Hana: Movies Box ๋࣭ ⚝ @hanamoviebox Channel on Telegram

Hana: Movies Box ๋࣭ ⚝

@hanamoviebox


Hope You Enjoy😊

For Contact @CTYSLN

Hana: Movies Box✨ (English)

Welcome to Hana: Movies Box! Are you a movie enthusiast looking for a channel that provides you with the latest updates, reviews, and recommendations on the best movies to watch? Look no further, as Hana: Movies Box is here to cater to all your movie needs. Hana: Movies Box is a Telegram channel dedicated to all things related to movies. Whether you're into action, comedy, drama, or horror, this channel has something for everyone. From new releases to classic films, Hana: Movies Box covers a wide range of genres to suit every taste. Who is it for? Hana: Movies Box is perfect for movie lovers who are always on the lookout for their next cinematic adventure. Whether you enjoy watching movies in the comfort of your home or prefer the experience of the big screen, this channel has something for everyone. What is it about? Hana: Movies Box provides its members with movie reviews, trailers, and recommendations to help them make informed decisions on what to watch next. With a team of dedicated movie buffs curating the content, you can trust that you're getting the best movie suggestions. Join Hana: Movies Box today and immerse yourself in the world of cinema. Get ready to discover hidden gems, blockbuster hits, and everything in between. Hope You Enjoy!💛

Hana: Movies Box ๋࣭ ⚝

08 Feb, 04:36


ဒီနေ့လည် 2 နာရီခွဲလာမဲ့ keshin Densetsu Event Recharge Phase 1အတွက် Diaဖြည့်ချင်ရင် Hanaဆီမှာလာဝယ်လို့ရတယ်နော် သဲတို့🤩

ယ​နေ့အတွက် Diamond ဈေး💎

Weekly Pass 💎 -  6,000 ကျပ်
Twilight Pass -  ကျပ်
Starlight Normal Card - 10,000 ကျပ်

💎 86 - 4,900
😀 172 - 9,800
😀 257 - 14,250
😀 343 - 19,200
💎429 - 24,050
💎 514 - 28,500
😀 601 - 33,950
😀 706 - 38,550
💎 792 - 43,500
😀 878 - 48,300
😀 963 - 52,800
💎1,049 - 57,750
💎1,220 - 67,050
😀1,412 - 770,50
😀1,498 - 82,000
😀1,584 - 86,900
😀 2,195 - 116,650
💎 3,688 - 194,650

🔣2 ဆ ရ​သော စိန်​စျေးများ🔣

😀 50 - 3,100 ကျပ်
😀 150 - 9,350 ကျပ်
😀 250 - 15,000 ကျပ်
😀 500 - 30,900 ကျပ်

Starlight Card များပိုနေပါက လာရောင်းလို့ရပါတယ်။

Normal Card - 8,500 ကျပ်
Premium Card - 15,000 ကျပ်

Telegram Premium
▫️ 1 month - မရ

3 months - 48,000 ကျပ်

6 months - 67,000 ကျပ်


ဝယ်ယူရန် ➡️ @CTYSLN

Hana: Movies Box ๋࣭ ⚝

20 Jan, 03:41


Ka-har: Kap-la Hi-gh Cou-ncil (2024)

IMDb - 6.9/10
Genre - Action, Drama


ဒီရုပ်ရှင်ကိုတော့ ၂၀၀၅ ခုနှစ်မှာ စပြီး ဇာတ်အိမ်တည်ထားတာပါ။ ကူဒရတ် ဆိုတဲ့ ကောလိပ်ရဲ့ စည်းမျဉ်းတွေက ထူးခြားပါတယ်။ အဲဒီကောလိပ်မှာ တက်တဲ့ ကျောင်းသားတွေကို ဟယ်ရီပေါ်တာထဲကလို Hou-se တွေခွဲထားပြီး Hou-se တစ်ခုကို ကိုယ်စားပြုခွင့်ရတဲ့ကျောင်းသားက အထက်ကောင်စီဆိုတဲ့အဖွဲ့ထဲကို ဝင်ခွင့်ရပါတယ်။ ကိုယ့်ရဲ့ Hou-se ရဲ့ ကိုယ်စားပြုချင်တဲ့ ကျောင်းသားတွေဟာ လက်ရုံးရည်ချင်းယှဉ်ပြိုင်ရတာဖြစ်ပြီး ကိုယ်စားပြုဖြစ်ခွင့်ရရင် အခွင့်အရေးတွေလည်း အများကြီးရပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက် ကာဟာ ကတော့ အဲဒီကောလိပ်ကို သူ့ဆန္ဒမပါဘဲရောက်လာတဲ့ ခပ်အေးအေးကျောင်းသားလေးပါ။ ကာဟာ က ဘာမှမထူးချွန်ပေမဲ့ သူ့ရဲ့ အဖေနဲ့ အစ်ကိုကတော့ အဲဒီကောလိပ်ရဲ့သမိုင်းမှာအထူးချွန်ဆုံးကျောင်းသားတွေဖြစ်ခဲ့ကြသူတွေပါ။ အဲဒီလို အဖေရဲ့ ဖိအားတွေ အစ်ကိုရဲ့ဖိအားတွေကို ထမ်းပိုးထားရတဲ့ ကာဟာ တစ်ယောက် သူ့ရဲ့ခံနိုင်ရည်ကိုကျော်လွန်သွားချိန်မှာတော့ ထိန်းချုပ်မှုတွေ လွတ်သွားပြီး လုံးဝမတူတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံ၊ နောက်ဆက်တွဲကိစ္စတွေကြုံတွေ့ရပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင် တွေ့ကြရမှာဖြစ်ပါတယ်။


https://t.me/hanamoviesforyou/258

Hana: Movies Box ๋࣭ ⚝

16 Jan, 14:12


Brot-hers Ne-st (2018)

IMDb - 6.4/10
Genre - Comedy, Thriller

 
ခပ်ဆန်းဆန်းလေးပါပဲ။ Thriller/Comedy ကားလေးပါ။ ရယ်လည်းရယ်ရမယ်၊ သည်းထိပ်ရင်ဖိုလည်းဖြစ်မယ်ပေါ့။ Plot Twist တွေနဲ့ အတော်ဆွဲဆောင်မှုရှိတယ်။ ဇာတ်ကားတစ်ကားလုံးမှာ လူငါးယောက်ရယ် မြင်းတစ်ကောင်ရယ်
အိမ်တစ်လုံးရယ် ကားနှစ်စီးရယ်ပဲပါတယ်

ကိုင်း

ဇာတ်လမ်းက ညီအစ်ကို နှစ်ယောက်က စတယ်။ သူတို့ရဲ့ ပထွေးကို မကျေနပ်လို့ နိဂုံးချုပ်ပစ်ဖို့ကြိုးစားနေကြတာ။ အဲ့လိုလုပ်ဖို့ကို Plan တွေအကျအနချပြီးလုပ်တဲ့ ဆရာကြီးညီအစ်ကိုနှစ်ယောက်ပေါ့။ အဓိကဇာတ်ဆောင် ညီအစ်ကိုနှစ်ယောက်အဖြစ် တကယ့်ညီအစ်ကိုတွေဖြစ်တဲ့ Clayton Jacobson နဲ့ Shane Jacobson တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်

https://t.me/hanamoviesforyou/257

Hana: Movies Box ๋࣭ ⚝

16 Jan, 14:05


အပျိုဖျန်း​လေး​တွေ အားကျ​စေမည့်ကား

Ab-out Ti-me (2013)

IMDb - 7.8/10
Genre - Romance, Comedy


ဒီကားလေးထဲမှာတော့ တင်မ် ဆိုတဲ့ကောင်လေးတစ်ယောက် သူ အချိန်ခရီးသွားနိုင်တယ်ဆိုတာကို သူ့အဖေဆီကထူးဆန်းစွာသိခဲ့ရပါတယ်။ မကြာခင်မှာပဲ သူတို့အိမ်ကို ခဏလာလည်တဲ့ သူ့ ညီမရဲ့ သူငယ်ချင်း ရှားလော့ ကို ချစ်ကြိုက်မိရာက အချိန်တွေနောက်ပြန် လှည့်ပြီးအမျိုးမျိုးကြိုးစားရုံနဲ့ အချစ်စစ်ကိုမရနိုင်ဘူးဆိုတာ တင်မ် သိသွားခဲ့ပါတယ်။ ဒီလိုနဲ့ တင်မ်တစ်ယောက် ချစ်သူရှာဖို့ လန်ဒန်ကို ရောက်လာခဲ့ပြီး တစ်နေ့မှာ မေရီ ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီးချစ်မိခဲ့ပါတယ်။ သူ့ရဲ့နေ့စဉ်ဘဝအလွဲတွေကို အချိန်တွေနောက်ပြန်လှည့်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း မေရီ နဲ့ ရည်းစားတွေဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာ သူတဖက်သတ်ချစ်ခဲ့ရတဲ့ ရှားလော့ နဲ့ လန်ဒန်မှာပြန် တွေ့တော့ ရှားလော့ ကသူ့ကို လက်ခံဖို့ အရိပ်အယောင်တွေပြနေ တဲ့အချိန်မှာ သူ မေရီ ကို တကယ်ချစ်နေပြီဆိုတာသိခဲ့ပြီး မေရီ ကို ရိုမက်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ အပိုင်းလေးကို တော့ အပျိုဖျန်းလေးတွေ တကယ်အားကျ သဘောကျကြမှာပါ။

https://t.me/hanamoviesforyou/256

Hana: Movies Box ๋࣭ ⚝

16 Jan, 04:32


Ar-ena Wa-rs (2024)

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Brandon Slagle ရိုက်ကူးထားပြီးSheri Davis, Jon Wells စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုလူသတ်ဂိမ်းဇာတ်လမ်းလေးဖြစ်ပါတယ်။တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုဖြစ်ပေမယ့် ဒီဂိမ်းကတော့ထူးဆန်းတဲ့ပုံစံနဲ့ ပြုလုပ်ကျင်းပပါတယ်။ထောင်အသီးသီးကတစ်သက်တစ်ကျွန်းနဲ့ သေဒဏ်ကျနေတဲ့ အကျဉ်းသားတွေကိုခေါ်ယူပြီးတော့ ကမ္ဘာ့အဆိုးဆုံးလို့ပြောလို့ရတဲ့ စိတ္တဇလူသတ်သမားတွေနဲ့ ကွင်းပြင်တစ်ခုထဲမှာ ယှဉ်သတ်ခိုင်းတာပါ။အနိုင်ရတဲ့သူတွေကတော့ လွတ်လပ်မှုကိုပြန်ရနိုင်မှာပါ။ဒီလိုနဲ့ ဂိမ်းစီစဉ်သူတွေက ကြည့်ရှုသူများအောင် အထက်လူကြီးအတွက်အပြစ်ဝင်ခံ‌‌ပေးထားတဲ့ ရေတပ်သားဟောင်း လုခ်ဘန်ဒါကိုအပြစ်ကင်းတဲ့ပထမဆုံး ယှဉ်ပြိုင်သူအနေနဲ့ ထည့်ချင်တဲ့အခါမှာတော့သတို့သမီးလောင်းနဲ့ ပြန်‌တွေ့ချင်နေတဲ့ လုခ်က ပါဝင်သတ်ဖြတ်ဖို့ဖြစ်လာပါတယ်။လုခ်တစ်ယောက် ဂိမ်းတွေကိုဘယ်လိုဖြတ်ကျော်မလဲ။ဂိမ်းစီစဉ်သူကရော ဒီဂိမ်းကိုဘယ်လိုထိန်းချုပ်ထားတာလဲ။လုခ်ကရော ပြန်ပြီးလွတ်လပ်နိုင်မှာလား။လုခ်နဲ့အတူ ဆိုးရွားတဲ့လူမိုက်တစ်ဖွဲ့က စိတ္တဇလူသတ်သမားတွေလက်က ရှင်သန်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ဒီဇာတ်ကားလေးထဲမှာ သွေးသံရဲရဲသတ်ဖြတ်ခြင်းတွေကြားကြည့်ရှုအဖြေရှာရမှာပါ။

https://t.me/hanamoviesforyou/255

Hana: Movies Box ๋࣭ ⚝

14 Jan, 04:32


BLUMHOUSES The Craft: Legacy (2020)

ဟောလိုဝင်းကာလမှာ သရဲတွေထက်စာရင် စုန်းမချောချောလေးတွေကို ကြည့်ရတာ ပိုမကောင်းဘူးလားဗျာ။ဒီတစ်ခါတော့ စုန်းကားကောင်းကောင်းလေးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။အထက်တန်းကျောင်းသူလေး လီလီ ဟာ သူ့မိခင်ဖြစ်သူနဲ့ အတူ ကျောင်းပြောင်းလာခဲ့ရပါတယ်။ကျောင်းမှာတော့ စုန်းမ သူငယ်ချင်း ၃ ယောက်နဲ့ ဆုံတွေ့ခဲ့ရပါတယ်။သူတို့ကလည်း စုန်းသိုက် ပြုလုပ်ဖို့ ၄ ယောက်မြောက်စုန်းကို ရှာနေတဲ့အချိန်မှာ လီလီ့ကို တွေ့ခဲ့ရတာပါ။မျိုးရိုးမရှိတဲ့ လီလီတစ်ယောက် ဘာလို့ စုန်းဖြစ်နေခဲ့ရတာလဲ?သူတို့ရဲ့ စုန်းပ့ညာ စွန့်စားခန်းတွေကရော ဘာတွေ ဖြစ်ဦးမှာလဲ?ဟောလိုဝင်းမှာ စုန်းကားကောင်းကောင်းလေး ကြည့်ပြီး အချိန်ဖြုန်းလိုက်ရအောင်ဗျာ။စုန်းမလေးတွေတင် ချောတာ မဟုတ်ဘူးနော်။ ပျိုပျိုမေတို့အတွက် မင်းသားတွေကလည်း ချောတယ်ဆိုတဲ့အကြောင်း လက်တို့ပေးလိုက်ပါတယ်။

https://t.me/hanamoviesforyou/254

Hana: Movies Box ๋࣭ ⚝

02 Dec, 12:36


ဇာတ်ကားစုံကြည့်ရန်❤️🙂

https://t.me/bmvcs

Hana: Movies Box ๋࣭ ⚝

22 Nov, 04:03


You Will Die in 6 Hours (2024)

