أحدث المنشورات من 𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel) (@leo_movie_review_channel) على Telegram

منشورات 𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel) على Telegram

𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)
10,503 مشترك
3 صورة
7 فيديو
آخر تحديث 11.03.2025 01:57

أحدث المحتوى الذي تم مشاركته بواسطة 𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel) على Telegram

𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

05 Aug, 11:42

1,908

Furies (2022)

Asian female action ကားဆို ထိုင်ဝမ်နဲ့ဟောင်ကောင်ရုပ်ရှင်တွေနဲ့ပဲ အထိအတွေ့များတဲ့ပရိသတ်ကြီးအတွက်
ဗီယက်နမ် Female action movieလေးတစ်ခု တင်ဆက်ပေးမှာဖြစ်ပါတယ်။
ဟောင်ကောင်ဂျက်မမဟုတ်တဲ့ ဗီယက်နမ်ဂျက်မလေးတွေကိုကြည့်ရတော့လည်း တစ်မျိုးတစ်မည်ဆန်းသစ်တာပေါ့ဗျာ။

ဘဝရယ်လို့ဖြစ်တည်လာပြီဆိုရင် ရွေးချယ်မှုမလုပ်ရတဲ့လူရယ်လို့မရှိပါဘူး။
ဒါပေမဲ့ တချို့လူတွေရဲ့ အမှောင်ကျနေတဲ့ဘဝမှာတော့ ရွေးချယ်မှုဆိုတဲ့စကားလုံးဟာ ကိုယ်တိုင်မသိလိုက်ခင်ကတည်းက ပျောက်ရှနေခဲ့ပါပြီ။

ကံဆိုးမှုလို့အဓိပ္ပာယ်ရတဲ့နာမည်ကို ပိုင်ဆိုင်ထားတဲ့ ဘီဆိုတဲ့ကောင်မလေးဟာ နာမည်စီးနေတယ်လို့ထင်မှတ်ရလောက်အောင် ကံခေလွန်းတဲ့သူဆိုလည်းမမှားပါဘူး။
မိန်းမမြင်ရင် လိင်ကျွန်လောက် ထင်ကြတဲ့ ယောက်ျားသားတွေ ကြီးစိုးရာမှာ မိန်းမရွှင်တစ်ယောက်ရဲ့သမီးဖြစ်ရတဲ့ဒုက္ခဟာ ပြောစရာမလိုအောင် အမှောင်ကျနေခဲ့တာပေါ့။

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

19 Jul, 08:08

1,905

Canva နဲ့ဘာလုပ်လို့ရလဲ Canva နဲ့ဒီလိုပိုစတာတွေကအစ digital editing ပတ်သတ်တာမှန်သမျှလုပ်နိုင်ပါတယ်ခဗျာ ကျနော်ဒီပိုစတာကိုအသင့်သုံး template လုပ်တာဖြစ်လို့အချိန်မိနစ်ပိုင်းပဲကြာပါတယ် ကျနော်က professional မဟုတ်လို့ဒီလောက်ကြာတာပါ ဆရာကြီးတေဆို ခဏလေးနဲ့အစွမ်းပြလို့ရပါတယ် အဲ့လိုအစွမ်းပြဖို့ template သိန်းကျော်ပါလို့ ခုပဲ Canva pro ဝယ်ယူလိုက်တော့ဗျို့ 👨‍💻🤗

ဝယ်ယူဖို့ဆက်သွယ်ပါ🕵‍♂
@mrnine2k

📢ဝယ်ယူနိုင်တဲ့ plan များ
https://t.me/Great_Point/61
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

19 Jul, 03:33

1,652

The People vs. Larry Flynt (1996)

တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်နေရင် ခွင့်လွှတ်လိုက်ကြပါ။ “လိင်ကိစ္စမှာတောင် တားမြစ်ချက်တွေရှိနေရင် ကျုပ်တို့မှာ ပြဿနာတွေများနေတာ အံ့သြစရာမရှိဘူး။ ကျုပ်တို့လူမျိုးတွေ စိတ်ဆတ် ၊ အကြမ်း-ဖ(က်)တတ်ပြီး လူမျိုး-(တုံး) သ-(တ်)ဖြတ်တတ်ကြတာ အံ့သြစရာမရှိဘူး” ဒီစကားတွေကိုဆိုခဲ့တဲ့ လယ်ရီဖလန့်ဟာ ငယ်ငယ်ကတည်းက အရက်ပုန်းရောင်းပြီး အသည်းအသန် ငွေရှာချင်ခဲ့တဲ့ကလေးတစ်ယောက်ပါ။ အရွယ်ရောက်လာချိန်မှာတော့ ဖော်ချွတ်မယ်တွေနဲ့ ကလပ်တစ်ခုဖွင့်ထားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပေမဲ့လည်း မအောင်မြင်ဘဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ကြံရည်ဖန်ရည်ကောင်းတဲ့ လယ်ရီဟာ သူ့ကလပ်ရဲ့လုပ်ငန်းတွေအဆင်ပြေစေဖို့ ၊ လူများများရောက်လာဖို့အတွက် ဖော်ချွတ်မယ်တွေရဲ့ကိုယ်လုံးတီးပုံတွေနဲ့ စာစောင်တွေထုတ်ပြီး ကြော်ငြာခဲ့ပါတယ်။ တစ်ရက်မှာတော့ လူတစ်ယောက်ဟာ လယ်ရီနဲ့တော်တဆတွေ့ခဲ့ပြီး ဒီမဂ္ဂဇင်းကို ဘယ်လိုထပ်ဝယ်လို့ရမလဲလို့ မေးခဲ့ရာကနေ လယ်ရီဟာ အပြာမဂ္ဂဇင်းထုတ်ဖို့ အကြံဉာဏ်ရသွားခဲ့ပါတယ်။ စစချင်းမှာ မဂ္ဂဇင်းဟာ ဝက်ဝက်ကွဲ ရှုံးခဲ့တယ်။ နောက်တော့ အောင်မြင်တယ်။ အဲဒီနှစ်ကာလများရဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူကြီးလူကောင်းများရဲ့ ကန့်ကွက်ထုတ်ဖော်မှု၊ ဝေဖန်တိုက်ခိုက်မှု ၊ တရားစွဲဆိုမှုတွေကြောင့်နဲ့ လယ်ရီဟာ တရားရုံးလည်း ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ လယ်ရီ ဖလန့်ရဲ့ ဘဝထဲက ဆယ်စုနှစ် ၃ ခုအတွင်းကြုံတွေ့ခဲ့ရတဲ့ ဆူကြုံအနိမ့်အမြင့်တွေ ၊ မဖိတ်ခေါ်ဘဲရောက်လာခဲ့တဲ့ အရှုပ်အထွေးတွေ ၊ ကိုယ်တိုင်သွားရှာလာခဲ့တဲ့ပြဿနာတွေ အားလုံးကို ခံစားချက်ရသမျိုးစုံနဲ့ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ လယ်ရီဟာ သူမှန်တယ်ထင်တာကို တဇွတ်ထိုးလုပ်ရင်းနဲ့ လူတွေရဲ့ လိင်စိတ်ကူးယဥ်မှုဆိုင်ရာလွတ်လပ်ခွင့်အတွက် တိုက်ခိုက်ပေးနေခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီခေတ်အခါက လယ်ရီဖလန့်ဟာ ဘုန်းတော်ကြီး ဂျယ်ရီဖာဝဲလ်ကို သရော်စာရေးခဲ့ပြီး ဗဟိုတရားရုံးအထိ တရားရင်ဆိုင်ခဲ့တဲ့ အဖြစ်အပျက်ကြောင့်သာ ယခုလက်ရှိကာလရဲ့ အပြာဝက်ဆိုဒ်တွေမှာ အပြာမင်းသားတွေ ဆန်တာကလော့ဒ်ဝတ်စုံကြီးနဲ့ တူနယ်တန့်နယ်နေတာမျိုးကို လွတ်လပ်စွာ ကြည့်ရှုခွင့်ရနိုင်နေတာပါ။ ဒီနိုင်ငံမှာသာ အထင်ကရနတ်မင်းတစ်ပါးရဲ့ ဝတ်စုံဝတ်ပြီး အပြာကားရိုက်မိရင် ရိုက်တဲ့ကောင်ဟာလည်း မစ္စတာ လယ်ရီဖလန့်လိုပဲ ၇ ညအိပ် ၈ ရက် ချားကီးမိပြီး ဂျေးအောင်းမှာပါ။ ဒီတော့ ညစ်ညမ်းဓာတ်ပုံ၊ ဗွီဒီယိုများ လွတ်လပ်စွာကြည့်ရှုခွင့် ရရှိရေး စွမ်းစွမ်းတမံ စွမ်းဆောင်ပေးခဲ့တဲ့ မစ္စတာ လယ်ရီ ဖလန့်ရဲ့ ဘဝအကြောင်းကို စေ့စေ့ငုံငုံ ရိုက်ပြထားတဲ့ ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦး

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

16 Jul, 12:06

1,604

Querelle (1982)
****
ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 6.6/10

အထိရရှိထားတဲ့( Querelle )ဆိုတဲ့ ဇာတ်ကားလေး တစ်ကားနဲ့

မိတ်ဆက်ပေးချင်ပါတယ်..

ဒီဇာတ်ကားကို ဒါရိုက်တာ Rainer Werner Fassbinder က

ရိုက်ကူးပုံဖော်ထားပြီး မင်းသား Brad Davis , Franco

Nero နဲ့မင်းသမီး Jeanne Moreau တို့က ပါဝင် သရုပ်ဆောင်

ထားပါတယ် ဒီဇာတ်ကားက နိုင်ငံတကာအကောင်းဆုံး

ရုပ်ရှင်ဆု(Jupiter Award) , အကောင်းဆုံး ဇာတ်ဝင်တေးဆု

(Razzie Award ) စတဲ့ဆုတွေကိုလည်း သိမ်းပိုက်ရရှိ

ထားပါတယ်....

ဇာတ်လမ်းအကျဉ်းကတော့ LGBT တစ်ယောက်ဖြစ်တဲ့

ရေတပ်အရာရှိ လက်ဖ်တင်နင် ဆဲလ်ဘွန်က ဘရက်စ်မြို့ကို

ဆိပ်ကမ်းကပ်ပါတယ် အဲ့ဒီအချိန်မှာ ရေတပ်သားလေးတစ်ယောက်ဖြစ်တဲ့

ကော်ရယ်တစ်ယောက် ဘရက်စ်မြို့ရဲ နာမည်ကြီးဖယ်ရီယာ

ပြည့်တန်ဆာစံအိမ်ရဲ့ သူဌေးမဖြစ်တဲ့ လီဆန်ဆိုတဲ့ အမျိုးသမီးနဲ့

အိမ်ထောင်ကျနေတဲ့ အစ်ကိုဖြစ်သူ ရော့ဘတ်ကို တွေ့လိုက်ပါတယ်

ဒါပေမဲ့ထူးဆန်းတာက လီဆန်ဆိုတဲ့အမျိုးသမီးရဲ့ယောကျ်ားဖြစ်သူ

နိုနိုး ဆိုတဲ့ အားကောင်းမောင်းသန်ဗလကြီးကလည်း အဲ့ဒီစံအိမ်ကြီးမှာပဲ

နေပါတယ် နောက်ပြီးသူက ယောကျ်ားချင်း လိင်ဆက်ဆံရတာကို

အထူးကြိုက်နှစ်သက်သူ တစ်ဦး ဖြစ်ပါတယ် အဲ့ဒါအပြင် အဲ့ဒီဖယ်ရီယာ

စံအိမ်မှာ နာမည်ကြီး အလောင်းအစား တစ်ခုရှိပါတယ် အဲ့ဒါကတော့

လီဆန်ရဲ့အရင်ယောကျာ်းဖြစ်သူ နိုနိုးနဲ့ အန်စာတုံးဂိမ်း ကစားရမှာ

ဖြစ်ပါတယ် အနိုင်ရရှိတဲ့သူကတော့ အဲ့ဒီစံအိမ်မှာရှိတဲ့ မိန်းကလေးတွေ

ထဲကကြိုက်တဲ့သူကို ခေါင်းခေါက်ရွေးပိုင်ခွင့်ရှိပြီး အကယ်၍ရှုံးနိမ့်

သွားမယ်ဆိုရင်တော့ သူတစ်တီတူးတာကို ခံရမှာဖြစ်ပါတယ်

