၂၀၂၄ခုနှစ် ဇွန်လ ၅ရက်
ချောင်းဦးမြို့နယ််အတွင်းရှိ မိဘပြည်သူများနှင့် မုံရွာ-မန္တလေးလမ်း ခရီးသွားပြည်သူများ သတိထားဆင်ခြင်နိုင်ရန် အသိပေးအပ်ပါသည်။ ချောင်းဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရန် ချောင်းဦးမြို့ပေါ်တွင် စစ်အင်အားပြင်ဆင်ထားသည်ဟု သတင်းရရှိထားပါသည်။ ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းအများစုတွင် ဓါးစာခံပြည်သူများ ခေါ်လေ့ရှိပါသည်။ ယခုစစ်ကြောင်းသည်လည်း ယခင်စစ်ကြောင်းများကဲ့သို့ ပြည်သူများကို ဖမ်းဆီးဓါးစာခံ ခေါ်မည်ဟု သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ ချောင်းဦးမြို့ပေါ်နှင့် ၊ မြို့နယ်အတွင်း စစ်ကောင်စီစိုးမိုးနယ်မြေအချို့ကို အသွားအလာ ဆင်ခြင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ ဓါးစာခံပြည်သူများပါလာလျှင် ကျွန်ုပ်တို့အနေဖြင့် ထိန်းချုပ်ရန် အခက်အခဲရှိပါ၍ အသွားအလာ ဆင်ခြင်ခြင်းဖြင့် ပါဝင်ကူညီကြရန် တိုက်တွန်းအပ်ပါသည်။