NCT အဖွဲ့ဝင် Jaehyun နဲ့ Mouse ၊ Perfect Family တို့မှ မင်းသမီး Park Ju-Hyun တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေး ထွက်ရှိလာပါပြီ။တစ်ချိန်က အသက် ၃၀ ပြည့်ရင်တော့ တစ်ခုခုပြောင်းလဲသွားတဲ့ ဘဝမှာနေရလိမ်မယ်လို့ ထင်ထားခဲ့တဲ့ အီဂျောင်ယွန်း...(Park Ju-Hyun)အသက် ၃၀ ပြည့်မွေးနေ့ဖြစ်တဲ့ ယနေ့မှာလည်း ဘာမှမထူးခြားလာဘဲဒုံရင်းကဒုံရင်းဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ ဂျောင်ယွန်းက သူ့သူငယ်ချင်းကို တွေ့ဖို့အသွား လမ်းဖြတ်ကူးစဉ်မှာဂင်ဂျွန်အူ (Jaehyun) က ဂျောင်ယွန်းနားကပ်လာပြီး ပြောလိုက်တဲ့စကားလေးတစ်ခွန်းက "မင်း နောက် ၆ နာရီကြာရင် သေရမယ်"တဲ့။အဓိပ္ပာယ်မရှိတဲ့စကားမို့ ဂျောင်ယွန်းလည်း အစက မယုံနိုင်ဖြစ်နေခဲ့ပေမဲ့သူ့ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ဂျွန်အူနဲ့နှစ်ယောက်အတူ သူ့ကိုသတ်မဲ့လူသတ်သမားကို အတူလိုက်ရှာကြတဲ့အခါမှာတော့ဂျောင်ယွန်းက သူ့ကံကြမ္မာကို ပြောင်းလဲလိုက်နိုင်မလား။ဂျွန်အူက ဂျောင်ယွန်းရဲ့ကံကြမ္မာကို ကြိုမြင်နိုင်ရတာရဲ့ နောက်ကွယ်မှာလည်းဘယ်လိုအကြောင်းအရင်းတွေ ရှိနေမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်။

https://t.me/hanamoviesforyou/251

Hana: Movies Box ๋࣭ ⚝

22 Nov, 03:15


Hana ဆီမှာ mobile legend diaများ လာဝယ်လို့ရပါတယ်နော် 🫶

Weekly Pass 💎 -  6,000 ကျပ်
Twilight Pass -  32,200 ကျပ်
💴Premium Starlight  - 20,000 ကျပ်

💎 86 - 4,900
💎 172 - 9,800
💎 257 - 14,200
💎 343 - 19,100
💎429 - 24,000
💎 514 - 28,400
💎 706 - 38,400
💎 792 - 43,300
💎 878 - 48,200
💎 964 - 53,100
💎1,050 - 58,000
💎1,136 - 62,900
💎2,195 - 116,250
💎 3,688 - 193,950
💎 5,532 - 292,800
💎 9288 - 486,350

💴💵Starlight Card များပိုနေပါက လာရောင်းလို့ရပါတယ်။

💵Normal Card - 8,500 ကျပ်
💴Premium Card - 15,000 ကျပ်

Smile Coin 1k - 75,500 (In stock)

Telegram Premium

🩷1 month - မရ👎

🩷 3 months - 48,000 ကျပ်

🩷 6 months - 67,000 ကျပ်

ဝယ်ယူရန် 🤩🤩@CTYSLN

Hana: Movies Box ๋࣭ ⚝

19 Nov, 12:17


Hi-tman: Ag-ent Ju-n(2020)

ဂင်ဘုံဂျွန်ဆိုတဲ့ ကောင်လေးဟာ မိဘ၂ပါးနဲ့အတူ ကားမတော်တဆမှုမှာ ပါဝင်ခဲ့ပေမယ့်သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ထူးခြားတဲ့ ကလေးတစ်ယောက်ပါ။ တစ်နေ့တော့ နိုင်ငံရဲ့လျှို့ဝှက်လုပ်ကြံသူအေးဂျင့်တွေ မွေးထုတ်ပေးတဲ့ အဖွဲ့ရဲ့ခေါင်းဆောင်က ဂင်ဘုံဂျွန်ကို မိဘမဲ့ဂေဟာကနေ ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲ့လိုကနေ ဂင်ဘုံဂျွန်က လုပ်ကြံသူဂျွန်အဖြစ်နဲ့အဖွဲ့ရဲ့ Ace တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ လုပ်ကြံသူအလုပ်ကို ငြီးငွေ့လာတဲ့ဂျွန်က အဲ့လောက ကနေ ကိုယ်ယောင်ဖျောက်ပြီး ဂင်ဆူယော့အဖြစ်နဲ့ သူဝါသနာပါတဲ့ ကာတွန်းတွေရေးဆွဲရင်း မိသားစုဘဝလေးတစ်ခု ထူထောင်ခဲ့ပါတယ်။ ၁၅ နှစ်အကြာမှာ သူ့ရဲ့လုပ်ကြံသူ ဘဝအကြောင်းကို ကာတွန်းဆွဲရင်း နာမည်ကြီးလာခဲ့ပါတယ်။ လူဆိုးဂိုဏ်းတွေနဲ့ အစိုးရဘက်ကဂျွန် အသက်ရှင်မှန်းသိတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ

Movie link
🤩🤩 https://t.me/hanamoviesforyou/250

Hana: Movies Box ๋࣭ ⚝

16 Nov, 04:05


Bi-g Br-other (2018)

မကြာခင်ကထွက်ရှိထားတဲ့ မင်းသားကြီး Donnie Yang ရဲ့ဇာတ်ကားသစ် Big Brother နဲ့ မိတ်ဆက်ပေးချင်ပါတယ်..ဒီဇာတ်ကားထဲမှာတော့ Donnie Yang က ကျောင်းဆရာ အဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းသဘောက တဲကျင့်အလယ်တန်းကျောင်းဟာ အောင်ချက်ကျရှူံးနေတဲ့ကျောင်းဖြစ်သလိုထောက်ပံ့ကြေးအနည်းငယ်သာရခဲ့တယ်။အဲ့အချိန် ကျောင်းဆရာအဖြစ် Donnie Yang က ရောက်ရောက်ချင်းမှာပဲ ဆိုးသွမ်းပြီးစာမလုပ်တဲ့ကလေးတွေအခန်းကို ကိုင်တွယ်ရတယ်ကလေးတွေမှာလည်း သူတို့အခက်အခဲနဲ့သူတို့ရှိကြတာကို ဆရာက သိသွားတဲ့အခါ ဘယ်လိုကိုင်ကွယ်ဖြေရှင်းမလဲ။ဆရာကလည်း အရင်ကတည်းက အဲ့ကျောင်းမှာတက်ခဲ့ပြီး ဘယ်လိုသမိုင်းကြောင်းရှိခဲ့လဲ။ကျောင်းကြီးကလည်း ထောက်ပံ့ကြေးမရတော့ရင် ပိတ်ခံရတော့မဲ့အချိန် ဘယ်လိုကြိုးစားကြမလဲဆိုတာ ဇာတ်ကားမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါလို့ ပြောချင်ပါတယ်။ဇာတ်လမ်းထဲမှာDonnie Yang ရဲ့ ဖိုက်တင်အခန်းတွေလည်း ပါဝင်ပါသေးတယ်

Movie link
🤩🤩 https://t.me/hanamoviesforyou/249

Hana: Movies Box ๋࣭ ⚝

16 Nov, 03:54


Be-hind th-e bl-ue ey-es (2019)

ငါတို့ရဲ့ ပုံပြင်မှာ ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းမရှိပေမဲ့ ငါဒီဘဝမှာနင့်ကို ရှာတွေနိုင်တာ ကံကောင်းမှုကြီးပဲ။ ဒီဇာတ်လမ်းလေးကတော့ကျောက်ရှင်းဟွေ့နဲ့ လင်ဟန့်ချုံးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ကျောက်ရှင်းဟွေ့နဲ့ လင်ဟန့်ချုံးတို့ဟာ ငယ်ငယ်ကတည်းကသူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး ရင်ခုန်ခဲ့ကြပါတယ်။ သို့ပေမဲ့ အကွာအဝေးတွေ၊မိသားစုပြဿနာတွေကြောင့် သူတို့နှစ်ယောက်ဟာ အကြိမ်ကြိမ် ခွဲခွါခဲ့ကြရတယ်။ရှင်းဟွေ့တစ်ယောက် တွေဝေနေချိန်မှာ သူ့ဆီကို ဟန့်ချုံးရဲ့ အသံသွင်းထားတဲ့ကက်ဆက်ခွေလေး ရောက်လာပါတယ်။ ကက်ဆက်ခွေနားထောင်ပြီးနောက်ရှင်းဟွေ့တစ်ယောက် သူ့ရဲ့အချစ်ကို လိုက်ရှာဖို့အတိတ်က မှတ်ဉာဏ်တွေအတိုင်း တစ်ရက်တာ ခရီးထွက်ခဲ့ပါတယ်။ရှင်းဟွေ့တစ်ယောက် ဟန့်ချုံးကို ရှာတွေ့နိုင်မလား။သူတို့နှစ်ယောက်ရဲ့ ခိုင်မာတဲ့ အချစ်ကရော အခက်အခဲတွေကို ကျော်ဖြတ်နိုင်မလားဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။

Movie link
🤩🤩 https://t.me/hanamoviesforyou/248

Hana: Movies Box ๋࣭ ⚝

13 Nov, 00:26


Th-e Ho-ly Ma-n (2005) 🤩1+2+3🤩

ဒီ ဇာတ်ကားကတော့ ဟာသပုံစံနဲ့ လူတွေ မှားလေ့မှားထရှိတဲ့ အယုံလွယ်ခြင်း၊အလွယ်လမ်းလိုက်ခြင်း၊ ငွေကို မကောင်းတဲ့နေရာမှာသုံးခြင်း၊ သူတပါးအယုံလွယ်မှုပေါ်ကို အလွဲသုံးစားလုပ်တတ်ခြင်း၊ ဝမ်းစာအတွက်သော်လည်းကောင်း အာဏာအတွက်သော်လည်းကောင်း မုသာဝါလ ကံကို ကြူးပြီး သူတစ်ပါးအပူပေါ်မှာ စိတ်ကျေနပ်ခြင်း စသည်တို့ကို ပေါ်လွင်အောင်ဖော်ပြထားတယ်။ ဒါ့အပြင် မည်မျှပင်ဆိုးသွမ်းစေကာမူ လူတွေက ကောင်းမှုအဖြစ်ပြု ပြင်လျှင်ခွင့်လွှတ်နိူင်ကြောင်းကို ဝါရင့် ဟာသ သရုပ်ဆောင်ကြီးများနဲ့ဇာတ်ညွှန်းကျကျ ဖော်ပြထားသော ဇာတ်ကားကောင်းဖြစ်တာကြောင့် ဆက်ဆက်ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါရစေနော်

Movie link
➡️➡️ https://t.me/hanamoviesforyou/245

Hana: Movies Box ๋࣭ ⚝

12 Nov, 05:18


Sa-thu (2009)

ထွေထွေထူးထူးပြောစရာမလိုတော့ပါဘူး။ လူတိုင်းရဲ့ငယ်ဘဝမှာတခါလောက်တော့ကြည့်ဖူးခဲ့မဲ့ ပိန်နဲသီးသရဲကားလေးပါ။

Movie link
🤩 https://t.me/hanamoviesforyou/240

Hana: Movies Box ๋࣭ ⚝

11 Nov, 02:52


Hana: Movies Box ๋࣭ ⚝ pinned «Kpay သုံးသောင်းကျပ် Giveaway လေးကံစမ်းသွားကြပါ🤩🤩 https://t.me/bmvcs/32761»

Hana: Movies Box ๋࣭ ⚝

10 Nov, 13:53


Kpay သုံးသောင်းကျပ် Giveaway လေးကံစမ်းသွားကြပါ🤩🤩

https://t.me/bmvcs/32761

Hana: Movies Box ๋࣭ ⚝

09 Nov, 09:28


Th-e Ga-ngster, Th-e Co-p, Th-e De-vil (2018)

၂၀၁၈ တုန်းက ထွက်ရှိခဲ့တဲ့ မာဒုန်ဆွတ်ရဲ့ဇာတ်လမ်းကောင်းတစ်ကားပါ Train to Busan ထဲကလူသန်ကြိး မာဒုန်ဆွတ်ဆိုတာနဲ့ ဇာတ်လမ်းကကောင်းပြီးသားဆိုတာ ခန့်မှန်းမိမှာပါ အခုကားကတော့ဇာတ်လမ်းနာမည်အတိုင်းပါပဲ ဂိုဏ်စတားတစ်ယောက်ရယ်ရဲတစ်ယောက်ရယ် မကောင်းဆိုးရွားတစ်ကောင်ရဲ့ ဇာတ်လမ်းပါသူတို့ ၃ ယောက် ဘယ်လိုများဆက်စပ်နေကြပါလိမ့် ချွန်းချောင်တောင်ပိုင်းမှာဆက်တိုက်ဆိုသလို ဖြစ်နေတဲ့ လူသတ်မှုတွေကိုကွင်းဆက်လူသတ်မှုအဖြစ် ဆက်စပ်မိတဲ့ ရဲစုံထောက် တစ်ယောက်…..မမျှော်လင့်ဘဲ ကွင်းဆက်လူသတ်သမားရဲ့ဓားနဲ့အထိုးခံလိုက်ရတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောကလူသတ်သမားကို မိဖို့အရေး ပူးပေါင်းလိုက်ကြရဖို့ ဖြစ်လာတဲ့အခါရဲ နဲ့ လူဆိုး ပူးပေါင်းဖို့ရာ ဖြစ်နိုင်ပါ့မလား?????ကွင်းဆက်လူသတ်သမားကိုရော ဖမ်းမိပါ့မလား?????မှုခင်းဇာတ်လမ်းဖြစ်တဲ့အတွက် စလယ်ဆုံး လုံး၀စိတ်ဝင်စားဖို့ကောင်းပါတယ် တစ်ကားလုံးကို အသည်းတယားယားရင်တဖိုဖိုနဲ့ ကြည့်ရမယ့်ကိုရီးယားကားကောင်းတစ်ကား ဖြစ်ပါတယ်


