HIV အရေး ခင့်ကိုမေး @hivayaykhinkomayy Channel on Telegram

HIV အရေး ခင့်ကိုမေး

@hivayaykhinkomayy


Services:Counseling and Testing,Condom Distribution,ART Provision

HIV အရေး ခင့်ကိုမေး (Burmese)

အပြည့်အဝန်းနှင့် သီးသန့်ခံရတဲ့ အသွင်ဗဟုသုတမေးရေးအလွေ့ရေးအသည့်ဖွင့်အလှည့်ဝယ်ရမေးရမည်ဖြစ်သည့် HIV အရေး ခင့်ကိုမေး ခေါ်၊ စစ်မေးဖြူစားရေးနှင့် အထူးရေးတိုအဓိပ္ပီးစားမှုများများအတွက် သန့်ရင်ခံခံ တရားစုထက်မိန်ဆင့်ရင်းခြင်း၊ HIV ချူကစိန်ခြင်း၊ အထူးချူကစိန်ရှေ့သိပင်တောင်းလှန်းရပ်းခြင်းစသိုက်ဝတ်ဆောက်ပေးမည်ဖြစ်သည်။ ထုထံလ ရယ်သို့ အထူးအရေးစားချုပ်လိုသူများတွင့် အထူးလေးမြေတော်သုံးစေ့လှည့်ရရကားကောင်းလက် အဟောင်မသပ်ခါးမည် ဖြစ်သည်။

HIV အရေး ခင့်ကိုမေး

16 Nov, 13:31


HIV ဆိုတာဟာ သွေး သို့မဟုတ် လိင်ကနေတဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။
အဲဒီ ဗိုင်းရပ်စ်ကူးစက်တာခံရရင် HIV positive ဖြစ်တယ်လို့ခေါ်ပါတယ်။
ဒါပေမယ့် HIV positive ဖြစ်တိုင်း AIDS မဖြစ်ပါဘူး။

HIV ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ကိုယ်ခံအားစနစ်ကို တဖြည်းဖြည်းချင်းတိုက်ခိုက်ပါတယ်။
HIV ဗိုင်းရပ်စ်ပိုးကြောင့် ကိုယ်ခံအားစနစ်ကျဆင်းလာပြီး ပြင်ပက အခြားရောဂါတွေ အလွယ်တကူ ကူးစက်တတ်တဲ့အခြေအနေကို AIDS ဖြစ်တယ်လို့ခေါ်ပါတယ်။

HIV positive ဖြစ်တိုင်း စိတ်ဓာတ်ကျစရာမလိုပါ။
HIVရှိတာ သိသိချင်းမှာ ART ဆေးနဲ့ကုသမှုခံယူမယ်ဆိုရင် AIDS အဆင့်ထိမရောက်တော့အောင် ကာကွယ်နိုင်တာကြောင့်ပဲဖြစ်ပါတယ်။

HIV အရေး ခင့်ကိုမေး

16 Nov, 05:01


🩸အရင်ခေတ်တုန်းက ဘုရားပွဲဈေး၊ လမ်းဘေးမှာ ထိုးကြတဲ့ တက်တူး၊ ဆေးမင်ကြောင်တွေကနေ HIV၊ Bပိုး၊ Cပိုးစတဲ့ သွေးကတဆင့်ကူးစက်တဲ့ရောဂါတွေ အဖြစ်များပါတယ်။ အကြောင်းကတော့ အသုံးပြုပြီးသား သွေးပေနေတဲ့ အပ်တွေ၊ ကိရိယာတွေကို ထပ်ကာထပ်ကာ ပြန်လည်သုံးစွဲတာကြောင့်ဖြစ်ပါတယ်။

🧼 အခုနောက်ပိုင်း ပေါ်လာတဲ့ Professional Tattoo Studio တွေ အများစုမှာတော့ သွေးကနေပိုးမကူးစက်အောင် ပစ္စည်းတွေကို သေချာသန့်စင်တာ၊ တခါသုံးအပ်တွေနဲ့ပဲ ထိုးတာကြောင့် ပိုးကူးစက်နိုင်ခြေကနေ တဖြည်းဖြည်းနည်းလာပါပြီ။ ဒါပေမယ့်လည်း ခင့်မိတ်ဆွေတို့ Tattoo ထိုးမယ်ဆိုရင် ကိုယ်ထိုးမယ့် Studioက တခါသုံးအပ်ကိုပဲသုံးလား၊ ပစ္စည်းတွေကို သေချာသန့်စင်ရဲ့လားဆိုတာကို သေချာစစ်ဆေးပြီးမှပဲ ထိုးကြဖို့ ခင်က တိုက်တွန်းလိုက်ပါတယ်နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။

