Últimas Postagens de Delta News Agency (@deltanewsagencymedia) no Telegram

Postagens do Canal Delta News Agency  

Delta News Agency
Delta News Agency is the one of the handful of the local media outlets operating in Myanmar. Based in the Irrawaddy delta region , DNA aims to contribute socio-economic development of the region serving the information needs of the local public.
13,602 Inscritos
14,129 Fotos
450 Vídeos
Última Atualização 01.03.2025 04:42

O conteúdo mais recente compartilhado por Delta News Agency no Telegram


Youtube မှာလည်း ကြည့်ရှုနိုင်ပါတယ်။ >>>https://youtu.be/_uq_nv1jwGc

Website မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။ >>> https://deltanewsagency.com/48788/

လွိုင်ကော်မှာ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲလို့ ကလေးနှစ်ဦးအပါအဝင် မိသားစုဝင် ခြောက်ဦးသေဆုံး

ဧပြီ ၊ ၂၀

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အနီးက ကုန်းသာရွာကို စစ်ကောင်စီတပ်က ဒီကနေ့ ဧပြီ ၂၀ ရက်၊ မနက် ၁၁ နာရီလောက်မှာ လေယာဥ်နဲ့ ဗုံးကြဲလို့ ကလေးငယ် နှစ်ဦးအပါအဝင် မိသားစုဝင် ခြောက်ဦးသေဆုံး သွားတယ်လို့ ကရင်နီတော်လှန်ရေး အင်အားစုတွေဆီကနေ သိရပါတယ်။

“သိသလောက်ကတော့ နှစ်လုံး(ဗုံး) တပြိုင်တည်းချတယ်၊ နှစ်လုံးစလုံးထိတယ်၊ မိသားစုတစုတည်းပဲ ခြောက် ယောက်စလုံး သေသွားတာ” လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက DNA ကို ပြောပါတယ်။

သေဆုံးတဲ့သူတွေထဲ အသက် ၃ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးငယ်နှစ်ဦးပါဝင်ပြီး ကျန်တဲ့ သူတွေကတော့ အသက် ၇၅ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၆၅ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသမီးသုံးဦးလို့ သိရပါတယ်။

“အခုထိ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ လိုက်ကောက်နေရတုန်းပဲ” လို့လည်း အခုည ၇ နာရီလောက်မှာ ကိုဗညား က ပြောပါတယ်။

ဒါ့အပြင် အဲဒီတိုက်ခိုက်မှုအတွင်း နောက်ထပ်ရွာခံ နှစ်ဆယ်ဝန်းကျင် ဒဏ်ရာရပြီး နေအိမ် သုံးဆယ်လောက် ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးနေတဲ့ အခြေအနေကိုတော့ DNAအနေနဲ့ မသိရသေးပါဘူး။

“ပေါင် ငါးရာဗုံးကြဲချသွားတာ၊ ဗုံးလာကြဲတဲ့အချိန် ကုန်းသာကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာတွေ ဘာတွေမရှိပါ ဘူး” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူ ကိုသာအယ်စိုးက ပြောပါ တယ်။

ကုန်းသာကျေးရွာဒေသခံတွေဟာ တိုက်ပွဲတွေကြောင့် အရင်က တိမ်းရှောင်နေကြပေမယ့် လက်ရှိမှာတော့ ရွာထဲပြန်လည်ဝင်ရောက်နေထိုင်သူတချို့ရှိနေတယ်လို့ သိရပါတယ်။

မိုးဗြဲ-လွိုင်ကော် ကားလမ်းမပေါ်မှာရှိတဲ့ ကုန်းသာကျေးရွာဟာ ရှမ်းပြည်နယ်၊ မိုးဗြဲမြို့နဲ့ လေးမိုင်ကျော်၊ ကရင်နီ ပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့နဲ့ ခြောက်မိုင်လောက်ပဲ ကွာဝေးတာပါ။

မိုးဗြဲမြို့အဝင် မိုးဗြဲဆည်နဲ့ ကပ်လျက်ရှိတဲ့ စစ်ကောင်စီ အမြောက်တပ်ရင်း(အမရ) ၄၂၂ တဝိုက်ကိုတော့ ရှေ့ရက် တွေကတည်းက ကရင်နီပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေလို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိ တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်တဝှမ်း အခုနှစ် ပထမ သုံးလအတွင်း စစ်ကောင်စီတပ် လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အရပ်သား ၂၄ ဦးရှိပြီး အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်းဆိုရင်တော့ စုစုပေါင်းသေဆုံးတဲ့အရပ်သား ငါးရာနီးပါ းရှိပြီလို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Photo - social media