အနေနဲ့ပါနယူးယော့ခ်မြို့ ကွင်းစ်မှာနေထိုင်နေပါတယ်။ မိန်းမဖြစ်သူ မျူရီရယ် ကတော့ သာမာန်ဘဝကိုတင်မကျေနပ်နိုင်ပဲ ပိုကောင်းတဲ့နေရာမှာနေချင်သူတစ်ယောက်ပါ။ဒါကြောင့်လည်း ချာလီဘာပဲလုပ်လုပ်အမြဲမကျေနပ်နိုင်ဘဲ လင်မယားနှစ်ယောက်ကြားအမြဲတကျက်ကျက်ဖြစ်နေရပါတယ်။ အီဗွန်း ဘီရာဆီ (Bridget Fonda) ကတော့သာမာန်စာပွဲထိုးမလေးဖြစ်ပြီး ‌ယောင်္ကျားဖြစ်သူအက်ဒီက သူ့ဘဏ်ကတ်ထဲက ပိုက်ဆံတွေကိုအကုန်ထုတ်သုံးလိုက်လို့ အကြွေးများစွာတင်ပြီးဒေဝါလီခံထားရသူပါ။ တစ်နေ့မှာ အိပ်မက်တစ်ခုကြောင့် မျူရီရယ်က ချာလီကိုထီလက်မှတ်ဝယ်ခိုင်းခဲ့ပြီးအပြန်မှာ ချာလီတစ်ယောက်အီဗွန်းအလုပ်လုပ်နေတဲ့ စားသောက်ဆိုင်မှာကော်ဖီဝင်သောက်ခဲ့ပါတယ်။အီဗွန်းရဲ့ အခြေအနေကိုရိပ်စားမိသွားတာကြောင့်တာဝန်သိရဲတစ်ယောက်အနေနဲ့ ဘောက်ဆူးပေးဖို့လုပ်ရင်းကနေပိုက်ဆံအပိုမပါတော့လို့ ထီပေါက်ခဲ့ရင် ပေါက်တဲ့ငွေကိုတစ်ဝက်ခွဲပေးမယ်ဆိုတဲ့ ကတိပေးပြီး ပြန်လာခဲ့လိုက်ပါတော့တယ်။နောက်ရက်မှာတော့ ချာလီဝယ်လာခဲ့တဲ့ ထီစာရွက်ကနေဒေါ်လာ (၄)သန်းတန် ထီဆုကြီးပေါက်သွားခဲ့ပြီးသူပေးခဲ့တဲ့ ကတိကိုတည်ဖို့ လုပ်တဲ့အခါမှာချာလီ၊ မျူရီရယ်နဲ့ အီဗွန်းတို့ရဲ့ ဘဝတွေဘယ်လိုပြောင်းလဲသွားကြမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

13 Sep, 12:44

2,063

Onoda: 10000 Nights in the Jungle (2021)