HIV အရေး ခင့်ကိုမေး

15 Nov, 10:01


သွေးစစ်လိုက်တာ ပိုသေချာ

အများစုက ကိုယ့်ကိုယ်ကို HIV ကူးစက်ခံရတယ်လို့ သံသယရှိရင် ကိုယ့်ရဲ့ရောဂါလက္ခဏာတွေက HIVဟုတ်မဟုတ်သိရအောင် အွန်လိုင်းပေါ်မှာ အရင်ရှာတတ်ကြပါတယ်။ တကယ်တော့ HIVဟာ ကူးစက်ခံရကာစအချိန်မှာ လက္ခဏာအမျိုးမျိုးပြနိုင်ပြီး လက္ခဏာလုံးဝမပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်က HIV အကြောင်းအရာအချို့ဟာ အပေါ်ယံလောက်သာဖြစ်ပြီး အချက်အလက်အမှားတွေလည်း ပါဝင်နိုင်တာကြောင့် အဲတာတွေကိုပဲ အားကိုးပြီး ကိုယ့်မှာ HIV ရှိမရှိ မဆုံးဖြတ်နိုင်ပါဘူး။

HIV ရှိမရှိ အတိအကျသိနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ သွေးစစ်ခြင်းပဲဖြစ်ပါတယ်။
သို့လော သို့လော နဲ့ စိုးရိမ်ပူပန်နေရမယ့်အစား သံသယကင်းရှင်းသွားစေဖို့အတွက် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး အခုပဲ သွေးစစ်ဆေးလိုက်ဖို့ ခင့်မိတ်ဆွေတွေကို တိုက်တွန်းလိုက်ပါတယ်နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy
TikTok
https://www.tiktok.com/@hiv153?_t=8qFnAtOSvtH&_r=1

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။

HIV အရေး ခင့်ကိုမေး

15 Nov, 02:01


ခင်ရဲ့ မိတ်ဆွေတို့ရေ
ဒီတစ်ခါတော့ LGBT နဲ့ ပတ်သက်တဲ့ မေးခွန်းလေးကို ဗဟုသုတအနေနဲ့ မေးခွန်းလေး ဖြေပေးကြပါအုန်းနော်

လိင်တူလက်ထပ်ခွင့်ကို ဘယ်နှနိုင်ငံမှာ ခွင့်ပြုထားလဲ

A) 26
B) 36
C) 34


ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber၊ TikTok နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy
TikTok
https://www.tiktok.com/@hiv153?_t=8qFnAtOSvtH&_r=1

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။

HIV အရေး ခင့်ကိုမေး

14 Nov, 12:49


မီးနီနေတုန်း ဖြတ်တော့မယ်ဆိုရင်

👩 မိန်းကလေးအများစုဟာ Period လာနေတဲ့အခါမှာ နာကျင်တာတွေ၊ စိတ်ဆိုးစိတ်ကောက်လွယ်တာတွေ ဖြစ်တတ်ပါတယ်။ မီးနီနေချိန် အတူနေတဲ့အခါ သားအိမ်ကြွက်သားတွေ ကျုံ့တင်းခြင်းကို လျော့နည်းစေပြီး နာကျင်တာကို သက်သာစေပါတယ်။

💁‍♀️ ဒါ့အပြင် Endorphin ဆိုတဲ့ ဟော်မုန်းတစ်မျိုးထွက်လာပြီး သူက မိန်းကလေးတွေရဲ့ စိတ်ကို ကြည်လင်စေပါတယ်။ ဒါ့အပြင် တချို့လေ့လာချက်တွေမှာဆိုရင် Periodအတွင်း အတူနေတာဟာ ခေါင်းတခြမ်းကိုက်ခြင်း (migraine)ကိုပါ လျော့ကျစေတာ တွေ့ရပါတယ်။

🙅‍♀️ မီးနီဖြတ်တာဟာ ကောင်းကျိုးတွေလည်းရှိသလို သတိထားရမှာတွေလည်း ရှိပါတယ်။ ပထမဆုံးအချက်ကတော့ မီးနီနေချိန်မို့ သွေးဆင်းများပြီး အိပ်ရာခင်းတွေ ပေကျံနိုင်တာပဲဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ သွေးဆင်းနေချိန်ဖြစ်တာကြောင့် HIV လိုမျိုး သွေးကနေတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ကာလသားရောဂါလို လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်လွယ်ပါတယ်။

