ကန့်ဘလူနယ်တောင်ခြမ်းအခြေအနေ အစီရင်ခံစာ
ကန့်ဘလူတောင်ခြမ်းအခြေအနေနဲ့ပတ်သက်လို့ မပြောပဲငုံထားတာကြာပါပြီ။လက်နက်ကိုင်တော်လှန်ရေးစကတည်းက စစ်ကောင်စီရဲ့နယ်မြေရှင်းလင်းရေးစစ်ကြောင်းတွေ ဝင်လာတိုင်း နယ်မြေခံပကဖနဲ့LOCALအဖွဲ့တွေကပဲ ရှိတဲ့အင်အားနဲ့ ဖြစ်သလိုခုခံကာကွယ်လာတာ ဒီနေ့ဒီအချိန်ထိပါပဲ။
ကန့်ဘလူတောင်ခြမ်းကို စစ်ကြောင်းတကြောင်းထိုးလာရင် MOD လက်အောက်က တပ်ရင်းတပ်ဖွဲ့တွေ ကလာပြီး ကာကင်းလုပ်ပေးတာတောင် မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။လာတဲ့အခါဆိုရင်တောင်မှ စစ်ကြောင်းကပ်လာချိန်ဆို တပ်ရင်းကလာတဲ့ရဲဘော်တွေ ပျောက်ပျောက်သွားတယ်လို့ဆိုပါတယ်။
ကန့်ဘလူတောင်ခြမ်းမှာ ဘာကြောင့်ဒီလိုဖြစ်နေရသလဲဆိုတာ ကန့်ဘလူနယ်စစ်ရေးတာဝန်ခံတွေအနေနဲ့ ပြန်စဥ်းစားကြဖို့လိုပီထင်ပါတယ်။အခုဆို တော်လှန်ရေးအင်အားစုအားကောင်းတဲ့ ကန့်ဘလူနယ်တောင်ခြမ်းက ရွာတွေဟာ ခြံခတ်ခံထားရတဲ့နွားအုပ်လိုဖြစ်နေပါပြီ။
ဒီနောက်ပိုင်း စစ်ကြောင်းထိုးထာထက်ဆိုးတာက ကန့်ဘလူနယ်တောင်ခြမ်းကိုပတ်လည်ဝိုင်းပီး စစ်တပ်အထိုင်စခန်းတွေ တိုးတိုးချလာတာပါပဲ။အရေးအကြောင်းဆို ဆေးဝါးကုသဖို့သွားရလာရအောင်တောင် ဝင်ပေါက်ထွက်ပေါက်ရှာနေရတာနဲ့ ဒုက္ခအတော်များလှပါပြီ။
ဒီအတိုင်းဆို ကန့်ဘလူနယ်တောင်ခြမ်းက ရွာတွေဟာ စားဝတ်နေရေးကအစ သယ်ယူပို့ဆောင်ရေးအဆုံး လမ်းကြောင်းတွေ တခုပီးတခုပိတ်ခံနေရတာမို့ အဆင်မပြေနိုင်ပါဘူး။ကန့်ဘလူနယ်တောင်ခြမ်းရွာတွေကဆို အနီးနားမှာရှိတဲ့ ဇီးကုန်း၊ထန်းကုန်းက စစ်တပ်နဲ့ပျူဂိတ်တွေက ဝင်ထွက်သွားလာခွင့် ပိတ်ထားတာကြောင့် အခြေခံစားသောက်ကုန်၊လောင်စာဆီ စတဲ့အရာတွေက အကန့်အသတ်နဲ့သာ ရနိုင်တာပါ။
ဒါကို ကန့်ဘလူမြို့နယ်ထဲက စစ်ရေးတာဝန်ခံတွေအနေနဲ့ မျက်ကွယ်ပြုမထားသင့်ပါဘူး။ခင်ဗျားတို့ပြောပြောနေတဲ့ စစ်နိုင်တယ်ဆိုတာ စစ်တိုက်လို့နိုင်တာထက် နယ်မြေပိုင်ဆိုင်တာကလည်း စစ်နိုင်တာပဲဆိုရင် ကိုယ့်ဘက်ကစိုးမိုးနယ်မြေတွေ အရင်ကထက် ကျဥ်းမြောင်းမသွားဖို့ဟာလည်း သိပ်ကိုအရေးကြီးသလို လုပ်သင့်တာကို တစိုက်မက်မက်လုပ်နေဖို့အရေးကြီးပါတယ်။
အခုတခေါက် ကန့်ဘလူနယ်တောင်ခြမ်းကို စစ်ကြောင်းထိုးလာချိန်မှာ ကန့်ဘလူတောင်ခြမ်းက သရက်ခေါင်းရွာက အရပ်သား ၂ ဦးက ဒရုန်းဗုံးထိမှန်ပီး သေပါတယ်။သပြေသာလေးရွာက အရပ်သား ၁ ဦးက လက်နက်ကြီးထိမှန်ပီး သေပါတယ်။သရက်ခေါင်းရွာက နေအိမ် ၇၂ လုံးနဲ့ရှမ်းတပ်ရွာက နေအိမ် ၁၁၅ လုံး မီးရှို့ဖျက်ဆီးခံထားရပါတယ်။အရပ်သား ၄ ဦးကို စစ်ကြောင်းက ဖမ်းခေါ်သွားပါတယ်။
စစ်ရေးအရှိန်မြင့်နေတဲ့ ဒီလိုကာလမှာ ကိုယ့်ဘက်က ထိုးစစ်မလုပ်နိုင်သေးသည့်တိုင်၊ကြားဖြတ်မတိုက်ခိုက်နိုင်သေးသည့်တိုင် အရပ်သားပြည်သူတွေဘေးကင်းလုံခြုံစေဖို့ စစ်ကြောင်းကို ကင်းထောက်တဲ့ ကာကင်းတွေတော့ လုံလုံလောက်လောက်ပို့ပေးဖို့ ဖြစ်သင့်ပါတယ်ဗျာ။
July 27,2024 ကိုအနန္တရေးသည်
#infinitygroup