https://t.me/kloversmyanmarseries2/5419
တော်ဝင်မိသားစုရဲ့ အငယ်ဆုံးမင်းသမီးလေးဖြစ်တဲ့ ဟွာရီ (Go Ara) ဟာ အချစ်ဦးနဲ့လွဲခဲ့ရပြီး လက်ထပ်ဖို့အသက်အရွယ်လည်းရောက်ပြီမလို့ သူမရဲ့အနာဂတ်ခင်ပွန်းလောင်းကို ကိုယ်တိုင်ရွေးချယ်ချင်တာကြောင့်ရောကာမရမ္မက်နှိုးကြွစေတဲ့ ချွန်းဟွာပန်းချီကားမှာ သူမရဲ့မျက်နှာကို အဓိကအမျိုးသမီးဇာတ်ကောင်အဖြစ်ထည့်ရေးဆွဲခဲ့တဲ့သူကို ရှာချင်တာကြောင့်ရော နန်းတော်ပြင်ပကိုထွက်လာခဲ့ပါတယ်။
ချွဲဟွမ် (Chang Ryul)ကတော့ မြို့တော်ရဲ့အချမ်းသာဆုံး ရုပ်ရည်ချောမောတဲ့ ကုန်သည်လူရှုပ်လေးဖြစ်ပြီး
သူ့မှာ လျှို့ဝှက်ချက်တစ်ခုလည်းရှိနေပါတယ်။
အီဂျန်ဝန်း (Chani) ကတော့ ဂုဏ်ထူးဆောင်မိသားစုရဲ့ အကြီးဆုံးသားဖြစ်တဲ့အပြင် ခန့်ညားပြီး
ဉာဏ်ကောင်းလွန်းတာကြောင့် မျိုးရိုးမြင့်မိသားစုတွေကြားမှာ စံပြသမက်ပုံစံလေးအဖြစ် ရေပန်းစားတဲ့သူလေးပေ့ါ။
ဒါကြောင့် မင်းသမီးလေးဟွာရီက သူမရဲ့ခင်ပွန်းလောင်းကို ဘယ်လိုရွေးချယ်သွားမလဲ။
သူမရဲ့မျက်နှာကို ချွန်းဟွာပန်းချီကားထဲ ထည့်ရေးဆွဲခဲ့တဲ့သူကိုရော ရှာတွေ့သွားမလား။
နန်းတွင်းအချစ်ဇာတ်လမ်းဆိုတဲ့အတိုင်း သခင်လေး ချောချောလေးတွေ အများကြီးပါမှာမလို့
မလွတ်တမ်းကြည့်ရှုလိုက်ကြပါဦးနော်။