ဂျပန်စာ Tips & Tricks @jptipsntricks قناة على Telegram

ဂျပန်စာ Tips & Tricks

ဂျပန်စာ Tips & Tricks
ဂျပန်စာနဲ့ပတ်သက်ပြီး ကြည့်ထားသင့်တဲ့ Video တွေ တင်ပေးသွားပါမယ်။
https://t.me/jptipsNtricks
11,888 مشترك
10 صورة
14 فيديو
آخر تحديث 09.03.2025 01:22

ဂျပန်စာ သင်ယူမှုအတွက် အထောက်အကူပြု Tips & Tricks

ဂျပန်ဘာသာစကားသည် အယ်လ်ဂျီရိုးနည်းနှင့် ပက်သက်လျက် အပြင်ဒီဇိုင်းလည်ဖြစ်ပြီး အများအပြား၏ စိတ်ဝင်စားမှုကို ရရှိနေစဉ်၌ လေ့လာဖို့ လွယ်ကူပြီးဗဟုသုတရရှိရန် အထောက်အကူပြု နည်းလမ်းများအကြောင်း ဆွေးနွေးလိုက်ပါမည်။ ဂျပန်ဘာသာသည် အချို့သော ကာယကံရှင်ကို ဖြတ်သန်းရင်ဆိုင်ရသော စိန်ခေါ်မှုများရှိသော်လည်း၊ စနစ်တကျအဆင်ပြေလေ့လာခြင်းဖြင့် ဤဘာသာစကားကို သင်ယူသည်သည် သာမန်အားဖြင့် ရရှိနိုင်ပါသည်။ ဤဆောင်းပါးတွင် ဂျပန်ဘာသာကို သင်ယူနေကြသူများအတွက် အထောက်အကူပြုနည်းများနှင့် အခက်အခဲများကို ကျွန်ုပ်တို့ ဆွေးနွေးပါမည်။

ဂျပန်စာကို ဘယ်လိုလေ့ကျင့်ရမလဲ?

ဂျပန်စာကို လေ့ကျင့်ရန် ထိပ်တန်းမှ သင့်ပါက နေ့စဉ်သင်ကြားမှုချိန်ကို သတ်မှတ်ပါ။ ငါးမိနစ်မှ တဆင့် စတင်၍ သင်ယူရာတွင် သင်ထင်ရသော အချက်အလက်များကို သတိရပါ။

စာအုပ်များနှင့် ဗီဒီယိုများကို သုံးပြီး လေ့လာလျှင် အထူးသဖြင့် အချို့သော ဗီဒီယိုများ သင့်အတွက် ထူးခြားသော ရနပ်တစ်ခု ဖြစ်ပါသည်။

ဂျပန်စာကို အသုံးပြုရန် အရေးကြီးသော အချက်များက ဘာလဲ?

ဂျပန်စာတွင် အမှတ်အသားနှင့် အသုံးပြုမှုစနစ်၏ အခြေခံသိမြင်ချက်များ မရှိမဖြစ်လိုအပ်ပါသည်။ အောက်ပါအချက်များကို သင်ယူရန် ဦးစားပေးပါ။ အဖြစ်အပျက်နှင့် လုပ်ငန်းများကို ဖွင့်ဆိုခြင်း၊ စကားပြောကြားရခြင်းတို့သည် အဓိပ္ပာယ်ကို ရှင်းလင်းစေပါသည်။

သင်ယူပြီးသည်အထိ စကားလုံးအသစ်များနှင့် အဆင်ပြေသော စကားပြောများကို လေ့လာပြီး သင့်စကားပြောရာတွင် အသုံးစရိတ်အများဆုံးရရှိပါမည်။

ဂျပန်စာစကားများကို သင်ယူရန် ဘယ်လိုကြိုးစားရမလဲ?

ဂျပန်စာစကားများကို သင်ယူရန် အခြေခံပညာအမြစ်က သင့်လျော်သည်။ စကားလုံးထည့်သွင်းခြင်း၊ တစ်နေ့က နာမ်များကို သင်ယူရန် ဦးစားပေးပါ။

စာအုပ်များနှင့် ဆွေးနွေးမှုများထဲမှ စကားလုံးများကို သင်ယူရန် အထူးသဖြင့် အဓိပ္ပာယ်ရှင်းလင်းမှုနှင့် ဓါတ်ပုံ၊ အသံပြုလုပ်ခြင်းတို့ကို ထည့်ပါ။

ဂျပန်စာနဲ့ပတ်သက်ပြီး အထောက်အကူပြုသော ဗီဒီယိုများရှိပါသလား?

