ဂျပန်စာ Tips & Tricks @jptipsntricks Channel on Telegram

ဂျပန်စာ Tips & Tricks

ဂျပန်စာ Tips & Tricks
ဂျပန်စာနဲ့ပတ်သက်ပြီး ကြည့်ထားသင့်တဲ့ Video တွေ တင်ပေးသွားပါမယ်။
https://t.me/jptipsNtricks
11,886 Subscribers
7 Photos
14 Videos
Last Updated 06.03.2025 04:27

ဂျပန်စာ သင်ယူမှုအတွက် အထောက်အကူပြု Tips & Tricks

ဂျပန်ဘာသာစကားသည် အယ်လ်ဂျီရိုးနည်းနှင့် ပက်သက်လျက် အပြင်ဒီဇိုင်းလည်ဖြစ်ပြီး အများအပြား၏ စိတ်ဝင်စားမှုကို ရရှိနေစဉ်၌ လေ့လာဖို့ လွယ်ကူပြီးဗဟုသုတရရှိရန် အထောက်အကူပြု နည်းလမ်းများအကြောင်း ဆွေးနွေးလိုက်ပါမည်။ ဂျပန်ဘာသာသည် အချို့သော ကာယကံရှင်ကို ဖြတ်သန်းရင်ဆိုင်ရသော စိန်ခေါ်မှုများရှိသော်လည်း၊ စနစ်တကျအဆင်ပြေလေ့လာခြင်းဖြင့် ဤဘာသာစကားကို သင်ယူသည်သည် သာမန်အားဖြင့် ရရှိနိုင်ပါသည်။ ဤဆောင်းပါးတွင် ဂျပန်ဘာသာကို သင်ယူနေကြသူများအတွက် အထောက်အကူပြုနည်းများနှင့် အခက်အခဲများကို ကျွန်ုပ်တို့ ဆွေးနွေးပါမည်။

ဂျပန်စာကို ဘယ်လိုလေ့ကျင့်ရမလဲ?

ဂျပန်စာကို လေ့ကျင့်ရန် ထိပ်တန်းမှ သင့်ပါက နေ့စဉ်သင်ကြားမှုချိန်ကို သတ်မှတ်ပါ။ ငါးမိနစ်မှ တဆင့် စတင်၍ သင်ယူရာတွင် သင်ထင်ရသော အချက်အလက်များကို သတိရပါ။

စာအုပ်များနှင့် ဗီဒီယိုများကို သုံးပြီး လေ့လာလျှင် အထူးသဖြင့် အချို့သော ဗီဒီယိုများ သင့်အတွက် ထူးခြားသော ရနပ်တစ်ခု ဖြစ်ပါသည်။

ဂျပန်စာကို အသုံးပြုရန် အရေးကြီးသော အချက်များက ဘာလဲ?

ဂျပန်စာတွင် အမှတ်အသားနှင့် အသုံးပြုမှုစနစ်၏ အခြေခံသိမြင်ချက်များ မရှိမဖြစ်လိုအပ်ပါသည်။ အောက်ပါအချက်များကို သင်ယူရန် ဦးစားပေးပါ။ အဖြစ်အပျက်နှင့် လုပ်ငန်းများကို ဖွင့်ဆိုခြင်း၊ စကားပြောကြားရခြင်းတို့သည် အဓိပ္ပာယ်ကို ရှင်းလင်းစေပါသည်။

သင်ယူပြီးသည်အထိ စကားလုံးအသစ်များနှင့် အဆင်ပြေသော စကားပြောများကို လေ့လာပြီး သင့်စကားပြောရာတွင် အသုံးစရိတ်အများဆုံးရရှိပါမည်။

ဂျပန်စာစကားများကို သင်ယူရန် ဘယ်လိုကြိုးစားရမလဲ?

ဂျပန်စာစကားများကို သင်ယူရန် အခြေခံပညာအမြစ်က သင့်လျော်သည်။ စကားလုံးထည့်သွင်းခြင်း၊ တစ်နေ့က နာမ်များကို သင်ယူရန် ဦးစားပေးပါ။

စာအုပ်များနှင့် ဆွေးနွေးမှုများထဲမှ စကားလုံးများကို သင်ယူရန် အထူးသဖြင့် အဓိပ္ပာယ်ရှင်းလင်းမှုနှင့် ဓါတ်ပုံ၊ အသံပြုလုပ်ခြင်းတို့ကို ထည့်ပါ။

ဂျပန်စာနဲ့ပတ်သက်ပြီး အထောက်အကူပြုသော ဗီဒီယိုများရှိပါသလား?