IMDb - 7.2/10
Genre - Adventure, Drama

၂၀၁၄ဇန်နဝါရီမှာ The Gurdianသတင်းစာမှာ ” ဆယ်စုနှစ်သုံးခုကြာအညံ့မခံခဲ့သော ဂျပန်စစ်သား ဟိရိုး အိုနိုဒ သေဆုံးခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ပါခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ အိုနိုဒအကြောင်းကို ပြင်သစ်ဒါရိုက်တာ Arthur Harariက ရိုက်ထားတဲ့ ဘိုင်အိုဂရပ်ဖီရုပ်ရှင်ပါ။အနောက်ဥရောပမှာ အစပြုခဲ့တဲ့ ဒုတိယကမ္ဘာစစ်ဟာ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၇ မှာ ဂျပန်က ပုလဲဆိပ်ကမ်းကို စစ်မကြေညာဘဲ ဗုံးကြဲရာကစလို့အရှေ့တိုင်းကိုကူးစက်ခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးလည်း ဂျပန်နဲ့ အင်္ဂလိပ်တို့ရဲ့ စစ်တလင်းဖြစ်ခဲ့ပါတယ်။ စစ်ရေးအတွက်ကြိုပြင်ထားခဲ့တဲ့ ဂျပန်တွေဟာ အသာစီးရပြီး ပစိဖိတ်သမုဒ္ဒရာထဲကကျွန်းတွေကို သိမ်းနိုင်ခဲ့ပါတယ်။ ၁၉၄၂နှစ်ဝက်လောက်မှာ ဖိလစ်ပိုင်ကျွန်းစုတွေကို ဂျပန်က သိမ်းထားနိုင်ခဲ့ပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးခါနီး ဂျပန်အရေးစနိမ့်လာတဲ့ ၁၉၄၅နှစ်ဦးလောက်မှာ လက်ဖတင်နင်အိုနိုဒဟာ
ဖိလစ်ပိုင်က ကျွန်းတွေကို အမေရိကန်လက်ထဲမကျအောင် ကာကွယ်ဖို့ ရောက်လာခဲ့တယ်။ မလာခင်မှာ သူစစ်ရေးလျှို့ဝှက်သင်တန်းတစ်ခုတက်ခဲ့ပြီး
အဲဒီသင်တန်းက အိုနိုဒတို့ကို အတတ်နိုင်ဆုံးရှင်ကျန်နေနိုင်အောင်နေပြီး ဆက်တိုက်နေဖို့ကို အဓိကထားသင်ပေးခဲ့တယ်။ ဖိလစ်ပိုင်ကို ရောက်ရောက်ချင်းကတည်းက အကြီးအကျယ်အရေးနိမ့်ပေမဲ့ အိုနိုဒတို့ဟာ ဖိလစ်ပိုင်တောထဲမှာနေရင်း ပင်မတပ် အင်အားပြန်စုစည်းနိုင်ပြီး လာတိုက်မယ့်အချိန်ကို စောင့်နေခဲ့ကြတယ်။ “အိုနိုဒ”တို့လို့ ဆိုပေမဲ့တကယ်တမ်း လေးယောက်ပဲကျန်တာပါ။
မသေစာ စားရင်း အားမလျှော့ဘဲ စောင့်နေကြသူတွေပါပဲ။သို့ပေမဲ့ အဲဒီနှစ်ဩဂုတ်လအစမှာ နာဂစခိနဲ့ ဟိရိုရှိမတို့ အနုမြူဗုံးကြဲခံရပြီးနောက် တိုကျိုကနေ ဖိလစ်ပိုင်က ဂျပန်တပ်တွေကို အညံ့ခံလိုက်ဖို့ အမိန့်ပေးပြီးခဲ့ပါပြီ။ ဒါကို အိုနိုဒါတို့က မသိခဲ့ပါဘူး။ တောထဲမှာပဲ ဆက်ကြံ့ကြံ့ခံနေနေခဲ့ကြတယ်။ ဒီရုပ်ရှင်ဟာ ၁၉၄၅မှာ ဂျပန်စစ်ရှုံးခဲ့ပေမဲ့ စစ်ရှုံးတာကိုမသိဘဲ စစ်ဖြစ်နေသေးတယ်ထင်ပြီး ဖိလစ်ပိုင်ကတောထဲမှာ ၁၉၇၄အထိ ၂၉နှစ်လုံး ဂျပန်ပြန်အသာစီးရမယ့်အချိန်ကိုစောင့်ရင်း ကုန်လွန်ခဲ့တဲ့ လက်ဖတင်နင်အိုနိုဒ ဖိလစ်ပိုင်ကို စစသွားကတည်းကနေနောက်၂၉နှစ်အကြာ ဂျပန်ကို သူပြနလာတဲ့အထိ သူဖြတ်သန်းခဲ့ရတဲ့ဘ၀အကြောင်းရိုက်ပြထားပါ။အိုနိုဒဟာ သူ့အမိမြေကို ချစ်တဲ့စိတ်နဲ့ မျှော်လင့်ရင်း
ရက်ပေါင်းတစ်သောင်းလုံး ဖိလစ်ပိုင်တောထဲမှာနေရင်း အသက်ဆက်ခဲ့ပါတယ်။၁၉၇၄မှာမှ အညံ့ခံခဲ့ပြီး ၂၀၁၄ဇန်န၀ါရီမှာသေဆုံးခဲ့ပါတယ်။ လက်ဖတင်နင် ဟိရိုးအိုနိုဒ အညံ့ခံလိုက်တဲ့အချိန်မှာမှပဲ ဂျပန်စစ်ရှုံးပြီး စစ်ကြီးပြီးသွားခဲ့သလို ခံစားခဲ့ရတယ်လို့ တစ်ချို့ကဆိုကြပါတယ်။ Onoda: 10,000 Nights in the Jungle ကို ကိန်းရုပ်ရှင်ပွဲတော်မှာ စပြခဲ့ပြီး
ယူကေက ရုပ်ရှင်ရုံတွေမှာတော့ ဒီနှစ်ဧပြီလမှရုံတင်မှာပါ။ ခရမ်းချဉ်သီး တစ်ရာအပြည့်ရထားပြီး တငွေ့ငွေ့နဲ့တဖြည်းဖြည်းချင်း အရသာရှိစေမယ့် ရုပ်ရှင်မျိုုးလို့ ဝေဖန်ရေးသမားအချို့ကဆိုပါတယ်။