ရော့ဘတ်ရဲ့ညီဖြစ်သူ ကော်ရယ်ကလည်း ဒီကစားနည်းကို ကစား

လိုက်ပါတယ် သူကရော အနိုင်ရရှိအောင် ကစားနိုင်ပါ့မလား

ဘာကြောင့်ဒီကစားနည်းကို ကစားဖို့ရွေးချယ်လိုက်တာလဲ

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကော်ရယ်တို့သင်္ဘောပေါ်က သင်္ဘောသား

တစ်ယောက်နဲ့ သီရိုဆီလင်း ဆိုတဲ့သူရယ် အဲ့ဒီနှစ်ယောက်က

အသတ်ခံလိုက်ရပါတယ် ရဲတွေကလည်း သေဆုံးသူရဲ့ဘေးမှာ

တွေ့ရတဲ့မီးခြစ် တစ်လုံးကလွဲရင် အခြားဘာမှစုံစမ်းလို့မရဖြစ်နေပါတယ်

လူသတ်တရားခံကရောဘယ်သူဖြစ်မလဲ...

အဲ့ဒီ မီးခြစ် ရဲ့ပိုင်ရှင်ကရော ဘယ်သူဖြစ်မလဲ နောက်ဆုံးမှာ

တကယ့်တရားခံအစစ်ကိုဖမ်းမိသွားပါ့မလားဆိုတာကို

ပရိတ်သတ်ကြီးကိုယ်တိုင် ကြည့်ရှုခံစားလိုက်ပါဦး

ဒီဇာတ်ကားက Drama အမျိုးအစားဖြစ်ပြီး ၁၈ +ဆန်ဆန်ဇာတ်ဝင်ခန်း

တွေနဲ့ စကားအသုံးအနှုန်းတွေကြောင့် အသက်အရွယ်မပြည့်သေးတဲ့

ကလေးသူငယ်တွေ အနေနဲ့ ကြည့်ရှုဖို့မသင့်တော်ဘူးဆိုတာကိုတော့

ကြိုတင်အသိပေးလိုက်ပါရစေ....

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

29 May, 15:02

2,624

Mai (2024)

IMDB: 6.9/10

၂၀၂၄ မတ်လ ၂၂ ရက်ကထွက်ရှိထားတဲ့ Mai ဆိုတဲ့ ဗီယက်နမ်ရုပ်ရှင်ဟာ Romance ၊ Drama အမျိုးအစားဖြစ်ပြီးဗီယက်နမ်ရုပ်ရှင်ထုတ်လုပ်ရေး၊ ရုပ်ရှင်ရိုက်ကူးရေးနဲ့တည်းဖြတ်ရေးအပိုင်းတွေမှာ အရည်အသွေးထိပ်တန်းအဆင့်
ရှိတဲ့ရုပ်ရှင်ဖြစ်ပါတယ်။Mai အဖြစ်သရုပ်ဆောင်တဲ့မင်းသမီးရဲ့ချောမောလှပမှုနဲ့တင်ကြည့်ရတာတန်တဲ့အပြင် ဇာတ်ကောင်အားလုံးကလည်းသရုပ်ဆောင်ပိုင်နိုင်စွာနဲ့ ဇာတ်လမ်းကိုသရုပ်ဖော်သွားတာမြင်တွေ့ရပါတယ်။ဘဝမှာအရွယ်နဲ့မလိုက်အောင် ဒုက္ခတွေအများကြီးကြုံတွေ့ခဲ့ရတဲ့ဗီယက်နမ်အမျိုးသမီးငယ်လေးရဲ့ဘဝကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
****