Movie link >> https://t.me/hanamoviesforyou/239

Hana: Movies Box ๋࣭ ⚝

09 Nov, 09:25


Ta-ke Of-f (2009)

၁၉၉၈ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက ပထမဆုံးအကြိမ် အိုလံပစ်အားကစားပြိုင်ပွဲမှာ နှင်းလျှောစီးဝင်ပြိုင်ခဲ့ပါတယ်။ အစိုးရကသေချာမထောက်ပံ့ပေးနိုင်ခဲ့ပေမဲ့ ကိုယ့်အစွမ်းအစနဲ့ အိုလံပစ်ဝင်ပြိုင်ခဲ့ကြတဲ့နှင်းလျှောစီးကစားသမားအဖွဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ချာဟွန်းထယ်ဟာ အသက်၇နှစ်မှာ အမေရိကကိုမွေးစားဖို့အပို့ခံခဲ့ရပါတယ်။iနှစ် ၂၀ ကြာတဲ့အခါမှာ သူ့အမေရင်းကိုရှာနိုင်ဖို့ ကိုးရီးယားကိုပြန်လာခဲ့ပေမဲ့ဘယ်လိုကြိုးစားကြိုးစားသူ့အမေကိုရှာမတွေ့ပါဘူး။အခြားတစ်ဖက်မှာ နည်းပြဘန်ဟာ နှင်းလျှောစီးပြိုင်ပွဲဝင်မယ့်ကစားသမားတွေကိုလိုက်ရှာနေရင်းက အမေရိကမှာ နှင်းလျှောစီးကစားသမားဖြစ်ခဲ့ဖူးတဲ့ချာဟွန်းထယ်ကိုသူ့အသင်းသားဖြစ်လာဖို့ စည်းရုံးပါတော့တယ်။ အမေ့ကိုရှာဖို့စိတ်အားပြင်းပြနေတဲ့ ချာအွန်းထယ်ဟာ အိုလံပစ်ကိုသွားနိုင်ရင် အမေကတီဗီမှာသူ့ကိုတွေ့မှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ အဖွဲ့ထဲဝင်လာခဲ့ပါတယ်။


Movie link >> https://t.me/hanamoviesforyou/238

Hana: Movies Box ๋࣭ ⚝

09 Nov, 09:23


Ro-ad to Bo-ston (2023)

ဆွန်းဂီဂျောင်း(Ha Jung Woo) ကတော့ ဂျပန်လက်အောက်မှာ ကျရောက်နေစဉ်မှာ ဘာလင်အိုလံပစ်ကို ဝင်ပြိုင်ပြီး ဆုတံဆိပ်ရယူနိုင်ခဲ့ပေမယ့် ဂျပန်အလံကို ကွယ်လိုက်တယ်ဆိုတဲ့ အကြောင်းအရင်းကြောင့် နောက်ထပ်ပြိုင်ပွဲပြိုင်ဖို့ ကန့်သတ်ခံလိုက်တဲ့သူပါ။၁၀ နှစ်ကြာပြီး ဂျပန်လက်အောက်ခံဖြစ်ခဲ့တဲ့ ကိုရီးယားနိုင်ငံအနေနဲ့ ၁၉၄၅ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပေမယ့် နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ပြည်တွင်းစစ် ဆင်းရဲနွမ်းပါးမှုတွေကို ခံစားနေရဆဲဖြစ်‌နေခဲ့ပါတယ်။ဆွန်းဂီဂျောင်းနဲ့အတူ စီနီယာဖြစ်ခဲ့တဲ့ နမ်ဆောင်းယွန်တို့ နည်းပြအနေနဲ့ လွတ်လပ်ရေးရပြီး ကိုရီးယားနိုင်ငံဆိုတဲ့ နာမည်အောက်ကနေ ဘော်စတွန် မာရသွန်ပြေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကစားသမားတွေကို ရှာဖွေလေ့ကျင့်ပေးခဲ့ပါတယ်။ဒါပေမယ့် ဆင်းရဲပြီး စစ်ရေးမတည်ငြိမ်မှုတွေရှိနေတဲ့ နိုင်ငံအနေနဲ့ ပြိုင်ပွဲဝင်ဖို့ ခွင့်ပြုချက်ရဖို့ကိုတောင် အဘက်ဘက်ကနေ အခက်အခဲတွေရှိလာတဲ့အခါ သူတို့ဘယ်လို ကြိုးစားကျော်ဖြတ်သွားမလဲ။

Movie link >>
https://t.me/hanamoviesforyou/237

Hana: Movies Box ๋࣭ ⚝

08 Nov, 12:42


He-llo, Sc-hoolgirl (2008)
 
Kim Yeon-Woo(Yoo Ji Tae) ကတော့ ရပ်ကွက်ရုံးကအစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ Han Soo Young(Lee Yeon Hee) ရဲ့တိုက်ခန်းကိုပြောင်းလာခဲ့ပါတယ်။Soo Young ကတော့ အထက်တန်းကျောင်းသူဖြစ်ပြီး အမေနဲ့အတူနေပါတယ်။တစ်ဖက်မှာလည်း Kang Sook (Kang In)ဟာ အထက်တန်းကျောင်းအပြီးမှာအလုပ်ဝင်ခဲ့တဲ့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး Kwon Ha Kyung(Chae Jung An) ကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ သူတို့ ၄ ယောက် ဘယ်လိုတွေတွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။


https://t.me/hanamoviesforyou/235

Hana: Movies Box ๋࣭ ⚝

08 Nov, 12:39


Cr-azy Ro-mance (2019)

အားလုံးပဲ ၂၀၀၄ခုနှစ်တုန်းကထွက်ခဲ့တဲ့Love Story in Harvard(တစ်ခါတုန်းကတက္ကသိုလ်)ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုကြည့်ဘူးကြမယ်ထင်ပါတယ် အဲ့ဒီထဲကမင်းသား Kim Rae-Wonနဲ့ အခုလက်ရှိ ongoing seriesဖြစ်တဲ့ When the Camellia Bloomsဇာတ်ကားထဲက မင်းသမီး Gong Hyo-Jinတို့နှစ်ယောက်အတွဲညီညီသရုပ်ဆောင်ထားတဲ့ ဒီကားလေးကိုမိတ်ဆက်ပေးချင်ပါတယ်။ချမ်းမြေ့ပျော်ရွှင်တဲ့မိသားစုလေးထူထောင်ချင်ပေမယ့်လဲသူချစ်ရတဲ့သူနဲ့လက်ထပ်ရတော့မယ့်အချိန်မှာပဲ ကံမကောင်းစွာနဲ့ပဲလက်ထပ်ပွဲပျက်သွားတဲ့ပြီးအရက်သမားဖြစ်သွားတဲ့လီဂျေးဟွန်းနဲ့ အချစ်ကိုအယုံအကြည်မရှိတော့ဘဲ ထင်ရာစိုင်းလုပ်ချင်တာလုပ်ပြီးယောကျာ်းတွေကိုဖြားယောင်းတတ်တယ်လို့နာမည်ကြီးတဲ့ အိုဆမ်ယောင်းတို့နှစ်ယောက်အလုပ်တစ်ခုတည်းမှာတွေ့ကြတဲ့အခါမှာတော့ပွဲက ဘယ်လောက်လှလိုက်မလဲ ခင်ဗျားတို့ စဉ်းစားသာကြည့်တော့ ဒီကားလေးကCrazy Romanceဆိုတဲ့နာမည်နဲ့တော်တော်လေးလိုက်တယ်လို့ထင်မိပါတယ်


Movie link >> https://t.me/hanamoviesforyou/234

Hana: Movies Box ๋࣭ ⚝

08 Nov, 03:54


We-lcome to Bo-ngTaeRi (2023)

ပွင့်လင်းရာသီရောက်ပြီဆိုတော့ ခရီးတွေ ထွက်ကြသလို အိမ်မှာနေရင်း ဘုံးထယ်ရီရွာကို ဇာတ်ကားကြည့်ရင်း အလည်သွားနိုင်ပါပြီ။ "ဘုံးထယ်ရီ ရွာမှ ကြိုဆိုပါတယ်"။ဇာတ်လမ်းအကျဉ်‌းပြောရရင် ဆိုးလ်မြိုသား ကုမ္ပဏီဝန်ထမ်းဖြစ်သူ ဂန်အီယူက တောင်ပေါ်ရွာဖြစ်တဲ့ ဘုံးထယ်ရီရွာကို သွားနေဖို အကြောင်းဖန်လာပါတယ်။ သူ လုပ်ကိုင်နေတဲ့ ကုမ္ပဏီက အခက်အခဲတစ်ခုနဲ့ ရင်ဆိုင်နေရပြီး ဆေးဝါးဖော်စပ်နိုင်ဖို ဂူဆူလ်ချိုပင်ကိုလက်တွေ့ စိုက်ပျိုးဖို လူလိုအပ်လာလိုပါ။ သူက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူ ဟန်ဆောင်ပြီး တောင်ပေါ်မှာ တစ်ယောက်တည်း နေခဲ့တယ်။တစ်ဖက်မှာလည်း ရဲမေဖြစ်ဖို စိတ်အားထက်သန်နေတဲ့ ဘုံးဆု တစ်ယောက် အမေနဲ့ အဆင်မပြေဖြစ်ရင်း အဘိုးရှိရာ ဝောာင်ပေါ်ရွာကို ထွက်လာဖြစ်တယ်။ လိုနေတဲ့ ငွေကြေးအခက်အခဲအတွက် သူငယ်ချင်းရဲ့ အကြံပေးချက်အရ လူငယ်လယ်လုပ်သူ ဟန်ဆောင်ဖို ရည်ရွယ်ချက်နဲ့ပါ။အကြောင်းရင်း ကိုယ်စီနဲ့ သူတိုနှစ်ဦး ‌တွေ့ဆုံမှုက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ။ဂူဆူလ်ချိုကိုကောအောင်မြင်အောင် စိုက်နိုင်မှာလဲ။ဟန်ဆောင်ဘဝမှာ ရုန်းကန်ပြီး သူတို တကယ်ဖြစ်ချင်တဲ့ ဘဝမှာ နေနိုင်ကြမလားဆိုတာကို

Movie link >>
https://t.me/hanamoviesforyou/233

Hana: Movies Box ๋࣭ ⚝

06 Nov, 13:12


❤️Wh-y Di-d Yo-u Co-me To My Ho-use (2009)❤️

ဒီတစ်ခေါက် ချန်နယ်မြန်မာကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2009တုန်းကထွက်ရှိခဲ့တဲ့ Why did you come to my house ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ ဂန်ဟယ်ဂျောင်းနဲ့ ဘတ်ဟီဆွန်းတို့က ပါဝင်ထားပါတယ်။ မိန်းမဖြစ်သူ သေသွားပြီးကတည်းက ဘဝကို စိတ်ပျက်လက်ပျက်နဲ့နေလာခဲ့တဲ့ ဂင်ဗြောင်ဟီးတစ်ယောက်၊ တစ်နေ့မှာတော့ သူ့အိမ်မှာပဲဆွဲကြိုးချသေဖို့ လုပ်ပါတော့တယ်။ထိုအချိန်မှာပဲ သူ့ရဲ့အိမ်ထဲကြိုရောက်နေပြီးသား မိန်းမတစ်ယောက်ရဲ့လက်ချက်ကြောင့် မသတ်သေဖြစ်ခဲ့တဲ့အပြင် ထိုမိန်းမရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကိုပါ ခံလိုက်ရပါသေးတယ်။ဒီမိန်းမက ဘာကြောင့်သူ့အိမ်ထဲကိုရောက်နေရတာလဲ၊ဘာလို့သူ့ကိုဖမ်းဆီးထားခဲ့ရတာလဲဆိုတာကိုတော့Why did you come to my house ဆိုတဲ့ ဇာတ်ကားလေးမှာ အဖြေရှာလိုက်ကြတာပေါ့။


Movie link >> https://t.me/hanamoviesforyou/232

Hana: Movies Box ๋࣭ ⚝

06 Nov, 05:49


🤩Th-e Se-cret Mi-ssion (2019)🤩

အရင်ဆုံး ဇာတ်ကားထဲက သရုပ်ဆောင်တွေအကြောင်းပြောရရင် ယောကျ်ားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ။ တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်


Movie link >> https://t.me/hanamoviesforyou/231

Hana: Movies Box ๋࣭ ⚝

06 Nov, 01:07


Sw-ing ki-d (2018)

ဒီတစ်ခါမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် EXO အဖွဲ့ဝင် D.O, မင်းသမီး Park Hye Soo, ပရိတ်သတ်ရင်းနှီးပြီးသားသရုပ်ဆောင် Oh Jung se တို့အဓိက ပါဝင်ထားပြီး 2018ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကိုရီးယား musical ရုပ်ရှင်လေးတစ်ကားပါ။ 1951ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်းမှာ မြောက်ကိုရီးယားနဲ့ တရုတ်အကျဉ်းသားတွေက တောင်ကိုရီးယား ဂိုဂျယ်ကျွန်းရှိ စခန်းကို စေလွှတ်ခံခဲ့ရပါတယ် POW စခန်းကတော့ ကွန်မြူနစ်စနစ်ကိုလိုလားတဲ့သူတွေနဲ့ ကွန်မြူနစ်စနစ်ကိုဆန့်ကျင်တဲ့သူတွေအကြားက ပဋိပက္ခလက်အောက်မှာ ရှိနေပါတယ် ရိုဂီဆူကတော့ ဂိုဂျယ်POW စခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြောက်ကိုရီးယားစစ်သားတစ်‌ယောက်ပါ။


Movie link >> https://t.me/hanamoviesforyou/230

Hana: Movies Box ๋࣭ ⚝

05 Nov, 04:14


Mo-ntage (2013)