ဟုတ်ပါက၊ သင်၏စိတ်ဝင်စားမှုအပိုင်း၊ တစ်ကိုယ်တည်း သို့မဟုတ် အဖွဲ့များနှင့် ဆွေးနွေးခြင်းကို အသုံးပြုနိုင်သော ဗီဒီယိုများကို ရွေးချယ်နိုင်ပါသည်။

ဤဗီဒီယိုများသည် ဂျပန်စာကို လေ့လာရန် အဓိပ္ပာယ်ဖြစ်စေသော သင်ကြားမှုများ၊ ဂီတနှင့် အခြားသော အင်တာနက်တင့်အောင်စားများကို လည်းဖြင့် စိတ်ဝင်စားဖွယ်ကောင်းသည်။

ဂျပန်စာနဲ့ပတ်သက်သည့် နည်းလမ်းများက ဘာလဲ?

ဂျပန်စာသင်ယူရန် အကြံပြုချက်များပါဝင်သည်။ စနစ်တကျ သင်ယူ၍ တုံ့ပြန်မှုများအား မွေပေးပါ။

စာလေ့လာခြင်းမှ ထွက်ပြေးထာကို သိထားပြီး လေ့ကျင့်သော ဂျပန်စာတွင် အဆင်ပြေရန် လိုအပ်ပါသည်။

قناة ဂျပန်စာ Tips & Tricks على Telegram

ဂျပန်စာ Tips & Tricks ဆိုတာကို သင့်တွင် ရှာပြီးသော လူတိုင်းအပြင်စားနိုင်ပါသလား။ ဒီရုပ်ပုံများကို သင့်တွင် တင်ပေးသွားပါတယ်။ jptipsntricks နှင့်ခွင့်ပြုပါ။ ဒီရုပ်ပုံများသည် သင့်အကြောင်းလုပ်ငန်းတွေအတွက် အရည်အသွေးအားလုံးအတွက် အထူးတိုက်သတင်းတွေဖြစ်ပါသည်။ ဒီစားကြောင်းများသည် သတင်းများဖြင့် သင့်သတင်းများအား ပြန်လည် တင်ပေးနိုင်ပါတယ်။ ဤစားကြောင်းများအကြောင်းအရာအားထုတ်ပြပါသည်။ သို့သော် မည်သည့်အားပေးဖို စိတ်ည်မည် နိုင်ပါ မည်သည့်အားကြည့်ပြီး စားကြပါသည်။

أحدث منشورات ဂျပန်စာ Tips & Tricks

Post image

ဂျပန်မှာ လည်ပတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖြစ်ဖြစ် ကာလတိုဂျပန်မှာနေထိုင်ခွင့်ရမယ့်ဗီဇာကို “ကာလတိုနေထိုင်ခွင့်ဗီဇာ”လို့ခေါ်ပါတယ်။

ကာလတိုနေထိုင်ခွင့်ဗီဇာမှာ အမျိုးအစား ၄မျိုးရှိပြီး စင်ကာပူ၊ကိုရီးယား၊ထိုင်း (၁၅ရက်သာရရှိ)စတဲ့ နိုင်ငံတွေဟာ ဂျပန်အလည်လာဖို့အတွက်ဆိုရင် ဒီဗီဇာကို လျှောက်စရာမလိုပေမဲ့၊ကျန်နိုင်ငံတွေကတော့ ဂျပန်အလည်လာချင်ရင် ကာလတိုနေထိုင်ခွင့်ဗီဇာကို လျှောက်ဖို့လိုအပ်ပါတယ်။

ဂျပန်ဟာ အာရှနိုင်ငံထဲမှာဆိုရင် ၉နိုင်ငံနဲ့ ကမ္ဘာပေါ်ရှိ နိုင်ငံ/ဒေသပေါင်း ၇၀အပေါ်ဒီဗီဇာကင်းလွတ်ခွင့်ပေးထားပြီး၊ဝမ်းနည်းစွာနဲ့ ဗီဇာကင်းလွတ်ခွင့်ရတဲ့နိုင်ငံထဲမှာ မြန်မာမပါ ပါဘူး။ကင်းလွတ်ခွင့်ရတဲ့နိုင်ငံတွေသိချင်ရင် အောက်ပါ website မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://www.mofa.go.jp/mofaj/toko/visa/tanki/novisa.html