ဒါကြောင့် ခင့်မိတ်ဆွေတို့ မီးနီဖြတ်ပဲဖြတ်ဖြတ်၊ မီးစိမ်းပဲဖြတ်ဖြတ် ကားတိုက်မခံရအောင် ကွန်ဒုံးအကာအကွယ်ဆောင်းသွားဖို့ မမေ့ကြနဲ့နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ။

HIV အရေး ခင့်ကိုမေး

14 Nov, 03:31


ကာလသားရောဂါကို ဘယ်အချိန်မှာ စစ်ဆေးသင့်လဲ?
ကာလသားရောဂါ (syphilis) ဟာ မြန်မာပြည်မှာ အတွေ့ရဆုံး လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေထဲက တစ်မျိုးဖြစ်ပါတယ်။ လူအများစုက HIV ကိုပဲ သတိတရစစ်မိကြတာများပြီး ကာလသားရောဂါ စတဲ့ရောဂါမျိုးတွေကိုတော့ စစ်ဖို့ မေ့တတ်ကြပါတယ်။ တကယ်တမ်းမှာ ကာလသားရောဂါကလည်း သေချာကုသမှုမခံယူရင် အာရုံကြောထိခိုက်တဲ့အထိ အသက်အန္တရာယ်ရှိတာကြောင့် ပုံမှန်စစ်ဆေးမှုခံယူသင့်ပါတယ်။

🔬 အကြမ်းအားဖြင့် လိင်ဆက်ဆံမှုရှိသူ (sexually activeဖြစ်သူတိုင်း) ကာလသားရောဂါကို တစ်နှစ်တကြိမ် စစ်ဆေးသင့်ပါတယ်။

ဒါ့အပြင်
🔬 ကာလသားရောဂါရှိသူ သို့မဟုတ် ရောဂါသံသယရှိသူနဲ့ အကာအကွယ်မပါဘဲ အတူနေမိရင်၊
🔬 ကိုယ်ဝန်ဆောင်မိခင်တွေ နဲ့
🔬 ကိုယ့်မှာ ကာလသားရောဂါသံသယရှိတာကြောင့် ဆရာဝန်က စစ်ဆေးဖို့ တိုက်တွန်းတဲ့အခါမှာလည်း စစ်ဆေးလို့ ရပါတယ်။

ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့အတိုင်း ကာလသားရောဂါကို မဖြစ်ခင်က ကာကွယ်နိုင်ဖို့အတွက် အတူနေတဲ့အခါ ကွန်ဒုံးသုံးဖို့ကိုတော့ မမေ့ကြပါနဲ့နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ။

HIV အရေး ခင့်ကိုမေး

13 Nov, 13:31


အနောက်အရပ်သို့ ခရီးသွားတဲ့အခါ

ငယ်ငယ်တုန်းက ဝူခုန်းဇာတ်လမ်းတွဲ Journey to the West ကိုအကြည့်များပြီး အနောက်သန်သွားသူတချို့ရှိပါတယ်။ အနောက်အရပ်ကို ခရီးသွားတာ သို့မဟုတ် Anal Sex ဟာ တချို့တွေအတွက် ခံစားချက်ပိုမိုကောင်းမွန်စေပေမယ့် စအိုဒဏ်ရာရတာ ၊ HIV ရောဂါကူးစက်နိုင်ခြေများတာ စတဲ့ အန္တရာယ်တွေလည်း ရှိပါတယ်။

ဒါကြောင့် အနောက်အရပ်ကို ခရီးသွားတဲ့အခါ သို့မဟုတ် Anal sex နေတဲ့အခါ
(၁) ကွန်ဒုံးအမြဲစွပ်ပါ။ ကွန်ဒုံးဝယ်တဲ့အခါ ကိုယ့်ရဲ့ တောင်ဝှေးနဲ့ တော်တဲ့အရွယ်အစားကို သေချာရွေးဝယ်ပါ။
(၂) လမ်းခရီးချောမွေ့စေဖို့ ချောဆီ (lubricant) များများအသုံးပြုပါ။
(၃) ကိုယ့်ရဲ့ partner ကို ပွင့်ပွင့်လင်းလင်းပြောပြပြီး နှစ်ဦးသဘောတူမှသာ ပြုလုပ်သင့်ပါတယ်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။