ဟုတ်ပါက၊ သင်၏စိတ်ဝင်စားမှုအပိုင်း၊ တစ်ကိုယ်တည်း သို့မဟုတ် အဖွဲ့များနှင့် ဆွေးနွေးခြင်းကို အသုံးပြုနိုင်သော ဗီဒီယိုများကို ရွေးချယ်နိုင်ပါသည်။

ဤဗီဒီယိုများသည် ဂျပန်စာကို လေ့လာရန် အဓိပ္ပာယ်ဖြစ်စေသော သင်ကြားမှုများ၊ ဂီတနှင့် အခြားသော အင်တာနက်တင့်အောင်စားများကို လည်းဖြင့် စိတ်ဝင်စားဖွယ်ကောင်းသည်။

ဂျပန်စာနဲ့ပတ်သက်သည့် နည်းလမ်းများက ဘာလဲ?

ဂျပန်စာသင်ယူရန် အကြံပြုချက်များပါဝင်သည်။ စနစ်တကျ သင်ယူ၍ တုံ့ပြန်မှုများအား မွေပေးပါ။

စာလေ့လာခြင်းမှ ထွက်ပြေးထာကို သိထားပြီး လေ့ကျင့်သော ဂျပန်စာတွင် အဆင်ပြေရန် လိုအပ်ပါသည်။

ဂျပန်စာ Tips & Tricks Telegram Channel

ဂျပန်စာ Tips & Tricks ဆိုတာကို သင့်တွင် ရှာပြီးသော လူတိုင်းအပြင်စားနိုင်ပါသလား။ ဒီရုပ်ပုံများကို သင့်တွင် တင်ပေးသွားပါတယ်။ jptipsntricks နှင့်ခွင့်ပြုပါ။ ဒီရုပ်ပုံများသည် သင့်အကြောင်းလုပ်ငန်းတွေအတွက် အရည်အသွေးအားလုံးအတွက် အထူးတိုက်သတင်းတွေဖြစ်ပါသည်။ ဒီစားကြောင်းများသည် သတင်းများဖြင့် သင့်သတင်းများအား ပြန်လည် တင်ပေးနိုင်ပါတယ်။ ဤစားကြောင်းများအကြောင်းအရာအားထုတ်ပြပါသည်။ သို့သော် မည်သည့်အားပေးဖို စိတ်ည်မည် နိုင်ပါ မည်သည့်အားကြည့်ပြီး စားကြပါသည်။

ဂျပန်စာ Tips & Tricks Latest Posts

Post image

စာလုပ်ရဖို့ ပျင်းနေတဲ့သူလေးတွေရှိရင် https://t.me/NaoyukiDiary/5232 မှာ Moti လာယူပြီး Challenge မှာ အတူပါဝင်လိုက်ပါ 😎

28 Feb, 16:47
1,102
Post image

Zairyuu card ကတော့ ၂ပတ်အတွင်း immigration ကို ပြန်အပ်ရပါတယ် လူကိုယ်တိုင်သွားအပ်လည်းရသလို စာတိုက်ကနေဘဲ ပို့လိုက်လဲ ရပါတယ် စာတိုက်ကနေပို့ရင်တော့ စာအိတ်မှာ 在留カード返送လို့ထည့်ရေးဖို့မမေ့ပါနဲ့
သတ်မှတ်ရက်အတွင်းပြန်မအပ်ရင် ဒဏ်ငွေဆောင်ရမှာမို့ ၂ပတ်အတွင်းပြန်အပ်ဖြစ်အောင် ပြန်အပ်ပါ Passport ထွက်တဲ့အထိ မစောင့်ပါနဲ့

ဒီလောက်ဆိုရင်တော့ နိုင်ငံသားခံယူခြင်းဆိုင်ရာ Process တွေအားလုံးနားလည်းလောက်မယ်လို့မျှော်လင့်ပါတယ်
အမျိုးသားအတွက်လျှောက်ပေးတုန်းက ဘယ်ရှေ့နေမှမသုံးခဲ့ပါဘူး
အစဆုံး စာရွက်စာတမ်းတွေက ကိုယ်တိုင်ဘဲ ပြင်ပေးခဲ့တာပါ