တိုက်ခန်းတစ်ခုကိုပြောင်းလာတဲ့မိုင်ဆိုတဲ့မိန်းကလေးကိုအိမ်နီးချင်းတွေက အသားလွတ်မကောင်းမြင်နေကြသလိုအလုပ်ထဲမှာလည်း မနာလိုမုန်းတီးခံရတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ အနှိပ်ခန်းတစ်ခုမှာအလုပ်လုပ်တဲ့မိုင်ဟာ သိပ်မကြာခင်မှာ အိမ်နီးချင်းဒွန်းဆိုတဲ့ကောင်လေးနဲ့ချစ်မိသွားပြီး မိုင်နဲ့ဒွန်းဟာ အသက် ၇ နှစ်ကွာဟတဲ့ချစ်သူတွေဖြစ်လာခဲ့ပါတယ်။ အရင်ကပွေရှုပ်ခဲ့တဲ့ဒွန်းဟာ မိုင်မှာရှုပ်ထွေးတဲ့အတိတ်ရှိခဲ့တာတောင် မိုင်နဲ့ပဲလက်ထပ်ချင်တဲ့အထိမိုင်ကိုစွဲလမ်းသွားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒွန်းက မိုင်ကိုမိခင်နဲ့ပေးတွေ့ဖို့ အိမ်ခေါ်သွားချိန်မှာတော့ ဒွန်းရဲ့မိခင်ဟာမိုင်နဲ့ညီအစ်မတွေလိုရင်းနှီးတဲ့ မိုင်ရဲ့ဖောက်သည်တစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ချမ်းသာတဲ့မိသားစုမွာ အလိုလိုက်ခံရပြီးကြီးပြင်းလာတဲ့ဒွန်းဟာ မိသားစုကိုဆန့်ကျင်ပြီး မိုင်ကိုလက်တွဲသွားနိုင်မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။

#Credit
𝐋𝐞𝐨 𝐂𝐢𝐧𝐞𝐦𝐚 (Review Channel)