ဒီနေ့မှာတော့ ကာလတိုနေထိုင်ခွင့်ဗီဇာအမျိုးအစားတစ်ခုဖြစ်တဲ့ “နိုင်ငံရပ်ခြား/မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုကို ဂျပန်ကိုခေါ်ပြီး မိသားစု reunion လုပ်ချင်တဲ့အခါ လျှောက်ထားရမယ့် ဆွေမျိုးအလည်အပတ်ဗီဇာအကြောင်း”ပြောပြပေးချင်ပါတယ်။

◆ကာလတိုနေထိုင်ခွင့်ရဗီဇာဆိုတာ
ကာလတိုနေထိုင်ခွင့်ရဗီဇာမှာ အောက်ပါအတိုင်း အမျိုးအစား ၄မျိုးရှိပြီး၊ဂျပန်မှာနေထိုင်နိုင်ခွင့်ရမယ့်ရက်ကတော့ ၁၅ရက်၊ရက် ၃၀၊ရက်၉၀ ဆိုပြီး အမျိုးအစား ၃မျိုးရှိပါတယ်။

ကာလတိုနေထိုင်ခွင့်ရဗီဇာအမျိုးအစားများ
① အလည်အပတ်ဗီဇာ(観光)
② အသိမိတ်ဆွေထံအလည်ဗီဇာ(知人訪問)
③ ဆွေမျိုးအလည်ဗီဇာ(親族訪問)
④ စီးပွားရေးဆိုင်ရာရည်ရွယ်ချက်ဖြင့် ကာလတိုနေထိုင်ခွင့်ဗီဇာ(短期商用)

နေထိုင်ခွင့်ရမယ့်ရက်အရေအတွက်က ၁၅ရက်၊ရက်၃၀၊ရက်၉၀ ဆိုပြီး ရွေးချယ်စရာတွေရှိတဲ့အတွက် ကာယကံရှင်ဆန္ဒပေါ်မူတည်ပြီး လျှောက်ထားနိုင်ပေမဲ့၊ရက်များရင်များသလောက် စစ်ဆေးတဲ့စံနှုန်းလည်း တင်းကျပ်တယ်လို့ ဆိုပါတယ်။လျှောက်ထားတဲ့အခါ ဘယ်နေ့မှာဘယ်သွားမယ်၊ဘာလုပ်မယ်ဆိုတဲ့ ခရီးစဉ်ဇယားကိုတင်ပြဖို့လိုအပ်တာကြောင့်၊”ခရီးစဉ်မှာ ၂ပတ်စာလောက်ပဲ အချိန်ဇယားဆွဲထားပြီး တကယ်လျှောက်ထားတဲ့အခါမှာတော့ လိုလိုပိုပို ရက် ၉၀ လျှောက်ကြည့်လိုက်မယ်”ဆိုတာမျိုးကို အားမပေးပါဘူး။

ဒါဆို ရက်၉၀စာက လျှောက်လည်းမကျဘူးပေါ့၊လျှောက်လည်းမထူးဘူးပေါ့ဆိုပြီး အားမလျော့ပါနဲ့၊သေသေချာချာရေးဆွဲထားတဲ့ ခရီးစဉ်ဇယား၊ဂျပန်ဘက်က ခေါ်ပေးမယ့်သူရေးပေးရမယ့် ခေါ်ရခြင်း အကြောင်းပြချက်နဲ့ဂျပန်ခေါ်ဖို့ ဖြစ်လာရဖို့အဆင့်ဆင့် ရှင်းပြချက် ကို သေသေချာချာရေးပြီးတင်နိုင်မယ်ဆိုရင် ရက်၉၀စာတင်လည်း ဗီဇာချပေးတဲ့အတွက် စိတ်မပူပါနဲ့။

◆ဆွေမျိုးအလည်ဗီဇာနဲ့ခေါ်နိုင်မယ့်သူတွေက…..
ဂျပန်ကို အလည်အဖြစ် ဖိတ်နိုင်တဲ့သူတွေကတော့ မိဘ၊ မောင်နှမ၊ အိမ်ထောင်ဖက် (ခင်ပွန်း၊ ဇနီး)၊ အဘိုးအဘွား၊ ဦးလေး၊ အဒေါ်၊ တူ၊ တူမများနှင့် မြေးများ အပါအဝင် တတိယအဆင့် ဆွေမျိုးရင်းချာများ ပါဝင်ပါတယ်။