Source
https://www.facebook.com/share/p/1BkHfFjTuj

21 Feb, 01:02
3,828
Post image

4. 生計の概要 (その 1) (ဝင်ငွေထွက်ငွေစာရင်းပါ)

5. 生計の概要 (その 2)(အဲ့ဒါက တခုခုရင်းနှီးမြှပ်နှံမှုလုပ်ထားသူတွေဖြည့်ရတာပါ 不動産လုပ်ငန်းလုပ်တာမျိုး/ ငွေကိုတစ်ယောက်ယောက်ဆီ အပ်ထားတာမျိုး/ Share ဝယ်ထားတမျိုးဆိုရင်တော့ ဖြည့်ရပါတယ် မဟုတ်ရင်တော့ အဲ့တရွက်ကဖြည့်ဖို့မလိုပါဘူး)

6. 親族の概要 (ကိုယ့်မိသားစုဝင်စာရင်းပါ-မိဘ/ညီအစ်ကိုမောင်နှမတွေရဲ့Data တွေဖြည့်ရတာပါ/ မိဘတွေကမြန်မာမှာ မောင်နှမတွေက ဂျပန်မှာဆိုရင် မြန်မာမှာရှိတဲ့မိဘတွေရဲ့ Data ကတရွက်/ဂျပန်မှာရှိတဲ့ သူရဲ့Data ကတရွက် စီဖြည့်ရပါတယ် တရွက်တည်းပေါင်းဖြည့်လို့မရပါဘူး)

7. 申述書 (အဲ့ဒါကတကယ်တော့ အမေကိုဖြည့်ခိုင်းရတဲ့ပုံစံပါ အမေက သူသားသမီးဘယ်နှစ်ယောက်မွေးထားပါတယ်ဆိုပြီး ရေးပေးရတာပါ အောက်ဆုံးမှာ အမေလက်မှတ်လိုပါတယ် ဒါပေမယ့် မြန်မာကိုတခါပြန်ပို့ အမေကိုရေးခိုင်းပြီး ဒီဘက်ကိုပို့ရတာရှုပ်ရင်ကိုယ့်ဘာကိုယ် ဒီမှာဘဲ ရေးလိုက်ပြီး အမေလက်မှတ်ထိုးပေးလိုက်ရင် ရပါတယ်။ ပြီးရင် အဲ့ဒါလည်း Notry လိုအပ်ပါတယ် အမျိုးသားလျှောက်တုန်းကတော့ အဲ့စာရွက်ကို ကိုယ်တိုင်ဘဲ Notry ပြန်ပေးလိုက်ပါတယ် Service မအပ်ခဲ့ပါဘူး)

8. 帰化の動機書(နိုင်ငံသားခံယူရခြင်းအကြောင်းရင်း)

🏣🏣နိုင်ငံသားခံယူဖို့ဘယ်မှာလျှောက်လွှာတင်ရလဲ 🏣🏣
နိုင်ငံသားလျှောက်တဲ့အခါ 入管(လဝက)နဲ့မဆိုင်တော့ပါဘူး 法務局(ဥပဒေရေးရာဗျူရို) နဲ့ဆိုင်တာမို့
အရင်ဉီးဆုံး ကိုယ်နေထိုင်ရာဒေသရဲ့ 法務局ကို ဖုန်းဆက်ပြီး 相談လုပ်ဖို့ ရက်ချိန်းအရင်ယူပါ
တိုကျိုမှာတော့ ရက်ချိန်းတခါရဖို့ ၄လလောက်ကြာပါတယ်