27 May, 04:14

2,229

Wuthering Heights (2011)Wuthering Heights ဆိုကထဲက ၉တန်း(အရင်သင်ရိုး ၁၀တန်း)ကျောင်းသား အရွယ်က သင်ကြားခဲ့ရတဲ့ သင်ခန်းစာလေးဆိုတာကို နည်းနည်းတော့မှတ်မိကြဦးမယ်ထင်ပါတယ် Liverpool မြို့လေးမှာ
“Cathy or Catherine, Hindley, Heathcliff Earnshawမိသားစု”ပါဝင်ခဲ့တဲ ဒီဇာတ်လမ်းလေးဟာ ကစားဖို့ မုန့်စားဖို့ ရုပ်ရှင်ကြည့်ဖို့လာသိတဲ့ ကလေးအရွယ် ကျွန်တော်တို့နှလုံးသားကိုတောင် ခပ်စပ်စပ် ရိုက်ခတ်နိုင်စွမ်းရှိခဲ့တယ် အရွက်ရောက်လာတော့လည်း အနည်ထိုင်စပြုနေတဲ့ ကျွန်တော့တို့နှလုံးသားကို ဒုတိယံပိ ပြန်လည်လှုပ်နှိုးခံလိုက်ရတယ် အဲ့ဒါကတော့စာရေးဆရာ ကျော်လှိုင်ဦးဘာသာပြန်ထားတဲ့ လေထန်ကုန်းဆိုတဲ့စာအုပ်လေးကြောင့်ပါ…. ဟော အခု ရုပ်ရှင်အသွင်နဲ့ပြန်ကြည့်ရတော့ ဘယ်ပြောကောင်းမလဲဗျာ…. နောက်တော့မှသိလာရတာက Wuthering Heights ကို Emily Btonyရေးသားပြီး ဒီစာအုပ်ဟာ ခေတ်အဆက်ဆက် အကြီးကျယ်ဆုံးသော ဂန္တဝင်ဝတ္ထုစာရင်းဝင်ခဲ့ပါတယ်…. လူရဲ့ကိုယ်ကျင့်တရား…မျိုးဆက်သစ်ပြုစုပျိုးထောင်မှုရဲ့အရေးပါပုံ…စာပေသင်ကြားခွင့်ဆုံရှုံးခြင်းဟာ လူ့ဘဝရဲ့အကြီးမားဆုံးသော ဆုံးရှုံးမှု ဆိုတာတွေကို ဒီကားမှာတွေ့နိုင်ပါတယ် ……***
မေ့နေတဲ့သူတွေအတွက် နည်းနည်းနွှေးရင်းဇာတ်လမ်းလေးအကြောင်းပြောပြပါ့မယ် Mr.Earnshaw ကြီးက Heathcliff ဆိုတဲ့ လမ်းပေါ်ကမိဘမဲ့ကောင်လေးတစ်ယောက်ကိုအိမ်ခေါ်လာပြီးမွေးစားခဲ့ပါတယ် အဲ့ဒီကောင်လေးဟာ မိမရှိဖမရှိ စကားတောင်ယဉ်ယဉ်ကျေးကျေးမပြောတတ်တဲ့ကောင်လေးဆိုတော့လည်း အိမ်သားတွေကမကြည်ဖြူဘူးပေါ့ Mr Earnshaw ကြီးမှာ Hindley နဲ့ Cathy ဆိုပြီးသားသမီးနှစ်ယောက်ကလည်းရှိပါတယ် သားဖြစ်တဲ့ Hindley ကတော့ လမ်းပေါ်ကကောင်လေး Heathcliff ကိုအမြင်ကတ်တဲ့ပုဒ်မနဲ့ အမြဲလိုလို ရန်ရှာခိုင်းစေတတ်ပါတယ် နှိမ်တယ် Cathyကတော့နူးညံ့တဲ့နှလုံးသားပိုင်ရှင်မိန်းကလေးပီပီ Heathcliffကိုသူငယ်ချင်းတစ်ယောက်လိုပဲမခွဲမခြားဆက်ဆံပါတယ်ဒါပေမယ့်လည်း ဂုဏ်ပကာသန ဆိုတာလူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ အဆင်တန်ဆာတစ်ခုဖြစ်နေလေတော့ ချမ်းသာတဲ့Linton မိသားစုဝင်တစ်ဦးဖြစ်တဲ့ Aggar နဲ့ Catherine ကလက်ထပ်ဖို့အထိဖြစ်လာခဲ့ပါတယ် အဲ့ဒီအချိန်မှာ Heathcliff အတွက် ခိုကိုးရာမဲ့သူသလိုဖြစ်သွားတယ်… ရှားရှားပါးပါးသူ့ကိုကြင်နာဂရုစိုက်ဆက်ဆံတတ်တဲ့သူကဂုဏ်သိက္ခာအဆင့်အတန်းတွေကြောင့်သူ့ဘေးနားကထွက်ခွာသွားရမယ်ဆိုတဲ့နာကျည်းမှုတွေက သူ့ဘဝတစ်ခုလုံးကိုပြောင်းလဲစေဖို့အတွက် အဝေးတစ်နေရာကိုထွက်ပြေးသွားစေတဲ့အထိဖြစ်ခဲ့ပြီးသူ့ဘဝလည်းပြောင်းလဲလာခဲ့ပါတယ် ချမ်းသာမှု မိမိကိုယ်ကိုယုံကြည်မှုတွေနဲ့ ကျားရဲတစ်ကောင်လိုပြန်လာခဲ့တယ်.. ဒါပေမယ့်သူပြန်လာတဲ့အချိန်မှာအခါနှောင်းသွားခဲ့ပါပြီ …… ရှေ့ဆက်ဖြစ်မဲ့ဟာတွေတော့ အပြည့်အဝကြည့်ရှုရင်းခံစားလိုက်ပါဦး… ကိုင်းပြိတ်သတ်ကြီးရေ….အနည်ဆိုတာမျိုးကတစ်ခုခုနဲ့ထိခိုက်မိရင် ပြန်လှုပ်ခပ်ရိုးမဟုတ်လား …ခင်ဗျားတို့ရင်ထဲမှာအနည်ထိုင်ခဲ့တာကို အပြင်းစားရိုက်ချက်ကြီးနဲ့ ပြန်လည် လှုပ်ခတ်ခံရမှာကြောက်နေတယ်ဆိုရင်တော့ …… သဘောရှိပါဗျား…ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကို Pyae Xeinn Sett ပါ

#Credit