Kyaw Gyi Up To Date Movies (Free Channel) (@kstfreechannelmovies)の最新投稿

Kyaw Gyi Up To Date Movies (Free Channel) のテレグラム投稿

Kyaw Gyi Up To Date Movies (Free Channel)
#Movies အရင် Down ပါ...အရင် မ Down ရင် ရုပ်ရှင်အပြည့်မပါတာ ဖြစ်တတ်ပါတယ်ဗျ...

#Rating မြင့် ဇာတ်ကားကောင်းများသာ ရွေးတင်ပါမယ်...အတတ်နိုင်ဆုံး Update ဖြစ်အောင် အမြန်ဆုံးတင်ပေးပါ့မယ်ဗျ...

#ရုပ်ရှင်ကားအသစ်တွေကို အပျင်း​ပြေ အလွယ်တကူကြည့်ကြပါစို့...📽
2,465 人の購読者
1,247 枚の写真
542 本の動画
最終更新日 26.02.2025 06:44

類似チャンネル

Daily LOLs with Aladeen
55,052 人の購読者
Book Paradise Myanmar 📚📚
51,341 人の購読者
2D Myanmar - Official
24,156 人の購読者

Kyaw Gyi Up To Date Movies (Free Channel) によってTelegramで共有された最新のコンテンツ


Realm of Terracotta (2021)
IMDB: 6.2/10

ခေတ်အဆက်ဆက် ဧကရာဇ်မင်းတွေဟာ Forbidden Cityထဲကရုပ်တုစစ်တပ်လို ရုပ်တုပေါင်းများစွာကို မြေမြှုပ်ခဲ့တယ်လို့ဆိုကြတယ်။ အချိန်တွေကြာလာတဲ့အခါ ကမ္ဘာကြီးရဲ့အသက်သွင်းမှုကြောင့် ဒီရုပ်တုတွေဟာ အသက်ဝင်လာပြီး မြေအောက်ကမ္ဘာတစ်ခုအဖြစ်နဲ့နေထိုင်ကြတယ်။ ကောင်းကင်အောက်ကကမ္ဘာကြီးမှာ ဆန်းကြယ်မှုတွေအပြည့်ရှိသလို မြေအောက်ကမ္ဘာကြီးမှာလဲ အံ့ဩစရာတွေနဲ့အပြည့်ရှိပါတယ်။ချင်ယန်ဆိုတဲ့ မြို့တစ်မြို့ရှိပြီးတော့ မြို့ပြင်မှာ ခြင်္သေ့လို့ခေါ်တဲ့ရှေးဟောင်းသတ္တိဝါတွေနေထိုင်တယ်။ ချင်ယန်မြို့ကရုပ်တုစစ်သားတွေနဲ့ ခြင်္သေ့တွေဟာ အမြဲစစ်ဖြစ်နေခဲ့တယ်။

ချင်ယန်မြို့မှာ တောက်တိုမယ်ရလုပ်ရတဲ့ကောင်လေးတစ်ယောက်ဟာ ရုပ်တုတို့ရဲ့မွေးကတည်းကချမှတ်ပြီးသားကံကြမ္မာကိုဆန့်ကျင်ပြီးတော့ လက်ရွေးစင်စစ်သားတစ်ယောက်ဖြစ်ချင်ခဲ့တယ်။ တစ်နေ့မှာ စစ်သူကြီးကသူ့ကို ခြင်္သေ့တစ်ကောင်ဖမ်းလာရင် လက်ရွေးစင်တပ်သားအဖြစ်ရာထူးတိုးပေးမယ်လို့ပြောလာတဲ့အတွက် အရဲစွန့်မြို့ပြင်ကိုထွက်ပြီးတော့ ခြင်္သေ့ရှာဖွေရေးစတင်ခဲ့ပါတယ်။

ခြင်္သေ့ဖမ်းတဲ့ခရီးမှာ ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်နဲ့ ဆုံခဲ့ပြီးတော့ ခြင်္သေ့အတူဖမ်းဖို့ဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ခြင်္သေ့ဖမ်းတဲ့ခရီးမှာ ဘယ်လိုအခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေပြည့်နေမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