ရက်ချိန်းယူထားပြီး အဲ့အတောတွင်းမှာ အပေါ်မှာရေးပြထားတဲ့စာရွက်စာတမ်းတွေကို ပြင်ဆင်ထားမယ်ဆိုရင် ပထမဆုံး 相談သွားတဲ့အချိန်မှာဘဲ စာရွက်စာတမ်းပြည့်စုံရင် တန်းလက်ခံပေးပြီး 申請番号ထုတ်ပေးပါတယ်
တကယ်လို့ စာရွက်စာတမ်းတွေမပြည့်စုံရင် နောက်တခါလာရင် ပြင်ဆင်လာရမယ့်စာရွက်စာတမ်းတွေကို သေချာရှင်းပြပေးပြီး နောက်တကြိမ်ရက်ချိန်းပြန်ချိန်းပါတယ် အဲ့ဒါလည်း ၄/၅လ ထပ်ကြာပါတယ်
အဲ့ဒါကြောင့် မြန်ချင်ရင် စာရွက်စာတမ်း စုံအောင်လုပ်ပြီးမှ သွားတာပိုကောင်းပါတယ်

စာရွက်စာတမ်းတွေလက်ခံပြီး 申請番号ထွက်လာရင်ကိုယ်ရဲ့申請ကို အဓိကကိုင်မယ့်担当者နာမည်နဲ့ဖုန်းပေးပါတယ် ပြီးရင် အဲ့担当者ကဘဲ လိုအပ်တဲ့အခါ ဖုန်းဆက်ပြီးထပ်လိုတာတွေ တောင်းတာမို့လို့ ဖုန်းထဲမှာ သူ့နံပတ်တခါတည်းsave.ထားပါ

အဲ့လိုလက်ခံပြီး ၄/၅လအကြာမှာ လူတွေ့အင်တာဗျူးခေါ်ပါတယ်
အဲ့မှာ Single တွေကတော့ ကာယံကံရှင်တစ်ဉီးတည်းကိုဘဲ အင်တာဗျူးခေါ်ပေမယ့် အမျိုးသားတုန်းကတော့ ကိုယ့်ကိုပါ အင်တာဗျူးလိုက်ခဲ့ဖို့ခေါ်ပါတယ် တချို့ မိဘတွေဂျပန်မှာရှိတဲ့သူဆိုရင် မိဘတွေကိုပါ အင်တာဗျူးပါတယ်

အင်တာဗျူးမှာမေးတဲ့အကြောင်းအရာတွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပေမယ့် အဓိက အလုပ်အကိုင်ပိုင်းဆိုင်ရာတွေ ဘာကြောင့် နိုင်ငံသားခံယူချင်တာလဲတွေ မိဘတွေကရောသဘောတူမတူ အဲ့ဒါတွေအဓိကမေးပါတယ် ကာယံကံရှင်ကိုတော့ အင်တာဗျူးတာ ၁နာရီလောက်ကိုကြာပါတယ်
အိမ်ထောင်ဖက်ကိုတော့ ၁၅မိနစ်လောက်ဘဲဗျူးပါတယ်

ပြီးရင်တော့ JLPT N2အထက်သမားတွေက ဂျပန်စာမဖြေရပေမယ့် N2 အောက်ဆိုရင်တော့ ဂျပန်စာ test ရှိပါတယ်
Test ကတော့ အဓိက ひらがな、カタカナပြန်ရေးခိုင်းတာမျိုး စာတပိုဒ်ဖတ်ပြခိုင်းတာရယ်
စာတပိုဒ်လောက် ရေးပြခိုင်းတာရယ်လောက်ပါဘဲ အရမ်းတော့မခက်ပါဘူး
ひらがな、カタカナမရေးတတ်ရင်တော့ နိုင်ငံသားရဖို့မလွယ်တာမို့ နိုင်ငံသားလျှောက်တော့မယ်လို့ရည်ရွယ်ထားရင် စာနည်းနည်းပြန်လေ့လာထားတာကောင်းပါတယ်

ပြီးရင်တော့ အိမ်ကိုလာစစ်ပါတယ် အိမ်ကိုမလာစစ်ခင်ကြိုအကြောင်းကြားပါတယ် အဓိကသန့်သန့်ရှင်းရှင်းနေလားဆိုတာရယ် ပတ်ဝန်းကျင်နဲ့အဆင်ပြေလားဆိုတာရယ် စစ်တဲ့သဘောပါ
အဲ့လိုအိမ်လာစစ်တဲ့အချိန် သူတို့ကို ဘာနဲ့မှ ဧည့်ခံလို့မရပါဘူး တာဝန်အရလာတာမို့လို့ဆိုပြီး ရေတောင် မသောက်ပါဘူး

