channel myanmar review @channelmyanmar01 Channel on Telegram

channel myanmar review

@channelmyanmar01


လူကြီးမင်းတို့ အတွက် ဖြေဖျော်ရေးချန်နယ် တစ်ခု ဖြစ်ပါတယ်။

" Disclaimer: Please note no copyright infringement is intended,and I do not own nor claim to own any of in this content and video "

channel myanmar review (Myanmar)

လူကြီးမင်းတို့ အတွက် ဖြေဖျော်ရေးချန်နယ် တစ်ခု ဖြစ်ပါတယ်။ ဤချန်နယ်သည် channelmyanmar01 အမည်ဖြင့် တစ်ခုဖွင့်ပြီး လမ်းညွှန်ချက်သည်။ ဤ channel မှာ ရပ်ကွက်များနှင့် သီးသန့်ငှက်များ ရရှိမှု ဖြစ်ပါသည်။ အသုံးပြုသူအား ပြင်ဆင်ရန် သီးသန့်ငှက်များ သို့မဟုတ် ဖွင့်ရန် လိုအပ်သည်။ အျနားများ သို့မဟုတ် သီးသန့်ငှက်များ နှစ်ခုလုံး ရရှိခဲ့မည်ဖြစ်ပါသည်။

channel myanmar review

10 Nov, 12:32


ဘဝမှာ သိပ်ချစ်ရတဲ့သူငယ်ချင်းတွေရှိရင် သိပ်လှတယ်…
အမူအကျင့် တစ်ခုစီနဲ့ ခွီရတဲ့ သက်လတ်ပိုင်း သူငယ်ချင်း ၅ ယောက်အဖွဲ့…
၁။ တစ်ယောက်က မြင်မြင်ချင်းအချစ်ကိုပဲ ယုံကြည်လို့ တစ်ဘဝလုံး FA လုပ်လာတာ
တစ်နေ့တော့ ကောင်မလေးတစ်ယောက်ကိုမြင်မြင်ချင်းမှာ သိပ်ကြွေသွားပြီး Heart Attack နဲ့သေရော..
၂။ နောက်တစ်ယောက်က တခြားကောင်မလေးတွေနဲ့ အသားကုန်ပွေးပေမယ့်
အချိန်တန် အိမ်ပြန်ဆိုတဲ့ ဆောင်ပုဒ်ကိုကိုင်ဆွဲထားတဲ့ သူ့ကောင်မလေးကို အသေချစ်သူ…
၃။ နောက်တစ်ယောက်က အဖွဲ့တစ်ဖွဲ့လုံးရဲ့ ခိုင်းဖတ် မစိုမခြောက်…
၄။ နောက်တစ်ယောက်က အူတူတူနဲ့ လုပ်ချင်ရာလုပ်တတ်ပြီး
ဘယ်သူမှမကြိုက်တော့တဲ့ အပျိုကြီးကိုမှ အသည်းစွဲသွားသူ…
၅။ ဇာတ်လိုက်ကျော်ကြီးကတော့ ကိုရီးယားမော်ဒယ်လေးကို မြင်မြင်ချင်း ပလူးချင်လွန်းလို့
အိမ်ကမိန်းမကို ခွကျော်ရမယ့်သူ
ဇာတ်အိမ်ဇာတ်လမ်းလေး ကောင်းမွန်သလို
တင်ဆက်ပုံ သွက်သွက်လက်လက်နဲ့ ဆွဲခေါ်သွားမယ့် ဇာတ်ကားပါ။ကျွန်တော်တော့ အတော်အကြိုက်တွေ့မိပါတယ်။
အနားယူချိန်မှာ မိသားစုနဲ့အတူတူကြည့်ပြီး ခွီနေရမယ့် ဇာတ်ကားမျိုးပါ။


🎦 ဇာတ်ကားကြည့်ရန်ချန်နယ် အရင်Join ပါ ⬇️
https://t.me/addlist/PzoA1oDYT380ODBl


ဇာတ်ကားကြည့်ရန် ⬇️⬇️
https://t.me/lifeofshape/100

#Credit

channel myanmar review

17 May, 10:56


A Chinese Ghost Story I (1987)

