Latest Posts from CHELSEA MM 08 (@chelseamm08) on Telegram

CHELSEA MM 08 Telegram Posts

CHELSEA MM 08
UPDATED CHELSEA NEWS
2,348 Subscribers
7,591 Photos
88 Videos
Last Updated 09.03.2025 09:09

Similar Channels

V.I.P Channel
2,389 Subscribers
Tipbet Channel9⃣9️⃣
1,376 Subscribers

The latest content shared by CHELSEA MM 08 on Telegram

CHELSEA MM 08

29 Jan, 07:34

486

🔹 Corinthians အသင်းရဲ့ ဘယ်စွန်လူငယ်နောက်တန်းကစားသမားလေး Denner ကို ချဲလ်ဆီးအသင်းအနေနဲ့ ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေဟာ အတော်လေးခရီးရောက်နေပြီပဲ‌ဖြစ်ပါတယ်။

🔹 အသက် ၁၆ နှစ်အရွယ် Denner ဟာ အလားအလာရှိတဲ့ကစားသမားဖြစ်တာကြောင့် Corinthians အသင်းအနေနဲ့ဆက်ထိန်းထားချင်ပေမယ့်လည်း စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးမှုမှာ သဘောတူညီမှုမရရှိခဲ့ပါဘူး။ Denner အတွက် ချဲလ်ဆီးအသင်းဟာ ပြောင်းရွှေ့ကြေးအနေနဲ့ ယူရို ၈ သန်း + အပိုဆုကြေး ၄.၅ သန်းပေးချေသွားမှာ ဖြစ်ပါတယ်။

André Hernan
CHELSEA MM 08

28 Jan, 19:44

521

🔹 ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ပွဲကစားချိန်နည်းပါးတာကြောင့် အသင်းပြောင်းဖို့ ဆုံးဖြတ်လိုက်တဲ့ လူငယ်ပြင်သစ်တိုက်စစ်မှူး Mathys Tel ကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားအားထုတ်လာပါတယ်။

🔹 ယခင်က ၂ဖက်အသင်းကြား Christopher Nkunku နဲ့ Tel တို့အတွက် အပြောင်းအရွှေ့ကိစ္စကို ပြောဆိုခဲ့ဖူးထားကြတာလည်းရှိထားပါတယ်။ လက်ရှိသတင်းများအရ အန်ကွန်ကူဟာလည်း ဘိုင်ယန်အသင်းထံပြောင်းရွှေ့ကစားဖို့ စိတ်အားထန်သန်နေပါတယ်။

🔹 ဒါပေမယ့် Tel ဟာ ချဲလ်ဆီးအသင်းတိုက်စစ်မှာ Jackson နဲ့ Guiu တို့ရှိနေတာကြောင့် သူ့အတွက်လိုအပ်တဲ့ ပွဲကစားခွင့်မရရှိမှာစိုးရိမ်နေပြီး၊ မှန်ကန်တဲ့ အပြောင်းအရွှေ့မဖြစ်မှာကို စိုးရိမ်လျက်ရှိနေပါတယ်။

🔹 လက်ရှိမှာ Tel ကို ခေါ်ယူဖို့အတွက် အသင်း ၇သင်းလောက်က အငှားစာချုပ်နဲ့ကမ်းလှမ်းထားတဲ့အပြင် အပြီးသတ်ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေလည်းရှိနေပါတယ်။ ချဲလ်ဆီးအသင်းဘက်ကတော့ Tel ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားကို စည်းရုံးမှုများပြုလုပ်လျက်ရှိပါတယ်။
CHELSEA MM 08

28 Jan, 18:47

509

လူငယ်တိုက်စစ်ကစားသမား Deivid Washington ဟာ ဘရာဇီးကလပ် Santos အသင်းထံ တရာသီအငှားထွက်ကစားဖို့ရှိနေတယ်လို့သိရပါတယ်။