Movie Link - https://t.me/sparrowmovies93/594

Realm of Terracotta (2021)
IMDB: 6.2/10

No Tears for the Dead (2014)
IMDB: 6.7/10

Kang Dong Gun, Kim Min Hee တိုလိုမျိုး ထိပ်တန်း Cast တွေနဲ့ အမိုက်စား အက်ရှင်ဇာတ်ကား။ အမေရိကားမှာ မိခင်စွန့်ပစ်တာခံရပြီး ကြေးစားလူသတ်သမားဖြစ်လာတဲ့ ဂွန်ဟာ တစ်နေ့မှာ အပြစ်မဲ့တဲ့ကလေးမလေးတစ်ယောက်ကို သတ်ခဲ့မိပြီး အဲဒီအရာက သူ့ကိုခြောက်လှန့်နေတယ်။ နောက်ထပ် သူသတ်ရမယ့် ပစ်မှတ်ကလည်း ခင်ပွန်းနဲ့သမီးကို ဆုံးရှုးထားရတဲ့ သူသတ်ခဲ့မိတဲ့ကလေးမလေးရဲ့အမေ ချွဲမွန်ဂယောင်းဖြစ်နေတယ်။ ခင်ပွန်းနဲ့သမီး ဘာကြောင့် အသတ်ခံရလိုက်ရလဲဆိုတာတောင်မသိဘဲ အလုပ်ထဲမှာပဲ စိတ်နှစ်ထားတဲ့ချွဲမွန်ဂယောင်းဟာ ခင်ပွန်းဖြစ်သူ လုပ်ထားခဲ့တဲ့အရှုပ်‌တွေကြာင့် သူ့ပါအန္တရာယ်နဲ့ကြုံလာရတဲ့အခါ…

Movie Link - https://t.me/sparrowmovies93/593

Harbin (2024)
IMDB: 8.2/10

ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Hyun Bin , Lee Dong Wook တို့နဲ့ အတူ Park Hoon, Park Jeong Min, Jeon Yeo Been, Jo Woo Jin , Yoo Jae Myung အစရှိတဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားပြီး လွတ်လပ်ရေးလှုပ်ရှားသူ Ahn Jung-geun အပေါ်မှီငြမ်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် တော်လှန်ရေး ဇာတ်ကားလေးကို ညွှန်းပေးပါရစေ။

၁၉၀၅ ခုနှစ်မှာ ကိုရီးယားနိုင်ငံဟာ “ကိုရီးယား-ဂျပန်” စာချုပ် ချုပ်ဆိုဖို့ အတွက် အတင်းအကြပ် စေခိုင်းခံခဲ့ရပြီး သံတမန်ဆိုင်ရာ အခွင့်အရေးများ ဖြတ်တောက်ခံရကာ ကိုရီးယား ကျွန်းဆွယ်တစ်ခုလုံးဟာ ဂျပန်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၀၉ ခုနှစ် မှာတော့ ဇာတိသွေး အပြည့်ရှိတဲ့ ကိုရီးယားနိုင်ငံက တပ်မတော်ငယ်လေးဟာ လွတ်လပ်ရေး ရရှိဖို့အတွက် ဂျပန်နိုင်ငံရဲ့ ဘုရင်ခံကို လုပ်ကြံသတ်ဖြတ်ဖို့ စစ်ဆင်ရေးကို အစချီခဲ့ပါတယ်။

ဒီ စစ်ဆင်ရေးကို ကိုရီးယား တပ်မတော်ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ဂျွန်းဂွန်း (Hyun Bin) က ဦးဆောင်ခဲ့ပြီး လွတ်လပ်ရေး လှုပ်ရှားမှု မဟာမိတ် အဖွဲ့ဝင်တွေနဲ့ အတူ သတင်းအချက်အလက်တွေ စုဆောင်းကာ ရုရှားတခွင်ကို လှည့်လည် သွားလာရင်း စစ်ဆင်ရေး ဆင်နွှဲပါတော့တယ်။ ဇာတိ‌‌သွေး၊ ဇာတိမာန် အပြည့်နဲ့ တိုက်ပွဲဝင်သွားမဲ့ ဒီ စစ်ဆင်‌ရေးကြီးဟာ စွန့်စားမှုတွေ၊စွန့်လွှတ်မှုတွေ ကြားထဲကနေ အောင်မြင်သွားနိုင်မလားဆိုတာကို ‌ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။

Movie Link - https://t.me/sparrowmovies93/592

Harbin (2024)
IMDB: 8.2/10

Storozhova zastava (2017)
IMDB: 7.4/10

IMDb 7.4 ထိရထားတဲ့ Fantasy Adventure ပုံစံ Ukrainian ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... မျက်မှောက်ခေတ်က ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Vitko ဟာ သူငယ်ချင်းတွေ ဆရာတွေနဲ့ လေ့လာရေးခရီးထွက်ရင်း တောနက်ထဲကိုအရောက် နှစ်တစ်ရာမှာ တစ်ကြိမ်ဖြစ်လေ့ရှိတဲ့ နေကြတ်တာနဲ့ ကြုံရပြီး လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်အေဒီ ၁၁၂၀ ခုနှစ်ကို ပြန်ရောက်သွားပါတယ်... ကူမန်းလူမျိုးစုတွေရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတဲ့ ခံတပ်မြို့လေးတစ်မြို့ကိုရောက်သွားပြီး သူနေထိုင်ရာအရပ်ကို ပြန်ဖို့ နည်းလမ်းတွေကိုရှာရပါတော့တယ်...