နောက်ပိုင်း ကူးကူးရိုက်တဲ့ chinese ghost story ထွက်ထားပေမယ့် ၈၇ တုန်းကထွက်တဲ့ လက်စလီချောင် နဲ့ ဂျိုအီဝေါင် ရဲ့ chemistry ကို မမှီတာတော့ အမှန်ပဲ။ IMDb Rate 7.6 ရရှိခဲ့တာမို အများကြီးအထွေအထူးတော့ ပြောနေစရာမလိုတော့ဘူးလိုထင်မြင်ပါတယ်..လင်ချိုင်စံဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ရပ်ဝေးကနေနယ်တခုကိုလာပြီးတော့ အကြွေးတောင်းတဲ့သူပါ…လမ်းခရီးသွားလာရတာ ကြမ်းတမ်းပြီး သူခိုးဓါးပြများလည်းပေါများတဲ့အချိန်မိုလို..သူ့အရင် လာတဲ့သူတွေအသတ်ခံရတာပေါ့..လမ်းမှာမိုးတွေရွာပြီးအရမ်းစိုရွဲသွားလို အကြွေးစာရင်းတွေပါ ပျက်စီးသွားခဲ့တယ်..အဲ့တော့ အကြွေးကလည်းတောင်းမရ..လူတွေကလည်း စာရင်းထဲမှာနာမည်မရှိရင်ပိုက်ဆံ မပေးနိုင်ဘူးဆိုပြီး ပြောတော့သူ့မှာနေစရာ စားစရာလုံးဝမရှိတဲ့ဘဝထိရောက်သွားပါတယ်..ညဘက် တည်းဖို နေရာလိုက်ရှာတော့ချောက်ချ ချင်တဲ့သူတစ်ယောက်ကသစ်ခွ ဘုရားကျောင်းမှာ တည်းပါလို ပြောလိုက်ပါတော့တယ်..တကယ်တော့ သစ်ခွ ဘုရားကျောင်းဟာ..သရဲတစ္ဆေတွေကြီးစိုးရာ နေရာ..ဖြစ်ပါတယ်..ဒါကိုမသိတဲ့ လင်ချိုင်စံတစ်ယောက် အူကြောင်ကြောင်နဲ့ရောက်သွားတဲ့အခါဘာဆက်ဖြစ်မယ်ဆိုတာကိုတော့ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး။

👉ဇာတ်ကားကြည့်ရန်👈

channel myanmar review

17 May, 10:56


Dunki (2023) "ပြည်တော်ပြန်"
====================
WEB DL အကြည်ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်
IMDb - 7.2/10
အားလုံးပဲ စောင့်မျှော်နေကြတဲ့ ရှရွတ်ခန်းရဲ့ ဒန်ကီရုပ်ရှင်ကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါပြီ။
ကုဋေ ၁၂၀ ရင်းပြီးတော့ ကုဋေ ၄၇၀ ထိ ရုံတင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဒီဇာတ်ကားကြီးဟာ ၆၉ကြိမ်မြောက် အိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း
ဆန်ကာတင်ကိုးဆုထိရရှိထားပြီး ၂၀၂၃ခုနှစ် အိန္ဒိယရဲ့အမြတ်အများဆုံးစာရင်းမှာလည်း နံပါတ်ခြောက်ချိတ်ခဲ့တဲ့ဇာတ်ကားပါ
ဒီဇာတ်ကားရဲ့ပဲ့ကိုင်ရှင်က PK၊ 3 idiots တို့လိုကားတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာရာ့ဂျ်ကူးမားဖြစ်ပါတယ်။
နှစ်လိုဖွယ်အပြုံးနဲ့မင်းသမီးချောလေး တာ့ပ်ဆီးပါဝင်တဲ့အပြင် တိုက်ဂါးရုပ်ရှင်တွေက
မင်းသမီးချောကတ်တရီးနားရဲ့ ချစ်ယောကျ်ား မင်းသား ဗစ်ကီက
ဒီရုပ်ရှင်နဲ့ပဲ အမျိုးသားဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်