အိမ်လာစစ်တဲ့အဆင့်ထိပြီးသွားရင်တော့ ၆လအတွင်း Result သိရမယ်လို့ပြောသွားပါတယ် အမျိုးသားတုန်းကတော့ အိမ်ကိုလာစစ်တာနဲ့ အင်တာဗျူးက တရက်တည်းပါဘဲ
ပြီးတော့ အင်တာဗျူးနေ့က သူ့သူဌေးပါ လိုက်ခဲ့တဲ့အတွက် သူဌေးကိုပါ တခါတည်းအဲ့နေ့မှာဘဲ ဗျူးပါတယ် (မလိုက်ခဲ့ရင်ကျ နောက်နေ့ကျမှ company ကို ဖုန်းဆက်ပြီး သူဌေးကိုမေးတတ်ပါတယ်)
အဲ့ဒါတွေကြောင့်ဘဲ မြန်သွားလားတော့မပြောတတ်ဘူး အင်တာဗျူးပြီး ၃လအကြာမှာဘဲ Result ထွက်ခဲ့ပါတယ်

Result မထွက်ခင် တပတ်အလိုမှာ အရင်ဆုံး နိုင်ငံခြားသွားဖို့ရှိ/မရှိ အိမ်ပြောင်းတာဘာညာရှိလားဆိုပြီး ဖုန်းဆက်လာပြီး နောက်၂ပတ်ကနေ ၁လအတွင်း result သိရတော့မယ်ဆိုပြီး အကြောင်းကြားပါတယ်
ပြီးတော့ တကယ်က နောက်တပတ်လည်းနေရော おめでとうဆိုပြီး ဖုန်းဆက််လာပြီး အကြောင်းကြားပေးပါတယ်
ဖုန်းနဲ့အကြောင်းကြားပြီးတာနဲ့ ၃ရက်လောက်လည်းနေရော အိမ်ကို 戸籍登録လုပ်ဖို့ရယ် 入管ကို 在留カード ပြန်အပ်ဖို့ရယ်အကြောင်းကြားစာရောက်ပါတယ်

戸籍登録 ကတော့ အကြောင်းကြားစာရောက်ပြီး ၁လအတွင်း ရပ်ကွက်ရုံးမှာသွားလုပ်ရတာပါ အဲ့ဒါလည်း ရပ်ကွက်ရုံးက သူတို့ Process ပြီးရင် ဖုန်းဆက်အကြောင်းကြားပေးပါတယ် အဲ့ကျရင် ဂျပန် Passport ထုတ်လို့ရပါပြီ

21 Feb, 01:02
3,112
Post image

🛂帰化申請手続き🛂
(ဂျပန်နိုင်ငံသားခံယူခြင်းဆိုင်ရာ Procedure)

ဒီပိုစ့်က ကျမ အမျိုးသားကို ဂျပန်နိုင်ငံသားခံယူဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေ ကိုယ်တိုင်ပြင်ဆင်ပေးခဲ့တာမို့ အဲ့ဒါတွေကို အခြေခံပြီးရေးပေးထားတာပါရှင်

⭐️⭐️နိုင်ငံသားခံဖို့အတွက် လိုအပ်တဲ့အရည်အချင်းတွေက ဘာတွေလဲဆိုရင် ⭐️⭐️

(၁) ဂျပန်နိုင်ငံမှာZairyuu card နဲ့ ၅နှစ်ဆက်တိုက်နေထိုင်ဖူးသူဖြစ်ရမယ် (အလည်နဲ့လာခဲ့တဲ့သူတွေရှိရင် အဲ့သက်တမ်းတွေထည့်ပြီး count မလုပ်ပါဘူး)

(၂) ပြစ်မှုကင်းရှင်းသူဖြစ်ရမယ် (အဲ့ထဲမှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာပြစ်မှုလည်းပါတဲ့အတွက် Driving License ရှိသူတွေ ပြစ်မှုနဲ့မညှိအောင် သတိထားဖို့လိုအပ်ပါတယ်)

(၃) ဂျပန်စာစကားကျွမ်းကျင်သူဖြစ်ရမယ် (Level ဘယ်လောက်ထိအောင်တဲ့သူဖြစ်ရမယ်ဆိုပြီး အတိကျမပြဠာန်းထားပေမယ့် အနည်းဆုံး N3 Level တော့အောင်ထားရင်ပိုကောင်းပါတယ်)