လွန်ခဲ့သော ၁၅ နှစ်က ပြန်ပေးဆွဲမှုမှာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့မိခင်တစ်ဦးဟာ တရားရင်ဆိုင်ရေးကာလ ကုန်ဆုံးသွားပြီလို့ ကြားသိလိုက်ရတဲ့အခါမှာတော့တရားခံကို ဘယ်တော့မှ အပြစ်မပေးနိုင်တော့ဘူးဆိုတဲ့စိတ်ကြောင့်အရှင်လတ်လတ်ဝါးမြိုသလို ခံစားခဲ့ရပါတယ်။ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်ချွဲဟာလည်းမိခင်တစ်ဦးရဲ့ သောကနဲ့အတူ မိမိရဲ့ အင်အားမဲ့မှုကိုပါ ရင်ဆိုင်ရတဲ့အခါလိပ်ပြာမလုံတဲ့စိတ်ကြောင့် အလုပ်ထွက်သွားခဲ့တော့တယ်။ဒါပေမဲ့ တစ်နေ့မှာ သူတို့နှစ်ဦးအတွက် စိတ်ဓာတ်ဆက်လက်ရှင်သန်ရာ သတင်းတစ်ခုပေါ်လာခဲ့တယ်။အဲဒီသတင်းကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုအတိုင်းတစ်ထေရာတည်း ကျူးလွန်နေတဲ့ ပြန်ပေးဆွဲလူသတ်သမား ပြန်လည်ပေါ်ပေါက်လာခြင်းပါပဲ။ဒီတစ်ခေါက်တော့ တရားခံကို အလွတ်မပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အမေတစ်ယောက်နဲ့ စုံထောက်တစ်ဦးဟာအပြစ်သားဖမ်းဆီးရေးခရီးမှာ ဘယ်လိုအတားအဆီးတွေ ကျော်ဖြတ်ရမလဲ၊သဲလွန်စတွေကို ဘယ်လိုအဖြေညှိမလဲဆိုတာကိုရင်တမမနဲ့ စောင့်ကြည့်နေရမှာဖြစ်ပါတယ်။Bollywood ကတောင် ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းဖြစ်တာမို့ကြည့်ရကျိုးနပ်မယ်ဆိုတာ အာမခံပါတယ်။

Movie link >>
https://t.me/hanamoviesforyou/229

Hana: Movies Box

30 Oct, 15:05


Blood: The Last Vampire (2009)

ဒီကားလေးကတော့ Japanese Animation ဇာတ်ကား Blood: The Last Vampire ကို အခြေခံ ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ အားလုံးသိကြတဲ့ ကိုရီးယားမင်းသမီးချော Jun Ji-hyun လည်း ပါ၀င်ထားပါတယ်။ဆာယာဆိုတဲ့ ကောင်မ‌လေးကတော့ ငယ်ငယ်တည်းက မိဘမဲ့ဖြစ်ပြီး ခတိုဆိုတဲ့ ဆာမူရိုင်းဂျပန်အဘိုးကြီး တစ်ယောက်က‌မွေးစားထားတာပေါ့။ သူ့ အဖေကိုသတ်ခဲ့တဲ့ အိုနီဂန်ဆိုတဲ့ မကောင်းဆိုး၀ါး ကို ပြန်ကလဲ့စားချေဖို့ ကိုယ်ခံပညာကို သင်ခဲ့တယ် ဆာယာက လူတ၀က် မကောင်းဆိုး၀ါးတစ်၀က်နဲ့ မွေးလာတာ‌ကြောင့် နှစ်၄၀၀ကြာတဲ့အထိ အသက်ကြီး မသွားခဲ့ဘူး။သွေးစုပ်ကောင်တွေ ကို ပြည်သူလူထု မသိစေဘဲ နှိမ်နှင်းနေတဲ့ အမေရိကန် အဖွဲ့အစည်းတစ်ခုကို ဆာယာ၀င်‌ယောက်လာခဲ့တယ် သူ့ အဖေကို သတ်တဲ့ မကောင်းဆိုး၀ါးကို ရှာရင်း သူကိုယ်တိုင် မကောင်းဆိုး၀ါးနီးနီး ဖြစ်လာတဲ့အခါဓားရှည်တစ်ချောင်းနောက်ပစ်ပြီးကြမ်းတမ်းပေမယ့် လှပနေတဲ့ မင်းသမီး Jun Ji-hyun ပါတာနဲ့ တင် ကြည့်ဖို့တန်နေတာမို့ လက်မလွှတ်တမ်း ကြည့်လိုက်ကြရအောင်ဗျာ။

Movie link >> https://t.me/hanamoviesforyou/219

Hana: Movies Box

30 Oct, 15:04


Death Cab (2020)

ညဖက်တွေဆို တက္ကစီသမားတစ်ယောက်က ခရီးသည်တွေကို၃၁ လမ်းဆိုတဲ့နေရာကို ခေါ်သွားပြီးပြန်ပေးဆွဲပြီးသတ်ပစ်တတ်တယ်ဆိုတဲ့သတင်းစကားတွေက ဂျီဟုန်အထက်တန်းကျောင်းလေးမှာပျံ့နေပါတယ်။အဲ့ကျောင်းမှာလျှို့ဝှက်သည်းဖိုတွေဆို စုံစမ်းချင်တတ်ကြတဲ့ဆယ်ကျော်သက် Youtuber အဖွဲ့လေးတစ်ဖွဲ့ရှိတယ်။ ယောင်းဂျောင်း၊ဂျင်းဂီနဲ့ လီဆွန်းဆိုတဲ့ ကောင်မ လေး၂ယောက်၊ကောင်လေး ၁ ယောက်ပါတဲ့ အဖွဲ့လေးပေါ့။သူတို့ကဒီတက္ကစီလူသတ်သမားကို အရမ်းစိတ်ဝင်စားပြီးစုံစမ်းချင်နေကြတယ်။အဓိကကတော့သူတို့ Youtube Channel မှဒီလူသတ်မှုအကြောင်းကို အခင်းဖြစ်ရာအထိသွားစုံစမ်းပြီးဖြစ်ရပ်မှန်အနေနဲ့ လူကြည့်များအောင် တင်ချင်တာပေါ့။သူတို့လျှို့ဝှက်စုံစမ်းမှာကို သိသွားတဲ့ သူတို့ဆရာမကလည်းဒီအကြောင်းအရာတွေစုံစမ်းတဲ့အခါ အုပ်ထိန်းသူရှိဖို့လိုအပ်လို့သူတို့နဲ့အတူ လိုက်လာဖို့ဖြစ်လာခဲ့တယ်။အဲ့လိုလေးယောက်သားအခင်းဖြစ်တဲ့နေရာကို ကိုယ်တိုင်ကိုယ်ကျသွားရောက်စုံစမ်းကြတဲ့အခါမှာတော့ မထင်မှတ်ထားတာတွေ၊ထူးဆန်းအံ့သြဖွယ်ရာတွေစပြီးဖြစ်လာပါတော့တယ်။သူတို့ ဘယ်လိုအံ့သြစရာတွေကြုံရမလဲ၊တက္ကစီလူသတ်သမားကကောတကယ်ရှိတာလား။

Movie link > https://t.me/hanamoviesforyou/218

Hana: Movies Box

30 Oct, 09:29


❤️Love 911 (2012)❤️

ဂိုမီဆုက နှလုံးခွဲစိတ်ဆရာဝန်မလေးတစ်ယောက်ပါ။တစ်နေ့မှာဂိုမီဆုတို့ဆေးရုံအရေးပေါ်ဌာနကိုလူနာတစ်ယောက် ရောက်လာပါတယ် ဒီမှာ ဂိုမီဆုကနှလုံးနဲ့ပတ်သက်တယ်လို့မှားယွင်းစွာ ဆုံးဖြတ်မိပြီး ဆေးပေးပြီးပြန်လွှတ်လိုက်ပါတယ်ဒီမှာပဲလူနာဟာဆေးရုံရှေ့ပြန်ရောက်ရောက်ချင်းပဲ မေ့လဲသွားပါတယ် သေချာစစ်ကြည့်မှ လူနာဦးနှောက်ထဲမှာသွေးတွေရောက်နေပြီးအရမ်းကို အသက်အန္တရာယ်ရှိတယ်ဆိုတာအဖြေထွက်လာပါတယ်လူနာရှင်အမျိုးသားကလဲ ဂိုမီဆုကို ပြဿနာရှာဖို့ ပွဲကြမ်းပါပြီ အဲ့မှာပဲ မီးသတ်တပ်ဖွဲ့ဟာရောက်လာခဲ့ပြီး ဝင်တားရာက ချောင်ဂန်လီဟာလူနာရှင်အမျိုးသားကြောင့် ဒဏ်ရာရသွားပါတယ် ဒီနောက်မှတော့လူနာရှင်က ဂိုမီဆိုကိုတရားစွဲဆိုပါတယ် ဒါကိုဂိုမီဆုရှေ့နေက အကြမ်းဖက်ခံရတဲ့ မီးသတ်သမားကိုရှာပြီး ထိုလူကိုပြန်တရားစွဲခိုင်းမှသာဂိုမီဆုတို့ဘက်ကအသာစီးရမယ်လို့ပြောတာကြောင့် ဂိုမီဆုမှာ ချောင်ဂန်လီကို ကပ်ရပါတော့တယ်အကြံနဲ့ချဉ်းကပ်ခဲ့ပေမယ့် တကယ်တမ်း ချောင်ဂန်လီရဲ့စိတ်ထားကို မြင်လာတဲ့အခါ တကယ်ချစ်မိသွားပါတယ်

Movie link ➡️ https://t.me/hanamoviesforyou/217

Hana: Movies Box

29 Oct, 09:26


❤️Stand by Me (2018)❤️

ဒီဇာတ်ကား လေးကို စိတ်မခိုင်တဲ့လူတွေ ကြည့်မယ် ဆိုရင်တော့တစ် သျှူးလေးတော့ ဆောင်ထားကြပါ နော် ။ဒီကားလေးမှာတော့ အသက် ၇၀ အရွယ် အဖိုးတယောက်က မြေး လေးနှစ်ယောက်ကို ပင်ပင် ပန်းပန်းရှာဖွေကျွေးမွေး စောင့်ရှောက်ရင်းနေထိုင်နေခဲ့တယ်။ဘယ်လောက်ပဲ အဖိုးချစ်ခင် စောင့်ရှောက် နေပါ စေ။မိဘမေတ္တာငတ်နေတဲ့ ကလေးတွေကတော့ အမေနဲ့အဖေကိုသာ လွမ်းဆွတ်နေခဲ့ရှာပါတယ်။အဖိုးဖြစ် သူက အမေ့ကို မောင်းထုတ်လိုက်တယ် ဆိုပြီး ကလေးတွေကအဖိုးကိုတခါတလေမုန်းတီးတတ်ပါတယ်။အဲ့လိုနဲ့ အဖိုးဖြစ် သူက အဆုတ်ကင် ဆာဖြစ်နေခဲ့ပြီးတော့ ကလေးတွေကို ဘယ်လိုဆက်လုပ်မှန်းမသိ တော့ပဲချွေးမဖြစ်သူကို ရှာဖို့ကြိုးစားပါ တော့တယ်။ချွေးမဖြစ်သူကို တော့ အဖိုးက သူ့သားသေသွားတာကို အာမခံ ငွေ တွေယူပြီးထွက်သွားလို့ မုန်းတီးခဲ့တာပါ။အဲ့လိုနဲ့အဖိုးက သူ့ ချွေးမကို ရော ပြန်ရှာတွေ့ခဲ့လားသူ့ ချွေးမကရော ဘာလို့ အာမခံ ငွေ တွေယူသွားခဲ့ရတာလဲ

Movie link ➡️ https://t.me/hanamoviesforyou/216

Hana: Movies Box

29 Oct, 09:25


🩷Shadowless Sword (2005)🩷

၉၂၆ ခုနှစ်မှာ ဘာလယ်နိုင်ငံဟာ ဂေါ်ရန်တွေရဲ့ မတရားသိမ်းပိုက်ခြင်းကို ခံခဲ့ရပြီးတိုင်းပြည်ပျက်သုဉ်းခဲ့ရပါတယ်။ဘာလယ်ရဲ့ တော်၀င်မျိုးဆက်သစ်တွေကလည်း ပုန်ကန်သူရဲ့လုပ်ကြံ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတော့တယ်။အဲ့လို နိုင်ငံရဲ့အာဏာကို ဆက်ခံမယ့်သူ မရှိဘဲ အဘက်ဘက်က ပျက်သုဉ်းလာတော့မယ် အချိန်မှာ ငယ်စဉ်ကတည်းကပြည်နှင်ဒဏ်ခံခဲ့ရတဲ့ ဘာလယ် နောက်ဆုံးမျိုးဆက် မင်းသားဟာ ဘုရင်ဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။အိမ်ရှေ့စံက ဇာတ်မြုပ်ပြီး နေနေတဲ့အတွက် ထိုအိမ်ရှေ့စံကိုအန္တရာယ်ကင်းကင်း ခေါ်ဆောင်ရဖို့ ဓားသမား ဆိုဟွာဟာတာ၀န်ပေးခြင်း ခံရပါတော့တယ်။ထို ဓားသမား ဆိုဟွာနဲ့ အိမ်ရှေ့စံတို့ဟာ မိမိတို့ တိုင်းပြည်အထိအန္တရယ်ကင်းကင်း သွားနိုင်ပြီး တိုင်းပြည်ကို ကယ်တင်နိုင်ပါ့မလား ဘယ်လို အနှောင့်အယှက်တွေ ကြုံရမလဲ ဆိုတာကိုကြည့်ရှုရမယ့် historical filmကောင်းတစ်ခု ဖြစ်ပါတယ်။

Movie link ➡️ https://t.me/hanamoviesforyou/215

Hana: Movies Box

29 Oct, 09:24


🤩Tabloid Truth (2014)🤩

ကောလဟာလသတင်း ဆိုတာ နာမည်ကြီးသူတွေရဲ့နယ်ပယ်မှာ သေစေနိုင်လောက်တဲ့ လက်နက်တစ်ခုဆိုတာ အသေအချာပါ အခုလို အိုင်တီအင်တာနက် တွင်ကျယ်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာတော့ ဘာပြောကောင်းမလဲ လက်ချောင်းလေးတွေ ဖွဖွ လှုပ်ရှားလိုက်ရုံနဲ့တင် လူတစ်ယောက်ရဲ့ဘဝကို ဖြိုလဲနိုင်သလို ကောင်းစားစေနိုင်တာပေါ့ဒီဇာတ်ကားလေးထဲမှာတော့ ”Tipsheet”လို ခေါ်တဲ့ လျှိဝှက်အီးမေးလ်သတင်းတိုတွေအကြောင်းနဲ့ နိုင်ငံရေးလောကကြား အရှုပ်တော်ပုံ…လက်နက်တစ်ခုလို အချိန်မရွေး အသက်သေ …အသက်မသေတောင် ဘဝသေစေနိုင်တဲ့ ကောလဟာလသတင်းတွေရဲ့ ကြောက်စရာကောင်းပုံကို ရိုက်ကူးပြသထားပါတယ်အောင်မြင်မှုအတွက် အောက်ခြေကစပြီး အလုပ်ကြိုးစားရုန်းကန်ခဲ့တဲ့ တက်သစ်စသရုပ်ဆောင် ချွဲမီဂျင်နဲ့ မန်နေဂျာ အီအူဂွန်း…တစ်နေ့ တရိပ်ရိပ် အောင်မြင်နေပြီဖြစ်တဲ့မီဂျင်တစ်ယောက် လွှတ်တော်အမတ်နမ်ဂျောင်အင်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ကြတယ်ဆိုတဲ့ မကောင်းသတင်းထွက်လာပြီး…အဲ့သတင်းကြောင့် မီဂျင်သေကြောင်းကြံစည်ခဲ့တော့ မီဂျင်ရဲ့ မတရားမှုကို ကလဲ့စားချေဖို မန်နေဂျာဖြစ်တဲ့ အူဂွန်က သတင်းဖြစ်ပေါ်လာရတဲ့ နောက်ကွယ်က လူတွေကို ဖော်ထုတ်စုံစမ်းတဲ့အခါ