ဇာတ်ကားကြည်ရန် Channel အရင် Join ပါ 👇

https://t.me/ourtvchannel3

https://t.me/lifeofshape

https://t.me/lifeofshapeR


18+ ချန်နယ် ဝင်ရန်
@OurTvchannel2

ဇာတ်ကားကြည့်ရန်
👉 https://t.me/lifeofshape/92 👈

channel myanmar review

17 May, 10:56


The Amazing Spider-Man(2012)
ဇာတ်ကားကြည့်ရန်
https://t.me/lifeofshapeR/120

The Amazing Spider-Man(2014)
ဇာတ်ကားကြည့်ရန်
https://t.me/lifeofshapeR/121

ဇာတ်ကားကြည်ရန် Channel အရင် Join ပါ 👇

https://t.me/ourtvchannel3

https://t.me/lifeofshape

https://t.me/lifeofshapeR




Support For Join

[ နိုင်ငံတစ်ကာဇာတ်ကားများ ]👇

👉 
𝐉𝐨𝐢𝐧ရန်_ဒီကိုနှိပ်ပါ 👈

[🔞+)နိုင်ငံတစ်ကာဇာတ်ကားများ]
👇

👉 𝐉𝐨𝐢𝐧ရန်_ဒီကိုနှိပ်ပါ 👈

#Credit

channel myanmar review

17 May, 10:56


𝑻𝒉𝒆 𝑭𝒊𝒏𝒂𝒍 𝑾𝒊𝒔𝒉 2018

အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2018 ခုနှစ်မှာ ထွက်လာတဲ့The Final Wish ဆိုတဲ့ Horror ကားကောင်းလေးပါအေရွန်ဆိုတဲ့ ရှေ့နေကောင်လေးဟာ သူ့အဖေသေဆုံးလို့ နယ်မြို့ကအိမ်ကို ပြန်လာရာက ဇာတ်လမ်းစထားပါတယ်သူ့အဖေက ရှေးဟောင်းပစ္စည်းတွေ ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့သူပါ
သူပြန်လာတဲ့အချိန်မှာတော့ သူ့အခန်းထဲမှာရှေးဟောင်းအရိုးပြာအိုးတစ်အိုး ရှိနေခဲ့ပါတယ်အဲဒီအရိုးပြာအိုးမှာ ထူးခြားတာကတော့ အေရွန် ဖြစ်ချင်သမျှ ဆုတောင်းလိုက်သမျှအကုန်ဖြစ်လာအောင် လုပ်ပေးနေတာပါပဲလောကကြီးမှာ ကောင်းတာတွေချည်း ဆက်တိုက်ဖြစ်နေတော့အေရွန်အတွက် မကောင်းတာက ဘာများ ဖြစ်လာမှာလဲစိတ်လှုပ်ရှားဖွယ် ရိုက်ကူးပြထားတဲ့ horror ကားလေးပါIMDB rating 4.3 ရထားပြီး အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားလေး ဖြစ်လို့horror ချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ....

ဇာတ်ကားကြည့်ရန်
👉 https://t.me/lifeofshape/87 👈

Support For Join

[ နိုင်ငံတစ်ကာဇာတ်ကားများ ]👇

👉 
𝐉𝐨𝐢𝐧ရန်_ဒီကိုနှိပ်ပါ 👈

[🔞+)နိုင်ငံတစ်ကာဇာတ်ကားများ]
👇

👉 𝐉𝐨𝐢𝐧ရန်_ဒီကိုနှိပ်ပါ 👈

#Credit

channel myanmar review

17 May, 10:56


Warning: Do Not Play (2019)
•••••••••••••••••••••

ဇာတ်လမ်းအကျဉ်းက
ရုပ်ရှင်ရိုက်ဖို့ဒါရိုက်တာတစ်ယောက်ကို ငှားတယ်။ ရိုက်ချင်တာက သရဲကား။ ဒါပေမယ့် ဒါရိုက်တာက ဇာတ်လမ်းစဉ်းစားမရဘူး။ ခေါင်းစဉ်ရှာမရဘူး။ ဒီလိုနဲ့ဒါရိုက်တာကို company မစောင့်နိူင်တော့ကြောင်း စီစဉ်သူက ဖိအားပေးပြောဆိုလာပြီ။
(ဒီမှာလို မအေးအေး၀င်းစီစဉ်သလို အကုန်အဆင်ပြေစေချင်တာကိုး)
ဒါနဲ့ပဲ အချိန်အနည်းငယ်ထပ်ပေးဖို့ပြောရင်း ဇာတ်လမ်းရှာရပြီပေါ့။