◆ဆွေမျိုးအလည်ဗီဇာလျှောက်ရန်လိုအပ်သောစာရွက်စာတမ်းများ
လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့-

・ပတ်စ်ပို့မိတ္တူ(本人のパスポートの写し)
・ဗီဇာလျှောက်လွှာပုံစံ(査証申請書)
・ဓာတ်ပုံ (အရွယ်အစား- 4.5 x 3.5 စင်တီမီတာ၊ ဦးထုပ်မပါသော ခန္ဓာကိုယ်အပေါ်ပိုင်း၊ အဖြူရောင်နောက်ခံ၊ 6 လအတွင်း ရိုက်ယူထားသော၊ အရောင် သို့မဟုတ် အဖြူအမည်းပုံ)
・လေယာဉ်ခရီးစဉ် စာရွက်စာတမ်းများ/လေယာဉ်လက်မှတ် (ဝင်ရောက်မယ့်ရက်စွဲနဲ့ထွက်ခွာမယ့်ရက်ကို ဖော်ပြထားရမည်)
・ဆွေမျိုးဖြစ်ကြောင်း အထောက်အထားစာရွက်စာတမ်းများ (မွေးစာရင်း၊ လက်ထက်စာချုပ်၊အိမ်ထောင်စုစာရင်း စသည်)
・ဖိတ်ကြားသူမှ ဖိတ်ကြားရသည့် အကြောင်းပြချက်ကို ရေးထားသည့်စာရွက်(招へい理由書)
・ဖိတ်ကြားဖို့ ဖြစ်လာရပုံ အဆင့်ဆင့် အသေးစိတ်ရှင်းပြချက်(招へい経緯説明書)
・နေထိုင်မည့်ရက်အလိုက် ရေးဆွဲထားတဲ့အချိန်ဇယား(滞在予定表)
・ အာမခံပေးမယ့်သူက အာမခံကြောင်းရေးထားတဲ့စာရွက်(身元保証書)
・အာမခံသူ၏ လတ်တလော၁နှစ်စာ အခွန်ဆောင်ထားကြောင်း အထောက်အထား
・နေထိုင်သူမှတ်တမ်း (အိမ်ထောင်စုဝင်အားလုံးအတွက်၊ ဘယ်လိုဘယ်ပုံတော်စပ်ကြောင်းချန်လှပ်ခြင်းမရှိဘဲ)(住民票)
・နေထိုင်ခွင့်ကတ် (ဖိတ်ကြားသူသည် နိုင်ငံခြားသားဖြစ်ပါက)(在留カード)

အာမခံပေးသူနဲ့ဖိတ်ကြားသူဟာ တူညီသောပုဂ္ဂိုလ်ဖြစ်ဖို့ မလိုပါ။မွေးစာရင်း၊ လက်ထက်စာချုပ်၊အိမ်ထောင်စုစာရင်း စတဲ့ စာရွက်စာတမ်းတွေက ဂျပန်လို Notary ပြန်ပြီး ပူးတွဲတင်ပြရင် အကောင်းဆုံးပါပဲ။ စာရွက်စာတမ်းတွေကို အောက်ဖော်ပြပါ နိုင်ငံခြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုဒ်မှာ ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။ https://www.mofa.go.jp/mofaj/toko/visa/index.html

◆လျှောက်လွှာတင်ရမယ့်နေရာ
ကာလတိုနေထိုင်ခွင့်ဗီဇာကိုတော့ နိုင်ငံရပ်ခြားရှိ တစ်နည်းအားဖြင့် မြန်မာနိုင်ငံရှိ ဂျပန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးမှာ ကာယကံရှင်ကိုယ်တိုင် လျှောက်ထားရမှာဖြစ်ပါတယ်။

◆လျှောက်လွှာစစ်ဆေးတဲ့ကာလ
နိုင်ငံပေါ်မူတည်ပြီး ကွဲပြားပေမဲ့ ဗီဇာလျှောက်ထားပြီးနောက် တစ်ပတ်ခန့်အကြာမှာ ရလဒ်များ ထွက်လေ့ရှိပါတယ်။