Movie link ➡️ https://t.me/hanamoviesforyou/214

Hana: Movies Box

28 Oct, 03:41


❤️Be with You(2018)🦋

Be with you ဆိုတဲ့ကိုရီးယားကားလေးကတော့ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ 2004 ခုနှစ်က ထွက်ရှိထားတဲ့ ဂျပန်ကားလေးကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ မိဘမေတ္တာ၊မိသားစုမေတ္တာ၊ ချစ်သူနှစ်ဦးရဲ့သံယောဇဉ်နဲ့ အမေ မရှိတော့တဲ့ကလေးတစ်ယောက်ရဲ့ခံစားချက်တွေ ရသပေါင်းစုံကိုပေးတဲ့ဇာတ်ကားကောင်းလေးပါ။အသက် ၇ နှစ်အရွယ်မှာ အမေဆုံးရှုံးလိုက်ရလို့ အမေဟာ မိုးရာသီရောက်တဲ့အခါ မိုးစက်ရထားကိုစီးပြီး တိမ်လွှာတိုင်းပြည်ကနေ သူ့ဆီကိုပြန်လာမယ်ဆိုတဲ့ ပုံပြင်စာအုပ်ထဲကအတွေးတွေ အမြဲတမ်းရှိနေတဲ့ ဂျီဟို၊ဒီလိုနဲ့ မိုးရာသီရောက်တဲ့အခါ ပုံပြင်ထဲကအတိုင်း တကယ် သူ့အမေပြန်လာတာကို တွေ့လိုက်ရတဲ့အခါ ဝမ်းသာမဆုံး၊မယုံနိုင်ဖြစ်ခဲ့ရတဲ့ သားအဖနှစ်ယောက်သို့သော်လည်း အမေဖြစ်သူကတော့ ဘာမှမမှတ်မိနိုင်ပဲ မှတ်ဥာဏ်တွေပျောက်ဆုံးနေခဲ့တယ်။သူ့အမေနဲ့တစ်ပုံစံတည်းတူတဲ့သူဟာတကယ်ပဲ တိမ်လွှာတိုင်းပြည်ကနေ ပြန်လာခဲ့တာလား။ဒါမှမဟုတ် ရုပ်တူတဲ့ တခြားတစ်ယောက်လားဆိုတာ

Movie link ➡️ https://t.me/hanamoviesforyou/212

Hana: Movies Box

28 Oct, 03:41


📱Life is Beautiful (2022)📱

အချစ်ဦးတွေနဲ့ မလှပတဲ့ဇာတ်သိမ်းတွေကြောင့် ဝမ်းနည်းမျက်ရည်ကျခဲ့ပြီးပြီဆိုတော့ ပျော်ရွှင်တဲ့ဘဝခရီးကိုဖြတ်သန်းနေတဲ့မိခင်တစ်ယောက်က အချစ်ဦးကိုပြန်ရှာဖို့ကြိုးစားနေတဲ့ အချစ်ဟာသကားလေးကိုတင်ဆက်ပေးသွားပါမယ်နော်။Seyeon ဆိုတဲ့အမျိုးသမီးက ယောက်ျားရောကလေးနှစ်ယောက်ပါရှိပေမယ့် အသက်ရှင်ကျန်ဖို့အချိန်များစွာမရှိတော့ကြောင်းသိရှိသွားချိန်မှာ သူမရဲ့ငယ်ဘဝကအချစ်ဦးကိုပြန်ရှာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ယောက်ျားဖြစ်သူ Jin Bong ကိုအကူအညီတောင်းလို့ အချစ်ဦးကိုရှာဖွေချင်ကြောင်းပြောတော့ လက်မခံချင်ခဲ့ပေမယ့် မိန်းမကိုချစ်တဲ့စိတ်နဲ့လက်ခံပေးခဲ့ပြီး အချစ်ဦးနဲ့ပတ်သက်သမျှနာမည်ကလွဲရင်မသိတဲ့သူကို ကမ္ဘာပတ်ပြီးရှာဖွေကာ တန်ဖိုးရှိတဲ့အမှတ်တရတွေနဲ့ အချိန်တွေကိုကုန်ဆုံးသွားမယ့်ကားလေးပဲဖြစ်ပါတယ်။

Movie link ➡️ https://t.me/hanamoviesforyou/211

Hana: Movies Box

28 Oct, 03:40


The Effect of a Finger Flick on a Breakup(2021)🤩

ရီးရဲ -ဘာကာ ဒါဘီပွဲ....

ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ပွဲကြီးပွဲကောင်းကို ကြည့်နေတဲ့ ချစ်သူစုံတွဲတစ်တွဲရှိတယ်။ကောင်မလေးက ဘာကာဘက်ကလောင်းတယ်..ကောင်လေးက ရီးရဲကလောင်းတယ်။ကြေးကတော့ နဖူးတောက်ကြေး၊ ဘန်ဇီမာသွင်းလိုက်တဲ့ဂိုးကြောင့် ကောင်လေးဟာ ကောင်မလေးကို နဖူးတောက်တယ်။တကယ်တွယ်မှာနော်လို အပြောကိုကောင်မလေးက ပြုံးပြုံးလေးနဲ့တောက်ပါဆိုပြီးမျက်လုံးလေးမှိတ်လိုပေါ့။အားကြီ:နဲ့ကောင်လေးရဲ့ တောက်ချက်ကြောင့် ကောင်မလေးငိုမဲ့မဲ့ဖြစ်သွားတယ်။အဲ့ဒီနောက် တော့ နဖူးတစ်ချက် နင်းကန်တောက်တဲ့ နောက်ဆက်တွဲ ပြဿနာကဆက်တိုက်လိုပြောရပါတော့မယ်။ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦးနော်…

Movie link ➡️ https://t.me/hanamoviesforyou/210

Hana: Movies Box

27 Oct, 12:18


Hana: Movies Box pinned «🥰🥰 🔠🔠🔠🔠🔠 🔠🔠🔠🔠🔠❤️❤️များ တောင်းဆိုလို့ရပါတယ်နော်💬 ✌️Movie name✌️ နဲ့ ထွက်တဲ့ ခုနှစ်ကို 🔠🔠🔠 🔠🔠🔠 မှာ မန့်ပေးပါရှင့်📌📌»

Hana: Movies Box

27 Oct, 12:18


🥰🥰 🔠🔠🔠🔠🔠 🔠🔠🔠🔠🔠❤️❤️များ တောင်းဆိုလို့ရပါတယ်နော်💬

✌️Movie name✌️ နဲ့ ထွက်တဲ့ ခုနှစ်ကို 🔠🔠🔠 🔠🔠🔠 မှာ မန့်ပေးပါရှင့်📌📌

Hana: Movies Box

27 Oct, 05:58


💃White Night (2009)🤩

“ငါ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဘယ်အပြစ်မဆို (၁၅)နှစ်ကြာရင် အပြစ်ကြေတယ်တဲ့။ ငါတို့ နောက်(၁၅)နှစ်ကြာမှ ပြန်တွေ့ကြရအောင်”ဒီစကားကို လီဂျီအာက ကင်ယိုဟန်ကို ပြောခဲ့တာပါ။သူတို့ နှစ်ယောက်ရဲ့ ကလေးဘဝက ကြမ်းတမ်းခဲ့ပါတယ်။ ကင်ယိုဟန်ရဲ့ အဖေဖြစ်သူ တစ်ညမှာ အသတ်ခံခဲ့ရပြီး လီဂျီအာရဲ့ အမေဖြစ်သူက လူသတ်မှုအတွက် အဓိက သံသယရှိသူ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ကင်ယိုဟန်ရဲ့ အမေက ခင်ပွန်းဖြစ်သူ အသတ်ခံရပြီးချိန်မှာပဲ အလုပ်သမား ကန်ဂျယ်ဒိုနဲ့ ဖောက်ပြန်ခဲ့ပါတယ်။ သပွတ်အူလို ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကြားက လူသတ်မှုကို စုံစမ်းရသူကတော့ စုံထောက်ဟန်ဒုန်ဆူပါ။ စုံစမ်းနေရင်း တန်းလန်းမှာပဲ သံသယရှိသူ လီဂျီအာရဲ့ အမေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ်။“ဘဝမှာ အချိန်အခါ ဆိုတာရှိတယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရတဲ့ တစ်ခုတည်းသော အချိန်အခါ”ဒီစကားကို ပြောခဲ့တဲ့ စုံထောက်ဟန်ဟာ သံသယရှိသူ သတ်သေသွားလို့ အမှုပိတ်ကာမှ အမှုအတွက် မသင်္ကာစရာတွေကို ရှာတွေ့လာတဲ့အတွက် အမှုကို သဲကြီးမဲကြီးလိုက်ရင်း ဆုံးရှုံးမှု ကြီးကြီးမားမားကြုံလိုက်ရပါတယ်။

Movie link 💕➡️➡️ https://t.me/hanamoviesforyou/209

Hana: Movies Box

27 Oct, 05:52


🦚The Target (2015)❤️

ဒီကိုရီးယားကားကတော့ Action/Thriller ထဲမှာ တော်တော်ကောင်းတဲ့ကားမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်။မမျှော်လင့်တဲ့ ကိစ္စတစ်ခုကြောင့် ထွက်ပြေးလာရတဲ့ သူက ကားတိုက်မှုနဲ့ ဆေးရုံရောက်လာခဲ့တယ်။ အဲဒီနောက်မှာတော့ ထပ်ပြီးမမျှော်လင့်စရာကောင်းတာက ကုပေးရတဲ့ ဆရာဝန်ပါ။ သူ့ရဲ့ဇနီးကို အကြပ်ကိုင်မှုနဲ့အတူ ဆေးရုံကို ဘယ်ကနေဘယ်လို ဘယ်ကိစ္စကြောင့်ရောက်လာမှန်းမသိတဲ့သူကို ကယ်ထုတ်ရပါတယ်။ ဒီကြားထဲမှာလဲ ကိုရီးယားရဲတွေ၊ စုံထောက်တွေ၊ ထောက်လှမ်းရေးတွေက အဲဒီလူကိုအသည်းအသန်လိုချင်နေကြတယ်။အကြောင်းအရင်းကတော့ အဆောက်အဦးပိုင်ဆိုင်မှုကိစ္စအရှုပ်တော်ပုံမှာလူသတ်တရားခံအဖြစ် သံသယရှိလို့ပါတဲ့။ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပြီး သနားဖို့လည်းကောင်း အက်ရှင်ခန်းတွေလည်းကောင်းပါတယ်လို့ ပြောရမယ်။ကိုရီးယားတို့ထုံးစံအတိုင်း ဇာတ်လမ်းလေးတော့ အနည်းငယ်ရှုပ်သယောင်ထင်ရပေမယ့် ပေါ့ပေါ့ပါးပါးကြည့်လို့ရနေတာကလည်း မမျှော်လင့်ရတာပါပဲ။ ဒါကြောင့်လူသတ်တရားခံအဖြစ်သံသယရှိသူနဲ့ ဆရာဝန်တို့ ဘယ်လို၂ ပါးသွားကြမလဲ၊ သူတို့ကိုရဲတွေက ဘာကြောင့် အသည်းအသန်လိုချင်နေကြလဲဆိုတာကို ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာကြပါလို့ညွှန်းဆိုလိုက်ရပါတယ်။

Movie link ➡️➡️ https://t.me/hanamoviesforyou/208

Hana: Movies Box

27 Oct, 05:46


🐰The Sword with No Name (2009)🐰

ဂျာယောင်းဆိုတဲ့ အမျိုးသမီးဟာ ဂျိုဆွန်းရဲ့ မိဖုရားခေါင်ကြီး အဖြစ်ရွေးကောက်ခံရပါတယ်။သူမ မိဖုရားဖြစ်လာမှာ မလိုလားသူတွေဟာ လုပ်ကြံသူ မူမြောင်းကို ငှားရမ်းပြီး သူမကို လုပ်ကြံခဲ့တယ်။ဒါပေမယ့် မူမြောင်းဟာ အရင်တည်းက ဂျာယောင်းနဲ့ သိကျွမ်းခဲ့ပြီး ဂျာယောင်းကို တဖတ်သတ်ချစ်နေတဲ့သူဖြစ်လို့ လုပ်ကြံရမယ့်အစား ကယ်တင်ပေးခဲ့ပါတယ်။ဂျာယောင်းမိဖုရားကြီး ဖြစ်သွားတဲ့ အခါမှာလည်း နန်းစောင့်တပ်သားဝင်လုပ်ပြီးဪဆက်တိုက်ကာကွယ်ပေးခဲ့တဲ့နောက်ထီးနန်းရဲ့ ရှုပ်ထွေးမှုတွေ နိုင်ငံရေး ပဋိပက္ခတွေကြားမှာသူချစ်တဲ့ မိဖုရားကြီးကို ဆက်လက်ကာကွယ်နိုင်မလားဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်

Movie link ➡️ https://t.me/hanamoviesforyou/207

Hana: Movies Box

25 Oct, 00:28


More Than Blue(2009)