အဲ့ချိန်မှာ ဒါရိုက်တာရဲ့ဂျူနီယာတစ်ယောက် ဇာတ်လမ်းတစ်ခုအကြောင်းပြောပြတယ်။တကယ့် သရဲ ပါနေတဲ့ ရုပ်ရှင်အကြောင်း၊

ဇာတ်ကားကြည့်ရန် 👇👇
https://t.me/lifeofshape/86

Support For Join

[ နိုင်ငံတစ်ကာဇာတ်ကားများ ]👇

👉 
𝐉𝐨𝐢𝐧ရန်_ဒီကိုနှိပ်ပါ 👈

[🔞+)နိုင်ငံတစ်ကာဇာတ်ကားများ]
👇

👉 𝐉𝐨𝐢𝐧ရန်_ဒီကိုနှိပ်ပါ 👈

channel myanmar review

17 May, 10:56


(18+) Lust, Caution (2007)🔺🔺
__

ဒီ ဟောင်ကောင် (18+) အချစ်နဲ့ နိုင်ငံရေးကားလေးက အရမ်းကြည့်လို့ ကောင်းပါတယ်

(18+) ဆိုပေမယ့် နိုင်ငံရေး လူမူ့ရေးနဲ့ ပက်သက်ပြီး ဇာတ်လမ်းလေးကလဲ တကယ်ကို အရမ်းကောင်းမွန်လို့ လူကြိုက်များခဲ့တဲ့ ဇာတ်ကားလေးပါ

တချို့လဲ ဒီကားကို ကြည့်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်..အခုတခါ ပြန်လည်ခံစားကြည့်ရူ့နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်

ဒီကားထဲက ဟောင်ကောင်မင်းသမီးလေး အရမ်းချစ်ဖို့ကောင်းပြီး ဆွဲဆောင်မူ့ရှိတာကိုတော့ ကြည့်ဖူးသူတိုင်း သိကြလိမ့်မယ် ထင်ပါတယ်

ဇာတ်ကားကြည့်ရန် 👇👇
https://t.me/lifeofshape/85

channel myanmar review

17 May, 10:56


King Arthur : Legend Of The Sword (2017)

ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။

ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။

ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။

ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။

မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။

ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။

အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။

ဒီအာသာဗားရှင်းမှာတော့ မှော်ပညာတွေ သတ္တဝါဆန်းကြီးတွေ ထည့်သွင်းထားပါတယ်။


ဇာတ်ကားလင့်
https://t.me/lifeofshape/84

channel myanmar review

28 Feb, 03:51


" Avatar: The Last Airbender " (2024)

ဇာတ်လမ်းအကျဥ်း...

ဒီဇာတ်လမ်းကတော့ စောင့်မျှော်နေသူများတဲ့ Avatar: The Last Airbender Live action Seriesပဲ ဖြစ်ပါတယ်

ကမ္ဘာကြီးမှာ "ရေ မီး မြေ လေ"ဆိုတဲ့
တိုင်းပြည်လေးခုရှိပြီး ကိုယ့်တိုင်းပြည်နဲ့ကိုယ် ငြိမ်းငြိမ်းချမ်းချမ်း အုပ်ချုပ်
ကြပြီး အတူတူယှဥ်တွဲ
နေထိုင်ကြပါတယ်
ဒါပေမဲ့မီးတိုင်းပြည်က အငြိမ်မနေဘဲ တခြားတိုင်းပြည် ၃ခုကို
ကျူးကျော်စစ်တွေ
စတင်ဆင်နွှဲလာပါတော့တယ်

အဲ့ဒီလိုကျူးကျော်စစ်တွေ ထိုးစစ်တွေကို မတားဆီးနိုင်တဲ့အခါမှာတော့
ရေတိုင်းပြည် လေတိုင်းပြည်နဲ့
မြေတိုင်းပြည်က ထွက်ပြေး
ပုန်းရှောင်ပြီး ကမ္ဘာကြီးနဲ့
အဆက်အသွယ်ဖြတ်ကာ မျိုးနွယ်စု အသက်ရှင်အောင်ပဲ ကြံဖန်ကြိုးစားပြီး အဗက်တာ မွေးဖွားလာတာကို စောင့်နေကြပါတော့တယ်