သူ့အချိန်နေရာကို ပြန်ရောက်ဖို့အတွက် stone heart ကို လိုက်ရှာရင်း အဲ့ဒီကျောက်တုံးနောက်ကို လိုက်နေတဲ့ ကူမန်းလူမျိုးစုမှော်ဆရာနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာပါတယ်... နောက်ဆုံးမှာတော့ ဘယ်လိုအခက်အခဲမျိုးတွေနဲ့ ရင်ဆိုင်ရမလဲ... သူ့နေရပ်ဆီကိုပြန်နိုင်မလား... ဒီမြို့လေးကို ကူမန်းတွေရန်ကနေ ကူညီပေးနိုင်ပါ့မလား... သူ့ရဲ့အကြောက်တရားတွေကို ကျော်လွှားပြီး အရာအားလုံးကိုဖြတ်ကျော်နိုင်မလား ဆိုတာကို စိတ်ဝင်စားစရာ ပုံစံတွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်နော်... Fantasy ကားတွေ မှော်ကားတွေကြိုက်တတ်သူတွေအတွက် တော်တော်ကြည့်လို့ကောင်းတဲ့ကားလေးမို့ ကြည့်ကြဖို့တိုက်တွန်းပါတယ်နော်...

Movie Link - https://t.me/sparrowmovies93/591

Storozhova zastava (2017)
IMDB: 7.4/10

The Lion King at the Hollywood Bowl (2025)
Documentary, Family, Music
IMDB: 7.0/10

ငယ်ငယ်တုန်းက ကျွန်တော်အပါအဝင် လူကြီးလူငယ်မ‌ရွေးကြိုက်ခဲ့ကြတဲ့၊ အခုအချိန်ထိ ကြိုက်နေဆဲဖြစ်ကြတဲ့ The Lion King (1994) ကာတွန်းရုပ်ရှင်လေးကို အခုအခါမှာတော့ နှစ်(၃၀)ပြည့် အထိမ်းအမှတ်အနေနဲ့ Hollywood Bowl ပြဇာတ်ရုံကြီးမှာ သီချင်းတွေနဲ့ သီဆိုကျင်းပခဲ့ပြီးပါပြီ။ ရုပ်ရှင်ထဲမှာ ပါဝင်အသံသရုပ်ဆောင်ပေးခဲ့ကြတဲ့ လူဟောင်းတွေကိုလည်း အများကြီးပြန်မြင်တွေ့ရမှာဖြစ်ပြီး ၎င်းရုပ်ရှင်သီချင်း‌ တွေကို ထုတ်လုပ်ဖန်တီးပုံအဆင့်ဆင့်ကိုပါ မြင်တွေ့ရမှာရယ်၊ ငယ်ငယ်က The Lion King ရုပ်ရှင်ထဲ အရမ်းကြိုက်ခဲ့ရတဲ့ သီချင်းတွေကိုပါ စင်မြင့်ထက်မှာ ဖျော်ဖြေထားတာကိုပါ တွေ့ရမှာဆိုတော့ အရမ်းအရမ်းကို ကျေနပ်အားရစေမှာပါ။ ဒီ concert film ကြီးကို ထိုင်ကြည့်နေရုံနဲ့တင် အပြင်မှာ တကယ်ရောက်သွားသလို ခံစားချက်ပါ ရရှိမှာဖြစ်ပါတယ်။

Movie Link - https://t.me/sparrowmovies93/590

Paddington in Peru (2024)
IMDB: 6.8/10

ဒီကားလေးကတော့ ကာတွန်းကားကောင်းကောင်းကြည့်ချင်သူတွေ အကြိုက်တွေ့စေမယ့် Paddington in Peru ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကာတွန်းကားကြိုက်သူတော်တော်များများကတော့ စကားပြောတဲ့ဝက်ဝံ‌လေး Paddington ကို သိကြမှာပါ။ ဒီဇာတ်လမ်းလေးဟာ ရှေ့မှာလည်း နှစ်ကားထွက်ရှိထားပြီးဖြစ်ပြီး အတော်ကိုအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီတစ်ကားနဲ့ဆိုရင်တော့ Paddington Trilogy ပြည့်စုံသွားပြီပေါ့ဗျာ။