Friendzone နာမည်လေးတော့ ကြားကောင်းတယ်နော် ခံစားရတဲ့သူကျ အသေအကြေပဲဗျ။ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ More than Blue လို့ခေါ်တဲ့ Melodrama ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ဘဝမှာ အသက်ရှင်ရမယ့်ရက်တွေ ဘယ်နှရက်များ ရှိမှာလဲ?နေ့တိုင်းဟာ ကိုယ့်ရဲ့ နောက်ဆုံးနေ့ ဖြစ်နေနိုင်ပါတယ်။ကိုယ်မရှိတော့တဲ့အခါ ကိုယ်သိပ်မြတ်နိုးရတဲ့သူကို ကာကွယ်မပေးနိုင်တော့မှာကို သိပ်ကြောက်ပါတယ်။ကိုယ့်ဘဝရဲ့ နေဝင်ချိန် မရောက်ခင်မှာ သူ့ကို လုံခြုံစေချင်မိတယ်။သူ့အကြောင်းကို ကိုယ့်ထက် ဘယ်သူကများ နားလည်ပါ့မလဲ စိုးရိမ်မိတယ်။ဒီလို ခံစားချက်တွေက လူတိုင်းမှာရှိကြပါတယ်။ယခုဇာတ်လမ်းလေးထဲမှာလည်းဒီနေ့လား မနက်ဖြန်လား မသေချာတဲ့မင်းသားဟာသူငယ်စဉ်ကတည်းက မြတ်နိုးချစ်ခင်ခဲ့ရတဲ့ မိန်းကလေးအတွက်အစွန့်လွှတ် အနစ်နာခံကာသူ့ရဲ့နေဝင်ချိန်တွေကို စိတ်ချချင်ခဲ့ပါတယ်။ဒါအတွက် သူဘာလုပ်မလဲ?ဖြူစင်လွန်းတဲ့ချစ်ခြင်းကရော ဘာလဲ တကယ်ရှိလား?နာမည်ကျော်မင်းသား မင်းသမီးတွေဖြစ်တဲ့Kwon Sangwoo နဲ့ Lee Boyoung တို့ကဒီဇာတ်လမ်းလေးကနေ တဆင့်ဖြေပေးပါလိမ့်မယ်။

Movie link >> https://t.me/hanamoviesforyou/206

Hana: Movies Box

25 Oct, 00:28


One Perfect Day (2013)

One Perfect Day ဆိုတဲ့ Short Film လေးကို တင်ဆက်ပေးလိုက်ပါတယ် ။ဝန်းချောက အချစ်မှာ အမြဲရှုံးနိမ့်နေကျ အရှုံးသမားတစ်ယောက်ပါ။Blind Date တွေအများကြီး လုပ်ခဲ့ပေမယ့် သူ့ရဲ့ တုံးအအ ပုံစံကြောင့် မိန်းကလေးတိုင်းရဲ့ ငြင်းဆိုမှုကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်။ဒါပေမယ့် တစ်နေ့မှာ သူ့ရဲ့ ဖူးစာလို့ ထင်ရတဲ့ မိန်းကလေးကို တွေ့ခဲ့ပါတယ်။အဲ့မိန်းကလေးနဲ့ကော သူအဆင်ပြေပါ့မလား ဒီတစ်ခါ အချစ်ရေးမှာ အောင်နိုင်သူဖြစ်လာမှာလားဆိုတာ ဒီဇာတ်လမ်းတိုလေးမှာ ကြည့်ရှုလိုက်ပါနော်။

Movie link >> https://t.me/hanamoviesforyou/205

Hana: Movies Box

23 Oct, 10:45


Seire (2021)

သရဲကားကြိုက်နှစ်သက်သူတွေရှိကြလား ?Seire ဆိုတာကတော့ ကလေးမွေးပြီး ၂၁ ရက် အထိ ကလေးကိုကံဆိုးခြင်းက ကာကွယ်ဖို့ ဘယ်သူနဲ့မှ အတွေ့မခံတဲ့ ရိုးရာယဉ်ကျေးမှာတစ်ခုပါ။ဒီဇာတ်ကားကတော့ ဒီလိုသက်၀င်ယုံကြည်မှုတစ်ခုကို ဇာတ်အိမ်တည်ထားတာပါ။ကလေးရဲ့ဖခင်ဖြစ်သူဟာ သူရဲ့မိန်းမကို မပြောပဲ ရည်းစားဟောင်းရဲ့ ဈာပနကိုသွားရောက်ခဲ့ရင်း သူ့ရည်းစားဟောင်းရဲ့ အမြွှာ ညီအစ်မဖြစ်သူနဲ့ ဆုံတွေ့ခဲ့တယ်။အိမ်ကိုပြန်အလာမှာတော့ သူရော၊သူမိသားစုပါ ကံဆိုး‌မိုးမှောင်ကျရောက်လာပါတော့တယ်။မိရိုးဖလာအစွဲတွေကို ဖောက်ဖျက်မှု၊ကြောက်ရွံ့မှုတွေနဲ့အတူ Horror ဇာတ်ကားတွေကို အခြေခံပြီး ဆန်းသစ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းမို့ မဖြစ်မနေ ကြည့်သင့်တဲ့ Horror Movie တစ်ခုပါ။

Movie link >> https://t.me/hanamoviesforyou/204

Hana: Movies Box

23 Oct, 10:40


A Birth aka Birth (2022)

ဒီကားက ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန်ရဲ့အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။၁၈ ရာစုနှောင်းပိုင်း ကွန်ဖြူးရှပ်ဝါဒ လွှမ်းမိုးတဲ့အရှေ့ဘက်စွန်းရဲ့ တိုင်းပြည်လေး ဂျိုဆွန်းမှာစာသင်သားအချို့ဟာ ပေကျင်းကနေ ဝင်လာတဲ့ စာအုပ်တွေကနေတစ်ဆင့်ကက်သလစ်ဘာသာကို ပညာရပ်အနေနဲ့ လေ့လာရာကနေဘာသာတရားအဖြစ် လက်ခံလာကြတယ်။တိုင်းပြည်အုပ်ချုပ်တဲ့ အာဏာရှင်တွေဟာကက်သလစ်ဘာသာကို မကိုးကွယ်သင့်တဲ့အရာလို့သတ်မှတ်ထားကြသလိုကိုးကွယ်တဲ့သူတွေကိုလည်း သေဒဏ်ပေးသည့်အထိ ရက်စက်စွာပြစ်ဒဏ်ချမှတ်လေ့ရှိကြပါတယ်။ဒီကြားထဲ အိမ်နီချင်းနိုင်ငံတွေကလည်း စစ်ပွဲမျိုးစုံတိုက်နေကြတဲ့ကာလဆိုတော့တိုင်းပြည်ဟာ ဆူပူမှုပေါင်းများစွာနဲ့ မအေးချမ်းလွန်းတဲ့ကာလဖြစ်ပါတယ်။ဒီလိုအချိန်မှာ ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန်ဘယ်လိုတွေဆက်လုပ်မလဲဆိုတာကိုတော့ဒီကားက ဗဟုသုတလည်းရသလို စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်။

Movie link >> https://t.me/hanamoviesforyou/203

Hana: Movies Box

23 Oct, 02:35


Punch (2011)

အသက်18နှစ်အရွယ်ဒိုဝမ်ဒုကခါးကုန်းနေတဲ့အဖေဂျောင်ဘို့နဲ့ စကားထစ်တဲ့ဦးလေးမင်ဂုတို့နဲ့အတူနေထိုင်တယ်။အကသမားအဖြစ် နှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့တဲ့ ကပွဲရုံပိတ်သွားပြီးတဲ့နောက်ဈေးတွေကိုလှည့်ပြီးတော့ဈေးရောင်းတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်။ကျောင်းသားတိုင်းကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံတတ်တဲ့ ဝမ်ဒုရဲ့အတန်းပိုင်ဆရာအီဒုံဂျူက ဘေးအိမ်ခေါင်မိုးထပ်မှာနေတယ် ဝမ်ဒုရဲ့အဖေဖြစ်သူကဈေးလှည့်ရောင်းဖို့သွားရတိုင်းဝမ်ဒုကိုစောင့်ရှောက်ပေးဖို့ဆရာ့ကို အကူအညီ၊တောင်းရာကနေဆရာနဲ့ရင်းနှီးလာခဲ့တယ် တစ်နေ့မှာ 17နှစ်ကြာအောင်အမေမရှိဘူးလို့တွေးပြီး ကြီးပြင်းလာတဲ့ဝမ်ဒုကိုဆရာက အမေရှိကြောင်းနဲ့အမေကတွေ့ချင်နေကြောင်းပြောတဲ့အခါမှာတော့ ဝမ်ဒုတစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲ။ အဖေကမသန်မစွမ်းဖြစ်တာကြောင့်‌ရောဆင်းရဲတာကြောင့်ပါ
အလှောင်ခံရပြီးပေပေတေတေလမ်း‌ပေါ်ကရန်ပွဲတွေမှာပါဝင်တတ်တဲ့ အခန်းရဲ့ဘိတ်ချေး ကောင်လေးတစ်‌ယောက်သူကျွမ်းကျင်တဲ့လက်သီးကိုဘယ်လိုအသုံးချမလဲ။မသန်မစွမ်းအဖေနဲ့ရွေ့ပြောင်းနေထိုင်သူအ‌မေရှိတဲ့ အထီးကျန်နေတဲ့ဆယ်ကျော်သက်အရွယ်လူငယ်လေးတစ်ယောက်က ပျော်ရွှင်နိုင်လာပြီးတော့ အိမ်မက်တွေကိုအောင်မြင်နိုင်မှာလား

Movie link >> https://t.me/hanamoviesforyou/202

Hana: Movies Box

22 Oct, 11:39


Muoi- The Legend of a Portrait (2007)

ဒီဇာတ်ကားလေးကတော့ ကိုရီးယား ဒါရိုက်တာက ဗီယက်နမ်မြိုကို နောက်ခံထား၍ သမိုင်းအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေး ဖြစ်ပြီး Horror ဇာတ်ကားကောင်း‌လေး ဖြစ်ပါတယ် ဆု‌ကောင်းတွေလည်း ရရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့ ကိုရီးယားက စာရေးဆရာမလေးက မိမိရဲ့ ဒုတိယဝတ္ထူ စာအုပ်ကို ထုတ်ဝေနိုင်ရန် ကုန်ကြမ်းရှာနေချိန် ဗီယက်နမ်မှာ‌ နေတဲ့ သူငယ်ချင်းက ပြောပြတဲ့ဗီယက်နမ်က မူအီဆိုတဲ့ ရာစုနှစ်တစ်ခုကြာတဲ့ ရက်စက်ကြမ်းကြုပ်တဲ့ ဝိညာဉ်အကြောင်းကို ပြောပြရာမှ နောက်ဝတ္ထူအဖြစ် မူအီအကြောင်း ရေးသားရန် ဗီယက်နမ်ကို သွားရောက်ခဲ့ပါတယ်။သူမရဲ့ ဝတ္ထူကရော အဖြစ်မြောက်မလား ဘယ်လို ကြောက်လန့်တုန်လှုပ်ဖွယ်ရာများကိုလည်း ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ်ကားလေးဖြစ်ပါတယ် ။

Movie link >> https://t.me/hanamoviesforyou/201

Hana: Movies Box

21 Oct, 09:45


The Girl on a Bulldozer (2022)

လူကောင်သေးသေးလေး နဲ့ မိုက်တဲ့ ဖိုက်တာအစ်မကြီးရဲ့ ဘူဒိုဇာ မောင်းတဲ့ကား လေး တင်ဆက်ပေးပါဦး မယ်ကိုယ် မဟုတ်ရင် နည်းနည်းမှ အထိမခံတဲ့ ဂူဟယ်ယောင်းဟာ အကြမ်းဖက်မှုနဲ့ ကျောင်းထွက်လိုက်ရပါတယ်အဲဒီနောက်မှာတော့ အ ဖေဖြစ်သူ ရဲ့ ရုတ်တရက်ဖြစ်သွားတဲ့ ယာဥ်တိုက်မှု နောက်ကွယ်ကအကြောင်းအရင်းကို လိုက်စုံစမ်းရင်းနဲ့ အမှန်တရားကိုသိသွားပါ တော့တယ်အသက် ၁၉ နှစ်ပဲ ရှိသေးလို့ မယောင်မလည်နဲ့ စုံစမ်းတဲ့ နေရာမှာတောင်ဒေါသကို ရှေ့တန်းတင်တဲ့ ကောင်မလေးဆို ပေမယ့်မောင်ဖြစ်သူကို တော့ အစ်မကြီးပီပီ ဂရုတစိုက်နဲ့ ချစ်တတ်ပါ သေးတယ် Sky Castle ထဲက မင်းသမီး Kim Hye Yoon အပြင်စုံထောက်အဖြစ် Super Junior’s Ye Sung လည်းပါဝင်ထားပါတယ် Kim Hye Yoon ရဲ့ ကာရိုက်တာနဲ့တစ်သားတည်းကျအောင် တင်ဆက်သွားမလဲ ဘယ်လိုတွေ ကြမ်းသွားမလဲဆိုတာကို ကြည့်ရှု ပေးကြပါဦးနော်

Movie link >> https://t.me/hanamoviesforyou/200

Hana: Movies Box

21 Oct, 09:41


Ditto (2022)

အမိုက်စား သရုပ်ဆောင်တွေဖြစ်တဲ့ အိုပါး Yeo Jin Goo, ဇွန်ဘီးမလေးCho Yi Hyun,Snow Drop ထဲက ဘို့ဟီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kim Hye-Yoon, အိုပါး Na Im Woo, အိမ်ရှေ့စံ Bae In-Hyuk တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Ditto ဇာတ်ကားလေး ထွက်ရှိလာပါပြီ။၁၉၉၉ ခုနှစ် ယုံး(Yeo Jin Goo) ဟာ မြင်မြင်ချင်း ချစ်မိသွားတဲ့ဟန်ဆိုးလ်(Kim Hye Yoon) ကို ဖမ်းစားဖို့အတွက် သူငယ်ချင်းတစ်ယောက်ထံကနေ HAM ရေဒီယိုလေးကိုငှါးခဲ့ပါတယ်။၂၀၂၂ ခုနှစ် မွန်နီး(Choi Yi Hyun) ကလည်း assignment လုပ်ဖို့အတွက် HAM ရေဒီယိုအဟောင်းလေးကို ဖွင့်လိုက်ပါတော့တယ်။

"CQ... CQ... ကျွန်မရဲ့ အသံကိုကြားလားဟင်?"