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

13 Sep, 01:16

1,654

Full moon (2017)
****

အပိုင်းသစ် ၁ မှ ၈ အထိ

CM ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ 2017 ကထွက်ရှိခဲ့တဲ့..

တူရကီ ဇာတ်လမ်းတွဲလေး တစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် .....

အချစ်ဇာတ်လမ်းတွေ ကြိုက်တတ်တဲ့သူတွေအတွက် ကွက်တိဖြစ်မဲ့...

romantic series ဖြစ်တဲ့အပြင် ဟာသလေးတွေနဲ့ပါရောထားလို့ ...

စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Comedy Romance အမျိုးအစားလေးပါ။


ဇာတ်လမ်းအကျဉ်း
--------------

ငယ်ရွယ်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ဖယ်ရစ် အာစလန်က....

အလုပ်လုပ်တဲ့နေရာမှာ တိကျပြတ်သားပြီး စည်းကမ်းအလွန် တင်းကျပ်တဲ့သူတစ်ယောက် ဖြစ်တာကြောင့်

အိမ်ကထမင်းချက်တွေ သန့်ရှင်းရေးသမားတွေ ခန့်တဲ့အခါမှာ....

ခဏခဏအဆင်မပြေဖြစ်ပြီး ဝန်ထမ်းရှာဖွေဖို့ရာ အခက်တွေ့နေတယ်။

နက်ဇလီကတော့ ဟင်းချက်ရတာကို ဝါသနာအလွန်ပါလို့ စားဖိုမှူးသင်တန်းတက်ပြီး

စားသောက်ဆိုင်ဖွင့်ဖို့ရာ ကြိုးစားနေတဲ့ သာမန်မိန်းမငယ်လေးတစ်ယောက် ဖြစ်ပါတယ်။

ဒါပေမဲ့သူ့ရဲ့ညီမဖြစ်သူ အာဆူမန်ကိုလည်း တာဝန်ယူနေရပြီး ကျောင်းလခနဲ့

အိမ်ငှားခပေးဖို့ရာအတွက် အချိန်ပိုင်းအလုပ်တွေလုပ်ရင်း ရုန်းကန်နေရရှာတယ်....

အချိန်ပိုင်းအလုပ်တွေ မျိုးစုံလိုက်လုပ်နေတဲ့ နက်ဇလီဟာ တစ်ရက်မှာတော့

ဖယ်ရစ် အာစလန်ရဲ့အိမ်မှာ ထမင်းချက်အနေနဲ့ အလုပ်လုပ်ဖြစ်သွားခဲ့တယ်။

ချေးအရမ်းများတဲ့ ဖယ်ရစ်ကလည်း နက်ဇလီရဲ့ ဟင်းချက်လက်ရာတွေကို သဘောကျသွားခဲ့တယ်...

ဒါပေမဲ့ အကျင့်စရိုက်လုံးဝမတူတဲ့ သူတို့နှစ်ယောက်က အလုပ်မှာတော့ ခဏခဏစကားများနေကြရတယ်..

အဲဒီလိုဆန့်ကျင်ဘက်လူနှစ်ယောက်က ရန်ဖြစ်စကားများရာကနေ ဘယ်လိုချစ်ကြိုက်သွားကြမလဲ

ဘယ်လိုတွေပြောင်းလဲသွားကြမလဲဆိုတာကို Full Moon series လေးမှာစိတ်ဝင်တစားကြည့်လိုက်ပါဦးနော်

ဇာတ်လမ်းအကျဉ်းကို Vanessa မှရေးသားထားပါတယ်

#Credit