အားလုံးပဲ မင်္ဂလာပါရှင့်...
ပထမဦးစွာ BIGO Live လေး အကြောင်းရှင်းပြချင်ပါတယ်
👉🏼What is BIGO Live ?
BIGO live ဆိုသည်မှာပုံစံအမျိုးမျိုးဖြင့် Live လွှင့်လို့ရတဲ့ App တခု ဖြစ်ပါတယ်... ဥပမာ- တယောက်တည်း Live လွှင့် လို့ ရသလို group လိုက် join ပီး လဲ Live လွှင့်ရင်းစကားပြောလို့ရပါတယ်...တယောက်နှင့်တယောက် ယှဉ်ပြိုင် ပြီးလဲဘယ်သူ လက်ဆောင်ပိုရလဲ ပြိုင်လို့ရတဲ့ အစီအစဉ်တွေလည်းရှိပါတယ်.
BIGO မှာ တမူ ထူးခြားသွားတာကတော့ Live လွှင့် ပီး ပိုက်ဆံရှာလို့ ရပါတယ် ... လက်ဆောင်ပေးခြင်းဖြင့် ကိုယ်နှစ်သက်တဲ့ host ကို အားပေးလို့ရပါတယ်... လက်ဆောင်ကတော့ အမျိုးမျိုး ရှိပါတယ်...ပေးချင်တဲ့ userကdiamondတွေ ကို ပိုက်ဆံနဲ့ဝယ်ရပီး diamond နှင့် အလဲအလှယ်လုပ် ကာ virtual gift ပုံစံမျိုးပေးရမှာ ပါ...ရရှိတဲ့ host ရဲ့ pointsတွေပေါ် မူတည် ပီး level ခွဲခြားကာ BIGO မှပိုက်ဆံပြန်ထုပ်ပေးတာ ဖြစ်ပါတယ်ရှင့်...
👉🏼What is host ?
မည်သူ မဆို ကိုယ်ဝါသနာ ပါရာ ဖြင့် Live လွှင့်လို့ရပါတယ် ဥပမာပြောရရင်ဖြင့် သီချင်းဆိုဝါသနာပါသူ / အနုပညာဘက်မှာ talent ရှိသူတိုင်းပါဝင် နိုင်ပါတယ်...
BIGO နှင့် official agreement ယူထားတဲ့host တွေကUser တွေ ကပေးတဲ့လက်ဆောင် ကို Beans အနေ နဲ့ရရှိမှာဖြစ်ပီး BIGO မှတဆင့် လစဉ် ပိုက် ဆံများထုပ်ယူ နိုင်ပါတယ်
ကိုယ် Live လွှင့်တဲ့ ပမာဏ/ကြာချိန်/လက်ဆောင် ရရှိမှု ပေါ်မူတည်ပီး Level အမျိုးမျိုးရှိပါတယ် Level အလိုက် Bonus များကိုလည်းရမှာဖြစ်ပါတယ်ရှင့်
👉🏼What is Agency ?
BIGO Live မှာ မြောက်များလှစွာသောhosts တွေ ရှိသည့် အတွက် Agency က ကြားခံနယ် အဖြစ် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်... တနည်းအားဖြင့် လူတွေကို Manage လုပ်ပေးရမှာဖြစ်ပီး အနည်းဆုံး host ၁၀ ယောက် လောက် manage လုပ်နိုင်မှသာ သိသာထင်ရှားတဲ့ amount တခု ကိုရမှာဖြစ်ပါတယ်
⁃ Agency တခုသည်BIGO Live နှင့် freelance လက်တွဲလုပ်ဆောင်ရမှာဖြစ်သသည့်အတွက် BIGO LIVE ဝန်ထမ်းများနှင့်ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်ပါသည်... အနည်းဆုံးရုံးသုံး Excel/Google Drive တို့ကို Data entry အဆင့်လောက်လေးသုံးတတ်ရင်အဆင်ပြေပါတယ်ရှင့်
⁃ ကိုယ့်ရဲ့ Host တွေ နဲ့ communicate လုပ် ပီး သူတို့လိုအပ် သည့် information များနှင့် complaints များရှိခဲ့ရင် ဖြေကြားပေးဖို့ပဲဖြစ်ပါတယ်
⁃ နောက်ဆုံးတခု ကတော့ Host များကို ရှာဖွေ စုစည်းပေးဖို့ လိုအပ်ပါတယ်