အဗက်တာဆိုတာကတော့ "ရေ မီး မြေ လေ" ဆိုတဲ့ဓာတ်ကြီးလေးပါးလုံးကို ထိန်းချုပ်နိုင်သူ တစ်ယောက်ပါ
အဗက်တာတွေက "ရေ မီး မြေ လေ"
မျိုးနွယ်စုတစ်ခုခုမှ မွေးဖွားလာပြီး
အဗက်တာအဆင့် ရောက်လာတဲ့အခါ
မှာတော့ ဓာတ်ကြီးလေးပါးလုံးကို
ထိန်းချုပ်နိုင်မှာပဲဖြစ်ပါတယ်

ဒီဇာတ်လမ်းရဲ့ အန်းဆိုတဲ့ကောင်လေးက လေမျိုးနွယ်စုမှာ မွေးဖွားလာပြီးတော့ အဗက်တာအဖြစ် မီးတိုင်းပြည်ရဲ့ကျူးကျော်စစ်တွေကို ခုခံကာကွယ်
တွန်းလှန်မယ့် စွန့်စားခန်းတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်

အားလုံးပဲ စောင့်မျှော်နေတဲ့ Series လေးဖြစ်လို့ ကြည့်ရှုခံစားဖို့
တင်ဆက်ပေးလိုက်ရပါတယ်...

ဇာတ်ကားကြည့်ရန် 👇👇👇
https://t.me/ourtvchannel3/206


( ဇာတ်လမ်းအကျဉ်းကို May Phyo Paing Oo မှ ရေးသားပေးထားပါတယ်  )




18+channel
@OurTvchannel2

#AvatarTheLastAirbender

channel myanmar review

19 Feb, 16:48


The Call of the Wild (2020)
--------------------------------

IMDB (6.9/10)

စာရေးဆရာကြီး (ဂျက်လန်ဒန်) ရဲ့ နာမည်ကျော်စာအုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပါ..ခေတ်ကတော့ (၁၉) ရာစုနှောင်းပေါင်း ရွှေမုဆိုးတွေရဲ့ ခေတ်ပါပဲ

မင်းသားကြီး (ဟယ်ရစ်ဆန်ဖို့ဒ်) ပါဝင်ထားပါတယ်..အဓိကဇာတ်ကောင်ကတော့ အင်မတန်လိမ္မာတဲ့ (ဘက်ခ်) ဆိုတဲ့ ဧရာမခွေးကြီးတစ်ကောင်ပါပဲ

(ဘက်ခ်) ဟာ သခင်နဲ့အတူ ပျော်ရွှင်စွာနေထိုင်တဲ့ ဘဝကနေ စွပ်ဖားလှည်းဆွဲတဲ့ခွေးအဖြစ် ရောင်းစားခံခဲ့ရတယ်..စွပ်ဖားလှည်းတစ်စီးနဲ့အတူ စွန့်စားခန်းတွေ ဖွင့်ခဲ့ရင်း သခင်မဲ့သွားချိန်မှာ အဘိုးကြီးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ရပြန်ပါတယ်

အဲဒီအဘိုးကြီးနဲ့အတူ (ဘက်ခ်) ဟာ လူသူမရောက်ဖူးတဲ့နေရာတွေကို စွန့်စားခန်းတွေထွက်ရင်း သူ့ဘဝအပြောင်းလဲကြီးပြောင်းလဲစရာတွေ ဆက်တိုက်ကြုံလာရပါတော့တယ်

ဒီရုပ်ရှင်ဟာ တိရစ္ဆာန်ချစ်သူတွေ၊ စွန့်စားခန်းတွေနဲ့စိတ်ကူးယဉ်ရတာ ချစ်သူတွေအတွက်တော့ အကောင်းစားရုပ်ရှင်တစ်ကားပါပဲ