HIV အရေး ခင့်ကိုမေး

13 Nov, 02:31


HIV စစ်နိုင်တဲ့နည်းလမ်းတွေ

ခင့်မိတ်ဆွေတို့ရေ။
HIV ရှိမရှိကို ဓာတ်ခွဲခန်းမှာ သွေးဖောက်ပြီးစစ်တာအပြင် အိမ်မှာ အလွယ်တကူစစ်လို့ရတဲ့ အခြားနည်းလမ်းတွေ ရှိသေးတယ်ဆိုတာ သိပြီးပြီလား။ ခင်က ဒီနေ့မှာ HIV စစ်လို့ရတဲ့ test အမျိုးအစားနှစ်ခုအကြောင်းကို ပြောပြပေးပါမယ်နော်။

1️⃣ Lab Test
ဆေးရုံ၊ဆေးခန်းတွေမှာ စစ်ဆေးလေ့ရှိတဲ့ Test အမျိုးအစားဖြစ်ပြီး လူနာရဲ့ သွေးထဲက HIV nucleic acid သို့မဟုတ် Antigen သို့မဟုတ် Antibody ကို စစ်ဆေးပါတယ်။ Nucleic acid testဆိုရင် ကူးစက်ပြီး ၁၀ ရက်မှ ၃၃ရက်အကြာမှာ ပိုးတွေ့နိုင်ပြီး Antigen/Antibody test ဆိုရင်တော့ ၁၈ရက်မှ ၄၅ရက်အကြာ ပိုးတွေ့နိုင်ပါတယ်။

2️⃣ Rapid Test (Antibody Test)
Rapid Testကတော့ မိမိကိုယ်တိုင် အိမ်မှာ စစ်ဆေးနိုင်တဲ့ ရိုးရှင်းတဲ့ test တစ်မျိုးဖြစ်ပါတယ်။ သူကတော့ HIV ကူးစက်ပြီး ၁၈ရက်ကနေ ရက် ၉၀အကြာမှသာ ပိုးတွေ့နိုင်ပါတယ်။
Rapid Test တွေထဲမှာ တချို့ Test kitတွေကတော့ သွေးတစ်စက်ကို ဖောက်ပြီး Kitပေါ်တင်ကာ စစ်ဆေးရပါတယ်။ အပ်ကြောက်တဲ့သူတွေအတွက်လည်း သွားဖုံးပေါ်ကအရည်ကို ယူပြီး စစ်ဆေးလို့ရတဲ့ Test kit အမျိုးအစားတွေလည်းရှိပါတယ်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ။

HIV အရေး ခင့်ကိုမေး

12 Nov, 10:31


ဒီတစ်ခါတော့ ခင်ရဲ့ မိတ်ဆွေတို့အတွက် ဘယ် Zodiac Signအလိုက် ဘာအရသာလေးတွေကြိုက်လောက်ကြလဲ ဆိုတာကို ပြောပြပေးလိုက်တယ်နော်။

Aries - နံနံပင် အရသာ
Taurus - ရှောက်သီး အရသာ
Gemini - မျှစ် အရသာ
Cancer - ပိန်းဉ အရသာ
Leo - ကြက်ဟင်းခါးသီး အရသာ
Virgo - ဂွေးသီး အရသာ
Libra - ဇီးသီး အရသာ
Scorpio - ဒညှင်းသီး အရသာ
Sagittarius - ငရုပ်သီး အရသာ
Capricorn - ဆူးပုတ်ရွက် အရသာ
Aquarius - မှို အရသာ
Pisces - ငါးပိ အရသာ

ကဲကဲ ဒီလောက်ဆိုရင်တော့ ကိုယ့် Zodiac Sign အလိုက် ကိုယ်ကြိုက်တဲ့အရသာလေးတွေလည်းသိသွားပြီဆိုတော့ ကိုယ်ကြိုက်တဲ့ အရသ နဲ့သက်ဆိုင်တဲ့ ကွန်ဒုံးလေးတွေလည်း ရှာဝယ်ပြီးသုံးကြပါနော် 😝

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။

HIV အရေး ခင့်ကိုမေး

11 Nov, 09:32


STD ရှိမရှိ ဘယ်လိုစစ်နိုင်မလဲ

ခင့်မိတ်ဆွေတိုရေ ဒီနေ့မှာတော့ ခင်က လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါ (STDs)တွေ ရှိမရှိစစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးပါမယ်။

