Latest Posts from CHELSEA MM 08 (@chelseamm08) on Telegram

CHELSEA MM 08 Telegram Posts

CHELSEA MM 08
UPDATED CHELSEA NEWS
2,348 Subscribers
7,591 Photos
88 Videos
Last Updated 09.03.2025 09:09

The latest content shared by CHELSEA MM 08 on Telegram

CHELSEA MM 08

04 Feb, 16:57

497

🔹 အမူဂူ အနေနဲ့ အရည်အသွေးကောင်းတွေပိုင်ဆိုင်ထားပေမယ့် ကွင်းလယ်ခံစစ်အသားပေးကစားတာကြောင့် ဂိုးပါဝင်ပတ်သတ်မှုနှုန်းနဲ့  ပွဲကစားချိန်အတွင်း ဆုံးဖြတ်ချက်ချနိုင်မှုတွေမှာတော့ တိုးတက်မှုတွေလိုအပ်နေပါသေးတယ်။ သူ့ရဲ့စီနီယာအသင်းကြီးမှာ ပွဲကစားချိန်နဲ့ ကြိုးစားအားထုတ်မှုတွေနဲ့အတူ တိုးတက်ကောင်းမွန်တဲ့ ကွင်းလယ်ကစားသမားကောင်းတယောက်ဖြစ်လာမယ်လို့ ထင်ကြေးပေးခံထားရတာလည်းဖြစ်ပါတယ်။
CHELSEA MM 08

30 Jan, 19:07

289

🔹 Göztepe အသင်းဟာ ချဲလ်ဆီးအသင်းမှ အငှားဖြင့်ခေါ်ယူထားသည့် တိုက်စစ်မှူး David Dateo Fofana ရဲ့ အငှားစာချုပ်ကို ဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။

Yagiz Sabuncuoglu
CHELSEA MM 08

30 Jan, 18:51

301

🔹 အက်စ်တွန်ဗီလာအသင်းဟာ သူတို့ရဲ့တိုက်စစ်မှူး John Duran ရဲ့ အပြောင်းအရွှေ့ကိစ္စပြီးမြောက်တာနဲ့ João Felix အတွက် စတင်ကြိုးစားဖို့ရှိနေတယ်လို့ သိရပါတယ်။

🔹 Felix ကိုယ်တိုင်ကလည်း အသင်းမှာနေရာမရဖြစ်နေပြီး ပုံမှန်ပွဲကစားခွင့်မရရှိတာကြောင့် ပွဲကစားခွင့်လည်းလိုချင်တာကြောင့် အသင်းပြောင်းဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ အက်စ်တွန်ဗီလာအသင်းအပြင် ဥရောပအသင်းအချို့မှလည်း Felix ကိုခေါ်ယူဖို့ စောင့်ကြည့်မှုတွေရှိနေပါတယ်။

Multiple Reports
CHELSEA MM 08

30 Jan, 17:10

332

🔹 ချဲလ်ဆီးအသင်းမှ RC Strasbourg အသင်းထံအငှားချထားတဲ့ လူငယ်နောက်တန်းကစားသမားလေးကို ပြန်လည်ခေါ်ယူပြီး Watford အသင်းထံ ထပ်မံပြန်လည်အငှားစေလွှတ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

Luca Bentoni
Photo credit
CHELSEA MM 08

30 Jan, 16:53

343

𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 𝐍𝐄𝐖𝐒

🔹 တော့တင်ဟမ် ဟော့စပါးအသင်းဟာ ချဲလ်ဆီးပစ်မှတ်စာရင်းထဲပါဝင်နေတဲ့ Mathys Tel အ‌ပြောင်းအ‌ရွှေ့အတွက် ယူရို သန်း ၆၀ ဖြင့် ခေါ်ယူဖို့ ဘိုင်ယန်အသင်းနဲ့ သဘောတူညီမှုရရှိသွားပြီပဲဖြစ်ပါတယ်။

🔹 လက်ရှိမှာ Tel ကိုခေါ်ယူလိုချင်တဲ့အသင်းတွေအနေနဲ့ ကမ်းလှမ်းမှုတွေကို အမြန်ဆုံးပြုလုပ်ဖို့လိုအပ်‌လာပါတယ်။ ကစားသမားဖြစ်သူ Tel အနေနဲ့ ဘယ်အသင်းကိုပြောင်းရွှေ့မလဲဆိုတာကိုတော့ စဉ်းစားနေဆဲပဲဖြစ်ပါတယ်။

Lequpie
CHELSEA MM 08

29 Jan, 23:40

433

🔹 ချဲလ်ဆီးအကယ်ဒမီကွင်းလယ်ကစားသမား Harvey Vale ဟာ ချန်ပီယံရှစ်ကလပ် QPR အသင်းထံအပြီးသတ်ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိထားပြီပဲဖြစ်ပါတယ်။

🔹 လက်ရှိမှာ ချဲလ်ဆီးအသင်းနဲ့ QPR အသင်းတို့ကြား အပိုဆုကြေးနဲ့ ပြန်လည်ရေ-ာင်းချရာမှာ အကျိုးခံစားခွင့်တွေအတွက်ကို အသေးစိတ်ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

Nizaar Kinsella
Ben Jacobs
CHELSEA MM 08

29 Jan, 18:12

444

ဆော်ဒီကလပ် Al Nassr အသင်းဟာ ချဲလ်ဆီးတိုက်စစ်ပစ်မှတ်စာရင်းမှာပါဝင်တဲ့ John Duran ကိုခေါ်ယူဖို့ အက်စ်တွန်ဗီလာအသင်းနှင့် နူတ်အားဖြင့်သဘောတူညီမှုရရှိသွားပြီလို့သိရပါတယ်။ ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၇၅ သန်း + အပိုဆုကြေးပေးချေသွားမှာဖြစ်ပါတယ်။

တဖက်မှာ လေဗာကူဆင်အသင်းရဲ့တိုက်စစ်မှူး Victor Boniface ကိုလည်း ဆက်လက်ဆွေးနွေးနေပြီး ၂ယောက်ထဲက တယောက်ကိုသာ ခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။

Fabrizio Romano
CHELSEA MM 08

29 Jan, 15:43

451

https://youtube.com/live/IPIeyfhqbsk?feature=share
CHELSEA MM 08

29 Jan, 15:40

446

ပြန် LIVE မယ်နော်
CHELSEA MM 08

29 Jan, 15:03

459

ခဏနေရင် LIVE လုပ်ပါမယ်။ အချိန်ရရင် လာခဲ့ကြပါခင်ဗျာ

https://www.youtube.com/@CHELSEAMM08.