ဇာတ်ကားကြည်ရန် Channel အရင် Join ပါ 👇

https://t.me/ourtvchannel3

https://t.me/lifeofshape

https://t.me/lifeofshapeR

ဇာတ်ကားကြည့်ရန်
https://t.me/lifeofshape/82

18+ ချန်နယ် ဝင်ရန်
@OurTvchannel2

channel myanmar review

31 Dec, 16:07


The Conjuring 2 (2016)
==================


ဇာတ်ကားကြည်ရန် Channel အရင် Join ပါ 👇

https://t.me/ourtvchannel3

https://t.me/lifeofshape


အညွှန်းဖတ်ရန်
https://t.me/lifeofshapeR/89



ဇာတ်ကားကြည့်ရန်👇
https://t.me/lifeofshape/69


@OurTvchannel2

channel myanmar review

10 Oct, 01:15


The Conjuring: The Devil Made Me Do It(2021)#3


ဇာတ်ကားကြည့်ရန်
https://t.me/lifeofshape/70

အက်ဒ် နဲ့ လော်ရိန်း ဝါရန်လင်မယားရဲ့ သဘာဝလွန်အမှုတွေထဲက အဆိုးဆုံးအမှုတစ်ခုကို ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ကွန်ဂျူးရင်း ၃ ကားမြောက် လာပါပြီ။
နိုင်ငံကျော် အာနီ ဂျွန်ဆန်ရဲ့လူသတ်မှုပဲ ဖြစ်ပါတယ်။ဓားနဲ့ ၂၂ ချက်တိတိထိုးသတ်ခဲ့တဲ့ အာနီဟာ နတ်ဆိုးပူးကပ်ပြီး လုပ်ခဲ့မိတာဖြစ်ကြောင်း တရားရုံးမှာထွက်ဆိုလာပါတယ်။ဒီလို လူသတ်မှုမျိုးဟာ ထောင်ဒဏ် အနှစ် ၂၀ လောက်ကနေ
သေဒဏ်အထိ ချနိုင်လောက်အောင် ပြင်းထန်တဲ့အပြင် နတ်ဆိုးပူးကပ်မှုဆိုတာ တရားရုံးမှာ သက်သေပြဖို့လည်း မလွယ်ခဲ့ပါဘူး။
ဒီရုပ်ရှင်မှာတော့ ဝါရန်လင်မယားဟာ ဘယ်လို နတ်ဆိုးတွေနဲ့ဘယ်လို သဘာဝလွန်အဖြစ်အျပက်တွေကို ထပ်ပြီးစုံစမ်းရဦးမလဲဆိုတာ ကြည့်လိုက်ကြရအောင်
Translator:- Mr.Anderson
Encoder: August
File Size: 1.33 GB and 2.5GB
Quality: 720p nd 1080p
Subtitle: Myanmar (Hardsub)
Duration: 1h 52min




Credit CM

channel myanmar review

10 Oct, 01:15


The Conjuring 2 (2016)
==================
IMDB: 7.4/10
ဒီဇာတ်လမ်းဟာလည်း ဖြစ်ရပ်မှန်ကို အခြေခံထားတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းပြောရရင်တော့
တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သားသမီး ၄ ယောက် ပြောင်းရွှေ့လာတဲ့ အိမ်မှာ ကြောက်စရာ ဖြစ်ရပ်တွေ စတင်လာခဲ့ပြီး လူတွေနဲ့မီဒီယာတွေ အာရုံစိုက်မှု ရလာတဲ့အခါ ဘုရားကျောင်းရဲ့ အကူအညီတောင်းမှုအရ ၀ါရမ် လင်မယား လာရောက်စုံစမ်းရတာပါပဲ။ဒီအမှုကိုတော့ သူတို့လင်မယားလိုက်ခဲ့တဲ့ အမှုတွေထဲက ကြောက်စရာ အဆိုးရွားဆုံးတွေထဲက တစ်ခုလို့ အပြင်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုနဲ့ တန်ဆာဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ဇာတ်လမ်းအဆုံးမှာလည်း တကယ့် ဖြစ်ရပ်မှန်အသံသွင်းတိပ်ခွေကို ဘာသာပြန်ထားတာလေးနားထောင်ကြည့်ဖို့ မကျန်ခဲ့ဖို့နဲ့မူရင်းဓာတ်ပုံတွေကိုလည်း တွေ့ရှိနိုင်ကြောင်းပြောပြရင်း တင်ပေးလိုက်ပါပြီ……ရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီးအညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

ဇာတ်ကားကြည့်ရန်
https://t.me/lifeofshape/69

Credit CM

6,631

subscribers

182

photos

2

videos