ကာလသားရောဂါ (ဆစ်ဖလစ်)
ဆစ်ဖလစ်ကို များသောအားဖြင့် သွေးကနေစစ်ဆေးလေ့ရှိကြပြီး ရှားရှားပါးပါး ကျောရိုးအရည်ကနေ စစ်ဆေးတာလည်း ရှိတတ်ပါတယ်။

ဆီးပူညောင်းကျ(ဂနို)ရောဂါ
ဂနိုရောဂါကိုတော့ ဆီးကနေတဆင့်စစ်ဆေးတာ ဒါမှမဟုတ် လိင်တံ၊ ဆီးပြွန်၊ သားအိမ်စတဲ့ နေရာတွေကနေ swabအတံနဲ့ နှိက်ယူပြီး စစ်ဆေးတာတွေ ပြုလုပ်နိုင်ပါတယ်။

HPV ပိုး
လိင်အင်္ဂါကြွက်နို ၊ သားအိမ်ခေါင်းကင်ဆာစတာတွေကို ဖြစ်စေနိုင်တဲ့ HPV ပိုးကိုတော့ swab test ပြုလုပ်ပြီး စစ်ဆေးနိုင်ပါတယ်။ဒါပေမယ့် HPVပိုးရှိမရှိကို သားအိမ်ခေါင်းမှာပဲ စစ်ဆေးနိုင်ပြီး တခြားအင်္ဂါတွေမှာတော့ မစစ်ဆေးနိုင်ပါဘူး။ ဒါကြောင့် အပြင်ပန်းရောဂါလက္ခဏာပေါ်ပဲမူတည်ပြီး ရောဂါရှိမရှိ ဆုံးဖြတ်ကုသတတ်ကြပါတယ်။

ခင့်မိတ်ဆွေတိုမှာ STD ရောဂါလက္ခဏာတစ်ခုခုရှိနေပြီလို ယူဆရင် မရှက်မကြောက်ကြပါနဲ့။ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင် စစ်ဆေးပြီး ကုသမှုကိုသာ ခံယူလိုက်ပါ။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

HIV အရေး ခင့်ကိုမေး

10 Nov, 14:31


နေ့တစ်နေ့ကုန်ဆုံးသွားတိုင်း ကမ္ဘာတဝှမ်းက လူတစ်သန်းခန့်ဟာ HIV နဲ့ ကာလသားရောဂါအစရှိတဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါ(STD)တွေ ကူးစက်ခံနေရပါတယ်။ ၂၀၂၂ခုနှစ်အတွင်း STD ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်တွေရဲ့ ရင်သွေး အယောက် ၄သိန်းဝန်းကျင်ဟာ ပိုးကြောင့် လူစဉ်မမီဘဲ မွေးဖွားလာရတာတွေ ရှိနေပါတယ်။

ဒီလို ရောဂါဆိုးတွေကိုရော၊ မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိတာကိုရော ၉၈ ရာခိုင်နှုန်း ထိထိရောက်ရောက်တားဆီးပေးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ကွန်ဒုံးအသုံးပြုတာပဲဖြစ်ပါတယ်။ မိန်းကလေးတွေအနေနဲ့ အတူနေတဲ့အခါ ကွန်ဒုံးအသုံးပြုဖို့ တောင်းဆိုတာဟာ မိမိကျန်းမာရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒီလိုကွန်ဒုံးအသုံးပြုတာဟာ ကိုယ်ရော၊ ကိုယ့်partner ရဲ့ ကျန်းမာရေးအတွက် ဖြစ်တယ်ဆိုတာ သေချာရှင်းပြပြီး သုံးခိုင်းကြရမယ်နော်။

မိမိ partnerက ကိုယ့်ကျန်းမာရေးကို လျစ်လျူရှုပြီး အကာအကွယ်မပါဘဲ အတူနေဖို့ တောင်းဆိုလာတဲ့အခါမှာ “ No Condom, No Love “ ဆိုတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းငြင်းဆန်ပြီး STD အန္တရာယ်တွေကို ကာကွယ်လိုက်ကြရအောင်နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

