ပုံပြင်တွေ ၊ ဒဏ္ဍာရီတွေဆိုတာ ကျွန်ုပ်တို့ ကလေးဘဝရဲ့ အသည်းစွဲအမှတ်တရတွေပါ။
ငယ်ငယ်တုန်းက လူကြီးတွေပြောပြခဲ့တဲ့ အိပ်ရာဝင်ပုံပြင်တွေ၊ ကြားဖူးနားဝရှိနေခဲ့တဲ့ ဒဏ္ဍာရီဇာတ်လမ်းတွေ… ငယ်ဘဝဆိုတာ ဒါတွေနဲ့ ဖြတ်သန်းကြီးပြင်းလာကြရတာမဟုတ်လား?
ဝါးပင်ကနေ မွေးဖွားလာတဲ့ မင်းသမီးလေးဆိုတာ ၂၀၁၄ရုပ်ရှင်မထွက်ခင်ကတည်းက ဂျပန်ရိုးရာပုံပြင်အဖြစ် စာအုပ်တွေထဲမှာ ဖတ်ဖူးပြီးသားပါ
သူပေးချင်တဲ့ messageကတော့ ရှင်းပါတယ်။ “သဘာဝတရားကို တန်ဖိုးထားပါ”
ဆိုတာပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ဟာ messageတစ်ခုသိသွားတယ်ဆိုတာထက်ကို ပိုပြီး နက်ရှိုင်းပါတယ်။ အခြေအနေ အချိန်အခါကို လိုက်ပြီး ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်တဲ့
ဇာတ်ဝင်တေးဟာ ဒီရုပ်ရှင်ရဲ့ အသက်လို့ ပြောလို့ရပါတယ်။
စာသားရိုးရိုးရှင်းရှင်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ သာမန်လယ်တောသီချင်းလေးဟာKaguyaနဲ့ တွေ့မှ နှလုံးသားထဲကို ကျောက်စမ်းရေလို
စိမ့်ဝင်သွားတာ သေချာပေါက် ခံစားမိပါလိမ့်မယ်။
ဘယ်နှခါခါကြည့်ကြည့် မရိုးတဲ့ လှပလွန်းသော masterpiece ပါပဲ။
⏬⏬⏬⏬
https://t.me/W5z4p/3489
https://t.me/W5z4p/3489