(၄) ဂျပန်မှာနေထိုင်စဉ် ၅နှစ်အတွင်းကျသင့်တဲ့အခွန်များ အားလုံးပေးဆောင်ထားသူဖြစ်ရမယ်

(၅) ဂျပန်နိုင်ငံရဲ့ပျက်စီးမှုအတွက်လှုံံဆော်အားပေးသူမဖြစ်ရ

ဒီအချက် (၅) ချက်နဲ့ပြည့်စုံပြီဆိုရင် နိုင်ငံသားရဖို့ 50% လောက်က အိုကေပါတယ်
ကျန်တဲ့ 50% ကတော့ စာရွက်စာတမ်းပိုင်းဆိုင်ရာ ပြင်ဆင်မှုပါဘဲ

⭐️⭐️ဂျပန်နိုင်ငံသားခံယူရာတွင် လိုအပ်သောစာရွက်စာတမ်းများ⭐️⭐️

အဲ့အပိုင်းမှာက စုဆောင်းရမယ့်စာရွက်စာတမ်းတွေရယ် လက်ရေးနဲ့ဖြည့်သွင်းရေးရမယ့် စာရွက်စာတမ်းရယ် ဆိုပြီး (၂)ပိုင်းခွဲပြောပေးပါမယ်

📋 📋 စုဆောင်းရမယ့်စာရွက်စာတမ်းများ 📋 📋

1. မွေးစာရင်း (Original ရဲ့ Copy ၂စုံ/ Japan လို Notry)

2. မိဘလက်ထပ်စာချုပ် (Original ရဲ့ Copy ၂စုံ/ Japan လို Notry)

3. ဘွဲ့လက်မှတ်များ ( ဘွဲ့၂ခု/၃ခုရထားတဲ့သူက အကုန်ပြပေးဖို့လိုအပ်ပါတယ် ဘွဲ့လက်မှတ်မှာ Eng လိုပါတဲ့သူတွေကတော့ Notry ပြန်ဖို့မလိုပေမယ့် မြန်မာလိုဘဲပါတဲ့သူတွေကတော့ Japan လို Notry ပြန်ထားပေးပါ)

4. Japan စာ အောင်လက်မှတ်များ

5. Zairyuu card အဟောင်းများ (သက်တမ်းကုန်သွားတဲ့ Zairyuu card အကုန်ပြရပါတယ်)

6. 在職証明書 (အလုပ်​ထောက်ခံစာပါ အလုပ်ကနေတောင်းပါ)

7. 源泉徴収票(နှစ်ကုန်တိုင်းမှာ အလုပ်ကပေးတဲ့တနှစ်စာဝင်ငွေစာရင်းပါ အနီးဆုံးနှစ် ၅နှစ်စာအကုန်ပြရပါတယ်)

8. 給料明細書(လစာစာရွက်ပါ ၃လစာပြရပါတယ်)

9. 住民票(၃လသက်တမ်းရှိတဲ့ Update ဖြစ်ရပါမယ် အဟောင်းထုတ်ထားတာများသုံးလို့မရပါ)

10. 課税証明書、納税証明書(နေထိုင်ခွန်တောင်းခံလွှာနဲ့ နေထိုင်ခွန်ပေးချေထားကြောင်းစာရွက်ပါ အနီးဆုံး၅နှစ်စာလိုအပ်ပါတယ်)

11. 健康保険カード(Copy 2စုံ)

12. 健康保険納付説明書(အဲ့ဒါက 国民健康保険 ဝင်ထားတဲ့ သူက ၅နှစ်စာ ကျန်းမာရေးခွန်ဆောင်ထားတဲ့ Receipt တွေ အကုန်ပြရင်ရပါတယ်、社会保険သမားကတော့ Company ကိုတောင်းလိုက်ပါ)

13. 被保険者記録照会回答票(ပင်စင်ခွန်နဲ့ပတ်သတ်တဲ့စာရွက်ပါ 年金事務所မှာ 基礎年金番号-လုပ်သားပင်စင်နံပတ်ကိုပြောပြီး 帰化申請လုပ်ဖို့အတွက် လိုအပ်လို့ထုတ်ပေးပါဆိုပြီး ပြောရင် သူတို့ထုတ်ပေးပါတယ်)