HIV အရေး ခင့်ကိုမေး

09 Nov, 02:30


အမြဲတစ်နေရာတည်းမှာ တွယ်ကပ်မနေချင်ဘဲ အသစ်အသစ်တွေကိုပဲ ရှာဖွေချင်ကြတဲ့ လူငယ်တချို့ဟာ One Night Stand ဆိုတာကို လက်တည့်စမ်းချင်ကြပါတယ်။ နှစ်ဦးသဘောတူ One Night Stand ဟာ တစ်ညတာတည်းမှာ သာယာမှုရနိုင်ပြီး စိတ်ကောက်တာ၊ ရန်ဖြစ်တာတွေ မရှိတော့ နှစ်သက်ကြပါတယ်။

ဒါပေမယ့် အခုမှတွေ့တဲ့သူနဲ့ One Night Stand တဲ့အခါ HIV နဲ့ အခြားလိင်ကတဆင့်ကူးစက်နိုင်တဲ့အန္တရာယ်တွေက မမြင်ကွယ်ရာက စောင့်ကြိုနေပါတယ်။

ဒါကြောင့် One Night Stand တော့မယ့်အခါ
နှစ်ဦးနှစ်ဘက် သဘောတူညီမှုရပါစေ။
ဒီညပြီးနောက် သူစိမ်းတွေ ဖြစ်သွားနိုင်တယ်ဆိုတာ နားလည်လက်ခံရပါမယ်။
အရေးကြီးဆုံးကတော့ မမျှော်လင့်ဘဲကိုယ်ဝန်ရခြင်း နဲ့ HIV အပါအဝင် လိင်ကတဆင့်ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ ကွန်ဒုံးသုံးကို သုံးရပါမယ်နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy
TikTok
https://www.tiktok.com/@hiv153?_t=8qFnAtOSvtH&_r=1

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။

HIV အရေး ခင့်ကိုမေး

08 Nov, 11:01


U=U ဖြစ်ရင် ကွန်ဒုံးမသုံးဘဲ နေလို့ရပြီလား

ART ဆေးကို သေချာသောက်လို့ သွေးထဲမှာ ပိုးကောင်ရေ undetectable အဆင့်အထိ နည်းပါးသွားတဲ့အခါ အခြားသူကို HIV ကူးစက်နိုင်ခြေဟာလည်း မရှိတော့သလောက်(Untransmissible) ဖြစ်သွားပါတယ်။ ဒါဆို U=U ဖြစ်သွားရင် ကွန်ဒုံးမသုံးဘဲ အခြားသူနဲ့ အတူနေလို့ရပြီလား။

U=U ဖြစ်လို့ HIV ကူးစက်နိုင်ခြေနည်းတာမှန်ပေမယ့် ကာလသားရောဂါပိုး၊ ဆီးပူညောင်းကျရောဂါပိုး စတဲ့ရောဂါတွေအပြင် သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတဲ့ HPV ရောဂါပိုးတွေက လိင်ကတဆင့် ကူးစက်နိုင်ပါသေးတယ်။ ဒါကြောင့် U=U ဖြစ်လည်း အခြားသော STD ရောဂါတွေကို ကာကွယ်ဖို့အတွက် ကွန်ဒုံးအမြဲ အသုံးပြုကြရမယ်နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy
TikTok
https://www.tiktok.com/@hiv153?_t=8qFnAtOSvtH&_r=1

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။

HIV အရေး ခင့်ကိုမေး

08 Nov, 06:41


ဖြစ်တည်မှုတိုင်းမှာ ဂရုစိုက်ပါ

🏳️‍🌈 ကျန်းမာရေးဆိုတာဟာ လူကြီး၊လူငယ်မရွေး၊ အမျိုးသား၊အမျိုးသမီး၊ LGBTမရွေး ဂရုစိုက်သင့်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ HIV ရောဂါပိုးအပါအဝင် လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေဟာ Straight အမျိုးသား၊အမျိုးသမီးတွေမှာသာမက LGBTတွေမှာလည်း အတူနေထိုင်တဲ့အခါ ကူးစက်တတ်တာဖြစ်လို့ ဖြစ်တည်မှုအားလုံး သတိထားကြဖို့လိုပါတယ်။ 🏳️‍🌈

ဒါကြောင့် ခင့်မိတ်ဆွေတို့အားလုံး
အတူနေတဲ့အခါ ကွန်ဒုံးစနစ်တကျသုံးပါ။
PrEP သောက်ဖို့လိုအပ်သူတွေ အချိန်မှန်သောက်ပါ။
HIV ရှိမရှိ ပုံမှန်သွေးစစ်ဆေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။