◆ဗီဇာပယ်ချခံရရင် ၆လအတွင်းမှာ ပြန်လျှောက်လို့မရပါဘူး
ဗီဇာအပယ်ခံလိုက်ရင် နောက်တစ်ကြိမ်ပြန်လျှောက်ဖို့ ၆လထပ်စောင့်ရမှာဖြစ်တဲ့အတွက် မလိုအပ်ပဲ ရက်ပိုတင်တာမျိုး မလုပ်တာအကောင်းဆုံးပါဘဲ။

07 Mar, 23:59
602
Post image

◆ဆွေမျိုးအလည်ဗီဇာရထားတဲ့သူတွေအနေနဲ့ အလုပ်လုပ်ခွင့်မရှိပါ။
ဒါက ဒီအမျိုးအစားတစ်ခုတည်းအတွက်မှ မဟုတ်ပါဘူး၊ကာလတိုနေထိုင်ခွင့်ဗီဇာအမျိုးအစားအားလုံးအပေါ် အကျုံးဝင်ပါတယ်။ဒီဗီဇာရဲ့ရည်ရွယ်ချက်ကိုက ဂျပန်မှာလည်ပတ်ဖို့၊အသိမိတ်ဆွေနဲ့တွေ့ဖို့၊မိသားစုပြန်လည်ပေါင်းစည်းနိုင်ဖို့၊အလုပ်ခရီး စတဲ့ရည်ရွယ်ချက်တွေနဲ့ ဝင်လာတာဖြစ်တဲ့အတွက် ခဏတာ အချိန်ပိုင်းအလုပ်ဖြစ်ဖြစ်လုပ်လိုက်မယ် ဆိုတာမျိုး မရပါဘူး။

◆ ကာလတိုနေထိုင်ခွင့်ဗီဇာ (ဆွေမျိုးအလည်ဗီဇာ) သက်တမ်းတိုးခြင်း
မူအရဆိုရင် ကာလတိုနေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးခြင်းကို ခွင့်မပြုထားပါဘူး။ သို့သော်လည်း အမှန်တကယ် ရှောင်လွှဲလို့မရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ သို့မဟုတ် ၎င်းနှင့်တူညီသော အထူးအခြေအနေများရှိလာမယ်ဆိုရင်တော့ သက်တမ်းတိုးခွင့်ပေးထားပါတယ်။
သက်တမ်းတိုးခွင့်ရရှိမယ့် အထူးအခြေအနေတွေဆိုတာကတော့ ဥပမာ၊ လူနာပြုစုစောင့်ရှောက်ဖို့အတွက် ရောက်လာတဲ့သူဖြစ်ခဲ့မယ်ဆိုရင် “နေခွင့်ပေးထားတဲ့ကာလထက် အချိန်ပိုနေပြီး ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်လာလို့”၊ သို့မဟုတ် လျှောက်ထားသူ(မြန်မာမှရောက်လာသူ)ကိုယ်တိုင် နေမကောင်းဖြစ်ပြီး ဂျပန်နိုင်ငံမှာ ကုသမှုခံယူရန် လိုအပ်လာလို့ စတဲ့အခြေအနေတွေဆို အကျုံးဝင်ပါတယ်။ ဂျပန်မှာ လည်လို့မဝသေးလို့ ဒါမှမဟုတ် ချစ်သူရည်းစားရသွားပြီး အတူတူအချိန်ဖြုန်းချင်လို့ ဆိုတဲ့အကြောင်းပြချက်တွေနဲ့ သက်တမ်းတိုးတာမျိုးကိုတော့ လက်မခံပါဘူး။ဒါကြောင့် သက်တမ်းတိုးချင်တယ်ဆိုရင် အကြောင်းရင်းကို သေချာစဉ်းစားပြီး ရေးဖို့လိုပါတယ်။