လကြတ်တဲ့နေ့တစ်နေ့၊ အချိန်တွေကျော်လွန်ပြီး အံ့ဖွယ်ဖြစ်ရပ်လိုမျိုး ဆက်သွယ်မိသွားတဲ့ ယုံးနဲ့ မွန်နီးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ ခင်မင်ရင်းနှီးမှုအကြောင်းပြောကြပြီး ထူးခြားတဲ့ ခံစားချက်တွေ ဖန်တီးကြရင်းနဲ့... သူတို့တွေကရော အချစ်ဦးနဲ့ ပြည့်မြောက်နိုင်မှာလား? ငြိမ့်ငြိမ့်လေးနဲ့ အေးအေးလေးကိုမှ ကြည့်ချင်တဲ့သူများအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Movie link >> https://t.me/hanamoviesforyou/199

Hana: Movies Box

21 Oct, 09:36


Behead the King (2017)

ဂျိုဆွန်းတိုင်းပြည်က မိန်းကလေးတွေအတွက်တော့ ငရဲပဲ။ဂျိုဆွန်းခေတ်၊ အမြော်အမြင်ရှိပြီး လေးစားခံရတယ်လို့သတ်မှတ်ခံရတဲ့ ဆောင်ဂျုံးဘုရင်လက်ထက်ကို ဇာတ်အိမ်တည်ထားပါတယ်။အသက် ၁၃ နှစ်နဲ့နန်းတက်ပြီး မယ်တော်ကြီးနဲ့ မူးမတ်တို့ရဲ့ ကြိုးကိုင်မှုခံရတဲ့ ဆောင်ဂျုံးဘုရင်ဖြစ်တဲ့အလျောက် မယ်တော်ကြီးကပဲ ချုပ်ကိုင်ချယ်လှယ်ခဲ့ပါတယ်။မယ်တော်ကြီးဟာ မိန်းကလေးတွေကို သူရဲကောင်းအာဇာနည်ဖြစ်ခွင့်ပေးတယ်ဆိုပြီး ခင်ပွန်းသေရင် ဇနီးသည်ပါလိုက်သေရတဲ့ ဥပဒေကိုဖော်ဆောင်ခဲ့ပါတယ်။ဥပဒေအသစ်တွေပြောင်းပြီး ညစ်ညမ်းတဲ့ဆောင်ကြာမြိုင်တွေကို ဖျက်သိမ်းလိုက်တဲ့အချိန်မှာတော့ အသက်ရှင်ကျန်နေခဲ့တဲ့ကချေသည်ဘီဆောဟာ ဘုရင်ကိုမုန်းတီးပြီး လက်စားချေမယ့်အစီအစဉ်ကို အကောင်အထည်ဖော်ပြတော့တယ်။ကချေသည်ဘီဆောရဲ့လက်စားချေမှုက အောင်မြင်မလား သူ့ရဲ့အဆုံးသတ်ကဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးနော်။

Movie link >> https://t.me/hanamoviesforyou/198

Hana: Movies Box

19 Oct, 01:55


Di-ary of Ju-ne (2005)

ကျောင်းသားတစ်ယောက် တံတားပေါ်မှာအသတ်ခံလိုက်ရတယ်။ရက်ပိုင်းအတွင်းမှာပဲ ကျောင်းသားတစ်ယောက် သတ်သေတဲ့အမှု တစ်ခုထပ်ဖြစ်သွားတယ်။သို့ပေမဲ့ သေချာစုံစမ်းကြည့်လိုက်တဲ့အခါမှတော့လူသတ်မှုပဲဖြစ်နေခဲ့တယ်။သဲလွန်စဆိုလို့ ဗိုက်ထဲမှာ မျိုချထားတဲ့ခပ်ဆန်းဆန်းလက်ရေးတိုစာရွက်လေးတစ်ခုပဲရှိတယ်။အဲ့ဒီနောက်မှာတော့လူသတ်မှု ၂ခုအပြီးမှာပဲ ဆက်တိုက်ဆိုသလိုကျောင်းသားကျောင်းသူအချို့ အသတ်ခံလိုက်ရချိန်မှာတော့ဘာ့ကြောင့် လူသတ်သမားဟာ ကျောင်းသား  ကျောင်းသူတွေကိုအဓိက ထားပြီးသတ်တာလဲ။စုံထောက်တွေကရော ဒီတရားခံကိုဖော်ထုတ်နိုင်မလားဆိုတာကိုတော့…

Movie link >> https://t.me/hanamoviesforyou/197

Hana: Movies Box

19 Oct, 01:48


Pa-st Li-ves (2023)

သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်၊ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်၊တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်၊ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။

Movie link >> https://t.me/hanamoviesforyou/196

Hana: Movies Box

19 Oct, 01:37


Tw-ilight Ga-ngsters (2010)

ဂျောင်ဂျာ၊ ယောင်းဟီးနဲ့ ရှင်းဂျာဆိုတဲ့ သူငယ်ချင်း ၃ယောက်ဟာ ဟာဝိုင်အီကိုအထူးပက်ကေ့ချ်နဲ့ ခရီးသွားဖို့အတွက် ပိုက်ဆံတွေကို ခက်ခက်ခဲခဲ နဲ့ စုလာခဲ့ကြတာ၈နှစ်ကြာတဲ့နောက်မှာတော့ သူတို့ လိုချင်တဲ့ပမာဏ ပြည့်သွားကြပါတယ်။အဲဒါနဲ့ ခရီးစဥ်ပက်‌ကေ့ချ်အတွက် ငွေသွင်းဖို့ ဘဏ်သွားရာမှ ကံမကောင်းစွာနဲ့ဘဏ်ဓားပြတိုက်ခံရပြီး သူတို့ရဲ့ ပိုက်ဆံတွေ အကုန်ပါသွားပါတော့တယ်။ဘဏ်ကလည်း ဓားပြတိုက်ခံရတဲ့ ငွေတွေကို တာဝန်မယူဘဲ ခေါင်းရှောင်တဲ့အခါမှာတော့အာဂအဘွားကြီး ၃ယောက်ဟာ ဘဏ်ကို ပြန်ဓားပြတိုက်ပြီး သူတို့ရဲ့ ဆုံးရှုံးသွားတဲ့‌ငွေတွေကို ရအောင် ပြန်ယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါဘဝဇာတ်ခုံပေါ်မှာ တွေ့ကြုံရတဲ့ လောကဓံတရားတွေကို ရသမျိုးစုံနဲ့ ရိုက်ကူးထားတဲ့အပြင် အချိန်တွေ အကြာကြီး အတူတူရှိလာကြတဲ့ သူငယ်ချင်းအဘွားကြီး ၃ယောက်ရဲ့သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ တစ်ယောက်အပေါ်တစ်ယောက် အနစ်နာခံမှုတွေကိုပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။

Movie link >> https://t.me/hanamoviesforyou/195

Hana: Movies Box

17 Oct, 14:29


အားလုံးကို ကန်တော့ပါတယ်ရှင့် မုန့်ဖိုးပေးချင်ရင် @CTYSLN မှာ တိတ်တိတ်လေးလာပေးလိုက်ပါ 🙂‍↕️

Hana: Movies Box

16 Oct, 10:00


Ti-me St-ill Tu-rns Th-e Pa-ges (2024)

Movie link >> https://t.me/hanamoviesforyou/194

Hana: Movies Box

16 Oct, 03:37


Sm-ugglers (2023)

အားလုံး တမျှော်မျှော်ဖြစ်နေခဲ့ကြတဲ့ Smugglers ရပါပြီ။Crime Action ကိုမှ ပင်လယ်ကိုအခြေပြုပြီး ဇာတ်အိမ်ဆန်းဆန်းလေး တည်ထားတာမို့မတူညီတဲ့ ရသတစ်မျိုးကို ခံစားရမယ်လို့တော့ ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ငါးဖမ်းတဲ့ ရေငုပ်သမဘဝကနေ မှောင်ခိုပစ္စည်းတွေကို ရေငုပ်ပြီး လိုက်လံရှာဖွေကြရင်းမှောင်ခိုသမားတစ်မျိုး ဖြစ်သွားခဲ့ကြတဲ့ ဂျန်ဆုနဲ့ချွန်းဂျာတို့ သူငယ်ချင်းနှစ်ယောက်ရယ်၊တစ်နိုင်ငံလုံးမှာ အတော်ဆုံး မှောင်ခိုဘုရင်လို့ တင်စားကြတဲ့ သူဌေးဂွမ်ရယ်၊ဂွန်းချွန်းနယ်က မှောင်ခိုခေါင်းဆောင် ဂျန်ဒိုရီရယ်…။သူတို့တွေရဲ့ တရားမဝင်မှောင်ခိုလောက,က နောက်ကျောဓားနဲ့ထိုးမှုတွေ၊ သူငယ်ချင်းအချင်းချင်း အထင်အမြင်လွဲမှားမှုတွေ၊လူတွေရဲ့ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က သရုပ်မှန်တွေအကြောင်းကို Crime Action genre လေးနဲ့ ခံစားကြည့်ရှုရမှာပါ။မင်းသားမင်းသမီးတွေကတော့ အထွေအထူး ညွှန်းနေစရာမလိုတဲ့ Jo In-Sung, Kim Hye-Soo နဲ့Yum Jung-Ah တို့ဖြစ်တာမို့ အားလုံး ကျေကျေနပ်နပ်ကြီး ကြည့်ကြရမယ်လို့ ထင်ပါတယ်နော်။

Movie link >> https://t.me/hanamoviesforyou/192

Hana: Movies Box

16 Oct, 03:31


Th-e Se-cret Sc-andal (2013)

ဝမ်းနည်းစရာ ဖြစ်ရက်မှန် ဇာတ်လမ်းလေး ဖြစ်ပါတယ်။၂၀၁၃ ခုနှစ်မှာထွက်ခဲ့တဲ့drama/thriller အမျိုးအစားရုပ်ရှင်ကားဖြစ်ပါတယ်။ကိုရီးယားရုပ်ရှင်လောကရဲ့အရှုပ်အထွေးတွေကို ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့သတင်းထောက်လီဂျန်ဟိုကမင်းသမီးဂျောင်ဂျီဟဲ suicude လုပ်သွားတဲ့ကိစ္စရဲ့နောက်ကွယ်ကအကြောင်းတွေကိုလိုက်စုံစမ်းရင်းမင်းသမီးကိုဒါရိုက်တာနဲ့ ပရိုဂျူဆာတို့ကလိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့အကြောင်းတွေပါပေါ်လာကြပြီးတော့တရားရုံးမှာအမှုရင်ဆိုင်ရတဲ့အထိဖြစ်လာခဲ့ပါတယ်။ငွေရှိရင်ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့အတိုင်း ငွေရှိတဲ့သူတွေကလူပါးဝပုံတွေမင်းသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကိုပါဒီဇာတ်ကားမှာတွေ့နိုင်ပါတယ်။အဲ့ဒီ့ကနေတရားရင်ဆိုင်ကြရင်ဖြစ်လာတဲ့အဆက်အခဲတွေဒီအမှုကိုနိုင်သွားမှာလား ရှုံးနိမ့်မှာလားဆိုတာကတော့ဒီဇာတ်ကားထဲမှာဆက်လက်ကြည့်ပေးကြပါဦးဗျာ။Min Ji-hyun သည် 2013 ခုနှစ် 50th Grand Bell Awards တွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့အဖြစ် လျားထားခြင်းခံထားရသူဖြစ်ပါတယ်။

Movie link >> https://t.me/hanamoviesforyou/191

Hana: Movies Box

16 Oct, 02:04


Th-e Ki-ng's Ca-se No-te (2017)

အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ‘ဂျိုဆွန်’မင်းကြီးနဲ့သူ့ရဲ့စာတမ်းပြုစုသူ ‘ယွန်ရီဆွန်’တို့ကိုရှားလော့ဟုမ်းနဲ့ဒေါက်တာဝပ်ဆင်လို ပုံစံမျိုးသရုပ်ဖော်ထားပါတယ်။ဂျိုဆွန်မင်းကြီးကသာမန်ရှင်ဘုရင်မဟုတ်ပေခေတ်မှီသလို ဥာဏ်ရည်လဲထက်မြက်ပြီး ဂရုဏာတရားလဲ အပြည့်အဝရှိသူပါ။ဟိတ်ဟန်တွေကို မုန်းသူတစ်ယောက်ဖြစ်သလို ဟာသဆန်ဆန်လဲ နေတတ်ပါသေးတယ်။နန်းတွင်းထဲမှာတော့ အမှုထမ်းအကြီးပိုင်းတွေမှာ အာဏာလွန်ဆွဲပွဲတွေဖြစ်ပေါ်နေပြီးဘယ်သူ့ကိုမှယုံကြည်လို့မရတဲ့အချိန်မှာရှင်ဘုရင်ဟာယွန်ရီဆွန်ဆိုတဲ့ အူကြောင်ကြောင်လူငယ်လေးကို သူ့ဘေးနားမှာ ဘုရင့်မှတ်တမ်းပြုစုသူရာထူးနဲ့ အတွင်းရေးမှူးပုံစံ ခန့်အပ်ထားလိုက်ပါတယ်။အဲ့ဒီနောက်မှာပဲထူးဆန်းတဲ့ဖြစ်ရပ်တွေ တိုင်းပြည်အတွင်းမှာပေါ်ပေါက်လာပြီးနောက် ကောလဟာလတွေကလည်းပြည်သူလူထုကြားထိတ်လန့်ဖွယ်ပျံ့နှံ့နေပါတယ်။ဒီလိုမျိုးဖြစ်ရပ်တွေနောက်ကွယ်မှာ ကြိုတင်အကွက်ချထားတဲ့ပုန်ကန်မှုအကြီးစားကြီးတစ်ခုရှိနေခဲ့ပြီးမင်းကြီးနဲ့’ယွန်ရီဆွန်’တို့ ပြသနာအားလုံးရဲ့အရင်းအမြစ်ကိုဆက်စပ်ရှာဖွေကာပုန်ကန်မှုကြီးကိုဟန့်တားဖို့ကြိုးစားကြတဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။

Movie link >> https://t.me/hanamoviesforyou/190

Hana: Movies Box

15 Oct, 13:35


EX-IT (2019)

