မန်ယူအသင်း၏ နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်က လာမည့်ရာသီမှသာ နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်မည်ဟု အတည်ပြုပြောကြားခဲ့သည်။
တန်ဟက်ဂ်သည် မန်ယူအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသော်လည်း ခေါ်ယူလိုသည့် အသင်းများစွာရှိနေသည့်အတွက် ၎င်းင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော် လောလောဆယ် ဆုံးဖြတ်ထားတာကတော့ ဇူလိုင်(၁)ရက်နေ့မတိုင်ခင်အထိ ဘယ်အသင်းကိုမှ မကိုင်တွယ်သေးဘူးဆိုတာပါပဲ"ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။
တန်ဟက်ဂ်သည် ဥရောပထိပ်တန်းလိဂ်မှ ကလပ်အသင်းကိုသာ ကိုင်တွယ်လိုကြောင်း သိရသည်။
Photos: CaughtOffside,Getty Images,Streety News