သက်တမ်းတိုးချင်ရင်တော့ အောက်ပါစာရွက်စာတမ်းတွေ လိုအပ်ပါတယ်။
・နေထိုင်ခွင့်သက်တမ်းတိုးရန် လျှောက်လွှာ
အောက်ဖော်ပြပါ link မှာ ဒေါင်းယူနိုင်ပါတယ်။
https://www.moj.go.jp/isa/content/930004090.pdf
・နိုင်ငံကူးလက်မှတ်
・သက်တမ်းတိုးလိုတဲ့အကြောင်းရင်းကို ရှင်းလင်းစွာဖော်ပြထားတဲ့ စာရွက်စာတမ်း
・ဂျပန်သို့ဝင်ရောက်ချိန်မှစပြီး လက်ရှိအချိန်အထိ လုပ်ဆောင်မှုများအကြောင်း ရှင်းပြထားတဲ့စာရွက်စာတမ်း
※Format မရှိပါဘူး၊ ဒါပေမဲ့ တတ်နိုင်သမျှ အတိအကျရေးပေးဖို့လိုပါတယ်။
・နေထိုင်စဉ်အတွင်း ကုန်ကျမယ့်စရိတ်များကို ပေးဆောင်နိုင်ကြောင်း သက်သေအထောက်အထားစာရွက်စာတမ်း၊နိုင်ငံမှထွက်ခွာမယ့်နည်းလမ်းနဲ့ထွက်ခွာရန်အတွက် ကုန်ကျမယ့်စရိတ်တွေကိုပေးချေနိုင်ကြောင်း အထောက်အထားစာရွက်စာတမ်းများ
※ဥပမာ ဘဏ်စာအုပ်နဲ့အပြန်လေယာဉ်လက်မှတ်။

ဒီတခေါက်မှာတော့ ဆွေမျိုးအလည်ဗီဇာအကြောင်း ပြောပြပေးခဲ့တာဖြစ်ပါတယ်။ဗီဇာလျှောက်ဖို့ စာရွက်စာတမ်းသာ စုံစုံလင်လင်ရှိမယ်ဆိုရင် မိမိတို့ကိုယ်တိုင် လျှောက်လို့ရတဲ့ ဗီဇာဖြစ်တဲ့အတွက် ဆက်ဆက်ဒီဆောင်းပါးလေးကို ကိုးကားလိုက်ပါနော်။

Source
https://www.facebook.com/share/p/18ZNBuCUJq/

07 Mar, 23:59
753
Post image

“မိသားစုနေထိုင်ခွင့်ဗီဇာ/မှီခိုဗီဇာ” ဆိုတာ ဂျပန်မှာ နေထိုင်နေတဲ့ နိုင်ငံခြားသားလုပ်သားတွေနဲ့ ပညာသင်ကျောင်းသားများရဲ့ မိသားစုတွေ ဂျပန်မှာ အတူနေထိုင်ဖို့အတွက် လိုအပ်တဲ့ ဗီဇာဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ မိသားစုနေထိုင်ခွင့်ဗီဇာနဲ့ပတ်သက်တဲ့ အခြေခံအချက်တွေ၊လျှောက်ထားနည်းတွေနဲ့ သတိထားရမဲ့အချက်တွေကို အသေးစိတ်ရှင်းပြပေးသွားပါမယ်။

▼Website တွင်ဂျပန်လိုနှင့်တကွဖတ်ရှုရန်▼
https://www.mjcsn.com/details/4155

◆မိသားစုနေထိုင်ခွင့်ဗီဇာဆိုတာက◆
မိသားစုနေထိုင်ခွင့်ဗီဇာဆိုတာ ဂျပန်မှာနေထိုင်နေတဲ့ နိုင်ငံခြားသား ( အလုပ်ဗီဇာ ၊ ပညာသင်ဗီဇာ ကိုင်ဆောင်ထားသောသူ ) ရဲ့ မိသားစုတွေ (အိမ်ထောင်ဖက်နဲ့ ကလေးတွေ)က ဂျပန်မှာ အတူနေထိုင်နိုင်ရန် လိုအပ်တဲ့ ဗီဇာဖြစ်ပါတယ်။ ဒီဗီဇာကို ရယူမယ်ဆိုရင် မိသားစုက ဂျပန်မှာနေထိုင်နိုင်မှာ ဖြစ်ပါတယ် ။

◆မိသားစုနေထိုင်ခွင့်ဗီဇာကို လျှောက်ထားနိုင်သူ◆
အိမ်ထောင်ဖက်:ဂျပန်မှာနေထိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမား သို့ ပညာသင်ကျောင်းသားများရဲ့ အမျိုးသား / အမျိုးသမီး
ကလေး :ဂျပန်မှာနေထိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမား သို့ ပညာသင်ကျောင်းသားများရဲ့ အသက်မပြည့်သေးသောကလေး ( ယေဘုယျအားဖြင့် အသက် ၁၈ မပြည့်သေးသူ )