ယောင်နမ် ဆိုတဲ့ အသက်လတ်ပိုင်း အရွယ် လူပျိုကြီးဖြစ်ခါစတောင်တက်သမားဟောင်း ကနေ ဇတ်လမ်းစရမှာပဲ။အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက်အလုပ်လဲ မယ်မယ်ရရ မရှိ အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီးအိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့။ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး လုပ်နေပြီးအိမ်ကနေ မခွာနိုင် ဖြစ်နေခဲ့တာပါ။ တစ်ရက်မှာတော့ ယောင်နမ်တို အမေ ရဲ့ မွေးနေ့ အဖြစ်ဟိုတယ် တစ်ခုမှာ အခန်းငှားပြီး မွေးနေ့ ပါတီ ကျင်းပကြပါတယ်။အဲ့ဒီမှာ အလုပ်လုပ်နေတဲ့အူဂျူ ဆိုတဲ့ ယောင်နမ် နဲ့ အရင်ကတောင်တက် လေ့ကျင့်နေကြ ကောင်မလေး နဲ့ ပြန်ဆုံပါလေရော..ပျော်ရမယ် မကြံရသေးပါဘူး။ယောင်နမ်တို ပါတီလုပ်နေတဲ့ နေရာနားမှာပဲ လူလုပ်တဲ့သဘာ၀ ဘေး တစ်ခု ကျရောက်လာပါတော့တယ်။ယောင်နမ် နှင့် မိသားစု အားလုံး အထဲမှာ ပိတ်မိနေပြီးမိသားစု တွေကို ဘေးကင်းရာ ပိုဖို နဲ့ အသက်ဆက်ရှင်ဖိုစီစဉ်ရတဲ့ အခါ

Movie link >> https://t.me/hanamoviesforyou/189

Hana: Movies Box

15 Oct, 02:17


A Ha-rd Da-y (2014)

ဇာတ်လမ်းလေးကတော့ လာဘ်စားအကျင့်ပျက် စုံထောက်ရဲတစ်ဦးဟာသူ့ရဲ့မိခင် မကြာသေးမီက ကွယ်လွန်သွားတဲ့အတွက်အရေးတကြီးနဲ့ လှိုဏ်ခေါင်းလမ်းတွေကနေ အမြန်ကားမောင်းလာပါတယ်။သူ့ရဲ့အဖွဲ့ဟာလည်း လာဘ်စားခြင်းကိစ္စအတွက်နဲ့ စစ်ဆေးမှုတွေ ခံယူနေရပါတယ်။ရဲဟာ လမ်းပေါ်မှာ သွားနေတဲ့လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပြီးတော့လူသတ်မိသွားပါတယ် ။သူဟာကြောက်ရွံ့ပြီး အလောင်းကိုတိတ်တဆိတ်သယ်ဆောင်လာခဲ့ပါတယ်။ ထို့နောက် ဘာတွေဆက်ဖြစ်ကြမလဲ?လူသတ်မှုကကောအမှုမှန်ပေါ်ပေါက်ပါမလား။ ဘယ်လိုတွေဆက်ပြီးတော့ကြုံတွေ့လာရနိုင်မလဲ ဆိုတာတွေကိုစိတ်ဝင်စားဖွယ် မှုခင်းတစ်ခုအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။Crime Action Thrillerရုပ်ရှင်ကားကောင်းများကို နှစ်ခြိုက်ကြသူတို့သဘောတွေ့စေမယ့်ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

https://t.me/hanamoviesforyou/188

Hana: Movies Box

14 Oct, 09:19


Mo-urning Gr-ave (2014)

ညဘက်ကျောင်းမှာနေရတဲ့ခံစားချက်ဆိုတာ နေ့ခင်းမှာနေရတာနဲ့ မတူတဲ့အပြင် အဲအချိန်မှာမှ အငြိုးကြီးတဲ့သရဲက အကုန်လုံးကိုရန်ရှာလာတဲ့အခါမှာဂန်အင်းဆူဆိုတဲ့ကောင်လေးက သရဲတွေကိုမြင်ရပြီး သရဲတွေကလည်း သူ့ကိုဆို အကူအညီတောင်းချင်လို့ တန်းစီနေကြတာပါ။အဲလိုနဲ့မွေးရပ်မြေကိုပြန်သွားတဲ့အခါမှာလည်း ကျောင်းတက်တာနဲ့ သူ့ကိုစပြီး အရိပ်အယောင်တွေပြရာကနေ
တကယ့်နာကြည်းချက်တွေရှိတဲ့ သရဲဟာ အကုန်လုံးကို သတ်ပစ်ချင်လောက်အောင် အငြိုးကြီးနေတာကို သိလိုက်ရတော့တယ်။ဂန်အင်းဆူနဲ့ အဲဒီသရဲနဲ့ကရော ဘယ်လိုပတ်သက်မှုတွေရှိမလဲ၊
နောက်ဆုံးမှာ အငြိုးတွေဟာ ပိုကြီးလာမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်။

Movie link >> https://t.me/hanamoviesforyou/187

Hana: Movies Box

14 Oct, 09:14


Ho-wling (2012)

ဒီကားထဲမှာတော့ ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Kang-ho Song က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။စုံထောက် ဂျိုဆန်းဂီဟာ မာဖိုရဲစခန်းက စုံထောက်တစ်ယောက်ဖြစ်ပါတယ်။သူ့ကို အဖွဲ့ခေါင်းဆောင်က အမြဲတမ်း အမှုသေးတွေပဲ ပေးကိုင်လေ့ရှိပါတယ်။ဒီတစ်ခေါက်မှာလည်း ဆေးသမား တစ်ယောက် ကားထဲမှာ ကိုယ့်ကိုကိုယ် မီးရှို့သတ်သေတဲ့အမှုကို သူ့ကိုပေးကိုင်ထားပါတယ်။အဲ့ဒီ့အပြင် အသစ်ရောက်လာတဲ့ မိန်းကလေးစုံထောက် ချာအွန်ယောင်းနဲ့လည်း အလုပ်တွဲလုပ်စေခဲ့ပါတယ်။အမှုသေးလို့ထင်ရတဲ့ ဒီလူသေမှုဟာ  လူသေမှု မဟုတ်ပဲ လူသတ်မှုဖြစ်နေတဲ့ အပြင် ကွင်းဆက်လူသတ်မှုကြီးတစ်ခုပါဆက်ဖြစ်နေတဲ့အခါမှာတော့မှုခင်းအက်ရှင်ကားကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း…

Movie link >> https://t.me/hanamoviesforyou/186

Hana: Movies Box

14 Oct, 09:10


Bu-rning (2018)

ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူနဲ့ ရှင်းဟဲမီဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အမှတ်မထင်ပြန်တွေ့ကြပြီး တယောက်နဲ့တယောက် မသိလိုက်ချိန်မှာပဲ ချစ်သွားခဲ့ကြတယ် အဲ့လိုနဲ့ တရက်ကောင်မလေးက အာဖရိကကို ခရီးသွားရင်း အကိုဘန်ဆိုတဲ့လူနဲ့ သိကျွမ်းလာခဲ့ပြီး အရမ်းရင်းနှီးသွားရင်း ကောင်လေးနဲ့လည်း အသိအကိုဆိုပြီး မိတ်ဆက်ပေးခဲ့တယ်အဲ့လိုနဲ့ အကိုဘန်နဲ့ ကောင်မလေးက ရင်းနှီးလွန်လာပြီး တပူးပူးတတွဲတွဲဖြစ်လာတော့ ကောင်လေးခင်မျာ ပြောလဲမပြောရဲ ခံလဲခံစားရရင်း ကြိတ်ခံနေလာခဲ့တယ်အဲ့လိုနဲ့ အကိုဘန်ဆိုတဲ့လူက ကောင်မလေူတွေနဲ့ ပက်သက်ပြီး သတ်သတ်နေခဲ့တယ်ဆိုတာကို သိသွားတဲ့အချိန်မှာတော့ ရှင်းဟဲမီတယောက်ပျောက်ဆုံးနေခဲ့ပါပြီ။ဒါပေမယ့်လည်း မသေချာသေးတာမို့ ကောင်လေးက ကြိတ်ခံစားရင်း လိုက်လဲရှာ စုံစမ်းရင်း သေမတတ်ခံစားပြီး လျှောက်သွားနေခဲ့ပါတယ်နောက်ဆုံးမှာတော့ ကောင်လေးက ကောင်မလေးကို ရှာတွေ့သွားမှာလား။ ဒါမှမဟုတ် တကယ်ပဲ အကိုဘန်က ကောင်မလေးကို သတ်လိုက်တာလား။ကောင်လေးကရော ဘာတွေဆက်လုပ်မှာလဲဆိုတာ

Movie link >> https://t.me/hanamoviesforyou/185

Hana: Movies Box

13 Oct, 04:01


🔞🔞Pa-ju (2009)🔞🔞

မိဘတွေမရှိဘဲ အစ်မနဲ့ နစ်ယောက်တည်းနေရင်း အစ်မကို ကာကွယ်ပေးချင်တဲ့စိတ်ကြောင့် အိမ်က ထွက်ပြေးခဲ့တဲ့ ကောင်မလေးဟာ ပြန်လာတော့လည်း အစ်မက သေဆုံးသွားတာကြောင့်ခဲအိုနဲ့ အဆင်မပြေပြန်လို့ နောက်တစ်ခါထပ်ပြီးထွက်ပြေးခဲ့ပါတယ်။အဲလိုနဲ့ ၇ နှစ်ကြာမှ အစ်မဖြစ်သူရဲ သေဆုံးရတဲ့ အကြောင်းအရင်းကို သိသွားပြီး စုံစမ်းရင်းနဲ့အစ်မဖြစ်သူ သေဆုံးမှုမှာ ခဲအိုပတ်သက်လိမ့်မယ်လို့ သံသယဝင်လာပါတော့တယ်၊။ပြန်လာတဲ့အချိန်မှာလည်း မိဘတွေအမွေပေးခဲ့တဲ့ အိမ်ကဖွံ့ဖြိုးမှုအတွက် ပြန်လည်တည်ဆောက်မှု နယ်မြေထဲပါနေပြန်တော့အဲအတွက်လည်း ကြိုးစားရပါတော့တယ်။ဇာတ်လမ်းကငြိမ့်ငြိမ့်လေးပဲသွားတာဖြစ်ပြီး ဆုတွေလည်း အများကြီး ရထားတဲ့ ရုပ်ရှင်တစ်ခုပါ။အမြင်မတော်တဲ့အခန်းတချို့ပါတဲ့အတွက် မိသားစုနဲ့မကြည့်ဖို့ သတိပေးချင်ပါတယ်။ရုပ်ရှင်ကို တစိမ့်စိမ့်ခံစားပြီး ကြည့်တတ်တဲ့သူတွေ အကြိုက်ဖြစ်စေမှာပါ။

Movie link >> https://t.me/hanamoviesforyou/184

Hana: Movies Box

13 Oct, 04:00


In-truder (2020)

Mystery/Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပြီး ဇနီးဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ဝမ်းနည်းမှုနဲ့နေထိုင်နေရတဲ့ဂန်ဆောဂျင်းဆိုတဲ့ နာမည်ကြီးဗိသုကာပညာရှင်တစ်ယောက်ငယ်ငယ်လေးတုန်းက ညီမဖြစ်သူယူဂျင်းပျောက်သွားခဲ့လို့အဲဒီစိတ်ဒဏ်ရာကိုလည်း ခံစားနေရတယ်။၂၅နှစ်အကြာမှာတော့ ပျောက်ဆုံးသွားတဲ့ညီမဖြစ်သူကမိသားစုဆီကိုရုတ်တရက်ပြန်လည်ရောက်ရှိလာခဲ့တယ်။ပြန်လည်ရောက်ရှိလာတဲ့ ညီမဖြစ်သူရဲ့ပုံမမှန်မှုတွေကိုဆောဂျင်းတစ်ယောက် မသိစိတ်ကနေ ခံစားနေရတဲ့အခါ၊ပရိသတ်အချစ်တော်ဆုန်းဂျီဟိုရဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ဆုန်းဂျီဟိုနဲ့ဂင်မူယောတို့နှစ်ယောက်ရဲ့လိုက်ဖက်ညီတဲ့သရုပ်ဆောင်မှုကို ခံစားသိမြင်ရပါလိမ့်မယ်။ပုံမှန်အေးဆေးတဲ့ဂျီဟိုတစ်ယောက် ဘယ်လိုပြောင်းလဲသရုပ်ဆောင်ထားလဲဆိုတာ ဒီဇာတ်ကားလေးမှာ မြင်တွေ့နိုင်ပါလိမ့်မယ်

Movie link >> https://t.me/hanamoviesforyou/183

Hana: Movies Box

13 Oct, 03:46


Oh! Br-others (2003)

အိုဆန်းဝူ (Lee Jung Jae) ဟာ ချမ်းသာပြီး ဖောက်ပြန်နေတဲ့သူတွေရဲ့နောက်ကိုခိုးလိုက်ပြီးဓာတ်ပုံရိုက်ရင်း အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဓာတ်ပုံဆရာတစ်ယောက်ပါ။တစ်နေ့မှာတော့ ဆန်းဝူတစ်‌ယောက် သူ့အဖေဆုံးတဲ့သတင်းကို ကြားလိုက်ရပြီးအဖေရဲ့‌ နောက်မိန်းမကလည်း ဘယ်ကိုရောက်မှန်းမသိ ပျောက်သွားတဲ့အတွက်သူ့အ‌ဖေရဲ့အကြွေးတွေက သူ့ဆီကို ပုံကျလာပါတယ်။ဒါကြောင့် သူ့မိထွေးကိုရှာဖို့ ရှားပါးရောဂါတစ်ခုကြောင့် အသက်၁၂နှစ်ပဲရှိသေးပေမဲ့လူလတ်ပိုင်းယောက်ျားကြီးလို ရုပ်ရင့်နေတဲ့ အဖေတူအမေကွဲ ညီလေးအိုဘုံဂူ (Lee Beom Soo) ကို အရင်လိုက်ရှာရပါတော့တယ်။ချက်ကလွဲပြီး ဘာဆို ဘာမှမတူကြတဲ့ သူတို့၂ယောက် ပထမဆုံးတွေ့ဆုံပြီးအကြွေးဆပ်ဖို့ ကြိုးစားရင်း ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ ဟာသနှောပြီးကြည့်ရှုရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

Movie link >> https://t.me/hanamoviesforyou/182