HIV အရေး ခင့်ကိုမေး

07 Jun, 10:46


ခင့်မိတ်ဆွေ LGBTQ+ လေးတို့ရေ
သတ္တိခွန်အားအပြည့်နဲ့ မိမိရဲ့ ဖြစ်တည်မှု အစစ်အမှန်အတိုင်း ရဲဝံ့ပြတ်သားကြလို့ ခင်မှ ဂုဏ်ယူမိပါတယ်။
တို့ဖြည်တည်မှုတိုင်းကို ပွင့်လင်းစွာ နွေးထွေးစွာ လက်ခံချစ်ခင်ကြမယ့် လူ့လောကဘောင်သစ်တစ်ခုဆီသို့ ရည်မှန်းလျှောက်လှမ်းကြပါစို့လားရှင်… 🏳️‍🌈

“We deserve to experience love fully, equally, without shame, and without compromise.” – Elliot Page (Canadian actor and producer)

#Pridemonth

HIV အရေး ခင့်ကိုမေး

04 Jun, 10:58


အေအာတီသောက်သုံးနေသူတွေအနေနဲ့ အခြားသောကျန်းမာရေး ပြဿနာများကြောင့် ပိုးသတ်ဆေးသောက်ဖို့လိုအပ်ခဲ့ရင် အေအာတီဆေးကိုမိမိသောက်နေကျ အချိန်အတိုင်းသေချာတိတိကျကျဆက်သောက်ရပါမယ်။ ပိုးသတ်ဆေး(Antibiotic) ကိုတော့ ဆရာဝန်ညွန်ကြားတဲ့အတိုင်း သောက်သုံးရပါမယ်။

အေအာတီ နဲ့ ပိုးသတ်ဆေးနှစ်မျိုးလုံးကို ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်ဖို့ နဲ့ ဆေးနှစ်မျိုးရဲ့ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေကို ရှောင်ကြဉ်နိုင်ဖို့ အေအာတီဆေးသောက်ချိန်နဲ့ နှစ်နာရီဝန်းကျင်ခြားပြီး သောက်ဖို့လိုအပ်ပါတယ်။
ဆေးသောက်ဖို့မမေ့အောင် ့ မိမိအတွက် အဆင်ပြေမယ့် နည်းလမ်းနဲ့ ဂရုစိုက်ပြီး နာရီAlarm ပေးတာမျိုးဖြစ်စေ မိမိရဲ့နေ့စဉ် အလေ့အကျင့်တစ်ခုနဲ့ တွဲပြီးဖြစ်စေ သောက်သင့်ပါတယ်နော်
ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။

HIV အရေး ခင့်ကိုမေး

16 May, 13:41


ဒူးရင်းရာသီလေးဆိုတော့ မူစကူဒူးတော့မယ်ဆိုရင်
ဒင်းရူးသွားအောင် ဒူးရင်းနံ့ကွန်ဒုံးလေးနဲ့ဆို ဘယ်လိုများဖြစ်မလဲ💁🏼‍♀️

ဒူးရင်းသီးနံ့ပါတဲ့ကွန်ဒုံးတော့ မရှိသေးပေမယ့်
အဖုလေးတွေပါတဲ့ ကွန်ဒုံးလေးတွေလဲရှိတော့ သုံးကြည့်ကြည့်နော်

လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုကာကွယ်ဖို့နဲ့ ကိုယ်ဝန်မရအောင်ကာကွယ်ဖို့ဆို ဦးထုပ်လေးဆောင်းကြဖို့လိုပါတယ် မိမိရဲ့ ပါတနာနဲ့အတူ ချစ်ခြင်းမေတ္တာတွေကို လုံခြုံစွာ ပုံဖော်နိုင်ပါစေ 😍😍😍😍😍

HIV အရေး ခင့်ကိုမေး

12 May, 06:10


ရင်သွေးလေးတွေအတွက်ဆို ဘယ်အရာကိုမှ မကြောက်ရွံဘဲ HIV Positive ဖြစ်နေလည်း ရဲရဲတောက်ရင်ဆိုင်နေကြတဲ့ မေမေတို့ကို ခင်ကနေ အမေများနေ့မှာ ရင်သွေးလေးတွေနဲ့အတူ လေးစားဂုဏ်ပြုပါတယ်ရှင်။