◆မိသားစုနေထိုင်ခွင့်ဗီဇာနဲ့ လုပ်ကိုင်နိုင်သောအရာများ◆
・ဂျပန်မှာနေထိုင်ခွင့် ( နေထိုင်ခွင့် သက်တမ်းမှာ ပုံမှန်အားဖြင့် ၁နှစ်ဖြစ်ပြီး သက်တမ်းတိုးနိုင်ပါတယ်)
・အချိန်ပိုင်းအလုပ်လုပ်ခြင်း ( တပတ် ၂၈နာရီ အတွင်း ၊ အလုပ်လုပ်ရန် ခွင့်ပြုချက်လိုအပ်ပါတယ်)
・ကလေးပညာရေး ( ဂျပန်ရဲ့ကျောင်းတွေမှာ တက်ရောက်နိုင်ပါတယ် )

◆မိသားစုနေထိုင်ခွင့်ဗီဇာ လျှောက်ထားနိုင်မယ့်အချိန်◆
“မိသားစုနေထိုင်ခွင့်ဗီဇာ”ကို ဘယ်လောက်ကြာမှလျှောက်ထားနိုင်တယ်ဆိုတဲ့ တိကျတဲ့ဥပဒေသတ်မှတ်ချက်မရှိပါဘူး။ဂျပန်မှာနေထိုင်နေတဲ့ နိုင်ငံခြားသားအနေနဲ့ တည်ငြိမ်တဲ့နေထိုင်ခွင့်ဗီဇာ( အလုပ်ဗီဇာ စသဖြင့်) ကိုကိုင်ဆောင်ထားဖို့ပဲလိုပါတယ်။တစ်ဦးချင်းစီရဲ့ အခြေအနေနဲ့လူဝင်မှုကြီးကြပ်ရေးရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ကွဲပြားတဲ့အတွက် မြန်မယ်ဆိုရင် ၃လ ခန့် နဲ့ သေချာချင်ရင် ၁နှစ်ခန့် စောင့်ရနိုင်ပါတယ်။

◆မိသားစုနေထိုင်ခွင့်ဗီဇာ လျှောက်ထားနည်း◆

မိသားစုနေထိုင်ခွင့်ဗီဇာကို အောက်ပါအဆင့်တွေအတိုင်း လျှောက်ထားနိုင်ပါတယ်။

(1) နေထိုင်ခွင့်အသိအမှတ်ပြုလက်မှတ်လျှောက်ထားခြင်း
ဂျပန်မှာနေထိုင်နေတဲ့ နိုင်ငံခြားသား ( လျှောက်ထားသူ ) က ဂျပန်ရဲ့ လူဝင်မှုကြီးကြပ်ရေးရုံးမှာ “နေထိုင်ခွင့်အသိအမှတ်ပြုလက်မှတ်”ကိုလျှောက်ထားရပါမယ်။ ဒီလက်မှတ်က မိသားစုဝင်တွေ ဂျပန်ကို ဝင်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းဖြစ်ပါတယ်။

◎လိုအပ်သော စာရွက်စာတမ်း
⁃ နေထိုင်ခွင့်အသိအမှတ်ပြုလက်မှတ် လျှောက်ထားလွှာ
⁃ လျှောက်ထားသူ၏ ပတ်စ်ပို့ မိတ္တူ
⁃ လျှောက်ထားသူ၏ နေထိုင်ခွင့်ကတ်ပြား မိတ္တူ
⁃ မိသားစုတော်စပ်မှု သက်သေပြနိုင်မယ့်စာရွက်စာတမ်း ( လက်ထပ်စာချုပ် ၊ မွေးစာရင်း စသည် )
⁃ လျှောက်ထားသူရဲ့ ဝင်ငွေသက်သေခံစာရွက်( လစာစာရွက် ၊ အခွန်စာရွက် စသည် )
⁃ လျှောက်ထားသူရဲ့ လက်ရှိအလုပ်လုပ်ကိုင်နေကြောင်း သို့ ကျောင်းတက်နေကြောင်း သက်သေခံစာရွက်

(2) ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်း
နေထိုင်ခွင့်အသိအမှတ်ပြုလက်မှတ် ရရှိပြီးပါက အဲ့ဒါကိုယူပြီး မြန်မာက မိသားစုဝင်တွေက ဂျပန်သံရုံးမှာ ဗီဇာကိုလျှောက်ထားရပါမယ်။