14. လက်ရှိနေနေတဲ့အိမ်စာချုပ် (Copy 2စုံ)

15. လက်ရှိနေနေတဲ့အိမ် Map (ဘူတာကနေ အိမ်အထိ ဘယ်လိုသွားလဲဆိုတဲ့ပုံစံမျိုးနဲ့ Google map ကို Print ထုတ်ပေးရပါတယ်)

16. အလုပ်တည်နေရာ Map (အဲ့ဒါလည်း Google map ကနေ Print ထုတ်ပေးလို့ရပါတယ်)

17. Driving License (လိုင်စင်ရှိတဲ့သူက လိုင်စင် Copy လည်း၂စောင်ပေးရသလို လမ်းစည်းကမ်း/ယာဉ်စည်းကမ်းပြစ်မှုဆိုင်ရာ စစ်ချက်ကို ရဲစခန်းမှာယူပြီးပေးရပါတယ် အဲ့ဒီပြစ်ချက်ဆိုင်ရာစစ်ချက်စာရွက်တော့ နိုင်ငံသားလျှောက်တဲ့စာရွက်စာတမ်းတွေသွားတင်တဲ့အခါသူတို့ထုတ်ပေးပါတယ် အဲ့ဒါကိုယူသွားပြီး မြို့နယ် ရဲစခန်းကိုသွားပြီး ¥700နဲ့ စစ်ချက်ထုတ်ရတာပါ နှစ်ပတ်နေရင်ရဲစခန်းကနေ စစ်ချက်စာရွက်ကိုအိမ်ကိုပြန်ပို့ပေးပါတယ် အဲ့ဒါကို သူတို့ဆီပြန်ပို့ပေးလိုက်ရင် ရပါပြီ)

18. မြန်မာနိုင်ငံက သန်ခေါင်စာရင်း (Original ရဲ့ Photo Print, Copy 2စုံ/ ဂျပန်လို Notryလိုပါတယ်။
Orignal လည်းပြခိုင်းတတ်ပါတယ် မြန်မာကနေ Orignal ဒီဘက်ကို ယူလာပေးဖို့ အဆင်မပြေဘူးလို့ ပြောလိုက်ရင် အဆင်ပြေပါတယ်)

19. မှတ်ပုံတင် (Original ရဲ့ Photo Print, Copy 2စုံ/ ဂျပန်လို Notry/ Original ပြခိုင်းတတ်တာမို့ Original လည်းယူသွားပါ)

20. Passport (အဟောင်း/အသစ်အကုန်လုံး တအုပ်လုံး copy ၂စုံစီ)

21. Bank စာအုပ်(ငွေအဝင်ထွက် မှတ်တမ်းအသေးစိတ်လိုတာမို့ Bankမှာ 残高証明書ထုတ်ရင် detail အကုန်တောင်းပါ)

22. လျှောက်တဲ့သူက အိမ်ထောင်သည်ဆိုရင် ကိုယ့်အိမ်ထောင်ဖက်ရဲ့ 在職証明書、給料明細書၃လစာ、在留カードCopy、保険Copy、被保険者記録照会回答票、住民票、課税、納税証明書(2年分))ပါ ပေးရပါတယ်

✍️✍️လက်ရေးနဲ့ဖြည့်သွင်းရေးရမယ့်စာရွက်စာတမ်းများ ✍️✍️

1. 帰化許可申請書 (Application form )

2. 履歴書(その①) (ကိုယ်ရေးမှတ်တမ်းပါ မွေးကတည်းကနေ ဂျပန်မှာအခုနေထိုင်နေတဲ့အထိ အသေးစိတ် အကုန်ရေးပေးပါတယ်/ ဂျပန်မှာအိမ်ပြောင်းဖူးရင် ဘယ်အချိန် ဘယ်ကာလမှ အိမ်ပြောင်းပါတယ်ကအစ အသေးစိတ် အကုန်ရေးရပါတယ်)

3. 履歴書(その②) (အဲ့ဒါကတော့ 出入国မှတ်တမ်းပါ Passport မှာ ကြည့်ပြီး တုံးထုထားတဲ့ရက်တွေမမှားအောင်ရေးပေးရင် အဆင်ပြေပါတယ်)

21 Feb, 01:02
2,703