ဇာတ်လမ်းအကျဉ်း

ပက်ဒင်တန်ဟာ ပျောက်ဆုံးသွားတဲ့သူ့ရဲ့အန်တီလူစီကို လိုက်ရှာဖို့အတွက် ပီရူးနိုင်ငံကိုခရီးထွက်တဲ့ ဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်။ အမေဇုံမိုးသစ်တောတွေကိုဖြတ်ကျော်ပြီး စွန့်စားခန်းဖွင့်ကြပုံကို စိတ်လှုပ်ရှားစရာ ကြည့်ရှုကြရမှာပါ။ အရင်ကားတွေကြည့်ဖူးသူတွေရော မကြည့်ဖူးသူတွေပါ ကြည့်လိုက်ဖို့ အကြံပေးပါရစေ။

Movie Link - https://t.me/sparrowmovies93/589

Better Man (2024)
Biography, Drama, Fantasy, Musical
IMDB: 7.7/10

ဒီရုပ်ရှင်ကတော့ ဗြိတိန်ရဲ့ အအောင်မြင်ဆုံးအဆိုတော်တွေထဲကတစ်ယောက်ဖြစ်တဲ့ ရော်ဘီဝီလီယံရဲ့ ဇာတ်ကြောင်းပါပဲ။ သူရခဲ့တဲ့ ဗြိတိန်ဂီတဆုတွေကို မီတဲ့သူ မရှိပါဘူး။ဒီရုပ်ရှင်တစ်ခုလုံးမှာ ရော်ဘီကို မျောက်တစ်ကောင်အဖြစ်ပုံဖော်သွားပါတယ်။ ဒါကတော့ သူ့ရဲ့ ဂီတလောကထဲက ခံစားချက်အတိုင်း ဆပ်ကပ်မှာ ဖျော်ဖြေနေရတဲ့ မျောက်တစ်ကောင်လိုဖြစ်နေတာရယ်၊ သူ့ကိုယ်သူ သိမ်ငယ်ခဲ့တဲ့အတိတ်တွေရယ်ကိုကိုယ်စားပြုထားတာပါ။ အင်တာဗြူးမှာတော့ ရော်ဘီက “ဒီရုပ်ရှင်မှာကျုပ်လိပ်ခေါင်းကလွဲပြီး ကျန်တာအကုန်ချပြထားတယ်” လို့ကိုပြောသွားတာပါ။ အနုပညာရှင်ပါရမီရှင်တစ်ယောက်ရဲ့ အတိတ်ကဒဏ်ရာတွေ၊ စိတ်ကျရောဂါတွေ၊ အရက်တွေ ဆေးတွေနဲ့ ရုန်းကန်နေရတာတွေကနေ ပြန်တည်ဆောက်ရတာတွေကို တွေ့ရမှာပါ။ အထူးပြုလုပ်ချက်နဲ့ အော်စကာ စကာတင်ထားတာမို့ ရိုက်ကွင်းနဲ့ဖန်တီးချက်တွေ ဘယ်လောက်တောင် ကောင်းလဲ တွေ့ရပါလိမ့်မယ်။

ဇာတ်လမ်းအကျဉ်း

အဖေဖြစ်သူက အနုပညာအလုပ်တွေလုပ်ချင်လွန်းလို့ ပစ်သွားတဲ့ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်။ အဖေဆီက ရတဲ့ အနုပညာပိုးကြောင့်ကြိုးစားရင်း ၁၅ နှစ်မှာတင် နာမည်ကြီး ယောကျာ်းလေးအဆိုအဖွဲ့မှာTake That မှာပါလာပြီး ကမ္ဘာကျော်ခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ရဲ့ အရိပ်ကနေ ထွက်လာရပြီး တစ်ယောက်တည်းပြန်တည်ဆောက်ဖို့ ကြိုးစားရာမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ပြီးမှနောက်ဆုံးမှာ ဗြိတိန်သမိုင်းရဲ့ အကောင်းဆုံး ပေါ့အဆိုတော်တွေထဲကတစ်ယောက်ဖြစ်လာပုံတွေကို တွေ့ရမှာပါ။ ရိုက်ချက်ကောင်းကောင်း သီချင်းကောင်းကောင်းတွေနဲ့ ဂီတဇာတ်လမ်းကောင်းကြိုက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။

Movie Link - https://t.me/sparrowmovies93/581