(3)ဂျပန်ပြည်ဝင်ခြင်း
ဗီဇာရတာနဲ့ မိသားစုဝင်များက ဂျပန်ဝင်လို့ရပြီး လေဆိပ်မှာ နေထိုင်ခွင့်ကတ်ပြားကို လက်ခံရရှိမှာဖြစ်ပါတယ်။

◆မိသားစုနေထိုင်ခွင့်ဗီဇာနဲ့ပတ်သက်ပြီးသတိပြုရမယ့်အချက်◆
(1)မိသားစုနေထိုင်ခွင့်ဗီဇာက အချိန်ပြည့် အလုပ်လုပ်ခွင့် မရှိပါဘူး။ အချိန်ပြည့် အလုပ်လုပ်မယ်ဆိုရင် အလုပ်သမားဗီဇာ ပြောင်းလဲရန် လိုအပ်ပါတယ်။
(2)နေထိုင်ခွင့်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးဖို့ စိစစ်တာက ပုံမှန်အားဖြင့် ၁လမှ ၃လကြာမြင့်နိုင်ပါတယ်။ဒါ့အပြင် ဗီဇာလျှောက်တဲ့နေရာမှာလည်း အချိန်ယူရတဲ့အတွက် အမှားအယွင်းမရှိအောင် ပြင်ဆင်တာအကောင်းဆုံးပါပဲ။

မိသားစုနေထိုင်ခွင့်ဗီဇာဟာ ဂျပန်မှာအလုပ်လုပ် လုပ်ကိုင်နေတဲ့ ဒါမှမဟုတ် ပညာသင်ကြားနေတဲ့ နိုင်ငံခြားသားတွေက မိသားစုနဲ့အတူနေထိုင်ဖို့အတွက် အရေးကြီးတဲ့ ဗီဇာဖြစ်ပါတယ်။ လျှောက်ထားရတဲ့လုပ်ငန်းစဉ်တွေက အနည်းငယ် ရှုပ်ထွေးပေမဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို သေချာပြင်ဆင်ပြီး သတ်မှတ်ချက်တွေနဲ့ကိုက်ညီရင် ဗီဇာရပါလိမ့်မယ်။ ဂျပန်မှာ မိသားစုနဲ့အတူ နေထိုင်ချင်တယ်ဆိုရင်တော့ တတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ဖို့အတွက် အကြံပြုလိုပါတယ်။

Source
https://www.facebook.com/share/p/18YbuMAyHk

07 Mar, 23:58
548
Post image

ဂျပန်မှာ native speakers တွေနဲ့
N5 to N1 ထိ အခမဲ့ သင်လို့ရတဲ့ နေရာလေး
သိပြီးကြပြီးလား??

日本語教室ボランティア ဆိုတဲ့နေရာလေးပါ
ဂျပန် တနိုင်ငံလုံးမှာရှိပြီး များသောအားဖြင့်
市役所အနားမှာဘဲ ရှိတတ်ပါတယ်
私ကိုယ်တိုင် Tokyo ရောက်ခါစ
ရှစ်လလောက် သွားခဲ့တာပါ
သင်တဲ့ပုံစံတွေကတော့ N5 ကနေ N3
ကတော့ 教科書နဲ့ သင်ပေးထားပါ
N2 N1 တွေကတော့ NHK ニュース、
小説တွေဖတ်ပြီး 日本人先生နဲ့ by one
Discussion လုပ်ရတဲ့ ပုံစံပါ
အရမ်းကောင်းပါတယ်
私 小説ဖတ်တဲ့ အလေ့အကျင့် အာ့က စခဲ့တယ် ဆိုရမယ်
အခမဲ့ ဆိုပြီး ဖြစ်သလို မသင်ပါဘူး
သေချာ စနစ်တကျလေး သင်ပေးတာပါ
日本語教室ボランティアလို့ ရှာလိုက်တာနဲ့
ကိုနဲ့ နီးစပ်တဲ့နေရာပေါ်လာပါလိမ့်မယ်
ဆက်သွယ်ရမဲ့ ph no ကိုဆက်ပြီး
သွားရင်ရပါပြီ
ရောက်တဲ့အခါ ဂျပန်စာ level အတွက်
面談လုပ်ပြီး class ခွဲပြီး စတက်လို့ရပါပြီ

Source
https://www.facebook.com/share/p/1AUc2vkTqv/

06 Mar, 17:38
1,198