#MothersDay #UEqualU

HIV အရေး ခင့်ကိုမေး

24 Mar, 14:29


HIV နဲ့ TB ရောဂါ ယှဉ်တွဲနေတဲ့အခါ

HIV နဲ့ TB ရောဂါပိုးနှစ်ခုလုံး ယှဉ်တွဲရှိနေသူတွေမှာ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ HIV ပိုးကြောင့် ကိုယ်ခံအားကျဆင်းနေချိန်မှာ TB ပိုးဟာ ပိုမိုပွားများနိုင်ပြီး သာမာန်လူတွေမှာထက် ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေဖြစ်စေပြီး အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် TB ရောဂါက HIV ရှိသူတွေ သေဆုံးစေတဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ဆုံးကဖြစ်နေပါတယ်။ ဒီနေ့ မတ်လ ၂၄ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့မှာ ခင်က HIV နဲ့ TB ရောဂါယှဉ်တွဲရှိနေတဲ့သူတွေမှာ ဂရုစိုက်ရမယ့်အချက်လေးတွေကို ပြောပြပေးပါမယ်။

1.ART နဲ့ TB ဆေးတွေကို အချိန်မှန်မှန်သောက်ပါ။
ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရောဂါပိုးတွေ ပြန့်ပွားတာကို ထိန်းချုပ်နိုင်ဖို့အတွက် ART နဲ့ TB ဆေးတွေကို နေ့စဉ်အချိန်မှန်သောက်သုံးရပါမယ်။ ဆေးတွေကို ပုံမှန်သောက်ခြင်းဖြင့် ပိုးကောင်ရေကို နည်းပါးလာစေပြီး ပြင်းထန်လက္ခဏာတွေကို တားဆီးနိုင်ပါတယ်။ ဆေးသောက်ဖို့ ခဏခဏမေ့တာ၊ ဆေးသောက်လိုက်မသောက်လိုက် လုပ်တာတွေဟာ ဆေးအာနိသင်ကို ကျဆင်းစေတဲ့အပြင် ဆေးယဉ်ပါးမှုကို ဖြစ်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

2.ခန္ဓာကိုယ်မှာ ကိုယ်ခံအားအတွက် လိုအပ်တဲ့ ဓာတ်တွေနဲ့ အားအင်ပြည့်ဝစေဖို့အတွက် ဟင်းသီးဟင်းရွက်၊ အသားငါး၊ နို့၊ကြက်ဥ စတာတွေကို ညီညွတ်မျှတစွာစားပါ။ 

3.ကိုယ်သောက်နေရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတခုခုကို အရမ်းခံစားရတာဖြစ်ဖြစ်၊ ဆေးသောက်ရတာ အခက်အခဲတခုခုရှိရင်ဖြစ်ဖြစ် ကျွမ်းကျင်ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပါ။ မိမိရောဂါအခြေအနေ တိုးတက်မှုရှိမရှိ သိစေဖို့ ဆေးစစ်မှုကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပြုလုပ်ပါ။

4.HIV နဲ့ TB ရောဂါယှဉ်တွဲခံစားနေရသူတွေဟာ ရောဂါဒဏ်၊ဆေးဒဏ်ကြောင့် စိတ်ပင်ပန်း၊လူပင်ပန်းကြရလေ့ရှိပါတယ်။ ဒါကြောင့် မိသားစု၊သူငယ်ချင်းမိတ်ဆွေများက ရောဂါခံစားနေရသူကို အားပေးကူညီကြပါ။ ကိုယ်ချစ်ခင်ရင်းနှီးရသူတွေဆီက အားပေးစကားတခွန်းဟာလည်း ရောဂါပျောက်ကင်းစေဖို့ ဆေးတခွက်ပါပဲ။

နောက်ဆုံးအနေနဲ့ကတော့ တီဘီရောဂါ၊ HIV ရောဂါတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ကာကွယ်ရေးနည်းလမ်းတွေကို ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို ပြောပြပြီး တီဘီရောဂါတိုက်ဖျက်ရေးမှာ ပါဝင်လှုပ်ရှားဖို့ ခင်က တိုက်တွန်းလိုက်ပါတယ်။

သိလိုသမျှ ခင့်ကို Messenger / Viber - 09 765 203221 တို့မှာ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။ 
Telegram Channel Join ရန်
https://t.me/hivayaykhinkomayy 
Viber Channel Join ရန်
https://invite.viber.com/?g2=AQBBsZhbJacuM04NuLQWx%2FpmK50Rcb2A3Nwe1gmLsFs7YxtRikwkxxOH20OUYLYG