أحدث المنشورات من CHELSEA MM 08 (@chelseamm08) على Telegram

منشورات CHELSEA MM 08 على Telegram

CHELSEA MM 08
UPDATED CHELSEA NEWS
2,348 مشترك
7,591 صورة
88 فيديو
آخر تحديث 09.03.2025 09:09

أحدث المحتوى الذي تم مشاركته بواسطة CHELSEA MM 08 على Telegram

CHELSEA MM 08

04 Mar, 05:12

324

ကျွန်တော်တို့ YouTube channel, Telegram တွေ Hack ခံလိုက်ရလို့ ပေါက်ကရတွေတင်တာတွေမြင်လိုက်ရင် sorry ပါဗျာ၊ ခုနက Telegram Premium ဆိုတဲ့ Link တွေဝင်မိသွားရင် ဖျက်လိုက်ပါ။ Password လည်း လိုအပ်ရင် ချိန်းလိုက်ပါခင်ဗျာ။

ကျွန်တော်တို့ channel တွေတော့ အားလုံး ကျွန်တော်တို့ဆီပြန်ရောက်ပါပြီ။ စိုးရိမ်စရာတော့မရှိတော့ပါဘူး။
CHELSEA MM 08

03 Mar, 23:06


CHELSEA MM 08 pinned Deleted message
CHELSEA MM 08

25 Feb, 22:12

721

နိုင်ရင်တော့ ပျော်ရတာပါပဲ

ပွဲပြီးရလဒ်

ချဲလ်ဆီး 4 : 0 ဆောက်သမ်တန်
CHELSEA MM 08

25 Feb, 19:04

685

ချဲလ်ဆီးအသင်းပရိသတ်တွေဟာ လက်ရှိထွက်ပေါ်နေတဲ့ရလဒ်တွေ၊ စွမ်းဆောင်ရည်တွေနဲ့ အသင်းပိုင်ရှင်တွေရဲ့အသင်းပေါ်မှာပြုလုပ်နေတဲ့လုပ်ဆောင်မှုတွေကိုမကြိုက်တာကြောင့် အသင်းအိမ်ကွင် စတန်းဖို့ထ်ဘရစ်ရှ်ရှေ့မှာ ဆန္ဒပြထုတ်ဖော်မှုတွေပြုလုပ်နေပါတယ်။ ဆန္ဒပြရာမှာ အသင်းပိုင်ရှင်တွေဟာ အိမ်ကွင်းသစ်မတည်ဆောက်နိုင်ခြင်း၊ ကစားသမားအရေ-ာင်းအဝယ်ကိစ္စတွေကိုသာပြုလုပ်‌နေခြင်း၊ ချန်ပီယံလိဂ်ပွဲ မကစားရခြင်း၊ အလည်အလတ်တန်းဆင့်ရှိတဲ့ ကစားသမားတွေကိုသာ ခေါ်ယူနေခြင်း စတာတွေကိုသာ အာရုံစိုက်နေပြီး အသင်းကိုဖျက်စီးနေတာကြောင့် အသင်းမှထွက်ခွာပေးဖို့ ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်။

All photo credit
CHELSEA MM 08

24 Feb, 16:12

630

ဆောက်သမ်တန်အသင်းနဲ့ လက်စ်တာစီးတီးအသင်းကို အနိုင်မကစားနိုင်ခဲ့ရင် နည်းပြ အန်ဇိုမာရက်စ်ကာ ကို ချဲလ်ဆီးအသင်းမှ ထုတ်ပယ်ဖွယ်ရှိနေတယ်လို့ Paul Merson က ပြောလာပါတယ်။

Sky Sports
CHELSEA MM 08

22 Feb, 19:32

678

စိတ်ပျက်လောက်အောင်ကို အရာရာရှုံးနိမ့်သွားခဲ့ပါတယ်။
CHELSEA MM 08

21 Feb, 23:37

749

ဒဏ်ရာကြောင့်အနားယူနေရတဲ့ နောက်တန်းကစားသမား Benoit Badiashile ဟာ အပေါ့စားလေ့ကျင့်ခန်းတွေစတင်ပြုလုပ်နေပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။
CHELSEA MM 08

21 Feb, 13:56

735

🔹 ချဲလ်ဆီးအသင်းသည် UEFA Conference League 16 သင်းအဆင့်တွင် ကိုပင်ဟေဂင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ပထမအကျော့အဖြစ် မတ်လ 6 ရက်နေ့တွင် ကိုပင်ဟေဂင်အသင်း၏ Parken Stadium မှာ အဝေးကွင်းသွား‌ ရောက်ကစားရမှာဖြစ်ပြီး၊ မတ်လ 13 ရက်နေ့မှာတော့ အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ခ်ျမှာ ပြန်လည်ကစားရမှာဖြစ်ပါတယ်။

🔹 ချဲလ်ဆီးအသင်းအနေဖြင့် ကွာတားဖိုင်နယ်‌မှ နောက်တဆင့်ဆီမီးဖိုင်နယ်တက်နိုင်ပါက Legia Warsaw သို့မဟုတ် Molde နှင့် ယှဉ်ပြိုင်ရနိုင်ပါတယ်။ Conference League နောက်ဆုံးဖိုင်နယ်ပွဲကိုတော့ ပိုလန်နိုင်ငံ Wrocław တွင် မေလ 28 ရက်နေ့မှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။
CHELSEA MM 08

20 Feb, 20:37

607

ချဲလ်ဆီးအသင်းဟာ Conference League ၁၆ သင်းရှုံးထွက်အဆင့်မှာ Real Betis သို့မဟုတ် FC Copenhagen နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ မဲခွဲပွဲကိုတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ သောကြာနေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
CHELSEA MM 08

20 Feb, 18:05

585

ဘရိုက်တန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ တောင်ပံကစားသမား Noni Madueke ရဲ့ ဒဏ်ရာဟာ အစောပိုင်းက မပြင်းထန်ဖူးလို့ယူဆခဲ့ရပြီး ပွဲ‌အတော်အများကိုလည်း မလွဲချော်နိုင်ဘူးလို့ယူဆထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာပွဲစဉ်တွေအပြီး မတ်လ မှသာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ရှိနေပါတယ်။

Matt Law