Ben Jacobs
CHELSEA MM 08

28 Jan, 18:10

501

𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 𝐍𝐄𝐖𝐒

🔹 ဘိုင်ယန်မြူးနစ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး Mathys Tel ဟာ ဇန်နဝါရီလမှာ အသင်းကနေထွက်ခွာဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပြီပဲဖြစ်ပါတယ်။ အဆိုပါဆုံးဖြတ်ချက်ကြောင့် ဘိုင်ယန်အသင်းအနေနဲ့လည်း ဈေးကွက်မှာ လာရောက်ကမ်းလှမ်းမယ့်အသင်းတွေကို လက်ခံစဉ်းစားဖို့ပြင်ဆင်နေပါတယ်။

🔹 ချဲလ်ဆီးအသင်းအနေနဲ့ကတော့ Tel ကို ဇန်နဝါရီလအစောပိုင်းကတည်းက ခေါ်ယူဖို့အတွက် ဘိုင်ယန်အသင်းထံဆက်သွယ်မေးမြန်းထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးအသင်းအပြင် အခြားအသင်းတွေကလည်း Tel ကိုခေါ်ယူဖို့အတွက် ပြိုင်ဆိုင်ကြဖို့ရှိနေပါတယ်။

Fabrizio Romano
CHELSEA MM 08

27 Jan, 23:20

558

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋

🔹 နောက်တန်းကစားသမား Renato Veiga ဟာ လက်ကျန်ရာသီဝက်မှာ ဂျူဗင်တပ်စ်အသင်းထံ အငှားသွားရောက်ကစားမှာဖြစ်ကြောင်း ၂ဖက်အသင်းမှ တရားဝင်ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
CHELSEA MM 08

27 Jan, 18:06

544

🔹 အက်စ်တွန်ဗီလာအသင်းဟာ João Felix ကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးစားမှုတွေပြုလုပ်နေပါတယ်။ ချဲလ်ဆီးအသင်းနဲ့ အက်စ်တွန်ဗီလာအသင်းတို့ကြားမှာလည်း တိုက်ရိုက်ပြောဆိုဆွေးနွေးမှုတွေရှိနေပါတယ်။

🔹 အက်စ်တွန်ဗီလာအသင်းအပြင် အခြားအသင်းတွေကလည်း João Felix ကိုခေါ်ယူဖို့အတွက် စောင့်ကြည်မှုတွေရှိနေတာဖြစ်ပါတယ်။

Fabric Hawkins
CHELSEA MM 08

27 Jan, 14:44

598

🔹 နောက်တန်းကစားသမား Axel Disasi ဟာ အက်စ်တွန်ဗီလာအသင်းထံပြောင်းရွှေ့ကစားဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိသွားပြီပဲဖြစ်ပါတယ်။ ဥရောပအသင်းတော်များများရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပေမယ့်လည်း နည်းပြ Unai Emery နဲ့စကားပြောပြီးနောက် အက်စ်တွန်ဗီလာအသင်းထံပြောင်းရွှေ့ဖို့ လက်ခံလိုက်တာပဲဖြစ်ပါတယ်။

🔹 အခုချိန်မှာတော့ နှစ်ဖက်အသင်းကြားမှာ သဘောတူညီမှုရဖို့ ဆက်လက်ဆွေးနွေးကြမှာပဲဖြစ်ပါတယ်။

Fabrizio Romano
#CHELSEA_MM_08
CHELSEA MM 08

26 Jan, 12:13

648

ချဲလ်ဆီးအသင်းဟာ ဘန်းမောက်အသင်းရဲ့ အသက် ၁၉ နှစ်အရွယ် နောက်တန်းကစားသမားလေး Dean Huijsen ရဲ့ခြေစွမ်းကို သဘောကျနှစ်သက်လျက်ရှိပါတယ်။ Dean Huijsen ကိုခေါ်ယူလိုပါက နွေရာသီစာချုပ်ဖျက်သိမ်းကြေးဖြင့် ခေါ်ယူရနိုင်ခွင့်ရှိနေပါတယ်။

Fabrizio Romano
CHELSEA MM 08

25 Jan, 19:44


Live stream finished (10 minutes)
CHELSEA MM 08

25 Jan, 19:34


Live stream started